Ep_4

7.6K 822 28
                                    

Unicode

"လှလိုက်တာပြာလဲ့နေတဲ့ ပင်လယ်ပြင်ကြီးကို မ မြင်ရတာ ဘယ်လောက်တောင်ကြာခဲ့ ပြီလဲ"

ပင်လယ်ပေါ်မှ ဖြတ်လာသော အေးစက်စက်လေထုမှာ တဖြည်းဖြည်းချင်း တိုက်ခတ်နေသည်။ မီးပုံလေးတစ်ခု၏ နောက်တွင် ကွေး‌ေကွးကလေးထိုင်ကာ အလှတရားကို ခံစားနေသူမှာ ကူကူး။

"ဟက်...ချိုး"

"တွေ့လား ခေါင်းစွပ်ဝတ်ထားပါဆိုတာကိုစကားနားမထောင်ဘူး ဒီကလေး ကြာရင်ဖျားတော့မယ် တကယ်ပါပဲကိုသာအနားမှာမရိှရင် ဘယ်လိုလုပ်မလဲ"

‌အအေးမိလွယ်သည့်ကျွန်တော့်ကို ခေါင်းစွပ်မဝတ်ထားသဖြင့် ဆူနေသောသူ။ခေါင်းစွပ်စွပ်ပေးကာ စောင်တစ်ထည်ကို နောက်မှလွွမ်းခြုံပေးသည်။ ထို့နောက် ရင်ခွင်ထဲအတင်းသွင်း၍ ဖက်ထားသောကြောင့် နှာခေါင်းထဲသို့ ဝင်လာသော ကိုယ်သင်းရနံ့‌ချိုချိုကလေးမှာ စွဲမက်စရာပင်။

‌အေးနေသောဒဏ်ကြောင့် သူ့မျက်နှာအား‌ ကျွန်တော်‌မော့မကြည့်နိုင်။ သို့သော် သူ၏ နှလုံးခုန်သံ ၊ အသက်ရှူသံ တို့မှာစည်းချက်ညီစွာ ကြားနေရသည်။ကျွန်တော့်အား ထိုသူသည် လုံခြုံ ခြင်း၏ အရသာကို အပြည့်အဝ ခံစားခွင့်ပေးစွမ်းနိုင်ခဲ့သည်။

"ဒီနေရာလေးကိုကြိုက်တယ်မလား"

ထိုအချိန်နားထဲသို့ ဝင်ရောက်လာသော အသံငြိမ်ငြိမ်လေးတစ်ခု။ ထိုအသံမှာ ကြည်လင်ပြတ်သားလွန်းသည်။ကမ်းစပ်နားရောက်နေသော်လည်း အေးစက်သည့်လေဒဏ်မှာ သူ၏ အနွေးဓာတ်အား ထိုးဖောက်နိုင်စွမ်းမရိှပေ။

ပင်လယ်ပြင်ကြီးအား ငြိမ်သက်စွာ‌ငေး‌မောကြည့်နေခိုက်ရုတ်တရက် သီချင်းသံတစ်ခု နားထဲဝင်လာသည်။

'As long as I'm here
As long as you love me
Give me that old school love right now'

ခုတင်ဘေးကဖုန်းကို ဟိုစမ်းဒီစမ်းနှင့် လိုက်ရှာနေသည်။

" ‌ ဟယ်လို"

ု"ကူကူး မနက်ဖြန်ငါတို့ အတန်းမရိှဘူးတဲ့တီချယ်ဖုန်းဆက်တယ်"

အိပ်ချင်နေသော မျက်လုံးများ ချက်ချင်းဆိုသလို ပြူးကျယ်လာသည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now