Ep_28

4.4K 543 67
                                    

Unicode

July 2,2017

မိုဝီ့ဗိုက်‌ေပါ်တွင်လက်တွင်၍ ဘေး‌၌နှိုင်းအိပ်ပျော်နေသည်ကို အိပ်ရာနိုးလာသောမိုဝီ နှိုင်းပုခုံးကိုကိုင်ကာ..

"ကိုကို ထတော့လေ ဒီနေ့ကလောဈေးသွားကြမယ်ဆို"

နှိုင်းကိုလှုပ်ကာနှိုးသော်လည်း မျက်လုံးမပွင့်လာသဖြင့်မိုဝီစိုးရိမ်သွားပြီး နဖူးကိုစမ်းကြည့်တော့ အဖျားတွေတက်ကာ ပူခြစ်လို့နေသည်။မနေ့ညက ဖျားနေသောမိုဝီ့ကိုတစ်ညလံုးဖက်ကာ‌အိပ်လိုက်ခြင်းကြောင့် အဖျားကူးသွားခြင်းပင်။

"ကိုကို ကိုကိုရေ ဆေးလေးထသောက်ပါလား"

ဆက်တိုက်လှုပ်ယမ်းကာနှိုးလိုက်မှ တအင့်အင့်နှင့်မျက်လုံးလေးပွင့်‌လာသည်။ဗိုက်‌ေပါ်တင်ထားသော လက်ကိုဖယ်ပြီး မိုဝီကုတင်ပေါ်ကနေထကာ မနေ့ညကနှိုင်းသူ့ကိုတိုက်ခဲ့သော အဖျားကျဆေးတစ်လုံးနှင့်ရေတစ်ခွက်ယူလာပေးသည်။

"ဒီနေ့အပြင်မသွားတော့ဘဲနေရင်ကောင်းမယ် ကလေးကြောင့်ကိုကိုပါဖျားနေပြီ"

"ဒီလောက်လေးဖျားတာဘာမှမဖြစ်ပါဘူး ကလေးသွားချင်တဲ့နေရာတွေလိုက်ပို့ပေးပြီးရင် အဖျားကသူ့အလိုလိုပျောက်သွားမှာပါ ကလေးအပြုံးလေးတွေကြောင့်ပေါ့"

နှိုင်းအိပ်မှုန်စုန်မွှားနှင့်ထလာပြီး လက်ထဲထည့်ပေးသောဆေးနှင့်ရေခွက်ကိုဘေးတွင်ခဏချ၍ ခပ်ချွဲချွဲအသံ‌ေလးနှင့်အတူ မိုဝီ့ခါးကိုဖက်ကာ ပုခုံးထက်သို့မေးတင်လျက်...

ဖျားနေမှ မချွဲစဖူးတွေချွဲ‌ေနပါလား။ဒီလိုသာဆို ဖျားတာကိုတောင် ကျေးဇူးတင်ရမလိုဖြစ်နေပြီ။

မိုဝီခဗျာမနေနိုင်တော့ဘဲ ပြုံးမိသွားပြန်ပါသည်။ကိုယ်သင်းနံ့ချိုချိုလေးမှာလည်း သင်းပျံ့လို့မွှေးနေသည်။နှိုင်း၏ကိုယ်သင်းနံ့ကို သူသိပ်ကြိုက်သည်။မရှူရှိုက်ဘဲနှင့် လုံးဝမနေနိုင်သော သဘာဝ၏အမွှေးနံ့သာလေးတစ်မျိုး‌ေပ။

ဒီလိုမျိုး ယောက်ျားလေးတစ်ယောက်ဆီက ကိုယ်သင်းနံ့မှာကျွန်တော်သုံးနေကြ‌နှင်းဆီရေမွှေး‌အနံ့ထက်ပင် ပို၍သင်းနေသည်။ စံပယ်ပန်း၊ခရေပန်းတို့ရဲ့ အနံ့ကိုမည်သူမျှ မနမ်းရှုိက်ဘဲမနေနိုင်သလို နှိုင်းရဲ့ကိုယ်ပိုင်ရနံ့လေးမှာလည်း ကျွန်တော်အစွဲမက်ဆုံးပင်။

သူမှလွဲ၍ _CompletedWhere stories live. Discover now