Ep_1

19.5K 1.1K 43
                                    

Unicode

မိုးသည်းထန်စွာရွာနေ‌သော အပြင်ဘက်လောကကြီးအား ပြတင်းပေါက်ဘေးတွင် ခပ်ကျုံ့ကျုံ့ကလေးထိုင်လျက် ငေးနေ‌သောသူ။

"ဟူး...ဒီမိုးကတော့ လွမ်းအောင်လုပ်နေပြန်ပါပြီ"

မိုးကတော့ သူ့သဘာဝအတိုင်းရွာပေးနေတာပဲ ဒါပေမယ့် လူတွေကိုလွမ်းစေတယ်။ ကော်ဖီပူပူမကြိုက်တဲ့ကျွန်တော့်အတွက် အစားထိုးစရာကတော့ သီချင်းပဲ။ မိုးဆိုတဲ့ စကားတစ်လုံးက အေးချမ်းတယ်၊လွမ်းဆွတ်တယ်၊မြတ်နိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်။

လွမ်းရမယ့်သူမရိှတဲ့ကျွန်တော့်ကိုတောင် ဒီမိုးက ဟာတာတာဖြစ်အောင်လုပ်နိုင်တယ်။မိုးဆိုတဲ့အရာက အသည်းခွဲတာမျိုးဆိုသိပ်တော်တာ။ ဥပမာ_ကိုရဲလေးရဲ့မိုးသီချင်းကိုပဲကြည့်လေ နားထောင်လိုက်တိုင်း ရင်ကိုနင့်စေတာမျိုးပေါ့။

"မိုး...ကိုယ့်ရင်ခွင်ကို လာသည်းပေးပါကွယ်
ရင်ကိုခွဲတဲ့မိုး......"

ဒီလိုသီချင်းတွေက ကျွန်တော့်ကို မျက်ရည်လည်စေတယ်။ မိုးတိတ်ပြီးတဲ့နောက် ‌မြေသင်းနံ့လေးကို ရတဲ့အခါ ခံစားလိုက်ရတဲ့ ခံစားချက်။ဒီလိုအရာမျိုးတွေက မိုးရာသီမှာပဲ ခံစားလို့ရနိုင်တာ နွေရာသီနဲ့ ဆောင်းရာသီမှာ မရနိုင်တဲ့ တစ်ခုတည်းသော ခံစားချက်လေ‌း‌တွေပေါ့။

"ကျွီ......ဒုန်း......"

"ဘာ.. ဘာသံကြီးလဲ ဒီမှာ feelလို့ကောင်းနေတာကိုကွာ"

feel ငုတ်သွားရခြင်းအကြောင်းအရင်းဖြစ်သည့် အသံလာရာ မျက်နှာချင်းဆိုင် ပြတင်းပေါက်ဆီသို့ ဆူပုတ်ပုတ်ဖြင့် ထကြည့်သည်။ ချထားသော လိုက်ကာအား ညာလက်ဖြင့် ပင့်ကိုင်ပြီး ရေငွေ့ရိုက်နေသော မှန်ကိုလက်‌ကောက်ဝတ်ဖြင့်ပွတ်ကာ ‌ချောင်းကြည့်လိုက်သည်။

ခြံရေ့ှလမ်းမထက် မိုးရေများစိုရွဲကာ စက်ဘီးဘေး၌ ဖင်ထိုင်ရက်သားလေး ဖြစ်နေသော လူတစ်ယောက်။ ရေငွေ့ရိုက်နေသောမှန်ကြောင့် မျက်နှာကိုတော့ သဲသဲကွဲကွဲမမြင်ရ။သို့သော် အသားဖြူဖြူစွတ်စွတ်နှင့် ယောက်ျားလေးတစ်ယောက် ဖြစ်သည်ကိုတော့ တပ်အပ်ပြောနိုင်သည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now