Zawgyi
သံုးရက္ေျမာက္သည့္အထိ အပူလႈင္းတေငြ႕ေငြ႕က ေလ်ာ့က်သြားျခင္းမ႐ွိေခ်။ ထိုသံုးရက္စလံုး, အိပ္ခန္းကေန ေရခ်ိဳးခန္းအထိ, ဧည့္ခန္းဆိုဖာေပၚကေန စာၾကည့္ခန္းႀကမ္းျပင္ေပၚအထိ, အိမ္တစ္အိမ္လံုး သူတို႔ရဲ႕ေပါင္းစပ္သြားတဲ့ pheromone ရနံ႔ေတြနဲ႔ စြန္းထင္ေနေတာ့သည္။
အိုမီဂါတစ္ေယာက္ရဲ႕ heat က ပံုမွန္ဆို သံုးရက္ပင္။ သို႔ေသာ္ျငားလည္း, ေ႐ွာင္ယဲ့က အခ်ိန္အၾကာႀကီး ထိန္းခ်ဳပ္ပစၥည္းကို သံုးခဲ့တာေၾကာင့္ တံု႔ျပန္မႈက အရမ္းကိုမွျပင္းထန္တယ္။ ေလးရက္ေျမာက္သည့္ေန႔အထိ, ထင္႐ွားတဲ့ဖ်ားနာျခင္း လကၡဏာေတြ သူ႔မွာ ျပေနတုန္းပဲ။ ဒါေပမဲ့, အရင္ရက္ေတြနဲ႔ယွဥ္ၾကည့္လိုက္ရင္, သူ႔အပူ႐ွိန္ကို ဆက္တက္ေစမဲ့ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာအေတြးေတြကို စိတ္ထဲမထည့္ေတာ့ဘူးဆိုရင္ေတာ့, ထိန္းခ်ဳပ္လို႔ရတဲ့အေျခအေနေရာက္ေနၿပီလို႔ ယူဆလို႔ရေနၿပီ။
ရက္ေပါင္းမ်ားစြာၾကာေအာင္ အျပင္ဘက္ကိုေျခတစ္လွမ္း ေတာင္ မခ်ရေသးတာေၾကာင့္, အတြင္းထဲမွာေနရတာ သူနည္းနည္းမြန္းက်ပ္သလိုခံစားရတယ္။ ေ႐ွာင္ယဲ့ရဲ႕ ခႏၶာကိုယ္က ခဏတာေတာ့မထိခိုက္ႏိုင္ေတာ့ဘူးဆိုတာ ဝမ္က်ိဳ အတည္ျပဳၿပီးမွ အျပင္ထြက္မယ္ဆိုတဲ့ေတာင္းဆိုခ်က္ကိုသေဘာတူလိုက္သည္။ သို႔ေပမဲ့, မေတာ္တဆေတြကိုေ႐ွာင္ရန္ လိုရမယ္ရ သူတို႔ေတြေဝးေဝးသြားလို႔မျဖစ္ဘူးဟု စည္းကမ္းသတ္မွတ္ထားလိုက္သည္။
အိမ္ထဲကမထြက္ခင္, ေ႐ွာင္ယဲ့ ေပါ့ေပါ့ပါးပါးပဲ သူ႔ကုတ္အက်ႌကို ဝတ္ရံုေလးဝတ္လိုက္တယ္ဆိုေပမဲ့ ဝမ္က်ိဳက သူ႔ကို ႐ုတ္တရက္လွမ္းဆြဲကာ သူ႔အတြက္ သူ႔ကုတ္အက်ႌကို ဇစ္ဆြဲတင္ေပးသည္။ သူလည္းပဲ လည္စည္းကိုဆြဲယူလိုက္ၿပီး တစ္ဝိုက္ခံုးအနီေရာက္အမွတ္အျပည့္နဲ႔ သူ႔လည္ပင္းမွာ ပတ္လိုက္သည္။ သူ႔မ်က္ႏွာေအာက္ပိုင္းက လည္စည္းပဝါထဲမွာနစ္ျမဳပ္ေနတာေၾကာင့္ ေအးတိေအးစက္ႏိုင္သည့္ ပိတုန္းေရာင္မ်က္ဝန္းတစ္စံုပဲ ေပၚလြင္လို႔ေနသည္။
"ဒီလိုမ်ိဳးေလး အရမ္းခ်စ္ဖို႔ေကာင္းတာပဲ......."
ဝမ္က်ိဳ ခပ္တိုးတိုးေရရြတ္လိုက္မိတယ္။
ေ႐ွာင္ယဲ့အသားအေရက ၾကည္လင္ၿပီးေတာက္ပလို႔ေန၍ သူ႔ရဲ႕ မည္းနက္နက္မ်က္ဝန္းေတြကပိုၿပီးေတာ့ေတာင္ ေတာက္ပေနေသးတယ္။ ထို႔ေၾကာင့္, ဖံုးအုပ္ခံထားရတဲ့သူ႔မ်က္ႏွာတစ္ဝက္က ႏိုင္လိုမင္းထက္ျပဳမူတတ္ၿပီး မာနႀကီးတဲ့မ်က္ႏွာအသြင္အျပင္ကို ဖံုးထားသည့္အတြက္, သူတကယ္ပဲ နည္းနည္းေတာ့ ခ်စ္ဖို႔ေကာင္းသည့္ပံုေပၚေန၏။
က်ိန္းေသကို, ဒါက သူ႔ရဲ႕အျပင္ပန္းဟန္ကို ကန္႔သတ္ထားတာေလ။
"ေ႐ွာင္ယဲ့က ခ်စ္ဖို႔ေကာင္းတယ္။ ေ႐ွာင္ယဲ့တို႔တစ္မိသားစုလံုး ခ်စ္ဖို႔ေကာင္းတာပဲ"
ေ႐ွာင္ယဲ့ မ်က္လံုးလွန္ၾကည့္လိုက္သည္။
ဝမ္က်ိဳကေတာ့ က်ီဆယ္သည့္ဟန္ျဖင့္ တခစ္ခစ္ရယ္ကာ သူ႔ကိုလက္ကဆြဲကာ တံခါးအျပင္ကိုဆြဲေခၚသြားသည္။
၁၀မိနစ္စာလမ္းေလွ်ာက္ၿပီးသည့္ေနာက္, သူတို႔ႏွစ္ေယာက္လံုး အတြင္းထဲမွာ ဘတ္စကက္ေဘာကစားလို႔ရသည့္ အားကစားရံုမွာ ေျခလွမ္းတန္႔လိုက္သည္။ ဒါကို ေဆာင္းရာသီပြဲေတာ္နဲ႔ ေဆာင္းေအးေအးမွာ ပိတ္ထားတယ္။ ကစားဖို႔ တစ္ေယာက္တစ္ေလေလာက္သာလာၾကတာ။
လူထိန္းဖို႔မလိုတဲ့ ဂိုးေပါက္တစ္ခုကို သူတို႔ေတြ႔သြားၿပီး ေဘာလံုးတစ္လံုးငွါးကာ ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ စတင္လိုက္သည္။
အခန္းကေကာင္းေကာင္းအပူေပးခံထားရတာေၾကာင့္, ေ႐ွာင္ယဲ့ သူ႔အက်ႌနဲ႔လည္စည္းကို ခြၽတ္ခ်လိုက္ေတာ့တယ္။ ေနာက္ဆံုးေတာ့ တင္းတင္းၾကပ္ၾကပ္အစည္းခံထားရတာကေန လြတ္ၿပီ။ သူ သူ႔ရဲ႕လက္ေကာက္ဝတ္ႏွစ္ဖက္ကို လွည့္ခါလိုက္ၿပီး စိတ္ႀကီးဝင္ဟန္ျဖင့္ မ်က္ခံုးပင့္ျပလိုက္သည္။
"တစ္ပြဲေလာက္ ကစားခ်င္လား?"
သူ႔ရဲ႕ ဘတ္စကက္ေဘာစြမ္းရည္က တကယ္တမ္းေတာ့ ေတာ္ေတာ္ေလးကို သာမန္ပါပဲ။ ဒါေပမဲ့ သိရသေရြ႕, ဝမ္က်ဳိက ဘယ္တုန္းကမွ ေဘာလံုးကိုမထိဖူးဘူး။ အဲ့ဒါေၾကာင့္ ဝမ္က်ိဳမႏိုင္ႏိုင္ဖို႔ ျဖစ္ႏိုင္ေျခမ်ားတယ္ေလ။
ဝမ္က်ဳိ ျပံဳးကာ, "ေတာ္ပါၿပီ, ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္ မႏိုင္,ႏိုင္ဘူး"
ေ႐ွာင္ယဲ့ ဂ႐ုမစိုက္သလို "ဟြန္႔" ခနဲအသံျပဳလိုက္သည္။ သူ ခ်က္ခ်င္း သူ႔ဘက္လွည့္လိုက္ၿပီး ေနရာယူလိုက္သည္။ သူငံု႔ကိုင္းလိုက္ၿပီး ေဘာလံုးကို ပုတ္ေနလိုက္သည္။ ဝမ္က်ဳိလည္းပဲ ေနရာဝင္သြားသည္, အာရံုစူးစိုက္ေနသည့္ဟန္ျဖင့္ ေ႐ွာင္ယဲ့လက္ထဲမွာ႐ွိတဲ့ ေဘာလံုးဆီကို စူးစိုက္ၾကည့္ေန၏။
Tsk, ဒီလို တည္ၾကည္ေလးနက္တဲ့ပံုစံက ဒီေခြး႐ူးေလးကို ပိုၿပီးေတာ့ေတာင္ ၾကည့္ေကာင္းေအာင္လုပ္ေနတာပဲ။
ေ႐ွာင္ယဲ့ စိတ္ထဲကေနပဲ ေလခြၽန္သံေပးလိုက္တယ္ဆိုေပမဲ့ သူ မ်က္ေတာင္တစ္ခ်က္မခတ္ေပ။ သူ႔ရဲ႕စူး႐ွလွသည့္ မ်က္လံုးေတြက အားနည္းခ်က္႐ွာဖို႔ ဝမ္က်ိဳ႕တစ္ကိုယ္လံုးကို စုန္ဆန္ၾကည့္လို႔ေနသည္။ ေနာက္, သူ ႐ုတ္တရက္ ဟန္႔တားဖို႔ရည္ရြယ္ၿပီး ပင့္မထားတဲ့ဝမ္က်ိဳ႕လက္ေအာက္ကေန ငံု႔ဝင္သြားၿပီး ပစ္႐ိုက္ရန္ အေပၚကိုခုန္လိုက္ေတာ့သည္။
*ဘန္း!* ဘက္စကက္ေဘာလံုးက ပိုက္ကြန္ဂိုးျခင္းထဲကို မရပ္မနားထိုးဆင္းသြားၿပီး ႀကမ္းျပင္ေပၚကိုေဆာင့္က်လာ၏။
လြယ္ကူေခ်ာေမြ႕စြာနဲ႔ ပထမဆံုးပစ္ခ်က္ကို အမွတ္ရသြားတာေၾကာင့္ ေ႐ွာင္ယဲ့ နည္းနည္းေတာ့ ဂုဏ္ယူမိသြားသည္။
"ငါ ဒီေန႔ ေတာ္ေတာ္ေလးခံစားခ်က္ေကာင္းေနတာပဲ"
"ေ႐ွာင္ယဲ့က အရမ္းအံ့ၾသဖို႔ေကာင္းတာပဲ!"
ဝမ္က်ိဳ႕ မ်က္လံုးထဲမွာ ၾကယ္ေတြကိန္းေအာင္းေနသည္။
"ငါလႈပ္႐ွားတာေတြကိုလိုက္ေလ့လာ"
အစကေတာ့, ေ႐ွာင္ယဲ့ကပဲ အသာစီးရေနၿပီး ဝမ္က်ိဳကေတာ့ ေဘာလံုးကိုထိရံုေလးပင္။ ဒါေပမဲ့ တစ္ပြဲႏွစ္ပြဲကစားၿပီးေတာ့ အေျခအေနက ေျပာင္းလဲသြားတယ္။ သူ႔အရပ္ရဲ႕အားသာခ်က္ရယ္, တျဖည္းျဖည္းနဲ႔သိသာလာတဲ့ ေနရာယူမႈရယ္, ထပ္ေပါင္းေျပာရရင္ သူက သင္ယူတာလည္းျမန္တယ္, ေ႐ွာင္ယဲ့ရဲ႕ေျခလွမ္းဟန္ေတြကို ကြက္တိအံကိုက္ အတုခိုးႏိုင္တယ္။
"မဆုိးပါဘူး။ တကယ္လို႔ မင္းသာ ေနာက္တစ္နာရီမွာ ငါ့ဆီကေန ဆယ္မွတ္ယူႏိုင္ရင္, ငါတို႔ ျပန္တဲ့အခါက် ဆုရမယ္"
ေ႐ွာင္ယဲ့ သူ႔ရဲ႕ဆံပင္ေတြကို ဖြလိုက္တယ္။
"Okay!"
Motivationအျဖစ္ ဆုကိုမွတ္လိုက္ၿပီး ဝမ္က်ိဳ သူ႔ရဲ႕အားမွန္သမွ်ကို ပြဲအေပၚထည့္သြင္းလိုက္ၿပီး တျဖည္းျဖည္းခ်င္း တကယ့္ခံစစ္ကေန ပထမအဆင့္ တုိက္စစ္ကို ေျပာင္းလိုက္သည္။ အႀကိမ္ေတာ္ေတာ္မ်ားအထိ ေ႐ွာင္ယဲ့ဆီက ေဘာလံုးကိုသူလုယူႏုိင္ခဲ့တယ္ဆိုေပမဲ့ ကံမေကာင္းအေၾကာင္းမလွစြာျဖင့္, သူ ေကာင္းေကာင္းမပစ္သြင္းႏိုင္တာေၾကာင့္ အမွတ္ရဖို႔ ႐ႈံးပဲ႐ႈံးေနေတာ့သည္။
သူ ခဏေလာက္ ဂိုးေပါက္ကိုေသေသခ်ာခ်ာေလးေလးနက္နက္ ေတြးကာစူးစိုက္ၾကည့္ေနၿပီးမွ ခ်က္ခ်င္းဆိုသလို ေနာက္တစ္ႀကိမ္ ေဘာလံုးကိုလုယူလိုက္ၿပီး အေဝးကေနလွမ္းပစ္ဖို႔ သူမလုပ္ဘဲ ဂိုးျခင္းေပါက္အထိ ေျပးဖို႔ ျပတ္ျပတ္သားသား ေရြးခ်ယ္ကာ slam dunk ဟန္ခုန္လိုက္သည္။ တားဖို႔အတြက္ ေ႐ွာင္ယဲ့လည္းအေပၚကိုခုန္လိုက္တယ္ဆိုေပမဲ့ ဝမ္က်ိဳရဲ႕အရပ္အားသာခ်က္ေၾကာင့္ ဝမ္က်ိဳကေတာင္ ပိုၿပီးေတာ့ျမင့္ျမင့္ခုန္ႏိုင္တာေၾကာင့္ သူ႔ရဲ႕ airtime ကေတာင္ပိုၿပီးျမင့္ေနေသးတယ္။
ေ႐ွာင္ယဲ့ ျပန္ၿပီးျပဳတ္က်ေတာ့မဲ့အခ်ိန္မွာ, ဝမ္က်ိဳကေတာ့ သူ႔slam dunk ရဲ႕ အထြတ္ကိုေရာက္ရံုေလးပဲ႐ွိေသးတယ္။
*ဘန္း!* ေဘာလံုးလည္း အနားဝန္းကိုျဖတ္သြားၿပီး ဂိုးျခင္းေပါက္တစ္ခုလံုး အႀကိမ္အနည္းငယ္အထိ တုန္ခါက်န္ေနခဲ့သည္။
ေရွာင္ယဲ့လည္း ၾကမ္းျပင္ေပၚလွဲခ်လိုက္ၿပီး ႏႈတ္ခမ္းစူလိုက္တယ္။
"အရမ္းတရားလြန္တယ္။ ငါက မင္းထက္ပုလို႔ မင္းက ငါ့ကိုအႏိုင္က်င့္ေနတာလား?"
ဝမ္က်ိဳ႕ရဲ႕ျပံဳးေနသည့္မ်က္ႏွာက ခ်က္ခ်င္းကိုပင္ ေတာင့္သြားသည္။
"ကြၽန္ေတာ္မလုပ္ပါဘူး! ကြၽန္ေတာ္လုပ္မွာမဟုတ္ဘူး.....ကြၽန္ေတာ္ အဲ့လိုမ်ိဳးလုပ္မွာမဟုတ္ဘူး!"
"ဘာကို မင္းကအလန္႔တၾကားျဖစ္ေနတာတုန္း"
ေ႐ွာင္ယဲ့ အရမ္းရယ္လိုက္တာေၾကာင့္ သူ႔ဗိုက္ေတာင္နာသြားရတယ္။ အဲ့ေနာက္, တမင္သက္သက္ pheromone အနံ႔ပါးပါးေလး ထုတ္လိုက္သည္။ သူ နီးနီးကပ္ကပ္ သြားမွီလိုက္ၿပီး အသံကိုတိုးကာေျပာလိုက္သည္။
"ငါ မင္းဆီကေနအႏိုင္က်င့္ခံရတာကိုႀကိဳက္တယ္။ ငါ့ကိုပိုၿပီးေတာ့အႏိုင္က်င့္ေပးပါေနာ္, ကိုကို"
ဝမ္က်ိဳ႕မ်က္ႏွာက ခ်က္ခ်င္းဆိုသလို နီရဲတြတ္သြား၏။
အဲ့လိုျဖစ္ၿပီးတဲ့ေနာက္သူ႔ကိုအ႐ွက္ရေစႏိုင္မဲ့ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ ေနရာေတြကိုလိုက္ဖံုးဖို႔လိုအပ္တာေၾကာင့္, သူ ဘယ္လိုမွအာရံုစူးစိုက္လို႔မရေတာ့ဘဲ ေရႊေရာင္အခြင့္အေရးေတြကို ထပ္ခါတလဲလဲ လက္လႊတ္ဆံုး႐ႈံးေနေတာ့ တယ္။ကံေကာင္းစြာနဲ႔, သူ ေခ်ာင္တဲ့အားကစားေဘာင္းဘီရယ္ သက္ေတာင့္သက္သာ႐ွိတဲ့ hoddie ဝတ္လာလို႔သာပဲ, အဲ့ဒါေၾကာင့္ သူ႔ရဲ႕ ႐ုတ္တရက္ေထာင္မတ္လာမႈကို လံုးဝဖံုးထားႏိုင္တယ္။
ေ႐ွာင္ယဲ့ကေတာ့ ထပ္ခါတလဲလဲ အမွတ္ရေနေတာ့သည္, သူ႔ရဲ႕ အံ့ၾသဖြယ္ေကာင္းတဲ့ စေကးေတြကို ထပ္တလဲလဲ ႂကြားလံုးထုတ္ေနေတာ့တာပဲ။
ဟက္, ယဲ့ေကာမွာ သူ႔ကိုယ္သူမ်က္ႏွာမပ်က္ေအာင္ကာကြယ္ဖို႔ နည္းလမ္းေထာင္ေပါင္းမ်ားစြာ႐ွိတယ္ကြ။
တစ္နာရီၾကာၿပီးေနာက္, ေနာက္ဆံုးအဆံုးသတ္၌, ဝမ္က်ိဳက ၅မွတ္ေလးပဲရလိုက္တာေၾကာင့္ စိတ္ပ်က္အားေလ်ာ့သည့္ဟန္ျဖင့္ ညည္းလိုက္သည္။
"ေ႐ွ႕ေလွ်ာက္, ကြၽန္ေတာ္ က်ိန္းေသကို ေသေသခ်ာခ်ာေလ့က်င့္မွျဖစ္ေတာ့မယ္.......ေနာက္တစ္ႀကိမ္က်ရင္လည္း ဆုရမွာလား?"
"အေျခအေနေပၚမူတည္တယ္ေလ"
ေ႐ွာင္ယဲ့ ကိုယ့္ကိုယ္ကို ရယ္လိုက္မိသည္။
"မင္းရဲ႕ basketball game ေတြကိုေလ့က်င့္တာထက္, မင္းရဲ႕စိတ္စြမ္းအားကိုေလ့က်င့္တာက ပိုၿပီးေကာင္းလိမ့္မယ္။ တကယ္လို႔ မင္းသာ ဒီေလာက္ေလးစတာကုိ မေတာင့္ထားႏိုင္လူးဆိုရင္, ေနာက္က်လို႔ နန္႔တံ့တံ့အိုမီဂါမ်ိဳးေပၚလာခဲ့ရင္, မင္း အခိုးခံလိုက္မွာလား?"
"မျဖစ္ႏိုင္ဘူး! ကြၽန္ေတာ္ ေရွာင္ယဲ့တစ္ေယာက္တည္းနဲ႔ပဲ အတူ႐ွိမွာ!" ဟု ဝမ္က်ိဳ စိုးရိမ္တႀကီးေျပာလိုက္မိသည္။ သူသူ႔ဘယ္ဘက္လက္ကိုေျမႇာက္ကာ လက္စြပ္ကိုျပရင္း သႏၷိ႒ာန္ခ်လိုက္သည္။
"ကြၽန္ေတာ့္ႏွလံုးသားထဲမွာေရာ, ကြၽန္ေတာ့္မ်က္လံုးထဲမွာေရာ, ေ႐ွာင္ယဲ့တစ္ေယာက္တည္းပဲ႐ွိတယ္"
"အိုေက,အိုေက, ခ်လိုက္ပါေတာ့, ငါကေနာက္ေနတာပါ"
ေ႐ွာင္ယဲ့ ဝမ္က်ိဳ႕လက္ကိုေအာက္ကိုဆြဲခ်လိုက္သည္။ ေခြး႐ူးေလးကေလ ႐ွက္တတ္တတ္ေျပာမယ္ဆိုရင္, အဲ့စကားေတြက တကယ္ပဲ႐ွက္တတ္တတ္ျဖစ္လိမ့္မယ္။ ဒါေပမဲ့ သူ တည့္တိုးေျပာတဲ့အခါက်ေတာ့, တကယ္ႀကီးကို တည့္တိုးျဖစ္သြားေတာ့တာပဲ။ သူ႔ရဲ႕ခံစားခ်က္ေတြကို ေဖာ္ျပတဲ့အခ်ိန္မွာ, ဘယ္ေတာ့မွ တံု႔ဆိုင္းတံု႔ဆိုင္းမျဖစ္ခဲ့ဘူး။ သူ႔ရဲ႕တည္ၾကည္ၿပီးအလြန္ကိုအေလးအနက္ထားတဲ့ဟန္နဲ႔ သူ႔ရဲ႕ တဲ့တိုးနဲ႔စစ္မွန္တဲ့စကားေတြကိုေပါင္းစပ္လိုက္ရင္, လူတစ္ခ်ိဳ႕ကို သူတို႔ႏွလံုးသားကိုမခုန္ေအာင္ထိန္းလို႔မရေအာင္ေတာင္လုပ္ႏိုင္တယ္။
ေ႐ွာင္ယဲ့ သူ႔လက္ကိုအနားကိုဆြဲယူလိုက္ၿပီး ဖြဖြေလးညႇစ္ကာ သူ႔ႏႈတ္ခမ္းေလးကို ဟိုလိုသည္လိုအျပံဳးမ်ိဳးျပံဳး၍ တမင္တကာ ဝမ္က်ိဳ႕ဆီကို မ်က္လံုးပင့္ၾကည့္လိုက္သည္။
"ကိုကို, ကြၽန္ေတာ္ နည္းနည္း ေနမေကာင္းခ်င္သလိုျဖစ္ေနၿပီ"
ဝမ္က်ိဳ႕အသက္႐ွဴသံေတြကေတာ့ ခ်က္ခ်င္းဆိုသလို မတည္မၿငိမ္ျဖစ္သြားရသည္,
"အဲ့ဒါ-အဲ့ဒါဆို ကြၽန္ေတာ္တို႔ ျပန္ၾကမယ္ေလ, ဟုတ္ၿပီလား?"
“Mhm.”
ေ႐ွာင္ယဲ့ ဒီေန႔ ထူးထူးျခားျခား နာခံက်ိဳးႏြံေနတယ္။ ဂနာမၿငိမ္ျဖစ္လုနီးပါး pheromone ေတြကိုအျပင္ယုိဖိတ္ခြင့္ေပးလဲ, သူအိမ္ကေနထြက္လာတဲ့အခ်ိန္တုန္းကလိုမ်ိဳး, တစ္ပံုစံတည္း တင္းတင္းၾကပ္ၾကပ္ထုပ္ထားတဲ့ပံုစံမ်ိဳးကို သူ႔ကိုယ္သူ ျပန္ရစ္ပတ္လိုက္သည္။
သူတို႔ ငွါးထားတဲ့ေဘာလံုးကုိ ျပန္အပ္လိုက္ၿပီး အိမ္ျပန္ဖို႔စတင္လိုက္သည္။ သူတို႔ႏွစ္ေယာက္ အားကစားရံုရဲ႕ဝင္ေပါက္ေလးကို ေရာက္ရံုေလးပဲ႐ွိေသး, သူတို႔အသက္ေလာက္ပဲ႐ွိတဲ့ ေက်ာင္းသား ေလးေယာက္, ငါးေယာက္ေလာက္နဲ႔ ပက္ပင္းတိုးသြားတယ္။ ထိုငယ္ငယ္ရြယ္ရြယ္ေကာင္ေလးေတြက သူတို႔ကိုျဖတ္သြားတဲ့အခ်ိန္မွာ ဟက္ဟက္ပက္ပက္ဟာသေျပာကာရယ္ေနၾကၿပီး,ေနာက္ သူတို႔ထဲကတစ္ယာက္က ႐ုတ္တရက္ ရပ္သြားသည္။
"Fuck, ဝမ္က်ိဳ?"
အသံလာရာဆီကိုေ႐ွာင္ယဲ့လွည့္ၾကည့္လိုက္ေတာ့ အဲ့ေကာင္ေလးက နည္းနည္းေတာ့ ရင္းႏွီးသလိုျဖစ္ေနတာကိုေတြ႕လိုက္ရသည္။ အသံလာရာဆီကိုလွည့္လာတဲ့ဝမ္က်ိဳ႕ကိုပဲ ေ႐ွာင္ယဲ့ ေမးလိုက္ေတာ့တယ္။
"မင္း သူ႔ကိုသိလား?"
ဝမ္က်ိဳ မ်က္ေမွာင္ၾကဳတ္ကာ ျပန္မေျဖေပ။
ထိုေက်ာင္းသားက သေရာ္ျပံဳးျပံဳးကာ, "မင္းနဲ႔ဒီမွာေတြ႔ရလိမ့္မယ္လို႔ မထင္မိဘူး။ ေနာက္ဆံုးတစ္ေခါက္တုန္းက ငါမင္းကိုျပန္မေပးရေသးဘူးေနာ္။ ကိစၥေလးေတြ႐ွင္းဖို႔ အျပင္သြားရေအာင္?"
ဝမ္က်ိဳ, "အခု ငါ့မွာအခ်ိန္မ႐ွိဘူး။ ဒါ့အျပင္, မင္းတို႔သံုးေယာက္စလံုး အရင္တစ္ခါကလည္း ငါ့ကိုမႏိုင္ခဲ့ပါဘူး။ မင္းတကယ္ပဲ မင္းတစ္ေယာက္တည္း ငါနဲ႔ခ်ခ်င္တာလား?"
ဝမ္က်ဳိ အ့ဲလိုေျပာလိုက္တဲ့အခ်ိန္မွာပဲ ေ႐ွာင္ယဲ့ ခ်က္ခ်င္းမွတ္မိသြားတယ္။ ဒါက တကယ္ပဲ ေက်ာင္းဘက္စကက္ေဘာအသင္းက က်န္းဟုန္လား? ေဆာင္းရာသီပိတ္ရက္မတိုင္ခင္က ဝမ္က်ိဳနဲ႔ရန္ျဖစ္ခဲ့တဲ့ သံုးေယာက္ထဲကတစ္ေယာက္ေပါ့။
'အေရအတြက္မ်ားရင္safe ျဖစ္တယ္' လို႔ က်န္းဟုန္က စိတ္ထဲမွာေတြးလိုက္မိသည္။ ဘာျပႆနာမွမ႐ွိဘဲ လူငါးေယာက္က လူတစ္ေယာက္ေလာက္ကိုကိုင္တြယ္ေျဖ႐ွင္းဖို႔ လံုေလာက္ပါတယ္။ ဒါေပမဲ့ ဝမ္က်ိဳ႕စကားေတြက. 'တစ္ေယာက္နဲ႔တစ္ေယာက္ခ်မယ္' ဆိုတဲ့အေနအထားမ်ိဳး
ကန္႔သတ္ထားသလိုျဖစ္သြားတယ္။ တကယ္လို႔ သာသာ အကူအညီေတာင္းခံဖို႔ႀကိဳးစားလိုက္မယ္ဆိုရင္, သူ အရမ္းကိုမွ ေယာက္်ားဆန္တဲ့ပံုေပၚေတာ့မွာမဟုတ္ဘူး၊ ၿပီးေတာ့ သူႏိုင္သြားခဲ့ရင္ အဲ့ဒါကမတရားသျဖင့္အခြင့္အေရးယူတယ္လို႔ ေျပာခံရလိမ့္မယ္။ ဒီအတုိင္းသာဆို ဒီအကိုႀကီးကပဲ ပိုၿပီးမ်က္ႏွာပ်က္ရမဲ့ျဖစ္သြားလိမ့္မယ္။
က်န္းဟုန္ မ်က္ႏွာကိုေျပာင္တင္းလိုက္ၿပီး ခက္ထန္စြာေျပာလိုက္သည္။
"တစ္ေယာက္ခ်င္းစီပဲ, ေလာင္ဇီ မင္းကိုမေၾကာက္ဘူး"
"ဒါေပမဲ့ ငါ့မွာတကယ္အခ်ိန္မ႐ွိဘူး"
"အခ်ိန္မ႐ွိဘူး? ငါကေတာ့ မင္း ထြက္ေျပးဖို႔အေၾကာင္းျပခ်က္႐ွာေနတာလို႔ပဲ ထင္တယ္"
သူနဲ႔အတူလိုက္လာတဲ့က်န္တဲ့ေက်ာင္းသားေတြကလည္း ဝိုင္းဖြဲ႔ကာ ေလွာင္ရယ္လာၾကေတာ့သည္။
ေ႐ွာင္ယဲ့ သူ႔လည္စည္းကိုဆြဲခြၽတ္လိုက္သည္, သူ႔မ်က္ႏွာကေတာ့ အမူအယာမဲ့လ်က္,
"သူ႔မွာ အခ်ိန္မ႐ွိဘူး, ဒါေပမဲ့ ငါ့မွာေတာ့အခ်ိန္႐ွိတယ္"
"........ယဲ့ေကာ?"
ေ႐ွာင္ယဲ့ရဲ႕ၾကာ႐ွည္တည္ျမဲေနတဲ့ ဂုဏ္သတင္းက ဘာမွမဟုတ္ဘူးဆိုတာေတာ့ မဟုတ္ေပ။က်န္းဟုန္နဲ႔ သူ႔ရဲ႕ခက္ထန္တဲ့မ်က္လံုးနဲ႔ အၾကည့္ခ်င္းဆံုသြားခ်ိန္မွာေတာ့, သူ႔ရဲ႕နဂိုစိတ္ႀကီးဝင္မာန္တက္ေနတဲ့ ပံုစံက ခ်က္ခ်င္းဆိုသလို မခိုင္ျမဲၿပိဳလဲသြားသည္။
သူသူငယ္ခ်င္းထဲကတစ္ေယာက္က ေ႐ွာင္ယဲ့ကို တစ္ခါရန္သြားစဖူးတယ္။ အဲ့သူငယ္ခ်င္းကလည္း သန္မာၿပီးအား႐ွိတယ္လို႔ ယူဆလို႔ရတဲ့လူ - ဒါေပမဲ့ အဆုံးမွာ, တစ္ျခားမထီေလးစားလုပ္ခဲ့တဲ့အယ္လ္ဖာေတြလိုမ်ိဳး, ေတာ္ေတာ္ဆိုးဆိုးရြားရြားကိုအ႐ိုက္ခံလိုက္ရတာေၾကာင့္ သူ႔မ်က္ႏွာဆိုေရာင္ကိုင္းသြားၿပီး ႏွာေခါင္းကေနေသြးလွ်ံထြက္လာလို႔ သူ႔ကိုေဆးရံုပို႔လိုက္ရတယ္။ ေနာက္ေတာ့, သူ ဘက္စကက္ေဘာအသင္းကိုလာလည္တုန္း က်ိဳးေရြးမွာ ေ႐ွာင္ယဲ့အေပၚနည္းနည္းေလးစိတ္ဝင္စားေနတယ္ဆိုတာ သိလိုက္ရတဲ့အခ်ိန္မွာပဲ, အဲ့သူငယ္ခ်င္းက ခ်က္ခ်င္းကုိ သူ႔လက္ကိုဆြဲၿပီး ေလးေလးနက္နက္နဲ႔သတိေပးေတာ့တာပဲ,
"က်ိဳးေရြးကို အရဲမစြန္႔နဲ႔လို႔အၾကံေပးလိုက္စမ္းပါကြ, အဲ့အိုမီဂါက လံုးဝကိုအိုမီဂါမဟုတ္ဘူး.......မဟုတ္ဘူး, သူက လူကုိမဟုတ္တာ"
အဲ့သူငယ္ခ်င္းမ်က္ႏွာေပၚက အေၾကာက္တရားကို သူ ဒီေန႔ေပါင္းမ်ားစြာအထိ မေမ့ႏိုင္ေသးဘူး။
အဲ့ဒါေၾကာင့္ပဲ, အရင္တုန္းက က်ိဳးေရြးကေ႐ွာင္ယဲ့ကို အရမ္းအားစိုက္သံုးၿပီးမလိုက္ရတဲ့ပံုေပါက္ေနတာကို သူသိလိုက္တဲ့အခ်ိန္ကေတာင္, သူ က်ိဳးေရြးကို ေလးစားမိသြားေသးတယ္။ ေနာက္ေတာ့ အဲ့ဒီ့ေလးစားျခင္းက နင္းေျခခံလိုက္ရတယ္ဆိုေပမဲ့လည္းေပါ့။ သူ ဘယ္အခ်ိန္တုန္းက ႐ုတ္တရက္ႀကီး အေတြးအေခၚအသစ္ေတြရသြားမွန္း သူမသိလိုက္ဘူး။ ဒါေပမဲ့ Tတကၠသိုလ္ရဲ႕ေပၚျပဴလာအျဖစ္ဆံုး က်ိဳးေရြးက တကယ္ပဲ ေက်ာင္းရဲ႕အာဏာ႐ွင္ ေ႐ွာင္ယဲ့ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ခဏတစ္ျဖဳတ္ေတာ့ ေက်ာင္းရဲ႕ အေက်ာ္ေဇယ်ျဖစ္သြားေသးတယ္။
သူ႔ရဲ႕ပါတနာအခိုးခံလိုက္ၿပီးေနာက္ပိုင္း က်ိဳးေရြး ေတာ္ေတာ္ေလးကို အေျခအေနဆိုးသြားတာ။ က်ိဳးေရြးက တစ္ခါတစ္ေလဆို သူတို႔ေတြကိုေတာင္ အထြန္႔တက္လိုက္ေသး, ၿပီးေတာ့ ေက်ာင္းသားသစ္ေလးေတြကို အရမ္းအားေပ်ာ့လို႔ဆုိၿပီး ေလွာင္ရယ္လိုက္ေသးတယ္။ ညီအကိုတစ္ေယာက္နဲ႔အသင္းေဖာ္တစ္ေယာက္အေနနဲ႔, က်န္းဟုန္ အေၾကာင္းမဲ့သက္သက္ အဲ့ဒါကိုသည္းမခံႏိုင္ရံုေလးပင္။ ေနာက္ေတာ့, သူတုိ႔ အဲ့ေန႔က ဝမ္က်ိဳနဲ႔ ပက္ပင္းတိုးဖို႔ျဖစ္သြားခဲ့တယ္။ သူ က်ိဳးေရြးတို႔ရန္စျဖစ္ေနတာကိုေတြ႕လိုက္ရေတာ့, သူလည္းပဲ ရန္ပြဲထဲဝင္ပါလိုက္တယ္။ ဒါေပမဲ့, ဒီေက်ာင္းသားသစ္ေလးက က်ိဳးေရြးေျပာျပခဲ့သလိုမ်ိဳး အားနည္းေနမွာမဟုတ္ဘူးလို႔ ဘယ္သူက ေတြးထင္ခဲ့မွာလဲ။ သူ ေျမျပင္ေပၚလွဲသိပ္ခံလိုက္ရၿပီး အဲ့ေနရာမွာ မလႈပ္ႏိုင္ျဖစ္ေနခဲ့ရၿပီး, တစ္ခဏေလာက္ေလးပါပဲ, က်ိဳးေရြးလည္းပဲ ေျမျပင္ေပၚလွဲသိပ္ခံလိုက္ရတယ္။ သူ မေတြးဘဲနဲ႔မႏိုင္ဘဲ :
ညီအကုိေရ, ဒီ အင္အားကြာတာႀကီးကေလ, မင္းရဲ႕အိုမီဂါထြက္ေျပးသြားတာေတာင္ မအံ့ၾသေတာ့ဘူး, လို႔သာေတြးလိုက္မိေသးတယ္။
အဲ့ဒါကိုျပန္စဥ္းစားလိုက္ၿပီး, ေနာက္ဆံုးအဆံုးသတ္၌, သူေတာ္ေတာ္ေလး မ်က္ႏွာပ်က္သြားရတယ္။ သူ သူ႔ရဲ႕မိဘေတြကို အဲ့ဒါကိုလူသိ႐ွင္ၾကားျဖစ္ေအာင္လုပ္ဖို႔ေတာင္ ခြင့္မျပဳရဲဘူး။ က်န္းဟုန္ သူ႔ရဲ႕ေဒါသကို ေနာက္ပို႔လိုက္ၿပီး သူ႔ကိုယ္သူ လက္စားေခ်လို႔ရမဲ့အခြင့္ရေအာင္ ေစာင့္ေနလုိက္ေတာ့သည္။ အခုေလးတင္ လံုးဝၿပီးျပည့္စံုတဲ့အခြင့္အေရးရေနတာကို, က်န္းေ႐ွာင္ယဲ့က အဲ့အခြင့္အေရးကိုဖ်က္ဆီးလိုက္ၿပီ။
(T/n သားေလးရယ္ ငါးေယာက္တစ္ေယာက္ကို ေကာင္းတဲ့အခြင့္အေရးလုပ္ေန။ :3 ရယ္ခ်င္ဘူးရယ္ခ်င္ဘူး)
ဘယ္လိုပဲျဖစ္ျဖစ္, သူတို႔ထဲက ၂ေယာက္, မဟုတ္ရင္, ၃ေယာက္ေလာက္ကေတာ့ ဝမ္က်ိဳ႕ကိုကိုင္တြယ္ႏိုင္ၿပီး သူတို႔ထဲက ၁ေယာက္, ၂ေယာက္ေလာက္ကေတာ့ ေ႐ွာင္ယဲ့ကို ကိုင္တြယ္လို႔ရတာပဲလို႔ သူတြက္ဆလိုက္မိသည္။ အဲ့ဒါေၾကာင့္ ေအာင္ျမင္ဖို႔အခြင့္အေရးေတာ့ ႐ွိေသးတယ္မလား?
"ယဲ့ေကာ, ဒါက ကြၽန္ေတာ္နဲ႔ သူ႔ရဲ႕ကိစၥပါ, တကယ္ပဲ ယဲ့ေကာ ပါသင့္ရဲ႕လား?"
တစ္ျခားေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက T တကၠသိုလ္ကမဟုတ္ေပ။ ေ႐ွာင္ယဲ့ရဲ႕ဆြဲေဆာင္အားေကာင္းၿပီးႏွစ္လိုဖြယ္အျပည့္ပံုစံနဲ႔ ျဖဴေဖြးအုေနတဲ့အသားအေရကိုေတြ႔လိုက္ရေတာ့, တစ္ေယာက္က မေနႏိုင္မထိုင္ႏိုင္ဘဲ ပ်က္ရယ္ျပဳေတာ့သည္။
"က်န္းဟုန္, မင္းက ဘာလို႔ ဒီအိုမီဂါကို ယဥ္ယဥ္ေက်းေက်းေျပာေနတာလဲ?"
"မဟုတ္ဘူး, မင္းတို႔အားလံုး --"
က်န္းဟုန္ သူတို႔ကို သူတို႔ေျပာတဲ့စကားကိုဂ႐ုစိုက္သင့္တယ္လို႔ ေျပာလိုက္ခ်င္ေပမဲ့ ေ႐ွာင္ယဲ့ကေန သူ႔ရဲ႕ေအးစက္စက္အၾကည့္ေတြက သူ႔ဆီေရာက္ႏွင့္ေနၿပီ။
"မင္းတို႔က မင္းတို႔ကိုအယ္လ္ဖာမို႔လို႔ဆိုၿပီး ေစာက္ရမ္းအံ့ၾသဖို႔ေကာင္းတယ္လို႔ထင္ေနတယ္ေပါ့?"
ေ႐ွာင္ယဲ့ သူ႔လက္ဆစ္ေတြကိုခ်ိဳးေနသည္မွာ တေျဖာက္ေျဖာက္ျမည္လာေတာ့သည္။
"အိုမီဂါတစ္ေယာက္ကို ဘယ္လိုrespect ထားသင့္တယ္ဆိုတာ မင္းတို႔အကုန္လံုးကို ဒီအကိုႀကီးကသင္ေပးရမလား?"
မာန္တက္ၿပီးစိတ္ႀကီးဝင္ေနသည့္ အယ္လ္ဖာေက်ာင္းသားေတြက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ခ်က္ခ်င္းဆိုသလို ေဒါသထြက္သြားၾကေပမဲ့ ႐ုတ္တရက္, ေလထုက ခ်ိဳအီေမႊးပ်ံ႕ေနတဲ့ pheromone ရနံ႔ႏွင့္ ျပည့္ႏွက္သြားသည္။ သူတို႔ေတြအနံ႔ကိုျပင္းျပင္း႐ိႈက္သြင္းလိုက္ေတာ့, သူတုိ႔ရဲ႕ဦးေႏွာက္က ကာမဆႏၵတက္မက္မႈနဲ႔ တုန္လႈပ္လာေတာ့သည္။ ၿပီးေတာ့ သူတို႔ေ႐ွ႕က အိုမီဂါကုိ တည့္တည့္စိုက္ၾကည့္လိုက္ၾကသည္, မ်က္ႏွာထားေတြကေတာ့ အမ်ိဳးမ်ိဳးေျပာင္းလဲေန၏။
သူ႔ရဲ႕လႈပ္႐ွားမႈေတြကိုရပ္တန္႔ဖို႔ ဝမ္က်ဳိ ႏွာင့္ေႏွးျခင္းမ႐ွိဘဲ အေနာက္ကေန ေ႐ွာင္ယဲ့ကို သူ႔လက္ေတြနဲ႔ ရစ္ပတ္ဖက္တြယ္လိုက္သည္။ ေ႐ွာင္ယဲ့ကို သူ႔ရင္ခြင္ထဲဆြဲသြင္းလိုက္ၿပီး ေ႐ွာင္ယဲ့ရဲ႕မ်က္ႏွာတစ္ျပင္လံုးကို သူ႔ရဲ႕ႀကီးမားက်ယ္ျပန္႔လွတဲ့လက္နဲ႔ကာလိုက္သည္။
"ေတာင္းပန္ပါတယ္, ငါဒီေန႔ တကယ္တစ္ျခားကိစၥ႐ွိလို႔ပါ။ ေနာက္တစ္ႀကိမ္က်မွပဲ, မင္းေျပာတဲ့ဘယ္ေနရာမဆို ငါမင္းနဲ႔ရန္ျဖစ္ေပးမယ္ကြာ, ၿပီးေတာ့လည္း_____"
သူ႔ရဲ႕ရင္ဘက္နဲ႔ေ႐ွာင္ယဲ့ေက်ာကို တင္းတက္းၾကပ္ၾကပ္ဖိကပ္လိုက္ၿပီး သူ႔နားကိုကပ္ကာအသံကိုႏွိမ့္ေျပာလိုက္သည္။
"သူက ငါ့အပိုင္, သူ႔ကိုမၾကည့္နဲ႔"
ေ႐ွာင္ယဲ့ရဲ႕ ႏွလံုးသားကေတာ့ ျဗဳန္းခနဲခုန္ေပါက္လာေတာ့သည္။
သူ႔အေနာက္မွာ႐ွိတဲ့ေယာက္်ားသားရဲ႕မ်က္ႏွာထားကို ၾကည့္ဖို႔လွည့္မဲ့အခ်ိန္ေလးမွာပဲ, ဝမ္က်ိဳက သူ႔ကိုပုခံုးကေန ဆြဲေခၚသြားၿပီး ျမန္ျမန္ျပန္လို႔ရေအာင္ သူတို႔ကိုေက်ာခိုင္းလိုက္သည္။ သူ႔ရဲ႕ေထာင့္ကေနၾကည့္မယ္ဆိုရင္, သူ႔အယ္လ္ဖာရဲ႕ ၾကည္လင္ၿပီးၾကည့္ေကာင္းလွတဲ့မ်က္ႏွာေဘးတိုက္ေလးကိုပဲ ျမင္ရတယ္။
အေနာက္မွာခ်န္ခဲ့ခံရတဲ့လူအုပ္စုကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ဇေဝဇဝါအၾကည့္ႏွင့္အတူေၾကာက္ရြံ႕သည့္ဟန္ျဖင့္ပါ ၾကည့္လိုက္ၾကသည္။ အခ်ိန္အေတာ္ၾကာၿပီးကာမွ, သူတို႔ထဲကတစ္ေယာက္က တိုးတိုးတိတ္တိတ္ က်ိန္ဆဲေတာ့သည္။
"ေသလိုက္, အဲ့အယ္လ္ဖာကဘယ္သူလဲ? သူကဘာလို႔ မင္းရဲ႕က်ိဳးေကာထက္ ပိုၿပီးလူမဆန္အၾကင္နာမဲ့တဲ့ပံုေပၚေနတာလဲ?"
က်န္းဟုန္ကေတာ့ သူ႔ရဲ႕စြဲက်န္ရစ္ေနတဲ့စိတ္မခ်မ္းေျမ့စရာစိတ္ဒဏ္ရာေၾကာင့္ ေၾကာက္ရြံ႕ေနတုန္းပဲ။ သူ ခုဏကေလးတင္မွ ဝမ္က်ိဳ႕မ်က္လံုးေတြထဲက အၾကည့္ကို ျမင္လိုက္ရတယ္။ အရင္တစ္ေခါက္, က်ိဳးေရြးက ဝမ္က်ိဳ႕မ်က္ႏွာတည့္တည့္ေ႐ွ႕မွာရယ္ၿပီး က်န္႔ေ႐ွာင္ယဲ့က မၾကာခင္ပဲ သူ႔ဆီကိုလာၿပီးေတာင္းပန္လိမ့္မယ္လုိ႔ ေျပာခဲ့တဲ့အခ်ိန္တုန္းက, ဝမ္က်ိဳ႕မ်က္ႏွာထားက တဒဂၤမွ် ဒီလိုမ်ိဳး ေျပာင္းသြားေသးတယ္။
စားက်က္ေျမက်ဴးေက်ာ္ဝင္ေရာက္ခံလိုက္ရတဲ့ ဝံပုေလြတစ္ေကာင္လိုမ်ိဳး, ေလျပင္းမုန္တိုင္းလိုမ်ိဳး သူ႔မ်က္လံုးအတြင္းက အစိမ္းေရာင္အလင္းျပျပက လူတစ္ေယာက္ကို သတိၱကုန္ေအာင္ေျခာက္လွန္႔ႏိုင္ၿပီး သူတို႔ကို ကတုန္ကယင္ျဖစ္ေအာင္ လုပ္ထားႏိုင္တယ္။
က်န္းဟုန္ သူ႔တံေတြးသူျပန္မ်ိဳခ်လိုက္ၿပီး သူ႔ကိုယ္သူ ဗလံုးဗေထြးေရရြတ္ေနမိတာကေနမကယ္တင္ႏိုင္ေတာ့ေပ။
"Yangtzeျမစ္ေပၚက ေနာက္လိႈင္းေတြက အရင္ကအရာေတြကို ဆက္သယ္ယူသြားသလိုပဲ......"
T/n
တို႔တိတို႔တိနဲ႔ေရးေနတာ အခုမွၿပီးတယ္။ အခုတေလာ ဖုန္းၾကည့္ရင္ မ်က္ရည္ပူျပန္က်ခ်င္သလိုျဖစ္ေနလို႔ အရမ္းမၾကည့္ရလို႔ပါ။
Unicode
သုံးရက်မြောက်သည့်အထိ အပူလှုင်းတငွေ့ငွေ့က လျော့ကျသွားခြင်းမရှိချေ။ ထိုသုံးရက်စလုံး, အိပ်ခန်းကနေ ရေချိုးခန်းအထိ, ဧည့်ခန်းဆိုဖာပေါ်ကနေ စာကြည့်ခန်းကြမ်းပြင်ပေါ်အထိ, အိမ်တစ်အိမ်လုံး သူတို့ရဲ့ပေါင်းစပ်သွားတဲ့ pheromone ရနံ့တွေနဲ့ စွန်းထင်နေတော့သည်။
အိုမီဂါတစ်ယောက်ရဲ့ heat က ပုံမှန်ဆို သုံးရက်ပင်။ သို့သော်ငြားလည်း, ရှောင်ယဲ့က အချိန်အကြာကြီး ထိန်းချုပ်ပစ္စည်းကို သုံးခဲ့တာကြောင့် တုံ့ပြန်မှုက အရမ်းကိုမှပြင်းထန်တယ်။ လေးရက်မြောက်သည့်နေ့အထိ, ထင်ရှားတဲ့ဖျားနာခြင်း လက္ခဏာတွေ သူ့မှာ ပြနေတုန်းပဲ။ ဒါပေမဲ့, အရင်ရက်တွေနဲ့ယှဉ်ကြည့်လိုက်ရင်, သူ့အပူရှိန်ကို ဆက်တက်စေမဲ့ တစ်ချို့တစ်ချို့သောအတွေးတွေကို စိတ်ထဲမထည့်တော့ဘူးဆိုရင်တော့, ထိန်းချုပ်လို့ရတဲ့အခြေအနေရောက်နေပြီလို့ ယူဆလို့ရနေပြီ။
ရက်ပေါင်းများစွာကြာအောင် အပြင်ဘက်ကိုခြေတစ်လှမ်း တောင် မချရသေးတာကြောင့်, အတွင်းထဲမှာနေရတာ သူနည်းနည်းမွန်းကျပ်သလိုခံစားရတယ်။ ရှောင်ယဲ့ရဲ့ ခန္ဓာကိုယ်က ခဏတာတော့မထိခိုက်နိုင်တော့ဘူးဆိုတာ ဝမ်ကျို အတည်ပြုပြီးမှ အပြင်ထွက်မယ်ဆိုတဲ့တောင်းဆိုချက်ကိုသဘောတူလိုက်သည်။ သို့ပေမဲ့, မတော်တဆတွေကိုရှောင်ရန် လိုရမယ်ရ သူတို့တွေဝေးဝေးသွားလို့မဖြစ်ဘူးဟု စည်းကမ်းသတ်မှတ်ထားလိုက်သည်။
အိမ်ထဲကမထွက်ခင်, ရှောင်ယဲ့ ပေါ့ပေါ့ပါးပါးပဲ သူ့ကုတ်အင်္ကျီကို ဝတ်ရုံလေးဝတ်လိုက်တယ်ဆိုပေမဲ့ ဝမ်ကျိုက သူ့ကို ရုတ်တရက်လှမ်းဆွဲကာ သူ့အတွက် သူ့ကုတ်အင်္ကျီကို ဇစ်ဆွဲတင်ပေးသည်။ သူလည်းပဲ လည်စည်းကိုဆွဲယူလိုက်ပြီး တစ်ဝိုက်ခုံးအနီရောက်အမှတ်အပြည့်နဲ့ သူ့လည်ပင်းမှာ ပတ်လိုက်သည်။ သူ့မျက်နှာအောက်ပိုင်းက လည်စည်းပဝါထဲမှာနစ်မြုပ်နေတာကြောင့် အေးတိအေးစက်နိုင်သည့် ပိတုန်းရောင်မျက်ဝန်းတစ်စုံပဲ ပေါ်လွင်လို့နေသည်။
"ဒီလိုမျိုးလေး အရမ်းချစ်ဖို့ကောင်းတာပဲ......."
ဝမ်ကျို ခပ်တိုးတိုးရေရွတ်လိုက်မိတယ်။
ရှောင်ယဲ့အသားအရေက ကြည်လင်ပြီးတောက်ပလို့နေ၍ သူ့ရဲ့ မည်းနက်နက်မျက်ဝန်းတွေကပိုပြီးတော့တောင် တောက်ပနေသေးတယ်။ ထို့ကြောင့်, ဖုံးအုပ်ခံထားရတဲ့သူ့မျက်နှာတစ်ဝက်က နိုင်လိုမင်းထက်ပြုမူတတ်ပြီး မာနကြီးတဲ့မျက်နှာအသွင်အပြင်ကို ဖုံးထားသည့်အတွက်, သူတကယ်ပဲ နည်းနည်းတော့ ချစ်ဖို့ကောင်းသည့်ပုံပေါ်နေ၏။
ကျိန်းသေကို, ဒါက သူ့ရဲ့အပြင်ပန်းဟန်ကို ကန့်သတ်ထားတာလေ။
"ရှောင်ယဲ့က ချစ်ဖို့ကောင်းတယ်။ ရှောင်ယဲ့တို့တစ်မိသားစုလုံး ချစ်ဖို့ကောင်းတာပဲ"
ရှောင်ယဲ့ မျက်လုံးလှန်ကြည့်လိုက်သည်။
ဝမ်ကျိုကတော့ ကျီဆယ်သည့်ဟန်ဖြင့် တခစ်ခစ်ရယ်ကာ သူ့ကိုလက်ကဆွဲကာ တံခါးအပြင်ကိုဆွဲခေါ်သွားသည်။
၁၀မိနစ်စာလမ်းလျှောက်ပြီးသည့်နောက်, သူတို့နှစ်ယောက်လုံး အတွင်းထဲမှာ ဘတ်စကက်ဘောကစားလို့ရသည့် အားကစားရုံမှာ ခြေလှမ်းတန့်လိုက်သည်။ ဒါကို ဆောင်းရာသီပွဲတော်နဲ့ ဆောင်းအေးအေးမှာ ပိတ်ထားတယ်။ ကစားဖို့ တစ်ယောက်တစ်လေလောက်သာလာကြတာ။
လူထိန်းဖို့မလိုတဲ့ ဂိုးပေါက်တစ်ခုကို သူတို့တွေ့သွားပြီး ဘောလုံးတစ်လုံးငှါးကာ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ စတင်လိုက်သည်။
အခန်းကကောင်းကောင်းအပူပေးခံထားရတာကြောင့်, ရှောင်ယဲ့ သူ့အကျႌနဲ့လည်စည်းကို ချွတ်ချလိုက်တော့တယ်။ နောက်ဆုံးတော့ တင်းတင်းကြပ်ကြပ်အစည်းခံထားရတာကနေ လွတ်ပြီ။ သူ သူ့ရဲ့လက်ကောက်ဝတ်နှစ်ဖက်ကို လှည့်ခါလိုက်ပြီး စိတ်ကြီးဝင်ဟန်ဖြင့် မျက်ခုံးပင့်ပြလိုက်သည်။
"တစ်ပွဲလောက် ကစားချင်လား?"
သူ့ရဲ့ ဘတ်စကက်ဘောစွမ်းရည်က တကယ်တမ်းတော့ တော်တော်လေးကို သာမန်ပါပဲ။ ဒါပေမဲ့ သိရသရွေ့, ဝမ်ကျိုက ဘယ်တုန်းကမှ ဘောလုံးကိုမထိဖူးဘူး။ အဲ့ဒါကြောင့် ဝမ်ကျိုမနိုင်နိုင်ဖို့ ဖြစ်နိုင်ခြေများတယ်လေ။
ဝမ်ကျို ပြုံးကာ, "တော်ပါပြီ, ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် မနိုင်,နိုင်ဘူး"
ရှောင်ယဲ့ ဂရုမစိုက်သလို "ဟွန့်" ခနဲအသံပြုလိုက်သည်။ သူ ချက်ချင်း သူ့ဘက်လှည့်လိုက်ပြီး နေရာယူလိုက်သည်။ သူငုံ့ကိုင်းလိုက်ပြီး ဘောလုံးကို ပုတ်နေလိုက်သည်။ ဝမ်ကျိုလည်းပဲ နေရာဝင်သွားသည်, အာရုံစူးစိုက်နေသည့်ဟန်ဖြင့် ရှောင်ယဲ့လက်ထဲမှာရှိတဲ့ ဘောလုံးဆီကို စူးစိုက်ကြည့်နေ၏။
Tsk, ဒီလို တည်ကြည်လေးနက်တဲ့ပုံစံက ဒီခွေးရူးလေးကို ပိုပြီးတော့တောင် ကြည့်ကောင်းအောင်လုပ်နေတာပဲ။
ရှောင်ယဲ့ စိတ်ထဲကနေပဲ လေချွန်သံပေးလိုက်တယ်ဆိုပေမဲ့ သူ မျက်တောင်တစ်ချက်မခတ်ပေ။ သူ့ရဲ့စူးရှလှသည့် မျက်လုံးတွေက အားနည်းချက်ရှာဖို့ ဝမ်ကျို့တစ်ကိုယ်လုံးကို စုန်ဆန်ကြည့်လို့နေသည်။ နောက်, သူ ရုတ်တရက် ဟန့်တားဖို့ရည်ရွယ်ပြီး ပင့်မထားတဲ့ဝမ်ကျို့လက်အောက်ကနေ ငုံ့ဝင်သွားပြီး ပစ်ရိုက်ရန် အပေါ်ကိုခုန်လိုက်တော့သည်။
*ဘန်း!* ဘက်စကက်ဘောလုံးက ပိုက်ကွန်ဂိုးခြင်းထဲကို မရပ်မနားထိုးဆင်းသွားပြီး ကြမ်းပြင်ပေါ်ကိုဆောင့်ကျလာ၏။
လွယ်ကူချောမွေ့စွာနဲ့ ပထမဆုံးပစ်ချက်ကို အမှတ်ရသွားတာကြောင့် ရှောင်ယဲ့ နည်းနည်းတော့ ဂုဏ်ယူမိသွားသည်။
"ငါ ဒီနေ့ တော်တော်လေးခံစားချက်ကောင်းနေတာပဲ"
"ရွှဲကျန်းက အရမ်းအံ့သြဖို့ကောင်းတာပဲ!"
ဝမ်ကျို့ မျက်လုံးထဲမှာ ကြယ်တွေကိန်းအောင်းနေသည်။
"ငါလှုပ်ရှားတာတွေကိုလိုက်လေ့လာ"
အစကတော့, ရှောင်ယဲ့ကပဲ အသာစီးရနေပြီး ဝမ်ကျိုကတော့ ဘောလုံးကိုထိရုံလေးပင်။ ဒါပေမဲ့ တစ်ပွဲနှစ်ပွဲကစားပြီးတော့ အခြေအနေက ပြောင်းလဲသွားတယ်။ သူ့အရပ်ရဲ့အားသာချက်ရယ်, တဖြည်းဖြည်းနဲ့သိသာလာတဲ့ နေရာယူမှုရယ်, ထပ်ပေါင်းပြောရရင် သူက သင်ယူတာလည်းမြန်တယ်, ရှောင်ယဲ့ရဲ့ခြေလှမ်းဟန်တွေကို ကွက်တိအံကိုက် အတုခိုးနိုင်တယ်။
"မဆိုးပါဘူး။ တကယ်လို့ မင်းသာ နောက်တစ်နာရီမှာ ငါ့ဆီကနေ ဆယ်မှတ်ယူနိုင်ရင်, ငါတို့ ပြန်တဲ့အခါကျ ဆုရမယ်"
ရှောင်ယဲ့ သူ့ရဲ့ဆံပင်တွေကို ဖွလိုက်တယ်။
"Okay!"
Motivationအဖြစ် ဆုကိုမှတ်လိုက်ပြီး ဝမ်ကျို သူ့ရဲ့အားမှန်သမျှကို ပွဲအပေါ်ထည့်သွင်းလိုက်ပြီး တဖြည်းဖြည်းချင်း တကယ့်ခံစစ်ကနေ ပထမအဆင့် တိုက်စစ်ကို ပြောင်းလိုက်သည်။ အကြိမ်တော်တော်များအထိ ရှောင်ယဲ့ဆီက ဘောလုံးကိုသူလုယူနိုင်ခဲ့တယ်ဆိုပေမဲ့ ကံမကောင်းအကြောင်းမလှစွာဖြင့်, သူ ကောင်းကောင်းမပစ်သွင်းနိုင်တာကြောင့် အမှတ်ရဖို့ ရှုံးပဲရှုံးနေတော့သည်။
သူ ခဏလောက် ဂိုးပေါက်ကိုသေသေချာချာလေးလေးနက်နက် တွေးကာစူးစိုက်ကြည့်နေပြီးမှ ချက်ချင်းဆိုသလို နောက်တစ်ကြိမ် ဘောလုံးကိုလုယူလိုက်ပြီး အဝေးကနေလှမ်းပစ်ဖို့ သူမလုပ်ဘဲ ဂိုးခြင်းပေါက်အထိ ပြေးဖို့ ပြတ်ပြတ်သားသား ရွေးချယ်ကာ slam dunk ဟန်ခုန်လိုက်သည်။ တားဖို့အတွက် ရှောင်ယဲ့လည်းအပေါ်ကိုခုန်လိုက်တယ်ဆိုပေမဲ့ ဝမ်ကျိုရဲ့အရပ်အားသာချက်ကြောင့် ဝမ်ကျိုကတောင် ပိုပြီးတော့မြင့်မြင့်ခုန်နိုင်တာကြောင့် သူ့ရဲ့ airtime ကတောင်ပိုပြီးမြင့်နေသေးတယ်။
ရှောင်ယဲ့ ပြန်ပြီးပြုတ်ကျတော့မဲ့အချိန်မှာ, ဝမ်ကျိုကတော့ သူ့slam dunk ရဲ့ အထွတ်ကိုရောက်ရုံလေးပဲရှိသေးတယ်။
*ဘန်း!* ဘောလုံးလည်း အနားဝန်းကိုဖြတ်သွားပြီး ဂိုးခြင်းပေါက်တစ်ခုလုံး အကြိမ်အနည်းငယ်အထိ တုန်ခါကျန်နေခဲ့သည်။
ရှောင်ယဲ့လည်း ကြမ်းပြင်ပေါ်လှဲချလိုက်ပြီး နှုတ်ခမ်းစူလိုက်တယ်။
"အရမ်းတရားလွန်တယ်။ ငါက မင်းထက်ပုလို့ မင်းက ငါ့ကိုအနိုင်ကျင့်နေတာလား?"
ဝမ်ကျို့ရဲ့ပြုံးနေသည့်မျက်နှာက ချက်ချင်းကိုပင် တောင့်သွားသည်။
"ကျွန်တော်မလုပ်ပါဘူး! ကျွန်တော်လုပ်မှာမဟုတ်ဘူး.....ကျွန်တော် အဲ့လိုမျိုးလုပ်မှာမဟုတ်ဘူး!"
"ဘာကို မင်းကအလန့်တကြားဖြစ်နေတာတုန်း"
ရှောင်ယဲ့ အရမ်းရယ်လိုက်တာကြောင့် သူ့ဗိုက်တောင်နာသွားရတယ်။ အဲ့နောက်, တမင်သက်သက် pheromone အနံ့ပါးပါးလေး ထုတ်လိုက်သည်။ သူ နီးနီးကပ်ကပ် သွားမှီလိုက်ပြီး အသံကိုတိုးကာပြောလိုက်သည်။
"ငါ မင်းဆီကနေအနိုင်ကျင့်ခံရတာကိုကြိုက်တယ်။ ငါ့ကိုပိုပြီးတော့အနိုင်ကျင့်ပေးပါနော်, ကိုကို"
ဝမ်ကျို့မျက်နှာက ချက်ချင်းဆိုသလို နီရဲတွတ်သွား၏။
အဲ့လိုဖြစ်ပြီးတဲ့နောက်သူ့ကိုအရှက်ရစေနိုင်မဲ့ တစ်ချို့တစ်ချို့သော နေရာတွေကိုလိုက်ဖုံးဖို့လိုအပ်တာကြောင့်, သူ ဘယ်လိုမှအာရုံစူးစိုက်လို့မရတော့ဘဲ ရွှေရောင်အခွင့်အရေးတွေကို ထပ်ခါတလဲလဲ လက်လွှတ်ဆုံးရှုံးနေတော့ တယ်။ကံကောင်းစွာနဲ့, သူ ချောင်တဲ့အားကစားဘောင်းဘီရယ် သက်တောင့်သက်သာရှိတဲ့ hoddie ဝတ်လာလို့သာပဲ, အဲ့ဒါကြောင့် သူ့ရဲ့ ရုတ်တရက်ထောင်မတ်လာမှုကို လုံးဝဖုံးထားနိုင်တယ်။
ရှောင်ယဲ့ကတော့ ထပ်ခါတလဲလဲ အမှတ်ရနေတော့သည်, သူ့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ စကေးတွေကို ထပ်တလဲလဲ ကြွားလုံးထုတ်နေတော့တာပဲ။
ဟက်, ယဲ့ကောမှာ သူ့ကိုယ်သူမျက်နှာမပျက်အောင်ကာကွယ်ဖို့ နည်းလမ်းထောင်ပေါင်းများစွာရှိတယ်ကွ။
တစ်နာရီကြာပြီးနောက်, နောက်ဆုံးအဆုံးသတ်၌, ဝမ်ကျိုက ၅မှတ်လေးပဲရလိုက်တာကြောင့် စိတ်ပျက်အားလျော့သည့်ဟန်ဖြင့် ညည်းလိုက်သည်။
"ရှေ့လျှောက်, ကျွန်တော် ကျိန်းသေကို သေသေချာချာလေ့ကျင့်မှဖြစ်တော့မယ်.......နောက်တစ်ကြိမ်ကျရင်လည်း ဆုရမှာလား?"
"အခြေအနေပေါ်မူတည်တယ်လေ"
ရှောင်ယဲ့ ကိုယ့်ကိုယ်ကို ရယ်လိုက်မိသည်။
"မင်းရဲ့ basketball game တွေကိုလေ့ကျင့်တာထက်, မင်းရဲ့စိတ်စွမ်းအားကိုလေ့ကျင့်တာက ပိုပြီးကောင်းလိမ့်မယ်။ တကယ်လို့ မင်းသာ ဒီလောက်လေးစတာကို မတောင့်ထားနိုင်လူးဆိုရင်, နောက်ကျလို့ နန့်တံ့တံ့အိုမီဂါမျိုးပေါ်လာခဲ့ရင်, မင်း အခိုးခံလိုက်မှာလား?"
"မဖြစ်နိုင်ဘူး! ကျွန်တော် ရှောင်ယဲ့တစ်ယောက်တည်းနဲ့ပဲ အတူရှိမှာ!" ဟု ဝမ်ကျို စိုးရိမ်တကြီးပြောလိုက်မိသည်။ သူသူ့ဘယ်ဘက်လက်ကိုမြှောက်ကာ လက်စွပ်ကိုပြရင်း သန္နိဋ္ဌာန်ချလိုက်သည်။
"ကျွန်တော့်နှလုံးသားထဲမှာရော, ကျွန်တော့်မျက်လုံးထဲမှာရော, ရှောင်ယဲ့တစ်ယောက်တည်းပဲရှိတယ်"
"အိုကေ,အိုကေ, ချလိုက်ပါတော့, ငါကနောက်နေတာပါ"
ရှောင်ယဲ့ ဝမ်ကျို့လက်ကိုအောက်ကိုဆွဲချလိုက်သည်။ ခွေးရူးလေးကလေ ရှက်တတ်တတ်ပြောမယ်ဆိုရင်, အဲ့စကားတွေက တကယ်ပဲရှက်တတ်တတ်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူ တည့်တိုးပြောတဲ့အခါကျတော့, တကယ်ကြီးကို တည့်တိုးဖြစ်သွားတော့တာပဲ။ သူ့ရဲ့ခံစားချက်တွေကို ဖော်ပြတဲ့အချိန်မှာ, ဘယ်တော့မှ တုံ့ဆိုင်းတုံ့ဆိုင်းမဖြစ်ခဲ့ဘူး။ သူ့ရဲ့တည်ကြည်ပြီးအလွန်ကိုအလေးအနက်ထားတဲ့ဟန်နဲ့ သူ့ရဲ့ တဲ့တိုးနဲ့စစ်မှန်တဲ့စကားတွေကိုပေါင်းစပ်လိုက်ရင်, လူတစ်ချို့ကို သူတို့နှလုံးသားကိုမခုန်အောင်ထိန်းလို့မရအောင်တောင်လုပ်နိုင်တယ်။
ရှောင်ယဲ့ သူ့လက်ကိုအနားကိုဆွဲယူလိုက်ပြီး ဖွဖွလေးညှစ်ကာ သူ့နှုတ်ခမ်းလေးကို ဟိုလိုသည်လိုအပြုံးမျိုးပြုံး၍ တမင်တကာ ဝမ်ကျို့ဆီကို မျက်လုံးပင့်ကြည့်လိုက်သည်။
"ကိုကို, ကျွန်တော် နည်းနည်း နေမကောင်းချင်သလိုဖြစ်နေပြီ"
ဝမ်ကျို့အသက်ရှူသံတွေကတော့ ချက်ချင်းဆိုသလို မတည်မငြိမ်ဖြစ်သွားရသည်,
"အဲ့ဒါ-အဲ့ဒါဆို ကျွန်တော်တို့ ပြန်ကြမယ်လေ, ဟုတ်ပြီလား?"
“Mhm.”
ရှောင်ယဲ့ ဒီနေ့ ထူးထူးခြားခြား နာခံကျိုးနွံနေတယ်။ ဂနာမငြိမ်ဖြစ်လုနီးပါး pheromone တွေကိုအပြင်ယိုဖိတ်ခွင့်ပေးလဲ, သူအိမ်ကနေထွက်လာတဲ့အချိန်တုန်းကလိုမျိုး, တစ်ပုံစံတည်း တင်းတင်းကြပ်ကြပ်ထုပ်ထားတဲ့ပုံစံမျိုးကို သူ့ကိုယ်သူ ပြန်ရစ်ပတ်လိုက်သည်။
သူတို့ ငှါးထားတဲ့ဘောလုံးကို ပြန်အပ်လိုက်ပြီး အိမ်ပြန်ဖို့စတင်လိုက်သည်။ သူတို့နှစ်ယောက် အားကစားရုံရဲ့ဝင်ပေါက်လေးကို ရောက်ရုံလေးပဲရှိသေး, သူတို့အသက်လောက်ပဲရှိတဲ့ ကျောင်းသား လေးယောက်, ငါးယောက်လောက်နဲ့ ပက်ပင်းတိုးသွားတယ်။ ထိုငယ်ငယ်ရွယ်ရွယ်ကောင်လေးတွေက သူတို့ကိုဖြတ်သွားတဲ့အချိန်မှာ ဟက်ဟက်ပက်ပက်ဟာသပြောကာရယ်နေကြပြီး,နောက် သူတို့ထဲကတစ်ယာက်က ရုတ်တရက် ရပ်သွားသည်။
"Fuck, ဝမ်ကျို?"
အသံလာရာဆီကိုရှောင်ယဲ့လှည့်ကြည့်လိုက်တော့ အဲ့ကောင်လေးက နည်းနည်းတော့ ရင်းနှီးသလိုဖြစ်နေတာကိုတွေ့လိုက်ရသည်။ အသံလာရာဆီကိုလှည့်လာတဲ့ဝမ်ကျို့ကိုပဲ ရှောင်ယဲ့ မေးလိုက်တော့တယ်။
"မင်း သူ့ကိုသိလား?"
ဝမ်ကျို မျက်မှောင်ကြုတ်ကာ ပြန်မဖြေပေ။
ထိုကျောင်းသားက သရော်ပြုံးပြုံးကာ, "မင်းနဲ့ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်မိဘူး။ နောက်ဆုံးတစ်ခေါက်တုန်းက ငါမင်းကိုပြန်မပေးရသေးဘူးနော်။ ကိစ္စလေးတွေရှင်းဖို့ အပြင်သွားရအောင်?"
ဝမ်ကျို, "အခု ငါ့မှာအချိန်မရှိဘူး။ ဒါ့အပြင်, မင်းတို့သုံးယောက်စလုံး အရင်တစ်ခါကလည်း ငါ့ကိုမနိုင်ခဲ့ပါဘူး။ မင်းတကယ်ပဲ မင်းတစ်ယောက်တည်း ငါနဲ့ချချင်တာလား?"
ဝမ်ကျို အဲ့လိုပြောလိုက်တဲ့အချိန်မှာပဲ ရှောင်ယဲ့ ချက်ချင်းမှတ်မိသွားတယ်။ ဒါက တကယ်ပဲ ကျောင်းဘက်စကက်ဘောအသင်းက ကျန်းဟုန်လား? ဆောင်းရာသီပိတ်ရက်မတိုင်ခင်က ဝမ်ကျိုနဲ့ရန်ဖြစ်ခဲ့တဲ့ သုံးယောက်ထဲကတစ်ယောက်ပေါ့။
'အရေအတွက်များရင်safe ဖြစ်တယ်' လို့ ကျန်းဟုန်က စိတ်ထဲမှာတွေးလိုက်မိသည်။ ဘာပြဿနာမှမရှိဘဲ လူငါးယောက်က လူတစ်ယောက်လောက်ကိုကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဝမ်ကျို့စကားတွေက. 'တစ်ယောက်နဲ့တစ်ယောက်ချမယ်' ဆိုတဲ့အနေအထားမျိုး
ကန့်သတ်ထားသလိုဖြစ်သွားတယ်။ တကယ်လို့ သာသာ အကူအညီတောင်းခံဖို့ကြိုးစားလိုက်မယ်ဆိုရင်, သူ အရမ်းကိုမှ ယောက်ျားဆန်တဲ့ပုံပေါ်တော့မှာမဟုတ်ဘူး၊ ပြီးတော့ သူနိုင်သွားခဲ့ရင် အဲ့ဒါကမတရားသဖြင့်အခွင့်အရေးယူတယ်လို့ ပြောခံရလိမ့်မယ်။ ဒီအတိုင်းသာဆို ဒီအကိုကြီးကပဲ ပိုပြီးမျက်နှာပျက်ရမဲ့ဖြစ်သွားလိမ့်မယ်။
ကျန်းဟုန် မျက်နှာကိုပြောင်တင်းလိုက်ပြီး ခက်ထန်စွာပြောလိုက်သည်။
"တစ်ယောက်ချင်းစီပဲ, လောင်ဇီ မင်းကိုမကြောက်ဘူး"
"ဒါပေမဲ့ ငါ့မှာတကယ်အချိန်မရှိဘူး"
"အချိန်မရှိဘူး? ငါကတော့ မင်း ထွက်ပြေးဖို့အကြောင်းပြချက်ရှာနေတာလို့ပဲ ထင်တယ်"
သူနဲ့အတူလိုက်လာတဲ့ကျန်တဲ့ကျောင်းသားတွေကလည်း ဝိုင်းဖွဲ့ကာ လှောင်ရယ်လာကြတော့သည်။
ရှောင်ယဲ့ သူ့လည်စည်းကိုဆွဲချွတ်လိုက်သည်, သူ့မျက်နှာကတော့ အမူအယာမဲ့လျက်,
"သူ့မှာ အချိန်မရှိဘူး, ဒါပေမဲ့ ငါ့မှာတော့အချိန်ရှိတယ်"
"........ယဲ့ကော?"
ရှောင်ယဲ့ရဲ့ကြာရှည်တည်မြဲနေတဲ့ ဂုဏ်သတင်းက ဘာမှမဟုတ်ဘူးဆိုတာတော့ မဟုတ်ပေ။ကျန်းဟုန်နဲ့ သူ့ရဲ့ခက်ထန်တဲ့မျက်လုံးနဲ့ အကြည့်ချင်းဆုံသွားချိန်မှာတော့, သူ့ရဲ့နဂိုစိတ်ကြီးဝင်မာန်တက်နေတဲ့ ပုံစံက ချက်ချင်းဆိုသလို မခိုင်မြဲပြိုလဲသွားသည်။
သူသူငယ်ချင်းထဲကတစ်ယောက်က ရှောင်ယဲ့ကို တစ်ခါရန်သွားစဖူးတယ်။ အဲ့သူငယ်ချင်းကလည်း သန်မာပြီးအားရှိတယ်လို့ ယူဆလို့ရတဲ့လူ - ဒါပေမဲ့ အဆုံးမှာ, တစ်ခြားမထီလေးစားလုပ်ခဲ့တဲ့အယ်လ်ဖာတွေလိုမျိုး, တော်တော်ဆိုးဆိုးရွားရွားကိုအရိုက်ခံလိုက်ရတာကြောင့် သူ့မျက်နှာဆိုရောင်ကိုင်းသွားပြီး နှာခေါင်းကနေသွေးလျှံထွက်လာလို့ သူ့ကိုဆေးရုံပို့လိုက်ရတယ်။ နောက်တော့, သူ ဘက်စကက်ဘောအသင်းကိုလာလည်တုန်း ကျိုးရွေးမှာ ရှောင်ယဲ့အပေါ်နည်းနည်းလေးစိတ်ဝင်စားနေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာပဲ, အဲ့သူငယ်ချင်းက ချက်ချင်းကို သူ့လက်ကိုဆွဲပြီး လေးလေးနက်နက်နဲ့သတိပေးတော့တာပဲ,
"ကျိုးရွေးကို အရဲမစွန့်နဲ့လို့အကြံပေးလိုက်စမ်းပါကွ, အဲ့အိုမီဂါက လုံးဝကိုအိုမီဂါမဟုတ်ဘူး.......မဟုတ်ဘူး, သူက လူကိုမဟုတ်တာ"
အဲ့သူငယ်ချင်းမျက်နှာပေါ်က အကြောက်တရားကို သူ ဒီနေ့ပေါင်းများစွာအထိ မမေ့နိုင်သေးဘူး။
အဲ့ဒါကြောင့်ပဲ, အရင်တုန်းက ကျိုးရွေးကရှောင်ယဲ့ကို အရမ်းအားစိုက်သုံးပြီးမလိုက်ရတဲ့ပုံပေါက်နေတာကို သူသိလိုက်တဲ့အချိန်ကတောင်, သူ ကျိုးရွေးကို လေးစားမိသွားသေးတယ်။ နောက်တော့ အဲ့ဒီ့လေးစားခြင်းက နင်းခြေခံလိုက်ရတယ်ဆိုပေမဲ့လည်းပေါ့။ သူ ဘယ်အချိန်တုန်းက ရုတ်တရက်ကြီး အတွေးအခေါ်အသစ်တွေရသွားမှန်း သူမသိလိုက်ဘူး။ ဒါပေမဲ့ Tတက္ကသိုလ်ရဲ့ပေါ်ပြူလာအဖြစ်ဆုံး ကျိုးရွေးက တကယ်ပဲ ကျောင်းရဲ့အာဏာရှင် ရှောင်ယဲ့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ခဏတစ်ဖြုတ်တော့ ကျောင်းရဲ့ အကျော်ဇေယျဖြစ်သွားသေးတယ်။
သူ့ရဲ့ပါတနာအခိုးခံလိုက်ပြီးနောက်ပိုင်း ကျိုးရွေး တော်တော်လေးကို အခြေအနေဆိုးသွားတာ။ ကျိုးရွေးက တစ်ခါတစ်လေဆို သူတို့တွေကိုတောင် အထွန့်တက်လိုက်သေး, ပြီးတော့ ကျောင်းသားသစ်လေးတွေကို အရမ်းအားပျော့လို့ဆိုပြီး လှောင်ရယ်လိုက်သေးတယ်။ ညီအကိုတစ်ယောက်နဲ့အသင်းဖော်တစ်ယောက်အနေနဲ့, ကျန်းဟုန် အကြောင်းမဲ့သက်သက် အဲ့ဒါကိုသည်းမခံနိုင်ရုံလေးပင်။ နောက်တော့, သူတို့ အဲ့နေ့က ဝမ်ကျိုနဲ့ ပက်ပင်းတိုးဖို့ဖြစ်သွားခဲ့တယ်။ သူ ကျိုးရွေးတို့ရန်စဖြစ်နေတာကိုတွေ့လိုက်ရတော့, သူလည်းပဲ ရန်ပွဲထဲဝင်ပါလိုက်တယ်။ ဒါပေမဲ့, ဒီကျောင်းသားသစ်လေးက ကျိုးရွေးပြောပြခဲ့သလိုမျိုး အားနည်းနေမှာမဟုတ်ဘူးလို့ ဘယ်သူက တွေးထင်ခဲ့မှာလဲ။ သူ မြေပြင်ပေါ်လှဲသိပ်ခံလိုက်ရပြီး အဲ့နေရာမှာ မလှုပ်နိုင်ဖြစ်နေခဲ့ရပြီး, တစ်ခဏလောက်လေးပါပဲ, ကျိုးရွေးလည်းပဲ မြေပြင်ပေါ်လှဲသိပ်ခံလိုက်ရတယ်။ သူ မတွေးဘဲနဲ့မနိုင်ဘဲ :
ညီအကိုရေ, ဒီ အင်အားကွာတာကြီးကလေ, မင်းရဲ့အိုမီဂါထွက်ပြေးသွားတာတောင် မအံ့သြတော့ဘူး, လို့သာတွေးလိုက်မိသေးတယ်။
အဲ့ဒါကိုပြန်စဉ်းစားလိုက်ပြီး, နောက်ဆုံးအဆုံးသတ်၌, သူတော်တော်လေး မျက်နှာပျက်သွားရတယ်။ သူ သူ့ရဲ့မိဘတွေကို အဲ့ဒါကိုလူသိရှင်ကြားဖြစ်အောင်လုပ်ဖို့တောင် ခွင့်မပြုရဲဘူး။ ကျန်းဟုန် သူ့ရဲ့ဒေါသကို နောက်ပို့လိုက်ပြီး သူ့ကိုယ်သူလက်စားချေလို့ရမဲ့အခွင့်ရအောင် စောင့်နေလိုက်တော့သည်။ အခုလေးတင် လုံးဝပြီးပြည့်စုံတဲ့အခွင့်အရေးရနေတာကို, ကျန်းရှောင်ယဲ့က အဲ့အခွင့်အရေးကိုဖျက်ဆီးလိုက်ပြီ။
(T/n သားလေးရယ် ငါးယောက်တစ်ယောက်ကို ကောင်းတဲ့အခွင့်အရေးလုပ်နေ။ :3 ရယ်ချင်ဘူးရယ်ချင်ဘူး)
ဘယ်လိုပဲဖြစ်ဖြစ်, သူတို့ထဲက ၂ယောက်, မဟုတ်ရင်, ၃ယောက်လောက်ကတော့ ဝမ်ကျို့ကိုကိုင်တွယ်နိုင်ပြီး သူတို့ထဲက ၁ယောက်, ၂ယောက်လောက်ကတော့ ရှောင်ယဲ့ကို ကိုင်တွယ်လို့ရတာပဲလို့ သူတွက်ဆလိုက်မိသည်။ အဲ့ဒါကြောင့် အောင်မြင်ဖို့အခွင့်အရေးတော့ ရှိသေးတယ်မလား?
"ယဲ့ကော, ဒါက ကျွန်တော်နဲ့ သူ့ရဲ့ကိစ္စပါ, တကယ်ပဲ ယဲ့ကော ပါသင့်ရဲ့လား?"
တစ်ခြားကျောင်းသားတော်တော်များများက T တက္ကသိုလ်ကမဟုတ်ပေ။ ရှောင်ယဲ့ရဲ့ဆွဲဆောင်အားကောင်းပြီးနှစ်လိုဖွယ်အပြည့်ပုံစံနဲ့ ဖြူဖွေးအုနေတဲ့အသားအရေကိုတွေ့လိုက်ရတော့, တစ်ယောက်က မနေနိုင်မထိုင်နိုင်ဘဲ ပျက်ရယ်ပြုတော့သည်။
"ကျန်းဟုန်, မင်းက ဘာလို့ ဒီအိုမီဂါကို ယဉ်ယဉ်ကျေးကျေးပြောနေတာလဲ?"
"မဟုတ်ဘူး, မင်းတို့အားလုံး --"
ကျန်းဟုန် သူတို့ကို သူတို့ပြောတဲ့စကားကိုဂရုစိုက်သင့်တယ်လို့ ပြောလိုက်ချင်ပေမဲ့ ရှောင်ယဲ့ကနေ သူ့ရဲ့အေးစက်စက်အကြည့်တွေက သူ့ဆီရောက်နှင့်နေပြီ။
"မင်းတို့က မင်းတို့ကိုအယ်လ်ဖာမို့လို့ဆိုပြီး စောက်ရမ်းအံ့သြဖို့ကောင်းတယ်လို့ထင်နေတယ်ပေါ့?"
ရှောင်ယဲ့ သူ့လက်ဆစ်တွေကိုချိုးနေသည်မှာ တဖြောက်ဖြောက်မြည်လာတော့သည်။
"အိုမီဂါတစ်ယောက်ကို ဘယ်လိုrespect ထားသင့်တယ်ဆိုတာ မင်းတို့အကုန်လုံးကို ဒီအကိုကြီးကသင်ပေးရမလား?"
မာန်တက်ပြီးစိတ်ကြီးဝင်နေသည့် အယ်လ်ဖာကျောင်းသားတွေက မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းဆိုသလို ဒေါသထွက်သွားကြပေမဲ့ ရုတ်တရက်, လေထုက ချိုအီမွှေးပျံ့နေတဲ့ pheromone ရနံ့နှင့် ပြည့်နှက်သွားသည်။ သူတို့တွေအနံ့ကိုပြင်းပြင်းရှိုက်သွင်းလိုက်တော့, သူတို့ရဲ့ဦးနှောက်က ကာမဆန္ဒတက်မက်မှုနဲ့ တုန်လှုပ်လာတော့သည်။ ပြီးတော့ သူတို့ရှေ့က အိုမီဂါကို တည့်တည့်စိုက်ကြည့်လိုက်ကြသည်, မျက်နှာထားတွေကတော့ အမျိုးမျိုးပြောင်းလဲနေ၏။
သူ့ရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်ဖို့ ဝမ်ကျို နှာင့်နှေးခြင်းမရှိဘဲ အနောက်ကနေ ရှောင်ယဲ့ကို သူ့လက်တွေနဲ့ ရစ်ပတ်ဖက်တွယ်လိုက်သည်။ ရှောင်ယဲ့ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ရှောင်ယဲ့ရဲ့မျက်နှာတစ်ပြင်လုံးကို သူ့ရဲ့ကြီးမားကျယ်ပြန့်လှတဲ့လက်နဲ့ကာလိုက်သည်။
"တောင်းပန်ပါတယ်, ငါဒီနေ့ တကယ်တစ်ခြားကိစ္စရှိလို့ပါ။ နောက်တစ်ကြိမ်ကျမှပဲ, မင်းပြောတဲ့ဘယ်နေရာမဆို ငါမင်းနဲ့ရန်ဖြစ်ပေးမယ်ကွာ, ပြီးတော့လည်း_____"
သူ့ရဲ့ရင်ဘက်နဲ့ရှောင်ယဲ့ကျောကို တင်းတက်းကြပ်ကြပ်ဖိကပ်လိုက်ပြီး သူ့နားကိုကပ်ကာအသံကိုနှိမ့်ပြောလိုက်သည်။
"သူက ငါ့အပိုင်, သူ့ကိုမကြည့်နဲ့"
ရှောင်ယဲ့ရဲ့ နှလုံးသားကတော့ ဗြုန်းခနဲခုန်ပေါက်လာတော့သည်။
သူ့အနောက်မှာရှိတဲ့ယောက်ျားသားရဲ့မျက်နှာထားကို ကြည့်ဖို့လှည့်မဲ့အချိန်လေးမှာပဲ, ဝမ်ကျိုက သူ့ကိုပုခုံးကနေ ဆွဲခေါ်သွားပြီး မြန်မြန်ပြန်လို့ရအောင် သူတို့ကိုကျောခိုင်းလိုက်သည်။ သူ့ရဲ့ထောင့်ကနေကြည့်မယ်ဆိုရင်, သူ့အယ်လ်ဖာရဲ့ ကြည်လင်ပြီးကြည့်ကောင်းလှတဲ့မျက်နှာဘေးတိုက်လေးကိုပဲ မြင်ရတယ်။
အနောက်မှာချန်ခဲ့ခံရတဲ့လူအုပ်စုကတော့ တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါအကြည့်နှင့်အတူကြောက်ရွံ့သည့်ဟန်ဖြင့်ပါ ကြည့်လိုက်ကြသည်။ အချိန်အတော်ကြာပြီးကာမှ, သူတို့ထဲကတစ်ယောက်က တိုးတိုးတိတ်တိတ် ကျိန်ဆဲတော့သည်။
"သေလိုက်, အဲ့အယ်လ်ဖာကဘယ်သူလဲ? သူကဘာလို့ မင်းရဲ့ကျိုးကောထက် ပိုပြီးလူမဆန်အကြင်နာမဲ့တဲ့ပုံပေါ်နေတာလဲ?"
ကျန်းဟုန်ကတော့ သူ့ရဲ့စွဲကျန်ရစ်နေတဲ့စိတ်မချမ်းမြေ့စရာစိတ်ဒဏ်ရာကြောင့် ကြောက်ရွံ့နေတုန်းပဲ။ သူ ခုဏကလေးတင်မှ ဝမ်ကျို့မျက်လုံးတွေထဲက အကြည့်ကို မြင်လိုက်ရတယ်။ အရင်တစ်ခေါက်, ကျိုးရွေးက ဝမ်ကျို့မျက်နှာတည့်တည့်ရှေ့မှာရယ်ပြီး ကျန့်ရှောင်ယဲ့က မကြာခင်ပဲ သူ့ဆီကိုလာပြီးတောင်းပန်လိမ့်မယ်လို့ ပြောခဲ့တဲ့အချိန်တုန်းက, ဝမ်ကျို့မျက်နှာထားက တဒင်္ဂမျှ ဒီလိုမျိုး ပြောင်းသွားသေးတယ်။
စားကျက်မြေကျူးကျော်ဝင်ရောက်ခံလိုက်ရတဲ့ ဝံပုလွေတစ်ကောင်လိုမျိုး, လေပြင်းမုန်တိုင်းလိုမျိုး သူ့မျက်လုံးအတွင်းက အစိမ်းရောင်အလင်းပြပြက လူတစ်ယောက်ကို သတ္တိကုန်အောင်ခြောက်လှန့်နိုင်ပြီး သူတို့ကို ကတုန်ကယင်ဖြစ်အောင် လုပ်ထားနိုင်တယ်။
ကျန်းဟုန် သူ့တံတွေးသူပြန်မျိုချလိုက်ပြီး သူ့ကိုယ်သူ ဗလုံးဗထွေးရေရွတ်နေမိတာကနေမကယ်တင်နိုင်တော့ပေ။
"Yangtzeမြစ်ပေါ်က နောက်လှိုင်းတွေက အရင်ကအရာတွေကို ဆက်သယ်ယူသွားသလိုပဲ......"
T/n
တို့တိတို့တိနဲ့ရေးနေတာ အခုမှပြီးတယ်။ အခုတလော ဖုန်းကြည့်ရင် မျက်ရည်ပူပြန်ကျချင်သလိုဖြစ်နေလို့ အရမ်းမကြည့်ရလို့ပါ။