Ep_7

6.3K 882 14
                                    

Unicode

"သန်းပေါင်းများစွာသောလူတွေထဲကမှ တစ်ယောက်တည်းသော မင်းကို ကိုယ်ရွေးချယ်ခဲ့မိတယ် လိုအပ်နေတဲ့ အချစ်‌တွေကို မင်းဆီကအကုန်ရခဲ့တယ်အဲ့အတွက်ကြောင့်လည်းမင်းကိုကျေးဇူးတင်ပါတယ်ကိုယ့်ကိုချစ်ပေးခဲ့တဲ့အတွက်"

ပိုက်ဆံအိတ်ထဲတွင်သိမ်းထားသော ခပ်နွမ်းနွမ်း ဓာတ်ပုံဟောင်း‌လေးတစ်ခု။ ကုမ္ပဏီအစည်းအဝေးပြီးတိုင်း ပြောရလျှင်တော့ အချိန်တိုင်းလိုလို ထုတ်ကြည့်မိသောပုံ။ ထိုပုံကိုကိုင်ကာ ဟိုတယ်၏ အခန်းထောင့်တစ်နေရာ၌ စိတ်ပျက်လက်ပျက်ထိုင်နေသူ။

ဆံနွယ်များ ရှုပ်ပွလျက် အကျီမှာလည်း ကြယ်သီးများ ရင်ညွွန့်အထိပြုတ်နေကာ နက်တိုင်ကြိုးသည်ပင် ပြေ‌လျော့လျော့။နိှုင်းမှာ ငယ်စဉ်ကတည်းက မိဘမေတ္တာငတ်ခဲ့ရသည်။ တစ်နည်းအားဖြင့် အချစ်ငတ်ခဲ့ရသည်ဆိုလျှင် ပိုမှန်မည်။ ချစ်ရသူကို ဆုံးရှံုးရသောဒဏ်မှာ သူ့အတွက်တော့ မခံသာ။

"အဲ့ဒီ့အချိန်တုန်းက ကျွန်တော်တို့ ပျော်ခဲ့ရတယ် မုန်တိုင်းပြီးရင်‌ေလ‌ပြည်လာတယ်ဆိုတဲ့စကားက ကျွန်တော့်တို့နှစ်‌ေယာက်အတွက်‌ေတာ့မှားတယ် လေပြည်လာနေချိန်မှာပဲ မုန်တိုင်းဝင်သွားခဲ့တာ အဲ့နေ့က.. အဲ့နေ့ကစပြီး ကျွန်တော်တို့ ထာဝရ‌ဝေးသွားခဲ့ရတာ ဒါတွေသာ ကြိုသိနိုင်ခဲ့မယ်ဆိုရင် ချစ်ခဲ့မှာမဟုတ်ဘူး ကျွန်တော်သာမချစ်ခဲ့ရင် မိုဝီ့ကို ဆုံးရှံုးရတာမျိုးတွေလည်း ဖြစ်လာခဲ့မှာမဟုတ်ဘူး"

ရင်ထဲ၌ ဖြည့်သိပ်ထားခဲ့ရသည်မှာ အင်မတန်ပင်များလွန်းလှသည်။ ပြည့်ကြပ်သိပ်သည်းမှုဒဏ်ကို မခံနိုင်တော့သဖြင့် ယနေ့တစ်ရက်တော့ ငိုရ‌ပေလိမ့်မည်။ မျက်ရည်စများလည်း ချုပ်တည်း၍ မရနိုင်တော့..သူ့ကြောင့်ဟူသော စိတ်ကို ဖျောက်ဖျက်၍မရ ။မိုဝီသေဆုံးရခြင်းတွင်သူ့အမှားမရိှပေ သို့သော် ကလေးတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်ခဲ့မိသဖြင့် ခတ်ခံရသောဒဏ်ဟု နိှုင်းအပြည့်အဝခံယူထားသည်။

ရန်ကုန်တွင်ရိှခဲ့သောအမှတ်တရများထက် ဤရှမ်းပြည်တွင်ကျန်ရစ်ခဲ့သော အငွေ့အသက်များမှာ ပို၍ပင်များသည်။ အတူတည်းခဲ့သော ဒီဟိုတယ် ဒီအခန်းထဲကိုပဲ ထပ်‌ရွေးချယ်လိုက်ခြင်းကြာင့် သတိရမှုများမှာ စူးစူးနင့်နင့်။

သူမှလွဲ၍ _CompletedWhere stories live. Discover now