Ep_25

4.5K 575 42
                                    

Unicode

ကားကို ပါကင်တွင်ထားခဲ့ကာ Triple Company ထဲသို့ သုံးယောက်ဝင်လာကြသည်။‌ကုမ္ပဏီဝင်ပေါက်နားမှ ဝန်ထမ်းမလေးအား..

"ကိုနှိုင်း ရုံးခန်းမှာရှိ‌လားခင်‌ဗျ ကျွန်တော်တို့တွေ့ချင်လို့ပါ လူးရိပ်တို့သုံးယောက်လို့ပြောလိုက်ရင် ကိုနှိုင်းသိပါတယ်"

"အော် ဟုတ်ကဲ့ သူဌေးရုံးခန်းကိုဖုန်းဆက်ကြည့်ပေးပါမယ်"

ရုံးဖုန်းကိုဆွဲယူလိုက်ပြီး ဖုန်းဆက်မေးကြည့်တော့ နှိုင်းရုံးခန်းထဲသို့ဝင်လာခဲ့ရန်ပြန်ပြောသဖြင့် ထိုမိန်းကလေးလိုက်ပို့ပေးသည်။

ဒေါက် ဒေါက် ဒေါက်

"လာ ထိုင်ကြ ညီလေးတို့"

အခန်းထဲတွင် နှိုင်းနှင့်ခွန်းတို့ အထည်ကိစ္စဆွေးနွေးနေကြစဉ် လူးရိပ်တို့သုံးယောက်ဝင်လာကြသည်။ဝန်ထမ်းမလေး ကိုနှိုင်းကို အရိုအသေပေးပြီး တံခါးပိတ်ကာပြန်ထွက်သွားသည်။

ဆိုဖာထိုင်ခုံ နှစ်ခုံစီမှာ မျက်နှာချင်းဆိုင်ဖြစ်၍ ကျန်အလယ်ခုံတွင်နှိုင်းထိုင်နေသည်။ ခွန်း၏ဘေးတွင်လူးရိပ်ဝင်ထိုင်ကာ ရှေ့တွင်ဇူဇူးနှင့်ကေတုမဒီ ကပ်ရပ်ထိုင်လိုက်ကြသည်။

" မိုဝီနဲ့တူတဲ့ကောင်လေးနောက်တစ်ယောက်ရှိနေတယ်ဆိုတာ ကိုနှိုင်းသိပြီးပြီလား"

လက်တွင်ကိုင်ထားသော ကားသော့နှင့်ဖုန်းကိုခုံပေါ်တွင်ချကာ လူးရိပ်စကားစလိုက်တော့ နှိုင်းမျက်လုံးပင့်ကြည့်လျက်

"အင်း အကိုလည်းသူ့ကိုတွေ့တာမကြာသေးဘူး ဘာဖြစ်လို့လဲ"

"ဒါဆိုအဆင်ပြေသွားတာပေါ့ အဲ့ကောင်လေးက မိုဝီရဲ့အမွှာဖြစ်မယ်လို့ကျွန်တော်တို့ထင်တယ်"

နှိုင်းအတော်လေး အံ့အားသင့်သွားခဲ့ရသည်။ထိုစကားမှာ သူမထင်မှတ်ထားခဲ့သောအကြောင်းအရာပင်မဟုတ်လား။ခွန်းမှာတော့ သူခန့်မှန်းခဲ့ဖူးသည့်အတိုင်းဖြစ်လာသဖြင့် အံ့ဩရိပ်သိပ်မတွေ့ရ။

"ဖြစ်တာတော့ဖြစ်နိုင်ပါတယ် ဒါပေမဲ့ ဘာအကြောင်းကြောင့် ဒီကောင်လေးကပေါ်လာတာလဲ"

သူမှလွဲ၍ _CompletedWhere stories live. Discover now