Ep_8

6.1K 851 15
                                    

Unicode

"မီးပုံးပျံပွဲကိုရောက်ပြီဖြစ်တဲ့အတွက် အားလုံးဆင်းလို့ရပြီနော် မဆင်းခင်အကိုတစ်ခုမှာချင်တာက ဒီပွဲကလူအရမ်းများတော့ လူမကွဲစေနဲ့ ပြီးတော့နီးနီးကပ်ကပ်မကြည့်ပဲ ခပ်ခွာခွာကြည့်ကြပါ မီးပုံးပျံတွေက ‌လေပြင်းရင် ပျက်ကျတတ်တော့ အန္တရာယ်မဖြစ်အောင်သတိထားပြီးသွားကြ..ဒါနဲ့မင်းတို့ မာဖလာတွေ‌ရောပါလာကြလား"

"ဟုတ်ကဲ့ ပါပါတယ်"

"ပါရင် ပတ်သွားကြနော် ဒီမှာကအရမ်းအေးတယ်....ဒီနေရာမှာပဲဆုံမယ်နော်..တကယ်လို့များမင်းတို့လမ်းပျောက်နေပြီး သတ်မှတ်ချိန်အတွင်းကားဆီကိုပြန်မ‌ရောက်မလာဘူးဆိုရင် အကိုတို့ပြန်ကြားရေးဌာနဆီသွားပြီး မင်းတို့နာမည်ကိုခေါ်ပေးခိုင်းမယ်.. အဲ့တာကြောင့် သတင်းတွေကိုနားဆွင့်နေပါ...အဖွဲ့နဲ့သွားမယ့်လူတွေကလည်း တစ်ယောက်လက်တစ်ယောက်သေချာကိုင်ထားကြတစ်ယောက်တည်းသွားမယ်ဆိုရင်တော့ ဒီနေရာကိုသေချာမှတ်ထား သိပ်ဝေးဝေးမသွားနဲ့"

"ဟုတ်"

တစ်ဖြည်းဖြည်းနဲ့ လူစုခွဲကာ အသီးသီး သူ့လူနှင့်သူ မှာထားသည့်အတိုင်း စနစ်တကျဖြင့် ထွက်ခွာသွားကြသည်။

မေမေမာဖလာတွေထည့်ပေးလိုက်တာ တော်တော်အလုပ်ဖြစ်တာပဲ..ဟင်းး..အခုဝတ်ထားတာက နီညိုရောင်ဆိုတော့လိုက်ဖက်အောင်လို့ မာဖလာကိုလဲအနီပုတ်လေးဝတ်ရမယ်။

အနီပုတ်ပုတ်အရောင်ပေါ်တွင် အဖြူရောင်အစက်ကလေးများဖြင့် မာဖလာကို လည်ပင်း၌ နှစ်ပတ်ပတ်ကာ ရေ့ှသို့ချထားသည်။ မီးပုံးမှာကြီးသဖြင့် မျက်မှန်မပါလည်း မြင်ရမည်မှာသေချာသည်။ထို့ကြောင့် မျက်မှန်ချွတ်ကာ အိတ်ထဲတွင်ထည့်၍ ကားပေါ်မှာထားခဲ့သည်။

"ကူး..ငါတို့နဲ့တူတူသွားမှာလား"

"ဟင့်အင်း..သက်သက်သွားမယ်ရှာမတွေ့ရင်ဖုန်းဆက်လိုက်"

သူတို့နဲ့တူတူသွားရင် အေးအေးလူလူကြည့်လို့ရမှာမဟုတ်ဘူး..တစ်ယောက်တည်းသွားတာပဲကောင်းတယ်။

မနက် ၁၁ ကနေ ညနေ ၄နာရီအထိ အရုပ်လှလွှတ်ပြိုင်ပွဲရိှပေမယ့် ကားလမ်းနည်းနည်းပိတ်သွားတော့ ကျွန်တော်တို့မမှီလိုက်ဘူး။ ခုက ၇ခွဲဆိုတော့ ညမီးကြီး(မီးရှူးမီးပန်း) နဲ့ စိန်နပန်(မီးပုံး) အဲ့အလှဆင်ပြိုင်ပွဲတွေပဲရိှတော့တယ်။

သူမှလွဲ၍ _CompletedDove le storie prendono vita. Scoprilo ora