Ep_30

4.8K 595 46
                                    

Unicode

စခန်းအတွင်းရှိ ဇော်ဏေ၏ရုံးခန်းထဲ၌...

ဖိုင်တွဲတစ်ခုတွင် ပင်နှင့်တွဲ၍ချိတ်ထားသော ဓာတ်ပုံတစ်ပုံအား‌ေဇာ်‌ေဏဖြုတ်ယူကာ နှိုင်းတို့အရှေ့သို့တိုးပေးလိုက်သည်။

နှိုင်းလည်းအလျင်အမြန်ဆွဲယူပြီး ကေတုမဒီတို့သုံးယောက်နှင့်အတူ ခေါင်းချင်းဆိုင်ကာကြည့်လိုက်တော့ ကျောင်းဝတ်စုံဖြင့်သားသားနားနားကလေးတစ်ယောက်၏ပုံဖြစ်သည်။

"မိုလေးနဲ့တော်တော်တူတာပဲ အမြွှာဆိုတဲ့အချက်ကိုလက်ခံရတော့မှာပေါ့"

ဇူဇူး သက်ပြင်းချလိုက်ပြီး ထိုပုံကိုဆက်မကြည့်တော့ဘဲ မျက်နှာလွှဲလိုက်သည်။ကျန်တဲ့သံုး‌ေယာက်က‌ေတာ့စကားတစ်လုံးမှမပြောသေးဘဲ ပုံကိုသာလျှင် တစူးတစိုက်နှင့်ကြည့်နေရင်း....

"ဒီ...ဒီဓာတ်ပုံထဲကကောင်လေးက မှည့်မပါဘူး"

‌ဓာတ်ပုံကိုင်ထားသောနှိုင်း၏လက်မှာ ပေါင်ပေါ်သို့ပြုတ်ကျသွားပြီး‌ေနာက် ဇော်ဏေကိုကြည့်ကာနှိုင်းပြောလိုက်တော့လက်ထဲမှပုံကို ကေတုဆွဲယူလိုက်ပြီး...

"ဟုတ်တယ် သူ့မှာမျက်ခမ်းအောက်ကမှည့်လေးမရှိဘူး သူ..သူကဘယ်သူလဲ"

ကေတုမဒီ မျက်ခုံးတွန့်သွားကာ လက်တွင်ကိုင်ထားသောပုံကိုထောင်ပြပြီး ဇော်ဏေ့ကိုမေးလိုက်သည်။ထိုအခါကျမှ ဇူဇူးနဲ့လူးရိပ်လည်း မှည့်မရှိသည်ကိုသတိထားမိသွားကြသည်။

"အကိုမင်းတို့ကိုအဲ့ကိစ္စပြောချင်လို့ခေါ်လိုက်တာ ဒီပုံထဲကကောင်လေးကမှ ကူကူးအစစ်"

"ဟမ်!"

"ခင်ဗျာ!"

တူညီသောလေသံနှင့်အတူ လေးယောက်စလုံးသံပြိုင်ထွက်လာကြသည်။မျက်နှာတွင်တော့ အံ့ဩခြင်းများ၊နားမလည်ခြင်းများမှာ ဖုံးလွှမ်းလို့နေသည်။

"ကိုဇော်နှိုင်းကိုပြောပြခဲ့သလို ကူကူးမှာအမြွှာရှိတယ်ဆိုတာအမှန်ဖြစ်ပေမယ့် ခုအကိုတို့သိတဲ့ကောင်လေးကကူကူးမဟုတ်ခဲ့ဘူး ဒီကောင်လေးကမှလွန်ခဲ့တဲ့သံုးနှစ်ကအမှန်တကယ် ဆုံးသွားခဲ့တဲ့သူပဲ"

သူမှလွဲ၍ _CompletedWhere stories live. Discover now