Ep_12

5.9K 781 31
                                    

Unicode

သစ်ရွက်များဖြင့် အုံ့ဆိုင်းနေသော စိမ်းစိုစိုသစ်ပင်အောက်ရိှ ခုံတန်းထက်တွင် လက်ထောက်ကာ ထိုင်နေသူမှာကျွန်တော်။ ခြေထောက်တွင် စိုစွတ်‌ေသာအရသာခံစားရသဖြင့် ငုံ့ကြည့်မိ‌တော့ ဖိနပ်မပါ‌ခြေဗလာနှင့်ဖြစ်သည်။

မြက်ခင်းပြင်တွင်ရေပေါက်ကလေးများတင်နေသဖြင့် မိုးရွာပြီးကာစအချိန်ဖြစ်လောက်သည်။ အပေါ်ကိုမော့ကြည့်မိတော့ သစ်ရွက်မှရေတစ်ပေါက် ပါးပေါ်ဖျက်ကနဲကျလာတော့ခံစားချက်မှာအေးစိမ့်စိမ့်။

မိုးပြာရောင်ရှပ်အကျီနှင့် ‌‌ဒူးမရောက်တစ်ရောက်အဖြူရောင်ဘောင်းဘီကို ကျွန်တော်ဝတ်ထားသည်။ ညာဘက်လက်တွင် အပြာရင့်ရောင်လက်ပတ်တစ်ခုရိှသည်။လက်ပတ်အောက်တွင်စာတစ်ကြောင်းထိုးထားသယောင်မြင်ရသဖြင့် ကြိုးလျေှာ့ကာ လှန်ကြည့်မိလိုက်တော့ love you ဆို‌ေသာစာတန်းလေး ပေါ်လာသည်။

ထိုကြိုးရိှသောညာဘက်လက် လက်သူကြွယ်တွင် ငွေရောင်လက်စွပ်လေးတစ်ကွင်းစွပ်ထားသည်။ချွတ်ကြည့်မည်အလုပ်...

"ကလေး စောင့်နေရတာကြာသွားပြီလား"

ကျွန်တော့်ဘယ်ဘက်အခြမ်းမှလူတစ်ယောက် အားကစားဖိနပ်တစ်ရံကိုင်ကာ လျေှာက်လာသည်။

သူမေးသည်ကို ကျွန်တော်ပြန်မဖြေမိ။ ဘာကြောင့်မှန်းမသိ ထိုသူရောက်လာမှ‌စိတ်အေးသွားသလိုပင်။

ကျွန်တော့်ရေ့ှတွင် ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်ပြီး ‌အေးစက်စက်ခြေဖဝါးပြင်အား ခပ်နွေးနွေးလက်တစ်စုံဖြင့် အသာအယာကိုင်ကာ ဖိနပ်စီးပေးနေသည်။ ပိတုန်းရောင်ဆံချည်မျှင်များမှာ လေညင်းကြောင့် တရွေ့ရွေ့လှုပ်ရှားနေသည်။

အကြောင်းပြချက်မရိှ ရင်ထဲ၌ကျေနပ်နေသလိုပင် ကိုယ့်ကိုယ်ကို‌တောင်မသိလိုက်ပဲ နှုတ်ခမ်းဖျားလေးမှာ ပြုံး‌နေမိပြီ။ ဖိနပ်ကြိုးကအစ ခိုင်မာစွာချည်ပေးပြီး ကျွန်တော့်အားမော့ကြည့်လာသည်။

ထိုမျက်ဝန်းနက်နက်ကလေးထဲ ကျွန်တော်နစ်ဝင်သွားခဲ့ပြီ။ ရင်ခုန်သံတွေမှာလည်း အတက်အကျပင်မမှန်တော့။ တိတ်ဆိတ်နေသောပတ်ဝန်းကျင်ကြောင့် အသက်ရှုသံများကိုပင် ထင်ရှားစွာကြားနေရသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now