သူမှလွဲ၍ _Completed

By Noon_i

260K 26.8K 1.1K

အိပ်မက်တစ်ခုကနေ ဆုံတွေ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့အကြောင်း.... သင်အိပ်မက်ဆိုတဲ့အရာကို ယုံပါသလား။ အိပ္မက္တစ္ခုကေန... More

Intro
Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32
Ep_33
Ep_34
End

Ep_17

5.2K 624 28
By Noon_i

Unicode

"ဟယ်လို ကိုဇော်"

"အခင်းဖြစ်တဲ့နေ့က cctv ရှာတွေ့ပြီ ညီလေးရေ"

"ဗျာ ဟုတ်လားကိုဇော် ကျွန်တော်အခုချက်ချင်းလာခဲ့မယ်"

‌‌ခုံပေါ်တွင်တင်ထားသောအပေါ်ဝတ်ကုတ်အား လွှားကနဲ လွှမ်းခြုံကာ မြန်မြန်ဆန်ဆန်ပင်ဝတ်လိုက်ပြီး ကားသော့ကိုယူကာရုံးခန်းထဲမှအပြေးအလွှားထွက်လာသည်။ဝန်ထမ်းရုံးခန်းထဲတွင်ထိုင်နေသော ခွန်းတေဇကိုတောင်မမြင်နိုင်တော့။

"မိုဝီ့ကိစ္စပဲထင်တယ် ဒီလိုအရေးတကြီးသွားပုံထောက်ရင်တော့"

ဆရာတပည့်ဟူသည့်အတိုင်း အရိပ်မြင်လျှင်အကောင်တန်းသိသည်။ဘယ်သွားမလဲမေးရန်မလိုအပ်တော့သဖြင့် ကိုယ့်အလုပ်ကိုယ်သာ ပြန်အာရုံစိုက်လိုက်သည်။

လီဗာကိုအားကုန်နင်း၍ တစ်နာရီကြာသောလမ်းခရီးကို မိနစ်နှစ်ဆယ်ဖြင့်ရောက်အောင်မောင်းလာပုံကြည့်လျှင် စိတ်လောနေသည်ကိုသိနိုင်သည်။

ရဲစခန်းရှေ့တွင်ကားရပ်အပြီး လမ်းလျှောက်လျက်ပင်မဝင်နိုင်တော့ပဲ ခြေလှမ်းကျယ်ကျယ်ဖြင့် တံခါးဖွင့်ထားသော ရဲမှူးရုံးခန်းအတွင်းသို့ပြေးဝင်လာခဲ့သည်။

"ငါ့ညီ..လာ ဒီမှာ cctv ထဲကလူပုံ maskအုပ်ထားတော့မျက်နှာသိပ်မမြင်ရဘူး ဒါပေမဲ့ သိလိုသိငြား အကိုအကြောင်းကြားလိုက်တာ"

တရားခံပါသော video ဖွင့်ထားသည့်
Laptopအား နှိုင်းရှေ့သို့တိုးပေးလိုက်သည်။maskကြောင့်ကွယ်နေသော မျက်နှာအား စူးစူးစိုက်စိုက်ဖြင့် ရှေ့သို့ရစ်လိုက် နောက်သို့ပြန်ကျော်လိုက်နှင့် အခါတလဲလဲကြည့်နေသည်။

ဦးထုပ်ကလည်းဆောင်းထားတဲ့အပြင် maskပါတပ်ထားသေးတယ် ဟိုလူမှန်းဘယ်လိုသိနိုင်တော့မှာလဲ။ဖြေးဖြေးချင်းရစ်ပြီး တစ်ခေါက်ပြန်ကြည့်ရမယ်...ဟမ်..ဒါ..
ဒါက။

ကြည့်နေသောvideoအား ရုတ်တရက်ရပ်တန့်ကာ ပုံချဲ့ကြည့်လိုက်ပြီး..

"ကိုဇော်ရေ သေချာပြီ‌ဗျ သေချာပြီ.. ဒီမှာမြင်ရလား သူ့နားထင်ကဒဏ်ရာကို ကိုဇော်လည်းတွေ့တယ်မလား"

"ဟာ ဟုတ်ပါရဲ့ ကိုဇော်ကြည့်တုန်းကအဲ့တာကိုသတိမထားမိဘူး ဒါဆိုဟိုလူ့လုပ်ရပ်‌ေကြာင့်ဆိုတာသေချာသွားပြီပေါ့"

"ဟုတ်တယ်ကိုဇော် နောက်ဆုံးတော့ရှာတွေ့ပြီ"

"ဒါဆိုရင် သူ့ကိုမိအောင်ဖမ်းဖို့ပဲလိုတော့တယ် ဒီသက်သေလောက်ဆို တရားရုံးကိုတင်ပြဖို့အတွက်ခိုင်လုံတဲ့ အထောက်အထားတစ်ခုအဖြစ်သတ်မှတ်လို့ရပြီ အကိုတို့ကြိုးစားသမျှတွေအရာထင်လာပြီပေါ့ကွာ"

ဒီလူ့ကိုဖမ်းမိရင်ကိုယ်လဲစိတ်အေးရတော့မယ်ကလေး...သူ့တန်ရာတန်ကြေးကိုရအောင်ပြန်ဆပ်ခိုင်းပါ့မယ်။
ကောင်းကင်ဘုံကနေကြည့်နေတယ်မလားကလေး။
ခဏလေးပဲစောင့်ပေးနော်.....ခဏလေးပဲ...။
_______________________

"ကူးရေ...ငါတို့ဝင်လာပြီနော်"

"အော် သမီးတို့ အိမ်လာလည်ကြတာလား"

"ဟုတ်တယ်အန်တီ ကျောင်းဖွင့်ရင်လည်းတွေ့နေရပေမယ့် ပိတ်ရက်မှာမုန့်စုပြီးစားဖို့ပြင်ထားကြလို့"

"ဒါနဲ့အန်တီတောင် ပိုပြီးလှလာတယ်"

Hotpot ချက်စားရန်အတွက် လိုအပ်သည်များဝယ်ကာ တစ်ယောက်တစ်ထုပ်ဆွဲလျက် သက်နှင့်သဒ္ဒါအိမ်ထဲသို့ဝင်လာကြသည်။ အမေနဲ့သူတို့စကားပြောနေသံကြောင့် အိမ်အပေါ်ထပ်မှ ကျွန်‌ေတာ်ခပ်သွက်သွက်ဆင်းလာခဲ့သည်။

"နင်တို့ရောက်ပြီ‌ဆိုတော့ ချက်ကြတော့လေ ငါစားချင်နေပြီ"

"အခုမှရောက်တဲ့လူကို အထုပ်ကူသယ်‌ေပးဖို့ နည်းနည်းပါးပါးလေးများ မစဉ်းစားတော့ဘူးလား"

"အားနားပါးနာနဲ့ရေသောက်လို့တောင်မပြောဘူး ချစ်ဖို့ကောင်းလိုက်တဲ့သူငယ်ချင်းလေး"

"အေးလေသားရယ် သူငယ်ချင်းတွေကိုအဲ့လိုမပြောရဘူးလေ"

ဟုတ်လည်းဟုတ်ပါရဲ့ အပင်ပန်းခံပြီးဝယ်လာပေးတာကို ကူမသယ်ပေးတော့ သူတို့လဲစိတ်ဆိုးရှာပြီပေါ့။

"သယ်ပေးပါ့မယ်ခဗျာ သယ်ပေးပါ့မယ် ဒါပေမဲ့ချက်တာကတော့နင်တို့လုပ်ရမှာနော်"

"အေးပါ သိပါတယ် ရော့ရော့လာယူ"

နှစ်ယောက်စလုံးအထုပ်တွေအတင်းထိုးပေးသဖြင့် မနိုင်မနင်းနှင့်အိမ်နောက်ဖေးသို့ သယ်သွားသည်။သက်နှင့်သဒ္ဒါလည်း ကူကူးအနောက်မှလိုက်လာကြသည်။

ထည့်ရမည့်အသားနှင့်ဟင်းသီးဟင်းရွက်များအား သက် လှီးပေးကာအသင့်ပြင်ပေးသည်။သဒ္ဒါမှာတော့ ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲကို အသားချောင်းတွေ၊အသားလုံးတွေ၊ ငရုတ်နှစ်‌တွေထည့်ကာ တစ်ချက်မွှေလိုက်သည်။ထို့နောက် ဆားနည်းနည်းဖြူးပြီးမှ အပ်မှို၊ခေါက်ဆွဲနှင့်အခြားလိုအပ်သည်များထည့်ကာအဖုံးပိတ်ထားလိုက်သည်။

"ဟယ် သက်တို့ရောက်နေပါလား"

"ဟာ..လာလာမကီ...မကြီးဆီကစာအုပ်လေးတွေငှားဖတ်ချင်နေတာနဲ့အတော်ပဲ"

သုံးယောက်ထိုင်နေကြသောစားပွဲဆီသို့ ကီဝီတစ်ယောက်ဝင်ကာ ရောထိုင်လိုက်သည်။အမှန်တော့ အိမ်အပေါက်ဝကတည်းက ဟေ့ာပေါ့အနံ့ကိုကြိုသိနေခြင်းကြောင့် စားချင်သဖြင့်ဝင်လာရောခြင်းဖြစ်သည်။

"အစ်မအခန်းထဲမှာစာအုပ်တွေစီထားတယ် ကြိုက်တဲ့ဟာသာယူဖတ် ဒါပေမယ့်အမေမမြင်စေနဲ့ သိတယ်မလား"

မျက်နှာရိပ်မျက်နှာကဲပြကာ မျက်စိတစ်ဖက်မှိတ်ကာ အထာပြလိုက်သည်။fujoshi သုံးယောက်ဖြစ်သည့်အလျောက် ကီဝီပြောသည်ကို တန်းသဘောပေါက်သဖြင့် ခေါင်းညိတ်ပြကြသည်။

"မကီကိုသက်မေးချင်တာတစ်ခုရှိတယ် လူတစ်ယောက်ကိုချစ်မိတဲ့အခါဘယ်လိုခံစားလဲ"

ထိုစကားကြောင့် ကူကူးပါနားစွင့်ကာလိုက်နားထောင်သည်။ယခင်နေ့က ကိစ္စမှာခေါင်းထဲမှမထွက်သေးပေ။ ထိုသူဝမ်းနည်းလျှင် သူပါဝမ်းနည်းလာခြင်းနှင့် တစ်ခါဆုံတိုင်း ရင်ထဲလှိုက်ဖိုနေသော ခံစားချက်ကိုသူဖော်ထုတ်ချင်သည်။

အချစ်ကျမ်း‌ေကျနေသော ကီဝီ့အဖို့ထိုအရာမှာဖြေရန်မခက်ခဲလှပေ။ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ အဖြေကိုပြောပြသည်။

"အချစ်ဆိုတာ ရင်ခုန်ခြင်းကအစပြုတယ်
လူတစ်ယောက်ကိုချစ်မိပြီဆိုရင် နှလုံးသားကအချက်ပြလိမ့်မယ် လိုက်ရှာနေဖို့မလိုဘူး
ကိုယ့်ဆီကို သူ့အလိုလိုရောက်လာလိမ့်မယ်
ကိုယ်မစဉ်းစားမိပဲနဲ့ သူ့အကြောင်းကခေါင်းထဲအလိုလိုရောက်လာတာမျိုး အဲ့ဒီလူကကိုယ့်ကိုမကြည့်နေရင်တောင်
ကိုယ်ကငေးကြည့်နေမိတာမျိုး
လူတစ်ယောက်ကိုချစ်မိဖို့အတွက်က ဖိအားပေးနေစရာမလိုဘူး
အချစ်ကပဲကိုယ့်ကိုမသိမသာလေးနဲ့ နစ်မြောသွားအောင် လုပ်ပေးလာလိမ့်မယ်
ကိုယ်ကစိတ်ရှည်ရှည်နဲ့စောင့်နေရုံပဲ"

"အချစ်အကြောင်းဒီလောက်သိပြီး ဘာလို့ရည်းစားကျမရတာလဲ"

"မရတာမဟုတ်ဘူးဟဲ့ မထားတာ မထားတာ ငါကငါ့အသည်းလေးတွေကိုချစ်နေရရင်ပြီးပြီ ငမ်းနေရရင်ပဲကျေနပ်တယ် မစားရလည်းအညေှာ်ခံမှာပဲ"

မောင်နှမနှစ်ယောက်အချေအတင်ပြောနေကြပုံကိုကြည့်ကာ သက်နှင့်သဒ္ဒါမှာတိတ်တိတ်ကလေးကြိတ်ကာရယ်နေရသည်။အသံထွက်လျှင် အပျိုကြီးမမ စိတ်ဆိုးသွားမည်ကိုလည်းကြောက်ရသေးသည်။

"ဒါဆိုကျွန်တော်လည်းမေးမယ် အချစ်ဆိုတဲ့အရာကဘယ်လိုလဲ"

"အတိအကျတော့ပြောလို့မရဘူး အချစ်ဆိုတဲ့စကားလုံးကနှစ်လုံးတည်းရှိပေမယ့် တကယ်တမ်း‌ေတာ့တော်တော်လေးကိုရှုပ်ထွေးတဲ့အရာမျိုး
ကူးနားလည်အောင် ရှင်းပြပေးမယ်
ကူးက လူတစ်ယောက်ကိုချစ်မိသွားပြီပဲထားပါတော့ သူ့မျက်နှာလေးကိုအညှိုးခံချင်မှာမဟုတ်တော့ဘူး
သူဝမ်းနည်းရင်ကိုယ်လည်းအလိုလိုဝမ်းနည်းလာမယ်  သူပြုံးနေတာလေးမြင်ရင် ကိုယ်ပါအလိုလိုစိတ်ချမ်းမြေ့လာမယ်
သူ့အတွက်ဆို အကုန်လုံးပေးဆပ်ချင်လာလိမ့်မယ်"

မကီပြောတဲ့ထဲက နှစ်ချက်လောက်ကငါအခုဖြစ်နေတာနဲ့အတူတူပဲ..ငါတကယ်ပဲသူ့ကိုချစ်မိသွားပြီလား။အိမ်မက်ထဲကလူကရောသူပဲလား ။ ခဏနေပါအုံး ငါကသာဒီလိုအတွေးလွန်နေတာ သူကငါ့ကိုစိတ်ဝင်စားတာမှမဟုတ်တာ သူ့မှာလည်းပိုင်ရှင်ကသက်သက်ရှိနေတာပဲဟာ သူနဲ့ငါနဲ့ကလည်းဘာမှပတ်သက်တာလည်းမဟုတ်ဘူး ။တော်ပါပြီအခုချိန်မှမရပ်တန့်ရင် ငါဒီထက်ပိုပြီးဆိုးလာလိမ့်မယ်

"ကူး နင်တစ်ယောက်ယောက်ကိုများချစ်နေလို့လား"

"ပေါက်ပေါက်ရှာရှာ..အသားတွေကျက်လောက်ပြီစားကြမယ်လေ"

ထိုင်ခုံမှထသွားကာ ထည့်စားရန်ပန်းကန်လုံးလေးခုအားယူ၍ တစ်ယောက်တစ်ခုစီနေရာချပေးသည်။စကားလမ်းကြောင်းလွှဲလိုက်သည်ကို ကီဝီသိသဖြင့် ကူကူး၏မျက်လုံးများအားလိုက်ကြည့်နေသည်။ ထိုအကြည့်များကို ကူကူးမှာမဆုံနိုင် အတင်းရှောင်လွှဲကာနေလျက်။
_____________________

March 17,2017

"ဟိန်း...ဘယ်လိုလဲသိရပြီလား"

"ဟုတ်ဆရာ နာမည်က ဆူးသစ်နှိုင်း၊အသက် 25၊Triple companyရဲ့တစ်ဦးတည်းသောသား မိဘတွေက သူ့အသက် 10နှစ်‌ေလာက်မှာ ကားအက်စီးဒင့် တစ်ခု‌ေကြာင့်ဆုံးပါးသွားပြီးနောက်ပိုင်း အဒေါ်မိသားစုက စောင့်ရေှာက်‌ထားခဲ့တာပါ... ဦးလေးဖြစ်သူက company ကိုဦးစီးပေးပြီး ‌သူ့ကိုနိုင်ငံခြားမှာ ကျောင်းသွားတက်စေခဲ့ပါတယ်...ဘွဲ့ရပြီးနောက်မှ မြန်မာပြည်ကိုပြန်လာပြီး ပိုင်ရှင်ရာထူးကို ဆက်ခံခဲ့ပါတယ်... အခုအဲ့ကုမ္ပဏီကိုသူနဲ့သူ့ညီဝမ်းကွဲ ခွန်းတေဇတို့က ဆက်လက်ထိန်းသိမ်းထားတာပါဆရာ"

"သူ့လုပ်ငန်းက ငါတို့ထက်ပိုပြီးအောင်မြင်နေတော့ ငါတို့ကနောက်ကောက်ကျပြီးကျန်ခဲ့တယ် သူတို့ကို‌မရရအောင် ကျော်နိုင်ရမယ်"

ရောင်စဉ် လက်သီးပြင်းပြင်းတစ်ချက်ဖြင့် နံရံသို့ပိတ်ထိုးလိုက်သည်။ ထိုသူမှာစီးပွားရေးနှင့်ပတ်သက်လျှင် အလွန်လောဘကြီးသည်။

"ဒါပေမယ့် သူတို့နဲ့ကျွန်တော်တို့နဲ့က ထုတ်တာခြင်းမှမတူတာ သူတို့က ကလေးအစလူကြီးအဆုံး အတွင်းဝတ်၊အပြင်ဝတ်အကုန်ထုတ်တာဆိုတော့ ပိုပြီးစိတ်ဝင်စားကြတာဖြစ်မယ်..ကျွန်‌ေတာ်တု့ိကကျ‌ေတာ့ ယောက်ျားလေးဝတ်ကုတ်တွေပဲထုတ်တာ‌ဆိုတော့ ဒုတိယရောက်သွားတာနေမှာ"

"တိတ်စမ်း..မင်းလျှာမရှည်နဲ့ ငါတို့အထည်တွေကကောင်းပြီးသား...ဘယ်သူမှလာယှဉ်လို့မရဘူးကွ!"

လေသံမာမာဖြင့်‌ေပြာခံလိုက်ရ‌ေသာ‌ေကြာင့် ဟိန်းအထွန့်ထပ်မတက်ရဲတော့ပေ။
______________________

"ကိုခွန်း..ကိုနှိုင်းကားမောင်းတာတစ်ခါမှလည်းမတွေ့ဖူးသေးဘူး ဘာဖြစ်လို့မမောင်းတာလဲ"

"ကိုနှိုင်းငယ်ငယ်တုန်းက မိဘတွေကား‌ေမှာက်တာကိုသူကိုယ်တိုင်ကြံု‌ေတွ့ခဲ့ရခဲ့တယ် သူ့မျက်စိရှေ့မှာတင်မိဘနှစ်ပါးစလုံး ဆုံးရှုံးခံလိုက်ရတဲ့အတွက် ကားမောင်းရမှာကိုကြောက်နေတာ လိုင်စင်ရထားပေမယ့် ခုထက်ထိတော့မမောင်းသေးဘူး"

"ကိုနှိုင်းသနားပါတယ် သူတော်တော်ပင်ပန်းခဲ့မှာပဲ"

သူလူတွေကို အေးစက်စက်နဲ့တုံ့ပြန်တာက သူနဲ့ရင်းနှီးပြီးရင်သူ့အနားကထွက်သွားကြမှာ ကြောက်လို့ဖြစ်မယ်။အပြင်ကသာအေးစက်‌ေနပေမယ့် အတွင်းစိတ်ကလေးကနူးညံ့ပြီးနွေးထွေးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ကျွန်တော်နှိုင်းကို ကားမောင်းနိုင်အောင်ကူညီပေးမယ်။

နေ့လည်စာစားနေရင်း သိချင်သောကိစ္စကိုအောင့်အည်းမနေ‌ေတာ့ပဲ ဖွင့်ထုတ်ကာ အတူတူထိုင်နေသာခွန်းတေဇအားမေးခဲ့ခြင်းပင်ဖြစ်သည်။

နှိုင်းမှာရှယ်ယာရှင်များနှင့်အစည်းအဝေးထိုင်ပြီး အပြင်ကနေသာဝယ်စားခဲ့သည်။ထို့‌ေနာက် ရုံးခန်းထဲဝင်လာ၍ ဒီဇိုင်းထိုင်ဆွဲနေသော မိုဝီ့ဆီသို့ တစ်လှမ်းချင်းလျှောက်လာသည်။ဆိတ်ငြိမ်သောရုံးခန်းအတွင်း၌ နှိုင်း၏ဖိနပ်သံမှာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းထင်ရှားစွာကြားနေရသည်။

"အလုပ်စဝင်ကတည်းက စဉ်းစားခိုင်းထားတဲ့ ဒီဇိုင်းရပြီလား"

"ကလေးအတွင်းဝတ်ဆိုတော့ ချစ်ဖို့ကောင်းမယ့်ဒီဇိုင်းလေးဆွဲထားတယ် ကြည့်ကြည့်ပေး"

Ipad တွင်ဆွဲထားသောပုံအား ထုတ်ပြသည်။ပုံမှာတော့ တကယ်ကိုချစ်စရာကောင်းသည်ပင်။ပြာနုနုအစလေးပေါ်တွင် တိမ်နှင့်သက်တံ့ကလေးများအား အနုစိတ်ထည့်ကာဆွဲပေးထားသည်။ထိုနှစ်ခုထဲတင်မဟုတ် နားရွက်ကားကားနှင့်ဆင်သေးသေးလေးတွေပါ ဆွဲထားသေးသည်။

"မဆိုးပါဘူး ကလေးအမေတွေကြိုက်လောက်မယ် ဒါနဲ့ဘာလို့အပြာရောင်သုံးတာလဲ ပြီးတော့ ဒီသုံးခုကကောဘာလို့ထည့်ဆွဲထားတာလဲ"

"ဘာလို့လဲဆိုတော့အပြာရောင်က ကျွန်တော်အကြိုက်ဆုံးအရောင်ဖြစ်နေလို့ အပြာရောင်ကိုချဆွဲလိုက်တာနဲ့ ကောင်းကင်ပြာမှာ တိမ်တိုက်ကလေးတွေရွေ့နေတာကိုအကြံရသွားတာ ပြီးတော့သက်တံ့ဆိုတာကလည်း အရောင်အသွေးစုံပြီး ဘယ်လိုလိုကြည့်ကြည့်စိတ်ချမ်းသာဖို့ကောင်းတယ်လေ ဆင်ပုံကတော့ ကလေးတွေလဲကြိုက်လောက်မယ် အပြာရောင်နဲ့ကလည်းလိုက်တယ် အဲ့တာကြောင့်"

အ‌ေတွးကအစ ချစ်ဖို့ကောင်းနေတာ.. ငါတော့ဒီကောင်လေးနဲ့ကြာကြာနေရင် အချစ်ရူးရူးသွားတော့မယ်။အပြာရောင်ကြိုက်လို့ခဏခဏဝတ်တာထင်တယ် ဒီနေ့လည်း အပြာနုလေးဝတ်လာတယ်။ဘာဝတ်ဝတ်လိုက်ဖက်နေမှာပါ ကိုယ်နဲ့သာပေါင်းလိုက်ရင်ပိုပြီးလိုက်ဖက်သွားမှာ။

"အဆင်ပြေတယ် ဒီဒီဇိုင်းကိုထုတ်ပြီး ခွန်းကိုပေးလိုက် ဈေးကွက်ထဲရောက်ဖို့ကို သူစီစဉ်ပေးလိမ့်မယ်"

ထိုစကားပြောပြီးနောက် အပြင်သို့ထွက်ရန် တံခါးသို့လျှောက်လာကာ တံခါးလက်ကိုင်ကိုကိုင်လိုက်ပြီးလှည့်ဖွင့်ရန်လုပ်နေစဉ်..

"အော်..ဒါနဲ့ ညနေကျရင် ရေကန်တစ်ခုဆီကိုသွားမလို့ အဲ့တာမိုလိုက်ခဲ့ပေး"

"ရတယ်လေ ကျွန်တော်လည်းသွားချင်နေတာ လိုက်ခဲ့မယ်"

မလိုက်လောက်ဘူးအထင်နှင့်ပြောလိုက်သော်လည်း လိုက်မည်ဆိုသောစကားကြောင့် ရင်ထဲ၌ပန်းတွေပွင့်နေသည်။ပျော်ပျော်ရွှင်ရွှင်ဖြင့် အခန်းတံခါးဖွင့်ကာ လေချွန်၍ အခန်းအပြင်ဘက်ထွက်လာခဲ့သည်။

ကိုနှိုင်းခုနောက်ပိုင်း တော်တော်ထူးဆန်းနေတယ် အရင်ကဒီလိုမဟုတ်ပါဘူး။ဘယ်အရာတွေကများ ကိုနှိုင်းကိုပြောင်းလဲအောင်လုပ်နိုင်ခဲ့တာလဲ။

လေချွန်ကာထွက်လာသော နှိုင်းကို ခွန်းတေဇတစ်ယောက် နားမလည်သောမျက်ဝန်းများဖြင့် မေးခွန်းထုတ်နေသည်။

ညနေ 3 နာရီ

"ကိုခွန်း ကားသော့ကျွန်တော့်ကိုပေး ဒီနေ့တော့ကိုခွန်းအဆင်ပြေသလိုပြန်လိုက်တော့ ကျွန်တော်ကြည့်လုပ်လိုက်မယ်"

ခွန်းမှာလည်း အိမ်ပြန်နားချင်နေတာနှင့်အတော်ဖြစ်သွားကာ စကားဆံုးတာနှင့်‌ထိုနေရာမှ ဖျက်ကနဲပျောက်သွားတော့သည်။

"ကိုနှိုင်းလာ မောင်းမယ်"

"မမောင်းရဲဘူး မမောင်းဘူး"

"မငြင်းနေနဲ့ ကြောက်နေရင်ဘယ်တော့မှမောင်းလို့ရမှာမဟုတ်ဘူး လာ..ကျွန်တော်ရှိတာပဲကြောက်စရာမှမလိုတာ ကျွန်‌ေတာ်ကာကွယ်ပေးမှာပေါ့"

လက်ကိုအတင်းဆွဲကာ ကားခေါင်းခန်းထဲသို့တွန်းပို့သည်။နှိုင်းလည်းမလွန်ဆန်နိုင်တော့ပဲ အလိုက်သင့်လေးထိုင်ပေးလိုက်သည်။ ကျန်တံခါးတစ်ဖက်ကိုဖွင့်၍ နှိုင်း၏ဘေးခုံတွင် ဝင်ထိုင်လိုက်ပြီး ခါးပတ်ဆွဲပတ်လိုက်သည်။နှိုင်းမှာလည်း ခါးပတ်အသင့်ပတ်ထားပြီးနေသည်။

"မောင်းလေ ဘာလုပ်နေတာလဲ"

"အဆင်ပြေမှာမဟုတ်ဘူး"

"အဆင်ပြေပါတယ် တစ်ယောက်တည်းမှမဟုတ်တာ ကျွန်တော်အနားမှာရှိတာပဲ ကြောက်စိတ်တွေအကုန်တိုက်ထုတ်ပေးမယ် ကဲခုတော့ စက်နှိုးတော့"

မိုဘေးနားမှာရှိနေတဲ့အတွက်ကြောင့် ကိုယ်ဒီတစ်ခါတော့ကြိုးစားကြည့်ပေးမယ် ဒါမို့ကို ကိုယ်ယုံကြည်လို့။

ကားစက်ကိုနှိုးလိုက်ကာ လီဗာကိုဖြည်းဖြည်းချင်းနင်းလိုက်သည်နှင့် ကားမှာလှုပ်လှုပ်ရှားရှားဖြစ်လာသည်။ဘေးတွင် တစ်ဖက်သတ်ချစ်နေရသူ မိုထိုင်နေသဖြင့် ကြောက်စိတ်မှာသိပ်မပေါ်လာပေ။

"တွေ့လား ‌ခုမောင်းတော့ရနေတာပဲမလား"

မင်းဘေးမှာထိုင်နေတဲ့အတွက် ကိုသိပ်မကြောက်တာဖြစ်မယ် မမောင်းရသေးခင်တုန်းကတော့ဝန်လေးနေပေမယ့် ခုတော့ကိုယ်မောင်းနိုင်သွားပြီထင်တယ် အရင်တုန်းကလိုကိုယ်မကြောက်တော့ဘူး။ကျေးဇူးတင်ပါတယ်မို...မိုသာမရှိရင်ကိုယ်နေနိုင်မှာမဟုတ်ဘူး။

"ဒါဆိုရေကန်ကိုမောင်းလိုက်တော့မယ်နော်"

"အင်း"

အန္တရာယ်ကင်းကင်းဖြင့် ရေကန်သို့ရောက်လာခဲ့ကြသည်။သက်ပြင်းများချကာ ကန်၏ဘေးဘောင်တွင်ဘေးချင်းယှဉ်လျက်ထိုင်နေကြသည်။

နေဝန်းနီနီမှာကန်‌ေရပြင်ပေါ်တွင် အရောင်ဟပ်နေသည်။‌အေးချမ်းသောကန်ရေပြင်ကြောင့် စိတ်စိုးရိမ်မှုများမှာ ယူပစ်သလိုပျောက်သွားခဲ့သည်။ထိုမြင်ကွင်းကြောင့် သီချင်းတစ်ပုဒ်ခေါင်းထဲရောက်လာခဲ့သည်။

အိမ်ပြန်ချိန်တွေအတူလျှောက်လည်
နေဝင်ချိန်ဆိုအတူရှိမယ်....
ကျွန်တော်ဒီသီချင်းလိုမျိုး တစ်နေ့မှာကျွန်တော်ချစ်တဲ့သူနဲ့‌ေနဝင်ချိန်ကိုကြည့်ချင်ခဲ့တာ ခုတော့ကျွန်တော့်ဆန္ဒလေးပြည့်ဝသွားခဲ့ပြီ။

ရေပြင်ကိုဖြတ်ကာတိုက်ခတ်လာသော ချမ်းစိမ့်စိမ့်လေညင်းတို့မှာ ပင်ပန်းမှုများအားလျှော့ချပေးနေသလိုပင်။မှောင်ရီပျိုးစအချိန်ကြောင့် ပိုးစုန်းကြူးကလေးများ မှိတ်တုတ်မှိတ်တုတ်နှင့်ပေါ်ထွက်လာကြသည်။

"ပိုစုန်းကြူးလေးတွေကဘာလို့ ကြယ်လေးတွေလိုမှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာလဲဆိုတာသိလားမို"

"ဟင့်အင်း"

မို့ကိုမျက်နှာမူလိုက်တော့ အနားမှာဝဲနေသော ပိုစုန်းကြူးကလေးများမှာ မို့လောက် မတောက်ပတော့ပေ။မျက်ကပ်မှန်မတပ်ထားသောမျက်ဝန်းမှာ ယနေ့မှပို၍ရွှန်းစိုစိုဖြစ်နေသလိုပင်။‌ေမး‌ေနသည်ကို ခေါင်းလေးယမ်းကာ ပြန်ဖြေသည်။

"သူတို့လေးတွေ မီးလင်းတာက လက်တွဲဖော်ကိုရှာဖွေနေတာ မီးတစ်ချက်စီလင်းပြပြီး မြက်ခင်းတစ်နေရာကနေ သူတို့ဘဝရဲ့လက်တွဲဖော်လေး အချက်ပြမယ့်အချိန်ကိုစောင့်မျှော်နေတာတဲ့"

"ဒါဆို သူတို့လက်တွဲဖော်က သူတို့ကိုတွေ့ရင်ပြန်ပြီး‌မီးလင်းပြတာလား"

"ဟုတ်တယ် မီးလေးတွေပြန်လင်းပြကြပြီး တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်မိကြတဲ့သဘောပေါ့"

"ထူးဆန်းလိုက်တာနော် အချစ်ရှာနေကြတဲ့သူတို့လေးတွေမြန်မြန်တွေ့ကြပါစေ ဒါနဲ့ ကိုနှိုင်းကောအချစ်မတွေ့သေးဘူးလား"

နှိုင်းပြန်လှည့်သွားသဖြင့် နှိုင်း၏ရှေ့သို့ မျက်နှာဖြင့်လာကွယ်ထားလိုက်သည်။

ကျွန်တော့်နှလုံးသားက မို့အနောက်ကကန်ရေပြင်ကြီးလို လှုပ်ရှားမှုမရှိပဲငြိမ်သက်နေတယ်။
ဒါပေမယ့်အခုတော့အဲ့ကန်ထဲကို ခဲတစ်လုံးပစ်လိုက်တဲ့လူရှိလာခဲ့ပြီ ချစ်တတ်တဲ့စိတ်တစ်ခုရိုက်သွင်းပေးလိုက်ပြီ။
ကျွန်တော်ကိုယ်တိုင်ကလည်း ကျေကျေနပ်နပ်ကြီးကိုခံယူလိုက်ခဲ့မိတယ်။
ကျွန်တော်နဲ့မိုက အသက်အရမ်းကွာလွန်းတယ် အခုမှ18နှစ်ပြည့်မယ့်ကလေးကို စွဲစွဲလမ်းလမ်းနဲ့ချစ်မိသွားခဲ့တာ
ကျွန်တော်အရမ်း‌ေလာဘကြီးသွားပြီထင်တယ် ‌‌ေဝခွဲလို့မတတ်‌ေတာ့တဲ့အတွက်
ဒီတစ်ကြိမ်လေးတော့ ကိုယ့်ကိုရူးမိုက်ခွင့်ပေးပါမို။

စိတ်ကိုထိန်းချုပ်သော်လည်း နှုတ်ခမ်းမှာမို့ပါးထက်သို့ ရောက်နှင့်နေခဲ့ပြီ။ ရိုက်ချင်လည်းရိုက်၊ထိုးချင်လဲထိုးပါ မို။ မို့အတွက်ဆိုအကုန်ပေးဆပ်ပြီးသားပါ။

"ကိုနှိုင်း ဘာလုပ်လိုက်တာလဲ!"

"ကိုယ်တောင်းပန်ပါတယ်မို ကိုယ်မို့ကိုချစ်နေခဲ့တာကြာပါပြီ၊ဖွင့်ပြောဖို့ကြိုးစားနေခဲ့တာလည်းတော်တော်လေးကိုကြာပါပြီ မိုမကြိုက်ဘူးဆိုရင် ကို့ယ်ကိုငြင်းပိုင်ခွင့်ရှိပါတယ်"

နှိုင်းလူကိုအသားယူတယ်...တကယ်တော့ကျွန်တော်ကိုယ်တိုင်ကိုကလည်း သိသိရက်နဲ့ရှောင်ဖယ်ချင်စိတ်မရှိခဲ့တာပါ။ကျွန်တော်အကို့ကိုချစ်‌ေနတာလား..စိတ်ဝင်စား‌ေနတာလားဆိုတာပြန်စမ်းစစ်ကြည့်ဖို့အချိန်‌လိုသေးတယ်။

"ကျွန်တော်သွားတော့မယ် ကိုနှိုင်း"

‌ချက်ချင်းပင်ထကာ ကားထဲမှလွယ်အိတ်ကိုဆွဲယူလျက် taxi တစ်စီးငှားပြီးထွက်သွားတော့သည်။ နှိုင်း မတားချင်ပေ ရုတ်တရက်မို့ စဉ်းစားချိန်လိုအပ်လောက်သည်အထင်နှင့် ဆွဲမထားတော့ပေ။

စိတ်ဆိုးခွင့်ရှိပါတယ်မို...။
မင်းကိုယ့်ကို စိတ်ဆိုးခွင့်ရှိပါတယ်....။

=====================

=====================
Nun's note~

ဒီတစ်ခါတော့ရှည်ရှည်လေးရေးပြီး မိုလေးပုံကိုပါ စိတ်နှစ်လူနှစ်နဲ့ဆွဲပေးထား‌တယ်နော် ဖတ်ရင်းနဲ့မသိလိုက်တာမျိုးရှိရင်ကလေးတွေ အပိုင်းကျော်ပြီးဖတ်ထားမိလို့ဖြစ်ပါလိမ့်မယ်..အပိုင်းတိုင်းဖတ်မှအဆက်အစပ်ရှိမှာပါ
တစ်ရက်ခြားရင်ပြန်တွေ့ကြမယ်...

======================

======================

Zawgyi

"ဟယ္လို ကိုေဇာ္"

"အခင္းျဖစ္တဲ့ေန႔က cctv ရွာေတြ႕ၿပီ ညီေလးေရ"

"ဗ်ာ ဟုတ္လားကိုေဇာ္ ကၽြန္ေတာ္အခုခ်က္ခ်င္းလာခဲ့မယ္"

‌‌ခုံေပၚတြင္တင္ထားေသာအေပၚဝတ္ကုတ္အား လႊားကနဲ လႊမ္းျခဳံကာ ျမန္ျမန္ဆန္ဆန္ပင္ဝတ္လိုက္ၿပီး ကားေသာ့ကိုယူကာ႐ုံးခန္းထဲမွအေျပးအလႊားထြက္လာသည္။ဝန္ထမ္း႐ုံးခန္းထဲတြင္ထိုင္ေနေသာ ခြန္းေတဇကိုေတာင္မျမင္နိုင္ေတာ့။

"မိုဝီ့ကိစၥပဲထင္တယ္ ဒီလိုအေရးတႀကီးသြားပုံေထာက္ရင္ေတာ့"

ဆရာတပည့္ဟူသည့္အတိုင္း အရိပ္ျမင္လၽွင္အေကာင္တန္းသိသည္။ဘယ္သြားမလဲေမးရန္မလိုအပ္ေတာ့သျဖင့္ ကိုယ့္အလုပ္ကိုယ္သာ ျပန္အာ႐ုံစိုက္လိုက္သည္။

လီဗာကိုအားကုန္နင္း၍ တစ္နာရီၾကာေသာလမ္းခရီးကို မိနစ္ႏွစ္ဆယ္ျဖင့္ေရာက္ေအာင္ေမာင္းလာပုံၾကည့္လၽွင္ စိတ္ေလာေနသည္ကိုသိနိုင္သည္။

ရဲစခန္းေရွ႕တြင္ကားရပ္အၿပီး လမ္းေလၽွာက္လ်က္ပင္မဝင္နိုင္ေတာ့ပဲ ေျခလွမ္းက်ယ္က်ယ္ျဖင့္ တံခါးဖြင့္ထားေသာ ရဲမွူး႐ုံးခန္းအတြင္းသို႔ေျပးဝင္လာခဲ့သည္။

"ငါ့ညီ..လာ ဒီမွာ cctv ထဲကလူပုံ maskအုပ္ထားေတာ့မ်က္ႏွာသိပ္မျမင္ရဘူး ဒါေပမဲ့ သိလိုသိျငား အကိုအေၾကာင္းၾကားလိုက္တာ"

တရားခံပါေသာ video ဖြင့္ထားသည့္
Laptopအား ႏွိုင္းေရွ႕သို႔တိုးေပးလိုက္သည္။maskေၾကာင့္ကြယ္ေနေသာ မ်က္ႏွာအား စူးစူးစိုက္စိုက္ျဖင့္ ေရွ႕သို႔ရစ္လိုက္ ေနာက္သို႔ျပန္ေက်ာ္လိုက္ႏွင့္ အခါတလဲလဲၾကည့္ေနသည္။

ဦးထုပ္ကလည္းေဆာင္းထားတဲ့အျပင္ maskပါတပ္ထားေသးတယ္ ဟိုလူမွန္းဘယ္လိုသိနိုင္ေတာ့မွာလဲ။ေျဖးေျဖးခ်င္းရစ္ၿပီး တစ္ေခါက္ျပန္ၾကည့္ရမယ္...ဟမ္..ဒါ..
ဒါက။

ၾကည့္ေနေသာvideoအား ႐ုတ္တရက္ရပ္တန႔္ကာ ပုံခ်ဲ႕ၾကည့္လိုက္ၿပီး..

"ကိုေဇာ္ေရ ေသခ်ာၿပီ‌ဗ် ေသခ်ာၿပီ.. ဒီမွာျမင္ရလား သူ႔နားထင္ကဒဏ္ရာကို ကိုေဇာ္လည္းေတြ႕တယ္မလား"

"ဟာ ဟုတ္ပါရဲ့ ကိုေဇာ္ၾကည့္တုန္းကအဲ့တာကိုသတိမထားမိဘူး ဒါဆိုဟိုလူ႔လုပ္ရပ္‌ေၾကာင့္ဆိုတာေသခ်ာသြားၿပီေပါ့"

"ဟုတ္တယ္ကိုေဇာ္ ေနာက္ဆုံးေတာ့ရွာေတြ႕ၿပီ"

"ဒါဆိုရင္ သူ႔ကိုမိေအာင္ဖမ္းဖို႔ပဲလိုေတာ့တယ္ ဒီသက္ေသေလာက္ဆို တရား႐ုံးကိုတင္ျပဖို႔အတြက္ခိုင္လုံတဲ့ အေထာက္အထားတစ္ခုအျဖစ္သတ္မွတ္လို႔ရၿပီ အကိုတို႔ႀကိဳးစားသမၽွေတြအရာထင္လာၿပီေပါ့ကြာ"

ဒီလူ႔ကိုဖမ္းမိရင္ကိုယ္လဲစိတ္ေအးရေတာ့မယ္ကေလး...သူ႔တန္ရာတန္ေၾကးကိုရေအာင္ျပန္ဆပ္ခိုင္းပါ့မယ္။
ေကာင္းကင္ဘုံကေနၾကည့္ေနတယ္မလားကေလး။
ခဏေလးပဲေစာင့္ေပးေနာ္.....ခဏေလးပဲ...။
_______________________

"ကူးေရ...ငါတို႔ဝင္လာၿပီေနာ္"

"ေအာ္ သမီးတို႔ အိမ္လာလည္ၾကတာလား"

"ဟုတ္တယ္အန္တီ ေက်ာင္းဖြင့္ရင္လည္းေတြ႕ေနရေပမယ့္ ပိတ္ရက္မွာမုန႔္စုၿပီးစားဖို႔ျပင္ထားၾကလို႔"

"ဒါနဲ႔အန္တီေတာင္ ပိုၿပီးလွလာတယ္"

Hotpot ခ်က္စားရန္အတြက္ လိုအပ္သည္မ်ားဝယ္ကာ တစ္ေယာက္တစ္ထုပ္ဆြဲလ်က္ သက္ႏွင့္သဒၵါအိမ္ထဲသို႔ဝင္လာၾကသည္။ အေမနဲ႔သူတို႔စကားေျပာေနသံေၾကာင့္ အိမ္အေပၚထပ္မွ ကၽြန္‌ေတာ္ခပ္သြက္သြက္ဆင္းလာခဲ့သည္။

"နင္တို႔ေရာက္ၿပီ‌ဆိုေတာ့ ခ်က္ၾကေတာ့ေလ ငါစားခ်င္ေနၿပီ"

"အခုမွေရာက္တဲ့လူကို အထုပ္ကူသယ္‌ေပးဖို႔ နည္းနည္းပါးပါးေလးမ်ား မစဥ္းစားေတာ့ဘူးလား"

"အားနားပါးနာနဲ႔ေရေသာက္လို႔ေတာင္မေျပာဘူး ခ်စ္ဖို႔ေကာင္းလိုက္တဲ့သူငယ္ခ်င္းေလး"

"ေအးေလသားရယ္ သူငယ္ခ်င္းေတြကိုအဲ့လိုမေျပာရဘူးေလ"

ဟုတ္လည္းဟုတ္ပါရဲ့ အပင္ပန္းခံၿပီးဝယ္လာေပးတာကို ကူမသယ္ေပးေတာ့ သူတို႔လဲစိတ္ဆိုးရွာၿပီေပါ့။

"သယ္ေပးပါ့မယ္ခဗ်ာ သယ္ေပးပါ့မယ္ ဒါေပမဲ့ခ်က္တာကေတာ့နင္တို႔လုပ္ရမွာေနာ္"

"ေအးပါ သိပါတယ္ ေရာ့ေရာ့လာယူ"

ႏွစ္ေယာက္စလုံးအထုပ္ေတြအတင္းထိုးေပးသျဖင့္ မနိုင္မနင္းႏွင့္အိမ္ေနာက္ေဖးသို႔ သယ္သြားသည္။သက္ႏွင့္သဒၵါလည္း ကူကူးအေနာက္မွလိုက္လာၾကသည္။

ထည့္ရမည့္အသားႏွင့္ဟင္းသီးဟင္းရြက္မ်ားအား သက္ လွီးေပးကာအသင့္ျပင္ေပးသည္။သဒၵါမွာေတာ့ ပြက္ပြက္ဆူေနတဲ့ေရေႏြးအိုးထဲကို အသားေခ်ာင္းေတြ၊အသားလုံးေတြ၊ င႐ုတ္ႏွစ္‌ေတြထည့္ကာ တစ္ခ်က္ေမႊလိုက္သည္။ထို႔ေနာက္ ဆားနည္းနည္းျဖဴးၿပီးမွ အပ္မွို၊ေခါက္ဆြဲႏွင့္အျခားလိုအပ္သည္မ်ားထည့္ကာအဖုံးပိတ္ထားလိုက္သည္။

"ဟယ္ သက္တို႔ေရာက္ေနပါလား"

"ဟာ..လာလာမကီ...မႀကီးဆီကစာအုပ္ေလးေတြငွားဖတ္ခ်င္ေနတာနဲ႔အေတာ္ပဲ"

သုံးေယာက္ထိုင္ေနၾကေသာစားပြဲဆီသို႔ ကီဝီတစ္ေယာက္ဝင္ကာ ေရာထိုင္လိုက္သည္။အမွန္ေတာ့ အိမ္အေပါက္ဝကတည္းက ေဟ့ာေပါ့အနံ့ကိုႀကိဳသိေနျခင္းေၾကာင့္ စားခ်င္သျဖင့္ဝင္လာေရာျခင္းျဖစ္သည္။

"အစ္မအခန္းထဲမွာစာအုပ္ေတြစီထားတယ္ ႀကိဳက္တဲ့ဟာသာယူဖတ္ ဒါေပမယ့္အေမမျမင္ေစနဲ႔ သိတယ္မလား"

မ်က္ႏွာရိပ္မ်က္ႏွာကဲျပကာ မ်က္စိတစ္ဖက္မွိတ္ကာ အထာျပလိုက္သည္။fujoshi သုံးေယာက္ျဖစ္သည့္အေလ်ာက္ ကီဝီေျပာသည္ကို တန္းသေဘာေပါက္သျဖင့္ ေခါင္းညိတ္ျပၾကသည္။

"မကီကိုသက္ေမးခ်င္တာတစ္ခုရွိတယ္ လူတစ္ေယာက္ကိုခ်စ္မိတဲ့အခါဘယ္လိုခံစားလဲ"

ထိုစကားေၾကာင့္ ကူကူးပါနားစြင့္ကာလိုက္နားေထာင္သည္။ယခင္ေန႔က ကိစၥမွာေခါင္းထဲမွမထြက္ေသးေပ။ ထိုသူဝမ္းနည္းလၽွင္ သူပါဝမ္းနည္းလာျခင္းႏွင့္ တစ္ခါဆုံတိုင္း ရင္ထဲလွိုက္ဖိုေနေသာ ခံစားခ်က္ကိုသူေဖာ္ထုတ္ခ်င္သည္။

အခ်စ္က်မ္း‌ေက်ေနေသာ ကီဝီ့အဖို႔ထိုအရာမွာေျဖရန္မခက္ခဲလွေပ။ေခ်ာင္းတစ္ခ်က္ဟန႔္လိုက္ၿပီးမွ အေျဖကိုေျပာျပသည္။

"အခ်စ္ဆိုတာ ရင္ခုန္ျခင္းကအစျပဳတယ္
လူတစ္ေယာက္ကိုခ်စ္မိၿပီဆိုရင္ ႏွလုံးသားကအခ်က္ျပလိမ့္မယ္ လိုက္ရွာေနဖို႔မလိုဘူး
ကိုယ့္ဆီကို သူ႔အလိုလိုေရာက္လာလိမ့္မယ္
ကိုယ္မစဥ္းစားမိပဲနဲ႔ သူ႔အေၾကာင္းကေခါင္းထဲအလိုလိုေရာက္လာတာမ်ိဳး အဲ့ဒီလူကကိုယ့္ကိုမၾကည့္ေနရင္ေတာင္
ကိုယ္ကေငးၾကည့္ေနမိတာမ်ိဳး
လူတစ္ေယာက္ကိုခ်စ္မိဖို႔အတြက္က ဖိအားေပးေနစရာမလိုဘူး
အခ်စ္ကပဲကိုယ့္ကိုမသိမသာေလးနဲ႔ နစ္ေျမာသြားေအာင္ လုပ္ေပးလာလိမ့္မယ္
ကိုယ္ကစိတ္ရွည္ရွည္နဲ႔ေစာင့္ေန႐ုံပဲ"

"အခ်စ္အေၾကာင္းဒီေလာက္သိၿပီး ဘာလို႔ရည္းစားက်မရတာလဲ"

"မရတာမဟုတ္ဘူးဟဲ့ မထားတာ မထားတာ ငါကငါ့အသည္းေလးေတြကိုခ်စ္ေနရရင္ၿပီးၿပီ ငမ္းေနရရင္ပဲေက်နပ္တယ္ မစားရလည္းအေညႇာ္ခံမွာပဲ"

ေမာင္ႏွမႏွစ္ေယာက္အေခ်အတင္ေျပာေနၾကပုံကိုၾကည့္ကာ သက္ႏွင့္သဒၵါမွာတိတ္တိတ္ကေလးႀကိတ္ကာရယ္ေနရသည္။အသံထြက္လၽွင္ အပ်ိဳႀကီးမမ စိတ္ဆိုးသြားမည္ကိုလည္းေၾကာက္ရေသးသည္။

"ဒါဆိုကၽြန္ေတာ္လည္းေမးမယ္ အခ်စ္ဆိုတဲ့အရာကဘယ္လိုလဲ"

"အတိအက်ေတာ့ေျပာလို႔မရဘူး အခ်စ္ဆိုတဲ့စကားလုံးကႏွစ္လုံးတည္းရွိေပမယ့္ တကယ္တမ္း‌ေတာ့ေတာ္ေတာ္ေလးကိုရွုပ္ေထြးတဲ့အရာမ်ိဳး ကူးနားလည္ေအာင္ ရွင္းျပေပးမယ္
ကူးက လူတစ္ေယာက္ကိုခ်စ္မိသြားၿပီပဲထားပါေတာ့ သူ႔မ်က္ႏွာေလးကိုအညႇိုးခံခ်င္မွာမဟုတ္ေတာ့ဘူး
သူဝမ္းနည္းရင္ကိုယ္လည္းအလိုလိုဝမ္းနည္းလာမယ္  သူျပဳံးေနတာေလးျမင္ရင္ ကိုယ္ပါအလိုလိုစိတ္ခ်မ္းေျမ့လာမယ္
သူ႔အတြက္ဆို အကုန္လုံးေပးဆပ္ခ်င္လာလိမ့္မယ္"

မကီေျပာတဲ့ထဲက ႏွစ္ခ်က္ေလာက္ကငါအခုျဖစ္ေနတာနဲ႔အတူတူပဲ..ငါတကယ္ပဲသူ႔ကိုခ်စ္မိသြားၿပီလား။အိမ္မက္ထဲကလူကေရာသူပဲလား ။ ခဏေနပါအုံး ငါကသာဒီလိုအေတြးလြန္ေနတာ သူကငါ့ကိုစိတ္ဝင္စားတာမွမဟုတ္တာ သူ႔မွာလည္းပိုင္ရွင္ကသက္သက္ရွိေနတာပဲဟာ သူနဲ႔ငါနဲ႔ကလည္းဘာမွပတ္သက္တာလည္းမဟုတ္ဘူး ။ေတာ္ပါၿပီအခုခ်ိန္မွမရပ္တန႔္ရင္ ငါဒီထက္ပိုၿပီးဆိုးလာလိမ့္မယ္

"ကူး နင္တစ္ေယာက္ေယာက္ကိုမ်ားခ်စ္ေနလို႔လား"

"ေပါက္ေပါက္ရွာရွာ..အသားေတြက်က္ေလာက္ၿပီစားၾကမယ္ေလ"

ထိုင္ခုံမွထသြားကာ ထည့္စားရန္ပန္းကန္လုံးေလးခုအားယူ၍ တစ္ေယာက္တစ္ခုစီေနရာခ်ေပးသည္။စကားလမ္းေၾကာင္းလႊဲလိုက္သည္ကို ကီဝီသိသျဖင့္ ကူကူး၏မ်က္လုံးမ်ားအားလိုက္ၾကည့္ေနသည္။ ထိုအၾကည့္မ်ားကို ကူကူးမွာမဆုံနိုင္ အတင္းေရွာင္လႊဲကာေနလ်က္။
_____________________

March 17,2017

"ဟိန္း...ဘယ္လိုလဲသိရၿပီလား"

"ဟုတ္ဆရာ နာမည္က ဆူးသစ္ႏွိုင္း၊အသက္ 25၊Triple companyရဲ့တစ္ဦးတည္းေသာသား မိဘေတြက သူ႔အသက္ 10ႏွစ္‌ေလာက္မွာ ကားအက္စီးဒင့္ တစ္ခု‌ေၾကာင့္ဆုံးပါးသြားၿပီးေနာက္ပိုင္း အေဒၚမိသားစုက ေစာင့္ေရွာက္‌ထားခဲ့တာပါ... ဦးေလးျဖစ္သူက company ကိုဦးစီးေပးၿပီး ‌သူ႔ကိုနိုင္ငံျခားမွာ ေက်ာင္းသြားတက္ေစခဲ့ပါတယ္...ဘြဲ႕ရၿပီးေနာက္မွ ျမန္မာျပည္ကိုျပန္လာၿပီး ပိုင္ရွင္ရာထူးကို ဆက္ခံခဲ့ပါတယ္... အခုအဲ့ကုမၸဏီကိုသူနဲ႔သူ႔ညီဝမ္းကြဲ ခြန္းေတဇတို႔က ဆက္လက္ထိန္းသိမ္းထားတာပါဆရာ"

"သူ႔လုပ္ငန္းက ငါတို႔ထက္ပိုၿပီးေအာင္ျမင္ေနေတာ့ ငါတို႔ကေနာက္ေကာက္က်ၿပီးက်န္ခဲ့တယ္ သူတို႔ကို‌မရရေအာင္ ေက်ာ္နိုင္ရမယ္"

ေရာင္စဥ္ လက္သီးျပင္းျပင္းတစ္ခ်က္ျဖင့္ နံရံသို႔ပိတ္ထိုးလိုက္သည္။ ထိုသူမွာစီးပြားေရးႏွင့္ပတ္သက္လၽွင္ အလြန္ေလာဘႀကီးသည္။

"ဒါေပမယ့္ သူတို႔နဲ႔ကၽြန္ေတာ္တို႔နဲ႔က ထုတ္တာျခင္းမွမတူတာ သူတို႔က ကေလးအစလူႀကီးအဆုံး အတြင္းဝတ္၊အျပင္ဝတ္အကုန္ထုတ္တာဆိုေတာ့ ပိုၿပီးစိတ္ဝင္စားၾကတာျဖစ္မယ္..ကၽြန္‌ေတာ္တု႔ိကက်‌ေတာ့ ေယာက္်ားေလးဝတ္ကုတ္ေတြပဲထုတ္တာ‌ဆိုေတာ့ ဒုတိယေရာက္သြားတာေနမွာ"

"တိတ္စမ္း..မင္းလၽွာမရွည္နဲ႔ ငါတို႔အထည္ေတြကေကာင္းၿပီးသား...ဘယ္သူမွလာယွဥ္လို႔မရဘူးကြ!"

ေလသံမာမာျဖင့္‌ေျပာခံလိုက္ရ‌ေသာ‌ေၾကာင့္ ဟိန္းအထြန႔္ထပ္မတက္ရဲေတာ့ေပ။
______________________

"ကိုခြန္း..ကိုႏွိုင္းကားေမာင္းတာတစ္ခါမွလည္းမေတြ႕ဖူးေသးဘူး ဘာျဖစ္လို႔မေမာင္းတာလဲ"

"ကိုႏွိုင္းငယ္ငယ္တုန္းက မိဘေတြကား‌ေမွာက္တာကိုသူကိုယ္တိုင္ႀကံဳ‌ေတြ႕ခဲ့ရခဲ့တယ္ သူ႔မ်က္စိေရွ႕မွာတင္မိဘႏွစ္ပါးစလုံး ဆုံးရွုံးခံလိုက္ရတဲ့အတြက္ ကားေမာင္းရမွာကိုေၾကာက္ေနတာ လိုင္စင္ရထားေပမယ့္ ခုထက္ထိေတာ့မေမာင္းေသးဘူး"

"ကိုႏွိုင္းသနားပါတယ္ သူေတာ္ေတာ္ပင္ပန္းခဲ့မွာပဲ"

သူလူေတြကို ေအးစက္စက္နဲ႔တုံ႔ျပန္တာက သူနဲ႔ရင္းႏွီးၿပီးရင္သူ႔အနားကထြက္သြားၾကမွာ ေၾကာက္လို႔ျဖစ္မယ္။အျပင္ကသာေအးစက္‌ေနေပမယ့္ အတြင္းစိတ္ကေလးကႏူးညံ့ၿပီးေႏြးေထြးတယ္ဆိုတာ ကၽြန္ေတာ္သိပါတယ္။ကၽြန္ေတာ္ႏွိုင္းကို ကားေမာင္းနိုင္ေအာင္ကူညီေပးမယ္။

ေန႔လည္စာစားေနရင္း သိခ်င္ေသာကိစၥကိုေအာင့္အည္းမေန‌ေတာ့ပဲ ဖြင့္ထုတ္ကာ အတူတူထိုင္ေနသာခြန္းေတဇအားေမးခဲ့ျခင္းပင္ျဖစ္သည္။

ႏွိုင္းမွာရွယ္ယာရွင္မ်ားႏွင့္အစည္းအေဝးထိုင္ၿပီး အျပင္ကေနသာဝယ္စားခဲ့သည္။ထို႔‌ေနာက္ ႐ုံးခန္းထဲဝင္လာ၍ ဒီဇိုင္းထိုင္ဆြဲေနေသာ မိုဝီ့ဆီသို႔ တစ္လွမ္းခ်င္းေလၽွာက္လာသည္။ဆိတ္ၿငိမ္ေသာ႐ုံးခန္းအတြင္း၌ ႏွိုင္း၏ဖိနပ္သံမွာ ေျခတစ္လွမ္းလွမ္းလိုက္တိုင္းထင္ရွားစြာၾကားေနရသည္။

"အလုပ္စဝင္ကတည္းက စဥ္းစားခိုင္းထားတဲ့ ဒီဇိုင္းရၿပီလား"

"ကေလးအတြင္းဝတ္ဆိုေတာ့ ခ်စ္ဖို႔ေကာင္းမယ့္ဒီဇိုင္းေလးဆြဲထားတယ္ ၾကည့္ၾကည့္ေပး"

Ipad တြင္ဆြဲထားေသာပုံအား ထုတ္ျပသည္။ပုံမွာေတာ့ တကယ္ကိုခ်စ္စရာေကာင္းသည္ပင္။ျပာႏုႏုအစေလးေပၚတြင္ တိမ္ႏွင့္သက္တံ့ကေလးမ်ားအား အႏုစိတ္ထည့္ကာဆြဲေပးထားသည္။ထိုႏွစ္ခုထဲတင္မဟုတ္ နားရြက္ကားကားႏွင့္ဆင္ေသးေသးေလးေတြပါ ဆြဲထားေသးသည္။

"မဆိုးပါဘူး ကေလးအေမေတြႀကိဳက္ေလာက္မယ္ ဒါနဲ႔ဘာလို႔အျပာေရာင္သုံးတာလဲ ၿပီးေတာ့ ဒီသုံးခုကေကာဘာလို႔ထည့္ဆြဲထားတာလဲ"

"ဘာလို႔လဲဆိုေတာ့အျပာေရာင္က ကၽြန္ေတာ္အႀကိဳက္ဆုံးအေရာင္ျဖစ္ေနလို႔ အျပာေရာင္ကိုခ်ဆြဲလိုက္တာနဲ႔ ေကာင္းကင္ျပာမွာ တိမ္တိုက္ကေလးေတြေရြ႕ေနတာကိုအႀကံရသြားတာ ၿပီးေတာ့သက္တံ့ဆိုတာကလည္း အေရာင္အေသြးစုံၿပီး ဘယ္လိုလိုၾကည့္ၾကည့္စိတ္ခ်မ္းသာဖို႔ေကာင္းတယ္ေလ ဆင္ပုံကေတာ့ ကေလးေတြလဲႀကိဳက္ေလာက္မယ္ အျပာေရာင္နဲ႔ကလည္းလိုက္တယ္ အဲ့တာေၾကာင့္"

အ‌ေတြးကအစ ခ်စ္ဖို႔ေကာင္းေနတာ.. ငါေတာ့ဒီေကာင္ေလးနဲ႔ၾကာၾကာေနရင္ အခ်စ္႐ူး႐ူးသြားေတာ့မယ္။အျပာေရာင္ႀကိဳက္လို႔ခဏခဏဝတ္တာထင္တယ္ ဒီေန႔လည္း အျပာႏုေလးဝတ္လာတယ္။ဘာဝတ္ဝတ္လိုက္ဖက္ေနမွာပါ ကိုယ္နဲ႔သာေပါင္းလိုက္ရင္ပိုၿပီးလိုက္ဖက္သြားမွာ။

"အဆင္ေျပတယ္ ဒီဒီဇိုင္းကိုထုတ္ၿပီး ခြန္းကိုေပးလိုက္ ေဈးကြက္ထဲေရာက္ဖို႔ကို သူစီစဥ္ေပးလိမ့္မယ္"

ထိုစကားေျပာၿပီးေနာက္ အျပင္သို႔ထြက္ရန္ တံခါးသို႔ေလၽွာက္လာကာ တံခါးလက္ကိုင္ကိုကိုင္လိုက္ၿပီးလွည့္ဖြင့္ရန္လုပ္ေနစဥ္..

"ေအာ္..ဒါနဲ႔ ညေနက်ရင္ ေရကန္တစ္ခုဆီကိုသြားမလို႔ အဲ့တာမိုလိုက္ခဲ့ေပး"

"ရတယ္ေလ ကၽြန္ေတာ္လည္းသြားခ်င္ေနတာ လိုက္ခဲ့မယ္"

မလိုက္ေလာက္ဘူးအထင္ႏွင့္ေျပာလိုက္ေသာ္လည္း လိုက္မည္ဆိုေသာစကားေၾကာင့္ ရင္ထဲ၌ပန္းေတြပြင့္ေနသည္။ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖင့္ အခန္းတံခါးဖြင့္ကာ ေလခၽြန္၍ အခန္းအျပင္ဘက္ထြက္လာခဲ့သည္။

ကိုႏွိုင္းခုေနာက္ပိုင္း ေတာ္ေတာ္ထူးဆန္းေနတယ္ အရင္ကဒီလိုမဟုတ္ပါဘူး။ဘယ္အရာေတြကမ်ား ကိုႏွိုင္းကိုေျပာင္းလဲေအာင္လုပ္နိုင္ခဲ့တာလဲ။

ေလခၽြန္ကာထြက္လာေသာ ႏွိုင္းကို ခြန္းေတဇတစ္ေယာက္ နားမလည္ေသာမ်က္ဝန္းမ်ားျဖင့္ ေမးခြန္းထုတ္ေနသည္။

ညေန 3 နာရီ

"ကိုခြန္း ကားေသာ့ကၽြန္ေတာ့္ကိုေပး ဒီေန႔ေတာ့ကိုခြန္းအဆင္ေျပသလိုျပန္လိုက္ေတာ့ ကၽြန္ေတာ္ၾကည့္လုပ္လိုက္မယ္"

ခြန္းမွာလည္း အိမ္ျပန္နားခ်င္ေနတာႏွင့္အေတာ္ျဖစ္သြားကာ စကားဆံုးတာႏွင့္‌ထိုေနရာမွ ဖ်က္ကနဲေပ်ာက္သြားေတာ့သည္။

"ကိုႏွိုင္းလာ ေမာင္းမယ္"

"မေမာင္းရဲဘူး မေမာင္းဘူး"

"မျငင္းေနနဲ႔ ေၾကာက္ေနရင္ဘယ္ေတာ့မွေမာင္းလို႔ရမွာမဟုတ္ဘူး လာ..ကၽြန္ေတာ္ရွိတာပဲေၾကာက္စရာမွမလိုတာ ကၽြန္‌ေတာ္ကာကြယ္ေပးမွာေပါ့"

လက္ကိုအတင္းဆြဲကာ ကားေခါင္းခန္းထဲသို႔တြန္းပို႔သည္။ႏွိုင္းလည္းမလြန္ဆန္နိုင္ေတာ့ပဲ အလိုက္သင့္ေလးထိုင္ေပးလိုက္သည္။ က်န္တံခါးတစ္ဖက္ကိုဖြင့္၍ ႏွိုင္း၏ေဘးခုံတြင္ ဝင္ထိုင္လိုက္ၿပီး ခါးပတ္ဆြဲပတ္လိုက္သည္။ႏွိုင္းမွာလည္း ခါးပတ္အသင့္ပတ္ထားၿပီးေနသည္။

"ေမာင္းေလ ဘာလုပ္ေနတာလဲ"

"အဆင္ေျပမွာမဟုတ္ဘူး"

"အဆင္ေျပပါတယ္ တစ္ေယာက္တည္းမွမဟုတ္တာ ကၽြန္ေတာ္အနားမွာရွိတာပဲ ေၾကာက္စိတ္ေတြအကုန္တိုက္ထုတ္ေပးမယ္ ကဲခုေတာ့ စက္ႏွိုးေတာ့"

မိုေဘးနားမွာရွိေနတဲ့အတြက္ေၾကာင့္ ကိုယ္ဒီတစ္ခါေတာ့ႀကိဳးစားၾကည့္ေပးမယ္ ဒါမို႔ကို ကိုယ္ယုံၾကည္လို႔။

ကားစက္ကိုႏွိုးလိုက္ကာ လီဗာကိုျဖည္းျဖည္းခ်င္းနင္းလိုက္သည္ႏွင့္ ကားမွာလွုပ္လွုပ္ရွားရွားျဖစ္လာသည္။ေဘးတြင္ တစ္ဖက္သတ္ခ်စ္ေနရသူ မိုထိုင္ေနသျဖင့္ ေၾကာက္စိတ္မွာသိပ္မေပၚလာေပ။

"ေတြ႕လား ‌ခုေမာင္းေတာ့ရေနတာပဲမလား"

မင္းေဘးမွာထိုင္ေနတဲ့အတြက္ ကိုသိပ္မေၾကာက္တာျဖစ္မယ္ မေမာင္းရေသးခင္တုန္းကေတာ့ဝန္ေလးေနေပမယ့္ ခုေတာ့ကိုယ္ေမာင္းနိုင္သြားၿပီထင္တယ္ အရင္တုန္းကလိုကိုယ္မေၾကာက္ေတာ့ဘူး။ေက်းဇူးတင္ပါတယ္မို...မိုသာမရွိရင္ကိုယ္ေနနိုင္မွာမဟုတ္ဘူး။

"ဒါဆိုေရကန္ကိုေမာင္းလိုက္ေတာ့မယ္ေနာ္"

"အင္း"

အႏၲရာယ္ကင္းကင္းျဖင့္ ေရကန္သို႔ေရာက္လာခဲ့ၾကသည္။သက္ျပင္းမ်ားခ်ကာ ကန္၏ေဘးေဘာင္တြင္ေဘးခ်င္းယွဥ္လ်က္ထိုင္ေနၾကသည္။

ေနဝန္းနီနီမွာကန္‌ေရျပင္ေပၚတြင္ အေရာင္ဟပ္ေနသည္။‌ေအးခ်မ္းေသာကန္ေရျပင္ေၾကာင့္ စိတ္စိုးရိမ္မွုမ်ားမွာ ယူပစ္သလိုေပ်ာက္သြားခဲ့သည္။ထိုျမင္ကြင္းေၾကာင့္ သီခ်င္းတစ္ပုဒ္ေခါင္းထဲေရာက္လာခဲ့သည္။

အိမ္ျပန္ခ်ိန္ေတြအတူေလၽွာက္လည္
ေနဝင္ခ်ိန္ဆိုအတူရွိမယ္....
ကၽြန္ေတာ္ဒီသီခ်င္းလိုမ်ိဳး တစ္ေန႔မွာကၽြန္ေတာ္ခ်စ္တဲ့သူနဲ႔‌ေနဝင္ခ်ိန္ကိုၾကည့္ခ်င္ခဲ့တာ ခုေတာ့ကၽြန္ေတာ့္ဆႏၵေလးျပည့္ဝသြားခဲ့ၿပီ။

ေရျပင္ကိုျဖတ္ကာတိုက္ခတ္လာေသာ ခ်မ္းစိမ့္စိမ့္ေလညင္းတို႔မွာ ပင္ပန္းမွုမ်ားအားေလၽွာ့ခ်ေပးေနသလိုပင္။ေမွာင္ရီပ်ိဳးစအခ်ိန္ေၾကာင့္ ပိုးစုန္းၾကဴးကေလးမ်ား မွိတ္တုတ္မွိတ္တုတ္ႏွင့္ေပၚထြက္လာၾကသည္။

"ပိုစုန္းၾကဴးေလးေတြကဘာလို႔ ၾကယ္ေလးေတြလိုမွိတ္တုတ္မွိတ္တုတ္ျဖစ္ေနတာလဲဆိုတာသိလားမို"

"ဟင့္အင္း"

မို႔ကိုမ်က္ႏွာမူလိုက္ေတာ့ အနားမွာဝဲေနေသာ ပိုစုန္းၾကဴးကေလးမ်ားမွာ မို႔ေလာက္ မေတာက္ပေတာ့ေပ။မ်က္ကပ္မွန္မတပ္ထားေသာမ်က္ဝန္းမွာ ယေန႔မွပို၍ရႊန္းစိုစိုျဖစ္ေနသလိုပင္။‌ေမး‌ေနသည္ကို ေခါင္းေလးယမ္းကာ ျပန္ေျဖသည္။

"သူတို႔ေလးေတြ မီးလင္းတာက လက္တြဲေဖာ္ကိုရွာေဖြေနတာ မီးတစ္ခ်က္စီလင္းျပၿပီး ျမက္ခင္းတစ္ေနရာကေန သူတို႔ဘဝရဲ့လက္တြဲေဖာ္ေလး အခ်က္ျပမယ့္အခ်ိန္ကိုေစာင့္ေမၽွာ္ေနတာတဲ့"

"ဒါဆို သူတို႔လက္တြဲေဖာ္က သူတို႔ကိုေတြ႕ရင္ျပန္ၿပီး‌မီးလင္းျပတာလား"

"ဟုတ္တယ္ မီးေလးေတြျပန္လင္းျပၾကၿပီး တစ္ေကာင္နဲ႔တစ္ေကာင္ ဆက္သြယ္မိၾကတဲ့သေဘာေပါ့"

"ထူးဆန္းလိုက္တာေနာ္ အခ်စ္ရွာေနၾကတဲ့သူတို႔ေလးေတြျမန္ျမန္ေတြ႕ၾကပါေစ ဒါနဲ႔ ကိုႏွိုင္းေကာအခ်စ္မေတြ႕ေသးဘူးလား"

ႏွိုင္းျပန္လွည့္သြားသျဖင့္ ႏွိုင္း၏ေရွ႕သို႔ မ်က္ႏွာျဖင့္လာကြယ္ထားလိုက္သည္။

ကၽြန္ေတာ့္ႏွလုံးသားက မို႔အေနာက္ကကန္ေရျပင္ႀကီးလို လွုပ္ရွားမွုမရွိပဲၿငိမ္သက္ေနတယ္။
ဒါေပမယ့္အခုေတာ့အဲ့ကန္ထဲကို ခဲတစ္လုံးပစ္လိုက္တဲ့လူရွိလာခဲ့ၿပီ ခ်စ္တတ္တဲ့စိတ္တစ္ခုရိုက္သြင္းေပးလိုက္ၿပီ။
ကၽြန္ေတာ္ကိုယ္တိုင္ကလည္း ေက်ေက်နပ္နပ္ႀကီးကိုခံယူလိုက္ခဲ့မိတယ္။
ကၽြန္ေတာ္နဲ႔မိုက အသက္အရမ္းကြာလြန္းတယ္ အခုမွ18ႏွစ္ျပည့္မယ့္ကေလးကို စြဲစြဲလမ္းလမ္းနဲ႔ခ်စ္မိသြားခဲ့တာ
ကၽြန္ေတာ္အရမ္း‌ေလာဘႀကီးသြားၿပီထင္တယ္ ‌‌ေဝခြဲလို႔မတတ္‌ေတာ့တဲ့အတြက္
ဒီတစ္ႀကိမ္ေလးေတာ့ ကိုယ့္ကို႐ူးမိုက္ခြင့္ေပးပါမို။

စိတ္ကိုထိန္းခ်ဳပ္ေသာ္လည္း ႏွုတ္ခမ္းမွာမို႔ပါးထက္သို႔ ေရာက္ႏွင့္ေနခဲ့ၿပီ။ ရိုက္ခ်င္လည္းရိုက္၊ထိုးခ်င္လဲထိုးပါ မို။ မို႔အတြက္ဆိုအကုန္ေပးဆပ္ၿပီးသားပါ။

"ကိုႏွိုင္း ဘာလုပ္လိုက္တာလဲ!"

"ကိုယ္ေတာင္းပန္ပါတယ္မို ကိုယ္မို႔ကိုခ်စ္ေနခဲ့တာၾကာပါၿပီ၊ဖြင့္ေျပာဖို႔ႀကိဳးစားေနခဲ့တာလည္းေတာ္ေတာ္ေလးကိုၾကာပါၿပီ မိုမႀကိဳက္ဘူးဆိုရင္ ကို႔ယ္ကိုျငင္းပိုင္ခြင့္ရွိပါတယ္"

ႏွိုင္းလူကိုအသားယူတယ္...တကယ္ေတာ့ကၽြန္ေတာ္ကိုယ္တိုင္ကိုကလည္း သိသိရက္နဲ႔ေရွာင္ဖယ္ခ်င္စိတ္မရွိခဲ့တာပါ။ကၽြန္ေတာ္အကို႔ကိုခ်စ္‌ေနတာလား..စိတ္ဝင္စား‌ေနတာလားဆိုတာျပန္စမ္းစစ္ၾကည့္ဖို႔အခ်ိန္‌လိုေသးတယ္။

"ကၽြန္ေတာ္သြားေတာ့မယ္ ကိုႏွိုင္း"

‌ခ်က္ခ်င္းပင္ထကာ ကားထဲမွလြယ္အိတ္ကိုဆြဲယူလ်က္ taxi တစ္စီးငွားၿပီးထြက္သြားေတာ့သည္။ ႏွိုင္း မတားခ်င္ေပ ႐ုတ္တရက္မို႔ စဥ္းစားခ်ိန္လိုအပ္ေလာက္သည္အထင္ႏွင့္ ဆြဲမထားေတာ့ေပ။

စိတ္ဆိုးခြင့္ရွိပါတယ္မို...။
မင္းကိုယ့္ကို စိတ္ဆိုးခြင့္ရွိပါတယ္....။

=====================

=====================
Nun's note~

ဒီတစ္ခါေတာ့ရွည္ရွည္ေလးေရးၿပီး မိုေလးပုံကိုပါ စိတ္ႏွစ္လူႏွစ္နဲ႔ဆြဲေပးထား‌တယ္ေနာ္ ဖတ္ရင္းနဲ႔မသိလိုက္တာမ်ိဳးရွိရင္ကေလးေတြ အပိုင္းေက်ာ္ၿပီးဖတ္ထားမိလို႔ျဖစ္ပါလိမ့္မယ္..အပိုင္းတိုင္းဖတ္မွအဆက္အစပ္ရွိမွာပါ
တစ္ရက္ျခားရင္ျပန္ေတြ႕ၾကမယ္...

Continue Reading

You'll Also Like

1.1M 58K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
4.6K 57 11
billie is a well known sugar mama. she lives in a mansion filled with girls shes picked up off the streets of la and everyone that walks in, leaves w...
6.7K 193 28
ㅡHello Y/n. ㅡHello Mrs Park. Thanks to welcome me. I am so happy to be here. ㅡI hope you will like Korea!
153K 6.7K 31
ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖြစ်သည်။(4.11.2021) ဤဇာတ္လမ္းတြင္ပါဝင္ေသာအေၾကာင္းအရာမ်ားသည္ စာေရးသူ၏စိတ္ကူးသာျဖစ္သည္။