Ep_26

4.6K 596 11
                                    

Unicode

"ထိုင်လို့ရတယ်မလား"

"အင်း..အင်း ရပါတယ်"

ပြောပြောဆိုဆိုနှင့် နားကြပ်ဖြုတ်ကာ ဘေးတွင်ထိုင်ချလိုက်သည်။စကားတစ်ခွန်းမှမဟသေးဘဲ တဖြည်းဖြည်းဖြင့် မှောင်စပျိုးလာခဲ့သည်။ကူကူးမှာ‌ေတာ့ နှိုင်းကိုသာငေးလျက်...

"တိုက်တိုက်ဆိုင်ဆိုင်ပြန်တွေ့ကြပြန်ပြီနော်မင်း ကိုယ့်ကိုမှတ်မိတယ်မလား နည်းနည်းတော့ကြာပါပြီ မင်းကိုလူမှားခဲ့တာလေ အဲ့အတွက် ကိုယ်တောင်းပန်ပါတယ် ဒါနဲ့မင်းကဒီကိုလာနေကြလား"

ကျွန်တော့်မျက်နှာကို သူကြည့်မနေပါ။လှုပ်ခတ်နေသော ကန်ရေပြင်ကိုသာ သူတစူးတစိုက်နှင့်ကြည့်နေသည်။တိမ်တိုက်တို့၏ ခပ်တောက်တောက်အရောင်မှာ သူ့မျက်နှာကလေးတွင်လာဟပ်နေသည်။

ဘေးကနေကြည့်နေရတာတောင် တိမ်တိုက်‌ေတွရဲ့အရောင်ထက် သူ့မျက်နှာလေးကပိုပြီးစိတ်ဝင်စားဖို့ကောင်းနေတယ်..။
တလှပ်လှပ်နဲ့ ယိမ်းနွဲ့လှုပ်ရှား‌ေနတဲ့ ဆံပင်လေးတွေရယ်....
တည်ကြည်ခန့်ညားတဲ့ သူ့ရုပ်ရည်ရယ်က
သူမေးနေတာကို မဖြေနိုင်လောက်အောင် အာရုံတွေကိုညှို့ယူထားခဲ့တယ် ..
ဒီတစ်ခါတော့ ကျွန်တော့်ရှေ့မှာထိုင်နေတာ
သူအစစ်ဟုတ်လောက်ပါတယ်နော်....။

ကူကူးအကြည့်တို့အား အခြားတစ်နေရာသို့ လွှဲပြောင်းပြီးကာမှ...

"အော် ကိစ္စမရှိပါဘူး လူမှားလို့ဖြစ်သွားတာပဲဗျာ ကျွန်တော်လည်းအကို့ကို အော်ခဲ့မိတဲ့အတွက်တောင်းပန်ပါတယ် ကျွန်တော် ဒီကိုခဏခဏ‌ေတာ့မလာဖြစ်ပါဘူး ခု‌မှအစ်မနဲ့စက်ဘီးစီးရင်းလာဖြစ်တာ"

နှိုင်း၏မျက်ဝန်းတို့တွင် ပြုံးရိပ်သန်းလာကာ ကူကူးဘက်သို့လှည့်လာသည်။

"ဒါဆို အကိုတို့ကျေအေးသွားပြီနော် ပြီးတော့ကိုယ် မင်းကိုပြောစရာရှိသေးတယ်"

"ဟုတ် အကိုက ကျွန်တော့်ကိုဘာပြောမလို့လဲ"

မိုဝီ့ကိုဘာကြောင့်မသိရသလဲဆိုတဲ့အကြောင်းကို နှိုင်းမေးကြည့်ချင်ပါသည်။သို့သော် နှုတ်ကမရဲပေ။

သူမှလွဲ၍ _CompletedWhere stories live. Discover now