သူမှလွဲ၍ _Completed

By Noon_i

259K 26.8K 1.1K

အိပ်မက်တစ်ခုကနေ ဆုံတွေ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့အကြောင်း.... သင်အိပ်မက်ဆိုတဲ့အရာကို ယုံပါသလား။ အိပ္မက္တစ္ခုကေန... More

Intro
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32
Ep_33
Ep_34
End

Ep_22

4.8K 665 37
By Noon_i

Unicode

မုန့်လုံးရေပေါ်တစ်ဘူးလံုးကုန်သွားသည့်တိုင်အောင် နှိုင်းအားခွံ့ကျွေးခဲ့မိသိသည့်အတွက် မုန့်လုပ်သည့်နေရာသို့ နောက်တစ်ခေါက်သွားကာ ထပ်ယူပြန်ပါသည်။

တောက်ပလှသောမျက်လုံးတို့ထက် ဖုံးအုပ်ထားသော နေကာမျက်မှန်အားဘယ််ဘက်လက်ဖြင့် ဆံပင်ပေါ်ဆွဲတင်လိုက်ကာ ကားခေါင်းပိုင်းသို့ကျောမှီရပ်လျက် မိုဝီအားကြည့်နေသည်။

ရေစိုမည်စိုးသဖြင့် ညာဘက်လက်ကိုတော့အပြင်သို့မထုတ်ပဲ မိုးကာအကျီနှင့်သာဖုံးထားသည်။သွယ်လျသောခြေတံရှည်တို့ကြောင့် လူပုံအလယ်တွင်ထင်းနေသည်။

မျက်နှာတွင်ပလာစတာများကပ်ထားရသော်လည်း ချွန်ထက်ထက်နှာတံနှင့် ထူထဲသောမျက်ခုံးတို့မှာ ဖြတ်သွားဖြတ်လာမိန်းကလေးများ၏ အကြည့်တို့အား ဆွဲငင်နေစဲပင်။ စိမ်းဖန့်ဖန့်သွေးကြောများမှာလည်းလက်ချောင်းဖြူဖြူလေးထက်တွင် နေရာယူထားသည်။

မိုဝီထိုင်စောင့်နေသည်ကိုတွေ့သဖြင့် ဖုန်းကိုထုတ်ကာ အပေါ်ဆွဲလိုက်အောက်ဆွဲလိုက်နှင့် လုပ်နေချိန် မိန်းမငယ်လေးနှစ်ယောက် နှိုင်း၏အနားသို့ချဉ်းကပ်လာသည်။

"ဟိုလေ facebook acc လေးသိလို့ရမလားမသိဘူး"

ထိုမိန်းကလေးမှာ ဖွံ့ဖြိုးသောကိုယ်ထည်၊တိုတုပ်သောစကပ်နှင့် ခပ်ဟိုက်ဟိုက်ရင်ဘတ်တို့ဖြင့် ပုရိသတို့အားဆွဲဆောင်လေ့ရှိပုံရသည်။လျှောကျနေသောဆံနွယ်တိုကို နားနောက်သို့ထိုးသွင်းလိုက်ကာ အထာပေးနေသည်။ဘေးတွင်ပါသော သူငယ်ချင်းတစ်ယောက်မှာလည်း အလိုတူအလိုပါပင်။

ထိုအချိန်တွင် မိုဝီ၏အကြည့်တို့မှာ ‌မုန့်လုံးရေပေါ်တွင်မရောက်တော့ဘဲ စူးရှသောအကြည့်အဖြစ်ပြောင်းလဲသွားကာ ထိုင်ရာမှချက်ချင်းထ၍ နှိုင်းဆီသို့လျှောက်လှမ်းလာသည်။

ကားစက်ဖုံးပေါ်တွင်လက်တစ်‌ဖက်ထောက်ကာ ခြေနှစ်‌ေချာင်းယှက်၍ ခန္ဓာကိုယ်တစ်ခြမ်းမှာကားကိုမှီလျက် န်ိှုင်း၏ဘေးတွင် ယှဉ်ရပ်လိုက်သည်။နှိုင်းပုခုံးတွင်ခေါင်းတင်ကာ လက်မောင်းကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

"ကိုကိုစောင့်နေရတာကြာသွားပြီလား အော် ဒါနဲ့အစ်မတို့ကဘကိစ္စရှိလို့လဲ မြှူစွယ်တာဆိုရင်‌ေတာ့ ကျွန်တော့်ကိုကိုကမကြိုက်ဘူးနော် နောက်တစ်ခုရှိသေးတယ် အဝတ်အစားကိုလုံလုံခြုံခြုံဝတ်ပါအစ်မရယ်‌မြင်ရတာမသင့်တော်လို့ ပြီးတော့လေ ကိုကို့ကို ကျွန်တော်ပိုင်တာဆိုတော့ စိတ်အနှောင့်အယှက်မပေးရင် ကောင်းမယ်ထင်တယ်နော်"

နှုတ်ခမ်းကလေးတွန့်ကာ ပြောလိုက်တာကြောင့် ဂျယ်လီနင်ကာဆောင့်အောင့်၍ထွက်သွားရရှာသည်။ နှိုင်းကတော့ အလယ်မှာ ပြုံးစိစိနဲ့သဘောကျနေလေရဲ့။

"ခုနက ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ ကိုကိုဆိုပြီးကြားလိုက်သလိုပဲနော်"

ကိုင်ထားသောလက်ကိုဖြုတ်လိုက်ပြီး စောနကသူမဟုတ်‌သလိုလိုနှင့် လက်ပိုက်ကာပြန်ရပ်နေသည်။

"ခေါ်မိလို့လား မခေါ်ပါဘူး"

"ရပါတယ်နားကြားမှားတယ်လို့ပဲထားလိုက်ပါတော့ကိစ္စမရှိပါဘူး နောက်ကျရင်လည်းဒီလိုပဲဖြစ်သွားမှာပဲဟာ အတွေ့အကြုံရသွားတာပေါ့"

သဝန်တိုရင်တိုတယ်မပြောဘူး ဒီကောင်လေးကတော့လေ။ မို ဒီလိုမပြောလိုက်ရင်တောင် ကျွန်တော်ကပိုင်ရှင်ရှိတယ်ဆိုတာပြောမလို့လုပ်နေတာကို သူကအရင်ဦးသွားတယ်။

အစကတော့ ကံကြမ္မာအလိုကျ မို့ကိုချစ်ခဲ့ရတယ်ထင်ခဲ့တာ ဒါပေမယ့်အချိန်တွေကသက်သေပြလာတယ် နှလုံးသားမှာ မိုဆိုတဲ့သံမှိုကလေးတစ်ခု စွဲစွဲထင်အောင် ငြိတွယ်နေခဲ့ပြီဆိုတာ။

"မိုဝီ.. ငါတို့နောက်တစ်နေရာသွားကြမယ် ကားပေါ်တက်"

နှုတ်ခမ်းတွင် အုန်းသီးဖတ်ကပ်ကာ ပေတိပေစုတ်ရုပ်နှင့် ကားပေါ်တက်ရန် လာပြောသောကေတုအား တစ်ရှူးဖြင့်နှုတ်ခမ်းကိုလိုက်သုတ်ပေးနေသည်မှာဇူဇူး။ရည်းစားသက်တမ်းငါးလပြည့်ထားသည်မှာ ပူပူနွေးနွေးပင်ရှိသေးသော ထိုနှစ်ယောက်ကို မှင်သေသေနှင့် လူးရိပ်တစ်ယောက်စိုက်ကြည့်နေလေရဲ့။

ကျွန်တော်တို့ငါးယောက်မှာ ကျွန်တော်နဲ့ကိုနှိုင်းကတစ်တွဲ၊‌ေကတုနဲ့ဇူဇူးကတစ်တွဲဖြစ်နေသဖြင့် ငါးဘီးမြောက်လူးရိပ်ကတော့ သနားစရာပင်။လူးရိပ်အမြင်ကပ်ကပ်နှင့် လက်တွင်ကိုင်ထားသော ဖော့ဘူးထဲမှ မုန့်လုံးရေပေါ်တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲသို့ထိုးထည့်ကာ မျက်စောင်းထိုး၍ ကားပေါ်သို့တက်သွားသည်။

ဟိုနှစ်ယောက်ကလည်း သိသိရက်နဲ့ သူ့ရှေ့ဆိုပိုပြီးကြည်နူးပြကြသည်။ကျွန်တော်လည်း သူတို့နောက်လိုက်တက်မည်အလုပ် နှိုင်း ကျွန်တော့်လက်ကိုလှမ်းဆွဲလိုက်သည်။

"မို ကိုယ်လည်းအနောက်မှာမိုနဲ့အတူတူနေချင်တယ်"

"လက်တစ်ဖက်ထဲကိုင်ပြီးစီးရင် ပြုတ်ကျမှာပေါ့"

"မပြုတ်ကျအောင်လို့ မိုက ထိန်းပေးထားရင်ရတာပဲဟာ"

တားမရသည့်အဆုံး အနောက်တွင်တင်ခေါ်လိုက်ရသောကြောင့် မျောက်အုန်းသီးရသောရုပ်ဖြင့် ကျွန်တော့်အနားတွင် မိန့်မိန့်ကြီးရပ်နေသည်။

လမ်းတစ်လျှောက်ရှိ မဏ္ဍပ်များမှ ပက်ဖြန်းသောရေတို့အား နေမထိ၊လေမထိ မိုးကျရွှေကိုယ် နှိုင်းကတော့ ခံနိုင်သည့်ပုံမပေါ် မေးများပင် တခိုက်ခိုက်တုန်နေသည်။ မဏ္ဍပ်တစ်ခုနှင့်တစ်ခုသွားလာနေစဉ် လေဒဏ်များလည်းခံရသဖြင့် နှိုင်းမျက်နှာမှာ ဆီးစေ့လောက်သာရှိတော့သည်။

မိုဝီလည်းမကြည့်ရက်‌သဖြင့် မီးပွိုင့်မိနေစဉ်ပါလာသောသဘက် ထူထူတစ်ထည်အား ခြေဖျားကလေးထောက်ကာ လွှမ်းခြုံပေးလိုက်တော့ မိုဝီ့ပုခုံးကိုဆွဲကိုင်ကာ ကျောပြင်အားရင်ခွင်ထဲသို့အပ်ထားလိုက်ပြီး အနွေးဓာတ်တို့ကူးယူစေသည်။

ကေတုနှင့်ဇူဇူး သဘက်တစ်ထည်ကိုနှစ်ယောက်ခေါင်းမီးြခုံကာ နှစ်ယောက်တည်းကမ္ဘာဖြစ်နေသည်ကို လူးရိပ်မကြည့်ချင်သဖြင့် ကားကိုနောက်ပြန်ထိုင်ကာကျောပေး၍လိုက်ပါလာခဲ့သည်။

ပက်ဖြန်းလာသောရေတို့မှာအေးသော်လည်း သူ့အနွေးဓာတ်ကိုတော့မလွန်ဆန်နိုင်။လက်ကိုဖိမိမည်စိုးသဖြင့် ကပ်မနေပဲ နည်းနည်းခွာကာတစ်လမ်းလုံးစီးလာခဲ့သည်။လက်ကျိုးထားသော်လည်း ခန္ဓာကိုယ်မှာယိုင်နဲ့ခြင်းပင်မရှိ ကျန်လက်တစ်ဖက်ဖြင့်ကားဘောင်ကိုထိန်းကိုင်ကာ တံတိုင်းသဖွယ်ကာကွယ်ပေးလျက်။

တစ်မြို့လုံးပတ်၍ ရေပက်ခံပြီးကာမှ နှိုင်းအားအိမ်‌ေရှ့တွင်ချထား‌ေပးခဲ့ပြီး လက်ပြနှုတ်ဆက်ကာ အိမ်သို့တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။

မိုဝီအိမ်ပြန်‌ေရာက်‌ေတာ့ အမေနှင့်အဖေမှာ တရားစခန်းမှ ပြန်ရောက်နေကြပြီဖြစ်သည်။အအေးပတ်မည်စိုးသဖြင့်ရေမိုးချိုးအဝတ်လဲလိုက်သည်မှာ ညနေပင်စောင်းသွားခဲ့တော့သည်။

ရွှဲရွှဲစိုနေသောဆံပင်တို့အား သဘက်ဖြင့်သုတ်ရင်း ဖုန်းတွင်စာရိုက်ကာ နှိုင်းဆီသို့စာတစ်စောင်ပို့လိုက်သည်။

"တောင်"

တစ်နေ့လုံး တောင့်တောင့်ကြီးမတ်တပ်ရပ်ထားရသဖြင့် ခါးတွေနာလာသောကြောင့် အိပ်ရာထက်တွင်လှဲနေရင်း ဝင်လာသော massage အားဖတ်ရန် ဘေးခုံတွင်တင်ထားသောဖုန်းကိုလှမ်းယူလိုက်သည်။

"ကိုနှိုင်း အဆင်ပြေရဲ့လား ဒီနေ့တော်တော်ညောင်းသွားမှာပဲ"

ဒီကလေးလေးစိတ်ပူပေးရှာသားပဲ။ မပူလို့လည်းရမှမရတော့တာ ငါကမို့ရဲ့ မူပိုင်ရှင်ဖြစ်သွားပြီလေ။

ဘယ်လက်နှင့်စာရိုက်ရသည်မှာမလွယ်ကူသည်မို့ စိတ်မရှည်တော့ပဲ ဖုန်းသာလှမ်းခေါ်လိုက်သည်။

ဖုန်းဝင်လာပြီ..ဘယ်လိုလုပ်ရမလဲ..ကိုင်လိုက်ရမှာလား မကိုင်ပဲနေရမလား အား မိုဝီ ဟေ့ကောင် မင်းရှက်နေလို့မရဘူး ချစ်သူတွေဖြစ်နေပြီကွ အဲ့တာမင်းကောင်လေးဖုန်းကိုင်ရမယ်။

တစ်ယောက်တည်းစကားတွေပြောကာ စက္ကန့်ပိုင်းမျှတွေဝေနေပြီးနောက် ဖုန်းကိုင်ရန်ဆုံးဖြတ်လိုက်သည်။

"ဟယ်လို မို ကိုယ့်လက်ကစာရိုက်ရတာအဆင်မပြေလို့ ဖုန်းခေါ်လိုက်တာ ပြောလို့အဆင်ပြေရဲ့လား အဆင်မပြေရင်ချလိုက်မယ်လေ"

"မချနဲ့..မချနဲ့ ရတယ် ကိုနှိုင်းကိုဆေးသောက်အိပ်ဖို့ပြောမလို့ တစ်နေ့လုံးမတ်တပ်ပဲရပ်‌ေနရတာဆိုတော့ ပင်ပန်း‌ေနမှာပဲ အေးဆေးနားနော် မနက်ဖြန် မိုတို့မလည်ဘူးသိလား ကျန်တဲ့ကောင်တွေက‌ နေပြင်းတော့အသားမည်းမှာစိုးလို့တစ်ရက်ပဲလည်မယ်တဲ့ ကျွန်တော်လည်းဘယ်မှမသွားတော့ပဲနားလိုက်တော့မယ်"

နောက်ထပ်တစ်ရက်သာ နှိုင်းလည်းလိုက်မည်ဆိုလျှင် အသက်ပါထွက်သွားနိုင်သည်။ မဟုတ်တောင် ခု‌ေခြ‌ေထာက်ကိုက်လို့ အိပ်ရာထဲလဲ‌ှ‌ေနရပြီ။

"အင်း နည်းနည်းပင်ပန်းသွားလို့ ဆန်ပြုတ်သောက်ပြီးလှဲနေတာ"

"လက်ကိုလည်းဂရုစိုက်အုံးနော် ဆေးလည်းသောက် အဲ့ဒါပြောချင်လို့ ဒါပဲ ဒါပဲ"

"နေအုံး"

ဖုန်းချမည်အလုပ် တစ်ဖက်ကထွက်လာသောအသံကြောင့် မချဖြစ်ပဲ ဆက်နားထောင်နေသည်။

"ချစ်တယ်.. ကိုယ်မင်းကိုအရမ်းချစ်တယ်မို"

ဆံပင်ဆက်မသုတ်နိုင်တော့ပဲ ရပ်တန့်သွားကာ ဗြုန်းစားကြီးမို့လို့ ဘာပြန်ပြောရမယ်မှန်းမသိသော်လည်း ပါးစပ်ကထွက်သွားသောစကားလုံးမှာ...

"ပိုချစ်တယ်"

ဖုန်းကိုချကာ ကုတင်ပေါ်သို့ပစ်တင်လိုက်ပြီး...

အား..မိုဝီမင်းဘယ်လိုပြောလိုက်တာလဲ ပိုချစ်တယ်တဲ့လား။ရိုးရိုးချစ်တာတောင်မဟုတ်ဘူး ပိုပြီးတော့ချစ်တယ်လို့ပြောလိုက်မိတာ ရူးနေပြီ ရူးနေပြီ ဒီစကားလုံးကဘယ်လိုကနေဘယ်လို ထွက်လာရတာလဲ သေပါပြီ ရှက်လိုက်တာ။

ပို...ပိုချစ်တယ် ဆိုတဲ့စကားက ငါနားကြားမှားတာတော့မဟုတ်လောက်ပါဘူးနော်..ချစ်လိုက်တာ ဒီလိုစကားပြန်ကြားရလိမ့်မယ်လို့တောင်မထင်ထားဘူး ခြွေထားမိုရေ ခြွေထား မဟုတ်တောင် မိုမခြွေလည်း ကိုယ်ကတော့အလိုလိုကိုကြွေနေပြီသား။

စိတ်ရှိတိုင်းသာဆိုလျှင် အိပ်ရာပေါ်တွင်လူးလိှမ့်ပစ်ချင်သော်လည်း လူက‌အကောင်းမဟုတ် အကျိုးဖြစ်နေသဖြင့် ပျော်ချင်တိုင်းကလည်းပျော်လို့မရ။

မထင်မှတ်ထားသောအဖြစ်အပျက်ကြောင့် ထိုညအိပ်မက်ကောင်းကောင်း မက်ပေအုံးတော့မည်။
________________

"ဆရာ လတ်တလော ဆူးသစ်နှိုင်းတို့ဘက်က ကလေးအတွင်းဝတ်လေးတစ်ခုထုတ်ထားတယ် အဲ့တစ်ခုကလည်း ကလေးအမေတွေကြားမှာ ရေပန်းစားလွန်းအားကြီးလို့ စစချင်း‌ေရာင်းတဲ့နေ့မှာတင် ပစ္စည်းပြတ်သွားတဲ့အထိပဲတဲ့"

"သူက ငါတို့ထက်ဘာလို့သာနေရတာလဲ သူ့ကိုတစ်စက်ကလေးမှသဘောမကျဘူး ငါရမယ့် ပထမဆုကိုသူလုသွားတာ!"

တိမ်တိုက်တို့လွင့်ပျံနေသော အပြာရောင်ကလေးဝတ်ပုံအား စားပွဲပေါ်တွင်တင်ကာ ဧည့်ခန်းထဲတွင် ဟိန်းထက်နှင့်ရောင်စဉ်တို့နှစ်ယောက် စကားပြောနေကြခြင်းဖြစ်သည်။

ရောင်စဉ် အံကိုကြိတ်ကာ မျက်နှာတင်းထားပြီး လက်သီးကျစ်ကျစ်ဆုပ်ထားသည်။သူ့ထက်သာလျှင် လုံးဝမကြိုက်ပေ သို့သော် မသမာသောနည်းဖြင့်တော့အနိုင်မယူတတ်။ကိုယ်တိုင်အားစိုက်ပြီးမှသာ တိုက်ယူလေ့ရှိသည်။
______________________

May 1,2017

လည်ကတုံးအကျီ၊ပိုးပုဆိုးကို သပ်သပ်ရပ်ရပ်ဝတ်စားကာ မင်္ဂလာ‌ေဆာင်ခန်းမတစ်ခုထဲသို့ဝင်လာသော နှိုင်းနှင့်မိုဝီ။

ဒီလိုလိုက်ဖက်တဲ့ဘဝ ပျော်စရာလောကကြီးက တကယ်ပါကြင်နာသူလေးရှိနေမှ ရည်ရွယ်ထားမယ်အချစ်လေး ရှေ့ဆက်ပြီးချစ်သွားမယ် ဒီလိုမင်းနဲ့ကိုနဲ့သိပ်ချစ်သွား~

ခန်းမထဲဝင်ဝင်ချင်း ဒီသီချင်းကြားရတော့ ကျွန်တော်ကိုယ်တိုင်မင်္ဂလာဆောင်နေရသလိုပဲ။ဒီသီချင်‌းလေးကိုသိပ်ကြိုက်တာ ဘယ်လောက်နားထောင်ထောင် ရင်ထဲမှာစွဲပြီးကိုကျန်နေခဲ့တာ။

ဘေးတွင်ရှိသော နှိုင်းအား မျက်နှာလေးတစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှစကားလေးတစ်ခွန်းရေရွတ်မိသည်။

ကျွန်တော်လည်းတစ်နေ့ နှိုင်းနဲ့ဒီလိုလက်ထပ်ခွင့်ရနိုင်မှာပါ။
မင်္ဂလာခန်းမကြီးထဲ နှစ်ယောက်အတူလက်တွဲပြီး ဝင်လာရတဲ့တစ်နေ့လည်း ကျွန်တော့်ဆီကိုရောက်လာနိုင်မှာပါ။

"ကိုယ့်မျက်နှာမှာဘာပေနေလို့လဲ"

"ဟင့်အင်း ဘာမှမဖြစ်ဘူး ချစ်ဖို့ကောင်းလို့ကြည့်နေတာ"

ကျွန်တော်နဲ့နှိုင်းနဲ့ ချစ်သူဖြစ်တာဒီနေ့နဲ့ဆို တစ်လပြည့်ခဲ့ပြီ ခုထက်ထိသူကျွန်တော့်အပေါ်မှာ အနိုင်ယူတာမျိုးတွေမရှိခဲ့ဘူး။ပြောမထွက်ရဲတဲ့စကားလေးတွေလည်း တစ်လဆိုတဲ့အချိန်အတွင်းမှာ ရှက်နေတာတွေမရှိပဲ ပြောရဲလာတယ်။

အချစ်ဆိုတာ ရင်ထဲမှာသိမ်းထားနေလို့ပဲမရဘူး တစ်ဖက်လူမြင်အောင်ထုတ်ပြမှ သူလည်းကိုယ့်ကို‌ထပ်တူပြန်ချစ်ပေးနိုင်မှာ။

ဒီနေ့က ကိုဇော်ရဲ့မင်္ဂလာ‌ေဆာင် အစကတော့ မေမေနဲ့အတူသွားဖို့လုပ်ထားတာ ဒါပေမယ့်အ‌ေမမလိုက်နိုင်လို့ ကျွန်တော့်ကိုပဲလွှတ်လိုက်တာ ကျွန်တော်လည်းအခွင့်အရေးရတုန်း မိတ်ဆက်ပေးချင်တာနဲ့ သူ့ကို မနက်စောစောစီးစီးဒီကိုဆွဲခေါ်လာမိတယ်။

သတို့သား၊သတို့သမီး နားနေခန်းကို နှစ်ယောက်အတူသွားကြသည်။နှိုင်းတို့လည်းအခန်း‌ေရှ့သို့အ‌ေရာက် ထိုစုံတွဲအခန်းတံခါးအဖွင့်..

"ဟာ.. မိုဝီ ငါ့ညီလာတာဝမ်းသာလိုက်တာ"

"လာရမှာပေါ့ ကိုဇော်ရဲ့ ကိုယ့်အစ်ကိုမင်္ဂလာဆောင်ပဲဟာကို"

"ဒါနဲ့ သူက"

မိုဝီ့ဘေးတွင်ရပ်နေသော နှိုင်းကို ဇော်ဏေလက်ညှိုးထိုးကာမေးသည်။

"ကိုဇော် ဒါက ကျွန်တော့်ချစ်သူ ဆူးသစ်နှိုင်း"

ကိုဇော်တို့ အံ့ဩသွားသည်မှာအသေအချာပင်။ကျွန်တော်တစ်ယောက်ယောက်ကိုအသိပေးချင်သဖြင့် ယုံကြည်ရသောကိုဇော့်ကိုသာရွေးချယ်ပြီး အရဲစွန့်ပြောလိုက်ခြင်းပင်။

"ချောသားပဲကွ မင်းတို့နှစ်ယောက်လိုက်တယ်"

"ဟုတ်တယ် မောင်လေးတို့အတွဲလေးကချစ်စရာလေး"

ကိုဇော်နှင့်မနွယ်စကားအရဆိုလျှင် ကျွန်တော်တို့နှစ်ယောက်ကိုလက်ခံပေးပုံရသည်။ဆူမယ်ထင်ထားတာ ဒီလိုစကားကြားရတော့လည်း အသက်ရှုချောင်သွားသလိုပဲ။ကိုနှိုင်းကတော့ ဘာမှမပြောပဲ ပြုံးသာပြုံးပြနေသည်။

"ကိုနှိုင်း ဒါကမို့ရဲ့အကိုဝမ်းကွဲ ရဲမှူးကြီးကိုဇော်ဏေတဲ့ ပြီးတော့ ဒါကကို‌ေဇာ်ရဲ့ဇနီး‌ေလာင်း မနွယ်နီ"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"

ယဉ်ယဉ်ကျေးကျေးခေါင်းကလေးငုံ့ပြီး ပြန်နှုတ်ဆက်တဲ့နှိုင်းကိုမြင်ရတာ တစ်မျိုးလေးပဲ သူလည်းမရင်းနှီးသေးတော့အနေခက်နေတဲ့ပုံပဲ။

"ငါ့ညီအကူအညီလိုရင် အကို့ကိုသာပြောအကုန်ကူညီပေးမယ်"

"ဟုတ်တယ်မောင်လေး အစ်မတို့ကို မောင်နှမလိုပဲသဘောထားလို့ရတယ်"

ဒီလိုပြန်တုံ့ပြန်တော့ သူလည်းစိတ်အေးသွားပုံရတယ်။တည်ကြည်တဲ့မျက်နှာထားကနေပြီး ဖော်ရွေတဲ့အသွင်ကိုပြောင်းသွားတာ ကျွန်တော်သတိထားမိတယ်။

"ဟုတ်ကဲ့ ကျွန်တော်တို့ကိုဒီလိုအသိအမှတ်ပြုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"ရပါတယ်ကွာ မင်းတို့နှစ်ယောက်ချစ်နေရင်ပြီးတာပဲ ဘာမှမလိုဘူး ခုတော့အခမ်းအနားစတော့မယ် မင်းတို့လည်းနေရာသွားယူကြတော့"

"ဟုတ်ကဲ့"

ဝိုင်းတစ်ဝိုင်းမှာ ဝင်ထိုင်ပြီးတာနဲ့အခမ်းအနားစတင်ပါတော့တယ်။ရဲတောက်နေသောအနီရောင် နှင်းဆီပွင့်ဖတ်ကလေးတွေကို ရှေ့ကနေ ကလေးသေးသေးလေးနှစ်ယောက် ပန်းကြဲပကြတယ်။အနောက်မှာဂါဝန်ဖြူလေးဝတ်ထားပြီး လျှောက်လာတဲ့မနွယ်ကိုမြင်ရတာ ကိုဇော့်အတွက်ဝမ်းသာသည်။

မနွယ်ကစိတ်ရင်းသိပ်ကောင်းတာ၊ကိုဇော်နဲ့ဒီလိုအကြောင်းပါပြီး လက်ထပ်ကြတဲ့ မြင်ကွင်းလေးက တကယ်ကို ကြည်နူးစရာလေးပါပဲ။ကိုဇော့်ကိုအခုမှမြင်ဖူးတဲ့ နှိုင်းလည်း ကြည်နူးနေတဲ့ပုံရတယ် ကျွန်တော့်လက်ကိုဖွဖွလေးကိုင်ပေးထားပြီး သတို့သားနဲ့သတို့သမီး လက်ထပ်လက်စွပ်ဝတ်ပေးကြတာကို ထိုင်ကြည့်နေတယ်။

အခမ်းအနားပြီးမှ ကိုဇော်တို့ကိုနှုတ်ဆက်ပြီး ကျွန်တော်တို့ကားဆီကိုပြန်လာခဲ့တယ်။နှိုင်းကခုဆိုရင် ကားမောင်းရမှာတောင်မကြောက်တတ်တော့ဘူး။သူကိုယ်တိုင်မောင်းပြီးပဲ အကြိုအပို့လုပ်ပေးတယ်။က‌ားပေါ်ကိုရောက်တော့...

"မို.. Happy Anniversary ပါ"

တစ်လပြည့်တာကို နှိုင်းမေ့နေတယ်ထင်ထားတာသူမမေ့ဘူးပဲ ။လေးထောင့်ဗူးလေးတစ်ဗူးကိုသူဖွင့်ပြတယ် အထဲမှာဆွဲကြိုးလေးတစ်ခု။

"ဒီစာတန်းလေးက..."

"ကိုယ်ကိုယ်တိုင်မှာပြီး ထွင်းပေးထားတာဘယ်လိုလဲ သဘောကျရဲ့လား"

သဘောကျတာထက်ကိုပိုပါသည် ထွင်းထားတဲ့စာသားလေးက I Love you Mo တဲ့ ကျွန်တော်တစ်ယောက်တည်းအတွက် သီးသန့်စာသားလေးတစ်ခု‌ေပါ့။ကျွန်တော်တစ်ခါမှ လက်ဆောင်မရခဲ့ဖူးတဲ့အတွက် ဒီလိုခံစားချက်မျိုးကိုလည်းအခုမှပဲခံစားဖူးသည်။

"အင်း အရမ်းအရမ်းကိုသဘောကျတယ်"

"ဒီနားတိုး ကိုယ်ဝတ်ပေးမယ်"

သူ့ရှေ့ကိုတိုးပေးတော့ ကျွန်တော့်လည်ပင်းကိုသိုင်းပြီး ဆွဲကြိုးလေးဝတ်ပေးသည်။အရှည်ကကွက်တိပါပဲ ရင်ညွန့်နားလေးမှာဆွဲပြားလေးကတွဲလောင်းကျလို့။

"ဒါ ကိုယ့်ရဲ့ကိုယ်ပွားလေး ကိုယ်အနားမှာမရှိရင် မို့ကိုစောင့်ရှောက်ပေးဖို့အတွက် ဒီဆွဲကြိုးလေးကိုတာဝန်ပေးထားတယ်"

"သေချာထိန်းသိမ်းထားပါ့မယ်ကိုနှိုင်း ကျေးဇူးတင်ပါတယ်"

"ကိုယ်တို့ကြားထဲမှာ ကျေးဇူးတင်တဲ့စကားပြောစရာမလိုပါဘူးမိုရယ် မိုကြယ်လိုချင်တယ်ဆိုရင်တောင် ကိုယ်ကဝယ်ပေးဖို့အသင့်ပါပဲ ဒါလေးက မိုမတောင်းဆိုပေမယ့် အမှတ်တရလေးရှိနေစေချင်လို့"

"မို့မှာတော့ ပေးစရာလက်ဆောင်မရှိဘူး"

ဒီလိုပြောတော့ သူကသွားကလေးပေါ်အောင်ရယ်သည်။နောက်တော့ ကျွန်တော့်နှာဖျားလေးကိုညှစ်ပြီး..

"အချစ်ကလွဲရင် ဘာမှမပေးနဲ့ရတယ် ကိုယ်လိုချင်တာမို့ဆီကအချစ်တွေပဲ အဲ့တာတွေကိုတော့အကုန်ပေးမှရမှာနော် ချန်ထားလို့မရဘူး"

"ဒါကတော့ပြောနေစရာတောင်မလိုဘူး နှလုံးသားထဲမှာပါမကအတွေးတွေထဲမှာပါ နှိုင်းဆိုတဲ့လူကြီးကနေရာယူထားပြီးသားမို့"

သူကျေနပ်သွားပုံရသည် ခါးပတ်ပတ်ပေးပြီး ကားစထွက်ကတည်းက မျက်နှာမှာပြုံးလို့။အိမ်နားအထိသူလိုက်ပို့ပေးတယ်။အိမ်ရှေ့တော့ပို့လို့မရသေးဘူး အိမ်ကလူတွေကိုလည်းဖွင့်မပြောရသေးတော့။

ကားတံခါးဖွင့်ကာဆင်းလာပြီး နှိုင်းဖက်ကိုကွေ့လာသည်။တစ်ယောက်ကကားထဲမှာ တစ်ယောက်ကကားအပြင်မှာ တံခါးလေးတစ်ခုပဲခြားသည်။

နှိုင်းကားမှန်ကိုချလိုက်တော့ မိုဝီခါးလေးနည်းနည်းညွှတ်လိုက်ပြီး မျက်နှာချင်းဆိုင်ကာ အကြည့်တို့အားဆုံ‌ေစသည်။ထို့‌ေနာက်ဖြူလွှလွှ နဖူးပြင်ထက်အား နှင်းဆီဖူးသဖွယ် နှုတ်ခမ်းတစ်စုံမှာ နူးညံ့စွာကျရောက်လာခဲ့သည်။

"ဒါက ဒီနေ့အတွက် မို့ရဲ့လက်ဆောင် သွားပြီနော် တာ့တာ"

အိမ်ပြန်လမ်းတစ်လျှောက်လုံး နဖူးကိုထိလိုက်၊ပွတ်လိုက်၊ပြုံးလိုက်နှင့် တစ်ယောက်တည်းဗျာများနေခဲ့သည်။

မို့ကိုစချစ်တဲ့နေ့ကစပြီး မပျော်ရွှင်ရတဲ့နေ့ဆိုတာမရှိခဲ့ဘူး
ဒီကောင်လေးက အသက်ငယ်သေးပေမယ့် အချစ်တွေကတော့ ရင့်ကျက်နေပါပြီ တစ်ခါတလေ စတတ်တာလေးကလွဲလို့ပေါ့......။

=======================

=======================
Nun's note~

         မနေ့ကညက ထိုင်ရေးတာဆယ့်နှစ်ခွဲတဲ့အထိမပြီးတာနဲ့ဘမတင်လိုက်နိုင်ဘူး ဒီfic‌ေလးကဂျီဟောသူလိုမျိုးပဲ နောက်ကြောင်းပြန်ရတာဖြစ်တဲ့အတွက် မငြီးငွေ့သွားဖို့ မေတ္တာရပ်ခံချင်ပါတယ်  ကြိုက်နှစ်သက်ခြင်းမရှိခဲ့လို့ရှိရင်လည်း နွန်းတောင်းပန်ပါတယ်

====================

====================

Zawgyi

မုန႔္လုံးေရေပၚတစ္ဘူးလံုးကုန္သြားသည့္တိုင္ေအာင္ ႏွိုင္းအားခြံ့ေကၽြးခဲ့မိသိသည့္အတြက္ မုန႔္လုပ္သည့္ေနရာသို႔ ေနာက္တစ္ေခါက္သြားကာ ထပ္ယူျပန္ပါသည္။

ေတာက္ပလွေသာမ်က္လုံးတို႔ထက္ ဖုံးအုပ္ထားေသာ ေနကာမ်က္မွန္အားဘယ္္ဘက္လက္ျဖင့္ ဆံပင္ေပၚဆြဲတင္လိုက္ကာ ကားေခါင္းပိုင္းသို႔ေက်ာမွီရပ္လ်က္ မိုဝီအားၾကည့္ေနသည္။

ေရစိုမည္စိုးသျဖင့္ ညာဘက္လက္ကိုေတာ့အျပင္သို႔မထုတ္ပဲ မိုးကာအက်ီႏွင့္သာဖုံးထားသည္။သြယ္လ်ေသာေျခတံရွည္တို႔ေၾကာင့္ လူပုံအလယ္တြင္ထင္းေနသည္။

မ်က္ႏွာတြင္ပလာစတာမ်ားကပ္ထားရေသာ္လည္း ခၽြန္ထက္ထက္ႏွာတံႏွင့္ ထူထဲေသာမ်က္ခုံးတို႔မွာ ျဖတ္သြားျဖတ္လာမိန္းကေလးမ်ား၏ အၾကည့္တို႔အား ဆြဲငင္ေနစဲပင္။ စိမ္းဖန႔္ဖန႔္ေသြးေၾကာမ်ားမွာလည္းလက္ေခ်ာင္းျဖဴျဖဴေလးထက္တြင္ ေနရာယူထားသည္။

မိုဝီထိုင္ေစာင့္ေနသည္ကိုေတြ႕သျဖင့္ ဖုန္းကိုထုတ္ကာ အေပၚဆြဲလိုက္ေအာက္ဆြဲလိုက္ႏွင့္ လုပ္ေနခ်ိန္ မိန္းမငယ္ေလးႏွစ္ေယာက္ ႏွိုင္း၏အနားသို႔ခ်ဥ္းကပ္လာသည္။

"ဟိုေလ facebook acc ေလးသိလို႔ရမလားမသိဘူး"

ထိုမိန္းကေလးမွာ ဖြံ့ၿဖိဳးေသာကိုယ္ထည္၊တိုတုပ္ေသာစကပ္ႏွင့္ ခပ္ဟိုက္ဟိုက္ရင္ဘတ္တို႔ျဖင့္ ပုရိသတို႔အားဆြဲေဆာင္ေလ့ရွိပုံရသည္။ေလၽွာက်ေနေသာဆံႏြယ္တိုကို နားေနာက္သို႔ထိုးသြင္းလိုက္ကာ အထာေပးေနသည္။ေဘးတြင္ပါေသာ သူငယ္ခ်င္းတစ္ေယာက္မွာလည္း အလိုတူအလိုပါပင္။

ထိုအခ်ိန္တြင္ မိုဝီ၏အၾကည့္တို႔မွာ ‌မုန႔္လုံးေရေပၚတြင္မေရာက္ေတာ့ဘဲ စူးရွေသာအၾကည့္အျဖစ္ေျပာင္းလဲသြားကာ ထိုင္ရာမွခ်က္ခ်င္းထ၍ ႏွိုင္းဆီသို႔ေလၽွာက္လွမ္းလာသည္။

ကားစက္ဖုံးေပၚတြင္လက္တစ္‌ဖက္ေထာက္ကာ ေျခႏွစ္‌ေခ်ာင္းယွက္၍ ခႏၶာကိုယ္တစ္ျခမ္းမွာကားကိုမွီလ်က္ န္ိွုင္း၏ေဘးတြင္ ယွဥ္ရပ္လိုက္သည္။ႏွိုင္းပုခုံးတြင္ေခါင္းတင္ကာ လက္ေမာင္းကိုက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္။

"ကိုကိုေစာင့္ေနရတာၾကာသြားၿပီလား ေအာ္ ဒါနဲ႔အစ္မတို႔ကဘကိစၥရွိလို႔လဲ ျမႇဴစြယ္တာဆိုရင္‌ေတာ့ ကၽြန္ေတာ့္ကိုကိုကမႀကိဳက္ဘူးေနာ္ ေနာက္တစ္ခုရွိေသးတယ္ အဝတ္အစားကိုလုံလုံျခဳံျခဳံဝတ္ပါအစ္မရယ္‌ျမင္ရတာမသင့္ေတာ္လို႔ ၿပီးေတာ့ေလ ကိုကို႔ကို ကၽြန္ေတာ္ပိုင္တာဆိုေတာ့ စိတ္အေႏွာင့္အယွက္မေပးရင္ေကာင္းမယ္ထင္တယ္ေနာ္"

ႏွုတ္ခမ္းကေလးတြန႔္ကာ ေျပာလိုက္တာေၾကာင့္ ဂ်ယ္လီနင္ကာေဆာင့္ေအာင့္၍ထြက္သြားရရွာသည္။ ႏွိုင္းကေတာ့ အလယ္မွာ ျပဳံးစိစိနဲ႔သေဘာက်ေနေလရဲ့။

"ခုနက ကိုယ့္ကို ဘယ္လိုေခၚလိုက္တာလဲ ကိုကိုဆိုၿပီးၾကားလိုက္သလိုပဲေနာ္"

ကိုင္ထားေသာလက္ကိုျဖဳတ္လိုက္ၿပီး ေစာနကသူမဟုတ္‌သလိုလိုႏွင့္ လက္ပိုက္ကာျပန္ရပ္ေနသည္။

"ေခၚမိလို႔လား မေခၚပါဘူး"

"ရပါတယ္နားၾကားမွားတယ္လို႔ပဲထားလိုက္ပါေတာ့ကိစၥမရွိပါဘူး ေနာက္က်ရင္လည္းဒီလိုပဲျဖစ္သြားမွာပဲဟာ အေတြ႕အၾကဳံရသြားတာေပါ့"

သဝန္တိုရင္တိုတယ္မေျပာဘူး ဒီေကာင္ေလးကေတာ့ေလ။ မို ဒီလိုမေျပာလိုက္ရင္ေတာင္ ကၽြန္ေတာ္ကပိုင္ရွင္ရွိတယ္ဆိုတာေျပာမလို႔လုပ္ေနတာကို သူကအရင္ဦးသြားတယ္။

အစကေတာ့ ကံၾကမၼာအလိုက် မို႔ကိုခ်စ္ခဲ့ရတယ္ထင္ခဲ့တာ ဒါေပမယ့္အခ်ိန္ေတြကသက္ေသျပလာတယ္ ႏွလုံးသားမွာ မိုဆိုတဲ့သံမွိုကေလးတစ္ခု စြဲစြဲထင္ေအာင္ ၿငိတြယ္ေနခဲ့ၿပီဆိုတာ။

"မိုဝီ.. ငါတို႔ေနာက္တစ္ေနရာသြားၾကမယ္ ကားေပၚတက္"

ႏွုတ္ခမ္းတြင္ အုန္းသီးဖတ္ကပ္ကာ ေပတိေပစုတ္႐ုပ္ႏွင့္ ကားေပၚတက္ရန္ လာေျပာေသာေကတုအား တစ္ရွူးျဖင့္ႏွုတ္ခမ္းကိုလိုက္သုတ္ေပးေနသည္မွာဇူဇူး။ရည္းစားသက္တမ္းငါးလျပည့္ထားသည္မွာ ပူပူေႏြးေႏြးပင္ရွိေသးေသာ ထိုႏွစ္ေယာက္ကို မွင္ေသေသႏွင့္ လူးရိပ္တစ္ေယာက္စိုက္ၾကည့္ေနေလရ‌ဲ့။

ကၽြန္ေတာ္တို႔ငါးေယာက္မွာ ကၽြန္ေတာ္နဲ႔ကိုႏွိုင္းကတစ္တြဲ၊‌ေကတုနဲ႔ဇူဇူးကတစ္တြဲျဖစ္ေနသျဖင့္ ငါးဘီးေျမာက္လူးရိပ္ကေတာ့ သနားစရာပင္။လူးရိပ္အျမင္ကပ္ကပ္ႏွင့္ လက္တြင္ကိုင္ထားေသာ ေဖာ့ဘူးထဲမွ မုန႔္လုံးေရေပၚတစ္လုံးၿပီးတစ္လုံး ပါးစပ္ထဲသို႔ထိုးထည့္ကာ မ်က္ေစာင္းထိုး၍ ကားေပၚသို႔တက္သြားသည္။

ဟိုႏွစ္ေယာက္ကလည္း သိသိရက္နဲ႔ သူ႔ေရွ႕ဆိုပိုၿပီးၾကည္ႏူးျပၾကသည္။ကၽြန္ေတာ္လည္း သူတို႔ေနာက္လိုက္တက္မည္အလုပ္ ႏွိုင္း ကၽြန္ေတာ့္လက္ကိုလွမ္းဆြဲလိုက္သည္။

"မို ကိုယ္လည္းအေနာက္မွာမိုနဲ႔အတူတူေနခ်င္တယ္"

"လက္တစ္ဖက္ထဲကိုင္ၿပီးစီးရင္ ျပဳတ္က်မွာေပါ့"

"မျပဳတ္က်ေအာင္လို႔ မိုက ထိန္းေပးထားရင္ရတာပဲဟာ"

တားမရသည့္အဆုံး အေနာက္တြင္တင္ေခၚလိုက္ရေသာေၾကာင့္ ေမ်ာက္အုန္းသီးရေသာ႐ုပ္ျဖင့္ ကၽြန္ေတာ့္အနားတြင္ မိန႔္မိန႔္ႀကီးရပ္ေနသည္။

လမ္းတစ္ေလၽွာက္ရွိ မ႑ပ္မ်ားမွ ပက္ျဖန္းေသာေရတို႔အား ေနမထိ၊ေလမထိ မိုးက်ေရႊကိုယ္ ႏွိုင္းကေတာ့ ခံနိုင္သည့္ပုံမေပၚ ေမးမ်ားပင္ တခိုက္ခိုက္တုန္ေနသည္။ မ႑ပ္တစ္ခုႏွင့္တစ္ခုသြားလာေနစဥ္ ေလဒဏ္မ်ားလည္းခံရသျဖင့္ ႏွိုင္းမ်က္ႏွာမွာ ဆီးေစ့ေလာက္သာရွိေတာ့သည္။

မိုဝီလည္းမၾကည့္ရက္‌သျဖင့္ မီးပြိဳင့္မိေနစဥ္ပါလာေသာသဘက္ ထူထူတစ္ထည္အား ေျခဖ်ားကေလးေထာက္ကာ လႊမ္းျခဳံေပးလိုက္ေတာ့ မိုဝီ့ပုခုံးကိုဆြဲကိုင္ကာ ေက်ာျပင္အားရင္ခြင္ထဲသို႔အပ္ထားလိုက္ၿပီး အေႏြးဓာတ္တို႔ကူးယူေစသည္။

ေကတုႏွင့္ဇူဇူး သဘက္တစ္ထည္ကိုႏွစ္ေယာက္ေခါင္းမီးျခုံကာ ႏွစ္ေယာက္တည္းကမၻာျဖစ္ေနသည္ကို လူးရိပ္မၾကည့္ခ်င္သျဖင့္ ကားကိုေနာက္ျပန္ထိုင္ကာေက်ာေပး၍လိုက္ပါလာခဲ့သည္။

ပက္ျဖန္းလာေသာေရတို႔မွာေအးေသာ္လည္း သူ႔အေႏြးဓာတ္ကိုေတာ့မလြန္ဆန္နိုင္။လက္ကိုဖိမိမည္စိုးသျဖင့္ ကပ္မေနပဲ နည္းနည္းခြာကာတစ္လမ္းလုံးစီးလာခဲ့သည္။လက္က်ိဳးထားေသာ္လည္း ခႏၶာကိုယ္မွာယိုင္နဲ႔ျခင္းပင္မရွိ က်န္လက္တစ္ဖက္ျဖင့္ကားေဘာင္ကိုထိန္းကိုင္ကာ တံတိုင္းသဖြယ္ကာကြယ္ေပးလ်က္။

တစ္ၿမိဳ႕လုံးပတ္၍ ေရပက္ခံၿပီးကာမွ ႏွိုင္းအားအိမ္‌ေရွ႕တြင္ခ်ထား‌ေပးခဲ့ၿပီး လက္ျပႏွုတ္ဆက္ကာ အိမ္သို႔တန္းတန္းမတ္မတ္ျပန္လာခဲ့သည္။

မိုဝီအိမ္ျပန္‌ေရာက္‌ေတာ့ အေမႏွင့္အေဖမွာ တရားစခန္းမွ ျပန္ေရာက္ေနၾကၿပီျဖစ္သည္။အေအးပတ္မည္စိုးသျဖင့္ေရမိုးခ်ိဳးအဝတ္လဲလိုက္သည္မွာ ညေနပင္ေစာင္းသြားခဲ့ေတာ့သည္။

ရႊဲရႊဲစိုေနေသာဆံပင္တို႔အား သဘက္ျဖင့္သုတ္ရင္း ဖုန္းတြင္စာရိုက္ကာ ႏွိုင္းဆီသို႔စာတစ္ေစာင္ပို႔လိုက္သည္။

"ေတာင္"

တစ္ေန႔လုံး ေတာင့္ေတာင့္ႀကီးမတ္တပ္ရပ္ထားရသျဖင့္ ခါးေတြနာလာေသာေၾကာင့္ အိပ္ရာထက္တြင္လွဲေနရင္း ဝင္လာေသာ massage အားဖတ္ရန္ ေဘးခုံတြင္တင္ထားေသာဖုန္းကိုလွမ္းယူလိုက္သည္။

"ကိုႏွိုင္း အဆင္ေျပရဲ့လား ဒီေန႔ေတာ္ေတာ္ေညာင္းသြားမွာပဲ"

ဒီကေလးေလးစိတ္ပူေပးရွာသားပဲ။ မပူလို႔လည္းရမွမရေတာ့တာ ငါကမို႔ရဲ့ မူပိုင္ရွင္ျဖစ္သြားၿပီေလ။

ဘယ္လက္ႏွင့္စာရိုက္ရသည္မွာမလြယ္ကူသည္မို႔ စိတ္မရွည္ေတာ့ပဲ ဖုန္းသာလွမ္းေခၚလိုက္သည္။

ဖုန္းဝင္လာၿပီ..ဘယ္လိုလုပ္ရမလဲ..ကိုင္လိုက္ရမွာလား မကိုင္ပဲေနရမလား အား မိုဝီ ေဟ့ေကာင္ မင္းရွက္ေနလို႔မရဘူး ခ်စ္သူေတြျဖစ္ေနၿပီကြ အဲ့တာမင္းေကာင္ေလးဖုန္းကိုင္ရမယ္။

တစ္ေယာက္တည္းစကားေတြေျပာကာ စကၠန႔္ပိုင္းမၽွေတြေဝေနၿပီးေနာက္ ဖုန္းကိုင္ရန္ဆုံးျဖတ္လိုက္သည္။

"ဟယ္လို မို ကိုယ့္လက္ကစာရိုက္ရတာအဆင္မေျပလို႔ ဖုန္းေခၚလိုက္တာ ေျပာလို႔အဆင္ေျပရဲ့လား အဆင္မေျပရင္ခ်လိုက္မယ္ေလ"

"မခ်နဲ႔..မခ်နဲ႔ ရတယ္ ကိုႏွိုင္းကိုေဆးေသာက္အိပ္ဖို႔ေျပာမလို႔ တစ္ေန႔လုံးမတ္တပ္ပဲရပ္‌ေနရတာဆိုေတာ့ ပင္ပန္း‌ေနမွာပဲ ေအးေဆးနားေနာ္ မနက္ျဖန္ မိုတို႔မလည္ဘူးသိလား က်န္တဲ့ေကာင္ေတြက‌ ေနျပင္းေတာ့အသားမည္းမွာစိုးလို႔တစ္ရက္ပဲလည္မယ္တဲ့ ကၽြန္ေတာ္လည္းဘယ္မွမသြားေတာ့ပဲနားလိုက္ေတာ့မယ္"

ေနာက္ထပ္တစ္ရက္သာ ႏွိုင္းလည္းလိုက္မည္ဆိုလၽွင္ အသက္ပါထြက္သြားနိုင္သည္။ မဟုတ္ေတာင္ ခု‌ေျခ‌ေထာက္ကိုက္လို႔ အိပ္ရာထဲလဲ‌ွ‌ေနရၿပီ။

"အင္း နည္းနည္းပင္ပန္းသြားလို႔ ဆန္ျပဳတ္ေသာက္ၿပီးလွဲေနတာ"

"လက္ကိုလည္းဂ႐ုစိုက္အုံးေနာ္ ေဆးလည္းေသာက္ အဲ့ဒါေျပာခ်င္လို႔ ဒါပဲ ဒါပဲ"

"ေနအုံး"

ဖုန္းခ်မည္အလုပ္ တစ္ဖက္ကထြက္လာေသာအသံေၾကာင့္ မခ်ျဖစ္ပဲ ဆက္နားေထာင္ေနသည္။

"ခ်စ္တယ္.. ကိုယ္မင္းကိုအရမ္းခ်စ္တယ္မို"

ဆံပင္ဆက္မသုတ္နိုင္ေတာ့ပဲ ရပ္တန႔္သြားကာ ျဗဳန္းစားႀကီးမို႔လို႔ ဘာျပန္ေျပာရမယ္မွန္းမသိေသာ္လည္း ပါးစပ္ကထြက္သြားေသာစကားလုံးမွာ...

"ပိုခ်စ္တယ္"

ဖုန္းကိုခ်ကာ ကုတင္ေပၚသို႔ပစ္တင္လိုက္ၿပီး...

အား..မိုဝီမင္းဘယ္လိုေျပာလိုက္တာလဲ ပိုခ်စ္တယ္တဲ့လား။ရိုးရိုးခ်စ္တာေတာင္မဟုတ္ဘူး ပိုၿပီးေတာ့ခ်စ္တယ္လို႔ေျပာလိုက္မိတာ ႐ူးေနၿပီ ႐ူးေနၿပီ ဒီစကားလုံးကဘယ္လိုကေနဘယ္လို ထြက္လာရတာလဲ ေသပါၿပီ ရွက္လိုက္တာ။

ပို...ပိုခ်စ္တယ္ ဆိုတဲ့စကားက ငါနားၾကားမွားတာေတာ့မဟုတ္ေလာက္ပါဘူးေနာ္..ခ်စ္လိုက္တာ ဒီလိုစကားျပန္ၾကားရလိမ့္မယ္လို႔ေတာင္မထင္ထားဘူး ေႁခြထားမိုေရ ေႁခြထား မဟုတ္ေတာင္ မိုမေႁခြလည္း ကိုယ္ကေတာ့အလိုလိုကိုေႂကြေနၿပီသား။

စိတ္ရွိတိုင္းသာဆိုလၽွင္ အိပ္ရာေပၚတြင္လူးလိွမ့္ပစ္ခ်င္ေသာ္လည္း လူက‌အေကာင္းမဟုတ္ အက်ိဳးျဖစ္ေနသျဖင့္ ေပ်ာ္ခ်င္တိုင္းကလည္းေပ်ာ္လို႔မရ။

မထင္မွတ္ထားေသာအျဖစ္အပ်က္ေၾကာင့္ ထိုညအိပ္မက္ေကာင္းေကာင္း မက္ေပအုံးေတာ့မည္။
________________

"ဆရာ လတ္တေလာ ဆူးသစ္ႏွိုင္းတို႔ဘက္က ကေလးအတြင္းဝတ္ေလးတစ္ခုထုတ္ထားတယ္ အဲ့တစ္ခုကလည္း ကေလးအေမေတြၾကားမွာ ေရပန္းစားလြန္းအားႀကီးလို႔ စစခ်င္း‌ေရာင္းတဲ့ေန႔မွာတင္ ပစၥည္းျပတ္သြားတဲ့အထိပဲတဲ့"

"သူက ငါတို႔ထက္ဘာလို႔သာေနရတာလဲ သူ႔ကိုတစ္စက္ကေလးမွသေဘာမက်ဘူး ငါရမယ့္ ပထမဆုကိုသူလုသြားတာ!"

တိမ္တိုက္တို႔လြင့္ပ်ံေနေသာ အျပာေရာင္ကေလးဝတ္ပုံအား စားပြဲေပၚတြင္တင္ကာ ဧည့္ခန္းထဲတြင္ ဟိန္းထက္ႏွင့္ေရာင္စဥ္တို႔ႏွစ္ေယာက္ စကားေျပာေနၾကျခင္းျဖစ္သည္။

ေရာင္စဥ္ အံကိုႀကိတ္ကာ မ်က္ႏွာတင္းထားၿပီး လက္သီးက်စ္က်စ္ဆုပ္ထားသည္။သူ႔ထက္သာလၽွင္ လုံးဝမႀကိဳက္ေပ သို႔ေသာ္ မသမာေသာနည္းျဖင့္ေတာ့အနိုင္မယူတတ္။ကိုယ္တိုင္အားစိုက္ၿပီးမွသာ တိုက္ယူေလ့ရွိသည္။
______________________

May 1,2017

လည္ကတုံးအက်ီ၊ပိုးပုဆိုးကို သပ္သပ္ရပ္ရပ္ဝတ္စားကာ မဂၤလာ‌ေဆာင္ခန္းမတစ္ခုထဲသို႔ဝင္လာေသာ ႏွိုင္းႏွင့္မိုဝီ။

ဒီလိုလိုက္ဖက္တဲ့ဘဝ ေပ်ာ္စရာေလာကႀကီးက တကယ္ပါၾကင္နာသူေလးရွိေနမွ ရည္ရြယ္ထားမယ္အခ်စ္ေလး ေရွ႕ဆက္ၿပီးခ်စ္သြားမယ္ ဒီလိုမင္းနဲ႔ကိုနဲ႔သိပ္ခ်စ္သြား~

ခန္းမထဲဝင္ဝင္ခ်င္း ဒီသီခ်င္းၾကားရေတာ့ ကၽြန္ေတာ္ကိုယ္တိုင္မဂၤလာေဆာင္ေနရသလိုပဲ။ဒီသီခ်င္‌းေလးကိုသိပ္ႀကိဳက္တာ ဘယ္ေလာက္နားေထာင္ေထာင္ ရင္ထဲမွာစြဲၿပီးကိုက်န္ေနခဲ့တာ။

ေဘးတြင္ရွိေသာ ႏွိုင္းအား မ်က္ႏွာေလးတစ္ခ်က္ၾကည့္လိုက္ၿပီး စိတ္ထဲမွစကားေလးတစ္ခြန္းေရရြတ္မိသည္။

ကၽြန္ေတာ္လည္းတစ္ေန႔ ႏွိုင္းနဲ႔ဒီလိုလက္ထပ္ခြင့္ရနိုင္မွာပါ။
မဂၤလာခန္းမႀကီးထဲ ႏွစ္ေယာက္အတူလက္တြဲၿပီး ဝင္လာရတဲ့တစ္ေန႔လည္း ကၽြန္ေတာ့္ဆီကိုေရာက္လာနိုင္မွာပါ။

"ကိုယ့္မ်က္ႏွာမွာဘာေပေနလို႔လဲ"

"ဟင့္အင္း ဘာမွမျဖစ္ဘူး ခ်စ္ဖို႔ေကာင္းလို႔ၾကည့္ေနတာ"

ကၽြန္ေတာ္နဲ႔ႏွိုင္းနဲ႔ ခ်စ္သူျဖစ္တာဒီေန႔နဲ႔ဆို တစ္လျပည့္ခဲ့ၿပီ ခုထက္ထိသူကၽြန္ေတာ့္အေပၚမွာ အနိုင္ယူတာမ်ိဳးေတြမရွိခဲ့ဘူး။ေျပာမထြက္ရဲတဲ့စကားေလးေတြလည္း တစ္လဆိုတဲ့အခ်ိန္အတြင္းမွာ ရွက္ေနတာေတြမရွိပဲ ေျပာရဲလာတယ္။

အခ်စ္ဆိုတာ ရင္ထဲမွာသိမ္းထားေနလို႔ပဲမရဘူး တစ္ဖက္လူျမင္ေအာင္ထုတ္ျပမွ သူလည္းကိုယ့္ကို‌ထပ္တူျပန္ခ်စ္ေပးနိုင္မွာ။

ဒီေန႔က ကိုေဇာ္ရဲ့မဂၤလာ‌ေဆာင္ အစကေတာ့ ေမေမနဲ႔အတူသြားဖို႔လုပ္ထားတာ ဒါေပမယ့္အ‌ေမမလိုက္နိုင္လို႔ ကၽြန္ေတာ့္ကိုပဲလႊတ္လိုက္တာ ကၽြန္ေတာ္လည္းအခြင့္အေရးရတုန္း မိတ္ဆက္ေပးခ်င္တာနဲ႔ သူ႔ကို မနက္ေစာေစာစီးစီးဒီကိုဆြဲေခၚလာမိတယ္။

သတို႔သား၊သတို႔သမီး နားေနခန္းကို ႏွစ္ေယာက္အတူသြားၾကသည္။ႏွိုင္းတို႔လည္းအခန္း‌ေရွ႕သို႔အ‌ေရာက္ ထိုစုံတြဲအခန္းတံခါးအဖြင့္..

"ဟာ.. မိုဝီ ငါ့ညီလာတာဝမ္းသာလိုက္တာ"

"လာရမွာေပါ့ ကိုေဇာ္ရဲ့ ကိုယ့္အစ္ကိုမဂၤလာေဆာင္ပဲဟာကို"

"ဒါနဲ႔ သူက"

မိုဝီ့ေဘးတြင္ရပ္ေနေသာ ႏွိုင္းကို ေဇာ္ေဏလက္ညႇိုးထိုးကာေမးသည္။

"ကိုေဇာ္ ဒါက ကၽြန္ေတာ့္ခ်စ္သူ ဆူးသစ္ႏွိုင္း"

ကိုေဇာ္တို႔ အံ့ဩသြားသည္မွာအေသအခ်ာပင္။ကၽြန္ေတာ္တစ္ေယာက္ေယာက္ကိုအသိေပးခ်င္သျဖင့္ ယုံၾကည္ရေသာကိုေဇာ့္ကိုသာေရြးခ်ယ္ၿပီး အရဲစြန႔္ေျပာလိုက္ျခင္းပင္။

"ေခ်ာသားပဲကြ မင္းတို႔ႏွစ္ေယာက္လိုက္တယ္"

"ဟုတ္တယ္ ေမာင္ေလးတို႔အတြဲေလးကခ်စ္စရာေလး"

ကိုေဇာ္ႏွင့္မႏြယ္စကားအရဆိုလၽွင္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကိုလက္ခံေပးပုံရသည္။ဆူမယ္ထင္ထားတာ ဒီလိုစကားၾကားရေတာ့လည္း အသက္ရွုေခ်ာင္သြားသလိုပဲ။ကိုႏွိုင္းကေတာ့ ဘာမွမေျပာပဲ ျပဳံးသာျပဳံးျပေနသည္။

"ကိုႏွိုင္း ဒါကမို႔ရဲ့အကိုဝမ္းကြဲ ရဲမွူးႀကီးကိုေဇာ္ေဏတဲ့ ၿပီးေတာ့ ဒါကကို‌ေဇာ္ရဲ့ဇနီး‌ေလာင္း မႏြယ္နီ"

"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္"

ယဥ္ယဥ္ေက်းေက်းေခါင္းကေလးငုံ႔ၿပီး ျပန္ႏွုတ္ဆက္တဲ့ႏွိုင္းကိုျမင္ရတာ တစ္မ်ိဳးေလးပဲ သူလည္းမရင္းႏွီးေသးေတာ့အေနခက္ေနတဲ့ပုံပဲ။

"ငါ့ညီအကူအညီလိုရင္ အကို႔ကိုသာေျပာအကုန္ကူညီေပးမယ္"

"ဟုတ္တယ္ေမာင္ေလး အစ္မတို႔ကို ေမာင္ႏွမလိုပဲသေဘာထားလို႔ရတယ္"

ဒီလိုျပန္တုံ႔ျပန္ေတာ့ သူလည္းစိတ္ေအးသြားပုံရတယ္။တည္ၾကည္တဲ့မ်က္ႏွာထားကေနၿပီး ေဖာ္ေရြတဲ့အသြင္ကိုေျပာင္းသြားတာ ကၽြန္ေတာ္သတိထားမိတယ္။

"ဟုတ္ကဲ့ ကၽြန္ေတာ္တို႔ကိုဒီလိုအသိအမွတ္ျပဳေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္"

"ရပါတယ္ကြာ မင္းတို႔ႏွစ္ေယာက္ခ်စ္ေနရင္ၿပီးတာပဲ ဘာမွမလိုဘူး ခုေတာ့အခမ္းအနားစေတာ့မယ္ မင္းတို႔လည္းေနရာသြားယူၾကေတာ့"

"ဟုတ္ကဲ့"

ဝိုင္းတစ္ဝိုင္းမွာ ဝင္ထိုင္ၿပီးတာနဲ႔အခမ္းအနားစတင္ပါေတာ့တယ္။ရဲေတာက္ေနေသာအနီေရာင္ ႏွင္းဆီပြင့္ဖတ္ကေလးေတြကို ေရွ႕ကေန ကေလးေသးေသးေလးႏွစ္ေယာက္ ပန္းၾကဲပၾကတယ္။အေနာက္မွာဂါဝန္ျဖဴေလးဝတ္ထားၿပီး ေလၽွာက္လာတဲ့မႏြယ္ကိုျမင္ရတာ ကိုေဇာ့္အတြက္ဝမ္းသာသည္။

မႏြယ္ကစိတ္ရင္းသိပ္ေကာင္းတာ၊ကိုေဇာ္နဲ႔ဒီလိုအေၾကာင္းပါၿပီး လက္ထပ္ၾကတဲ့ ျမင္ကြင္းေလးက တကယ္ကို ၾကည္ႏူးစရာေလးပါပဲ။ကိုေဇာ့္ကိုအခုမွျမင္ဖူးတဲ့ ႏွိုင္းလည္း ၾကည္ႏူးေနတဲ့ပုံရတယ္ ကၽြန္ေတာ့္လက္ကိုဖြဖြေလးကိုင္ေပးထားၿပီး သတို႔သားနဲ႔သတို႔သမီး လက္ထပ္လက္စြပ္ဝတ္ေပးၾကတာကို ထိုင္ၾကည့္ေနတယ္။

အခမ္းအနားၿပီးမွ ကိုေဇာ္တို႔ကိုႏွုတ္ဆက္ၿပီး ကၽြန္ေတာ္တို႔ကားဆီကိုျပန္လာခဲ့တယ္။ႏွိုင္းကခုဆိုရင္ ကားေမာင္းရမွာေတာင္မေၾကာက္တတ္ေတာ့ဘူး။သူကိုယ္တိုင္ေမာင္းၿပီးပဲ အႀကိဳအပို႔လုပ္ေပးတယ္။က‌ားေပၚကိုေရာက္ေတာ့...

"မို.. Happy Anniversary ပါ"

တစ္လျပည့္တာကို ႏွိုင္းေမ့ေနတယ္ထင္ထားတာသူမေမ့ဘူးပဲ ။ေလးေထာင့္ဗူးေလးတစ္ဗူးကိုသူဖြင့္ျပတယ္ အထဲမွာဆြဲႀကိဳးေလးတစ္ခု။

"ဒီစာတန္းေလးက..."

"ကိုယ္ကိုယ္တိုင္မွာၿပီး ထြင္းေပးထားတာဘယ္လိုလဲ သေဘာက်ရဲ့လား"

သေဘာက်တာထက္ကိုပိုပါသည္ ထြင္းထားတဲ့စာသားေလးက I Love you Mo တဲ့ ကၽြန္ေတာ္တစ္ေယာက္တည္းအတြက္ သီးသန႔္စာသားေလးတစ္ခု‌ေပါ့။ကၽြန္ေတာ္တစ္ခါမွ လက္ေဆာင္မရခဲ့ဖူးတဲ့အတြက္ ဒီလိုခံစားခ်က္မ်ိဳးကိုလည္းအခုမွပဲခံစားဖူးသည္။

"အင္း အရမ္းအရမ္းကိုသေဘာက်တယ္"

"ဒီနားတိုး ကိုယ္ဝတ္ေပးမယ္"

သူ႔ေရွ႕ကိုတိုးေပးေတာ့ ကၽြန္ေတာ့္လည္ပင္းကိုသိုင္းၿပီး ဆြဲႀကိဳးေလးဝတ္ေပးသည္။အရွည္ကကြက္တိပါပဲ ရင္ညြန႔္နားေလးမွာဆြဲျပားေလးကတြဲေလာင္းက်လို႔။

"ဒါ ကိုယ့္ရဲ့ကိုယ္ပြားေလး ကိုယ္အနားမွာမရွိရင္ မို႔ကိုေစာင့္ေရွာက္ေပးဖို႔အတြက္ ဒီဆြဲႀကိဳးေလးကိုတာဝန္ေပးထားတယ္"

"ေသခ်ာထိန္းသိမ္းထားပါ့မယ္ကိုႏွိုင္း ေက်းဇူးတင္ပါတယ္"

"ကိုယ္တို႔ၾကားထဲမွာ ေက်းဇူးတင္တဲ့စကားေျပာစရာမလိုပါဘူးမိုရယ္ မိုၾကယ္လိုခ်င္တယ္ဆိုရင္ေတာင္ ကိုယ္ကဝယ္ေပးဖို႔အသင့္ပါပဲ ဒါေလးက မိုမေတာင္းဆိုေပမယ့္ အမွတ္တရေလးရွိေနေစခ်င္လို႔"

"မို႔မွာေတာ့ ေပးစရာလက္ေဆာင္မရွိဘူး"

ဒီလိုေျပာေတာ့ သူကသြားကေလးေပၚေအာင္ရယ္သည္။ေနာက္ေတာ့ ကၽြန္ေတာ့္ႏွာဖ်ားေလးကိုညႇစ္ၿပီး..

"အခ်စ္ကလြဲရင္ ဘာမွမေပးနဲ႔ရတယ္ ကိုယ္လိုခ်င္တာမို႔ဆီကအခ်စ္ေတြပဲ အဲ့တာေတြကိုေတာ့အကုန္ေပးမွရမွာေနာ္ ခ်န္ထားလို႔မရဘူး"

"ဒါကေတာ့ေျပာေနစရာေတာင္မလိုဘူး ႏွလုံးသားထဲမွာပါမကအေတြးေတြထဲမွာပါ ႏွိုင္းဆိုတဲ့လူႀကီးကေနရာယူထားၿပီးသားမို႔"

သူေက်နပ္သြားပုံရသည္ ခါးပတ္ပတ္ေပးၿပီး ကားစထြက္ကတည္းက မ်က္ႏွာမွာျပဳံးလို႔။အိမ္နားအထိသူလိုက္ပို႔ေပးတယ္။အိမ္ေရွ႕ေတာ့ပို႔လို႔မရေသးဘူး အိမ္ကလူေတြကိုလည္းဖြင့္မေျပာရေသးေတာ့။

ကားတံခါးဖြင့္ကာဆင္းလာၿပီး ႏွိုင္းဖက္ကိုေကြ႕လာသည္။တစ္ေယာက္ကကားထဲမွာ တစ္ေယာက္ကကားအျပင္မွာ တံခါးေလးတစ္ခုပဲျခားသည္။

ႏွိုင္းကားမွန္ကိုခ်လိုက္ေတာ့ မိုဝီခါးေလးနည္းနည္းညႊတ္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္ကာ အၾကည့္တို႔အားဆုံ‌ေစသည္။ထို႔‌ေနာက္ျဖဴလႊလႊ နဖူးျပင္ထက္အား ႏွင္းဆီဖူးသဖြယ္ ႏွုတ္ခမ္းတစ္စုံမွာ ႏူးညံ့စြာက်ေရာက္လာခဲ့သည္။

"ဒါက ဒီေန႔အတြက္ မို႔ရဲ့လက္ေဆာင္ သြားၿပီေနာ္ တာ့တာ"

အိမ္ျပန္လမ္းတစ္ေလၽွာက္လုံး နဖူးကိုထိလိုက္၊ပြတ္လိုက္၊ျပဳံးလိုက္ႏွင့္ တစ္ေယာက္တည္းဗ်ာမ်ားေနခဲ့သည္။

မို႔ကိုစခ်စ္တဲ့ေန႔ကစၿပီး မေပ်ာ္ရႊင္ရတဲ့ေန႔ဆိုတာမရွိခဲ့ဘူး
ဒီေကာင္ေလးက အသက္ငယ္ေသးေပမယ့္ အခ်စ္ေတြကေတာ့ ရင့္က်က္ေနပါၿပီ တစ္ခါတေလ စတတ္တာေလးကလြဲလို႔ေပါ့......။

=======================

=======================
Nun's note~

         မေန႔ကညက ထိုင္ေရးတာဆယ့္ႏွစ္ခြဲတဲ့အထိမၿပီးတာနဲ႔ဘမတင္လိုက္နိုင္ဘူး ဒီfic‌ေလးကဂ်ီေဟာသူလိုမ်ိဳးပဲ ေနာက္ေၾကာင္းျပန္ရတာျဖစ္တဲ့အတြက္ မၿငီးေငြ႕သြားဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္  ႀကိဳက္ႏွစ္သက္ျခင္းမရွိခဲ့လို႔ရွိရင္လည္း ႏြန္းေတာင္းပန္ပါတယ္

Continue Reading

You'll Also Like

14.7K 657 33
ခနခနေငးေနမီတဲ့ေကာင္ေလးကက်န္ေတာ္ကိုျကဳိတ္ေနတာတဲ့လား ေဝယံမင္းမာန္ အတန္းေခါင္ေဆာင္ကို ့ျကဳိတ္မီတာက်န္ေတာ္အမွားလား ကံထူးငယ...
1.1M 73.5K 34
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
158K 6.4K 49
"Have we meet before?" YunLan asks with the lollipop in his mouth. "Sorry?" Shen Wei eyes become bigger as he looks up to him. A professor and a po...
147K 4.1K 12
Nico di Angelo couldn't stay in one place. It just wasn't how he functioned. Will Solace kept him grounded, gave him a home to return to, but Nico st...