Ep_24

4.5K 586 16
                                    

Unicode

တက္ကသိုလ်ဘေးရှိ ထိုင်နေကျကော်ဖီဆိုင်တစ်ခုတွင် သူငယ်ချင်းသုံးယောက်ဆုံကြလေသည်။ကော်ဖီခါးခါးသုံးခွက်မှာကာ ညိှုးငယ်သောမျက်နှာများဖြင့် ထိုင်နေကြသည်။

"မိုဝီနဲ့တော်တော်တူလို့လား ဇူဇူး"

"တူတာမှ ငါတို့ရှေ့မှာမို‌ေလးလာရပ်နေတဲ့အတိုင်းပဲ သူလည်းမျက်မှန်တပ်ထားတယ် ငါတို့ကိုတော့သူလုံးဝမသိဘူး တကယ်ပဲသူကမိုလေးမဟုတ်ဘူးထင်တယ်"

ဝမ်းနည်းနေသောစိတ်ကြောင့်ကေတုဝင်မပြောနိုင်။ပြောလျှင်သူငိုမိလိမ့်မည် ။ ထို့‌ေကြာင့်စိတ်ကိုတင်းကာ ကော်ဖီခွက်ကိုသာစိုက်ကြည့်နေသည်။ကေတုထက်စာလျှင် ဇူဇူးမှာစိတ်ဓာတ်မာသဖြင့် ထိုကိစ္စအားလူးရိပ်နှင့်အတူဆွေးနွေးနေသည်။

အချိန်ကာလတစ်ခုကြာမြင့်သွားပြီဖြစ်သော်လည်း သူငယ်ချင်းသည်သာအဓိကဟူသောစိတ်ထားမှာ သူတို့ကြားတွင်တည်မြဲနေစဲပင်။

အငွေ့တထောင်းထောင်းထွက်နေသော ကော်ဖီပူပူတစ်ခွက်အား လူးရိပ် မမှုတ်တော့ပဲနှင့် တစ်ငုံမော့သောက်လိုက်သည်။တင်းကြပ်နေသောနှလုံးအိမ်တို့ကြောင့် ထိုအပူဒဏ်မှာမမှုပေ။အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးကာမှ ဇူဇူးကိုကြည့်၍..

"မနေ့ကနင်တို့နဲ့ငါဖုန်းပြောပြီးတော့ အရင်ကအဖေပြောခဲ့ဖူးတဲ့စကားတစ်ခွန်းကိုသတိရသွားတယ် အစကတော့ ဘာရယ်မဟုတ်ဘူး ငါလည်းဒီအတိုင်းအဖေအမှတ်မှားတယ်ထင်ခဲ့တာ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် ခုကိစ္စနဲ့တော့ ဆက်စပ်မှုရှိနေသလိုပဲ"

"ဘာအကြောင်းမို့လို့လဲ"

"မိုဝီဆုံးတုန်းကငါတို့သုံးယောက်စလုံး ရန်ကုန်မှာရှိမနေကြဘူး‌ေလ အဲ့နေ့က မိုဝီဆေးရုံတင်ရပြီး ခွဲစိတ်ခန်းဝင်ရတဲ့အကြောင်းကိုတောင် ငါတို့ကို ကိုနှိုင်းပြောပြမှသိခဲ့ကြတာလေ ဖြစ်ချင်တော့ အဲ့ဆေးရုံမှာ ငါ့အဖေဆေးသွားစစ်ရင်း ခွဲခန်းထဲကို မိုဝီနဲ့တစ်ထပ်တည်းတူတဲ့ နောက်တစ်ယောက်ပါအတူတူ ကုတင်ပေါ်တင်ပြီးခေါ်သွားတယ်လို့ မိုဝီဆုံးပြီးနောက်တစ်ရက်မှာအဖေကငါ့ကိုအဲ့လိုပြောတယ်  နင်တို့စဉ်းစားကြည့်ဟာ ငါ့နေရာမှာနင်တို့သာဆိုရင်ရော ဒီစကားကိုနင်တို့ယုံကြမှာလား  ငါလည်းအမှုမဲ့အမှတ်မဲ့ မဖြစ်နိုင်လောက်ဘူးထင်ပြီး မယုံခဲ့မိဘူး အဖေအမြင်မှား‌သွားတယ်လို့ပဲငါထင်ထားခဲ့တာ"

သူမှလွဲ၍ _CompletedWhere stories live. Discover now