Ep_9

6K 833 20
                                    

Unicode

အင်းလေးကန်သို့အရောက် စက်‌လေှအသီးသီးငှားကာ ကန်ရေပြင်ကြီးထက်သို့ ခရီးစခဲ့ကြသည်။ကူကူးတို့သုံးယောက်တစ်စီးတည်းကျသဖြင့် ရေ့ှဆင့်နောက်ဆင့်နေရာယူထားကြသည်။

နေရောင်ခြည်မှာပူသည်လည်းမဟုတ် ခပ်နွေးနွေးပင် ။ကန်ရေပြင်နံဘေးတွင် ရေပေါ်ကျွန်းမျော ခရမ်းချဉ်သီးပင်ကလေးတွေ စိုက်ထားကြသည်။ ဒီလိုရေပေါ်မှာ အပင်စိုက်လို့ရတာကလည်း အံ့ဩစရာပင်။

‌လေှကိုလက်ဖြင့်တောင်မလေှာ်တတ်သောကူကူးတစ်ယောက် အင်းသားများ ‌ခြေထောက်ချိတ်ကာ အေးအေးဆေးဆေးလေှာ်၍ ကွန်ပစ်၊ငါးဖမ်းနေသည်ကို မြင်တော့ ပါးစပ်အဟောင်းသားကလေးနှင့်ကြည့်နေသည်။

‌ခြေတံရှည်အိမ်ကလေးများ ကျကျနန ဆောက်ထားသည်ကို‌တွေ့ရတော့ ....

"လေှလေှာ်ကာ တိမ်ကလေးတွေတောက်တယ် ရေပေါ်မှာအိမ်ကလေးတွေဆောက်တယ်"

‌‌ဆောင့်‌ကြောင့်ထိုင်ရသည်မို့ ဒူးပေါ်တံတောင်လေးတင် မေးကိုထောက်ပြီး သီချင်းတညည်းညည်းနှင့်လေညှင်းခံကာ အင်းလေး၏အလှ၌ စီးမြောနေသည်။

စင်ရော်များအားယခုလို နိုဝင်ဘာ၊ဒီဇင်ဘာလ ‌ပြောရလျှင်‌ဆောင်းတွင်းကာလ ဒီိလိုရာသီ၌ လာရောက်မှသာ တွေ့နိုင်မည်။ယခုလိုအချိန် ရာသီဥတုနှင့်မှ အဆင်ပြေလိမ့်မည်။ နွေရာသီကဲ့သို့ ပူပြင်းသောလမျိုး၌ လာလျှင် လေှပေါ်တွင်ကြာကြာထိုင်ရမည်ဖြစ်သဖြင့် ဖင်ကျက်သွားနိုင်သည်။

စက်လေှမစီးမှီက စင်ရော်စာများရောင်းနေသည်ကို‌တွေ့သဖြင့် ကျွေးရန်ဝယ်လာခဲ့သေးသည်။ ငါးမရ ရေချိုးပြန် ဟူသောစကားပုံနှင့်အညီ စင်ရော်တွေ့လျှင်ကျွေးမည် ၊ မတွေ့လျှင်ဖောက်စားမည်ဟူသော အကြံအစည်ဖြင့် ဝယ်ခဲ့ခြင်းဖြစ်သည်။

ဝယ်လာ‌သောမုန့်ကိုဖောက် သုံးလေးကောင်တွေ့တာနဲ့ ခေါင်းကိုမော့ပြီး လက်တစ်ဆုပ်စာလောက်နှိုက်ကာ အပေါ်သို့ပစ်‌ကျွေးလိုက်သည်။ တခြားလေှများပါ ကျွေးကြသည်မို့ တစ်ကောင်စ နှစ်ကောင်စမှ များသထက် များလာသည်။

"စင်ရော်ကိုတစ်ခါမှ အနီးကပ်မမြင်ဖူးတော့ ခုမြင်ရတာ ထုံးခဲ‌တွေ လေပေါ်ပျံနေသလိုမျိုး ဖြူ‌ဖွေးနေတာပဲ တစ်ချို့တစ်ဝက်က တခြားလေှဖက်မှာကျန်ခဲ့ပြီး တစ်ချို့အကောင်လေးတေ‌ွက လေှရွေ့နေတဲ့တောက်လျေှာက် ပျံပြီးလိုက်လာကြတယ် "

သူမှလွဲ၍ _CompletedWhere stories live. Discover now