Unicode
"အမေ့ကိုဖုန်းဆက်ဖို့မေ့နေတာပဲ ခုထဆက်ရမယ် မဟုတ်ရင် စိတ်မကောင်းဖြစ်နေအုံးမယ်"
ကလောမီးရေှာ်တိုင်ပွဲသွားရန်ပြင်ဆင်နေချိန် နက်ပြာရောင်ရှပ်လက်ရှည်အား ခေါက်တင်ရင်း ကုတင်ဘေးရိှထိုင်ခုံပေါ်တွင်တင်ထားသောဖုန်းကို ယူကာ မေမေဆိုသော ဖုန်းcall ကိုခေါ်လိုက်သည်။
တစ်ဖက်မှာ ကမ္ဘာပျက်နေသည်ကိုတော့ ကူကူးတစ်ယောက်မသိသေးပေ။
"မိကီဝီနင်လာစမ်းဒီကို ဒီစာအုပ်တွေကဘာတွေလဲ"
အမေဖြစ်သူအခန်းဝင်ရှင်းပေးရင်း ခုတင်အောက်တွင် ဖွက်ထားသော စာအုပ်ပုံအထပ်လိုက်အား တွေ့ရိှသွားခဲ့သည်။
"တရားစာအုပ်တွေပါအမေ ကျင့်ကြံအားထုတ်ပြီး ဘာဝနာပါးဖို့အတွက် သမီးဝယ်ထားတာပါ"
"အမလေး ငါ့ကိုများလာလိမ်နေသေးတယ် ဒီစာအုပ်အပြာက No ဆိုပဲ ငါဖတ်ကြည့်ရသလောက်ကတာ့ အချစ်ဇာတ်လမ်းတွေထင်တယ်နော်"
လက်တွင်ကိုင်ထားသည်မှာ အမဆုခြည်ကိုရေးထားသော No စာအုပ်။တော်သေးသည်မှာ ဘယ်သူကောက်ပြီးဖတ်ဖတ် သင့်တော်သော အချစ်ဇာတ်လမ်းဖြစ်နေ၍ ကံကောင်းသည်ဟုဆိုရပေမည်။
"အမေရယ်ဖတ်ပြီးပြီပဲဟာကိုမေးနေရသေးတယ်လို့ အမေဖတ်ချင်ရင်ယူဖတ်နော် သမီးမှာအများကြီးရိှသေးတယ်စည်း ၊ my ex boyfriend ၊ မပြိုေသာေကာင်းကင်မကြွေသောကြယ်၊ love at first sight ၊ ကြယ်ကြွေသောည တို့ လေပြေမရိှသောအရပ်တို့ ဒါတင်အကုန်မဟုတ်သေးဘူးနော် ခုတောင်မှာထားသေးတာ မရသေးလို့"
"အော်ဒါဆို နင်မုန့်မှာထားတာဆိုပြီး လာလာပို့တဲ့ဟာတွေက ဒီစာအုပ်တွေပေါ့"
တံမြက်စည်းကို ညာဘက်လက်တွင်ကိုင်ထားကာ ကျန်လက်တစ်ဖက်မှာခါးထောက်ထားသော မအေဖြစ်သူ။ ခိုးဝယ်ထားသမျှ မိသွားသဖြင့် ခွေးအ ကြီးလည်နင်သလို မျက်လုံးမှာတောင်ကြည့်မြောက်ကြည့်နှင့် ကြံရာမရဖြစ်နေသော သမီး။
"သိရင်အမေကဆူမှာလေ အဲ့စာအုပ်တွေကဗဟုသုတရတယ်အမေရဲ့"
"အဲ့စာအုပ်တွေအကုန်ထုတ်"
"ဘာလို့လဲ လွွှင့်ပစ်မလို့လား "
စိုးရိမ်တကြီးဖြင့် မစားရက်မသောက်ရက်စုထားရသော စာအုပ်များ လွွှင့်ပစ်ရလိုက်မည်ဆိုလျှင် အသဲတွေအစိတ်စိတ်အမွှာမွွှာကွဲတော့မည်ဖြစ်သဖြင့် အထိပ်ထိပ်အလန့်လန့်။
"မဟုတ်ဘူး စာအုပ်စင်ပေါ်မှာတင်ခိုင်းမလို့ ဘယ့်နှယ့် ကုတင်အောက်ထဲထည့်ထားရတယ်လို့ ငရဲကြီးလိမ့်မယ် နင့်ကိုလည်းပြောနေရတာကြာတယ် အောက်မှာဖုန်းသံကြားတယ် ငါသွားကိုင်လိုက်အုံးမယ် သေချာရှင်းထား"
အမေတစ်ယောက် ပြောပြောဆိုဆိုဖြင့် ဖုန်းသံမြည်နေသည့် အောက်ထပ်သို့ ဆင်းသွားသည်။ကီဝီလည်းစာအုပ်တွေကောက်တင်ရင်း။
တော်သေးတာပေါ့ အချစ်စာအုပ်တွေလို့ပဲသိလို့ bL လို့သာ သိသွားရင် အိမ်ပေါ်က ကင်းမြီးကောက်ထောင်ပြီး ဆင်းရကိန်းရိှတယ်..ဟူး။
နောက်ထပ်တစ်ခုကံကောင်းသည်မှာမှန်တင်ခုံနောက်ကြားတွင်ညှပ်ထားသော စာအုပ်များထပ်ရှိေသးသည်ကို မသိခဲ့ခြင်းပင်။
"သားဖုန်းခေါ်နေတာကြာနေပြီ အမေမအားလို့လား"
အောက်ထပ်သို့ တံမြက်စည်းတစ်ကိုင်ကိုင်နှင့်ဆင်းလာကာ တဂွမ်ဂွမ်ဆက်နေသော သားတော်မောင်၏ ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဘာလို့ရမှာလဲ ဟိုဟာမလေး ကီဝီလေ ကုတင်အောက်ထဲမှာ စာအုပ်တွေဖွက်ထားလို့ ဆူနေရတာ"
တွေ့သွားပြီကိုး....မကီကလည်းလေ သေချာဖွက်ထားပါဆိုမှ ခုတင်အောက်ထဲထည့်ထားရတယ်လို့ ပြီးရင် ဒီစာအုပ်ကို ဘယ်လိုစုပြီး ဘယ်လိုဝယ်ထားရတာကပြောသေး။
"ထားလိုက်ပါအမေရယ် မကီလည်း အသက်30တောင်ကျော်နေပြီပဲသူ့ဘာသူဖတ်ပါစေ ဒါနဲ့လေအမေ့အသိထဲမှာ ချောချောလေးတွေရိှရင် မကီနဲ့ပေးစားလိုက်ပါအုံး တော်ကြာအပျိုကြီးဘဝနဲ့အရိုးထုတ်နေရအုံးမယ်"
"သူယောက်ျားယူချင်စိတ်ရိှမရိှတော့မသိဘူး သူ့အခန်းထဲမှာလည်း ကပ်ထားလိုက်တဲ့ ပုံတွေ ကိုရီးယားကတစ်မျိုး ၊ ဝမ်ရိဘိုဆိုလား ရိပေါ်ဆိုလားအဲ့တစ်ယောက်ပုံတွေကော၊တရုတ်သိုင်းကားထဲကပုံတွေကော သူ့ဟာကအခန်းလား၊ပြတိုက်လားတောင်မသဲကွဲတော့ဘူး "
"ဟက်ဟက်ဟက်...တကယ်ပါပဲ မကီနဲ့တော့ အမေသားမနက်ဖြန် တောင်ကြီးမီးပုံးပျံပွဲသွားရမှာအမေတို့ကိုသတိရလို့ ဆက်လိုက်တာ"
လက်ပတ်နာရီမှ သွားချိန်တန်နေသဖြင့် တတီတီမြည်နေသည်။ဖုန်းကိုအမြန်ချ၍ အခန်းထဲကထွက်မှရတော့မည်။
"ငါ့သားလေးနေကောင်းတယ်မလား သတိထားပြီးသွားနော် "
"ဟုတ်အမေ အဲ့တာဆိုဒါပဲနော် ကားထွက်တော့မယ်"
"အေးအေး သားလေး အမေလည်း ဟိုတစ်ယောက်နဲ့ စာရင်းရှင်းလိုက်အုံးမယ်"
ဖုန်းချအပြီး မျက်နှာမှာပြုံးစိစိဖြင့် အစ်မဖြစ်သူကို သနားလည်းသနား၊ ရယ်လည်းရယ်ချင်နေသည်။ ညနေပိုင်းထွက်မှ ပွဲကို မေှာင်ရီပျိုးချိန်ရောက်မည်ဖြစ်သောကြောင့်မျက်နှာပိုးသတ်ကာ အနှစ်သက်ဆုံး ရေေမွှးပုလင်းအား တစ်ကိုယ်လုံးပတ်၍ဖြန်းလိုက်သည်။
ကားစီးပြီးမကြာမီပင် မီးရေှာ်တိုင်ပွဲသ့်ိုရောက်ရိှလာခဲ့သည်။ ကလောမြို့၏ အအေးဒဏ်ခံနိုင်ရန် အပြာနုရောင် ဆွယ်တာထူထူအပေါ်မှထပ်ကာ ဂျင်းဘောင်းဘီအပွနှင့်တွဲ၍ ဝတ်ဆင်ထားသည်မှာ တစ်မျိုးလေးချစ်စရာကောင်းနေပြန်သည်။
စီနီယာအကိုတွေပြောပြရသလောက်တော့ ကလောမီးရေှာ်တိုင်ပွဲက တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ကစပြီး ကျင်းပလေ့ရိှတယ်တဲ့။မီးရေှာ်တိုင်ဆိုတာက ဘာလိုမျိုးလဲဆိုတော့ ဝါးတိုင်ကိုအလယ်မှာတည်ပြီး အဲ့ဝါးတိုင်ရဲ့ပတ်ပတ်လည်မှာ နံ့သာတုံးတွေ ၊ ပန်းေမွှးတိုင်တွေနဲ့ ပတ်စည်းထားပြီး ပေ၃၀ခန့်ရှည်လျားတဲ့ အကြီးစား ဖယောင်းတိုင်သဘောမျိုးလို့ ကျွန်တော်တို့ကို စိတ်ရှည်လက်ရှည်နဲ့သေချာရှင်းပြတယ်။
ဘာလို့ကျင်းပရတာလဲဆိုတော့ ကျွန်တော်တို့ သီတင်းကျွတ်ပွဲတော်နဲ့ခပ်ဆင်ဆင် ဘုရားကိုမီးပူဇော်ခြင်းတစ်မျိုးပဲ။ဘုရားစေတီပုထိုးတွေ ဘုန်းကြီးကျောင်းတွေမှာ စိုက်ထူပြီး ညလုံးပေါက် မီးရှို့ပူဇော်လေ့ရိှကြတယ်။ဒါကတော့ ရှမ်းလူမျိုးတွေရဲ့ဓလေ့ပေါ့နော်။ခုနောက်ပိုင်းမှာတော့ မီးရေှာ်တိုင်အဖျားမှာ ယမ်းခွေတွေ ရောင်စုံမီးကျည်တွေတပ်ဆင်ပြီး တစ်မျိုး ကျင်းပကြလာပြန်တယ်တဲ့။ကျွန်တော် ရှမ်းပြည်ကိုအရမ်းနှစ်သက်တာ။သူတို့ရိုးရာဓလေ့တွေကို ကျွန်တော် စိတ်လဲဝင်စားတယ် ခုလိုမျိုး စုံစုံလင်လင်ပြောပြတဲ့ စီနီယာတွေရိှနေတော့ ကျွန်တော်တို့ရဲ့ ခရီးက ပိုပိုပြီး လေးနက်လာသလို ခံစားလာရတယ်။
ပွဲဆိုတဲ့သဘာဝအတိုင်း မိန်းကလေးများ လှလှပပ ရိုးရာအတိုင်း ဝတ်ဆင်ကာ ကကြခုန်ကြ ၊ ပျော်ကြပါးကြနဲ့ ကလောမြို့ရဲ့ ရာသီဥတုတောင် နွေးလာသလိုလို။
မီးပန်းများလည်းအလွွှတ် သူငယ်ချင်းသုံးယောက် ဓာတ်ပုံရိုက်ကြ၊မီးစေတွလွင့်လာရင် ပြေးလိုက်ကြနဲ့မအားလပ်ကြေပ။ အပြန်ကားပေါ်တွင်လည်း သီချင်းတွေဆို ၊ လက်ခုပ်တွေတီးနဲ့ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုတွေပိုလာကြသည်။ ပထမဆုံးခရီးစဉ်လေးမှာ ပျော်ရွွင်စရာအတိဖြင့် အိပ်စက်ရန် ဟိုတယ်သို့ ပြန်ရောက်လာခဲ့ကြသည်။
မတ်တပ်ရပ်ကြည့်ခဲ့ရသဖြင့် ညောင်းညာနေသော်လည်း ပျော်ရွွင်ရသောကြောင့် နာကျင်မှုမှာ မပြောပလောက်။
"အီးယား..အခုမှပဲအကြောဆန့်ရတော့တယ်ဒီခရီးလိုက်လာခဲ့တာနောင်တမရဆုံးပဲ ဒီနေရာလေးကပထမဆုံးရောက်ဖူးပေမယ့်ရင်းရင်းနှီးနှီးရှိနေသလို ဘာလို့ခံစားနေရတာလည်းမသိဘူး ရင်းနှီးတယ်ဆိုမှ ဒီရောက်ကတည်းက ဟိုလူ့အကြောင်း အိပ်မက်မမက်တာ ခုမှသတိထားမိတယ်.."
နှစ်ယောက်အိပ်ခုတင်ပေါ်တွင်တစ်ယောက်တည်းအိပ်ရသဖြင့် ဟိုလိှမ့်ဒီလိှမ့်။ဒီကြားထဲ မဆီမဆိုင် သတိရမိသော အိပ်မက်ထဲကလူကပါလိုက်ေသးသည်။ေတွးရင်းေတွးရင်း တစ်နေ့တာပင်ပန်းခြင်းများကြောင့် အိပ်မောကျသွားတော့သည်။
_____________
"နှိုင်း"
"ဗျာ...ဗျ"
"ကျွန်တော် နှိုင်းလို့ခေါ်လို့ရတယ်မလားဟင်"
"ရတာပေါ့ အသည်းရဲ့ အဲ့တာမဟုတ်ပဲ ကိုကိုလို့ခေါ်ရင်ပိုပြီးတော့တောင် သဘောကျသေးတယ်"
ပေါင်ပေါ်မှာ လှဲနေတဲ့ ကျွန်တော့်အသည်းတုံးလေး ဒီနုနုယွယွ ကလေးလေးကို အပိုင်သိမ်းထားလိုက်ချင်သည်။ နှစ်ယောက်တည်းအပျော်ခရီးထွက်လာခဲ့ပေမယ့်လို့ စိတ်ထဲတွင်တော့ ဟန်းနီးမွန်းလို့သာမှတ်ယူထားသည်။
ပွင့်ဖတ်လေးများ တစ်ဖတ်ချင်း ကြွေကျနေသော ချယ်ရီပင်ကြီးအောက် ထိုအပင်ကိုမှီကာထိုင်နေသောနှိုင်း။ နှိုင်း၏ပေါင်ပေါ်တွင်လှဲနေသည်မှာ ဖြူဖြူဥဥ မထိရက်လောက်အောင် ပန်းပွင့်ဖတ်ေလးသဖွယ် နုနယ်သော မိုဝီထူးကလေးပင်။
ဆူးသစ်နှိုင်းနှင့် မိုဝီထူးတို့မှာအသက်အားဖြင့် ေခြာက်နှစ်ကွာသည်။ မိုဝီ့အသက် ၁၈၊ နှိုင်းအသက် ၂၃ တွင်စတွေ့ခဲ့ကြသည်။ယနေ့မှာ သူတို့နှစ်ဦး၏ ပထမဦးဆုံး ကလောခရီးစဉ်လေးပင်။ မိုဝီမှာ အအေးမိလွယ်သော်လည်း အေးသောနေရာကိုအင်မတန်ကြိုက်နှစ်သက်သည်။ ဤခရီးစဉ်မှာလည်း မိုဝီ့အလိုကျ ဆူးသစ်နှိုင်းလိုက်ပို့ရခြင်းပင်။
"ကိုကို"
"ဗျာ"
ဟင် အခုငါ ကိုကိုလို့အခေါ်ခံလိုက်ရတာလား အား..ကြိုက်လိုက်တာ ဒီကောင်လေးကတော့ ဒီလူကြီးကို အသည်းယားအောင်လုပ်နေပြန်ပါပြီ။
အသည်းယားလောက်အောင် မထင်လျှင်မထင်သလို ခြွေတတ်သောမိုဝီ၏ နှာခေါင်းသေးသေးလေးအား သူ၏ နှာခေါင်းချွန်ချွန်ဖြင့် အကြိမ်ကြိမ် ပွတ်ထိလိုက်သည်။
"ထပ်ခေါ်ပါအုံးကြားချင်လို့ပါ နောက်တစ်ခေါက်နောက်တစ်ခေါက်လောက်ပဲ"
"မရပါဘူး မြန်မာ့အသံက တစ်ခါပဲလွွှင့်တယ်"
စကားတတ်လွန်းသူမိုဝီနှင့်ေအးတိအေးစက်နိှုင်း။နှစ်ယောက်တွေ့တိုင်း တည့်တစ်လှည့်၊ကိုက်တစ်လှည့်။ ခုလည်း ရေခဲတုံးတောင်းဆိုသည်ကိုမလိုက်လျောဘဲ ပြောင်ပြကာ အိုက်တင်ခံနေလေသည်။ အသက်ကွာသောကြောင့် နိှုင်း မိုဝီ့အပေါ် တစ်ခါတစ်ရံ အားနာမိသည်။အသက်မပြည့်သေးတဲ့ကလေးကို မုန့်ပေးကြိုက်သည်ဟု ပတ်ဝန်းကျင်ကပြောဆိုနေမည်ကိုမလိုလား။သို့သော် မိုဝီ့အချစ်တစ်ခုတည်းဖြင့် အရာအားလုံးလျစ်လျူရှုထားနိုင်ခဲ့သည်။
"မိုဝီ..ကိုယ်တို့ ရှမ်းခေါက်ဆွဲဆိုင်မှာတွေ့ပြီး နောက်တစ်ခေါက်ထပ်တွေ့တုန်းကအချိန်ကိုမှတ်မိသေးလား"
"ဟာ ရှက်စရာကြီးဗျာပြန်မပြောပါနဲ့"
ပန်းရောင်သန်းလာသောပန်းမို့မို့လေးနှစ်ခုကို လက်ဖြင့်ကွယ်ထားရင်း နှိုင်း၏ ဗိုက်နားသို့ တိုးဝေ့ှလာသည်။
"ပြောမှာပဲမရဘူး အဲ့တုန်းက ကိုယ်ကခံရသူလေ ကိုနစ်နာခဲ့တာဆိုတော့ပြောကိုပြောရမယ်"
အတင်းတိုးဝင်လာသောမိုဝီ့ကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းချုပ်ထားလိုက်သည်။
"အဲ့နေ့က ကို မိုဝီတို့ကျောင်းနားက G & G မှာအအေးဗူးကို ကုန်းယူနေတဲ့အချိန် နောက်ကနေ တင်ပါးကို ဖြန်းကနဲ လာရိုက်တာလေ တကယ် တကယ်ကြက်သီးတွေပါတဖြန်းဖြန်းထသွားတာ"
"ဟား ဟား နှိုင်းတင်ပါးကြီးက လူးရိပ်နဲ့တူနေတာကိုး သူလည်းနှိုင်းလိုမျိုး မက်မွန်သီးလေး ဆိုတော့ သူအထင်နဲ့ရိုက်မိသွားတာ"
လူဆိုးလေးပြောတော့ရှက်တယ်တဲ့ ဒီကလူကြီးရှက်ဖို့ကျတော့မချန်ဘူး။တော်သေးတယ် အဲ့အချိန်သူတို့အဖွဲ့နဲ့ကိုယ်ပဲရိှလို့ နို့မို့ဆို အရှက်ကွဲလိုက်မယ့်ဖြစ်ခြင်း။
"သူများတင်ပါးကို အဲ့လိုပဲလိုက်ရိုက်နေကျလား"
"ဟုတ်ပါဘူး..အဲ့လိုလုံးလုံးလေးတွေဆိုမနေတတ်လို့"
"ကိစ္စမရိှပါဘူး ခုဆို တစ်ကိုယ်လုံးကိုပိုင်နေပြီပဲ ကိုက်ကိုက်ညှစ်ညှစ် လုပ်ချင်သလိုသာလုပ်တော့"
ပြောပြောဆိုဆိုနှင့် ပေါင်ပေါ်ကမိုဝီ့ မျက်နှာအား နေရာလပ်မကျန်တော့လောက်အောင် တရစက် အနမ်းမိုးများရွာသွန်းလိုက်သည်။
လွန်ခဲ့သောသုံးနှစ် ဂျူလိုင်လနှစ်ရက်နေ့တွင် အတူခရီးသွားခဲ့ချိန်ကို မျက်ရည်စများဖြင့် တစ်မြည့်မြည့် ပြန်တွေးရင်း ချစ်ခဲ့ဖူးသောသူနှင့် အမှတ်တရများရိှရာ ကလောမြို့သို့မောင်းနှင်နေသော ကားအတွင်း အတွင်းရေးမှူး ခွန်းတေဇနှင့်အတူ နိှုင်းတစ်ယောက်လိုက်ပါလာခဲ့သည်။
"ကိုယ်တို့နှစ်ယောက် မပေါင်းဖက်ခဲ့ရပေမယ့် မင်းရဲ့မျက်နှာလေးကိုကိုယ်အမြဲတမ်းအမှတ်ရနေမယ် တစ်ချိန်ကသွားခဲ့ဖူးတဲ့နေရာတွေကို ပြန်သွားကြည့်ရင် ဘေးနားမှာမင်းရှိနေသလိုကိုယ်ခံစားရမယ်ထင်တယ်"
ပါးပေါ်ကျလာသော မျက်ရည်စက်များအား လက်နှင့်သုတ်ဖယ်ရင်း မငိုမိရန် အားတင်းထားသည်။
=================
=================
Nun's note~~~~
ဒီအပိုင်းလေးနဲ့သင့်တော်တဲ့ စိုင်းထီးဆိုင်ရဲ့ ချယ်ရီပင်အောက်ဆိုတဲ့ သီချင်းလေးနဲ့နှုတ်ဆက်လိုက်ပါတယ်
==================
==================
Zawgyi
"အေမ့ကိုဖုန္းဆက္ဖို႔ေမ့ေနတာပဲ ခုထဆက္ရမယ္ မဟုတ္ရင္ စိတ္မေကာင္းျဖစ္ေနအုံးမယ္"
ကေလာမီးေရွာ္တိုင္ပြဲသြားရန္ျပင္ဆင္ေနခ်ိန္ နက္ျပာေရာင္ရွပ္လက္ရွည္အား ေခါက္တင္ရင္း ကုတင္ေဘးရိွထိုင္ခုံေပၚတြင္တင္ထားေသာဖုန္းကို ယူကာ ေမေမဆိုေသာ ဖုန္းcall ကိုေခၚလိုက္သည္။
တစ္ဖက္မွာ ကမၻာပ်က္ေနသည္ကိုေတာ့ ကူကူးတစ္ေယာက္မသိေသးေပ။
"မိကီဝီနင္လာစမ္းဒီကို ဒီစာအုပ္ေတြကဘာေတြလဲ"
အေမျဖစ္သူအခန္းဝင္ရွင္းေပးရင္း ခုတင္ေအာက္တြင္ ဖြက္ထားေသာ စာအုပ္ပုံအထပ္လိုက္အား ေတြ႕ရိွသြားခဲ့သည္။
"တရားစာအုပ္ေတြပါအေမ က်င့္ႀကံအားထုတ္ၿပီး ဘာဝနာပါးဖို႔အတြက္ သမီးဝယ္ထားတာပါ"
"အမေလး ငါ့ကိုမ်ားလာလိမ္ေနေသးတယ္ ဒီစာအုပ္အျပာက No ဆိုပဲ ငါဖတ္ၾကည့္ရသေလာက္ကတာ့ အခ်စ္ဇာတ္လမ္းေတြထင္တယ္ေနာ္"
လက္တြင္ကိုင္ထားသည္မွာ အမဆုျခည္ကိုေရးထားေသာ No စာအုပ္။ေတာ္ေသးသည္မွာ ဘယ္သူေကာက္ၿပီးဖတ္ဖတ္ သင့္ေတာ္ေသာ အခ်စ္ဇာတ္လမ္းျဖစ္ေန၍ ကံေကာင္းသည္ဟုဆိုရေပမည္။
"အေမရယ္ဖတ္ၿပီးၿပီပဲဟာကိုေမးေနရေသးတယ္လို႔ အေမဖတ္ခ်င္ရင္ယူဖတ္ေနာ္ သမီးမွာအမ်ားႀကီးရိွေသးတယ္စည္း ၊ my ex boyfriend ၊ မၿပိဳေသာေကာင္းကင္မေႂကြေသာၾကယ္၊ love at first sight ၊ ၾကယ္ေႂကြေသာည တို႔ ေလေျပမရိွေသာအရပ္တို႔ ဒါတင္အကုန္မဟုတ္ေသးဘူးေနာ္ ခုေတာင္မွာထားေသးတာ မရေသးလို႔"
"ေအာ္ဒါဆို နင္မုန႔္မွာထားတာဆိုၿပီး လာလာပို႔တဲ့ဟာေတြက ဒီစာအုပ္ေတြေပါ့"
တံျမက္စည္းကို ညာဘက္လက္တြင္ကိုင္ထားကာ က်န္လက္တစ္ဖက္မွာခါးေထာက္ထားေသာ မေအျဖစ္သူ။ ခိုးဝယ္ထားသမၽွ မိသြားသျဖင့္ ေခြးအ ႀကီးလည္နင္သလို မ်က္လုံးမွာေတာင္ၾကည့္ေျမာက္ၾကည့္ႏွင့္ ႀကံရာမရျဖစ္ေနေသာ သမီး။
"သိရင္အေမကဆူမွာေလ အဲ့စာအုပ္ေတြကဗဟုသုတရတယ္အေမရဲ့"
"အဲ့စာအုပ္ေတြအကုန္ထုတ္"
"ဘာလို႔လဲ လြႊင့္ပစ္မလို႔လား "
စိုးရိမ္တႀကီးျဖင့္ မစားရက္မေသာက္ရက္စုထားရေသာ စာအုပ္မ်ား လြႊင့္ပစ္ရလိုက္မည္ဆိုလၽွင္ အသဲေတြအစိတ္စိတ္အမႊာမြႊာကြဲေတာ့မည္ျဖစ္သျဖင့္ အထိပ္ထိပ္အလန႔္လန႔္။
"မဟုတ္ဘူး စာအုပ္စင္ေပၚမွာတင္ခိုင္းမလို႔ ဘယ့္ႏွယ့္ ကုတင္ေအာက္ထဲထည့္ထားရတယ္လို႔ ငရဲႀကီးလိမ့္မယ္ နင့္ကိုလည္းေျပာေနရတာၾကာတယ္ ေအာက္မွာဖုန္းသံၾကားတယ္ ငါသြားကိုင္လိုက္အုံးမယ္ ေသခ်ာရွင္းထား"
အေမတစ္ေယာက္ ေျပာေျပာဆိုဆိုျဖင့္ ဖုန္းသံျမည္ေနသည့္ ေအာက္ထပ္သို႔ ဆင္းသြားသည္။ကီဝီလည္းစာအုပ္ေတြေကာက္တင္ရင္း။
ေတာ္ေသးတာေပါ့ အခ်စ္စာအုပ္ေတြလို႔ပဲသိလို႔ bL လို႔သာ သိသြားရင္ အိမ္ေပၚက ကင္းျမႇီးေကာက္ေထာင္ၿပီး ဆင္းရကိန္းရိွတယ္..ဟူး။
ေနာက္ထပ္တစ္ခုကံေကာင္းသည္မွာမွန္တင္ခုံေနာက္ၾကားတြင္ညႇပ္ထားေသာ စာအုပ္မ်ားထပ္ရွိေသးသည္ကို မသိခဲ့ျခင္းပင္။
"သားဖုန္းေခၚေနတာၾကာေနၿပီ အေမမအားလို႔လား"
ေအာက္ထပ္သို႔ တံျမက္စည္းတစ္ကိုင္ကိုင္ႏွင့္ဆင္းလာကာ တဂြမ္ဂြမ္ဆက္ေနေသာ သားေတာ္ေမာင္၏ ဖုန္းကိုေကာက္ကိုင္လိုက္သည္။
"ဘာလို႔ရမွာလဲ ဟိုဟာမေလး ကီဝီေလ ကုတင္ေအာက္ထဲမွာ စာအုပ္ေတြဖြက္ထားလို႔ ဆူေနရတာ"
ေတြ႕သြားၿပီကိုး....မကီကလည္းေလ ေသခ်ာဖြက္ထားပါဆိုမွ ခုတင္ေအာက္ထဲထည့္ထားရတယ္လို႔ ၿပီးရင္ ဒီစာအုပ္ကို ဘယ္လိုစုၿပီး ဘယ္လိုဝယ္ထားရတာကေျပာေသး။
"ထားလိုက္ပါအေမရယ္ မကီလည္း အသက္30ေတာင္ေက်ာ္ေနၿပီပဲသူ႔ဘာသူဖတ္ပါေစ ဒါနဲ႔ေလအေမ့အသိထဲမွာ ေခ်ာေခ်ာေလးေတြရိွရင္ မကီနဲ႔ေပးစားလိုက္ပါအုံး ေတာ္ၾကာအပ်ိဳႀကီးဘဝနဲ႔အရိုးထုတ္ေနရအုံးမယ္"
"သူေယာက္်ားယူခ်င္စိတ္ရိွမရိွေတာ့မသိဘူး သူ႔အခန္းထဲမွာလည္း ကပ္ထားလိုက္တဲ့ ပုံေတြ ကိုရီးယားကတစ္မ်ိဳး ၊ ဝမ္ရိဘိုဆိုလား ရိေပၚဆိုလားအဲ့တစ္ေယာက္ပုံေတြေကာ၊တ႐ုတ္သိုင္းကားထဲကပုံေတြေကာ သူ႔ဟာကအခန္းလား၊ျပတိုက္လားေတာင္မသဲကြဲေတာ့ဘူး "
"ဟက္ဟက္ဟက္...တကယ္ပါပဲ မကီနဲ႔ေတာ့ အေမသားမနက္ျဖန္ ေတာင္ႀကီးမီးပုံးပ်ံပြဲသြားရမွာအေမတို႔ကိုသတိရလို႔ ဆက္လိုက္တာ"
လက္ပတ္နာရီမွ သြားခ်ိန္တန္ေနသျဖင့္ တတီတီျမည္ေနသည္။ဖုန္းကိုအျမန္ခ်၍ အခန္းထဲကထြက္မွရေတာ့မည္။
"ငါ့သားေလးေနေကာင္းတယ္မလား သတိထားၿပီးသြားေနာ္ "
"ဟုတ္အေမ အဲ့တာဆိုဒါပဲေနာ္ ကားထြက္ေတာ့မယ္"
"ေအးေအး သားေလး အေမလည္း ဟိုတစ္ေယာက္နဲ႔ စာရင္းရွင္းလိုက္အုံးမယ္"
ဖုန္းခ်အၿပီး မ်က္ႏွာမွာျပဳံးစိစိျဖင့္ အစ္မျဖစ္သူကို သနားလည္းသနား၊ ရယ္လည္းရယ္ခ်င္ေနသည္။ ညေနပိုင္းထြက္မွ ပြဲကို ေမွာင္ရီပ်ိဳးခ်ိန္ေရာက္မည္ျဖစ္ေသာေၾကာင့္မ်က္ႏွာပိုးသတ္ကာ အႏွစ္သက္ဆုံး ေရေမႊးပုလင္းအား တစ္ကိုယ္လုံးပတ္၍ျဖန္းလိုက္သည္။
ကားစီးၿပီးမၾကာမွီပင္ မီးေရွာ္တိုင္ပြဲသ့္ိုေရာက္ရိွလာခဲ့သည္။ ကေလာၿမိဳ႕၏ အေအးဒဏ္ခံနိုင္ရန္ အျပာႏုေရာင္ ဆြယ္တာထူထူအေပၚမွထပ္ကာ ဂ်င္းေဘာင္းဘီအပြႏွင့္တြဲ၍ ဝတ္ဆင္ထားသည္မွာ တစ္မ်ိဳးေလးခ်စ္စရာေကာင္းေနျပန္သည္။
စီနီယာအကိုေတြေျပာျပရသေလာက္ေတာ့ ကေလာမီးေရွာ္တိုင္ပြဲက တန္ေဆာင္မုန္းလျပည့္ေက်ာ္တစ္ရက္ေန႔ကစၿပီး က်င္းပေလ့ရိွတယ္တဲ့။မီးေရွာ္တိုင္ဆိုတာက ဘာလိုမ်ိဳးလဲဆိုေတာ့ ဝါးတိုင္ကိုအလယ္မွာတည္ၿပီး အဲ့ဝါးတိုင္ရဲ့ပတ္ပတ္လည္မွာ နံ့သာတုံးေတြ ၊ ပန္းေမႊးတိုင္ေတြနဲ႔ ပတ္စည္းထားၿပီး ေပ၃၀ခန႔္ရွည္လ်ားတဲ့ အႀကီးစား ဖေယာင္းတိုင္သေဘာမ်ိဳးလို႔ ကၽြန္ေတာ္တို႔ကို စိတ္ရွည္လက္ရွည္နဲ႔ေသခ်ာရွင္းျပတယ္။
ဘာလို႔က်င္းပရတာလဲဆိုေတာ့ ကၽြန္ေတာ္တို႔ သီတင္းကၽြတ္ပြဲေတာ္နဲ႔ခပ္ဆင္ဆင္ ဘုရားကိုမီးပူေဇာ္ျခင္းတစ္မ်ိဳးပဲ။ဘုရားေစတီပုထိုးေတြ ဘုန္းႀကီးေက်ာင္းေတြမွာ စိုက္ထူၿပီး ညလုံးေပါက္ မီးရွို႔ပူေဇာ္ေလ့ရိွၾကတယ္။ဒါကေတာ့ ရွမ္းလူမ်ိဳးေတြရဲ့ဓေလ့ေပါ့ေနာ္။ခုေနာက္ပိုင္းမွာေတာ့ မီးေရွာ္တိုင္အဖ်ားမွာ ယမ္းေခြေတြ ေရာင္စုံမီးက်ည္ေတြတပ္ဆင္ၿပီး တစ္မ်ိဳး က်င္းပၾကလာျပန္တယ္တဲ့။ကၽြန္ေတာ္ ရွမ္းျပည္ကိုအရမ္းႏွစ္သက္တာ။သူတို႔ရိုးရာဓေလ့ေတြကို ကၽြန္ေတာ္ စိတ္လဲဝင္စားတယ္ ခုလိုမ်ိဳး စုံစုံလင္လင္ေျပာျပတဲ့ စီနီယာေတြရိွေနေတာ့ ကၽြန္ေတာ္တို႔ရဲ့ ခရီးက ပိုပိုၿပီး ေလးနက္လာသလို ခံစားလာရတယ္။
ပြဲဆိုတဲ့သဘာဝအတိုင္း မိန္းကေလးမ်ား လွလွပပ ရိုးရာအတိုင္း ဝတ္ဆင္ကာ ကၾကခုန္ၾက ၊ ေပ်ာ္ၾကပါးၾကနဲ႔ ကေလာၿမိဳ႕ရဲ့ ရာသီဥတုေတာင္ ေႏြးလာသလိုလို။
မီးပန္းမ်ားလည္းအလြႊတ္ သူငယ္ခ်င္းသုံးေယာက္ ဓာတ္ပုံရိုက္ၾက၊မီးစေတြလြင့္လာရင္ ေျပးလိုက္ၾကနဲ႔မအားလပ္ၾကေပ။ အျပန္ကားေပၚတြင္လည္း သီခ်င္းေတြဆို ၊ လက္ခုပ္ေတြတီးနဲ႔ တစ္ဦးႏွင့္တစ္ဦး ရင္းႏွီးမွုေတြပိုလာၾကသည္။ ပထမဆုံးခရီးစဥ္ေလးမွာ ေပ်ာ္ရြြင္စရာအတိျဖင့္ အိပ္စက္ရန္ ဟိုတယ္သို႔ ျပန္ေရာက္လာခဲ့ၾကသည္။
မတ္တပ္ရပ္ၾကည့္ခဲ့ရသျဖင့္ ေညာင္းညာေနေသာ္လည္း ေပ်ာ္ရြြင္ရေသာေၾကာင့္ နာက်င္မွုမွာ မေျပာပေလာက္။
"အီးယား..အခုမွပဲအေၾကာဆန႔္ရေတာ့တယ္ဒီခရီးလိုက္လာခဲ့တာေနာင္တမရဆုံးပဲ ဒီေနရာေလးကပထမဆုံးေရာက္ဖူးေပမယ့္ရင္းရင္းႏွီးႏွီးရွိေနသလို ဘာလို႔ခံစားေနရတာလည္းမသိဘူး ရင္းႏွီးတယ္ဆိုမွ ဒီေရာက္ကတည္းက ဟိုလူ႔အေၾကာင္း အိပ္မက္မမက္တာ ခုမွသတိထားမိတယ္.."
ႏွစ္ေယာက္အိပ္ခုတင္ေပၚတြင္တစ္ေယာက္တည္းအိပ္ရသျဖင့္ ဟိုလိွမ့္ဒီလိွမ့္။ဒီၾကားထဲ မဆီမဆိုင္ သတိရမိေသာ အိပ္မက္ထဲကလူကပါလိုက္ေသးသည္။ေတြးရင္းေတြးရင္း တစ္ေန႔တာပင္ပန္းျခင္းမ်ားေၾကာင့္ အိပ္ေမာက်သြားေတာ့သည္။
_____________
"ႏွိုင္း"
"ဗ်ာ...ဗ်"
"ကၽြန္ေတာ္ ႏွိုင္းလို႔ေခၚလို႔ရတယ္မလားဟင္"
"ရတာေပါ့ အသည္းရဲ့ အဲ့တာမဟုတ္ပဲ ကိုကိုလို႔ေခၚရင္ပိုၿပီးေတာ့ေတာင္ သေဘာက်ေသးတယ္"
ေပါင္ေပၚမွာ လွဲေနတဲ့ ကၽြန္ေတာ့္အသည္းတုံးေလး ဒီႏုႏုယြယြ ကေလးေလးကို အပိုင္သိမ္းထားလိုက္ခ်င္သည္။ ႏွစ္ေယာက္တည္းအေပ်ာ္ခရီးထြက္လာခဲ့ေပမယ့္လို႔ စိတ္ထဲတြင္ေတာ့ ဟန္းနီးမြန္းလို႔သာမွတ္ယူထားသည္။
ပြင့္ဖတ္ေလးမ်ား တစ္ဖတ္ခ်င္း ေႂကြက်ေနေသာ ခ်ယ္ရီပင္ႀကီးေအာက္ ထိုအပင္ကိုမွီကာထိုင္ေနေသာႏွိုင္း။ ႏွိုင္း၏ေပါင္ေပၚတြင္လွဲေနသည္မွာ ျဖဴျဖဴဥဥ မထိရက္ေလာက္ေအာင္ ပန္းပြင့္ဖတ္ေလးသဖြယ္ ႏုနယ္ေသာ မိုဝီထူးကေလးပင္။
ဆူးသစ္ႏွိုင္းႏွင့္ မိုဝီထူးတို႔မွာအသက္အားျဖင့္ ေျခာက္ႏွစ္ကြာသည္။ မိုဝီ့အသက္ ၁၈၊ ႏွိုင္းအသက္ ၂၃ တြင္စေတြ႕ခဲ့ၾကသည္။ယေန႔မွာ သူတို႔ႏွစ္ဦး၏ ပထမဦးဆုံး ကေလာခရီးစဥ္ေလးပင္။ မိုဝီမွာ အေအးမိလြယ္ေသာ္လည္း ေအးေသာေနရာကိုအင္မတန္ႀကိဳက္ႏွစ္သက္သည္။ ဤခရီးစဥ္မွာလည္း မိုဝီ့အလိုက် ဆူးသစ္ႏွိုင္းလိုက္ပို႔ရျခင္းပင္။
"ကိုကို"
"ဗ်ာ"
ဟင္ အခုငါ ကိုကိုလို႔အေခၚခံလိုက္ရတာလား အား..ႀကိဳက္လိုက္တာ ဒီေကာင္ေလးကေတာ့ ဒီလူႀကီးကို အသည္းယားေအာင္လုပ္ေနျပန္ပါၿပီ။
အသည္းယားေလာက္ေအာင္ မထင္လၽွင္မထင္သလို ေႁခြတတ္ေသာမိုဝီ၏ ႏွာေခါင္းေသးေသးေလးအား သူ၏ ႏွာေခါင္းခၽြန္ခၽြန္ျဖင့္ အႀကိမ္ႀကိမ္ ပြတ္ထိလိုက္သည္။
"ထပ္ေခၚပါအုံးၾကားခ်င္လို႔ပါ ေနာက္တစ္ေခါက္ေနာက္တစ္ေခါက္ေလာက္ပဲ"
"မရပါဘူး ျမန္မာ့အသံက တစ္ခါပဲလြႊင့္တယ္"
စကားတတ္လြန္းသူမိုဝီႏွင့္ေအးတိေအးစက္နိွုင္း။ႏွစ္ေယာက္ေတြ႕တိုင္း တည့္တလွည့္၊ကိုက္တစ္လွည့္။ ခုလည္း ေရခဲတုံးေတာင္းဆိုသည္ကိုမလိုက္ေလ်ာပဲ ေျပာင္ျပကာ အိုက္တင္ခံေနေလသည္။ အသက္ကြာေသာေၾကာင့္ နိွုင္း မိုဝီ့အေပၚ တစ္ခါတစ္ရံ အားနာမိသည္။အသက္မျပည့္ေသးတဲ့ကေလးကို မုန႔္ေပးႀကိဳက္သည္ဟု ပတ္ဝန္းက်င္ကေျပာဆိုေနမည္ကိုမလိုလား။သို႔ေသာ္ မိုဝီ့အခ်စ္တစ္ခုတည္းျဖင့္ အရာအားလုံးလ်စ္လ်ဴရွုထားနိုင္ခဲ့သည္။
"မိုဝီ..ကိုယ္တို႔ ရွမ္းေခါက္ဆြဲဆိုင္မွာေတြ႕ၿပီး ေနာက္တစ္ေခါက္ထပ္ေတြ႕တုန္းကအခ်ိန္ကိုမွတ္မိေသးလား"
"ဟာ ရွက္စရာႀကီးဗ်ာျပန္မေျပာပါနဲ႔"
ပန္းေရာင္သန္းလာေသာပန္းမို႔မို႔ေလးႏွစ္ခုကို လက္ျဖင့္ကြယ္ထားရင္း ႏွိုင္း၏ ဗိုက္နားသို႔ တိုးေဝ့ွလာသည္။
"ေျပာမွာပဲမရဘူး အဲ့တုန္းက ကိုကခံရသူေလ ကိုနစ္နာခဲ့တာဆိုေတာ့ေျပာကိုေျပာရမယ္"
အတင္းတိုးဝင္လာေသာမိုဝီ့ကို လက္ႏွစ္ဖက္ျဖင့္ ခပ္တင္းတင္းခ်ဳပ္ထားလိုက္သည္။
"အဲ့ေန႔က ကို မိုဝီတို႔ေက်ာင္းနားက G & G မွာအေအးဗူးကို ကုန္းယူေနတဲ့အခ်ိန္ ေနာက္ကေန တင္ပါးကို ျဖန္းကနဲ႔ လာရိုက္တာေလ တကယ္ တကယ္ၾကက္သီးေတြပါတျဖန္းျဖန္းထသြားတာ"
"ဟား ဟား ႏွိုင္းတင္ပါးႀကီးက လူးရိပ္နဲ႔တူေနတာကိုး သူလဲႏွိုင္းလိုမ်ိဳး မက္မြန္သီးေလး ဆိုေတာ့ သူအထင္နဲ႔ရိုက္မိသြားတာ"
လူဆိုးေလးေျပာေတာ့ရွက္တယ္တဲ့ ဒီကလူႀကီးရွက္ဖို႔က်ေတာ့မခ်န္ဘူး။ေတာ္ေသးတယ္ အဲ့အခ်ိန္သူတို႔အဖြဲ႕နဲ႔ကိုယ္ပဲရိွလို႔ နို႔မို႔ဆို အရွက္ကြဲလိုက္မယ့္ျဖစ္ျခင္း။
"သူမ်ားတင္ပါးကို အဲ့လိုပဲလိုက္ရိုက္ေနက်လား"
"ဟုတ္ပါဘူး..အဲ့လိုလုံးလုံးေလးေတြဆိုမေနတတ္လို႔"
"ကိစၥမရိွပါဘူး ခုဆို တစ္ကိုယ္လုံးကိုပိုင္ေနၿပီပဲ ကိုက္ကိုက္ညႇစ္ညႇစ္ လုပ္ခ်င္သလိုသာလုပ္ေတာ့"
ေျပာေျပာဆိုဆိုႏွင့္ ေပါင္ေပၚကမိုဝီ့ မ်က္ႏွာအား ေနရာလပ္မက်န္ေတာ့ေလာက္ေအာင္ တရစက္ အနမ္းမိုးမ်ားရြာသြန္းလိုက္သည္။
လြန္ခဲ့ေသာသုံးႏွစ္ ဂ်ဴလိုင္လႏွစ္ရက္ေန႔တြင္ အတူခရီးသြားခဲ့ခ်ိန္ကို မ်က္ရည္စမ်ားျဖင့္ တစ္ျမည့္ျမည့္ ျပန္ေတြးရင္း ခ်စ္ခဲ့ဖူးေသာသူႏွင့္ အမွတ္တရမ်ားရိွရာ ကေလာၿမိဳ႕သို႔ေမာင္းႏွင္ေနေသာ ကားအတြင္း အတြင္းေရးမွူး ခြန္းေတဇႏွင့္အတူ နိွုင္းတစ္ေယာက္လိုက္ပါလာခဲ့သည္။
"ကိုယ္တို႔ႏွစ္ေယာက္ မေပါင္းဖက္ခဲ့ရေပမယ့္ မင္းရဲ့မ်က္ႏွာေလးကိုကိုယ္အျမဲတမ္းအမွတ္ရေနမယ္ တစ္ခ်ိန္ကသြားခဲ့ဖူးတဲ့ေနရာေတြကို ျပန္သြားၾကည့္ရင္ ေဘးနားမွာမင္းရွိေနသလိုကိုယ္ခံစားရမယ္ထင္တယ္"
ပါးေပၚက်လာေသာ မ်က္ရည္စက္မ်ားအား လက္ႏွင့္သုတ္ဖယ္ရင္း မငိုမိရန္ အားတင္းထားသည္။
=================
=================
Nun's note~~~~
ဒီအပိုင္းေလးနဲ႔သင့္ေတာ္တဲ့ စိုင္းထီးဆိုင္ရဲ့ ခ်ယ္ရီပင္ေအာက္ဆိုတဲ့ သီခ်င္းေလးနဲ႔ႏွုတ္ဆက္လိုက္ပါတယ္