Ep_23

4.6K 666 12
                                    

Unicode

အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးရေ‌ေတွအောက်မှာ ကျွန်တော် ပက်လက်လေးလှဲနေသည်။အမှောင်ထုတွေဖုံးလွှမ်းနေတဲ့ ကောင်းကင်ပြင်ကြီးကိုကြည့်ပြီး ကျွန်တော့်စိတ်တွေတုန်လှုပ်နေသည်။ဘာကြောင့်ရယ်တော့ကျွန်တော်မသိပေမယ့် မျက်ရည်တွေတော့စို့နေသည်။

ထလို့လည်းမရ၊ထိုင်လို့လည်းမရနဲ့ လမ်းမပေါ်မှာ လဲလျက်သားလေး။တပ်ထားတဲ့မျက်မှန်က ကိုင်းတစ်ဖက်ကျိုးပဲ့ပြီး မှန်တွေလည်းအက်ကွဲနေသည်။

လက်ထဲတွင် တစ်စံုတစ်ရာကိုဆုပ်ကိုင်ထားရသလို ခံစားမိသည့်အတွက် မျက်နှာနားကပ်ကာ လက်ကို‌ေြဖလျော့ကြည့်လိုက်‌ေတာ့ဆွဲကြိုးလေးတစ်ကုံးထွက်ကျလာသည်။ကြိုးက‌ေတာ့ခပ်ရှည်ရှည်လေးပါပဲ ဆွဲပြားလေးတစ်ပြားလည်းပါ‌ေသးသည်။မျက်လုံးဝေ့ဝဲကြည့်မိတော့ ဘေးပတ်ပတ်လည်မှာ သွေးတွေချည်းအပြည့်။

"ကလေး!"

ကလေး ဒီအသံ ဒီအသံကြားရပြန်ပြီ။ခင်ဗျားဘယ်မှာလဲ ကျွန်တော်အခုအားမရှိဘူးဖြစ်နေတယ်။ဘယ်ကနေ ကျွန်တော့်ကိုခေါ်နေတာလဲ။နီးနီးလေးမှာရှိနေရင်လည်း ကျွန်တော့်ဆီအမြန်လာပါ ကျွန်တော်ကြောက်တယ်။

"ကလေး"

ကလေးဟုနောက်တစ်ကြိမ်ထပ်‌ေခါ်ပြီး ကျွန်တော့်ဘေးတွင် သူဒူးထောက်ကာထိုင်ချလိုက်သည်။တစ်ကိုယ်လုံးလည်းစိုရွှဲနေတာပဲ မျက်လုံးတွေလည်းမို့အစ်လို့ သူလည်းငိုထားတယ်ထင်ပါရဲ့။လဲနေတဲ့ကျွန်တော့်ကို ပွေ့ထူပြီး သူ့ရင်ခွင်၌ပွေ့ဖက်ပေးထားသည်။

အခုကျွန်တော့်ကို ကျွန်တော်ထိန်းလို့လည်းမရဘူး လက်တွေကသူ့အလိုလို ရွေ့လျားပြီး နူးညံ့တဲ့သူ့မျက်နှာလေးပေါ်ကို သွေးသံတရဲရဲကျွန်တော့်လက်နဲ့ဖွဖွလေး ထိကိုင်လိုက်မိသည်။

သူ့မျက်ဝန်း‌ေလးတွေကပြောတယ် သူကြောက်နေတယ်တဲ့။
ကျွန်တော်သူ့မျက်ရည်‌ေတွကိုသုတ်‌ေပးချင်မိတယ် ဒါပေမယ့် တစ်ခုခုကကျွန်တော့်ကို ထိန်းချုပ်ထားသလိုမျိုး စိတ်စေရာကိုယ်မပါဘူးဖြစ်နေတယ် မိုးက‌လည်းအလိုက်ကန်းဆိုးမသိ တစ်ချက်ကလေးတောင်မတိတ်ပေးရှာဘူး။

သူမှလွဲ၍ _CompletedWhere stories live. Discover now