Zawgyi
ေနာက္ေန႔မနက္ေစာေစာတြင္လည္းပံုမွန္လို ဝမ္က်ိဳသာ ေစာေစာႏိုးေလသည္။ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ေရမိုးခ်ိဳးလိုက္ၿပီး နည္းနည္းေလာက္ေျပးရေအာင္လို႔ ေျပးလမ္းကိုသာ သြားလိုက္သည္။ အျပန္လမ္းမွာပဲ ဝမ္က်ိဳ မနက္စာဝင္ဝယ္လိုက္သည္။ အတန္းတက္ရဖို႔အခ်ိန္ေတာ္ေတာ္နီးေနၿပီဆိုတာ သိေပမဲ့လည္း ေ႐ွာင္ယဲ့က မႏိုးေသးတာေၾကာင့္
သူ႔မွာ ေ႐ွာင္ယဲ့က အဲ့လိုလုပ္တာသည္းမခံႏိုင္ဘူးဆိုရင္ေတာင္မွ ေ႐ွာင္ယဲ့ကို ႏိႈးရံုကလြဲၿပီး တစ္ျခားေရြးခ်ယ္မစရာမ႐ွိေတာ့ဘူး။
"ရႊဲက်န္း, ထေတာ့, ရႊဲက်န္းေနာက္က်ေနလိမ့္မယ္"
ေ႐ွာင္ယဲ့ကေတာ့ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႔မ်က္လံုးကို တစ္ဝက္သာေမွးဖြင့္လိုက္သည္။ အိပ္ရာႏိႈးလိုက္ကတည္းက စိတ္အေျခအေနကသိပ္မေကာင္းေတာ့တာေၾကာင့္ ေ႐ွာင္ယဲ့ သူ႔အိပ္ေနတာေႏွာင့္ယွက္ရဲေလာက္သည္အထိ မိုက္႐ူးရဲဆန္တဲ့ေကာင္ကို ႐ွာမလို႔ပဲ, သူ သူ႔အပိုင္ေခြး႐ူးေလးရဲ႕အရိပ္ကို ျမင္လိုက္ရတဲ့အခါမွာေတာ့ ႀကိမ္ဆဲမဲ့စကားေတြကိုသာ ပါးစပ္ထဲကိုပဲ ျပန္မ်ိဳခ်လိုက္ရသည္။
တကယ္တမ္းေတာ့, ပံုမွန္အားျဖင့္ ေ႐ွာင္ယဲ့ အိပ္ရာထဲမွာ အခ်ိန္ဆြဲေႏွးကန္ေလ့မ႐ွိဘူး။ သူအျမဲတမ္းလိုလို အားအင္အျပည့္နဲ႔ပဲႏိုးထလာတာေၾကာင့္ ႏိႈးစက္ေပးဖို႔ဆိုတာ မလိုအပ္ဘူး။ ဒါေပမဲ့, မေန႔ညက ဝမ္က်ိဳက သူ႔ကို 'ေဘဘီ' လို႔ေခၚတာကို ၾကားလိုက္ရတဲ့ေနာက္, သူ႔မွာ အခ်ိန္အေတာ္ၾကာေအာင္ စိတ္မခိုင္ေတာ့တဲ့အထိ လႊမ္းမိုးခံလိုက္ရၿပီး သူမ်က္လံုးမွိတ္လိုက္တဲ့အခ်ိန္တိုင္း ႐ႈပ္ေထြးလြန္းတဲ့ စိတ္ကူးယဥ္အိပ္မက္ကလြဲၿပီး ဘာမွမျမင္ရတဲ့အထိပဲ။ သူ ေတြေဝေနၿပီး ေနာက္ဆံုးအိပ္ေပ်ာ္သြားတဲ့အခ်ိန္ကဆိုရင္ အ႐ုဏ္တက္ေတာင္ ေရာက္ေတာ့မယ္။ အဲ့ဒါေၾကာင့္ နာရီနည္းနည္းေလးပဲအိပ္ထားတာေၾကာင့္ သူ႔မ်က္ကြင္းက ေတာ္ေတာ္ေလးကို ညိဳမဲသြားေလ၏။
"......အာ, ငါသိၿပီ"
ေ႐ွာင္ယဲ့ အေနရခက္စြာနဲ႔ပဲ သူ႔အၾကည့္ေတြကို ေနရာလႊဲလိုက္ၿပီး ထရပ္လိုက္သည္။ အရင္ညကို ျပန္အမွတ္ရျခင္းက သူ႔ကို ႐ွက္ေသြးျဖန္းသြားေအာင္ ျဖစ္ေစမွာကို စိုးရိမ္မိရင္း ေ႐ွာင္ယဲ့ ဝမ္က်ိဳ႕ကို မ်က္ႏွာခ်င္းဆိုင္ဖို႔ နည္းနည္းႀကိဳးစားလုိက္သည္။
သူ႔ထက္၂ႏွစ္ငယ္တဲ့ ဂ်ဴနီယာေလးက သူ႔ကို 'ေဘဘီ' လို႔ေခၚတာနဲ႔ပဲ တစ္ညလံုး အိပ္မရျဖစ္သြားတာနဲ႔တင္ သူ႔မွာ ေတာ္ေတာ္ေလးကို သိကၡာလည္းက်ေနပါၿပီ။ ဘယ္လိုလုပ္ သူက အဲ့လိုကိစၥမ်ိဳးကို႐ွင္းျပႏိုင္မွာလဲ?
က်ိန္းေသကို သူ႔အေနနဲ႔ ဒီေခြး႐ူးေလးသိသြားမွာကို ခြင့္မျပဳႏိုင္ဘူး။ အဲ့လိုမွမဟုတ္ရင္, ေ႐ွ႕ေလွ်ာက္ သူက ေရွာင္ယဲ့ကို 'ေဘဘီ' လို႔ေခၚေနမယ္ဆိုရင္, ေ႐ွာင္ယဲ့ သူ႔ကို နာခံရေတာ့မွာမလား?
"ရႊဲက်န္း, ရႊဲက်န္း အဆင္ေျပရဲ႕လား?"
ေ႐ွာင္ယဲ့ရဲ႕ မ်က္ႏွာအေျခအေနသိပ္မေကာင္းတာကို ဝမ္က်ိဳ သတိထားမိသြားသည္။ ေ႐ွာင္ယဲ့ေနမေကာင္းျဖစ္ေနတာလို႔ပဲ သူေတြးမိသြားတာေၾကာင့္ ဝမ္က်ိဳ သူ႔လက္ကိုဆန္႔ထုတ္လိုက္ၿပီး ေ႐ွာင္ယဲ့အပူခ်ိန္ကို စစ္ေဆးၾကည့္ရန္ သူ႔ရဲ႕နဖူးကို ထိဖို႔ႀကိဳးစားလိုက္သည္။ သို႔ေပမဲ့, ေ႐ွာင္ယဲ့က သူ႔ရဲ႕လက္ကို ျပတ္ျပတ္သားသားတားဆီးလိုက္သည္။
"ငါ ေနေကာင္းပါတယ္။ မင္းရဲ႕.......မင္းရဲ႕လက္ေတြက အရမ္းေအးတယ္"
ဝမ္က်ိဳ႕ရဲ႕လက္ေတြကပဲအရမ္းေအးေနတာလား? ဒါမွမဟုတ္ သူ႔မ်က္ႏွာကပဲ အရမ္းပူလြန္းေနတာလား? ေ႐ွာင္ယဲ့လည္း လံုးလံုးလ်ားလ်ားေတာ့ မေသခ်ာေပ။
ဝမ္က်ိဳ႕မွာ မွင္တက္မိသြားရၿပီး သူ႔လက္ေတြကို ၾကည့္လိုက္သည္။ အခုေလးတင္ သူမနက္စာဝယ္ၿပီး ျပန္လာတဲ့အခ်ိန္က အျပင္ဘက္မွာ ေဆာင္းရာသီေလ နည္းနည္းတိုက္ေနတယ္ေလ။ အျပင္ကေလေၾကာင့္ သူ႔ရဲ႕လက္အေရျပားက ေအးေနၿပီး သူ႔ရဲ႕လက္ေခ်ာင္းထိပ္ေလးေတြကေတာင္ ေအးခဲေနေတာ့သည္။
"ေတာင္းပန္ပါတယ္, ကြၽန္ေတာ္ သတိမထားမိလုိက္ဘူး....အဆင္ေျပတယ္ဆိုရင္လည္း အရင္ဆံုး မနက္စာစားရေအာင္"
ေ႐ွာင္ယဲ့ သေဘာတူလိုက္မလို႔ပဲ။ သူ႔ဖုန္းေပၚက အခ်ိန္ကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ အတန္းမစခင္ ၁၀မိနစ္ပဲက်န္ေတာ့တာေၾကာင့္ သူ ခ်က္ခ်င္းကို အိပ္ရာထဲက ခုန္ထြက္လိုက္သည္။
"မင္းစားလိုက္ေတာ့, ငါေတာ့ ေနာက္က်ေတာ့မယ္"
ဒီအတန္းခ်ိန္ရဲ႕ ပေရာ္ဖက္ဆာက သူ႔အေဒၚရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းေလ။ သူ႔ကိုဆို နီးနီးကပ္ကပ္ၾကည့္ထားဖို႔နဲ႔ အထူးသျဖင့္ကို တင္းၾကပ္ထားဖို႔ သူ႔အေဒၚက သူမကိုအပ္ႏွံထားတာ။ ဥပမာအေနနဲ႔, သူ အတန္းတစ္တန္းစီတိုင္းလိုလို ေမးခြန္းအေမးခံရမယ္။ တကယ္လို႔ သူေနာက္က်ခဲ့မယ္ဆိုရင္ သူ႔မွာ အႏွိမ္ခံရၿပီး သူ႔အေဒၚဆီကလည္း စစ္ေမးခံရလိမ့္မယ္။
ေ႐ွာင္ယဲ့ သတိမမူေတာ့ဘဲ အက်ႌတစ္ခ်ိဳ႕ကို ေကာက္ဝတ္လိုက္ၿပီး ကိုယ္လက္ေဆးေၾကာဖို႔ ေရခ်ိဳးခန္းထဲကို အေျပးသြားလိုက္သည္။ ဝမ္က်ိဳလည္း ေ႐ွာင္ယဲ့ကို မနက္စာစားဖို႔ ေခ်ာ့ျမဴမဲစြယ္ရန္အလို႔ငွါ သူ႔ေနာက္ကေန လိုက္သြားလိုက္သည္။ ေ႐ွာင္ယဲ့ သြားတိုက္လိုက္ၿပီး သေဘာတူတယ္ဟု အသံသာေပးလိုက္သည္။
သူထြက္လာတဲ့အခါမွာေတာ့ ဝမ္က်ိဳက အတန္းကိုယူသြားလို႔ရေအာင္ ေပါင္းထားတဲ့ေပါက္စီသူ႔ေဝစုကို သူ႔အတြက္ ထုပ္လို႔ေတာင္ ၿပီးေနၿပီ။ ေကာက္ကိုင္ဖို႔အဆင္မေျပတဲ့ ပဲႏို႔တစ္ခြက္လည္း ႐ွိေသးတယ္။ ဒါေၾကာင့္ ေ႐ွာင္ယဲ့ သူ႔ေခါင္းကိုငံု႔လိုက္ၿပီး ဝမ္က်ိဳကိုင္ထားတဲ့ခြက္စီကေနပဲ နည္းနည္း စုပ္ေသာက္လိုက္ေတာ့သည္။
"ရႊဲက်န္း, ဒီမွာ တစ္ခုခုေပေနတယ္......"
ဝမ္က်ိဳ ေ႐ွာင္ယဲ့ႏႈတ္ခမ္းက ပဲႏို႔စက္ေလးကို သုတ္ေပးခ်င္တယ္ဆိုေပမဲ့ ေ႐ွာင္ယဲ့က သူကပ္လာတာကိုျမင္လိုက္ရခ်ိန္မွာေတာ့ သူ မေန႔ညက ဘာျဖစ္ခဲ့လဲဆိုတာကို ျပန္မွတ္မိသြားၿပီး မသိစိတ္၏ႏႈံ႕ေဆာ္မႈအရ သူ႔မ်က္ႏွာကို လွည့္လိုက္ၿပီး ဝမ္က်ဳိရဲ႕လက္ကို ေ႐ွာင္လိုက္သည္။
ဝမ္က်ိဳ႕ရဲ႕ လက္မွာ ရပ္တန္႔သြားရသည္။
"ငါ အရင္သြားၿပီ"
ဝမ္က်ိဳ႕ကို ေ႐ွာင္ယဲ့ ထပ္မၾကည့္ရဲေတာ့ဘဲ တံခါးကိုဖြင့္ၿပီး အျပင္ကို အေျပးထြက္သြားေတာ့သည္။
ေသလိုက္ေတာ့, သူ အဲ့ေခြး႐ူးေလးစီက ေရာဂါအကူးခံလိုက္ရတာလား? ဘာလို႔ သူအရမ္းေၾကာက္လာရတာလဲ'
ကံေကာင္းစြာနဲ႔, ယဲ့ေကာက ယဲ့ေကာပဲေလ။ ၿပီးေတာ့ သူ႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈကလည္း အျမင့္ဆံုးပဲေလ။ ေန႔လည္ေရာက္ေတာ့ သူ႔ႏွလံုးသားက အရင္ၿငိမ္သက္တဲ့အေျခအေနကို နဂိုအတိုင္းျပန္ေရာက္သြားသည္။ သူ႔မွာ ေနာက္ဆံုးေတာ့ အတန္းကိုေနာက္က်မသြားခဲ့ေပမဲ့လည္း မည္သို႔ပင္ေစကာမူ, သူကေတာ့ ရံုးခန္းကို သူ႔အေဒၚဆီကေန အေခၚခံေနရတုန္းပဲ။
"ေ႐ွာင္ယဲ့, ငါၾကားတာ, မင္း က်ိဳးေရြးလို႔ေခၚတဲ့တစ္ေယာက္နဲ႔ အႀကီးအက်ယ္စကားမ်ားတယ္ဆို? ၿပီးေတာ့ အခု မင္းက မင္းအခန္းေဖာ္နဲ႔ တြဲေနတယ္ဆို?"
႐ွန္႔ေယာင္းမိန္မွာ အလြန္အမင္းကို ပူပန္ေနမိတာ။
"......ေဒၚေလး, ေဒၚေလး ဒါေတြအကုန္လံုးကို ဘယ္လိုေတာင္ သိေနတာလဲ?"
"*အဟြတ္ အဟြတ္*, ငါလည္း တစ္ခါတစ္ေလ ေက်ာင္းတြင္းေဆြးေႏြးတာေတြကို ၾကည့္တယ္"
ေ႐ွာင္ယဲ့မွာ ေျပာစရာစကားမ႐ွိသည္အထိျဖစ္သြားရသည္။ တကယ္လို႔ သူတို႔သာ အုပ္ခ်ဳပ္ေရးမႉးက ေဆြးေႏြးပြဲေတြကို ဖတ္ေနတယ္ဆိုတာ သိသြားရင္ Tတကၠသိုလ္က ေက်ာင္းသားေတြ ဘယ္လိုမ်ားေတြးၾကမလဲဆိုတာ သူ စဥ္းစားလို႔မရဘူး။
ေ႐ွာင္ယဲ့ တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲစကားဆိုလိုက္ေတာ့သည္။
"ဟုတ္တယ္, ေဒၚေလး အခု စိတ္ခ်လက္ခ်ေနလို႔ရၿပီ။ ကြၽန္ေတာ့္မွာ ပါတနာ႐ွိသြားၿပီ"
"ဘယ္သူက စိတ္ခ်လက္ခ်ေနလို႔ရၿပီလဲ, ငါလား?"
႐ွန္႔ေယာင္းမိန္ သက္ျပင္းသာခ်လိုက္ေတာ့သည္။
"မင္းသူ႔ကို တကယ္ေရာ ႀကိဳက္ရဲ႕လား? ဒါမွမဟုတ္ မင္းအဆင္ေျပတာကို ေရြးလိုက္တာလား? ဒါမွမဟုတ္ရင္ေတာ့ တစ္ျခားတစ္ေယာက္ ႐ွာလို႔မရလို႔လား? သူက ဘယ္လိုမွကို မင္းႀကိဳက္တဲ့ပံုစံမေပါက္ဘူးလို႔ လူေတြေျပာတာ ငါၾကားေနရတယ္"
ေ႐ွာင္ယဲ့ ရယ္သာရယ္လိုက္ေတာ့သည္။
"တစ္ျခားလူေတြ ေျပာတာေတြကို ေဒၚေလးက နားေထာင္ေနတာပဲ။ သူျဖစ္ေနတဲ့ ဘယ္ပံုစံကမဆို ကြၽန္ေတာ္ႀကိဳက္တဲ့ ပံုစံမ်ိဳးပဲ"
သူ စေနာက္ေျပာေနတာမဟုတ္ဘူးဆိုတာ သူ႔မ်က္ႏွာထားကေန ႐ွန္႔ေယာင္းမိန္သိသြားၿပီး သူ႔အသံကို နည္းနည္းေျဖေလွ်ာ့လိုက္ၿပီး ေထာက္ျပလိုက္သည္။
"မင္းရဲ႕ ထိန္းခ်ဳပ္ပစၥည္းက ဒိတ္ကုန္ေတာ့မယ္ေနာ္။ အဲ့တာ ကုန္ေလာက္မဲ့အခ်ိန္က ေဆာင္းရာသီပိတ္ရက္ေလာက္ျဖစ္မယ္။ မင္းတို႔၂ေယာက္ ဘယ္သြားဖို႔ စီစဥ္ထားလဲ?"
ေ႐ွာင္ယဲ့ အဲ့ဒီ့ က႑ကို အခုထိမစဥ္းစားရေသးေပ။ ဒါေပမဲ့, သူ႕အေဒၚ အဲ့တာကိုေျပာတာကို ၾကားလိုက္ရေတာ့ ေ႐ွာင္ယဲ့ အဲ့တာအတြက္ စဥ္းစားလိုက္ၿပီး ေျပာလိုက္သည္။
"ကြၽန္ေတာ္တို႔မွ ကြၽန္ေတာ္တို႔ဘာသာစီစဥ္ထားတာေတြ ႐ွိတာတယ္။ ေဒၚေလး စိတ္ပူစရာမလိုပါဘူး"
႐ွန္႔ေယာင္းမိန္ရဲ႕ မ်က္ႏွာေပၚမွ 'ငါ့တူေလးက လက္ထပ္ေတာ့မွာပဲ' ဆိုတဲ့ ညိဳးငယ္ေနတဲ့ မ်က္ႏွာထားက ထင္ဟပ္ေနေလရဲ႕။ ေ႐ွာင္ယဲ့ ထိုအရာကို သည္းမခံႏိုင္တာေၾကာင့္ သူျမန္ျမန္ဆန္ဆန္ပဲ ထြက္သြားဖို႔ ခြင့္ေတာင္းလိုက္ေတာ့သည္။
ထိုေန႔လည္ခင္းအတန္းခ်ိန္ေတြမွာလည္း, ေ႐ွာင္ယဲ့ ဒီကိစၥကိုပဲ ဆက္ေတြးေနမိသည္။ သူတို႔ရဲ႕ ေဆာင္းရာသီ ပိတ္ရက္က တစ္လတိတိၾကာျမင့္ၿပီး သူ႔ရဲ႕ heat ကလည္း ၁၀၀% က်ိန္းေသကိုပဲ အဲ့လမွာ ျဖစ္ကိုျဖစ္မွာ။ အဲ့ကာလအေတာ္အတြင္းမွာ မေမွ်ာ္လင့္တဲ့မေတာ္တဆထိခိုက္မႈေတြကို ေ႐ွာင္႐ွားဖို႔, အဆင္ေျပေခ်ာေမြ႔ေအာင္, သူ ဝမ္က်ိဳနဲ႔ အတူတူေနသင့္တယ္။
ဒါေပမဲ့, အဲ့ေခြး႐ူးေလးက သေဘာတူပါ့မလား?
ေဘးမွာ႐ွိတဲ့ လ်ိဳ႕ဟန္ကို ေ႐ွာင္ယဲ့ တံေတာင္ႏွင့္တြတ္လိုက္ၿပီး ေမးေမးျမန္းျမန္းလုပ္မွာျဖစ္တဲ့အတြက္ သူ႔အသံကို တိုးကာေျပာလိုက္သည္။
"ေဟး, တကယ္လို႔ ေ႐ွာင္ေ႐ွာင္က မင္းကို ေဆာင္းရာသီပိတ္ရက္အေတာအတြင္း အတူတူေနရေအာင္လို႔ ေတာင္းဆို လာခဲ့ရင္, မင္း သေဘာတူမွာလား (ဒါမွမဟုတ္) သေဘာမတူဘူးလား?"
က်ီဆယ္သည့္သေဘာျဖင့္ လ်ိဳ႕ဟန္ရယ္လိုက္ေတာ့သည္။
"တကယ္လို႔ သူငါ့ကို မေတာင္းဆိုခဲ့ဘူးဆိုရင္ေတာင္မွ အ႐ွက္မ႐ွိရင္ေနပေစ ငါသူနဲ႔သြားေနမွာပဲ။ ငါ သူ႔ကိုတစ္လေတာင္ ေတြ႔ခြင့္မရဘူးဆိုရင္, မင္း ငါ့ကိုလာေနာက္ေနတာလား....."
ေ႐ွာင္ယဲ့ ဒီအ႐ွက္မ႐ွိအယ္လ္ဖာနဲ႔ စကားေျပာတာကိုအၿပီးသတ္ဖို႔ ဆံုးျဖတ္လိုက္တာေၾကာင့္ သူလွည့္လိုက္ၿပီး သူ႔ရဲ႕တစ္ျခားဖက္ကို လို႔ေယာင္ဟန္ကို တြန္းထုတ္လိုက္သည္။
သင္ခန္းစာေတြကို ဂ႐ုတစိုက္လိုက္နားေထာင္ေနတဲ့ လို႔ေယာင္ဟန္မွာေတာ့ '?' ျဖစ္သြားရသည္။
ေ႐ွာင္ယဲ့: " စိတ္ကူးအရေျပာရမယ္ဆိုရင္ကြာ, တကယ္လို႔ အယ္လ္ဖာက အရမ္း႐ွက္တတ္ၿပီး အေျခအေနေတြကိုဖန္တီးမလုပ္ႏိုင္ယူဘူးဆိုရင္, သူ႔ရဲ႕အိုမီဂါကသူ႔ကိုအတူတူေနဖို႔ ဘယ္လိုဖိတ္ေခၚလို႔ရမလဲ?"
လို႔ေယာင္ဟန္: "......မင္းကေလ မင္းရဲ႕နာမည္နဲ႔ တကယ့္ကိုထိုက္တန္တယ္, ယဲ့ေကာ"
ေ႐ွာင္ယဲ့: "?"
တစ္ကိုယ္တည္းသမားေလး လို႔ေယာင္ဟန္မွာေတာ့ ဘယ္ေတာ့မွ အခ်စ္ကို႐ွာမေတြ႕ခဲ့တဲ့အျပင္ အခု သူ႔မွာ တစ္ျခားအတြဲေတြအစီအစဥ္ဆြဲေနတာကို ကူညီေပးေနရတယ္။
(T/n အတူတူပါပဲ လို႔ေယာင္ဟန္ရယ္ (*ရင္တြင္းငိုသံႀကီးနဲ႔ ေျပာသြားသည္) ဘဝက အဲ့လိုပါပဲ အဟင့္)
"ငါထင္တာကေတာ့ မင္းသူ႔ကိုအေၾကာင္းျပခ်က္ တစ္ခု႐ွာၿပီး ေျပာရမယ္......မင္းရဲ႕ တကယ့္ရည္ရြယ္ခ်က္ကို သူ႔ကိုအသိမခံနဲ႔။ ၿပီးေတာ့လည္း ႏိုင္ထက္စီးနင္းမလုပ္နဲ႔ဦး။ အဲ့ႏူးႏူးညံ့ညံ့ပန္းေလး အေပၚလည္း သနားပါဦး"
"ဘာအဓိပၸါယ္မ႐ွိတာေတြ"
လို႔ေယာင္ဟန္က ဆက္ကာ ဆက္ကာ ေျပာေနတာေၾကာင့္ ေ႐ွာင္ယဲ့ကေတာ့ သူေျပာေနတာေတြကို ဆက္ၿပီးနားေထာင္ခ်င္စိတ္မ႐ွိေတာ့ေပ။ ဒါေပမဲ့ အေၾကာင္းျပခ်က္တစ္ခု႐ွာၿပီးေျပာရမယ္ဆိုတဲ့ နည္းလမ္းကေတာ့ ရႏိုင္မဲ့ပံုေပၚတယ္။
အခု ငါက အေၾကာင္းျပခ်က္တစ္ခု႐ွာၿပီး သြားေျပာရမယ္ေပါ့?
သူအဲ့ည အေဆာင္ကိုျပန္ေရာက္တဲ့အခ်ိန္မွာ ဝမ္က်ဳိက ဖုန္းေျပာေနတုန္းပင္ ႐ွိေသးသည္။ သူ ေ႐ွာင္ယဲ့ျပန္လာတာကို ျမင္လိုက္ရတဲ့အခ်ိန္မွာေတာ့ ဝမ္က်ိဳက သူ႔ကိုျပံဳးျပလာၿပီး တ႐ုတ္စကားေရာေနတဲ့ ထူးဆန္းတဲ့ ႏိုင္ငံျခားဘာသာစကားနဲ႔ ဖုန္းထဲကလူကို စကားဆက္ေျပာေနသည္။ နားေထာင္ၾကည့္လိုက္ၿပီးတဲ့ေနာက္မွာေတာ့ ထိုစကားက အဂၤလိပ္စကားမဟုတ္ဘူးဆိုတာ ေ႐ွာင္ယဲ့ သိသြားသည္။ သူ႔မိသားစုက ဂ်ာမန္ဆိုတာ ဝမ္က်ိဳေျပာျပဖူးတာကို ေ႐ွာင္ယဲ့ ျပန္မွတ္မိသြားတာေၾကာင့္ အဲ့တာ ဂ်ာမန္စကား
ျဖစ္ေလာက္မယ္။
၂၅မိနစ္ၾကာၿပီးေနာက္, ဝမ္က်ိဳဖုန္းေျပာတာကို အဆံုးသတ္လိုက္ၿပီျဖစ္တာေၾကာင့္ ေ႐ွာင္ယဲ့ သာမန္ကာလွ်ံကာ ေမးလုိက္သည္။
"မင္းမိသားစုလား?"
"အမ္း, ကြၽန္ေတာ္ ဒီႏွစ္ေဆာင္းရာသီပိတ္ရက္မွာ သူတို႔နဲ႔ ဂ်ာမန္မွာ မေတြ႔ႏိုင္ဘူးဆိုတာ ကြၽန္ေတာ္ေျပာေနတာ"
ေ႐ွာင္ယဲ့ရဲ႕ ႏွလံုးသားေလးမွ ရြဲ႕မဲ့သြားရသည္။
"ဘာလို႔ မေတြ႕ႏိုင္တာလဲ?"
နည္းနည္းမပြင့္မလင္းႏွင့္ စူးစိုက္ၾကည့္လိုက္ၿပီးမွ ႐ွက္႐ွက္နဲ႔သာ ဝမ္က်ိဳ ျပန္ေျဖလိုက္သည္။
"ကြၽန္ေတာ္.....ကြၽန္ေတာ္ ရႊဲက်န္း ကြၽန္ေတာ့္ကို လိုအပ္မယ္လို႔ ထင္လို႔"
ေ႐ွာင္ယဲ့ရဲ႕ ပါးစပ္ဖ်ားေလးေတြြြလည္းအေပၚကို နည္းနည္း ျမင့္တက္သြားရေတာ့သည္။ ဒီေခြး႐ူးေလးက ေနာက္ဆံုးေတာ့ သူတို႔ရဲ႕ေနာက္ေျခလွမ္းက ဘာလဲဆိုတာ နားလည္သြားၿပီး သူ႔ကို အေဖာ္ျပဳေစာင့္ေ႐ွာက္ဖို႔ ဒီႏိုင္ငံမွာ ရည္ရြယ္ခ်က္႐ွိ႐ွိေနေတာ့မယ္ေပါ့။
အရမး္အရမ္းကိုေကာင္းလြန္းေနတဲ့ စိတ္အေျခအေနနဲ႔အတူ ေ႐ွာင္ယဲ့ အလြန္အမင္း စိုးရိမ္ပူပန္ဟန္ေဆာင္လိုက္ၿပီး စကားဆိုလုိက္သည္။
"တစ္ေယာက္တည္း အိမ္မွာ ေနရမွာ မင္းမပ်င္းဘူးလား?"
မင္းပ်င္းမယ္လို႔ ျမန္ျမန္ေျပာစမ္းပါ, အဲ့တာဆို ငါ မင္းကို ငါနဲ႔ ေနဖို႔ ျမန္ျမန္ေတာင္းဆိုႏိုင္ၿပီေလ။
ဝမ္က်ိဳ႕မွာ သေဘာမေပါက္တာေၾကာင့္ ျပင္းျပင္းထန္ထန္စဥ္းစားလိုက္ရသည္။
"အရမ္းႀကီးမပ်င္းေလာက္ဘူး။ အေမက ဒီေဆာင္းရာသီပိတ္ရက္အေတာ္အတြင္း ကြၽန္ေတာ့္အကိုတစ္ဝမ္းကြဲ ကြၽန္ေတာ့္အိမ္မွာ လာေနမယ္လို႔ေျပာတယ္။ သူက ဒီကို အလုပ္လုပ္ဖို႔လာတာေလ။ ၿပီးေတာ့, သူငွါးထားတဲ့အိမ္ကလည္း အခုထိ ေျပာင္းဖို႔ သူ႔အတြက္ အဆင္မေျပေသးဘူး"
ေ႐ွာင္ယဲ့ရဲ႕ ႏႈတ္ခမ္းဖ်ားကေတာ့ မဲ့က်သြားေတာ့သည္။
"မင္းရဲ႕ အကိုဝမ္းကြဲ?"
ဝမ္က်ိဳက လံုးဝကိုသတိမမူမိဘဲ သူ႔ကို ျပန္ေတာင္ျပံဳးျပလိုက္ေသး။
"အင္း, ကြၽန္ေတာ့္အကိုကေလ အရမ္းကို ေတာ္တာ။ သူက ကြၽန္ေတာ့္ထက္ ငါးႏွစ္ေတာင္ႀကီးတယ္။ သူကေလ ဘြဲရရံုေလးပဲ႐ွိေသးတာေတာင္ သူ႔ကိုယ္ပိုင္ကုမၸဏီ သူ ေထာင္ၿပီးသြားၿပီ"
သူ႔ေဒါသကုိ ထိန္းခ်ဳပ္ဖို႔အတြက္ ေ႐ွာင္ယဲ့ အသက္ကို ခပ္ျပင္းျပင္း ႐ွဴလိုက္သည္။
"...........သူ႔မွာ ပါတနာမ႐ွိဘူးလား? ဘာလို႔ သူက မင္းအိမ္မွာေနရမွာလဲ?"
"မ႐ွိဘူး, တစ္ေယာက္မွမ႐ွိဘူး! သူ႔ကိုပိုးေနတဲ့လူေတြ အမ်ားႀကီး ႐ွိေပမဲ့လည္း သူ႔အဆင့္အတန္းက အရမ္းျမင့္တာေၾကာင့္ သာမန္အိုမီဂါေတြဆို သူ႔ကိုခ်ိန္လို႔မရဘူး။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီအိုမီဂါေတြက အရမ္းကိုအားနည္းတာပဲဆိုၿပီး သူကအျမဲေျပာေန......"
ဝမ္က်ိဳ ႐ုတ္တရက္ သူ႔ပါးစပ္ကိုပိတ္လိုက္ေတာ့သည္။
ေ႐ွာင္ယဲ့ ဝမ္က်ဳိရဲ႕ ထူးဆန္းသြားတဲ့အျပဳအမူကို သတိမျပဳမိဘဲ သူ႔အကိုဝမ္းကြဲကို အိမ္ထဲကေနဘယ္လိုေမာင္းထုတ္ ရမလဲဆိုတာကိုပဲ ဆက္ေတြးေနမိသည္။ အဲ့လိုမွမဟုတ္ရင္ ဝမ္က်ိဳက သူ႔အကိုက အိမ္မွာ ဧည့္သည္အေနနဲ႔ လုပ္ေပးျပဳစုေနရဦးမယ္။ ၿပီးေတာ့အဲ့တာဆို သူကလည္းပဲ သူတို႔နဲ႔ ဘယ္လိုလုပ္ေနႏိုင္မွာလဲ?
"မင္းတို႔၂ေယာက္ အတူတူေနရမွာ အရမ္းမက်ပ္ဘူးလား?"
ေ႐ွာင္ယဲ့ ဒီလုိ႐ူးေၾကာင္ေၾကာင္းေမးခြန္းမ်ိဳး ေမးၿပီး ကိုယ့္သိကၡာကိုယ္ခ်ေနရသည္။
နလပိန္းတံုး ဝမ္က်ိဳကေတာ့ ျပန္ေျဖေလသည္။
"ဘယ္လိုလုပ္က်ပ္မွာလဲ, ကြၽန္ေတာ္တို႔အိမ္က ေတာ္ေတာ္ေလးကို ႀကီးတာ။ အိမ္မွာ အထပ္သံုးထပ္ေတာင္ပါတာ ၿပီးေတာ့ သူကလည္း လူတစ္ကိုယ္ပဲေလ"
သူကလည္း လူတစ္ကိုယ္ပဲေလ။ ေ႐ွာင္ယဲ့ ႐ုတ္တရက္အၾကံရသြားသည္။
"အဲ့တာဆို တကယ္လို႔ ငါလည္းအဲ့မွေနမယ္ဆိုရင္, အရမ္းမက်ပ္ေလာက္ပါဘူးေနာ္?"
ဝမ္က်ိဳ မလာႏိုင္မွေတာ့ ေရြးခ်ယ္စရာဆိုလို႔ သူကပဲ အစားသြားေပးလိုက္တာပဲ ႐ွိေတာ့မယ္။ ဘာပဲျဖစ္ျဖစ္, အဲ့ဒီ့အကိုဝမ္းကြဲကလည္း ရက္နည္းနည္းေလးပဲ ေနမွာဆိုေတာ့။
ဥာဏ္ထက္လြန္းတဲ့ကိုယ့္ကုိယ္ကိုပဲ ေ႐ွာင္ယဲ့ လက္ခုပ္ၾသဘာခ်ီးျမင့္ေပးလိုက္ခ်င္ေတာ့သည္။
ဝမ္က်ိဳ မ်က္ေတာင္ကိုပုတ္ခတ္ ပုတ္ခတ္လုပ္လိုက္ၿပီး
"ရႊဲက်န္း, ရႊဲက်န္းက လာေနခ်င္တာလား? ဘာလို႔လဲ?"
ဝမ္က်ိဳ အရမ္းႏံု႔ႏံု႔အအျဖစ္ေနတာကို ေ႐ွာင္ယဲ့ မယံုႏိုင္ဘူး။ သူေလ တကယ္ပဲ ဝမ္က်ိဳ႕ကို အက်ႌေကာ္လာကေန ဆြဲေဆာင့္ၿပီး ေအာ္သာေအာ္ပလိုက္ခ်င္ေတာ့တယ္။
'ဘာေၾကာင့္ျဖစ္ရမွာလဲ? ဘာလို႔ဆို ေလာင္ဇီက မင္းနဲ႔ အတူအိပ္ခ်င္လို႔ေဟ့!' ဒါေပမဲ့ လို႔ေယာင္ဟန္ေျပာလိုက္တာကို ေ႐ွာင္ယဲ့ သတိရသြားၿပီး သူ ဝမ္က်ိဳ႕ကို ျဖဴစင္တဲ့ႏွလံုးသား ႐ႊယ္ဒီေလးလိုမ်ိဳး ဆက္ဆံရမယ္။ သူ ၾကမ္းတမ္းလို႔မရဘူး။ သူ အေၾကာင္းျပခ်က္တစ္ခု႐ွာၿပီး ေျပာရမယ္။
သူေနာက္ေတာ့ အျပစ္ကင္းသလိုဟန္ေဆာင္ဖို႔ ႀကိဳးစားလိုက္ၿပီး ျပံဳးျပလုိက္သည္။
"အဲ့တာက ငါ့အိမ္မွာလည္း ဘယ္သူမွမ႐ွိဘူးဆိုေတာ့ အဲ့လိုျဖစ္သြားတာ။ ငါတစ္ေယာက္တည္းျဖစ္ၿပီး ငါပ်င္းေနရမွာ။ အဲ့ဒါေၾကာင့္ ငါမင္းဆီလာေဆာ့ရင္း မင္းမိသားစုဝင္ေတြနဲ႔လည္း ေတြ႔မိလို႔ေလ။"
ဝမ္က်ိဳ သူ႔ကို နားမလည္သလို ေငးၾကည့္လိုက္သည္။ ေ႐ွာင္ယဲ့ ႀကိဳတင္ခန္႔မွန္းထားသလိုမ်ိဳး သူ႔မ်က္ႏွာထားက ေပ်ာ္မေနေပ။ အဲ့တာအစား, သူ နည္းနည္းသုန္မႈန္သြားၿပီး သူ႔ကိုယ္သူသာ တုိးတိုးညင္းညင္း ေရရြတ္ေျပာလိုက္မိသည္။
"ဒါေပမဲ့ ကြၽန္ေတာ္ ရႊဲက်န္းကုိ ေတြ႔ခြင့္မေပးခ်င္ဘူး...."
ေ႐ွာင္ယဲ့ ဝမ္က်ိဳေျပာတာကို ေသေသခ်ာခ်ာမၾကားလိုက္ရေပ။
"ဟင္?"
"ရႊဲက်န္း, ရႊဲက်န္း.....ကြၽန္ေတာ့္အကိုဝမ္းကြဲနဲ႔ ေတြ႔ခ်င္လို႔လား?"
ေ႐ွာင္ယဲ့ ေခါင္းၿငိမ့္လိုက္သည္။
"ငါေတြ႕ခ်င္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္, သူက မင္းမိသားစုပဲေလ"
အဲ့တာက မင္းမိဘေတြမဟုတ္ဘူးဆိုေပမဲ့လည္း ဒါကို သူတို႔အိမ္ေထာင္စုရဲ႕ ဦးေသွ်ာင္ကို ေတြ႔တဲ့ေ႐ွ႕ေျပးအျဖစ္ သတ္မွတ္ႏုိင္ေသးတာပဲေလ, ဟုတ္တယ္မလား?
ဝမ္က်ိဳ႕ သူ႔ႏႈတ္ခမ္းေတြကိုသာ ဆူလိုက္ေတာ့သည္။ သူ႔မ်က္လံုးေတြကေတာ့ နည္းနည္းေလးမႈန္မိႈန္းေန၏။
"အိုေက"
ဝမ္က်ဳိ ဘာကိုစိတ္ဓာတ္က်ေနလဲဆိုတာ ေ႐ွာင္ယဲ့ သေဘာမေပါက္ေပ။ လက္လွမ္းလိုက္ၿပီး ဝမ္က်ိဳရဲ႕ေခါင္းေလးကို ပြတ္ေပးလိုက္သည္။
"ေကာင္းတယ္"
ဒီေခြး႐ူးေလးကုိ ေ႐ွာင္ယဲ့သူ႔ကို ဘယ္ေလာက္ေတာင္ တန္ဖိုးထားလဲဆိုတာ ျပဖို႔အတြက္ သူ ကုိယ္လက္ေဆးေၾကာလိုက္ၿပီး ဝမ္က်ိဳ႕ေ႐ွ႕မွာပဲ တကူးတက ဖုန္းကို စပီကာဖြင့္ၿပီး သူ႔အေဖကိုေခၚလိုက္သည္။
"ပါး, ေနာက္လ ပါး အလုပ္ကိစၥနဲ႔ခရီးထြက္မွာ, ဟုတ္တယ္မလား?"
ပါးပါးက်န္႔ကေတာ့ အျမတ္တႏိုးနဲ႔စကားဆိုလိုက္သည္။
"နဂိုကေတာ့ဟုတ္တယ္။ ဒါေပမဲ့ ပါး အဲ့တာကိုျငင္းလိုက္တယ္။ ပါးက အျမဲတမ္းလိုလို မင္းနဲ႔အတူတူအခ်ိန္ကုန္ဖို႔ကို အရမ္းအလုပ္႐ႈပ္ေနခဲ့တာေလ။ အဲ့ဒါေၾကာင့္မို႔ ေဆာင္းရာသီပိတ္ရက္ေတာ့, ပါးရဲ႕ေပါင္ေပ့ေလးအတြက္ ပါးအခ်ိန္ခ်န္ေပးထားရမယ္ဆိုတာ ျဖစ္ရမယ္ေလ--"
"မျငင္းလုိက္နဲ႔, သြားပါ။ ေဆာင္းရာသီပိတ္ရက္အေတာအတြင္း ကြၽန္ေတာ္ ကြၽန္ေတာ့္ရဲ႕ရည္းစားအခန္းေဖာ္ေလးနဲ႔ အတူေနမွာ။အဲ့ဒါေၾကာင့္ ကြၽန္ေတာ္အိမ္ျပန္လာမွာဟုတ္ဘူး"
ပါးပါးက်န္႔: "????"
အဲ့ေနာက္, ေ႐ွာင္ယဲ့ ဖုန္းစပီကာကို ပိတ္လိုက္ၿပီး သူ႔ရဲ႕ စဥ္းလဲၿပီး သားဝတၱရားမေက်ပြန္တဲ့အေၾကာင္း မေက်မနပ္ညည္းညဴေနတဲ့ တစ္ဖက္ဖုန္းလိုင္းက သူ႔အေဖရဲ႕ နာရီဝက္ေလာက္ အဆက္မျပတ္ျမည္တမ္းသံကို နားေထာင္ေနရေတာ့သည္။
ဒီလို အာလာပသလႅာပစကားေတြက ဝမ္က်ိဳ ၾကားဖို႔မလိုအပ္ေပ။ ေ႐ွာင္ယဲ့ သူ႔အေဖကို အမွတ္တမဲ့ေခ်ာ့လိုက္ၿပီး ဝမ္က်ိဳ႕ကို ၾကည့္လိုက္သည္။ ဝမ္က်ိဳ႕က သူ႔ကို ေက်ာေပးထားၿပီး သူ႔စာေရးခံုမွာထိုင္ကာ စာလုပ္ေနသည္။ ဒါေပမဲ့ ဝမ္က်ိဳက စာရြက္တစ္ရြက္ကိုမလွန္ဘဲ ေတာ္ေတာ္ၾကာတဲ့အထိ ေငးစိုက္ၾကည့္ေနတာေၾကာင့္ သူအေတြးယာဥ္ေၾကာထဲ နစ္ေျမာေနတယ္ဆိုတာ ႐ွင္းေနတာပဲေလ။
သူ႔ကိုယ္သူ ဂုဏ္ယူစြာနဲ႔ ေ႐ွာင္ယဲ့ အျပံဳးခပ္ႀကီးႀကီး တစ္ခု ျပံဳးလိုက္သည္။
ဒီေခြး႐ူးေလး တကယ္ပဲ စိတ္လႈပ္႐ွားသြားေစရမယ္။
ေကာက မင္းကိုဘယ္ေလာက္ေတာင္ ဂ႐ုစိုက္လိုက္သလဲဆိုတာ သိလိုက္စမ္းပါ။
T/n
အူတိုေနတဲ့အေငြ႔အသက္ေတြ ေဟ့ေဟ့ :3 latte update က weekday ေတြပဲျဖစ္ေတာ့မွာပါ။ T.T weekend ကေလ မအားေတာ့တာရယ္။ နားခ်င္တာရယ္ေၾကာင့္ အရင္ကဆို update ေပးေပမဲ့ အခုေတာ့ update မေပးျဖစ္ေလာက္ေတာ့ပါဘူး။ weekdays ကေတာ့ တစ္ရက္တစ္ပိုင္း အပ္ေပးျဖစ္ေအာင္အပ္ေပးေပမဲ့လည္း တစ္ခါတစ္ေလ ေတာ္ေတာ္ေလး႐ွည္တာမို႔လို႔ တစ္ပတ္ကို အနည္းဆံုး ၃ပိုင္း update ေပးပါ့မယ္ေနာ္။ အခုကေလ latte က ခႏၶာကိုယ္ထက္ စိတ္ပင္ပန္းေနရတာမို႔လို႔ပါ။
Unicode
နောက်နေ့မနက်စောစောတွင်လည်းပုံမှန်လို ဝမ်ကျိုသာ စောစောနိုးလေသည်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရေမိုးချိုးလိုက်ပြီး နည်းနည်းလောက်ပြေးရအောင်လို့ ပြေးလမ်းကိုသာ သွားလိုက်သည်။ အပြန်လမ်းမှာပဲ ဝမ်ကျို မနက်စာဝင်ဝယ်လိုက်သည်။ အတန်းတက်ရဖို့အချိန်တော်တော်နီးနေပြီဆိုတာ သိပေမဲ့လည်း ရှောင်ယဲ့က မနိုးသေးတာကြောင့်
သူ့မှာ ရှောင်ယဲ့က အဲ့လိုလုပ်တာသည်းမခံနိုင်ဘူးဆိုရင်တောင်မှ ရှောင်ယဲ့ကို နှိုးရုံကလွဲပြီး တစ်ခြားရွေးချယ်မစရာမရှိတော့ဘူး။
"ရွှဲကျန်း, ထတော့, ရွှဲကျန်းနောက်ကျနေလိမ့်မယ်"
ရှောင်ယဲ့ကတော့ မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးကို တစ်ဝက်သာမှေးဖွင့်လိုက်သည်။ အိပ်ရာနှိုးလိုက်ကတည်းက စိတ်အခြေအနေကသိပ်မကောင်းတော့တာကြောင့် ရှောင်ယဲ့ သူ့အိပ်နေတာနှောင့်ယှက်ရဲလောက်သည်အထိ မိုက်ရူးရဲဆန်တဲ့ကောင်ကို ရှာမလို့ပဲ, သူ သူ့အပိုင်ခွေးရူးလေးရဲ့အရိပ်ကို မြင်လိုက်ရတဲ့အခါမှာတော့ ကြိမ်ဆဲမဲ့စကားတွေကိုသာ ပါးစပ်ထဲကိုပဲ ပြန်မျိုချလိုက်ရသည်။
တကယ်တမ်းတော့, ပုံမှန်အားဖြင့် ရှောင်ယဲ့ အိပ်ရာထဲမှာ အချိန်ဆွဲနှေးကန်လေ့မရှိဘူး။ သူအမြဲတမ်းလိုလို အားအင်အပြည့်နဲ့ပဲနိုးထလာတာကြောင့် နှိုးစက်ပေးဖို့ဆိုတာ မလိုအပ်ဘူး။ ဒါပေမဲ့, မနေ့ညက ဝမ်ကျိုက သူ့ကို 'ဘေဘီ' လို့ခေါ်တာကို ကြားလိုက်ရတဲ့နောက်, သူ့မှာ အချိန်အတော်ကြာအောင် စိတ်မခိုင်တော့တဲ့အထိ လွှမ်းမိုးခံလိုက်ရပြီး သူမျက်လုံးမှိတ်လိုက်တဲ့အချိန်တိုင်း ရှုပ်ထွေးလွန်းတဲ့ စိတ်ကူးယဉ်အိပ်မက်ကလွဲပြီး ဘာမှမမြင်ရတဲ့အထိပဲ။ သူ တွေဝေနေပြီး နောက်ဆုံးအိပ်ပျော်သွားတဲ့အချိန်ကဆိုရင် အရုဏ်တက်တောင် ရောက်တော့မယ်။ အဲ့ဒါကြောင့် နာရီနည်းနည်းလေးပဲအိပ်ထားတာကြောင့် သူ့မျက်ကွင်းက တော်တော်လေးကို ညိုမဲသွားလေ၏။
"......အာ, ငါသိပြီ"
ရှောင်ယဲ့ အနေရခက်စွာနဲ့ပဲ သူ့အကြည့်တွေကို နေရာလွှဲလိုက်ပြီး ထရပ်လိုက်သည်။ အရင်ညကို ပြန်အမှတ်ရခြင်းက သူ့ကို ရှက်သွေးဖြန်းသွားအောင် ဖြစ်စေမှာကို စိုးရိမ်မိရင်း ရှောင်ယဲ့ ဝမ်ကျို့ကို မျက်နှာချင်းဆိုင်ဖို့ နည်းနည်းကြိုးစားလိုက်သည်။
သူ့ထက်၂နှစ်ငယ်တဲ့ ဂျူနီယာလေးက သူ့ကို 'ဘေဘီ' လို့ခေါ်တာနဲ့ပဲ တစ်ညလုံး အိပ်မရဖြစ်သွားတာနဲ့တင် သူ့မှာ တော်တော်လေးကို သိက္ခာလည်းကျနေပါပြီ။ ဘယ်လိုလုပ် သူက အဲ့လိုကိစ္စမျိုးကိုရှင်းပြနိုင်မှာလဲ?
ကျိန်းသေကို သူ့အနေနဲ့ ဒီခွေးရူးလေးသိသွားမှာကို ခွင့်မပြုနိုင်ဘူး။ အဲ့လိုမှမဟုတ်ရင်, ရှေ့လျှောက် သူက ရှောင်ယဲ့ကို 'ဘေဘီ' လို့ခေါ်နေမယ်ဆိုရင်, ရှောင်ယဲ့ သူ့ကို နာခံရတော့မှာမလား?
"ရွှဲကျန်း, ရွှဲကျန်း အဆင်ပြေရဲ့လား?"
ရှောင်ယဲ့ရဲ့ မျက်နှာအခြေအနေသိပ်မကောင်းတာကို ဝမ်ကျို သတိထားမိသွားသည်။ ရှောင်ယဲ့နေမကောင်းဖြစ်နေတာလို့ပဲ သူတွေးမိသွားတာကြောင့် ဝမ်ကျို သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ရှောင်ယဲ့အပူချိန်ကို စစ်ဆေးကြည့်ရန် သူ့ရဲ့နဖူးကို ထိဖို့ကြိုးစားလိုက်သည်။ သို့ပေမဲ့, ရှောင်ယဲ့က သူ့ရဲ့လက်ကို ပြတ်ပြတ်သားသားတားဆီးလိုက်သည်။
"ငါ နေကောင်းပါတယ်။ မင်းရဲ့.......မင်းရဲ့လက်တွေက အရမ်းအေးတယ်"
ဝမ်ကျို့ရဲ့လက်တွေကပဲအရမ်းအေးနေတာလား? ဒါမှမဟုတ် သူ့မျက်နှာကပဲ အရမ်းပူလွန်းနေတာလား? ရှောင်ယဲ့လည်း လုံးလုံးလျားလျားတော့ မသေချာပေ။
ဝမ်ကျို့မှာ မှင်တက်မိသွားရပြီး သူ့လက်တွေကို ကြည့်လိုက်သည်။ အခုလေးတင် သူမနက်စာဝယ်ပြီး ပြန်လာတဲ့အချိန်က အပြင်ဘက်မှာ ဆောင်းရာသီလေ နည်းနည်းတိုက်နေတယ်လေ။ အပြင်ကလေကြောင့် သူ့ရဲ့လက်အရေပြားက အေးနေပြီး သူ့ရဲ့လက်ချောင်းထိပ်လေးတွေကတောင် အေးခဲနေတော့သည်။
"တောင်းပန်ပါတယ်, ကျွန်တော် သတိမထားမိလိုက်ဘူး....အဆင်ပြေတယ်ဆိုရင်လည်း အရင်ဆုံး မနက်စာစားရအောင်"
ရှောင်ယဲ့ သဘောတူလိုက်မလို့ပဲ။ သူ့ဖုန်းပေါ်က အချိန်ကိုတစ်ချက်ကြည့်လိုက်တော့ အတန်းမစခင် ၁၀မိနစ်ပဲကျန်တော့တာကြောင့် သူ ချက်ချင်းကို အိပ်ရာထဲက ခုန်ထွက်လိုက်သည်။
"မင်းစားလိုက်တော့, ငါတော့ နောက်ကျတော့မယ်"
ဒီအတန်းချိန်ရဲ့ ပရော်ဖက်ဆာက သူ့အဒေါ်ရဲ့အချစ်ဆုံးသူငယ်ချင်းလေ။ သူ့ကိုဆို နီးနီးကပ်ကပ်ကြည့်ထားဖို့နဲ့ အထူးသဖြင့်ကို တင်းကြပ်ထားဖို့ သူ့အဒေါ်က သူမကိုအပ်နှံထားတာ။ ဥပမာအနေနဲ့, သူ အတန်းတစ်တန်းစီတိုင်းလိုလို မေးခွန်းအမေးခံရမယ်။ တကယ်လို့ သူနောက်ကျခဲ့မယ်ဆိုရင် သူ့မှာ အနှိမ်ခံရပြီး သူ့အဒေါ်ဆီကလည်း စစ်မေးခံရလိမ့်မယ်။
ရှောင်ယဲ့ သတိမမူတော့ဘဲ အင်္ကျီတစ်ချို့ကို ကောက်ဝတ်လိုက်ပြီး ကိုယ်လက်ဆေးကြောဖို့ ရေချိုးခန်းထဲကို အပြေးသွားလိုက်သည်။ ဝမ်ကျိုလည်း ရှောင်ယဲ့ကို မနက်စာစားဖို့ ချော့မြူမဲစွယ်ရန်အလို့ငှါ သူ့နောက်ကနေ လိုက်သွားလိုက်သည်။ ရှောင်ယဲ့ သွားတိုက်လိုက်ပြီး သဘောတူတယ်ဟု အသံသာပေးလိုက်သည်။
သူထွက်လာတဲ့အခါမှာတော့ ဝမ်ကျိုက အတန်းကိုယူသွားလို့ရအောင် ပေါင်းထားတဲ့ပေါက်စီသူ့ဝေစုကို သူ့အတွက် ထုပ်လို့တောင် ပြီးနေပြီ။ ကောက်ကိုင်ဖို့အဆင်မပြေတဲ့ ပဲနို့တစ်ခွက်လည်း ရှိသေးတယ်။ ဒါကြောင့် ရှောင်ယဲ့ သူ့ခေါင်းကိုငုံ့လိုက်ပြီး ဝမ်ကျိုကိုင်ထားတဲ့ခွက်စီကနေပဲ နည်းနည်း စုပ်သောက်လိုက်တော့သည်။
"ရွှဲကျန်း, ဒီမှာ တစ်ခုခုပေနေတယ်......"
ဝမ်ကျို ရှောင်ယဲ့နှုတ်ခမ်းက ပဲနို့စက်လေးကို သုတ်ပေးချင်တယ်ဆိုပေမဲ့ ရှောင်ယဲ့က သူကပ်လာတာကိုမြင်လိုက်ရချိန်မှာတော့ သူ မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာကို ပြန်မှတ်မိသွားပြီး မသိစိတ်၏နှုံ့ဆော်မှုအရ သူ့မျက်နှာကို လှည့်လိုက်ပြီး ဝမ်ကျိုရဲ့လက်ကို ရှောင်လိုက်သည်။
ဝမ်ကျို့ရဲ့ လက်မှာ ရပ်တန့်သွားရသည်။
"ငါ အရင်သွားပြီ"
ဝမ်ကျို့ကို ရှောင်ယဲ့ ထပ်မကြည့်ရဲတော့ဘဲ တံခါးကိုဖွင့်ပြီး အပြင်ကို အပြေးထွက်သွားတော့သည်။
သေလိုက်တော့, သူ အဲ့ခွေးရူးလေးစီက ရောဂါအကူးခံလိုက်ရတာလား? ဘာလို့ သူအရမ်းကြောက်လာရတာလဲ'
ကံကောင်းစွာနဲ့, ယဲ့ကောက ယဲ့ကောပဲလေ။ ပြီးတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း အမြင့်ဆုံးပဲလေ။ နေ့လည်ရောက်တော့ သူ့နှလုံးသားက အရင်ငြိမ်သက်တဲ့အခြေအနေကို နဂိုအတိုင်းပြန်ရောက်သွားသည်။ သူ့မှာ နောက်ဆုံးတော့ အတန်းကိုနောက်ကျမသွားခဲ့ပေမဲ့လည်း မည်သို့ပင်စေကာမူ, သူကတော့ ရုံးခန်းကို သူ့အဒေါ်ဆီကနေ အခေါ်ခံနေရတုန်းပဲ။
"ရှောင်ယဲ့, ငါကြားတာ, မင်း ကျိုးရွေးလို့ခေါ်တဲ့တစ်ယောက်နဲ့ အကြီးအကျယ်စကားများတယ်ဆို? ပြီးတော့ အခု မင်းက မင်းအခန်းဖော်နဲ့ တွဲနေတယ်ဆို?"
ရှန့်ယောင်းမိန်မှာ အလွန်အမင်းကို ပူပန်နေမိတာ။
"......ဒေါ်လေး, ဒေါ်လေး ဒါတွေအကုန်လုံးကို ဘယ်လိုတောင် သိနေတာလဲ?"
"*အဟွတ် အဟွတ်*, ငါလည်း တစ်ခါတစ်လေ ကျောင်းတွင်းဆွေးနွေးတာတွေကို ကြည့်တယ်"
ရှောင်ယဲ့မှာ ပြောစရာစကားမရှိသည်အထိဖြစ်သွားရသည်။ တကယ်လို့ သူတို့သာ အုပ်ချုပ်ရေးမှူးက ဆွေးနွေးပွဲတွေကို ဖတ်နေတယ်ဆိုတာ သိသွားရင် Tတက္ကသိုလ်က ကျောင်းသားတွေ ဘယ်လိုများတွေးကြမလဲဆိုတာ သူ စဉ်းစားလို့မရဘူး။
ရှောင်ယဲ့ တည်တည်ငြိမ်ငြိမ်နဲ့ပဲစကားဆိုလိုက်တော့သည်။
"ဟုတ်တယ်, ဒေါ်လေး အခု စိတ်ချလက်ချနေလို့ရပြီ။ ကျွန်တော့်မှာ ပါတနာရှိသွားပြီ"
"ဘယ်သူက စိတ်ချလက်ချနေလို့ရပြီလဲ, ငါလား?"
ရှန့်ယောင်းမိန် သက်ပြင်းသာချလိုက်တော့သည်။
"မင်းသူ့ကို တကယ်ရော ကြိုက်ရဲ့လား? ဒါမှမဟုတ် မင်းအဆင်ပြေတာကို ရွေးလိုက်တာလား? ဒါမှမဟုတ်ရင်တော့ တစ်ခြားတစ်ယောက် ရှာလို့မရလို့လား? သူက ဘယ်လိုမှကို မင်းကြိုက်တဲ့ပုံစံမပေါက်ဘူးလို့ လူတွေပြောတာ ငါကြားနေရတယ်"
ရှောင်ယဲ့ ရယ်သာရယ်လိုက်တော့သည်။
"တစ်ခြားလူတွေ ပြောတာတွေကို ဒေါ်လေးက နားထောင်နေတာပဲ။ သူဖြစ်နေတဲ့ ဘယ်ပုံစံကမဆို ကျွန်တော်ကြိုက်တဲ့ ပုံစံမျိုးပဲ"
သူ စနောက်ပြောနေတာမဟုတ်ဘူးဆိုတာ သူ့မျက်နှာထားကနေ ရှန့်ယောင်းမိန်သိသွားပြီး သူ့အသံကို နည်းနည်းဖြေလျှော့လိုက်ပြီး ထောက်ပြလိုက်သည်။
"မင်းရဲ့ ထိန်းချုပ်ပစ္စည်းက ဒိတ်ကုန်တော့မယ်နော်။ အဲ့တာ ကုန်လောက်မဲ့အချိန်က ဆောင်းရာသီပိတ်ရက်လောက်ဖြစ်မယ်။ မင်းတို့၂ယောက် ဘယ်သွားဖို့ စီစဉ်ထားလဲ?"
ရှောင်ယဲ့ အဲ့ဒီ့ ကဏ္ဍကို အခုထိမစဉ်းစားရသေးပေ။ ဒါပေမဲ့, သူ့အဒေါ် အဲ့တာကိုပြောတာကို ကြားလိုက်ရတော့ ရှောင်ယဲ့ အဲ့တာအတွက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့မှ ကျွန်တော်တို့ဘာသာစီစဉ်ထားတာတွေ ရှိတာတယ်။ ဒေါ်လေး စိတ်ပူစရာမလိုပါဘူး"
ရှန့်ယောင်းမိန်ရဲ့ မျက်နှာပေါ်မှ 'ငါ့တူလေးက လက်ထပ်တော့မှာပဲ' ဆိုတဲ့ ညိုးငယ်နေတဲ့ မျက်နှာထားက ထင်ဟပ်နေလေရဲ့။ ရှောင်ယဲ့ ထိုအရာကို သည်းမခံနိုင်တာကြောင့် သူမြန်မြန်ဆန်ဆန်ပဲ ထွက်သွားဖို့ ခွင့်တောင်းလိုက်တော့သည်။
ထိုနေ့လည်ခင်းအတန်းချိန်တွေမှာလည်း, ရှောင်ယဲ့ ဒီကိစ္စကိုပဲ ဆက်တွေးနေမိသည်။ သူတို့ရဲ့ ဆောင်းရာသီ ပိတ်ရက်က တစ်လတိတိကြာမြင့်ပြီး သူ့ရဲ့ heat ကလည်း ၁၀၀% ကျိန်းသေကိုပဲ အဲ့လမှာ ဖြစ်ကိုဖြစ်မှာ။ အဲ့ကာလအတော်အတွင်းမှာ မမျှော်လင့်တဲ့မတော်တဆထိခိုက်မှုတွေကို ရှောင်ရှားဖို့, အဆင်ပြေချောမွေ့အောင်, သူ ဝမ်ကျိုနဲ့ အတူတူနေသင့်တယ်။
ဒါပေမဲ့, အဲ့ခွေးရူးလေးက သဘောတူပါ့မလား?
ဘေးမှာရှိတဲ့ လျို့ဟန်ကို ရှောင်ယဲ့ တံတောင်နှင့်တွတ်လိုက်ပြီး မေးမေးမြန်းမြန်းလုပ်မှာဖြစ်တဲ့အတွက် သူ့အသံကို တိုးကာပြောလိုက်သည်။
"ဟေး, တကယ်လို့ ရှောင်ရှောင်က မင်းကို ဆောင်းရာသီပိတ်ရက်အတောအတွင်း အတူတူနေရအောင်လို့ တောင်းဆို လာခဲ့ရင်, မင်း သဘောတူမှာလား (ဒါမှမဟုတ်) သဘောမတူဘူးလား?"
ကျီဆယ်သည့်သဘောဖြင့် လျို့ဟန်ရယ်လိုက်တော့သည်။
"တကယ်လို့ သူငါ့ကို မတောင်းဆိုခဲ့ဘူးဆိုရင်တောင်မှ အရှက်မရှိရင်နေပစေ ငါသူနဲ့သွားနေမှာပဲ။ ငါ သူ့ကိုတစ်လတောင် တွေ့ခွင့်မရဘူးဆိုရင်, မင်း ငါ့ကိုလာနောက်နေတာလား....."
ရှောင်ယဲ့ ဒီအရှက်မရှိအယ်လ်ဖာနဲ့ စကားပြောတာကိုအပြီးသတ်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် သူလှည့်လိုက်ပြီး သူ့ရဲ့တစ်ခြားဖက်ကို လို့ယောင်ဟန်ကို တွန်းထုတ်လိုက်သည်။
သင်ခန်းစာတွေကို ဂရုတစိုက်လိုက်နားထောင်နေတဲ့ လို့ယောင်ဟန်မှာတော့ '?' ဖြစ်သွားရသည်။
ရှောင်ယဲ့: " စိတ်ကူးအရပြောရမယ်ဆိုရင်ကွာ, တကယ်လို့ အယ်လ်ဖာက အရမ်းရှက်တတ်ပြီး အခြေအနေတွေကိုဖန်တီးမလုပ်နိုင်ယူဘူးဆိုရင်, သူ့ရဲ့အိုမီဂါကသူ့ကိုအတူတူနေဖို့ ဘယ်လိုဖိတ်ခေါ်လို့ရမလဲ?"
လို့ယောင်ဟန်: "......မင်းကလေ မင်းရဲ့နာမည်နဲ့ တကယ့်ကိုထိုက်တန်တယ်, ယဲ့ကော"
ရှောင်ယဲ့: "?"
တစ်ကိုယ်တည်းသမားလေး လို့ယောင်ဟန်မှာတော့ ဘယ်တော့မှ အချစ်ကိုရှာမတွေ့ခဲ့တဲ့အပြင် အခု သူ့မှာ တစ်ခြားအတွဲတွေအစီအစဉ်ဆွဲနေတာကို ကူညီပေးနေရတယ်။
(T/n အတူတူပါပဲ လို့ယောင်ဟန်ရယ် (*ရင်တွင်းငိုသံကြီးနဲ့ ပြောသွားသည်) ဘဝက အဲ့လိုပါပဲ အဟင့်)
"ငါထင်တာကတော့ မင်းသူ့ကိုအကြောင်းပြချက် တစ်ခုရှာပြီး ပြောရမယ်......မင်းရဲ့ တကယ့်ရည်ရွယ်ချက်ကို သူ့ကိုအသိမခံနဲ့။ ပြီးတော့လည်း နိုင်ထက်စီးနင်းမလုပ်နဲ့ဦး။ အဲ့နူးနူးညံ့ညံ့ပန်းလေး အပေါ်လည်း သနားပါဦး"
"ဘာအဓိပ္ပါယ်မရှိတာတွေ"
လို့ယောင်ဟန်က ဆက်ကာ ဆက်ကာ ပြောနေတာကြောင့် ရှောင်ယဲ့ကတော့ သူပြောနေတာတွေကို ဆက်ပြီးနားထောင်ချင်စိတ်မရှိတော့ပေ။ ဒါပေမဲ့ အကြောင်းပြချက်တစ်ခုရှာပြီးပြောရမယ်ဆိုတဲ့ နည်းလမ်းကတော့ ရနိုင်မဲ့ပုံပေါ်တယ်။
အခု ငါက အကြောင်းပြချက်တစ်ခုရှာပြီး သွားပြောရမယ်ပေါ့?
သူအဲ့ည အဆောင်ကိုပြန်ရောက်တဲ့အချိန်မှာ ဝမ်ကျိုက ဖုန်းပြောနေတုန်းပင် ရှိသေးသည်။ သူ ရှောင်ယဲ့ပြန်လာတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ ဝမ်ကျိုက သူ့ကိုပြုံးပြလာပြီး တရုတ်စကားရောနေတဲ့ ထူးဆန်းတဲ့ နိုင်ငံခြားဘာသာစကားနဲ့ ဖုန်းထဲကလူကို စကားဆက်ပြောနေသည်။ နားထောင်ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ ထိုစကားက အင်္ဂလိပ်စကားမဟုတ်ဘူးဆိုတာ ရှောင်ယဲ့ သိသွားသည်။ သူ့မိသားစုက ဂျာမန်ဆိုတာ ဝမ်ကျိုပြောပြဖူးတာကို ရှောင်ယဲ့ ပြန်မှတ်မိသွားတာကြောင့် အဲ့တာ ဂျာမန်စကား
ဖြစ်လောက်မယ်။
၂၅မိနစ်ကြာပြီးနောက်, ဝမ်ကျိုဖုန်းပြောတာကို အဆုံးသတ်လိုက်ပြီဖြစ်တာကြောင့် ရှောင်ယဲ့ သာမန်ကာလျှံကာ မေးလိုက်သည်။
"မင်းမိသားစုလား?"
"အမ်း, ကျွန်တော် ဒီနှစ်ဆောင်းရာသီပိတ်ရက်မှာ သူတို့နဲ့ ဂျာမန်မှာ မတွေ့နိုင်ဘူးဆိုတာ ကျွန်တော်ပြောနေတာ"
ရှောင်ယဲ့ရဲ့ နှလုံးသားလေးမှ ရွဲ့မဲ့သွားရသည်။
"ဘာလို့ မတွေ့နိုင်တာလဲ?"
နည်းနည်းမပွင့်မလင်းနှင့် စူးစိုက်ကြည့်လိုက်ပြီးမှ ရှက်ရှက်နဲ့သာ ဝမ်ကျို ပြန်ဖြေလိုက်သည်။
"ကျွန်တော်.....ကျွန်တော် ရှစ်စွမ်း ကျွန်တော့်ကို လိုအပ်မယ်လို့ ထင်လို့"
ရှောင်ယဲ့ရဲ့ ပါးစပ်ဖျားလေးတွေလည်းအပေါ်ကို နည်းနည်း မြင့်တက်သွားရတော့သည်။ ဒီခွေးရူးလေးက နောက်ဆုံးတော့ သူတို့ရဲ့နောက်ခြေလှမ်းက ဘာလဲဆိုတာ နားလည်သွားပြီး သူ့ကို အဖော်ပြုစောင့်ရှောက်ဖို့ ဒီနိုင်ငံမှာ ရည်ရွယ်ချက်ရှိရှိနေတော့မယ်ပေါ့။
အရမ်းအရမ်းကိုကောင်းလွန်းနေတဲ့ စိတ်အခြေအနေနဲ့အတူ ရှောင်ယဲ့ အလွန်အမင်း စိုးရိမ်ပူပန်ဟန်ဆောင်လိုက်ပြီး စကားဆိုလိုက်သည်။
"တစ်ယောက်တည်း အိမ်မှာ နေရမှာ မင်းမပျင်းဘူးလား?"
မင်းပျင်းမယ်လို့ မြန်မြန်ပြောစမ်းပါ, အဲ့တာဆို ငါ မင်းကို ငါနဲ့ နေဖို့ မြန်မြန်တောင်းဆိုနိုင်ပြီလေ။
ဝမ်ကျို့မှာ သဘောမပေါက်တာကြောင့် ပြင်းပြင်းထန်ထန်စဉ်းစားလိုက်ရသည်။
"အရမ်းကြီးမပျင်းလောက်ဘူး။ အမေက ဒီဆောင်းရာသီပိတ်ရက်အတော်အတွင်း ကျွန်တော့်အကိုတစ်ဝမ်းကွဲ ကျွန်တော့်အိမ်မှာ လာနေမယ်လို့ပြောတယ်။ သူက ဒီကို အလုပ်လုပ်ဖို့လာတာလေ။ ပြီးတော့, သူငှါးထားတဲ့အိမ်ကလည်း အခုထိ ပြောင်းဖို့ သူ့အတွက် အဆင်မပြေသေးဘူး"
ရှောင်ယဲ့ရဲ့ နှုတ်ခမ်းဖျားကတော့ မဲ့ကျသွားတော့သည်။
"မင်းရဲ့ အကိုဝမ်းကွဲ?"
ဝမ်ကျိုက လုံးဝကိုသတိမမူမိဘဲ သူ့ကို ပြန်တောင်ပြုံးပြလိုက်သေး။
"အင်း, ကျွန်တော့်အကိုကလေ အရမ်းကို တော်တာ။ သူက ကျွန်တော့်ထက် ငါးနှစ်တောင်ကြီးတယ်။ သူကလေ ဘွဲရရုံလေးပဲရှိသေးတာတောင် သူ့ကိုယ်ပိုင်ကုမ္ပဏီ သူ ထောင်ပြီးသွားပြီ"
သူ့ဒေါသကို ထိန်းချုပ်ဖို့အတွက် ရှောင်ယဲ့ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။
"...........သူ့မှာ ပါတနာမရှိဘူးလား? ဘာလို့ သူက မင်းအိမ်မှာနေရမှာလဲ?"
"မရှိဘူး, တစ်ယောက်မှမရှိဘူး! သူ့ကိုပိုးနေတဲ့လူတွေ အများကြီး ရှိပေမဲ့လည်း သူ့အဆင့်အတန်းက အရမ်းမြင့်တာကြောင့် သာမန်အိုမီဂါတွေဆို သူ့ကိုချိန်လို့မရဘူး။ အဲ့ဒါကြောင့်ပဲ အဲ့ဒီအိုမီဂါတွေက အရမ်းကိုအားနည်းတာပဲဆိုပြီး သူကအမြဲပြောနေ......"
ဝမ်ကျို ရုတ်တရက် သူ့ပါးစပ်ကိုပိတ်လိုက်တော့သည်။
ရှောင်ယဲ့ ဝမ်ကျိုရဲ့ ထူးဆန်းသွားတဲ့အပြုအမူကို သတိမပြုမိဘဲ သူ့အကိုဝမ်းကွဲကို အိမ်ထဲကနေဘယ်လိုမောင်းထုတ် ရမလဲဆိုတာကိုပဲ ဆက်တွေးနေမိသည်။ အဲ့လိုမှမဟုတ်ရင် ဝမ်ကျိုက သူ့အကိုက အိမ်မှာ ဧည့်သည်အနေနဲ့ လုပ်ပေးပြုစုနေရဦးမယ်။ ပြီးတော့အဲ့တာဆို သူကလည်းပဲ သူတို့နဲ့ ဘယ်လိုလုပ်နေနိုင်မှာလဲ?
"မင်းတို့၂ယောက် အတူတူနေရမှာ အရမ်းမကျပ်ဘူးလား?"
ရှောင်ယဲ့ ဒီလိုရူးကြောင်ကြောင်းမေးခွန်းမျိုး မေးပြီး ကိုယ့်သိက္ခာကိုယ်ချနေရသည်။
နလပိန်းတုံး ဝမ်ကျိုကတော့ ပြန်ဖြေလေသည်။
"ဘယ်လိုလုပ်ကျပ်မှာလဲ, ကျွန်တော်တို့အိမ်က တော်တော်လေးကို ကြီးတာ။ အိမ်မှာ အထပ်သုံးထပ်တောင်ပါတာ ပြီးတော့ သူကလည်း လူတစ်ကိုယ်ပဲလေ"
သူကလည်း လူတစ်ကိုယ်ပဲလေ။ ရှောင်ယဲ့ ရုတ်တရက်အကြံရသွားသည်။
"အဲ့တာဆို တကယ်လို့ ငါလည်းအဲ့မှနေမယ်ဆိုရင်, အရမ်းမကျပ်လောက်ပါဘူးနော်?"
ဝမ်ကျို မလာနိုင်မှတော့ ရွေးချယ်စရာဆိုလို့ သူကပဲ အစားသွားပေးလိုက်တာပဲ ရှိတော့မယ်။ ဘာပဲဖြစ်ဖြစ်, အဲ့ဒီ့အကိုဝမ်းကွဲကလည်း ရက်နည်းနည်းလေးပဲ နေမှာဆိုတော့။
ဉာဏ်ထက်လွန်းတဲ့ကိုယ့်ကိုယ်ကိုပဲ ရှောင်ယဲ့ လက်ခုပ်သြဘာချီးမြင့်ပေးလိုက်ချင်တော့သည်။
ဝမ်ကျို မျက်တောင်ကိုပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး
"ရွှဲကျန်း, ရွှဲကျန်းက လာနေချင်တာလား? ဘာလို့လဲ?"
ဝမ်ကျို အရမ်းနုံ့နုံ့အအဖြစ်နေတာကို ရှောင်ယဲ့ မယုံနိုင်ဘူး။ သူလေ တကယ်ပဲ ဝမ်ကျို့ကို အင်္ကျီကော်လာကနေ ဆွဲဆောင့်ပြီး အော်သာအော်ပလိုက်ချင်တော့တယ်။
'ဘာကြောင့်ဖြစ်ရမှာလဲ? ဘာလို့ဆို လောင်ဇီက မင်းနဲ့ အတူအိပ်ချင်လို့ဟေ့!' ဒါပေမဲ့ လို့ယောင်ဟန်ပြောလိုက်တာကို ရှောင်ယဲ့ သတိရသွားပြီး သူ ဝမ်ကျို့ကို ဖြူစင်တဲ့နှလုံးသား ရွှယ်ဒီလေးလိုမျိုး ဆက်ဆံရမယ်။ သူ ကြမ်းတမ်းလို့မရဘူး။ သူ အကြောင်းပြချက်တစ်ခုရှာပြီး ပြောရမယ်။
သူနောက်တော့ အပြစ်ကင်းသလိုဟန်ဆောင်ဖို့ ကြိုးစားလိုက်ပြီး ပြုံးပြလိုက်သည်။
"အဲ့တာက ငါ့အိမ်မှာလည်း ဘယ်သူမှမရှိဘူးဆိုတော့ အဲ့လိုဖြစ်သွားတာ။ ငါတစ်ယောက်တည်းဖြစ်ပြီး ငါပျင်းနေရမှာ။ အဲ့ဒါကြောင့် ငါမင်းဆီလာဆော့ရင်း မင်းမိသားစုဝင်တွေနဲ့လည်း တွေ့မိလို့လေ။"
ဝမ်ကျို သူ့ကို နားမလည်သလို ငေးကြည့်လိုက်သည်။ ရှောင်ယဲ့ ကြိုတင်ခန့်မှန်းထားသလိုမျိုး သူ့မျက်နှာထားက ပျော်မနေပေ။ အဲ့တာအစား, သူ နည်းနည်းသုန်မှုန်သွားပြီး သူ့ကိုယ်သူသာ တိုးတိုးညင်းညင်း ရေရွတ်ပြောလိုက်မိသည်။
"ဒါပေမဲ့ ကျွန်တော် ရွှဲကျန်းကို တွေ့ခွင့်မပေးချင်ဘူး...."
ရှောင်ယဲ့ ဝမ်ကျိုပြောတာကို သေသေချာချာမကြားလိုက်ရပေ။
"ဟင်?"
"ရွှဲကျန်း, ရွှဲကျန်း.....ကျွန်တော့်အကိုဝမ်းကွဲနဲ့ တွေ့ချင်လို့လား?"
ရှောင်ယဲ့ ခေါင်းငြိမ့်လိုက်သည်။
"ငါတွေ့ချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်, သူက မင်းမိသားစုပဲလေ"
အဲ့တာက မင်းမိဘတွေမဟုတ်ဘူးဆိုပေမဲ့လည်း ဒါကို သူတို့အိမ်ထောင်စုရဲ့ ဦးသျှောင်ကို တွေ့တဲ့ရှေ့ပြေးအဖြစ် သတ်မှတ်နိုင်သေးတာပဲလေ, ဟုတ်တယ်မလား?
ဝမ်ကျို့ သူ့နှုတ်ခမ်းတွေကိုသာ ဆူလိုက်တော့သည်။ သူ့မျက်လုံးတွေကတော့ နည်းနည်းလေးမှုန်မှိုန်းနေ၏။
"အိုကေ"
ဝမ်ကျို ဘာကိုစိတ်ဓာတ်ကျနေလဲဆိုတာ ရှောင်ယဲ့ သဘောမပေါက်ပေ။ လက်လှမ်းလိုက်ပြီး ဝမ်ကျိုရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
"ကောင်းတယ်"
ဒီခွေးရူးလေးကို ရှောင်ယဲ့သူ့ကို ဘယ်လောက်တောင် တန်ဖိုးထားလဲဆိုတာ ပြဖို့အတွက် သူ ကိုယ်လက်ဆေးကြောလိုက်ပြီး ဝမ်ကျို့ရှေ့မှာပဲ တကူးတက ဖုန်းကို စပီကာဖွင့်ပြီး သူ့အဖေကိုခေါ်လိုက်သည်။
"ပါး, နောက်လ ပါး အလုပ်ကိစ္စနဲ့ခရီးထွက်မှာ, ဟုတ်တယ်မလား?"
ပါးပါးကျန့်ကတော့ အမြတ်တနိုးနဲ့စကားဆိုလိုက်သည်။
"နဂိုကတော့ဟုတ်တယ်။ ဒါပေမဲ့ ပါး အဲ့တာကိုငြင်းလိုက်တယ်။ ပါးက အမြဲတမ်းလိုလို မင်းနဲ့အတူတူအချိန်ကုန်ဖို့ကို အရမ်းအလုပ်ရှုပ်နေခဲ့တာလေ။ အဲ့ဒါကြောင့်မို့ ဆောင်းရာသီပိတ်ရက်တော့, ပါးရဲ့ပေါင်ပေ့လေးအတွက် ပါးအချိန်ချန်ပေးထားရမယ်ဆိုတာ ဖြစ်ရမယ်လေ--"
"မငြင်းလိုက်နဲ့, သွားပါ။ ဆောင်းရာသီပိတ်ရက်အတောအတွင်း ကျွန်တော် ကျွန်တော့်ရဲ့ရည်းစားအခန်းဖော်လေးနဲ့ အတူနေမှာ။အဲ့ဒါကြောင့် ကျွန်တော်အိမ်ပြန်လာမှာဟုတ်ဘူး"
ပါးပါးကျန့်: "????"
အဲ့နောက်, ရှောင်ယဲ့ ဖုန်းစပီကာကို ပိတ်လိုက်ပြီး သူ့ရဲ့ စဉ်းလဲပြီး သားဝတ္တရားမကျေပွန်တဲ့အကြောင်း မကျေမနပ်ညည်းညူနေတဲ့ တစ်ဖက်ဖုန်းလိုင်းက သူ့အဖေရဲ့ နာရီဝက်လောက် အဆက်မပြတ်မြည်တမ်းသံကို နားထောင်နေရတော့သည်။
ဒီလို အာလာပသလ္လာပစကားတွေက ဝမ်ကျို ကြားဖို့မလိုအပ်ပေ။ ရှောင်ယဲ့ သူ့အဖေကို အမှတ်တမဲ့ချော့လိုက်ပြီး ဝမ်ကျို့ကို ကြည့်လိုက်သည်။ ဝမ်ကျို့က သူ့ကို ကျောပေးထားပြီး သူ့စာရေးခုံမှာထိုင်ကာ စာလုပ်နေသည်။ ဒါပေမဲ့ ဝမ်ကျိုက စာရွက်တစ်ရွက်ကိုမလှန်ဘဲ တော်တော်ကြာတဲ့အထိ ငေးစိုက်ကြည့်နေတာကြောင့် သူအတွေးယာဉ်ကြောထဲ နစ်မြောနေတယ်ဆိုတာ ရှင်းနေတာပဲလေ။
သူ့ကိုယ်သူ ဂုဏ်ယူစွာနဲ့ ရှောင်ယဲ့ အပြုံးခပ်ကြီးကြီး တစ်ခု ပြုံးလိုက်သည်။
ဒီခွေးရူးလေး တကယ်ပဲ စိတ်လှုပ်ရှားသွားစေရမယ်။
ကောက မင်းကိုဘယ်လောက်တောင် ဂရုစိုက်လိုက်သလဲဆိုတာ သိလိုက်စမ်းပါ။
T/n
အူတိုနေတဲ့အငွေ့အသက်တွေ ဟေ့ဟေ့ :3 latte update က weekday တွေပဲဖြစ်တော့မှာပါ။ T.T weekend ကလေ မအားတော့တာရယ်။ နားချင်တာရယ်ကြောင့် အရင်ကဆို update ပေးပေမဲ့ အခုတော့ update မပေးဖြစ်လောက်တော့ပါဘူး။ weekdays ကတော့ တစ်ရက်တစ်ပိုင်း အပ်ပေးဖြစ်အောင်အပ်ပေးပေမဲ့လည်း တစ်ခါတစ်လေ တော်တော်လေးရှည်တာမို့လို့ တစ်ပတ်ကို အနည်းဆုံး ၃ပိုင်း update ပေးပါ့မယ်နော်။ အခုကလေ latte က ခန္ဓာကိုယ်ထက် စိတ်ပင်ပန်းနေရတာမို့လို့ပါ။