Ep_33

4.9K 532 25
                                    

Unicode

ဆေးရုံခန်း၏ခုတင်ထက်တွင် တစ်ရက်ကြာမျှ သတိပြန်မလည်လာသောနှိုင်း။အောက်စီဂျင်ပိုက်တပ်ထားရကာ လက်တွင်လည်းထိုးသွင်းထားသောဆေးထိုးအပ်များနှင့်ပြည့်နေသည်။

‌ခုတင်ဘေးတွင်တော့ နှိုင်းလက်ကိုကိုင်ကာကြီးမေထိုင်နေသည်။လူးရိပ်နှင့်ခွန်း မနက်စာစားသောက်ရန်အတွက် မုန့်သွားဝယ်နေကြသဖြင့် ဇူဇူးနှင့်ကေတုမဒီသာကျန်နေခဲ့သည်။

ဆူးရယ် ငါ့သားလေးဒုက္ခတွေများလိုက်တာ အလုပ်တွေ‌ေကြာင့်ပင်ပန်းတာကတစ်မျိုး..စိတ်ပင်ပန်းရတာကတစ်မျိုးနဲ့ မျက်နှာလေးတောင် ချောင်ကျနေပြီ။

"ကြီးမေ သမီးတို့မိုဝီ့ဆီကိုခဏ‌ေလာက်သွားကြည့်ချင်တယ်"

"ရတယ်‌သမီးတို့ သွားစရာရှိတာသွားကြ ကြီးမေဆူးကိုကြည့်ထားလိုက်မယ်"

"ဟုတ်ကဲ့ကြီးမေ သမီးတို့သွားပြီနော်"

ဇူဇူးနှင့်ကေတုမဒီ အခန်းထဲမှထွက်သွား‌ေတာ့ ကြီးမေ နှိုင်း၏လက်ကိုပွတ်သပ်ပေးကာ..

ဆူး မိုဝီ့အားမခွဲနိုင်မခွာရက်လောက်အောင် အင်မတန်မြတ်နိုးသည်ကိုကြီးမေသိသည်။မိုဝီဆုံးသွားတုန်းကလည်း နှိုင်းနေ့နေ့ညည ငိုနေခဲ့သည်။စိတ်ကယောင်ချောက်ချားဖြစ်ခဲ့လို့ စိတ်ရောဂါကုဆရာဝန်နဲ့တောင် ခြောက်လလောက်ပြလိုက်ရ‌ေသးသည်။

ယခုမှအနည်ထိုင်သွားကာစပင်ရှိသေးသော်လည်း ပြဿနာဆိုတဲ့အရာက ကိုယ်မရှာလည်း၊သူ့အလိုလိုရောက်လာတတ်တဲ့အရာဆိုတော့ ရင်မဆိုင်ချင်လည်း ဆိုင်နေရသည်ပင်။

ပျော်ရွှင်ခြင်းများတစ်ဖန်ပြန်လည်ရောက်ရှိလာမည့်နေ့ရက်များကိုတော့ မျှော်လင့်နေရန်မှအပ မတတ်နိုင်ပေ။

ဇူဇူးနှင့်ကေတုမဒီ နှိုင်းအခန်း၏ဆန့်ကျင်ဘက်အခြမ်း၊မျက်‌ေစာင်းထိုး‌ေနရာတွင်ရှိသောကူကူးအခန်းထဲသို့ဝင်လာခဲ့ကြသည်။

တံခါးကိုဆွဲဖွင့်တော့ အခန်းထဲမှထွက်ရန်ပြင်နေသော ကူကူးအမေနှင့်ဆုံကြသည်။

"အန်တီမာလာ.."

"ဇူဇူး...ကေတု..."

မိုဝီ့အမေ‌ေဒါ်မာလာအား မြင်တွေ့လိုက်ရသဖြင့် ကူကူးမှာမိုဝီဖြစ်သည်ဟူသောသတင်းသည်ယခုတစ်ခေါက်တော့မှန်ကန်သွားခဲ့ပြီထင်ပါသည်။ဒေါ်မာလာလည်း ဇူဇူးတို့ကိုရုတ်တရက်တွေ့လိုက်ရသည်မို့ အံ့အားသင့်သွားပုံရသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now