Zawgyi
အိပ္ရာတစ္ခုေတာ့ လုပ္လို႔ရတဲ့ ထိုင္ခံုေတာ္ေတာ္မ်ားမ်ားကို ေ႐ွာင္ယဲ့ ႐ွာေတြ႔ခဲ့သည္။ ၿပီးေတာ့ အိပ္ရာဆင္လိုက္ၿပီးေတာ့ လွဲခ်လိုက္သည္။ ေက်ာင္းေဆးေပးခန္းရဲ႕အပူခ်ိန္က အသင့္အတင့္ရွိတယ္ဆိုေပမဲ့ အေပၚျခံဳအေနနဲ႔ သူ သူ႔ကိုယ္သူ ဝမ္က်ိဳရဲ႕ jacket ကို ျခံဳလိုက္သည္။ တကယ္ေတာ့ အိုမီဂါေတြက အားနည္းတဲ့ ခႏၶာကိုယ္ ဖြဲ႕စည္းပံုနဲ႔ ေမြးဖြားလာၾကတာေလ။ တကယ္လို႔ သူသာ ဖ်ားသြားမယ္ဆိုရင္ အဲ့ေခြး႐ူးေလးကို ေစာင့္ေ႐ွာက္မဲ့လူ ဘယ္သူမွ႐ွိမွာမဟုတ္ဘူး။
ေဘးပတ္ဝန္းက်င္က တိတ္ဆိတ္ေနၿပီးေတာ့ လူနာေဆာင္ထဲကေန ဘာဆူညံသံမွ သူမၾကားရဘူး။ ေတာ္ေတာ္ေလး စိတ္သက္သာရာရသြားၿပီး သူ မ်က္လံုးေတြကို မွိတ္လိုက္သည္။ ၿပီးေတာ့ ရလဒ္အေနနဲ႔ကေတာ့ သူ႔တစ္ျခား စိတ္အာရံုက ထက္ျမက္လာေလရဲ႕။
အိုး!.......ဒီ jacket က ၾကည့္ရတာေတာ့ ဝမ္က်ဳိရဲ႕ ခႏၶာကိုယ္ အပူခ်ိန္ကို ဆက္သယ္ထားတဲ့ပံုပဲ။
သူဘာလို႔ အဲ့အေၾကာင္းကိုေတြးေနမိမွန္း ေ႐ွာင္ယဲ့ နားမလည္ဘူး။ သူ႔စိတ္ကို ဆန္႔က်င္လိုက္ၿပီး jacket ကို အေပၚကို ဆြဲယူလိုက္သည္။ အဲ့တာကို သူ႔ႏွာေခါင္းေအာက္မွာ ကိုင္ထားလိုက္ၿပီး ဖြဖြေလး အနံ႔႐ွဴလိုက္သည္။
ေတာ္ေတာ္ေလး လံုေလာက္သြားၿပီ! ဘာ alpha pheromone အနံ႔မွ မ႐ွိဘူး။
ဒါေပမဲ့ အဲ့တာမွာ အဲ့ေခြး႐ူးေလးရဲ႕ ကိုယ္နံ႔ နည္းနည္းေတာ့ ႐ွိေနတဲ့ပံုပဲ။
ႏူးညံ့တယ္ ၊ ႐ွက္ရြံတယ္ ၊ ၾကင္နာတတ္တယ္........ဒါေပမဲ့ အယ္လ္ဖာေတြရဲ႕ ေမြးရာပါ စိတ္ဆႏၵျဖစ္တဲ့ ပိုင္ဆိုင္ခ်င္တဲ့စိတ္နည္းနည္းနဲအတူ ဒီjacket ရဲ႕ ဖံုးလႊမ္းျခင္းခံထားရတဲ့ တစ္ေယာက္က သူပိုင္ဆိုင္တဲ့လူျဖစ္သလိုမ်ိဳး သံုးထားတဲ့ ဖိအားယဲ့ယဲ့လည္း ႐ွိသည္။
"ကြၽန္ေတာ္.....ကြၽန္ေတာ္.....ကြၽန္ေတာ္ဘာမွမလုပ္ဘူးလို႔ အာမ,မခံႏိုင္ဘူး"
႐ုတ္တရက္ ဝမ္က်ဳိရဲ႕ စကားေတြက သူ႔စိတ္ထဲမွာ ေပၚလာသည္။
သူသာ တကယ္ႀကီး အဲ့အိပ္ရာထဲမွာ အိပ္ခဲ့မယ္ဆုိရင္ အဲ့ဒီ့ေခြး႐ူးေလးက ဘာမ်ားလုပ္လိမ့္မလဲ? သူ႔ကို မ်က္ႏွာေျပာင္တုိက္ၿပီးေတာ့ ဖက္ထားမွာလား? ဒါမွမဟုတ္ သူကို ခိုးၿပီးေတာ့ေတာင္ နမ္းတာပဲ ျဖစ္ႏိုင္မလား? အဲ့တာမဟုတ္ရင္ ............
မဟုတ္ဘူး, အဲ့တာထက္ပိုၿပီးေတာ့ ဘာမွမျဖစ္ႏိုင္ဘူး။
ေခြး႐ူးေလးရဲ႕ သတိၱအဆင့္ရယ္ ၿပီးေတာ့ ေ႐ွာင္ယဲ့ကို ထိန္းခ်ဳပ္ဖိႏွိပ္မဲ့ သူ႔အားနဲ႔ကေတာ့ သူ႔အေနနဲ႔ ခိုးနမ္းႏိုင္တယ္ဆိုရင္ အဲ့တာက အံ့ၾသဖြယ္ရာပဲ။ ၿပီးေတာ့ ေ႐ွာင္ယဲ့ ကေတာ့ သူ႔ကို အဲ့တာထက္ပိုၿပီးေတာ့ ဘာမွလုပ္ခြင့္ေပးမွာမဟုတ္ဘူး။
ေ႐ွာင္ယဲ့ အဲ့တာကို စိတ္ခ်ယံုၾကည္စြာနဲ႔ ေတြးေတာ ၿပီးတဲ့ေနာက္မွာေတာ့ ခဏေလာက္ အဲ့အေၾကာင္းကို ျပန္ၿပီး ခ်င့္ခ်ိန္ေတြးဆလိုက္သည္။ ၿပီးေတာ့ ႐ုတ္တရက္ႀကီး သူ႔ႏွလံုသားက တဒိတ္ဒိတ္ခုန္လာေတာ့သည္။
ခဏေနပါဦး။ ဘာလို႔ ငါက ခိုးနမ္းခံရတာက ငါ့ limit ထဲမွာလို႔ ေတြးေနရတာတုန္း??
သူ႔ဦးေႏွာက္က ဘာလို႔အမွားေတြလုပ္ေနတာလဲဆိုတာကို သူ ေတြးဆေနတုန္းမွာ သူ႔ေဘးဘက္က သူ႔ဖုန္းက တုန္ခါလာသည္။ ေ႐ွာင္ယဲ့ တစ္ခ်က္ၾကည့္လိုက္ေတာ့ အဲ့တာက ေ႐ွာင္ေ႐ွာင္ဆီက သူအဆင္ေျပရဲ႕လားဆိုတာ ေမးထားတဲ့ မက္ေဆ့ခ်္ျဖစ္ေနတာကို ေတြ႔လိုက္ရသည္။ ေ႐ွာင္ေ႐ွာင္က သူနဲ႔ လံုးဝကြဲျပားတဲ့ အိုမီဂါမ်ိဳး ဆိုေပမဲ့ သူတို႔ရဲ႕ လိုက္ဖက္တဲ့ ပင္ကိုစ႐ိုက္ေၾကာင့္ သူတို႔၂ေယာက္က အေပါက္အလမ္းတည့္တယ္။ သူတို႔ေတြက တစ္ေယာက္ကို တစ္ေယာက္ လ်ိဳ႕ဟန္က တစ္ဆင့္သိတယ္ဆိုေပမဲ့
သူတုိ႔၂ေယာက္ရဲ႕ ဆက္ဆံေရးကေတာ့ အျမဲကိုအဆင္ေျပေနတာပဲ။
သူ႔ရဲ႕ ဖ႐ိုဖရဲျဖစ္ေနတဲ့ အေတြးေတြကို ခဏေဘးပို႔လိုက္
ၿပီးေတာ့ စာျပန္လိုက္သည္။
[အရမ္းႀကီးမဆိုးပါဘူး။ ဝမ္က်ဳိကကေတာ့ အိပ္ေနၿပီ။ ငါလည္းပဲ အိပ္ေတာ့မွာ]
ေ႐ွာင္ေ႐ွာင္ ရယ္လိုက္ၿပီးေတာ့ ျပန္ေျပာလိုက္သည္:
[မင္းတုိ႔ ႏွစ္ေယာက္ အတူတူအိပ္တာလား?]
ေ႐ွာင္ယဲ့: [မဟုတ္ဘူး]
ေ႐ွာင္ေ႐ွာင္: [ဟားဟား၊ မင္းမေျပာခ်င္လည္း ရပါတယ္။ အဲ့လိုမဟုတ္ရင္ မင္းတို႔ေတြက အထီးက်န္ေနတဲ့ AO ျဖစ္ေတာ့မွာပဲ။ မင္းက အဲ့တာကို မထိန္းခ်ဴပ္ႏုိင္မွာ ေၾကာက္ေနတာလား?]
ေ႐ွာင္ယဲ့: [ငါတို႔ေတြက အေဆာင္တစ္ခန္းတည္းေနတာပါ။ တကယ္လို႔ အဲ့တာသာ ျဖစ္မယ္ဆိုရင္ ျဖစ္ခဲ့တာပဲ ၾကာေရာေပါ့။ ငါနဲ႔သူနဲ႔ ၊ အဲ့တာက မျဖစ္ႏိုင္ဘူး။]
ေ႐ွာင္ယဲ့ reply ကို ႏွိပ္လိုက္ၿပီးတဲ့ေနာက္ သူ "မျဖစ္ႏုိင္ဘူး" ဆိုတဲ့ စာလံုးကို ၾကည့္လိုက္မိၿပီး အဲ့တာကို တစ္ခ်ိဳ႕ အေၾကာင္းျပခ်က္ေတြေၾကာင့္ ျမင္မေကာင္းတဲ့ တစ္ခုခုလိုမ်ိဳး ခံစားရသည္။
ေ႐ွာင္ေ႐ွာင္က သူ႔ရဲ႕ဆင္ေျခေတြကို လက္မခံေပ:
[ဘာလို႔ မျဖစ္ႏိုင္ရတာလဲ? သူက ဘာဆိုးလို႔လဲ?]
ေ႐ွာင္ယဲ့ ကီးဘုတ္ေပၚ သူ႕လက္ေခ်ာင္းေတြကို ဖိလိုက္ၿပီး သူဆက္ ႐ိုက္ေနေသးေပမဲ့ သူ ဝမ္က်ဳိရဲ႕ ခ်ိဳ႕ယြင္းခ်က္ကို မေျပာႏိုင္ဘူးဆိုတာကို သိလိုက္ရသည္။
သူ ဒီပထမႏွစ္အခန္းေဖာ္အသစ္ေလးကို ပထမဆံုးအႀကိမ္ ေတြ႔လိုက္ရတုန္းက သူ ႐ွင္း႐ွင္းလင္းလင္းကို သိလိုက္ရတာက ၾကည့္ေကာင္းၿပီးေတာ့ နာခံတာေတြထက္ေက်ာ္
ၿပီးေတာ့ အဲ့တစ္ေယာက္က ေခါင္းကေန ေျခဖ်ားအထိ လံုးဝကို လြဲမွားေနတယ္ဆိုတာကိုပဲ။ ထပ္ေျပာရရင္ သူက ေတာက္တဲ့လိုကပ္ေနၿပီးေတာ့ အရမ္း အရမ္းကိုပဲ
ေအာက္က်ိဳ႕တတ္တယ္။ သူ သတိထားမိတဲ့ အယ္လ္ဖာပံုစံ အကုန္လံုးနဲ႔ မတူဘူး။
ဘယ္အခ်ိန္ကလဲဆိုတာ ဘယ္သူသိမွာလဲ။ ဒါေပမဲ့ ေနာက္ဆံုးေတာ့ ဝမ္က်ဳိက မ်က္လံုးထဲမွာ ပိုၿပီးောတ့ ႏွစ္လိုဖြယ္ျဖစ္လာတယ္လို႔ သူ စၿပီးခံစားလာရသည္။ အဲ့တာက ျဖစ္ႏုိင္တာကေတာ့ ဘာလို႔ဆို အဲ့တစ္ေယာက္ရဲ႕ အျပံဳးက အရမ္းသိမ္ေမြ႔ၿပီးေတာ့ ညႇာတာတတ္တာေၾကာင့္ျဖစ္မယ္။ ဒါမွမဟုတ္ ႏူးညံ့တဲ့ ေႏြဦးေလေျပေလးလိုပဲ အဲ့တစ္ေယာက္ရဲ႕ ႐ိုးသားမႈက သူ႔ရဲ႕ႏွလံုးသားကို ေပ်ာ္ရႊင္မႈေတြနဲ႔ ျဖည့္သြင္းထားလို႔ ျဖစ္ႏိုင္တယ္။ ေလေျပေလးက အတိုက္ခံလိုက္ရတဲ့အခါမွာ သူ႔ႏွလံုးသားထဲမွာ အရမ္းႀကီး မခံစားလိုက္ရေပမဲ့ ျပန္ေတြးၾကည့္လိုက္တဲ့အခါမွာေတာ့ သူ႔ႏွလံုးသားက ေႏြးေထြးသြားရေတာ့သည္။
ဒီရက္ေတြမွာ သူ႔ရဲ႕ ဆိုးရြားတဲ့ေဒါသက ျပန္႔လြင့္သြားတဲ့အထိ သူ႔ရဲ႕စိတ္တိုရတာေတြနဲ႔ ေဒါသေတြက ေကာင္းေကာင္းမြန္မြန္ ႏွစ္သိမ့္ခံရတယ္ေလ။ ဝမ္က်ိဳကိုပဲ အကုန္လံုးအတြက္ ေက်းဇူးတင္ရေတာ့မွာပဲ။
"သူ႔ pheromone က အရမ္း အားနည္းတယ္ အဲ့တာေၾကာင့္ သူက ေ႐ွာင္ယဲ့ရဲ႕ heat ကို ကူညီႏိုင္မွာမဟုတ္ဘူး"
ေနာက္ဆံုးမွာေတာ့ ေ႐ွာင္ယဲ့ ဒီအားနည္းခ်က္ တစ္ခုတည္းကိုပဲ စာရင္းျပဳစုႏိုင္ခဲ့သည္။
ေ႐ွာင္ေ႐ွာင္: [ဒါပဲလား? တကယ္လို႔ သူ႔မွာသာ လံုလံုေလာက္ေလာက္ အားႀကီးတဲ့ pheromone ႐ွိတယ္ဆိုရင္ မင္းသူ႔ကိုေရြးမွာလား?]
ဒီေမးခြန္းနဲ႔ ပတ္သက္ၿပီး တု႔ံဆိုင္းေတြေဝတာေတြ မ႐ွိသေလာက္နီးပါးပဲလို႔ ေ႐ွာင္ယဲ့ ခံစားလိုက္ရၿပီး အေျဖက ခ်က္ခ်င္းကိုပဲ စိတ္ထဲေပၚလာသည္။
တကယ္လို႔ pheromone လိုအပ္ခ်က္သာ ျပည့္စံုတယ္ဆိုရင္ သူ က်ိန္းေသ ဝမ္က်ိဳ႕ကိုေရြးမွာ။
လံုးဝကို ေခါင္း႐ႈပ္သြားသည္။ သိသိသာသာႀကီးကို ဇို႔ရိန္က သူလိုက္႐ွာေနတဲ့ ပံုစံမ်ိဳးေလ။ ျပည့္စံုလံုေလာက္တဲ့ အယ္လ္ဖာေတြရဲ႕ ထူးျခားတဲ့ ပင္ကိုလကၡဏာ နဲ႔အတူ အင္အားႀကီးၿပီးေတာ့ ကိုယ့္ကိုယ္ကို ယံုၾကည္မႈလည္း႐ွိတယ္။ အရင္တုန္းကလိုသာဆို ဝမ္က်ဳိ႕လို အယ္လ္ဖာမ်ိဳးက သူ႔မ်က္လံုးထဲမွ လံုးဝကို တန္မဘူးေလ။
ဘာလို႔?ဘာလို႔ ဝမ္က်ဳိက ခြၽင္းခ်က္ျဖစ္ေနရတာလဲ?
[မင္းသူနဲ႔ေတြ႔ၿပီးမွ ေျပာင္းလဲလာတယ္လို႔ ငါသတိထားမိေနတယ္] : ေ႐ွာင္ေ႐ွာင္က ႐ုတ္တရက္ႀကီး စာပို႔လာသည္။
ေ႐ွာင္ယဲ့ ခဏေလာက္ၾကာၿပီးမွ စာျပန္လိုက္သည္။
[ဘာ?]
[အခုေလးတင္ ငါတုိ႔မင္းကို ေတြ႕လိုက္ရတုန္းက မင္း ဘာမွမလုပ္ေပးႏိုင္မွာကိုအရမ္းေၾကာက္ေနတာေလ။ ဟားဟားဟား ၊ ေကာင္းကင္နဲ႔ကမာၻေျမႀကီးမွာ ဘာကိုမွမေၾကာက္တဲ့ ငါတုိ႔ရဲ႕ယဲ့ေကာ၊ ရန္ျဖစ္ၿပီးေတာ့ မေရမတြက္ႏုိင္ေအာင္ ဒဏ္ရာေတြ ရခဲ့တဲ့ ငါတို႔ရဲ႕ ယဲ့ေကာကေလ။
တစ္ေယာက္ေယာက္ ျပဳတ္က်တာကိုျမင္ၿပီးေတာ့ ဘာတုန္းကမ်ား မင္းက အရမ္းစိုးရိမ္ေသာကေရာက္တတ္သြားရတာလဲ? ]
စိတ္႐ႈပ္ေထြးသြားၿပီးေ႐ွာင္ယဲ့ရဲ႕မ်က္ႏွာက ႐ႈံ႕မဲ့သြားသည္။
[မင္း ငါ့အေၾကာင္းေျပာေနတာလား?]
[က်ိန္းေသတာေပါ့! ငါနဲ႔ လ်ိဳ႕ဟန္ ႏွစ္ေယာက္လံုး ရိပ္မိတယ္] လို႔ ေ႐ွာင္ေ႐ွာင္ ျပန္ေျပာလိုက္သည္။
[ၿပီးေတာ့ အခုေတာ့ တစ္စံုတစ္ေယာက္က မင္း သူ႔ကုိသေဘာက်ေနတယ္ဆိုတာကို သတိေတာင္မထားမိဘူး။
ၿပီးေတာ့ မင္း အဲ့႐ူးေၾကာင္ေၾကာင္ႏိုင္တဲ့ လူကို ႀကိဳက္ေနတယ္ဆိုတာကလည္း ေကာင္းပါတယ္။ဘာလို႔လဲဆိုေတာ့ မင္းကလည္းပဲ အဲ့တာကို လုပ္ႏုိင္လိုက္ေအာင္ smart မက်ဘူးလို႔ ငါထင္တယ္]
ေ႐ွာင္ယဲ့ အဲ့စာေၾကာင္းကို ဖတ္လိုက္ၿပီးေတာ့ ေအးခဲသြားသည္။
သေဘာ.......က်တယ္?
ေ႐ွာင္ယဲ့ အဲ့တာကို စိတ္မခ်မ္းမသာျဖစ္မေနေတာ့ဘဲ ခ်က္ခ်င္းပဲ ေ႐ွာင္ေ႐ွာင္ရဲ႕ ဖုန္းနံပါတ္ကို ဆက္လိုက္သည္။
" မင္း အဲ့တာ ဘာကိုေျပာတာလဲ? ငါက သူ႔ကို ဘယ္အခ်ိန္ကတည္းက ႀကိဳက္ေနတာလဲ?"
ေ႐ွာင္ေ႐ွာင့္ခမ်ာ ခဏတစ္ျဖဳတ္ စြံ႕အ သြားသည္။ ၿပီးေနာက္ ေျပာလိုက္သည္။
"မင္း တကယ္ပဲ.......အိုေက,အဲ့တာဆို ေ႐ွာင္ေလာင္႐ွီး ကပဲ မင္းကို႐ွင္းျပရေတာ့မွာေပါ့။ ပထမဆံုးအေနနဲ႔, မင္းသူ႔ကို မမုန္းဘူး၊ ဟုတ္တယ္မလား?"
"ငါသူ႔ကိုမမုန္းပါဘူး" ဒီအခ်က္ကေတာ့ ေ႐ွာင္ယဲ့ လံုးဝကိုေသခ်ာတယ္။
"တကယ္လို႔မ်ား သူကမင္းလက္ကို ကိုင္လိုက္ရင္ေရာ?"
"အဲ့တာကို လက္ခံႏုိင္တယ္"
"ဖက္ရင္ေရာ ဘယ္လိုလဲ?"
ေ႐ွာင္ယဲ့ အဲ့တာကို ေတာ္ေတာ္ေလးစဥ္းစားလိုက္ရသည္။
"အဆင္ေျပတယ္"
"နမ္းတာဆိုရင္ေရာ.....ဘယ္လိုလဲ?"
"........"
သူ႔စိတ္ထဲက သူ႔ရဲ႕လက္သင့္ခံႏိုင္တဲ့ limit ထဲမွာ ခိုးနမ္းခံရတာကို သူထည့္ထားထားမိတာကို သတိရသြားေတာ့ ေ႐ွာင္ယဲ့ စကၠန္႔အနည္းငယ္ေလာက္ တိတ္ဆိတ္သြားသည္။ သူ ႐ိုး႐ိုးသားသားနဲ႔ အဲ့တာကိုေျဖဖို႔ ဖိအားေပးခံလိုက္ရသည္။
"ျဖစ္ႏိုင္တာကေတာ့ မႀကိဳက္တာေတာ့ မဟုတ္ဘူး"
ေ႐ွာင္ေ႐ွာင္: " အိုး, ငါ့ကို ပိုၿပီးေတာ့ မေျပာျပခ်င္ဘူးလား?မင္း က်ိဳးေရြးဆီက မင္းအနမ္းခံခ်င္တယ္လို႔ေရာ စဥ္းစားဖူးလား?"
အဲ့ေန႔ KTV မွာ ျဖစ္ခဲ့တာေတြကို သူျပန္စဥ္းစားမိလိုက္တာနဲ႔ ခ်က္ခ်င္းကိုပဲ သူ ေအာ္ဂလီဆန္လာသည္။
"လဲေသလိုက္, ဘယ္သူကမ်ား သူနမ္းတာခံခ်င္မွာလဲ? သူ႔မွာ ငါ့ခြင့္ျပဳခ်က္မ႐ွိဘူး"
"အဲ့တာက ဝမ္က်ိဳဆိုရင္ေရာ? တကယ္လို႔ သူသာ မင္းကိုနမ္းခဲ့ရင္ မင္း ေဒါသထြက္မွာလား?"
"........"
ေ႐ွာင္ယဲ့ ျမင္ကြင္းကို စိတ္ကူးယဥ္ၾကည့္လိုက္သည္:
တစ္ရက္မွာေတာ့ ဝမ္က်ိဳက ႐ုတ္တရက္ႀကီး မနာခံေတာ့ဘဲ သူ႔ကိုနံရံမွာကပ္ၿပီး ဖိထားေလရဲ႕။ သူ႔မ်က္လံုးမွာ အရင္ကနဲ႔ ထပ္တူက်တဲ့ မွိန္မိႈင္းတဲ့ အစိမ္းေရာင္ေလး ေတာက္ေပေနၿပီးေတာ့ သူ႔ကို အသံနိမ့္နိမ့္နဲ႔ ေခၚေလသည္။
"႐ွစ္စြမ္း....." အဲ့ေနာက္ေတာ့ သည္းမခံေတာ့ပဲ သူ႔ကိုနမ္းေလသည္..........
ေၾကာက္ဖို႔ေကာင္းလုိက္တာ, မေမ်ွာ္လင့္ဘဲနဲ႔ သူ႔ႏွလံုးသားက ဒုန္းစိုင္းစေျပးလာတယ္လို႔ ေ႐ွာင္ယဲ့ ခံစားလိုက္ရသည္။
အဲ့တံု႔ျပန္ခ်က္နဲ႔ပက္သတ္ၿပီးေတာ့ ေ႐ွာင္ေ႐ွာင္ လံုးဝကို ျပင္ဆင္ၿပီးၿပီ။
"တကယ္လို႔ မင္းမေသခ်ာေသးဘူးဆိုရင္ ငါမင္းကို တစ္ျခားေမးခြန္းေမးမယ္ကြာ။ ဝမ္က်ိဳ တစ္ျခားအိုမီဂါရဲ့လက္ကို ကိုင္မွာကို မင္းသည္းခံႏုိင္လား?"
".........."
ေ႐ွာင္ယဲ့ ႏွဖူးမွာ႐ွိတဲ့ ေသြးျပန္ေၾကာေတြက စတင္ၿပီး တဒုတ္ဒုတ္ ကိုက္ခဲလာသည္။
ေ႐ွာင္ေ႐ွာင္ ေမးခြန္းတစ္ခုၿပီး တစ္ခုေမးလိုက္သည္။
"သူ တစ္ျခားအိုမီဂါကို ဖက္ေနတာကိုလည္းပဲ မင္းလက္ခံႏုိင္လား? သူတစ္ျခားအိုမီဂါကို နမ္းေနတာကိုေရာ မင္း သည္းခံႏိုင္လို႔လား? သူ တစ္ျခားတစ္ေယာက္ကို အျမတ္တႏိုးနဲ႔ "ငါမင္းကိုႀကိဳက္တယ္" ဆိုၿပီး ေျပာတာကိုလည္း မင္း သည္းညည္းခံႏုိင္လား?"
"Fuck, ၾကည့္ရတာေတာ့ ငါသည္းညည္းမခံႏိုင္သလိုပဲ"
ေ႐ွာင္ေ႐ွာင္ အဲ့တာကို အခ်ိန္ကိုက္ပဲ ေနာက္ဆံုးနိဂံုးခ်ဳပ္ကို သယ္လာလိုက္ၿပီး ေနာက္ဆံုးအခ်က္ကို ေပါင္းရံုးေဖာ္ျပလိုက္သည္။
"မင္း သူ႔ကို သေဘာက်ေနၿပီ"
ေ႐ွာင္ယဲ့ ျပန္ေျဖလိုက္သည္။
"ခ်ီးပဲ! ဒီေလာင္ဇီးက သူ႔ကို တကယ္ႀကီး ႀကိဳက္ေနတာပဲ"
ေ႐ွာင္ေ႐ွာင္ ေလးေလးနက္နက္ေျပာလိုက္သည္။
"အိုေက, ဒီကိစၥက ၿပီးပါၿပီ။ အဲ့ေတာ့ မင္းဘာကို ေစာင့္ေနတာလဲ? ျမန္ျမန္ သူ႔ကို ေျပာလုိက္ေတာ့"
ေ႐ွာင္ယဲ့ရဲ႕ ဦးေႏွာက္ကေတာ့ အဲ့အခ်က္ေတြကိုမွတ္သားဖို႔ဆက္႐ုန္းကန္ေနတုန္းပဲ။
"..........No......သူ႔မွာ သန္မာတဲ့ pheromone လံုလံုလာက္ေလာက္ ႐ွိဖို႔ မျဖစ္ႏိုင္ဘူး။ ငါ heat ျဖစ္တဲ့အခ်ိန္က်ရင္ ငါဘာလိုလုပ္ရမွာလဲ?"
"ဘယ္ကိစၥမဆို မင္း အဲ့တာပဲ ေျပာေနေတာ့တာပဲ။ အဲ့တာက "မျဖစ္ႏုိင္ဘူး" ဆိုတာေလးပဲေလ။ ဘာလို႔ temporary mark နဲ႔ အရင္ဆံုး မႀကိဳးစားၾကည့္ရတာလဲ?"
"ငါ သူ႔ကို အခြင့္အေရးေပးခဲ့ဘူးတယ္။ ဒါေပမဲ့ အဲ့ေကာင္ကေတာ့ ငါ့ကိုျမတ္ႏိုးပါတယ္ဆိုတာကလြဲၿပီး ဘာေျပာလို႔လဲ။ သူ ငါ့ကို အမွတ္အသားလုပ္ဖုိ႔ ျငင္းခဲ့တယ္။ ငါက သူ႔ကို ထပ္ၿပီးေတာ့ ငါ့ကိုအမွတ္အသားလုပ္ဖို႔ ေတာင္းဆိုရမွာလား? အဲ့အတြက္ေတာ့ ငါ့အတြက္ေတာ့ ဂုဏ္သိကၡာဆိုတာ႐ွိေသးတယ္ေနာ္"
ေ႐ွာင္ေ႐ွာင္ စိတ္ဆိုးၿပီးေျပာလိုက္သည္။
"ဂုဏ္သိကၡာလား , အခ်စ္လား ဘာက ပိုအေရးႀကီးတာလဲ? မင္း တကယ္ပဲ သူ႔ကို အမွတ္အသားလုပ္ဖို႔ ခြင့္ျပဳဖို႔ ေတြးခဲ့တယ္လို႔ မင္းေျပာခဲ့တယ္မလား? ငါ့မွာ မင္းကို ႐ွင္းျပဖို႔ ႀကိဳးစားရတာ အခ်ိန္ေတြ ေတာ္ေတာ္ကုန္ခဲ့တာကပဲ။
မင္းတုိ႔ကေတာ့ တိတ္တိတ္ေလး အဲ့ကိစၥကုိ လုပ္ခဲ့ၿပီးသားဆိုတာ ေပၚလာၿပီ"
"........."
"အဲ့တာကိုေမ့လိုက္ေတာ့။ ဘာပဲျဖစ္ျဖစ္ အခြင့္အေရးကို ဖမ္းဆုပ္ထားစမ္းပါ, ယဲ့ေကာရ။ တကယ္လို႔ မင္းသာ သူနဲ႔ အခြင့္အေရးေကာင္းကို လက္လႊတ္လိုက္မယ္ဆိုရင္ ငါထင္တာေတာ့ မင္း တစ္သက္လံုး အဲ့တာကို ေနာင္တရေနလိမ့္မယ္"
ေ႐ွာင္ယဲ့ အဲ့တာကို တိတ္တဆိတ္ စဥ္းစားလိုက္ၿပီး အထဲမွာ လဲေလ်ာင္းေနတဲ့ လူကို တံခါးကေန ျဖတ္ၿပီးေငးၾကည့္
ေနရသလိုမ်ိဳး ေ႐ွာင္ယဲ့ လူနာေဆာင္ကို တစ္ခ်က္ၾကည့္လိုက္သည္။
ဝမ္က်ိဳက တစ္ျခား အယ္လ္ဖာေတြနဲ႔ကြဲျပားတယ္။ အစကတည္းက သူက ေ႐ွာင္ယဲ့ကို ႐ိုးသားမွန္ကန္တဲ့ ႏွလံုးသားနဲ႔ ခ်ည္းကပ္လာခဲ့တာ။ ၿပီးေတာ့ အဲ့ႏွလံုးသားက ဘယ္ေတာ့မွ မေျပာင္းလဲခဲ့ဘူး။ ဝမ္က်ဳိက သူ႔ကို အရမ္းျမတ္ႏိုးတယ္။ သူ႔ကို ႏူးႏူးညံ့ညံ့ ညင္ညင္သာသာ ဆက္ဆံၿပီးေတာ့ သူ႔အေပၚ မွန္မွန္ကန္ကန္လည္း ေလးစားမႈ႐ွိတယ္။ ဝမ္က်ိဳက သူ႔အတြက္ သူ႔ရဲ႕ ေမြးရာပါအယ္လ္ဖာ ဗီဇကို ခ်ဳပ္ထိန္းထားၿပီးေတာ့ သူ႔ရဲ႕ ေဘးကင္းေရးအထက္ သူ႔ကို ပိုအေလးထားေသးတယ္။ ၿပီးေတာ့ ေကာင္းလည္း ေကာင္းတယ္။
ငါတကယ္ပဲ သူ႔အေပၚ အခြင့္အေရး လက္လႊတ္ဆံုး႐ႈံးမခံခ်င္ဘူး။ ငါတကယ္ပဲ သူ႔ကို လက္မလႊတ္ခ်င္ဘူး။
ေနာက္ဆံုးေတာ့ သူ သက္ျပင္းခ်လိုက္သည္။ သူ႔ႏွလံုးသားမွာ႐ွိေနတဲ့ ကသိကေအာက္ျဖစ္ရတာနဲ႔ တံု႔ဆိုင္းေတြေဝေနတာေတြအကုန္လံုးကို ေမာင္းထုတ္လုိက္ၿပီးေတာ့ သူ႔ကိုယ္သူ ေျပာသလိုမ်ဴိး ေ႐ွာင္ေ႐ွာင့္ကို ေျပာလိုက္သည္။
"မင္းတုိ႔ရဲ႕ ယဲ့ေကာက သူ႔ကိုယ္သူ အဲ့တာနဲ႔ ပတ္သတ္ၿပီးေတာ့ ေနာင္တရမခံပါဘူး"
Unicode
အိပ်ရာတစ်ခုတော့ လုပ်လို့ရတဲ့ ထိုင်ခုံတော်တော်များများကို ရှောင်ယဲ့ ရှာတွေ့ခဲ့သည်။ ပြီးတော့ အိပ်ရာဆင်လိုက်ပြီးတော့ လှဲချလိုက်သည်။ ကျောင်းဆေးပေးခန်းရဲ့အပူချိန်က အသင့်အတင့်ရှိတယ်ဆိုပေမဲ့ အပေါ်ခြုံအနေနဲ့ သူ သူ့ကိုယ်သူ ဝမ်ကျိုရဲ့ jacket ကို ခြုံလိုက်သည်။ တကယ်တော့ အိုမီဂါတွေက အားနည်းတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ မွေးဖွားလာကြတာလေ။ တကယ်လို့ သူသာ ဖျားသွားမယ်ဆိုရင် အဲ့ခွေးရူးလေးကို စောင့်ရှောက်မဲ့လူ ဘယ်သူမှရှိမှာမဟုတ်ဘူး။
ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီးတော့ လူနာဆောင်ထဲကနေ ဘာဆူညံသံမှ သူမကြားရဘူး။ တော်တော်လေး စိတ်သက်သာရာရသွားပြီး သူ မျက်လုံးတွေကို မှိတ်လိုက်သည်။ ပြီးတော့ ရလဒ်အနေနဲ့ကတော့ သူ့တစ်ခြား စိတ်အာရုံက ထက်မြက်လာလေရဲ့။
အိုး!.......ဒီ jacket က ကြည့်ရတာတော့ ဝမ်ကျိုရဲ့ ခန္ဓာကိုယ် အပူချိန်ကို ဆက်သယ်ထားတဲ့ပုံပဲ။
သူဘာလို့ အဲ့အကြောင်းကိုတွေးနေမိမှန်း ရှောင်ယဲ့ နားမလည်ဘူး။ သူ့စိတ်ကို ဆန့်ကျင်လိုက်ပြီး jacket ကို အပေါ်ကို ဆွဲယူလိုက်သည်။ အဲ့တာကို သူ့နှာခေါင်းအောက်မှာ ကိုင်ထားလိုက်ပြီး ဖွဖွလေး အနံ့ရှူလိုက်သည်။
တော်တော်လေး လုံလောက်သွားပြီ! ဘာ alpha pheromone အနံ့မှ မရှိဘူး။
ဒါပေမဲ့ အဲ့တာမှာ အဲ့ခွေးရူးလေးရဲ့ ကိုယ်နံ့ နည်းနည်းတော့ ရှိနေတဲ့ပုံပဲ။
နူးညံ့တယ် ၊ ရှက်ရွံတယ် ၊ ကြင်နာတတ်တယ်........ဒါပေမဲ့ အယ်လ်ဖာတွေရဲ့ မွေးရာပါ စိတ်ဆန္ဒဖြစ်တဲ့ ပိုင်ဆိုင်ချင်တဲ့စိတ်နည်းနည်းနဲအတူ ဒီjacket ရဲ့ ဖုံးလွှမ်းခြင်းခံထားရတဲ့ တစ်ယောက်က သူပိုင်ဆိုင်တဲ့လူဖြစ်သလိုမျိုး သုံးထားတဲ့ ဖိအားယဲ့ယဲ့လည်း ရှိသည်။
"ကျွန်တော်.....ကျွန်တော်.....ကျွန်တော်ဘာမှမလုပ်ဘူးလို့ အာမ,မခံနိုင်ဘူး"
ရုတ်တရက် ဝမ်ကျိုရဲ့ စကားတွေက သူ့စိတ်ထဲမှာ ပေါ်လာသည်။
သူသာ တကယ်ကြီး အဲ့အိပ်ရာထဲမှာ အိပ်ခဲ့မယ်ဆိုရင် အဲ့ဒီ့ခွေးရူးလေးက ဘာများလုပ်လိမ့်မလဲ? သူ့ကို မျက်နှာပြောင်တိုက်ပြီးတော့ ဖက်ထားမှာလား? ဒါမှမဟုတ် သူကို ခိုးပြီးတော့တောင် နမ်းတာပဲ ဖြစ်နိုင်မလား? အဲ့တာမဟုတ်ရင် ............
မဟုတ်ဘူး, အဲ့တာထက်ပိုပြီးတော့ ဘာမှမဖြစ်နိုင်ဘူး။
ခွေးရူးလေးရဲ့ သတ္တိအဆင့်ရယ် ပြီးတော့ ရှောင်ယဲ့ကို ထိန်းချုပ်ဖိနှိပ်မဲ့ သူ့အားနဲ့ကတော့ သူ့အနေနဲ့ ခိုးနမ်းနိုင်တယ်ဆိုရင် အဲ့တာက အံ့သြဖွယ်ရာပဲ။ ပြီးတော့ ရှောင်ယဲ့ ကတော့ သူ့ကို အဲ့တာထက်ပိုပြီးတော့ ဘာမှလုပ်ခွင့်ပေးမှာမဟုတ်ဘူး။
ရှောင်ယဲ့ အဲ့တာကို စိတ်ချယုံကြည်စွာနဲ့ တွေးတော ပြီးတဲ့နောက်မှာတော့ ခဏလောက် အဲ့အကြောင်းကို ပြန်ပြီး ချင့်ချိန်တွေးဆလိုက်သည်။ ပြီးတော့ ရုတ်တရက်ကြီး သူ့နှလုံသားက တဒိတ်ဒိတ်ခုန်လာတော့သည်။
ခဏနေပါဦး။ ဘာလို့ ငါက ခိုးနမ်းခံရတာက ငါ့ limit ထဲမှာလို့ တွေးနေရတာတုန်း??
သူ့ဦးနှောက်က ဘာလို့အမှားတွေလုပ်နေတာလဲဆိုတာကို သူ တွေးဆနေတုန်းမှာ သူ့ဘေးဘက်က သူ့ဖုန်းက တုန်ခါလာသည်။ ရှောင်ယဲ့ တစ်ချက်ကြည့်လိုက်တော့ အဲ့တာက ရှောင်ရှောင်ဆီက သူအဆင်ပြေရဲ့လားဆိုတာ မေးထားတဲ့ မက်ဆေ့ချ်ဖြစ်နေတာကို တွေ့လိုက်ရသည်။ ရှောင်ရှောင်က သူနဲ့ လုံးဝကွဲပြားတဲ့ အိုမီဂါမျိုး ဆိုပေမဲ့ သူတို့ရဲ့ လိုက်ဖက်တဲ့ ပင်ကိုစရိုက်ကြောင့် သူတို့၂ယောက်က အပေါက်အလမ်းတည့်တယ်။ သူတို့တွေက တစ်ယောက်ကို တစ်ယောက် လျို့ဟန်က တစ်ဆင့်သိတယ်ဆိုပေမဲ့ သူတို့၂ယောက်ရဲ့ ဆက်ဆံရေးကတော့ အမြဲကိုအဆင်ပြေနေတာပဲ။
သူ့ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ အတွေးတွေကို ခဏဘေးပို့လိုက်ပြီးတော့ စာပြန်လိုက်သည်။
[အရမ်းကြီးမဆိုးပါဘူး။ ဝမ်ကျိုကကတော့ အိပ်နေပြီ။ ငါလည်းပဲ အိပ်တော့မှာ]
ရှောင်ရှောင် ရယ်လိုက်ပြီးတော့ ပြန်ပြောလိုက်သည်:
[မင်းတို့ နှစ်ယောက် အတူတူအိပ်တာလား?]
ရှောင်ယဲ့: [မဟုတ်ဘူး]
ရှောင်ရှောင်: [ဟားဟား၊ မင်းမပြောချင်လည်း ရပါတယ်။ အဲ့လိုမဟုတ်ရင် မင်းတို့တွေက အထီးကျန်နေတဲ့ AO ဖြစ်တော့မှာပဲ။ မင်းက အဲ့တာကို မထိန်းချူပ်နိုင်မှာ ကြောက်နေတာလား?]
ရှောင်ယဲ့: [ငါတို့တွေက အဆောင်တစ်ခန်းတည်းနေတာပါ။ တကယ်လို့ အဲ့တာသာ ဖြစ်မယ်ဆိုရင် ဖြစ်ခဲ့တာပဲ ကြာရောပေါ့။ ငါနဲ့သူနဲ့ ၊ အဲ့တာက မဖြစ်နိုင်ဘူး။]
ရှောင်ယဲ့ reply ကို နှိပ်လိုက်ပြီးတဲ့နောက် သူ "မဖြစ်နိုင်ဘူး" ဆိုတဲ့ စာလုံးကို ကြည့်လိုက်မိပြီး အဲ့တာကို တစ်ချို့ အကြောင်းပြချက်တွေကြောင့် မြင်မကောင်းတဲ့ တစ်ခုခုလိုမျိုး ခံစားရသည်။
ရှောင်ရှောင်က သူ့ရဲ့ဆင်ခြေတွေကို လက်မခံပေ:
[ဘာလို့ မဖြစ်နိုင်ရတာလဲ? သူက ဘာဆိုးလို့လဲ?]
ရှောင်ယဲ့ ကီးဘုတ်ပေါ် သူ့လက်ချောင်းတွေကို ဖိလိုက်ပြီး သူဆက် ရိုက်နေသေးပေမဲ့ သူ ဝမ်ကျိုရဲ့ ချို့ယွင်းချက်ကို မပြောနိုင်ဘူးဆိုတာကို သိလိုက်ရသည်။
သူ ဒီပထမနှစ်အခန်းဖော်အသစ်လေးကို ပထမဆုံးအကြိမ် တွေ့လိုက်ရတုန်းက သူ ရှင်းရှင်းလင်းလင်းကို သိလိုက်ရတာက ကြည့်ကောင်းပြီးတော့ နာခံတာတွေထက်ကျော်ပြီးတော့ အဲ့တစ်ယောက်က ခေါင်းကနေ ခြေဖျားအထိ လုံးဝကို လွဲမှားနေတယ်ဆိုတာကိုပဲ။ ထပ်ပြောရရင် သူက တောက်တဲ့လိုကပ်နေပြီးတော့ အရမ်း အရမ်းကိုပဲ
အောက်ကျို့တတ်တယ်။ သူ သတိထားမိတဲ့ အယ်လ်ဖာပုံစံ အကုန်လုံးနဲ့ မတူဘူး။
ဘယ်အချိန်ကလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ နောက်ဆုံးတော့ ဝမ်ကျိုက မျက်လုံးထဲမှာ ပိုပြီးောတ့ နှစ်လိုဖွယ်ဖြစ်လာတယ်လို့ သူ စပြီးခံစားလာရသည်။ အဲ့တာက ဖြစ်နိုင်တာကတော့ ဘာလို့ဆို အဲ့တစ်ယောက်ရဲ့ အပြုံးက အရမ်းသိမ်မွေ့ပြီးတော့ ညှာတာတတ်တာကြောင့်ဖြစ်မယ်။ ဒါမှမဟုတ် နူးညံ့တဲ့ နွေဦးလေပြေလေးလိုပဲ အဲ့တစ်ယောက်ရဲ့ ရိုးသားမှုက သူ့ရဲ့နှလုံးသားကို ပျော်ရွှင်မှုတွေနဲ့ ဖြည့်သွင်းထားလို့ ဖြစ်နိုင်တယ်။ လေပြေလေးက အတိုက်ခံလိုက်ရတဲ့အခါမှာ သူ့နှလုံးသားထဲမှာ အရမ်းကြီး မခံစားလိုက်ရပေမဲ့ ပြန်တွေးကြည့်လိုက်တဲ့အခါမှာတော့ သူ့နှလုံးသားက နွေးထွေးသွားရတော့သည်။
ဒီရက်တွေမှာ သူ့ရဲ့ ဆိုးရွားတဲ့ဒေါသက ပြန့်လွင့်သွားတဲ့အထိ သူ့ရဲ့စိတ်တိုရတာတွေနဲ့ ဒေါသတွေက ကောင်းကောင်းမွန်မွန် နှစ်သိမ့်ခံရတယ်လေ။ ဝမ်ကျိုကိုပဲ အကုန်လုံးအတွက် ကျေးဇူးတင်ရတော့မှာပဲ။
"သူ့ pheromone က အရမ်း အားနည်းတယ် အဲ့တာကြောင့် သူက ရှောင်ယဲ့ရဲ့ heat ကို ကူညီနိုင်မှာမဟုတ်ဘူး"
နောက်ဆုံးမှာတော့ ရှောင်ယဲ့ ဒီအားနည်းချက် တစ်ခုတည်းကိုပဲ စာရင်းပြုစုနိုင်ခဲ့သည်။
ရှောင်ရှောင်: [ဒါပဲလား? တကယ်လို့ သူ့မှာသာ လုံလုံလောက်လောက် အားကြီးတဲ့ pheromone ရှိတယ်ဆိုရင် မင်းသူ့ကိုရွေးမှာလား?]
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တုံ့ဆိုင်းတွေဝေတာတွေ မရှိသလောက်နီးပါးပဲလို့ ရှောင်ယဲ့ ခံစားလိုက်ရပြီး အဖြေက ချက်ချင်းကိုပဲ စိတ်ထဲပေါ်လာသည်။
တကယ်လို့ pheromone လိုအပ်ချက်သာ ပြည့်စုံတယ်ဆိုရင် သူ ကျိန်းသေ ဝမ်ကျို့ကိုရွေးမှာ။
လုံးဝကို ခေါင်းရှုပ်သွားသည်။ သိသိသာသာကြီးကို ဇို့ရိန်က သူလိုက်ရှာနေတဲ့ ပုံစံမျိုးလေ။ ပြည့်စုံလုံလောက်တဲ့ အယ်လ်ဖာတွေရဲ့ ထူးခြားတဲ့ ပင်ကိုလက္ခဏာ နဲ့အတူ အင်အားကြီးပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းရှိတယ်။ အရင်တုန်းကလိုသာဆို ဝမ်ကျို့လို အယ်လ်ဖာမျိုးက သူ့မျက်လုံးထဲမှ လုံးဝကို တန်မဘူးလေ။
ဘာလို့?ဘာလို့ ဝမ်ကျိုက ချွင်းချက်ဖြစ်နေရတာလဲ?
[မင်းသူနဲ့တွေ့ပြီးမှ ပြောင်းလဲလာတယ်လို့ ငါသတိထားမိနေတယ်] : ရှောင်ရှောင်က ရုတ်တရက်ကြီး စာပို့လာသည်။
ရှောင်ယဲ့ ခဏလောက်ကြာပြီးမှ စာပြန်လိုက်သည်။
[ဘာ?]
[အခုလေးတင် ငါတို့မင်းကို တွေ့လိုက်ရတုန်းက မင်း ဘာမှမလုပ်ပေးနိုင်မှာကိုအရမ်းကြောက်နေတာလေ။ ဟားဟားဟား ၊ ကောင်းကင်နဲ့ကမ္ဘာမြေကြီးမှာ ဘာကိုမှမကြောက်တဲ့ ငါတို့ရဲ့ယဲ့ကော၊ ရန်ဖြစ်ပြီးတော့ မရေမတွက်နိုင်အောင် ဒဏ်ရာတွေ ရခဲ့တဲ့ ငါတို့ရဲ့ ယဲ့ကောကလေ။
တစ်ယောက်ယောက် ပြုတ်ကျတာကိုမြင်ပြီးတော့ ဘာတုန်းကများ မင်းက အရမ်းစိုးရိမ်သောကရောက်တတ်သွားရတာလဲ? ]
စိတ်ရှုပ်ထွေးသွားပြီးရှောင်ယဲ့ရဲ့မျက်နှာက ရှုံ့မဲ့သွားသည်။
[မင်း ငါ့အကြောင်းပြောနေတာလား?]
[ကျိန်းသေတာပေါ့! ငါနဲ့ လျို့ဟန် နှစ်ယောက်လုံး ရိပ်မိတယ်] လို့ ရှောင်ရှောင် ပြန်ပြောလိုက်သည်။
[ပြီးတော့ အခုတော့ တစ်စုံတစ်ယောက်က မင်း သူ့ကိုသဘောကျနေတယ်ဆိုတာကို သတိတောင်မထားမိဘူး။
ပြီးတော့ မင်း အဲ့ရူးကြောင်ကြောင်နိုင်တဲ့ လူကို ကြိုက်နေတယ်ဆိုတာကလည်း ကောင်းပါတယ်။ဘာလို့လဲဆိုတော့ မင်းကလည်းပဲ အဲ့တာကို လုပ်နိုင်လိုက်အောင် smart မကျဘူးလို့ ငါထင်တယ်]
ရှောင်ယဲ့ အဲ့စာကြောင်းကို ဖတ်လိုက်ပြီးတော့ အေးခဲသွားသည်။
သဘော.......ကျတယ်?
ရှောင်ယဲ့ အဲ့တာကို စိတ်မချမ်းမသာဖြစ်မနေတော့ဘဲ ချက်ချင်းပဲ ရှောင်ရှောင်ရဲ့ ဖုန်းနံပါတ်ကို ဆက်လိုက်သည်။
" မင်း အဲ့တာ ဘာကိုပြောတာလဲ? ငါက သူ့ကို ဘယ်အချိန်ကတည်းက ကြိုက်နေတာလဲ?"
ရှောင်ရှောင့်ခမျာ ခဏတစ်ဖြုတ် စွံ့အ သွားသည်။ ပြီးနောက် ပြောလိုက်သည်။
"မင်း တကယ်ပဲ.......အိုကေ,အဲ့တာဆို ရှောင်လောင်ရှီး ကပဲ မင်းကိုရှင်းပြရတော့မှာပေါ့။ ပထမဆုံးအနေနဲ့, မင်းသူ့ကို မမုန်းဘူး၊ ဟုတ်တယ်မလား?"
"ငါသူ့ကိုမမုန်းပါဘူး" ဒီအချက်ကတော့ ရှောင်ယဲ့ လုံးဝကိုသေချာတယ်။
"တကယ်လို့များ သူကမင်းလက်ကို ကိုင်လိုက်ရင်ရော?"
"အဲ့တာကို လက်ခံနိုင်တယ်"
"ဖက်ရင်ရော ဘယ်လိုလဲ?"
ရှောင်ယဲ့ အဲ့တာကို တော်တော်လေးစဉ်းစားလိုက်ရသည်။
"အဆင်ပြေတယ်"
"နမ်းတာဆိုရင်ရော.....ဘယ်လိုလဲ?"
"........"
သူ့စိတ်ထဲက သူ့ရဲ့လက်သင့်ခံနိုင်တဲ့ limit ထဲမှာ ခိုးနမ်းခံရတာကို သူထည့်ထားထားမိတာကို သတိရသွားတော့ ရှောင်ယဲ့ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။ သူ ရိုးရိုးသားသားနဲ့ အဲ့တာကိုဖြေဖို့ ဖိအားပေးခံလိုက်ရသည်။
"ဖြစ်နိုင်တာကတော့ မကြိုက်တာတော့ မဟုတ်ဘူး"
ရှောင်ရှောင်: " အိုး, ငါ့ကို ပိုပြီးတော့ မပြောပြချင်ဘူးလား?မင်း ကျိုးရွေးဆီက မင်းအနမ်းခံချင်တယ်လို့ရော စဉ်းစားဖူးလား?"
အဲ့နေ့ KTV မှာ ဖြစ်ခဲ့တာတွေကို သူပြန်စဉ်းစားမိလိုက်တာနဲ့ ချက်ချင်းကိုပဲ သူ အော်ဂလီဆန်လာသည်။
"လဲသေလိုက်, ဘယ်သူကများ သူနမ်းတာခံချင်မှာလဲ? သူ့မှာ ငါ့ခွင့်ပြုချက်မရှိဘူး"
"အဲ့တာက ဝမ်ကျိုဆိုရင်ရော? တကယ်လို့ သူသာ မင်းကိုနမ်းခဲ့ရင် မင်း ဒေါသထွက်မှာလား?"
"........"
ရှောင်ယဲ့ မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်သည်:
တစ်ရက်မှာတော့ ဝမ်ကျိုက ရုတ်တရက်ကြီး မနာခံတော့ဘဲ သူ့ကိုနံရံမှာကပ်ပြီး ဖိထားလေရဲ့။ သူ့မျက်လုံးမှာ အရင်ကနဲ့ ထပ်တူကျတဲ့ မှိန်မှိုင်းတဲ့ အစိမ်းရောင်လေး တောက်ပေနေပြီးတော့ သူ့ကို အသံနိမ့်နိမ့်နဲ့ ခေါ်လေသည်။
"ရှစ်စွမ်း....." အဲ့နောက်တော့ သည်းမခံတော့ပဲ သူ့ကိုနမ်းလေသည်..........
ကြောက်ဖို့ကောင်းလိုက်တာ, မမျှော်လင့်ဘဲနဲ့ သူ့နှလုံးသားက ဒုန်းစိုင်းစပြေးလာတယ်လို့ ရှောင်ယဲ့ ခံစားလိုက်ရသည်။
အဲ့တုံ့ပြန်ချက်နဲ့ပက်သတ်ပြီးတော့ ရှောင်ရှောင် လုံးဝကို ပြင်ဆင်ပြီးပြီ။
"တကယ်လို့ မင်းမသေချာသေးဘူးဆိုရင် ငါမင်းကို တစ်ခြားမေးခွန်းမေးမယ်ကွာ။ ဝမ်ကျို တစ်ခြားအိုမီဂါရဲ့လက်ကို ကိုင်မှာကို မင်းသည်းခံနိုင်လား?"
".........."
ရှောင်ယဲ့ နှဖူးမှာရှိတဲ့ သွေးပြန်ကြောတွေက စတင်ပြီး တဒုတ်ဒုတ် ကိုက်ခဲလာသည်။
ရှောင်ရှောင် မေးခွန်းတစ်ခုပြီး တစ်ခုမေးလိုက်သည်။
"သူ တစ်ခြားအိုမီဂါကို ဖက်နေတာကိုလည်းပဲ မင်းလက်ခံနိုင်လား? သူတစ်ခြားအိုမီဂါကို နမ်းနေတာကိုရော မင်း သည်းခံနိုင်လို့လား? သူ တစ်ခြားတစ်ယောက်ကို အမြတ်တနိုးနဲ့ "ငါမင်းကိုကြိုက်တယ်" ဆိုပြီး ပြောတာကိုလည်း မင်း သည်းညည်းခံနိုင်လား?"
"Fuck, ကြည့်ရတာတော့ ငါသည်းညည်းမခံနိုင်သလိုပဲ"
ရှောင်ရှောင် အဲ့တာကို အချိန်ကိုက်ပဲ နောက်ဆုံးနိဂုံးချုပ်ကို သယ်လာလိုက်ပြီး နောက်ဆုံးအချက်ကို ပေါင်းရုံးဖော်ပြလိုက်သည်။
"မင်း သူ့ကို သဘောကျနေပြီ"
ရှောင်ယဲ့ ပြန်ဖြေလိုက်သည်။
"ချီးပဲ! ဒီလောင်ဇီးက သူ့ကို တကယ်ကြီး ကြိုက်နေတာပဲ"
ရှောင်ရှောင် လေးလေးနက်နက်ပြောလိုက်သည်။
"အိုကေ, ဒီကိစ္စက ပြီးပါပြီ။ အဲ့တော့ မင်းဘာကို စောင့်နေတာလဲ? မြန်မြန် သူ့ကို ပြောလိုက်တော့"
ရှောင်ယဲ့ရဲ့ ဦးနှောက်ကတော့ အဲ့အချက်တွေကိုမှတ်သားဖို့ဆက်ရုန်းကန်နေတုန်းပဲ။
"..........No......သူ့မှာ သန်မာတဲ့ pheromone လုံလုံလာက်လောက် ရှိဖို့ မဖြစ်နိုင်ဘူး။ ငါ heat ဖြစ်တဲ့အချိန်ကျရင် ငါဘာလိုလုပ်ရမှာလဲ?"
"ဘယ်ကိစ္စမဆို မင်း အဲ့တာပဲ ပြောနေတော့တာပဲ။ အဲ့တာက "မဖြစ်နိုင်ဘူး" ဆိုတာလေးပဲလေ။ ဘာလို့ temporary mark နဲ့ အရင်ဆုံး မကြိုးစားကြည့်ရတာလဲ?"
"ငါ သူ့ကို အခွင့်အရေးပေးခဲ့ဘူးတယ်။ ဒါပေမဲ့ အဲ့ကောင်ကတော့ ငါ့ကိုမြတ်နိုးပါတယ်ဆိုတာကလွဲပြီး ဘာပြောလို့လဲ။ သူ ငါ့ကို အမှတ်အသားလုပ်ဖို့ ငြင်းခဲ့တယ်။ ငါက သူ့ကို ထပ်ပြီးတော့ ငါ့ကိုအမှတ်အသားလုပ်ဖို့ တောင်းဆိုရမှာလား? အဲ့အတွက်တော့ ငါ့အတွက်တော့ ဂုဏ်သိက္ခာဆိုတာရှိသေးတယ်နော်"
ရှောင်ရှောင် စိတ်ဆိုးပြီးပြောလိုက်သည်။
"ဂုဏ်သိက္ခာလား , အချစ်လား ဘာက ပိုအရေးကြီးတာလဲ? မင်း တကယ်ပဲ သူ့ကို အမှတ်အသားလုပ်ဖို့ ခွင့်ပြုဖို့ တွေးခဲ့တယ်လို့ မင်းပြောခဲ့တယ်မလား? ငါ့မှာ မင်းကို ရှင်းပြဖို့ ကြိုးစားရတာ အချိန်တွေ တော်တော်ကုန်ခဲ့တာကပဲ။
မင်းတို့ကတော့ တိတ်တိတ်လေး အဲ့ကိစ္စကို လုပ်ခဲ့ပြီးသားဆိုတာ ပေါ်လာပြီ"
"........."
"အဲ့တာကိုမေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် အခွင့်အရေးကို ဖမ်းဆုပ်ထားစမ်းပါ, ယဲ့ကောရ။ တကယ်လို့ မင်းသာ သူနဲ့ အခွင့်အရေးကောင်းကို လက်လွှတ်လိုက်မယ်ဆိုရင် ငါထင်တာတော့ မင်း တစ်သက်လုံး အဲ့တာကို နောင်တရနေလိမ့်မယ်"
ရှောင်ယဲ့ အဲ့တာကို တိတ်တဆိတ် စဉ်းစားလိုက်ပြီး အထဲမှာ လဲလျောင်းနေတဲ့ လူကို တံခါးကနေ ဖြတ်ပြီးငေးကြည့်
နေရသလိုမျိုး ရှောင်ယဲ့ လူနာဆောင်ကို တစ်ချက်ကြည့်လိုက်သည်။
ဝမ်ကျိုက တစ်ခြား အယ်လ်ဖာတွေနဲ့ကွဲပြားတယ်။ အစကတည်းက သူက ရှောင်ယဲ့ကို ရိုးသားမှန်ကန်တဲ့ နှလုံးသားနဲ့ ချည်းကပ်လာခဲ့တာ။ ပြီးတော့ အဲ့နှလုံးသားက ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ ဝမ်ကျိုက သူ့ကို အရမ်းမြတ်နိုးတယ်။ သူ့ကို နူးနူးညံ့ညံ့ ညင်ညင်သာသာ ဆက်ဆံပြီးတော့ သူ့အပေါ် မှန်မှန်ကန်ကန်လည်း လေးစားမှုရှိတယ်။ ဝမ်ကျိုက သူ့အတွက် သူ့ရဲ့ မွေးရာပါအယ်လ်ဖာ ဗီဇကို ချုပ်ထိန်းထားပြီးတော့ သူ့ရဲ့ ဘေးကင်းရေးအထက် သူ့ကို ပိုအလေးထားသေးတယ်။ ပြီးတော့ ကောင်းလည်း ကောင်းတယ်။
ငါတကယ်ပဲ သူ့အပေါ် အခွင့်အရေး လက်လွှတ်ဆုံးရှုံးမခံချင်ဘူး။ ငါတကယ်ပဲ သူ့ကို လက်မလွှတ်ချင်ဘူး။
နောက်ဆုံးတော့ သူ သက်ပြင်းချလိုက်သည်။ သူ့နှလုံးသားမှာရှိနေတဲ့ ကသိကအောက်ဖြစ်ရတာနဲ့ တုံ့ဆိုင်းတွေဝေနေတာတွေအကုန်လုံးကို မောင်းထုတ်လိုက်ပြီးတော့ သူ့ကိုယ်သူ ပြောသလိုမျိူး ရှောင်ရှောင့်ကို ပြောလိုက်သည်။
"မင်းတို့ရဲ့ ယဲ့ကောက သူ့ကိုယ်သူ အဲ့တာနဲ့ ပတ်သတ်ပြီးတော့ နောင်တရမခံပါဘူး"