သူမှလွဲ၍ _Completed

By Noon_i

259K 26.8K 1.1K

အိပ်မက်တစ်ခုကနေ ဆုံတွေ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့အကြောင်း.... သင်အိပ်မက်ဆိုတဲ့အရာကို ယုံပါသလား။ အိပ္မက္တစ္ခုကေန... More

Intro
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_33
Ep_34
End

Ep_32

4.7K 550 19
By Noon_i

Unicode

November 5,2017

ပြတင်း‌ေပါက်က‌ေနဝင်လာ‌ေသာ နေရောင်ခြည်မှာ ဖြူဥဥခြေသလုံးထက်သို့ ရိပ်ရိပ်ကလေးကျရောက်နေသည်။မနေ့ညက အဖြစ်အပျက်တွေကြောင့်စိတ်ပင်ပန်းသွားခဲ့ရသဖြင့် အလင်းမဲ့နေသောအခန်းငယ်၏ထောင့်လေးတွင်‌ေသွးစို့‌ေန‌ေသာဒဏ်ရာတစ်ခုနှင့်မိုဝီ‌အိပ်‌ေပျာ်သွားခဲ့သည်။

ရုတ်တရက်လန့်နိုးလာခဲ့ပြီး စိတ်ပင်ပန်းမှုများကြောင့် နှိုင်းကိုဖုန်းဆက်ဖို့ပင်‌ေမ့‌‌ေနခဲ့သဖြင့် စိတ်ပူနေမည်ကိုမိုဝီစိုးရိမ်သွားသည်။ထို့ကြောင့်သတိတရနှင့် လွယ်အိတ်ထဲမှဖုန်းကိုထုတ်ကာဖုန်းခေါ်လိုက်သည်။

"ဟယ်လို ကလေးအဆင်ပြေရဲ့လား ကိုယ်တစ်ညလုံးကလေးဖုန်းခေါ်မှာကိုထိုင်စောင့်နေခဲ့တာ"

"ကိုကို ကလေးအခုဘယ်လိုလုပ်ရမလဲ"

တီးတိုးသံကလေးနှင့်ပြောလိုက်သောစကားတစ်ခွန်းမှာ နှိုင်း၏စိတ်ကိုတုန်လှုပ်သွားစေခဲ့သည်။

"ကလေးဘာဖြစ်လို့လဲ ကိုကို့ကိုပြောပြလေ ကလေးငိုနေတာလား"

ကျွန်တော်သူ့ကိုဘယ်လိုပြောရမလဲ..ကျွန်တော့်မိဘတွေက သူ့ကိုမုန်းနေတယ်ဆိုတာကိုလေ...ကျွန်တော်ပြောမထွက်ရက်ဘူး သူဝမ်းနည်းသွားမှာ..သူစိတ်အနှောင့်အယှက်ဖြစ်သွားမှာကျွန်တော်ကြောက်တယ်။

"ကိုကိုနဲ့ကလေးတွဲနေကြတာကို ကလေးမိဘတွေအကုန်သိသွားကြပြီ သဘောမတူနိုင်ဘူးတဲ့ ကလေးကိုကိုမရှိဘဲမနေနိုင်ဘူး မခွဲချင်ဘူး..."

စိတ်တို့ဝမ်းနည်းလာသဖြင့် မျက်ရည်တွေကျလာခဲ့ရပြန်ပါသည်။သူမငိုချင်‌ေတာ့ပါ သို့‌ေသာ် တွေးမိတိုင်းရင်ထဲ၌ဖြစ်ပေါ်လာသော အောင့်သက်သက်ခံစားမှုတို့‌ေကြာင့်မနာကျင်ချင်ပေမယ့်လည်း၊မငိုချင်ပေမယ့်လည်း မျက်ရည်တို့မှာအတိုင်းထက်အလွန်ကျဆင်းနေခဲ့ပြီလေ။

သဲ့သဲ့ရှိုက်ကာငိုနေ‌တာကြောင့် စကားများမှာပြတ်တောင်းပြတ်တောင်းနှင့်ဖြစ်နေသည်။

မိုဝီငိုနေသည်ကိုသိတော့ နှိုင်းလည်းမခံစားနိုင်ပါ။ချစ်ရသူပျော်လျှင် ကိုယ်လည်းပျော်ရသလို။ချစ်ရသူနာကျင်လျှင် ‌ကိုယ်ပါလိုက်ရော၍နာကျင်ရသည်ပင်။

"ကလေးကိုယ်အခုလာခဲ့ရမလား"

"မလာနဲ့ကိုကို ကလေးအဆင်ပြေပါတယ် ဘာမှမဖြစ်ဘူး"

နှိုင်းမှာလာချင်‌ေသာ်လည်း လာလို့ကမရ။သူရှေ့တစ်လှမ်းတိုးလိုက်တိုင်း မိုဝီလည်းထိခိုက်သွားရနိုင်သဖြင့် နှိုင်းရှေ့သို့ဆက်မတိုးရဲပေ။သို့သော် နောက်လည်းမဆုတ်နိုင်ပါ။

"ကိုကြီးနဲ့ဖေဖေကကြောက်ဖို့ကောင်းတယ် မိုငယ်ငယ်လေးကတည်းကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတာ အရင်ကမိုနဲ့ကိုကြီးဓာတ်ပုံတစ်ခါရိုက်ရဖူးတယ် နှစ်ယောက်စလုံးရဲ့အပြုံးတွေကအစစ်အမှန်မဟုတ်ခဲ့ဘဲ၊ရင်ထဲကလာတာမဟုတ်ခဲ့ဘဲနဲ့ အဖေအတင်းရိုက်ခိုင်းတာကြောင့် စိတ်မပါပေမယ့် မိုပြုံးခဲ့တယ် ဒါပေမယ့် အဲ့ပုံကိုမိုအရမ်းကြိုက်တယ် ဘာလို့လဲဆိုတော့ ကိုကြီးရယ်နေတာကိုပထမဦးဆုံးတွေ့ဖူးခဲ့လို့ပဲ"

နှိုင်း‌ေခတ္တခဏဝင်ခဲ့‌ေသာအတွေးတို့မှာ လွန်စွာမှားယွင်းနေခဲ့ပါသည်။မိုဝီနှင့်ရောင်စဉ်၏ဆက်ဆံရေးမှာ ညီအစ်ကိုအရင်းအချာဖြစ်နေခဲ့သလို၊ မပြေလည်ကြသည်ကိုလည်းယခုမှသာ နှိုင်းသိခဲ့ရပါသည်။

မိုဝီ့အားသံသယစိတ်ဝင်ခဲ့မိတဲ့အတွက်နှိုင်းကိုယ့်ကိုယ့်ကိုယ်ဒေါသထွက်နေရသည်။သို့သော် ဓာတ်ပုံကိစ္စကိုမိုဝီယခုအချိန်အထိ သိရှိခြင်းမရှိခဲ့သည့်အတွက်ကြောင့်သာပြောပြသမျှကိုငြိမ်ငြိမ်လေးနားထောင်ပေးနေသည်။

"မိုနဲ့ကိုကြီးနဲ့က အရင်ကတည်းကမတည့်ခဲ့ဘူး မို့ကိုမေမေကအရုပ်လေးတွေဝယ်ပေးတိုင်း မို့အရုပ်ထက်ပိုကောင်းတဲ့အရာကို ကိုကြီးကတောင်းဆိုတတ်တယ်၊တောင်းပန်တယ်ဆိုတဲ့စကားမျိုးကိုလည်း သူ့ဆီကမိုမကြားဖူးခဲ့ဘူး၊သူ‌ေပြာလိုက်တဲ့စကား သူလုပ်လိုက်တဲ့အလုပ်တစ်ခုကြောင့် တစ်ဖက်လူဘယ်လောက်ထိစိတ်ထိခိုက်သွားမလဲဆိုတာကိုလည်း သူထည့်မတွေးပေးတတ်ဘူး တခါတလေဆိုရင်‌ေလ မိုကသူ့အတွက်သူစိမ်းတစ်ယောက်လိုတောင်ခံစားရတယ်"

"ကလေးတကယ်ရောအဆင်ပြေရဲ့လားကွာ ကိုယ်စိတ်ပူတယ်ကလေးအနာတရတစ်ခုခုဖြစ်နေမှာကို ကိုယ်အရမ်းကြောက်တယ်"

ကျွန်တော်မို‌ေလးပင်ပန်းခဲ့ရတာကိုမသိဘဲ စိတ်ထင့်သွားခဲ့မိတယ်...မိုကတကယ်ကို ချစ်ခြင်းတရားတွေလိုအပ်နေတဲ့ကလေးတစ်ယောက်ပဲ....ကျွန်တော်မို့ကို ကာကွယ်ပေးချင်တယ်၊စောင့်ရှောက်ပေးချင်တယ် ။
ဒါပေမယ့် အခုချိန်မှာတော့ မိုပေးတဲ့အမိန့်တစ်ခုကိုကျွန်တော်နာခံရမယ်..တဇွတ်ထိုးလုပ်လိုက်မိမယ်ဆိုရင် ကျွန်တော်နာကျင်ရတာကနောက်မှ..မိုကသာအရင်ဆံုးနစ်နာမယ့်သူ...မို့အိမ်မှာဘယ်လိုကိစ္စတွေဖြစ်နေလည်းဆိုတာမိုအတိအကျဖွင့်ဟမပြောပေမယ့် မို့အသံ‌ေလးက အားမရှိတဲ့အတွက်ကြောင့်တစ်စံုတစ်ရာတော့ဖြစ်နေပုံပဲ...။

"ဒီည 11နာရီကျရင် ကိုကိုတို့လမ်းထိပ်မှာကလေးတို့ဆုံကြမယ် ဒါပဲနော်ကိုကိုဖုန်းချလိုက်တော့မယ်"

အခန်းတံခါးသော့ဖွင့်သံကြားသဖြင့် ဖုန်းကိုအမြန်ချကာ လွယ်အိတ်ထဲသို့ပြန်ပစ်ထည့်လိုက်သည်။ဖုန်းဆက်‌ေနသည်ကိုမြင်တွေ့သွားခဲ့လျှင် အသိမ်းခံရမည်မဟုတ်ပါလား။တစ်ခုတည်းသောကြားခံနယ်လေးဖြစ်သည့် ထိုဖုန်းကိုလုယူမခံနိုင်သော‌ေကြာင့် လွယ်အိတ်ဇစ်ပိတ်ကာ‌ေကျာ‌ေနာက်တွင် ဖွက်ထားလိုက်သည်။

နှိုင်းလည်းဖုန်းချပြီးကတည်းက မျက်နှာလေးမတွေ့ရမချင်းစိတ်‌ေအးမည်မဟုတ်‌ေပ။ထို့ကြောင့် တွေ့ဆုံရမည့်အချိန်ည11နာရီကိုသာအမြန်ရောက်ချင်‌ေနမိသည်။အချိန်တွေကိုကျော်ပစ်လို့ရမည်ဆိုလျှင် ကျော်ပစ်လိုက်ချင်သောစိတ်မှာနှိုင်း၏အ‌ေတွးထဲသို့ တိုးလို့ဝင်ရောက်လာခဲ့သည်။

မိုဝီ့အခန်းထဲသို့ သော့ဖွင့်ကာ ဒေါ်မာလာဝင်လာခဲ့သည်။လက်ထဲတွင်လည်း ဗန်းတစ်ခုကိုင်ထားသည်။ထိုဗန်းပေါ်တွင် ညစာမစားခဲ့ရသောသားြဖစ်သူအတွက် မနက်နိုးနို်းချင်း‌‌ထချက်ထား‌ေသာပူပူ‌ေနွး‌ေနွးဆန်ပြုတ်‌နှင်‌့‌ေသာက်‌ေရ‌ေလးတစ်ခွက်ပင်။

အခန်းတံခါးကိုပြန်ပိတ်ပြီး အခန်းထောင့်လေးတွင်ခွေနေသောမိုဝီ့ဆီသို့လျှောက်လာခဲ့သည်။မျက်နှာတွင်တော့ စိတ်မသက်မသာဖြစ်နေသည်မှာပေါ်လွင်နေသည်။မိုဝီ့ဘေးတွင် တင်ပလ္လင်ခွေကာထိုင်လိုက်ပြီး ယူလာသောမနက်စာကိုတော့ဘေးတွင်ခဏချထားလိုက်သည်။

"သား အမေ့သားလေးဗိုက်ဆာနေပြီမလား ညကလည်းဘာမှမစားလိုက်ရဘူးလေ တစ်ဇွန်း၊နှစ်ဇွန်းလောက်ပဲဖြစ်ဖြစ် ဝင်နိုင်သလောက်လေးစားလိုက်ပါလားသား အမေ့သားလေးကြိုက်တဲ့ငါးကြော်လေးနဲ့ဆန်ပြုတ်လေးပြုတ်ပေးထားတယ်"

"မေမေ..."

"အမေ့ကိုပြောစရာရှိရင်ပြောပါသား"

‌အမေဖြစ်သူနှင့် ‌မျက်လံုးချင်းဆုံရန်ပင် မိုဝီမဝံ့ရဲပေ။ငုံ့နေသောခေါင်းကိုအသာအယာမော့လာပြီးမှ ဒေါ်မာလာဖက်သို့လှည့်လာခဲ့သည်။

"မေမေသားကို ရွံလား ဖေဖေကတော့ရွံတယ်တဲ့ သားကအခြောက်တစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် သားကိုရွံတယ်တဲ့"

"သားလေးရယ် ဘယ်လိုပြောလိုက်တာလဲ ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့အဖိုးတန်သားလေးကို မေမေကရွံမယ်တဲ့လား"

ထိုမေးခွန်းကြောင့် ဒေါ်မာလာရင်ထဲမှာလှိုက်ခနဲခံစားလိုက်ရသည်။ဝမ်းနည်းသည်ထက် ရင်နာရသည်မှာပိုခဲ့ပါသည်။ညှိုးငယ်နေသောမိုဝီ၏မျက်နှာကို လက်ဖဝါးနုနုတို့ဖြင့် ခပ်ဖွဖွကိုင်ထားလိုက်သည်။

"မေမေ့ကိုသားတောင်းပန်ပါတယ် သားယောက်ျားကောင်းတစ်ယောက်ရဲ့တာဝန်မကျေပွန်ခဲ့တဲ့အတွက် သားတစ်ယောက်ရဲ့တာဝန်ကိုလည်းကျေပွန်အောင်မထမ်းဆောင်နိုင်ခဲ့တဲ့အတွက် သားတောင်းပန်ပါတယ် သားတောင်းပန်ပါတယ်"

"အမေ့သားလေးအမှားမဟုတ်ပါဘူးကွယ် ရက်စက်လွန်းတဲ့ကံကြမ္မာကိုပဲမေမေအပြစ်တင်ချင်တယ် အမေ့သားကလိမ်လည်းလိမ္မာတယ်၊ပြောစကားလည်းနားထောင်တယ် ပြီးတော့မေမေ့ကိုလည်းချစ်တဲ့သားလေးတစ်ယောက် ဒီလိုသားလေးကိုပိုင်ဆိုင်ထားရတာနဲ့တင် မေမေပျော်နေပါပြီသားရယ် ဒါကြောင့်မို့ စိတ်ညစ်စရာတွေကိုမပြောပါနဲ့တော့
ဖြစ်လာမယ့်အရာတွေကိုအတူတူရင်ဆိုင်ကြရအောင်သား
အရာအားလုံးအဆင်ပြေသွားမှာပါ သားမေမေ့ကိုယုံတယ်မလား"

မိုဝီ ဒေါ်မာလာကိုဖက်လာတော့ ရင်ခွင်ထဲတွင်ရှိသောသားငယ်၏ဆံနွယ်တို့အား အသာအယာပွတ်သပ်ပေးလာသည်။

"မာလာ မင်းဘာလုပ်နေတာလဲ ခုထွက်ခဲ့ အဲ့ကောင်ကိုဘာမှကျွေးနေစရာမလိုဘူး"

အခန်းရှေ့ကနေ အော်ခေါ်သော ဦးသီဟထူးအသံကြောင့် ဒေါ်မာလာ ခန္ဓာကိုယ်တစ်ခုလုံးပင်တုန်ယင်သွားခဲ့သည်။ယောက်ျားစကားကို နားမထောင်လို့ကလည်းမဖြစ်သဖြင့် မိုဝီ့နှဖူးလေးအား ဖွဖွကလေးနမ်းပြီးမှ....

"သား ဒါလေးတော့ကုန်အောင်စားနော် မေမေသွားတော့မယ်"

မေ့မေ့ကိုသားပင်ပန်းအောင်လုပ်မိနေခဲ့ပြီ
ဒါတွေအားလုံးသားအပြစ်တွေပါ သားကိုခွင့်မလွှတ်ပါနဲ့...။

ဒေါ်မာလာအခန်းထဲကထွက်သွားတော့ အမေဖြစ်သူ၏စေတနာကိုသိတတ်နားလည်ပေးသည့်အနေဖြင့် မဝင်နိုင်သော်လည်းပဲ ကုန်အောင်တော့စားလိုက်ပါသည်။

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ လွယ်အိတ်က‌ေလးကိုပိုက်ကာနံရံကိုမှီပြီးထိုင်နေသည်။ယခင်နေ့များကလို တေးငှက်တို့၏သီကျူးသံများလည်းမကြားရတော့ပေ။သာယာနေသောကောင်းကင်ပြင်ကြီးမှာလည်း တဖြည်းဖြည်းနှင့်မိုးသားတို့တက်လာသည်။

လင်းထိန်‌ေန‌သော ပတ်ဝန်းကျင်လောကမှာ အမှောင်ထုထဲသို့တစ်ဖန်ကျရောက်သွားပြန်သည်။တစ်ပေါက်တစ်ပေါက်ကျလာသောမိုးစက်များ၏အသံကိုပင်ကြားနေရသည်။

မိုဝီလေးလည်းငိုရသလို မိုးစက်ကလေးတွေလည်းလိုက်ငိုနေကြသလိုပင်။‌ေကာင်းကင်တစ်ခွင်တွင်တိမ်တိုက်တို့ဖုံးလွှမ်းကာ မိုးများမှာလည်းတစ်စထက်တစ်စပိုတိုး၍ သည်းကြီးမည်းကြီးပင်ရွာချလာသည်။

အခန်းထောင့်ငယ်က ကောင်လေးကတော့မလှုပ်မယက်နှင့်။
____________________

မို အဆင်ကောပြေရဲ့လား....
ည‌ဆယ်နာရီထိုး‌ေနတာ‌ေတာင် ခုထိမိုးမတိတ်သေးဘူး..
ငါ့ကလေးတော့ထပ်ပြီးဖျားတော့မှာပဲ...
သူလာရင်ထီးကောဆောင်းလာပါ့မလား...
အိမ်ကနေကော ထွက်လာလို့ရပါ့မလား။

နှိုင်းတစ်‌ေနကုန်လံုး နာရီတကြည့်ကြည့်နှင့် အိမ်ရှေ့အပေါက်ဝတွင် ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်‌ကာ စိုးရိမ်‌ေကြာင့်ကြများ‌ေနသည်။ခွန်းနှင့်ကြီးမေ မေးကြည့်ချင်သော်လည်း မည်သည့်အကြောင်းအရင်းဖြစ်မည်မှန်းမသိသဖြင့် နှိုင်းပြောပြလာမည်ကိုသာထိုင်စောင့်နေကြသည်။

ပုံမှန်ဆိုလျှင် မိုဝီမှာချိန်းထားသည့်အချိန်ထက် နာရီဝက်စောကာလာတတ်သဖြင့် နှိုင်းကြိုတင်သွားရန်အတွက် နာရီကိုပြန်ကြည့်လိုက်တော့ ဆယ်နာရီခွဲခွာနီးနေပြီဖြစ်သဖြင့် မိုးကာအကျီကို လွှမ်းခြုံကာဝတ်လိုက်ပြီး မိုဝီ့အတွက်ထီးတစ်ချောင်းကိုင်ကာအိမ်ထဲမှထွက်လာခဲ့သည်။

မိုဝီမိုးစိုမည်စိုးသဖြင့် ထီးယူလာခဲ့သော်လည်း ကိုယ်တိုင်မှာတော့မိုးကာအကျီခေါင်းစွပ်ကိုပင် မြဲမြံအောင်မစွပ်နိုင်ဘဲ ချိန်းထားသည့်နေရာကိုရောက်ဖို့ရန်သာစိတ်လောနေခဲ့သည်။

မိုးတွေသည်းနေသဖြင့်ကားပင်မယူနိုင်။‌ရှည်လျားသောခြေတံတို့ကိုသာ အားကိုး၍ဆုံတွေ့ရန်နေရာသို့ အပြေးအလွှားလာနေသည်။
______________________

မိုဝီထိုင်နေရာမှထကာ ပြတင်းပေါက်တံခါးကိုဆွဲဖွင့်လိုက်သည်။မိုးများသည်းထန်စွာရွာနေသဖြင့် ပြတင်းတံခါးမှဝင်လာသောလေမှာပြင်းထန်လွန်းသည်။အေးစက်သောမိုးရေစက်များနှင့်‌ေလထုမှာလည်း မိုဝီ၏မျက်နှာဆီသို့ တိုက်ရိုက်တိုးဝင်လာကြသည်။

တပ်ထားသောမျက်မှန်တွင်လည်း ရေစက်ကလေးများတွဲခိုနေကြသည်။ဖုန်း screen ပေါ်ရှိနာရီမှာ ဆယ်နာရီကျော်နေပြီဖြစ်သဖြင့် လေပြင်းများတိုက်ခတ်နေသော်လည်း မိုဝီအရေးသိပ်မစိုက်တော့ပေ။

ခုတင်ပေါ်ရှိ စောင်များနှင့် ရေချိုးခန်းအတွင်းရှိတဘက်များအားဆွဲယူကာ တစ်ခုနှင့်တစ်ခုဆက်၍ကြိုးတစ်‌ေချာင်းသဖွယ်ခိုင်ခံ့နေအောင်ထုံးချည်လိုက်သည်။ထို့နောက် ကုတင်ထောက်တိုင်တွင်စောင်ကိုတွဲချည်ကာ ပြတင်းပေါက်ဘောင်ပေါ်သို့တက်လိုက်ပြီး ထိုစောင်တွဲကိုအောက်သို့
ပစ်ချလိုက်သည်။

စောင်ကိုတင်းတင်းကိုင်ကာ မြေပြင်ကိုငုံ့ကြည့်တော့ နှစ်ထပ်အိမ်၏အမြင့်မှာမတွေးဝံ့စရာပင်။မိုးရွာနေသဖြင့် ချော်လဲမှာကိုလည်းကြောက်ရသည်။အထူးသဖြင့် အိမ်ကလူတွေမိသွားမှာကို ပိုလို့ပင်ကြောက်သည်။

ထို့ကြောင့်ရွေးချယ်ရန်နည်းလမ်းမရှိတော့သည့်အဆုံး စောင်ကိုဖက်တွယ်ကာ ဖြည်းဖြည်းချင်းဆင်းလာခဲ့သည်။မြေကြီးနှင့်သိပ်မကွာတော့သည့်အနေအထားရောက်တော့ မိုဝီခုန်ချလိုက်သည်။မိုးသံ၊လေသံတို့ကြောင့် မြေပြင်ပေါ်ပြုတ်ကျသည့်အသံကို အိမ်တွင်း၌အိပ်‌ေနကြ‌ေသာဦးသီဟထူးတို့မကြားကြပေ။

ခြေသလုံးတွင်ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရသွားခဲ့သော်လည်း နာဖို့ရန်ပင်အချိန်မရှိပါ။မိုဝီ့တွင်ခြံသော့အပိုတစ်ချောင်းရှိသေးသဖြင့် ခြံတံခါးတွင်ခတ်‌ထားသောသော့ကို ထိုအသော့အပိုဖြင့်ဖွင့်ကာပြေးထွက်လာခဲ့သည်။

ခိုးထွက်လာခဲ့ရသည်မို့ ခြေထောက်‌တွင်ဖိနပ်တောင်မပါရှာပေ။ဖုန်းနှင့်သော့ကိုသာယူ၍ ထွက်လာခဲ့ရသည်။ပွန်းပဲ့သွာ‌းသောဒူးဒဏ်ရာကြောင့် ခြေထောက်မှာထော့နဲ့ထော့နဲ့ဖြစ်နေသော်လည်း ဆက်၍ပြေးနေသေးသည်။

လမ်းဆုံသို‌့‌ေရာက်သော် မီးပွိုင့်နီသွားသဖြင့် လူကူးမျဉ်းကြား၏တစ်ဖက်ကမ်းတွင် ရပ်တန့်လိုက်သည်။

"ကိုကို !"

"ကလေး !"

ထိုလူကူးမျဉ်းကြား၏တစ်ဖက်တွင် နှိုင်းလည်းရပ်‌ေနသည်။ထီးမပါဘဲ မိုးရေထဲတွင်ပြေးလာသောမိုဝီ့ကိုမြင်မြင်ချင်း နှိုင်းဝမ်းနည်းလာသည်။အပြေးလှမ်းလာကာထီး‌ေဆာင်း‌ေပးချင်သော်လည်း မီးပွိုင့်နီသဖြင့်အန္တရာယ်များလှသည်။ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက်အော်၍သာခေါ်နေနိုင်သည်။

များမကြာမီတွင် မီးပွိုင့်စိမ်းသွားခဲ့သဖြင့် မိုဝီလမ်းကိုဖြတ်ကူးစဉ်....

"ဒုန်း.....!"

အကြင်နာတရားမရှိသော ကံတရားမှာ မိုဝီ့ကိုနှိပ်စက်လိုက်ပြန်ပါသည်။မီးပွိုင့်နီ‌ကိုဖြတ်မောင်းလာသောကားတစ်စီးကြောင့် မိုဝီအဝေးသို့လွင့်ထွက်သွားခဲ့ရသည်။တိုက်သ‌ွားသောကားမှာ နှိုင်း၏ရှေ့တွင်ဖြတ်၍မောင်းပြေးသွားခဲ့သည်။နှိုင်းမြင်ခဲ့ရသည်မှာတော့ maskအုပ်ထားသောလူတစ်ဦးပေ။

"ကလေး !"

မျက်စိရှေ့လေးတွင်ဖြစ်ပျက်သွားခဲ့သော ထိုမြင်ကွင်းကိုနှိုင်းမယုံကြည်လိုက်ချင်ပါ။အိမ်မက်တစ်ခုသာဖြစ်နေစေချင်ခဲ့သော်လည်း ချစ်ရသောသူမှာသွေးအိုင်ထဲတွင်လဲနေခဲ့ပြီ။
လက်တွင်ကိုင်ထားသောထီးကိုပစ်ချကာ မိုဝီ့ဆီသို့ပြေးသွားပြီး ပွေ့ချီလိုက်သည်။

သွေးတွေမှာ မြင်မကောင်း၊ ရှူမကောင်းလောက်အောင်ပင်ပေကျံနေ‌ေသာ မိုဝီနှိုင်း၏ပါးပြင်အား သွေးပေနေသောလက်တို့ဖြင့် ထိကိုင်လာခဲ့သည်။

မျက်မှန်မှာလည်း မှန်အစိတ်စိတ်အမွှာမွှာကွဲကာ ကိုင်းကျိုးလို့နေသည်။နဖူးထက်တွင်လည်း ခေါင်းပေါက်သွားသောဒဏ်ရာမှသွေးများတစိမ့်စိမ့်စီးကျလာသည်။

"ကလေး ဘာမှမဖြစ်ရဘူးနော် ကိုကိုနဲ့ကလေးမခွဲကြဘူးမဟုတ်လား ကတိတည်နော်ကလေး ဘယ်တော့မှမခွဲဘူးဆိုတဲ့ကိုယ်တို့ရဲ့ကတိလေးကိုတည်ပေးပါ ကိုယ်တောင်းဆိုတာပါ"

"ကိုကို ကလေးမရှိတော့ရင် ဒီဆွဲကြိုးလေးကို ကိုကိုဆက်ပြီးစောင့်ရှောက်ပေးနော် ပြီးတော့ကလေးကိုကို့ကိုအရမ်း....."

ပြောပြခဲ့ချင်သောစကားတို့ပင်အဆုံးမသတ်နိုင်ခဲ့ဘဲ သတိလစ်သွားခဲ့ပါသည်။နှိုင်းမိုဝီ့အားပေးခဲ့ဖူး‌ေသာလက်ဆောင်လေးြဖစ်သည့် နက်ရှိုင်းသောအချစ်များပါဝင်နေသောဆွဲကြိုးလေးကို နှိုင်းထံပြန်လည်အပ်နှံခဲ့ပါသည်။

သူမရှိတော့ရင် ဒီဆွဲကြိုးလေးကိုဆက်ပြီးစောင့်ရှောက်ပေးတဲ့..ကလေးမရှိတော့တဲ့ဘဝကကိုယ့်အတွက်လည်းအဓိပ္ပာယ်မဲ့သွားမှာ ကလေးရယ်ကလေးဘာမှမဖြစ်ပါနဲ့ကွာ...။

အားကုန်ခြစ်ကာအသံကျယ်ကျယ်ဖြင့်အော်ငိုလိုက်ပြီး ဆေးရုံသို့ဖုန်းဆက်ကာအရေးပေါ်ယာဉ်လာခိုင်းရန် တည်ရှိနေသောနေရာလိပ်စာကိုပြောလိုက်သည်။

အရေးပေါ်အချက်ပေးအသံများဖြင့်ဆူညံနေကာ ဒဏ်ရာရနေသောမိုဝီ့ကို ကားပေါ်တင်၍ခေါ်ဆောင်လာခဲ့သည်။အောက်စီဂျင်ပိုက်တပ်ထားရသောမိုဝီ့ကိုကြည့်ကာ နှိုင်းငိုနေခဲ့သည်။မိဘတွေဆုံးရှုံးခဲ့သည့်အချိန်ကနာကျင်ခဲ့ရသလောက် ယခုတွင်လည်းနှလုံးသားတစ်ခုလုံး‌ေခြမွှခံလိုက်ရပြန်ပါသည်။

Asia ဆေးရုံနှင့် အခင်းဖြစ်သောနေရာမှာသိပ်မဝေးသဖြင့် ခဏအကြာတွင်‌ဆေးရုံသို့ရောက်လာခဲ့ကြသည်။

မိုဝီထိုသို့ဖြစ်ဖြစ်ချင်း နှိုင်းမိုဝီ့ဘောင်းဘီအိတ်ကပ်ထဲမှမှန်‌ကွဲနေသောဖုန်းကိုထုတ်ကာ မိဘများထံသို့ဆက်သွယ်ခဲ့သဖြင့်နှုိင်းထက်ပင်‌ေစာ၍ ဆေးရံုသို့ကြိုရောက်နေကြသည်။

ဆရာဝန်နှင့်သူနာပြုများ မိုဝီ့အားဘီးတပ်ကုတင်ပေါ်တင်ကာခေါ်ယူစဉ် မိုဝီ့လက်ကိုဆုပ်ကိုင်ထားသောနှိုင်း၏လက်တို့အား ဦးသီဟထူးဖြုတ်ချပစ်လိုက်သည်။

"မင်းငါ့သားနောက်ကိုမလိုက်လာနဲ့ ငါ့သားဒီလိုအခြေအနေရောက်ရတာမင်းကြောင့် ဒါတွေအားလုံးဖြစ်ရတာမင်းကြောင့်"

နှိုင်း ဦသီဟထူးရှေ့တွင် ဒူးနှစ်ဖက်ထောက်ကာထိုင်ချလိုက်သည်။ရင်နင့်စွာငိုကြွေးနေခဲ့သဖြင့် အသံမှာသိပ်ပင်မထွက်ချင်။

"ဦး‌ေလးကျွန်တော်တောင်းပန်ပါတယ် ဒီအချိန်လေးတော့မိုဝီ့အနားမှာကျွန်တော့်ကိုနေခွင့်ပေးပါ ကျေးဇူးပြုပြီး ကျွန်တော်တောင်းပန်ပါတယ်ဗျာ"

နှိုင်းဆေးရုံတွင် ဒူးထောက်၍တောင်းပန်နေတာတောင် ဦသီဟထူးလုံးဝခွင့်မပြု‌ေပးခဲ့ပါ။ဒေါ်မာလာမှာ ဦးသီဟထူးဘေးတွင်သက်မဲ့အရုပ်လေးတစ်ရုပ်ကဲ့သို့ရပ်‌ေနသည်။လိပ်ပြာလွင့်မတတ်လန့်နေရသည်မို့ မည်သည့်စကားမျှယခုအချိန်မှာပြောထွက်နိုင်မည်မဟုတ်ပါ။

"ငါ့သားကအိမ်ထဲကနေတောင်ခိုးထွက်ပြီးမင်းနဲ့လာတွေ့တာကြောင့် ဒီလိုဖြစ်ကုန်တာ မဟုတ်ရင်ဘာမှဖြစ်စရာအကြောင်းကိုမရှိတာ အစကတည်းကသူနဲ့မင်းနဲ့မတွေ့ခဲ့ရမှာ"

"တော်ကြပါတော့ဗျာ ဆေးရုံထဲမှာရန်မဖြစ်နေကြပါနဲ့တော့ ဒီမှာလူနာကအသက်အန္တရာယ်စိုးရိမ်ရတယ် ခုချက်ချင်းခွဲခန်းထဲဝင်မှရမှာ"

ဆရာဝန်ဝင်အော်လိုက်မှ ဦးသီဟထူးရပ်တန့်သွားခဲ့သည်။ဒူးထောက်နေသောနှိုင်းကိုထားခဲ့ကာ လင်မယားနှစ်ယောက်ဆရာဝန်နှင့်အတူ ခွဲစိတ်ခန်းဆီသို့လိုက်သွားခဲ့ကြသည်။

နှိုင်းနှင့်ကျန်နေခဲ့သော ရောင်စဉ် နှိုင်း၏အကျီစကိုဆွဲကာ...

"ဒီမှာ မင်းမိုဝီ့ဘေးမှာအရိပ်ကလေးတောင်ပေါ်မလာစေနဲ့ အေးပေါ်လာလို့ကတော့ မင်းအသေပဲ!"

ခက်ထန်မာကြောသောစကားကို တားဆီးပိတ်ပင်သည့်အနေနှင့်ပြောခဲ့တာကြောင့် နှိုင်းမိုဝီ့နောက်သို့လိုက်မသွားခဲ့ပါ။မိုဝီပေးထားခဲ့‌ေသာ ဆွဲကြိုးကိုသာလည်ပင်းတွင်ဆွဲလိုက်၍ တွဲလောင်းကျနေသောဆွဲပြားကလေးကို ငုံ့၍နမ်းလိုက်သည်။

ဒီအနမ်းကြောင့် က‌ေလးအသက်အန္တရာယ်မှကင်းလွတ်ပါရစေ။
______________________

"လူနာက နှလုံးအဆို့ရှင်ထိခိုက်သွားတယ် ဒါကြောင့်အစားထိုးဖို့ လိုအပ်နေတယ် နာရီဝက်အတွင်းအစားထိုးပေးဖို့ရှိမှ လူနာအသက်ဆက်ရှင်နိုင်မှာပါ"

ဆရာပြောစကားကြောင့် ဦးသီဟထူးမိုက်ခနဲဖြစ်သွားခဲ့သည်။ရောင်စဉ်ထိန်းကိုင်ပေးထားတာကြောင့် ပြုတ်တော့မကျသွားခဲ့ပါ။ဦသီဟထူးတွင် နှလုံးရောဂါရှိသဖြင့် ယခုလိုသတင်းမျိုးမှာတော့နားထောင်ရန်ခက်ခဲသည်ပင်။

‌"ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ အကို သားလေးကိုဒီအတိုင်းလက်လွှတ်လိုက်ရတော့မှာလား"

"မလွှတ်ရဘူးကွ မင်းလျှောက်မပြောနေနဲ့ ငါသားလေးကိုရအောင်ကယ်မှာ"

ဦးသီဟထူးအားတင်းကာ ဖုန်းထဲရှိနံပါတ်များကိုဆက်ကာ လိုအပ်နေသောနှလုံးအား အစားထိုးပေးရန်ဌာနအသီးသီးသို့မေးမြန်းနေသည်။

က‌ံကောင်းထောက်မစွာနှင့် အသင့်အစားထိုးရန်နှလုံးတစ်ခုလှူထားသည်မှာရှိနေခဲ့သဖြင့် ဝမ်းသာအားရနှင့်ဆရာဝန်ကိုပြောပြလိုက်သည်။

လှူဒါန်းထားသောနှလုံးအား ဌာနမှဝန်ထမ်းတစ်ဦးသယ်ဆောင်လာပေးခဲ့သည်။ထို့ကြောင့် ခွဲစိတ်မှုမှာအချိန်မှီခဲ့သည်။ရှစ်နာရီကြာခွဲစိတ်မှုလုပ်ပြီးကာမှ မိုဝီ့ကိုလူနာခန်းထဲသို့ရွှေ့ပြောင်းပေးခဲ့ကြသည်။

"ဆရာ သားလေးဘယ်တော့နိုးလာမှာလဲ"

"လူနာက‌ဦးခေါင်းပိုင်းကိုလည်း ပြင်းပြင်းထန်ထန်ထိခိုက်သွားတာကြောင့် ကိုမာဖြစ်သွားနိုင်ချေရှိပါတယ် ပြီးတော့နိုးထလာခဲ့ရင်လည်း အရာအားလုံးကိုမေ့နေတာမျိုးလည်းဖြစ်နေနိုင်ပါတယ်"

"ဒါဆို သားလေးကဆေးရုံမှာဒီအတိုင်းပဲလှဲနေရတော့မှာပေါ့"

"တစ်ပတ်အတွင်းသတိပြန်မရလာဘူးဆိုရင်တော့ ကျွန်တော်ပြောသလိုဖြစ်မှာပါ"

ဦးသီဟထူးတစ်ယောက် ပထမဦးဆုံးအကြိမ်မျက်ရည်ကျခဲ့ရပါသည်။နိုးထလာခြင်းမှာ မရေရာတော့သည်သားဖြစ်သူကိုကြည့်ရင်း လူမှာအားနည်းကာခွေကျသွားတော့သည်။

====================

====================
Nun's note~

ဒီအပိုင်းလေးနှစ်ပိုင်းကိုရောက်ဖို့အတွက် ဇာတ်လမ်းအစကတည်းကနောက်ကြောင်းပြန်လာရတာ ခုမှပဲပြ‌ီးတော့တယ် အမှန်တော့ဒီနေ့က update တင်ရမယ့်ရက်မဟုတ်ဘူး ဒါပေမယ့်ဒီ‌ေန့က fic လေးနှစ်လပြည့်ပြီးတစ်ရက်မြောက်နေ့ဆိုတော့ suprise အနေနဲ့ upပေးလိုက်တာပါ...
ပြီးရင်အောက်ကfox rainဆိုတဲ့သီချင်းလေးကိုနားထောင်ကြည့်လိုက်ပါ.....

==================

==================

Zawgyi

November 5,2017

ျပတင္း‌ေပါက္က‌ေနဝင္လာ‌ေသာ ေနေရာင္ျခည္မွာ ျဖဴဥဥေျခသလုံးထက္သို႔ ရိပ္ရိပ္ကေလးက်ေရာက္ေနသည္။မေန႔ညက အျဖစ္အပ်က္ေတြေၾကာင့္စိတ္ပင္ပန္းသြားခဲ့ရသျဖင့္ အလင္းမဲ့ေနေသာအခန္းငယ္၏ေထာင့္ေလးတြင္‌ေသြးစို႔‌ေန‌ေသာဒဏ္ရာတစ္ခုႏွင့္မိုဝီ‌အိပ္‌ေပ်ာ္သြားခဲ့သည္။

႐ုတ္တရက္လန႔္နိုးလာခဲ့ၿပီး စိတ္ပင္ပန္းမွုမ်ားေၾကာင့္ ႏွိုင္းကိုဖုန္းဆက္ဖို႔ပင္‌ေမ့‌‌ေနခဲ့သျဖင့္ စိတ္ပူေနမည္ကိုမိုဝီစိုးရိမ္သြားသည္။ထို႔ေၾကာင့္သတိတရႏွင့္ လြယ္အိတ္ထဲမွဖုန္းကိုထုတ္ကာဖုန္းေခၚလိုက္သည္။

"ဟယ္လို ကေလးအဆင္ေျပရဲ့လား ကိုယ္တစ္ညလုံးကေလးဖုန္းေခၚမွာကိုထိုင္ေစာင့္ေနခဲ့တာ"

"ကိုကို ကေလးအခုဘယ္လိုလုပ္ရမလဲ"

တီးတိုးသံကေလးႏွင့္ေျပာလိုက္ေသာစကားတစ္ခြန္းမွာ ႏွိုင္း၏စိတ္ကိုတုန္လွုပ္သြားေစခဲ့သည္။

"ကေလးဘာျဖစ္လို႔လဲ ကိုကို႔ကိုေျပာျပေလ ကေလးငိုေနတာလား"

ကၽြန္ေတာ္သူ႔ကိုဘယ္လိုေျပာရမလဲ..ကၽြန္ေတာ့္မိဘေတြက သူ႔ကိုမုန္းေနတယ္ဆိုတာကိုေလ...ကၽြန္ေတာ္ေျပာမထြက္ရက္ဘူး သူဝမ္းနည္းသြားမွာ..သူစိတ္အေႏွာင့္အယွက္ျဖစ္သြားမွာကၽြန္ေတာ္ေၾကာက္တယ္။

"ကိုကိုနဲ႔ကေလးတြဲေနၾကတာကို ကေလးမိဘေတြအကုန္သိသြားၾကၿပီ သေဘာမတူနိုင္ဘူးတဲ့ ကေလးကိုကိုမရွိဘဲမေနနိုင္ဘူး မခြဲခ်င္ဘူး..."

စိတ္တို႔ဝမ္းနည္းလာသျဖင့္ မ်က္ရည္ေတြက်လာခဲ့ရျပန္ပါသည္။သူမငိုခ်င္‌ေတာ့ပါ သို႔‌ေသာ္ ေတြးမိတိုင္းရင္ထဲ၌ျဖစ္ေပၚလာေသာ ေအာင့္သက္သက္ခံစားမွုတို႔‌ေၾကာင့္မနာက်င္ခ်င္ေပမယ့္လည္း၊မငိုခ်င္ေပမယ့္လည္း မ်က္ရည္တို႔မွာအတိုင္းထက္အလြန္က်ဆင္းေနခဲ့ၿပီေလ။

သဲ့သဲ့ရွိုက္ကာငိုေန‌တာေၾကာင့္ စကားမ်ားမွာျပတ္ေတာင္းျပတ္ေတာင္းႏွင့္ျဖစ္ေနသည္။

မိုဝီငိုေနသည္ကိုသိေတာ့ ႏွိုင္းလည္းမခံစားနိုင္ပါ။ခ်စ္ရသူေပ်ာ္လၽွင္ ကိုယ္လည္းေပ်ာ္ရသလို။ခ်စ္ရသူနာက်င္လၽွင္ ‌ကိုယ္ပါလိုက္ေရာ၍နာက်င္ရသည္ပင္။

"ကေလးကိုယ္အခုလာခဲ့ရမလား"

"မလာနဲ႔ကိုကို ကေလးအဆင္ေျပပါတယ္ ဘာမွမျဖစ္ဘူး"

ႏွိုင္းမွာလာခ်င္‌ေသာ္လည္း လာလို႔ကမရ။သူေရွ႕တစ္လွမ္းတိုးလိုက္တိုင္း မိုဝီလည္းထိခိုက္သြားရနိုင္သျဖင့္ ႏွိုင္းေရွ႕သို႔ဆက္မတိုးရဲေပ။သို႔ေသာ္ ေနာက္လည္းမဆုတ္နိုင္ပါ။

"ကိုႀကီးနဲ႔ေဖေဖကေၾကာက္ဖို႔ေကာင္းတယ္ မိုငယ္ငယ္ေလးကတည္းကဖိန႔္ဖိန္႔တုန္ေအာင္ေၾကာက္ခဲ့ရတာ အရင္ကမိုနဲ႔ကိုႀကီးဓာတ္ပုံတစ္ခါရိုက္ရဖူးတယ္ ႏွစ္ေယာက္စလုံးရဲ့အျပဳံးေတြကအစစ္အမွန္မဟုတ္ခဲ့ဘဲ၊ရင္ထဲကလာတာမဟုတ္ခဲ့ဘဲနဲ႔ အေဖအတင္းရိုက္ခိုင္းတာေၾကာင့္ စိတ္မပါေပမယ့္ မိုျပဳံးခဲ့တယ္ ဒါေပမယ့္ အဲ့ပုံကိုမိုအရမ္းႀကိဳက္တယ္ ဘာလို႔လဲဆိုေတာ့ ကိုႀကီးရယ္ေနတာကိုပထမဦးဆုံးေတြ႕ဖူးခဲ့လို႔ပဲ"

ႏွိုင္း‌ေခတၱခဏဝင္ခဲ့‌ေသာအေတြးတို႔မွာ လြန္စြာမွားယြင္းေနခဲ့ပါသည္။မိုဝီႏွင့္ေရာင္စဥ္၏ဆက္ဆံေရးမွာ ညီအစ္ကိုအရင္းအခ်ာျဖစ္ေနခဲ့သလို၊ မေျပလည္ၾကသည္ကိုလည္းယခုမွသာ ႏွိုင္းသိခဲ့ရပါသည္။

မိုဝီ့အားသံသယစိတ္ဝင္ခဲ့မိတဲ့အတြက္ႏွိုင္းကိုယ့္ကိုယ့္ကိုယ္ေဒါသထြက္ေနရသည္။သို႔ေသာ္ ဓာတ္ပုံကိစၥကိုမိုဝီယခုအခ်ိန္အထိ သိရွိျခင္းမရွိခဲ့သည့္အတြက္ေၾကာင့္သာေျပာျပသမၽွကိုၿငိမ္ၿငိမ္ေလးနားေထာင္ေပးေနသည္။

"မိုနဲ႔ကိုႀကီးနဲ႔က အရင္ကတည္းကမတည့္ခဲ့ဘူး မို႔ကိုေမေမကအ႐ုပ္ေလးေတြဝယ္ေပးတိုင္း မို႔အ႐ုပ္ထက္ပိုေကာင္းတဲ့အရာကို ကိုႀကီးကေတာင္းဆိုတတ္တယ္၊ေတာင္းပန္တယ္ဆိုတဲ့စကားမ်ိဳးကိုလည္း သူ႔ဆီကမိုမၾကားဖူးခဲ့ဘူး၊သူ‌ေျပာလိုက္တဲ့စကား သူလုပ္လိုက္တဲ့အလုပ္တစ္ခုေၾကာင့္ တစ္ဖက္လူဘယ္ေလာက္ထိစိတ္ထိခိုက္သြားမလဲဆိုတာကိုလည္း သူထည့္မေတြးေပးတတ္ဘူး တခါတေလဆိုရင္‌ေလ မိုကသူ႔အတြက္သူစိမ္းတစ္ေယာက္လိုေတာင္ခံစားရတယ္"

"ကေလးတကယ္ေရာအဆင္ေျပရဲ့လားကြာ ကိုယ္စိတ္ပူတယ္ကေလးအနာတရတစ္ခုခုျဖစ္ေနမွာကို ကိုယ္အရမ္းေၾကာက္တယ္"

ကၽြန္ေတာ္မို‌ေလးပင္ပန္းခဲ့ရတာကိုမသိဘဲ စိတ္ထင့္သြားခဲ့မိတယ္...မိုကတကယ္ကို ခ်စ္ျခင္းတရားေတြလိုအပ္ေနတဲ့ကေလးတစ္ေယာက္ပဲ....ကၽြန္ေတာ္မို႔ကို ကာကြယ္ေပးခ်င္တယ္၊ေစာင့္ေရွာက္ေပးခ်င္တယ္ ။
ဒါေပမယ့္ အခုခ်ိန္မွာေတာ့ မိုေပးတဲ့အမိန႔္တစ္ခုကိုကၽြန္ေတာ္နာခံရမယ္..တဇြတ္ထိုးလုပ္လိုက္မိမယ္ဆိုရင္ ကၽြန္ေတာ္နာက်င္ရတာကေနာက္မွ..မိုကသာအရင္ဆံုးနစ္နာမယ့္သူ...မို႔အိမ္မွာဘယ္လိုကိစၥေတြျဖစ္ေနလည္းဆိုတာမိုအတိအက်ဖြင့္ဟမေျပာေပမယ့္ မို႔အသံ‌ေလးက အားမရွိတဲ့အတြက္ေၾကာင့္တစ္စံုတစ္ရာေတာ့ျဖစ္ေနပုံပဲ...။

"ဒီည 11နာရီက်ရင္ ကိုကိုတို႔လမ္းထိပ္မွာကေလးတို႔ဆုံၾကမယ္ ဒါပဲေနာ္ကိုကိုဖုန္းခ်လိုက္ေတာ့မယ္"

အခန္းတံခါးေသာ့ဖြင့္သံၾကားသျဖင့္ ဖုန္းကိုအျမန္ခ်ကာ လြယ္အိတ္ထဲသို႔ျပန္ပစ္ထည့္လိုက္သည္။ဖုန္းဆက္‌ေနသည္ကိုျမင္ေတြ႕သြားခဲ့လၽွင္ အသိမ္းခံရမည္မဟုတ္ပါလား။တစ္ခုတည္းေသာၾကားခံနယ္ေလးျဖစ္သည့္ ထိုဖုန္းကိုလုယူမခံနိုင္ေသာ‌ေၾကာင့္ လြယ္အိတ္ဇစ္ပိတ္ကာ‌ေက်ာ‌ေနာက္တြင္ ဖြက္ထားလိုက္သည္။

ႏွိုင္းလည္းဖုန္းခ်ၿပီးကတည္းက မ်က္ႏွာေလးမေတြ႕ရမခ်င္းစိတ္‌ေအးမည္မဟုတ္‌ေပ။ထို႔ေၾကာင့္ ေတြ႕ဆုံရမည့္အခ်ိန္ည11နာရီကိုသာအျမန္ေရာက္ခ်င္‌ေနမိသည္။အခ်ိန္ေတြကိုေက်ာ္ပစ္လို႔ရမည္ဆိုလၽွင္ ေက်ာ္ပစ္လိုက္ခ်င္ေသာစိတ္မွာႏွိုင္း၏အ‌ေတြးထဲသို႔ တိုးလို႔ဝင္ေရာက္လာခဲ့သည္။

မိုဝီ့အခန္းထဲသို႔ ေသာ့ဖြင့္ကာ ေဒၚမာလာဝင္လာခဲ့သည္။လက္ထဲတြင္လည္း ဗန္းတစ္ခုကိုင္ထားသည္။ထိုဗန္းေပၚတြင္ ညစာမစားခဲ့ရေသာသားျဖစ္သူအတြက္ မနက္နိုးနို္းခ်င္း‌‌ထခ်က္ထား‌ေသာပူပူ‌ေႏြး‌ေႏြးဆန္ျပဳတ္‌ႏွင္‌့‌ေသာက္‌ေရ‌ေလးတစ္ခြက္ပင္။

အခန္းတံခါးကိုျပန္ပိတ္ၿပီး အခန္းေထာင့္ေလးတြင္ေခြေနေသာမိုဝီ့ဆီသို႔ေလၽွာက္လာခဲ့သည္။မ်က္ႏွာတြင္ေတာ့ စိတ္မသက္မသာျဖစ္ေနသည္မွာေပၚလြင္ေနသည္။မိုဝီ့ေဘးတြင္ တင္ပလႅင္ေခြကာထိုင္လိုက္ၿပီး ယူလာေသာမနက္စာကိုေတာ့ေဘးတြင္ခဏခ်ထားလိုက္သည္။

"သား အေမ့သားေလးဗိုက္ဆာေနၿပီမလား ညကလည္းဘာမွမစားလိုက္ရဘူးေလ တစ္ဇြန္း၊ႏွစ္ဇြန္းေလာက္ပဲျဖစ္ျဖစ္ ဝင္နိုင္သေလာက္ေလးစားလိုက္ပါလားသား အေမ့သားေလးႀကိဳက္တဲ့ငါးေၾကာ္ေလးနဲ႔ဆန္ျပဳတ္ေလးျပဳတ္ေပးထားတယ္"

"ေမေမ..."

"အေမ့ကိုေျပာစရာရွိရင္ေျပာပါသား"

‌အေမျဖစ္သူႏွင့္ ‌မ်က္လံုးခ်င္းဆုံရန္ပင္ မိုဝီမဝံ့ရဲေပ။ငုံ႔ေနေသာေခါင္းကိုအသာအယာေမာ့လာၿပီးမွ ေဒၚမာလာဖက္သို႔လွည့္လာခဲ့သည္။

"ေမေမသားကို ရြံလား ေဖေဖကေတာ့ရြံတယ္တဲ့ သားကအေျခာက္တစ္ေယာက္ျဖစ္ေနတဲ့အတြက္ေၾကာင့္ သားကိုရြံတယ္တဲ့"

"သားေလးရယ္ ဘယ္လိုေျပာလိုက္တာလဲ ဝမ္းနဲ႔လြယ္ၿပီးေမြးထားရတဲ့အဖိုးတန္သားေလးကို ေမေမကရြံမယ္တဲ့လား"

ထိုေမးခြန္းေၾကာင့္ ေဒၚမာလာရင္ထဲမွာလွိုက္ခနဲခံစားလိုက္ရသည္။ဝမ္းနည္းသည္ထက္ ရင္နာရသည္မွာပိုခဲ့ပါသည္။ညႇိုးငယ္ေနေသာမိုဝီ၏မ်က္ႏွာကို လက္ဖဝါးႏုႏုတို႔ျဖင့္ ခပ္ဖြဖြကိုင္ထားလိုက္သည္။

"ေမေမ့ကိုသားေတာင္းပန္ပါတယ္ သားေယာက္်ားေကာင္းတစ္ေယာက္ရဲ့တာဝန္မေက်ပြန္ခဲ့တဲ့အတြက္ သားတစ္ေယာက္ရဲ့တာဝန္ကိုလည္းေက်ပြန္ေအာင္မထမ္းေဆာင္နိုင္ခဲ့တဲ့အတြက္ သားေတာင္းပန္ပါတယ္ သားေတာင္းပန္ပါတယ္"

"အေမ့သားေလးအမွားမဟုတ္ပါဘူးကြယ္ ရက္စက္လြန္းတဲ့ကံၾကမၼာကိုပဲေမေမအျပစ္တင္ခ်င္တယ္ အေမ့သားကလိမ္လည္းလိမၼာတယ္၊ေျပာစကားလည္းနားေထာင္တယ္ ၿပီးေတာ့ေမေမ့ကိုလည္းခ်စ္တဲ့သားေလးတစ္ေယာက္ ဒီလိုသားေလးကိုပိုင္ဆိုင္ထားရတာနဲ႔တင္ ေမေမေပ်ာ္ေနပါၿပီသားရယ္ ဒါေၾကာင့္မို႔ စိတ္ညစ္စရာေတြကိုမေျပာပါနဲ႔ေတာ့
ျဖစ္လာမယ့္အရာေတြကိုအတူတူရင္ဆိုင္ၾကရေအာင္သား
အရာအားလုံးအဆင္ေျပသြားမွာပါ သားေမေမ့ကိုယုံတယ္မလား"

မိုဝီ ေဒၚမာလာကိုဖက္လာေတာ့ ရင္ခြင္ထဲတြင္ရွိေသာသားငယ္၏ဆံႏြယ္တို႔အား အသာအယာပြတ္သပ္ေပးလာသည္။

"မာလာ မင္းဘာလုပ္ေနတာလဲ ခုထြက္ခဲ့ အဲ့ေကာင္ကိုဘာမွေကၽြးေနစရာမလိုဘူး"

အခန္းေရွ႕ကေန ေအာ္ေခၚေသာ ဦးသီဟထူးအသံေၾကာင့္ ေဒၚမာလာ ခႏၶာကိုယ္တစ္ခုလုံးပင္တုန္ယင္သြားခဲ့သည္။ေယာက္်ားစကားကို နားမေထာင္လို႔ကလည္းမျဖစ္သျဖင့္ မိုဝီ့ႏွဖူးေလးအား ဖြဖြကေလးနမ္းၿပီးမွ....

"သား ဒါေလးေတာ့ကုန္ေအာင္စားေနာ္ ေမေမသြားေတာ့မယ္"

ေမ့ေမ့ကိုသားပင္ပန္းေအာင္လုပ္မိေနခဲ့ၿပီ
ဒါေတြအားလုံးသားအျပစ္ေတြပါ သားကိုခြင့္မလႊတ္ပါနဲ႔...။

ေဒၚမာလာအခန္းထဲကထြက္သြားေတာ့ အေမျဖစ္သူ၏ေစတနာကိုသိတတ္နားလည္ေပးသည့္အေနျဖင့္ မဝင္နိုင္ေသာ္လည္းပဲ ကုန္ေအာင္ေတာ့စားလိုက္ပါသည္။

တိတ္ဆိတ္ေနတဲ့အခန္းထဲမွာ လြယ္အိတ္က‌ေလးကိုပိုက္ကာနံရံကိုမွီၿပီးထိုင္ေနသည္။ယခင္ေန႔မ်ားကလို ေတးငွက္တို႔၏သီက်ဴးသံမ်ားလည္းမၾကားရေတာ့ေပ။သာယာေနေသာေကာင္းကင္ျပင္ႀကီးမွာလည္း တျဖည္းျဖည္းႏွင့္မိုးသားတို႔တက္လာသည္။

လင္းထိန္‌ေန‌ေသာ ပတ္ဝန္းက်င္ေလာကမွာ အေမွာင္ထုထဲသို႔တစ္ဖန္က်ေရာက္သြားျပန္သည္။တစ္ေပါက္တစ္ေပါက္က်လာေသာမိုးစက္မ်ား၏အသံကိုပင္ၾကားေနရသည္။

မိုဝီေလးလည္းငိုရသလို မိုးစက္ကေလးေတြလည္းလိုက္ငိုေနၾကသလိုပင္။‌ေကာင္းကင္တစ္ခြင္တြင္တိမ္တိုက္တို႔ဖုံးလႊမ္းကာ မိုးမ်ားမွာလည္းတစ္စထက္တစ္စပိုတိုး၍ သည္းႀကီးမည္းႀကီးပင္ရြာခ်လာသည္။

အခန္းေထာင့္ငယ္က ေကာင္ေလးကေတာ့မလွုပ္မယက္ႏွင့္။
____________________

မို အဆင္ေကာေျပရဲ့လား....
ည‌ဆယ္နာရီထိုး‌ေနတာ‌ေတာင္ ခုထိမိုးမတိတ္ေသးဘူး..
ငါ့ကေလးေတာ့ထပ္ၿပီးဖ်ားေတာ့မွာပဲ...
သူလာရင္ထီးေကာေဆာင္းလာပါ့မလား...
အိမ္ကေနေကာ ထြက္လာလို႔ရပါ့မလား။

ႏွိုင္းတစ္‌ေနကုန္လံုး နာရီတၾကည့္ၾကည့္ႏွင့္ အိမ္ေရွ႕အေပါက္ဝတြင္ ေျခမကိုင္မိ၊လက္မကိုင္မိျဖစ္‌ကာ စိုးရိမ္‌ေၾကာင့္ၾကမ်ား‌ေနသည္။ခြန္းႏွင့္ႀကီးေမ ေမးၾကည့္ခ်င္ေသာ္လည္း မည္သည့္အေၾကာင္းအရင္းျဖစ္မည္မွန္းမသိသျဖင့္ ႏွိုင္းေျပာျပလာမည္ကိုသာထိုင္ေစာင့္ေနၾကသည္။

ပုံမွန္ဆိုလၽွင္ မိုဝီမွာခ်ိန္းထားသည့္အခ်ိန္ထက္ နာရီဝက္ေစာကာလာတတ္သျဖင့္ ႏွိုင္းႀကိဳတင္သြားရန္အတြက္ နာရီကိုျပန္ၾကည့္လိုက္ေတာ့ ဆယ္နာရီခြဲခြာနီးေနၿပီျဖစ္သျဖင့္ မိုးကာအက်ီကို လႊမ္းျခဳံကာဝတ္လိုက္ၿပီး မိုဝီ့အတြက္ထီးတစ္ေခ်ာင္းကိုင္ကာအိမ္ထဲမွထြက္လာခဲ့သည္။

မိုဝီမိုးစိုမည္စိုးသျဖင့္ ထီးယူလာခဲ့ေသာ္လည္း ကိုယ္တိုင္မွာေတာ့မိုးကာအက်ီေခါင္းစြပ္ကိုပင္ ျမဲၿမံေအာင္မစြပ္နိုင္ဘဲ ခ်ိန္းထားသည့္ေနရာကိုေရာက္ဖို႔ရန္သာစိတ္ေလာေနခဲ့သည္။

မိုးေတြသည္းေနသျဖင့္ကားပင္မယူနိုင္။‌ရွည္လ်ားေသာေျခတံတို႔ကိုသာ အားကိုး၍ဆုံေတြ႕ရန္ေနရာသို႔ အေျပးအလႊားလာေနသည္။
______________________

မိုဝီထိုင္ေနရာမွထကာ ျပတင္းေပါက္တံခါးကိုဆြဲဖြင့္လိုက္သည္။မိုးမ်ားသည္းထန္စြာရြာေနသျဖင့္ ျပတင္းတံခါးမွဝင္လာေသာေလမွာျပင္းထန္လြန္းသည္။ေအးစက္ေသာမိုးေရစက္မ်ားႏွင့္‌ေလထုမွာလည္း မိုဝီ၏မ်က္ႏွာဆီသို႔ တိုက္ရိုက္တိုးဝင္လာၾကသည္။

တပ္ထားေသာမ်က္မွန္တြင္လည္း ေရစက္ကေလးမ်ားတြဲခိုေနၾကသည္။ဖုန္း screen ေပၚရွိနာရီမွာ ဆယ္နာရီေက်ာ္ေနၿပီျဖစ္သျဖင့္ ေလျပင္းမ်ားတိုက္ခတ္ေနေသာ္လည္း မိုဝီအေရးသိပ္မစိုက္ေတာ့ေပ။

ခုတင္ေပၚရွိ ေစာင္မ်ားႏွင့္ ေရခ်ိဳးခန္းအတြင္းရွိတဘက္မ်ားအားဆြဲယူကာ တစ္ခုႏွင့္တစ္ခုဆက္၍ႀကိဳးတစ္‌ေခ်ာင္းသဖြယ္ခိုင္ခံ့ေနေအာင္ထုံးခ်ည္လိုက္သည္။ထို႔ေနာက္ ကုတင္ေထာက္တိုင္တြင္ေစာင္ကိုတြဲခ်ည္ကာ ျပတင္းေပါက္ေဘာင္ေပၚသို႔တက္လိုက္ၿပီး ထိုေစာင္တြဲကိုေအာက္သို႔
ပစ္ခ်လိုက္သည္။

ေစာင္ကိုတင္းတင္းကိုင္ကာ ေျမျပင္ကိုငုံ႔ၾကည့္ေတာ့ ႏွစ္ထပ္အိမ္၏အျမင့္မွာမေတြးဝံ့စရာပင္။မိုးရြာေနသျဖင့္ ေခ်ာ္လဲမွာကိုလည္းေၾကာက္ရသည္။အထူးသျဖင့္ အိမ္ကလူေတြမိသြားမွာကို ပိုလို႔ပင္ေၾကာက္သည္။

ထို႔ေၾကာင့္ေရြးခ်ယ္ရန္နည္းလမ္းမရွိေတာ့သည့္အဆုံး ေစာင္ကိုဖက္တြယ္ကာ ျဖည္းျဖည္းခ်င္းဆင္းလာခဲ့သည္။ေျမႀကီးႏွင့္သိပ္မကြာေတာ့သည့္အေနအထားေရာက္ေတာ့ မိုဝီခုန္ခ်လိုက္သည္။မိုးသံ၊ေလသံတို႔ေၾကာင့္ ေျမျပင္ေပၚျပဳတ္က်သည့္အသံကို အိမ္တြင္း၌အိပ္‌ေနၾက‌ေသာဦးသီဟထူးတို႔မၾကားၾကေပ။

ေျခသလုံးတြင္ပြန္းပဲ့ဒဏ္ရာအနည္းငယ္ရသြားခဲ့ေသာ္လည္း နာဖို႔ရန္ပင္အခ်ိန္မရွိပါ။မိုဝီ့တြင္ၿခံေသာ့အပိုတစ္ေခ်ာင္းရွိေသးသျဖင့္ ၿခံတံခါးတြင္ခတ္‌ထားေသာေသာ့ကို ထိုအေသာ့အပိုျဖင့္ဖြင့္ကာေျပးထြက္လာခဲ့သည္။

ခိုးထြက္လာခဲ့ရသည္မို႔ ေျခေထာက္‌တြင္ဖိနပ္ေတာင္မပါရွာေပ။ဖုန္းႏွင့္ေသာ့ကိုသာယူ၍ ထြက္လာခဲ့ရသည္။ပြန္းပဲ့သြာ‌းေသာဒူးဒဏ္ရာေၾကာင့္ ေျခေထာက္မွာေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနေသာ္လည္း ဆက္၍ေျပးေနေသးသည္။

လမ္းဆုံသို‌့‌ေရာက္ေသာ္ မီးပြိဳင့္နီသြားသျဖင့္ လူကူးမ်ဥ္းၾကား၏တစ္ဖက္ကမ္းတြင္ ရပ္တန႔္လိုက္သည္။

"ကိုကို !"

"ကေလး !"

ထိုလူကူးမ်ဥ္းၾကား၏တစ္ဖက္တြင္ ႏွိုင္းလည္းရပ္‌ေနသည္။ထီးမပါဘဲ မိုးေရထဲတြင္ေျပးလာေသာမိုဝီ့ကိုျမင္ျမင္ခ်င္း ႏွိုင္းဝမ္းနည္းလာသည္။အေျပးလွမ္းလာကာထီး‌ေဆာင္း‌ေပးခ်င္ေသာ္လည္း မီးပြိဳင့္နီသျဖင့္အႏၲရာယ္မ်ားလွသည္။ထို႔ေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ေအာ္၍သာေခၚေနနိုင္သည္။

မ်ားမၾကာမီတြင္ မီးပြိဳင့္စိမ္းသြားခဲ့သျဖင့္ မိုဝီလမ္းကိုျဖတ္ကူးစဥ္....

"ဒုန္း.....!"

အၾကင္နာတရားမရွိေသာ ကံတရားမွာ မိုဝီ့ကိုႏွိပ္စက္လိုက္ျပန္ပါသည္။မီးပြိဳင့္နီ‌ကိုျဖတ္ေမာင္းလာေသာကားတစ္စီးေၾကာင့္ မိုဝီအေဝးသို႔လြင့္ထြက္သြားခဲ့ရသည္။တိုက္သ‌ြားေသာကားမွာ ႏွိုင္း၏ေရွ႕တြင္ျဖတ္၍ေမာင္းေျပးသြားခဲ့သည္။ႏွိုင္းျမင္ခဲ့ရသည္မွာေတာ့ maskအုပ္ထားေသာလူတစ္ဦးေပ။

"ကေလး !"

မ်က္စိေရွ႕ေလးတြင္ျဖစ္ပ်က္သြားခဲ့ေသာ ထိုျမင္ကြင္းကိုႏွိုင္းမယုံၾကည္လိုက္ခ်င္ပါ။အိမ္မက္တစ္ခုသာျဖစ္ေနေစခ်င္ခဲ့ေသာ္လည္း ခ်စ္ရေသာသူမွာေသြးအိုင္ထဲတြင္လဲေနခဲ့ၿပီ။
လက္တြင္ကိုင္ထားေသာထီးကိုပစ္ခ်ကာ မိုဝီ့ဆီသို႔ေျပးသြားၿပီး ေပြ႕ခ်ီလိုက္သည္။

ေသြးေတြမွာ ျမင္မေကာင္း၊ ရွူမေကာင္းေလာက္ေအာင္ပင္ေပက်ံေန‌ေသာ မိုဝီႏွိုင္း၏ပါးျပင္အား ေသြးေပေနေသာလက္တို႔ျဖင့္ ထိကိုင္လာခဲ့သည္။

မ်က္မွန္မွာလည္း မွန္အစိတ္စိတ္အမႊာမႊာကြဲကာ ကိုင္းက်ိဳးလို႔ေနသည္။နဖူးထက္တြင္လည္း ေခါင္းေပါက္သြားေသာဒဏ္ရာမွေသြးမ်ားတစိမ့္စိမ့္စီးက်လာသည္။

"ကေလး ဘာမွမျဖစ္ရဘူးေနာ္ ကိုကိုနဲ႔ကေလးမခြဲၾကဘူးမဟုတ္လား ကတိတည္ေနာ္ကေလး ဘယ္ေတာ့မွမခြဲဘူးဆိုတဲ့ကိုယ္တို႔ရဲ့ကတိေလးကိုတည္ေပးပါ ကိုယ္ေတာင္းဆိုတာပါ"

"ကိုကို ကေလးမရွိေတာ့ရင္ ဒီဆြဲႀကိဳးေလးကို ကိုကိုဆက္ၿပီးေစာင့္ေရွာက္ေပးေနာ္ ၿပီးေတာ့ကေလးကိုကို႔ကိုအရမ္း....."

ေျပာျပခဲ့ခ်င္ေသာစကားတို႔ပင္အဆုံးမသတ္နိုင္ခဲ့ဘဲ သတိလစ္သြားခဲ့ပါသည္။ႏွိုင္းမိုဝီ့အားေပးခဲ့ဖူး‌ေသာလက္ေဆာင္ေလးျဖစ္သည့္ နက္ရွိုင္းေသာအခ်စ္မ်ားပါဝင္ေနေသာဆြဲႀကိဳးေလးကို ႏွိုင္းထံျပန္လည္အပ္ႏွံခဲ့ပါသည္။

သူမရွိေတာ့ရင္ ဒီဆြဲႀကိဳးေလးကိုဆက္ၿပီးေစာင့္ေရွာက္ေပးတဲ့..ကေလးမရွိေတာ့တဲ့ဘဝကကိုယ့္အတြက္လည္းအဓိပၸာယ္မဲ့သြားမွာ ကေလးရယ္ကေလးဘာမွမျဖစ္ပါနဲ႔ကြာ...။

အားကုန္ျခစ္ကာအသံက်ယ္က်ယ္ျဖင့္ေအာ္ငိုလိုက္ၿပီး ေဆး႐ုံသို႔ဖုန္းဆက္ကာအေရးေပၚယာဥ္လာခိုင္းရန္ တည္ရွိေနေသာေနရာလိပ္စာကိုေျပာလိုက္သည္။

အေရးေပၚအခ်က္ေပးအသံမ်ားျဖင့္ဆူညံေနကာ ဒဏ္ရာရေနေသာမိုဝီ့ကို ကားေပၚတင္၍ေခၚေဆာင္လာခဲ့သည္။ေအာက္စီဂ်င္ပိုက္တပ္ထားရေသာမိုဝီ့ကိုၾကည့္ကာ ႏွိုင္းငိုေနခဲ့သည္။မိဘေတြဆုံးရွုံးခဲ့သည့္အခ်ိန္ကနာက်င္ခဲ့ရသေလာက္ ယခုတြင္လည္းႏွလုံးသားတစ္ခုလုံး‌ေျခမႊခံလိုက္ရျပန္ပါသည္။

Asia ေဆး႐ုံႏွင့္ အခင္းျဖစ္ေသာေနရာမွာသိပ္မေဝးသျဖင့္ ခဏအၾကာတြင္‌ေဆး႐ုံသို႔ေရာက္လာခဲ့ၾကသည္။

မိုဝီထိုသို႔ျဖစ္ျဖစ္ခ်င္း ႏွိုင္းမိုဝီ့ေဘာင္းဘီအိတ္ကပ္ထဲမွမွန္‌ကြဲေနေသာဖုန္းကိုထုတ္ကာ မိဘမ်ားထံသို႔ဆက္သြယ္ခဲ့သျဖင့္ႏွုိင္းထက္ပင္‌ေစာ၍ ေဆးရံုသို႔ႀကိဳေရာက္ေနၾကသည္။

ဆရာဝန္ႏွင့္သူနာျပဳမ်ား မိုဝီ့အားဘီးတပ္ကုတင္ေပၚတင္ကာေခၚယူစဥ္ မိုဝီ့လက္ကိုဆုပ္ကိုင္ထားေသာႏွိုင္း၏လက္တို႔အား ဦးသီဟထူးျဖဳတ္ခ်ပစ္လိုက္သည္။

"မင္းငါ့သားေနာက္ကိုမလိုက္လာနဲ႔ ငါ့သားဒီလိုအေျခအေနေရာက္ရတာမင္းေၾကာင့္ ဒါေတြအားလုံးျဖစ္ရတာမင္းေၾကာင့္"

ႏွိုင္း ဦသီဟထူးေရွ႕တြင္ ဒူးႏွစ္ဖက္ေထာက္ကာထိုင္ခ်လိုက္သည္။ရင္နင့္စြာငိုေႂကြးေနခဲ့သျဖင့္ အသံမွာသိပ္ပင္မထြက္ခ်င္။

"ဦး‌ေလးကၽြန္ေတာ္ေတာင္းပန္ပါတယ္ ဒီအခ်ိန္ေလးေတာ့မိုဝီ့အနားမွာကၽြန္ေတာ့္ကိုေနခြင့္ေပးပါ ေက်းဇူးျပဳၿပီး ကၽြန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ"

ႏွိုင္းေဆး႐ုံတြင္ ဒူးေထာက္၍ေတာင္းပန္ေနတာေတာင္ ဦသီဟထူးလုံးဝခြင့္မျပဳ‌ေပးခဲ့ပါ။ေဒၚမာလာမွာ ဦးသီဟထူးေဘးတြင္သက္မဲ့အ႐ုပ္ေလးတစ္႐ုပ္ကဲ့သို႔ရပ္‌ေနသည္။လိပ္ျပာလြင့္မတတ္လန႔္ေနရသည္မို႔ မည္သည့္စကားမၽွယခုအခ်ိန္မွာေျပာထြက္နိုင္မည္မဟုတ္ပါ။

"ငါ့သားကအိမ္ထဲကေနေတာင္ခိုးထြက္ၿပီးမင္းနဲ႔လာေတြ႕တာေၾကာင့္ ဒီလိုျဖစ္ကုန္တာ မဟုတ္ရင္ဘာမွျဖစ္စရာအေၾကာင္းကိုမရွိတာ အစကတည္းကသူနဲ႔မင္းနဲ႔မေတြ႕ခဲ့ရမွာ"

"ေတာ္ၾကပါေတာ့ဗ်ာ ေဆး႐ုံထဲမွာရန္မျဖစ္ေနၾကပါနဲ႔ေတာ့ ဒီမွာလူနာကအသက္အႏၲရာယ္စိုးရိမ္ရတယ္ ခုခ်က္ခ်င္းခြဲခန္းထဲဝင္မွရမွာ"

ဆရာဝန္ဝင္ေအာ္လိုက္မွ ဦးသီဟထူးရပ္တန႔္သြားခဲ့သည္။ဒူးေထာက္ေနေသာႏွိုင္းကိုထားခဲ့ကာ လင္မယားႏွစ္ေယာက္ဆရာဝန္ႏွင့္အတူ ခြဲစိတ္ခန္းဆီသို႔လိုက္သြားခဲ့ၾကသည္။

ႏွိုင္းႏွင့္က်န္ေနခဲ့ေသာ ေရာင္စဥ္ ႏွိုင္း၏အက်ီစကိုဆြဲကာ...

"ဒီမွာ မင္းမိုဝီ့ေဘးမွာအရိပ္ကေလးေတာင္ေပၚမလာေစနဲ႔ ေအးေပၚလာလို႔ကေတာ့ မင္းအေသပဲ!"

ခက္ထန္မာေၾကာေသာစကားကို တားဆီးပိတ္ပင္သည့္အေနႏွင့္ေျပာခဲ့တာေၾကာင့္ ႏွိုင္းမိုဝီ့ေနာက္သို႔လိုက္မသြားခဲ့ပါ။မိုဝီေပးထားခဲ့‌ေသာ ဆြဲႀကိဳးကိုသာလည္ပင္းတြင္ဆြဲလိုက္၍ တြဲေလာင္းက်ေနေသာဆြဲျပားကေလးကို ငုံ႔၍နမ္းလိုက္သည္။

ဒီအနမ္းေၾကာင့္ က‌ေလးအသက္အႏၲရာယ္မွကင္းလြတ္ပါရေစ။
______________________

"လူနာက ႏွလုံးအဆို႔ရွင္ထိခိုက္သြားတယ္ ဒါေၾကာင့္အစားထိုးဖို႔ လိုအပ္ေနတယ္ နာရီဝက္အတြင္းအစားထိုးေပးဖို႔ရွိမွ လူနာအသက္ဆက္ရွင္နိုင္မွာပါ"

ဆရာေျပာစကားေၾကာင့္ ဦးသီဟထူးမိုက္ခနဲျဖစ္သြားခဲ့သည္။ေရာင္စဥ္ထိန္းကိုင္ေပးထားတာေၾကာင့္ ျပဳတ္ေတာ့မက်သြားခဲ့ပါ။ဦသီဟထူးတြင္ ႏွလုံးေရာဂါရွိသျဖင့္ ယခုလိုသတင္းမ်ိဳးမွာေတာ့နားေထာင္ရန္ခက္ခဲသည္ပင္။

‌"ကၽြန္မတို႔ဘယ္လိုလုပ္ၾကမလဲ အကို သားေလးကိုဒီအတိုင္းလက္လႊတ္လိုက္ရေတာ့မွာလား"

"မလႊတ္ရဘူးကြ မင္းေလၽွာက္မေျပာေနနဲ႔ ငါသားေလးကိုရေအာင္ကယ္မွာ"

ဦးသီဟထူးအားတင္းကာ ဖုန္းထဲရွိနံပါတ္မ်ားကိုဆက္ကာ လိုအပ္ေနေသာႏွလုံးအား အစားထိုးေပးရန္ဌာနအသီးသီးသို႔ေမးျမန္းေနသည္။

က‌ံေကာင္းေထာက္မစြာႏွင့္ အသင့္အစားထိုးရန္ႏွလုံးတစ္ခုလွူထားသည္မွာရွိေနခဲ့သျဖင့္ ဝမ္းသာအားရႏွင့္ဆရာဝန္ကိုေျပာျပလိုက္သည္။

လွူဒါန္းထားေသာႏွလုံးအား ဌာနမွဝန္ထမ္းတစ္ဦးသယ္ေဆာင္လာေပးခဲ့သည္။ထို႔ေၾကာင့္ ခြဲစိတ္မွုမွာအခ်ိန္မွီခဲ့သည္။ရွစ္နာရီၾကာခြဲစိတ္မွုလုပ္ၿပီးကာမွ မိုဝီ့ကိုလူနာခန္းထဲသို႔ေရႊ႕ေျပာင္းေပးခဲ့ၾကသည္။

"ဆရာ သားေလးဘယ္ေတာ့နိုးလာမွာလဲ"

"လူနာက‌ဦးေခါင္းပိုင္းကိုလည္း ျပင္းျပင္းထန္ထန္ထိခိုက္သြားတာေၾကာင့္ ကိုမာျဖစ္သြားနိုင္ေခ်ရွိပါတယ္ ၿပီးေတာ့နိုးထလာခဲ့ရင္လည္း အရာအားလုံးကိုေမ့ေနတာမ်ိဳးလည္းျဖစ္ေနနိုင္ပါတယ္"

"ဒါဆို သားေလးကေဆး႐ုံမွာဒီအတိုင္းပဲလွဲေနရေတာ့မွာေပါ့"

"တစ္ပတ္အတြင္းသတိျပန္မရလာဘူးဆိုရင္ေတာ့ ကၽြန္ေတာ္ေျပာသလိုျဖစ္မွာပါ"

ဦးသီဟထူးတစ္ေယာက္ ပထမဦးဆုံးအႀကိမ္မ်က္ရည္က်ခဲ့ရပါသည္။နိုးထလာျခင္းမွာ မေရရာေတာ့သည္သားျဖစ္သူကိုၾကည့္ရင္း လူမွာအားနည္းကာေခြက်သြားေတာ့သည္။

====================

====================
Nun's note~

ဒီအပိုင္းေလးႏွစ္ပိုင္းကိုေရာက္ဖို႔အတြက္ ဇာတ္လမ္းအစကတည္းကေနာက္ေၾကာင္းျပန္လာရတာ ခုမွပဲျပ‌ီးေတာ့တယ္ အမွန္ေတာ့ဒီေန႔က update တင္ရမယ့္ရက္မဟုတ္ဘူး ဒါေပမယ့္ဒီ‌ေန႔က fic ေလးႏွစ္လျပည့္ၿပီးတစ္ရက္ေျမာက္ေန႔ဆိုေတာ့ suprise အေနနဲ႔ upေပးလိုက္တာပါ...
ၿပီးရင္ေအာက္ကfox rainဆိုတဲ့သီခ်င္းေလးကိုနားေထာင္ၾကည့္လိုက္ပါ.....

Continue Reading

You'll Also Like

26K 1.2K 52
Zawgyi ျမတ္ႏိုးျခင္းေတြနဲ႔ ပံုေဖာ္ထားတဲ့ ေလတံခြန္ေလးက ငါ.... ေမ်ွာ္လင့္ခ်က္အပိုင္းအစေတြနဲ႔ မင္းရဲ့ ရစ္ဘီးႀကိဳးေလး ခ်ည္ေနွာင္လို႔ ငါ့ကိုထိန္းခ်ဳပ္ပါ...
14.7K 634 33
ခနခနေငးေနမီတဲ့ေကာင္ေလးကက်န္ေတာ္ကိုျကဳိတ္ေနတာတဲ့လား ေဝယံမင္းမာန္ အတန္းေခါင္ေဆာင္ကို ့ျကဳိတ္မီတာက်န္ေတာ္အမွားလား ကံထူးငယ...
1.5M 97.9K 70
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
870K 21.8K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...