Ep_32

4.7K 550 19
                                    

Unicode

November 5,2017

ပြတင်း‌ေပါက်က‌ေနဝင်လာ‌ေသာ နေရောင်ခြည်မှာ ဖြူဥဥခြေသလုံးထက်သို့ ရိပ်ရိပ်ကလေးကျရောက်နေသည်။မနေ့ညက အဖြစ်အပျက်တွေကြောင့်စိတ်ပင်ပန်းသွားခဲ့ရသဖြင့် အလင်းမဲ့နေသောအခန်းငယ်၏ထောင့်လေးတွင်‌ေသွးစို့‌ေန‌ေသာဒဏ်ရာတစ်ခုနှင့်မိုဝီ‌အိပ်‌ေပျာ်သွားခဲ့သည်။

ရုတ်တရက်လန့်နိုးလာခဲ့ပြီး စိတ်ပင်ပန်းမှုများကြောင့် နှိုင်းကိုဖုန်းဆက်ဖို့ပင်‌ေမ့‌‌ေနခဲ့သဖြင့် စိတ်ပူနေမည်ကိုမိုဝီစိုးရိမ်သွားသည်။ထို့ကြောင့်သတိတရနှင့် လွယ်အိတ်ထဲမှဖုန်းကိုထုတ်ကာဖုန်းခေါ်လိုက်သည်။

"ဟယ်လို ကလေးအဆင်ပြေရဲ့လား ကိုယ်တစ်ညလုံးကလေးဖုန်းခေါ်မှာကိုထိုင်စောင့်နေခဲ့တာ"

"ကိုကို ကလေးအခုဘယ်လိုလုပ်ရမလဲ"

တီးတိုးသံကလေးနှင့်ပြောလိုက်သောစကားတစ်ခွန်းမှာ နှိုင်း၏စိတ်ကိုတုန်လှုပ်သွားစေခဲ့သည်။

"ကလေးဘာဖြစ်လို့လဲ ကိုကို့ကိုပြောပြလေ ကလေးငိုနေတာလား"

ကျွန်တော်သူ့ကိုဘယ်လိုပြောရမလဲ..ကျွန်တော့်မိဘတွေက သူ့ကိုမုန်းနေတယ်ဆိုတာကိုလေ...ကျွန်တော်ပြောမထွက်ရက်ဘူး သူဝမ်းနည်းသွားမှာ..သူစိတ်အနှောင့်အယှက်ဖြစ်သွားမှာကျွန်တော်ကြောက်တယ်။

"ကိုကိုနဲ့ကလေးတွဲနေကြတာကို ကလေးမိဘတွေအကုန်သိသွားကြပြီ သဘောမတူနိုင်ဘူးတဲ့ ကလေးကိုကိုမရှိဘဲမနေနိုင်ဘူး မခွဲချင်ဘူး..."

စိတ်တို့ဝမ်းနည်းလာသဖြင့် မျက်ရည်တွေကျလာခဲ့ရပြန်ပါသည်။သူမငိုချင်‌ေတာ့ပါ သို့‌ေသာ် တွေးမိတိုင်းရင်ထဲ၌ဖြစ်ပေါ်လာသော အောင့်သက်သက်ခံစားမှုတို့‌ေကြာင့်မနာကျင်ချင်ပေမယ့်လည်း၊မငိုချင်ပေမယ့်လည်း မျက်ရည်တို့မှာအတိုင်းထက်အလွန်ကျဆင်းနေခဲ့ပြီလေ။

သဲ့သဲ့ရှိုက်ကာငိုနေ‌တာကြောင့် စကားများမှာပြတ်တောင်းပြတ်တောင်းနှင့်ဖြစ်နေသည်။

မိုဝီငိုနေသည်ကိုသိတော့ နှိုင်းလည်းမခံစားနိုင်ပါ။ချစ်ရသူပျော်လျှင် ကိုယ်လည်းပျော်ရသလို။ချစ်ရသူနာကျင်လျှင် ‌ကိုယ်ပါလိုက်ရော၍နာကျင်ရသည်ပင်။

သူမှလွဲ၍ _CompletedWhere stories live. Discover now