Ep_19

4.7K 577 27
                                    

Unicode

ဆယ့်ငါးမိနစ်ဆို‌ေသာအချိန်ထက် တစ်ညနေခင်းလုံး ခြံရှေ့မျှော်ကာ မျှော်လင့်ချက်ကြီးစွာနဲ့ကိုစောင့်နေခဲ့ပါသည်။ မျှော်သာမျှော်ပေါ်မလာတဲ့အဆုံးမှာတော့ အခန်းထောင့်လေးတွင်ထိုင်ပြီးအတွေးပေါင်းစုံရဲ့ထိုးနှက်ခြင်းကို တစ်ပွေ့တစ်ပိုက်ကြီးခံယူနေရသည်။

နှိုင်း ဘာလို့ရောက်မလာတာလဲ...
နှိုင်းပြောတော့ ကျွန်တော့်ဆီလာမယ်ဆို ။ဆယ့်ငါးမိနစ်တောင်မဟုတ်တော့ဘူးလေနှိုင်း နေဝင်နေပြီ ဘယ်အချိန်ထိစောင့်ခိုင်းထားမလို့လဲ။ပြောတော့ကျွန်တော့်ကိုချစ်တယ်ဆို အလေးမထားတော့ဘူးလား ...ကျွန်တော့်ကိုမေ့သွားပြီလား...။

တဖြည်းဖြည်းနှင့်ညအချိန်သို့ရောက်လာပြီဖြစ်သည့်အတွက် အခန်းငယ်လေးထဲတွင် မှောင်ရိပ်သန်းနေသည်။ချောင်ထဲ၌ ကွေးကွေးကလေးထိုင်နေ၍ မျက်ရည်များမှာလည်း အတိုင်းအဆမရှိကျဆင်း‌ေနခဲ့သည်။ ဤအခြေအနေကြောင့် နှိုင်းအပေါ်တွင်ထားရှိသောစိတ်ကို ခန့်မှန်းစရာမလိုတော့လောက်အောင်ပင် အသေအချာပင်သိသွားခဲ့ပါပြီ။

မှန်ပါသည် နှိုင်းကိုချစ်မိသွားခဲ့ပါပြီ။ နှိုင်းဘက်က ဆက်သွယ်လာမယ့်အချိန်ကို သာစောင့်စားနေခဲ့ပါသည်။ကိုယ်တိုင်ဖွင့်ပြောဖို့ဆိုရင်လည်း မရဲသေးတာကြောင့် ရုံးမသွားနိုင်ခဲ့‌ေပ။ ပို့လာသောစာတစ်စောင်မှာလည်း တုန့်ပြန်မှုမရှိခဲ့သည့်အတွက် လူသည်လည်း ထိုနည်း၎င်း အရိပ်ပင်မမြင်ရခဲ့ပါ။

အကြောင်းပြန်စာလေးတောင်မှ မပို့လာဘူးနော်...ဒီကိုမလာနိုင်တာ ကျွန်‌တော့်ထက်အရေးကြီးတဲ့ကိစ္စရှိနေလို့လား...။
ကြယ်‌ေတွကိုခူးဆွတ်ပေးမယ်ပြောပြီးမှ ကိုင်တွယ်လို့မရတဲ့အရာဆိုပြီး တစ်ဖက်လှည့်နဲ့ကစားလိုက်တာလား...။
ကျွန်တော်လည်းဒီလိုမျိုး‌ေတွ မတွေးချင်ခဲ့ပါဘူး ဒါပေမယ့်ခေါင်းထဲကထုတ်လို့မရလောက်အောင်ကို နေရာယူထားလွန်းလို့ တွေးနေရတယ်နှိုင်း....။

ကျစရာမျက်ရည်များမရှိတော့လောက်အောင်ကို မျက်လုံးကလေးမှာလည်း နီရဲပြီးဖောင်းအစ်နေသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now