Ep_21

4.8K 676 28
                                    

Unicode

ဆေးရုံကအပြန် အမာရွတ်အကြောင်းစဉ်းစားရင်း တွေတွေဝေဝေနှင့် လျှောက်လာခဲ့သည်။ အတွေးထဲနစ်မြောနေသဖြင့် ဘေးဘီဝဲယာမှ အသံများကိုလည်း သူမကြားတော့ပေ။ အိမ်ပြန်လမ်းသို့မဟုတ်ပဲ တခြားသောလမ်းတစ်ခုအား မှားလျှောက်နေသည်ကိုလည်းသူမသိ။

ဆေးရုံထဲကထွက်လာကတည်းက ခေါင်းငိုက်စိုက်ကျကာ ခြေဦးတည့်ရာသို့သာသွားနေခဲ့သည်။ သူသွားနေသောလမ်း‌မှာ လူသူပြတ်လပ်ကာ အသံများမှာလည်းတိတ်ဆိတ်လျက်ရှိသည်။

သူ့နောက်ကိုလူတစ်ယောက် ပုန်းလျှိုးကွယ်လျှိုးနှင့် လိုက်လာနေသည်မှာ အတော်ပင်ကြာမြင့်နေပြီ။ခြေသံများပင်ထွက်နေသော်လည်း အာရုံမရှိသဖြင့် ခြေတစ်လှမ်းချင်းလှမ်းကာ စိတ်မပါလက်မပါနှင့်။

နောက်မှထက်ကြပ်မကွာလိုက်လာသောလူမှာ သူ့အားမျက်ခြည်အပြတ်မခံ။ဦးထုပ်တစ်လုံးကိုခပ်ငိုက်ငိုက်စောင်းကာ ဖြည်းဖြည်းချင်းအနားသို့ကပ်လာသည်။အိတ်ကပ်ထဲတွင်ထည့်ထားသောလက်မှာခြောက်လက်မအရွယ်‌ေခါက်ဓားတစ်‌ေချာင်းကိုင်ထားပြီး အနောက်မှနေ၍ လည်ပင်းသို့ထိုးရန်အရွယ်...

"ဟေ့....အနောက်မှာ!"

ထိုအသံကြောင့် ကူကူးသတိပြန်ဝင်လာကာ နောက်သို့အမြန်လှည့်ကြည့်လိုက်သည်။ဓားဖြင့်ထိုးရန်ကြိုးစားနေသည်ကိုမြင်တော့ အကျီစကိုဆွဲဆုပ်ကာ လက်သီးဖြင့်တစ်ချက်ပိတ်ထိုးလိုက်သည်။ထိုးလိုက်သည့်အရှိန်ကြောင့် ခေါင်းပေါ်ကဦးထုပ်မှာ ဘေးရှိချုံပုတ်ဆီသို့ လွင့်ထွက်သွားခဲ့သည်။

ဦးထုပ်ကျွတ်သွားသောကြောင့် ဖုံးကွယ်ထားသောမျက်နှာမှာ အတိုင်းသားပေါ်လာခဲ့သည်။ထိုမျက်နှာကြောင့် ကူကူး အင်မတန်တုန်လှုပ်သွားခဲ့ရသည်။ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးများပင်ပြေလျော့ကာ မျက်လုံးများပင်ပြာလာသည်။

နားထင်ဘေးရှိ အမာရွတ်ကြောင့် ထိုလူ့ရုပ်ရည်မှာ အကျဉ်းတန်လွန်းလှသည်။ခပ်မှေးမှေးမျက်လုံး၊နှာခေါင်းပွပွနှင့် ပါးလွှာလှသောနှုတ်ခမ်း။လက်စပြင်းပြင်းဖြင့် အထိုးခံရသော်လည်း နှုတ်ခမ်းထက်ရှိအပြုံးတစ်ခုမှာ တွန့်၍ပင်မသွား။

သူမှလွဲ၍ _CompletedWhere stories live. Discover now