Ep_29

4.4K 535 28
                                    

Unicode

လေညှင်းသုန်သုန်ကြောင့် လိုက်ကာစလေးတလူလူလွင့်နေသောပြတင်းပေါက်ရှေ့စားပွဲပေါ်တွင် ကောင်လေးတစ်‌ေယာက်စာထိုင်ရေးလို့နေသည်။

ဘာလိုလိုနဲ့ ကျွန်တော်နဲ့ကိုကိုတွဲတာ ဒီနေ့နဲ့ဆို7လပြည့်ခဲ့ပြီ
ကိုကို့မိသားစုဝင်တွေကလည်း တကယ်ကိုနွေးနွေးထွေးထွေးနဲ့ကျွန်တော့်ကိုလက်ခံပေးကြတယ်...။
ဒီလူသားတစ်ယောက်ကိုပိုင်ဆိုင်ထားရတာနဲ့တင် တော်တော်လေးပြည့်စုံနေခဲ့ပါပြီ...
ကိုကို့ကို ဘယ်လိုအရာမျိုးနဲ့မှ ကျွန်တော်မလဲလိုက်နိုင်ဘူး...။

ကျွန်တော်ကိုကိုတစ်ယောက်တည်းကိုပဲချစ်တယ် ကိုကိုကလည်း ကျွန်တော်နဲ့ထပ်တူဖြစ်မယ်ဆိုတာယုံကြည်တယ်။
ကျွန်တော်တစ်ခဏစာအတွက်ချစ်တယ်လို့ပြောခဲ့တာမဟုတ်ပါဘူး တစ်ဘဝစာအတွက်ရော၊ နောက်နောင်ဘဝတွေအတွက်ရော အပြီးအပိုင်ရည်ရွယ်ခဲ့တာ..။

လိုလေသေးမရှိ၊မျက်နှာလေးတောင်တစ်ချက်အညှိုးမခံပဲ အချစ်ခံရတဲ့ခံစားချက်ကို လက်ခံရရှိခဲ့တယ်...ဒီကမ္ဘာမှာ‌ေလမေမေပြီးရင်ကျွန်တော်ကိုကို့ကိုအချစ်ဆုံးပဲ...။

အချစ်ဦးဆိုလည်းဟုတ်တယ်၊အချစ်ဆုံးဆိုလည်းဟုတ်တယ် ..လူတစ်ယောက်ကိုချစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တော့မဟုတ်ဘူး အချိန်တွေပေးဆပ်ရတယ်၊ယုံကြည်မှုတွေအပ်နှင်းရတယ် အဓိကကတော့ ကိုယ်ပိုင်ဆိုင်တဲ့ကိုယ့်နှလုံးသားကိုပေါ့။

‌ဒိုင်ယာရီစာအုပ်လေးတွင် မှတ်တမ်းတင်လာခဲ့သည်မှာ အချိန်ပမာဏတစ်ခုရှိလောက်ပြီထင်သည်။စာရွက်လေးများမှာ စာအုပ်၏သုံးပုံပုံ နှစ်ပုံစာကိုရောက်‌ရှိနေခဲ့ပြီ။နောက်ဆုံးစာကြောင်းတစ်ကြောင်းနှင့် အပြီးသတ်လိုက်ကာ ဘောပင်ကိုဘေးတွင်ချလိုက်သည်။

ထိုစာအုပ်ကို သူအမြတ်တနိုးနှင့်တန်ဖိုးထားပုံရသည်။အစွန်းအထင်းတစ်ခုပင်မရှိ။စာအုပ်အဖုံးလေးမှာ ရှင်းသန့်လို့နေသည်။

အဝတ်ဗီဒို၏အပေါ်ဘက်ထောင့်နံရံတွင် ခလုတ်ကလေးတစ်ခုရှိသည်။ထိုင်ခုံတစ်လုံးဆွဲယူပြီး ခုံပေါ်တက်ကာ ထိုခလုတ်ကိုဖိလိုက်တော့ သေတ္တာလေးသဖွယ် ပစ္စည်းထားသို၍ရသော လျှို့ဝှက်နေရာလေးတစ်ခုဖြစ်ပုံပေါ်သည်။ဒိုင်ယာရီစာအုပ်လေးအားထို‌ေနရာထည့်ကာ အသေအချာလေးပြန်ပိတ်ထားခဲ့သည်။

သူမှလွဲ၍ _CompletedWhere stories live. Discover now