Ep_31

4.6K 554 25
                                    

Unicode

"ကီဝီရေ ကူကူးစာမေးပွဲဖြေပြီးလို့ပြန်လာချိန်ရောက်နေပြီ လမ်းကလူပြတ်တယ်ဆိုတော့ မောင်လေးကိုစက်ဘီးလေးနဲ့သွားခေါ်လိုက်ပါလား"

ဆိုဖာပေါ်တွင် ပက်လက်လှန်ကာဗိုက်ပေါ်ဖုန်းတင်လျက် အိပ်ပျော်နေသောကီဝီ့အားလှုပ်နှိုး၍ ကူကူးကိုသွားကြိုရန်ခိုင်း‌ေန‌ေသာအ‌ေမဖြစ်သူ။

"အိပ်လို့ကောင်းနေတာကိုအမေကလည်း"

"နင့်မောင်ကိုနင်မစိုးရိမ်ဘူးလား အရင်တုန်းကလိုမျိုးထပ်ဖြစ်ရင်ဘယ်လိုလုပ်မလဲ"

"အဖြစ်မခံနိုင်ပါဘူး သွားကြိုရမယ်ဆိုလည်း ကြိုမယ် နိမိတ်မရှိတာ‌ေတွတော့မပြောပါနဲ့အမေရယ်"

"သွားမယ်ဆိုမြန်မြန်သွား လေးနာရီခွဲတော့မယ်"

ဖုန်းကိုင်ကာ အိမ်အပေါက်ဝ၏ဘေးတွင်ချိတ်ထားသောစက်ဘီးသော့ကိုဆွဲယူပြီး သော့ခတ်ထားသောစက်ဘီးအားသော့ဖွင့်လိုက်သည်။ထို့‌ေနာက်စက်ဘီးဒေါက်ကိုခြေထောက်ဖြင့်ကန်တင်ပြီးမှ ခြံထဲကထွက်၍ ခပ်သွက်သွက်နင်းလာခဲ့ရင်း...

အရှေ့နားမှာ လူနှစ်ယောက်လဲကျနေတာလား...အရက်မူးသမားတွေထင်တယ် မြန်မြန်ရှောင်ပြီးနင်းသွားရမယ်..။

စက်ဘီးကိုအရှိန်မြှင့်ကာနင်းလိုက်ပြီး လဲနေသောလူနှစ်ယောက်နားကဖြတ်တော့ အကျီအဖြူနှင့်ပုဆိုးခရမ်းရောင်လေးကြောင့် ဘရိတ်ကိုဆောင့်အုတ်လိုက်ကာ စက်ဘီးပေါ်မှပြေးဆင်းလာသည်။

"ကူကူး မောင်လေး ကူကူး သတိလေးထားပါအုံး!"

သတိမရှိတော့သောမောင်လေးကိုတွေ့သွားတာကြောင့် မြေပြင်ပေါ်ထိုင်ချကာ ဖက်ထားလိုက်ပြီး အတင်းလှုပ်နှိုးနေသည်။ကူကူးကိုသာအာရုံရောက်နေသဖြင့် ဘေးတွင်ရှိနေသောနှိုင်းကိုမကြည့်‌နိုင်သေးဘဲ မိနစ်ပိုင်းလောက်ကြာမှ နှိုင်းဘက်ကိုလှည့်လာသည်။

"ဟင် ဒီလူကဟိုတစ်ခါကူကူးနဲ့ရေကန်မှာတွေ့ခဲ့တဲ့တစ်ယောက်ပဲ ပြီးတော့ ဗိုက်မှာလည်း သွေးတွေပါလား ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ....မဖြစ်တော့ဘူးဒီအတိုင်းဆိုအန္တရာယ်များတယ် လူနာတင်ယာဉ်ကိုဖုန်းဆက်ပြီးခေါ်ရမယ်"

သူမှလွဲ၍ _CompletedWhere stories live. Discover now