End

12.7K 699 108
                                    

Unicode

နှိုင်းနှင့်ကူကူးတရားရုံးသို့ ရုံးချိန်းကိစ္စဖြင့်ရောက်ရှိနေခဲ့ပါသည်။နစ်နာသူနေရာတွင် ကူကူးမတ်တပ်ရပ်နေကာ ခွန်ပိုမှာလက်ထိပ်ခတ်ခံထားရပြီးကူကူး၏မျက်နှာချင်းဆိုင်‌ေနရာတွင် တရားခံအဖြစ်အယူခံဝင်ရသည်။

ကူကူး၏ရှေ့နေမှ သက်သေအထောက်အထားပါရှိသောဖိုင်တွဲအား တရားသူကြီးထံတင်ပြလိုက်သည်။

ထို့နောက် တရားခွင်တွင် လိမ်ညာမှုမရှိဘဲ အမှန်အတိုင်းသာထုတ်ပြောရန် ကျမ်းကျိန်ကြသည်။တင်ပြထားသော အကြောင်းအရာများအား တရားသူကြီးသုံးယောက်မှ ဆွေးနွေးတိုင်ပင်‌ခဲ့ကြသည်။

တရားခံမှာလက်နက်ဖြင့်ထိခိုက်‌ေစခြင်းဆိုသည့် ပုဒ်မ (၃၂၄)ဓားထိုးမှုဖြင့် စွဲချက်တင်ခံထားရသည်။ဒါ့အပြင် လူသတ်ရန်ကြံစည်မှု ပုဒ်မ(၃၀၇) နှင့်လူသတ်မှု ပုဒ်မ(၃၀၂)ဖြင့်လည်း တရားစွဲခံထားရပါသည်။

ပုဒ်မ(၃၂၄)သည် လက်နက်တစ်ခုတည်းဖြင့်မဟုတ်ဘဲ ထိုး၊ခုတ်၊ဖြတ်၍ရသော ကိရိယာတန်ဆာပလာများဖြင့်သော်လည်းကောင်း၊အဆိပ်၊ပေါက်ကွဲစေတတ်သောကိရိယာအစရှိသော အန္တရာယ်ဖြစ်စေနိုင်သည့်အရာဝတ္ထုများအားလုံးနှင့် သက်ဆိုင်သောပုဒ်မတစ်ခုဖြစ်သည်။ပြစ်ဒဏ်မှာ ထောင်ဒဏ်(၃)နှစ်ဖြင့်ဖြစ်စေ၊ငွေဒဏ်ဖြင့်‌ဖြစ်စေ ၊ဒဏ်နှစ်ရပ်လံုးဖြင့်ဖြစ်စေချမှတ်၍ရနိုင်သည်။

ပုဒ်မ(၃၀၇)ဆိုသည်မှာ အပြုအမူတစ်ခုကြောင့်သေဆုံးခြင်းဖြစ်စေခဲ့သော် သို့မဟုတ် လူသတ်မှုမြောက်နိုင်မည့်ကြံရွယ်ချက်ဖြင့်လည်းကောင်း ကျူးလွန်မိခဲ့ပါက ထောင်ဒဏ်(၁၀)နှစ်အပြစ်ဒဏ်နှင့်‌ေငွဒဏ်ရှိသည်။

ခုနစ်နှစ်အထိထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်သော ပြစ်မှုမျိုးကျူးလွန်ထားခဲ့သည့်သူမှာ လူသတ်မှုထပ်မံကျူးလွန်ခဲ့ပါက ပုဒ်မ(၃၀၂)ရာဇသတ်ကြီးပုဒ်မဖြင့် အလုပ်ကြမ်းနှင့်‌ထောင်ဒဏ်(၁၀)နှစ်တိတိချမှတ်၍သော်လည်းကောင်း၊ငွေဒဏ်နှင့်သော်လည်းကောင်း ချမှတ်ခြင်းခံရနိုင်သလို သေဒဏ်ချမှတ်ခြင်းလည်းခံရနိုင်သည်။

ထိုပြစ်မှုမျိုးကျူးလွန်ထားသော အပြစ်သားမှာကျေအေးပိုင်ခွင့်မရှိပေ။ယခုခွန်ပိုမှာ လွန်ခဲ့သောသုံးနှစ်ကမိုဝီ့ကိုသတ်ကာ ထွက်ပြေးတိမ်းရှောင်နေခဲ့သဖြင့်အထက်ပါ ပုဒ်မသုံးခုစလုံးနှင့်ငြိစွန်းနေသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now