Ep_20

4.9K 741 47
                                    

Unicode

"ကြယ်တွေကိုရေတွက်ရင် သေတတ်တယ်ဆို"

"မသေပါဘူးကလေးရယ် ကြယ်တွေဆိုတာမရေတွက်နိုင်လောက်အောင်များပြားတဲ့အရာဆိုတော့ လိုက်ရေနေရင်မောရုံပဲရှိမှာပေါ့ ဒီအတိုင်းလေးပဲ သူတို့လေးတွေဖြစ်တည်နေတဲ့အတိုင်း ကြည့်နေပေးရုံ‌နဲ့တင်လုံလောက်ပါတယ်"

နက်ပြာပြာကောင်းကင်တွင် မှိတ်တုတ်မှိတ်တုတ်နှင့် ဟိုတစ်ပွင့် ဒီတစ်ပွင့် လင်းလက်နေသော ကြယ်ပွင့်လေးများအောက် ‌ေကာင်းကင်ကို‌ေမာ့ကြည့်ကာ ခြေပစ်လက်ပစ်ထိုင်နေကြသော ကောင်လေးနှစ်ယောက်။

"ဒီကြယ်လေးတွေကလေ အချစ်နဲ့မျှော်လင့်ခြင်းဆိုတဲ့သဘောလည်းဆောင်တယ် ကိုယ့်ကိုယ်ကိုယ်လမ်းပျောက်နေတယ်လို့ခံစားရရင် ကောင်းကင်‌ကိုမော့ကြည့်လိုက် သူတို့လေးတွေကလမ်းပြပေးလိမ့်မယ်"

မှိုင်းပြပြလရောင်‌အောက်တွင်တောင် မျက်နှာလေးမှာ လင်းလက်နေ၏။ညင်းသဲ့သဲ့တိုက်ခတ်‌ေန‌ေသာလေပြေတို့ကြောင့် ဆံစကလေးများမှာ နဖူးထပ်တွင်ဝေ့ယမ်းလျက်။တည်ကြည်‌ေသာမျက်နှာထားဖြင့် စကားလုံးတစ်လုံးချင်းစီအား အလေးအနက်ထားကာပြောပြနေသည်။

"ကိုကို......"

"ဗျာ..."

ကောင်းကင်ပေါ်ကကြယ်တွေက သူ့ရဲ့မျက်နှာလောက် စွဲလမ်းစရာမကောင်းပေ။ဘေးချင်းယှဉ်ကာထိုင်နေသော်လည်း မျက်နှာမှာသူ့ဘက်ကိုသာ လှည့်နေလေသည်။

သူ့အပြုံးတွေထက်ပိုပြီးအေးမြတဲ့အရာကို ရှာ၍ရမည်မဟုတ်ပေ။ သူ့မျက်ဝန်းတွေ၊ သူ့အမူအရာတွေက ရုန်းလေနစ်လေ ပိုစိမ့်ဝင်တဲ့ နွံတစ်ခုလိုပဲ ဘယ်တော့ကြည့်ကြည့်ဆွဲဆောင်နေတတ်သည်။

ခေါ်လိုက်တိုင်း ဗျာလို့ပြန်ထူးတတ်တဲ့ အနေအေးတဲ့ကိုကြီးကို  ကျွန်တော်တစ်ယောက်တမ်းတမ်းစွဲဖြစ်နေမိတယ်။အသံလေးမကြားရရင်အိပ်မပျော်သလို၊တစ်ရက်က‌ေလးမတွေ့ရရင်လည်း ရင်ထဲမှာဟာတာတာနဲ့။နှိုင်းဆိုတဲ့လူဟာ သိပ်ကိုဖမ်းစားထားရက်တယ်။

"ခေါ်ပြီး ဘာမှလည်းမပြောဘူး ဒီကလေးကတော့"

"အ"

သူမှလွဲ၍ _CompletedWhere stories live. Discover now