Ep_16

5K 767 52
                                    

Unicode

March 15,2017

"မေမေ...သားကိုမနက်ကျရင် ဘိန်းမုန့်လေးဝယ်ထားပေးပါလား"

"သားကဘာလုပ်မလို့လဲ"

"ဘာမှတော့မဟုတ်ပါဘူး ဒီအတိုင်းလမ်းမှာတွေ့တဲ့ကလေးတွေကိုကျွေးချင်လို့"

မနက်စောစောရုံးတက်ချိန်တွင် ဘိန်းမုန့်ထုပ်တစ်ထုပ်ကိုင်ကာရုံးခန်းထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့်ဝင်လာသည်။ထို့‌ေနာက်အခန်းတွင်းရှိမီးများအားပိတ်လျက် အမှောင်ထဲတွင်စောင့်နေသည်။

ထိုအချိန်တွင် ရုံးခန်းထဲသို့နှိုင်းတံခါးဖွင့်ကာဝင်လာသည်။

"အမ‌ေလး!"

မှောင်မှောင်မည်းမည်းအခန်းထဲတွင် မီးစတစ်ခုတဖြည်းဖြည်းသူ့ထံ‌ေရွ့လာသဖြင့် ကြက်သီးမွှေးညင်းများထကာ လန့်ဖျပ်သွားသောကြောင့် ပါးစပ်မှလွှတ်ခနဲအော်လိုက်ခြင်းဖြစ်သည်။

"Happy Birthday to you
Happy Birthday to you
Happy Birthday
Happy Birthday
Happy Birthday to you"

အသံငြိမ့်ငြိမ့်လေးတစ်ခုထွက်လာကာ အခန်းမီးများပွင့်သွားပြီးနောက် မြင်လိုက်ရသည်မှာ‌တော့...

ပန်းကန်ပြားကြီးတစ်ချပ်‌ေပါ်တွင် ခြောက်လက်မလောက်ရှိသော ဘိန်းမုန့်အထပ်လိုက်တင်ထားပြီး အလယ်မှာဝါဆိုဖယောင်းတိုင်တစ်‌တိုင်ထွန်းကာ ရှေ့သို့တဖြည်းဖြည်းတိုးလာသောမိုဝီ။

"ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ကိုနှိုင်း"

မွေးနေ့ရှင်ဖြစ်သောကျွန်တော်ကိုယ်တိုင်မှာ ကိုယ့်မွေးနေ့ကိုယ်ပင်မမှတ်မိ။ မွေးနေ့ကိတ်ကလည်းသူ့အလှည့်ကျမှအဆန်းကြီး။ဖယောင်းတိုင်ကိုတောင် သဒ္ဒါတရားရှိရှိနဲ့အကြီးဆုံးဖြစ်တဲ့ ဝါဆိုဖယောင်းတိုင်ကိုမှရွေးပြီးထွန်းပေးတယ်။

မွေးနေ့ကိတ်ကလည်း ပစ်‌ေပါက်ရင်တောင်သေလောက်တဲ့ ဘိန်းမုန့်ချပ်တွေနဲ့ ကျွန်တော့်မွေးနေ့ကသူ့နဲ့ကျမှ ကဗျာဆန်နေပြီ။

"မွေးနေ့ကိုဘယ်လိုသိတာလဲ"

"မနေ့ကကိုခွန်းပြောတာကြားလိုက်တာ"

သူမှလွဲ၍ _CompletedWhere stories live. Discover now