Zawgyi
ေန႔လည္ခင္း ဘာအတန္းမွမ႐ွိတာေၾကာင့္ က်န္႔ေ႐ွာင္ယဲ့ ေန႔လည္စာစားၿပီးေတာ့ တစ္ေရးတစ္ေမာအိပ္ရေလာင္လို႔ အေဆာင္ခန္းကိုပဲ ျပန္လိုက္သည္။ သူ ခဏေလာက္
အားကစားၿပိဳင္ပြဲေတြကို ၾကည့္ေနလိုက္သည္။ ၿပီးေတာ့ သူ အိပ္ရာထဲမွာလွဲၿပီး အိပ္ေမာက်ခါနီးမွာပဲ သူ႔ရဲ႕ပထမဆံုး ေန႔လည္ခင္းအတန္းကို ၿပီးသြားတဲ့ ဝမ္က်ိဳက ျပန္ေရာက္လာတယ္။
အခန္းတံခါး ဖြင့္ၿပီးပိတ္တဲ့အသံက အရမ္းကိုညင္သာလြန္း
တယ္။ က်န္႔ေ႐ွာင္ယဲ့ အနားယူေနတာကို သူသိတဲ့ပံုပဲ။ တစ္ခုခုကို သူခ်ဖို႔လုပ္တုန္း စားပြဲခံုကို ခလုတ္တိုက္မိသြား တယ္။ အဲ့ေနာက္ အိပ္ရာဆီကို ျဖည္းျဖည္းေလးေလ်ွာက္သြားၿပီးေတာ့ တိုးတိုးေလးေခၚလိုက္သည္။ "ရႊဲက်န္း"
က်န္႔ေ႐ွာင္ယဲ့ မ်က္ေမွာင္ၾကဳတ္ၿပီး အင္တင္တင္နဲ႔ သူ႔မ်က္လံုးေတြဖြင့္လိုက္ရတယ္။ "ဘာလဲ?"
ဝမ္က်ဳိက ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး အိပ္ရာကိုမွီလိုက္တယ္။ "ကြၽန္ေတာ္ ငါးျပဳတ္ဝယ္လာတယ္။ ရႊဲက်န္း စားမလား?"
က်န္႔ေ႐ွာင္ယဲ့ ေန႔လည္စာကိုအမ်ားႀကီးမစားထားတာမို႔ သူအခု အရမ္းကို ဗိုက္ဆာေနၿပီ။ ေနာက္ထပ္တစ္ခုအေနနဲ႔ သူ ငါးစားရတာကို အရမ္းအရမ္းသေဘာက်တယ္။
သူအဲ့တာကို ၾကားလိုက္အရတဲ့အခ်ိန္မွာပဲ ခ်က္ခ်င္းကို ေလထဲက အနံ႔ေလးကို ရလိုက္ရတယ္။ သူ႔ရဲ႕ အိပ္ခ်င္မူးတူးျဖစ္ေနတဲ့စိတ္က ခ်က္ခ်င္းကို ေပ်ာက္သြားေတာ့တာပဲ။
သူ လိမ့္လိုက္ၿပီး အိပ္ရာကေနထလိုက္တယ္။ စားပြဲဆီကို သြားလိုက္ၿပီး ထိုင္ခ်လိုက္သည္။ ဝမ္က်ဳိယူလာတဲ့ ပါဆယ္
ထုပ္က logo ကို သူၾကည့္လိုက္ေတာ့ အဲ့တာက အေဆာင္နားက အရမ္းနာမည္ႀကီးတဲ့ဆုိင္ကပဲ!!
"မင္းအတန္းမတက္ဘူးလား? ဒါကို ဘယ္ကသြားဝယ္ထားတာလဲ?"
ဝမ္က်ိဳ သူ႔အတြက္ခံုကို ဆြဲထုတ္လိုက္ၿပီး တစ္ျခားဖက္မွာ ထိုင္လိုက္သည္။ "ေန႔လည္တုန္းက delivery မွာလိုက္တာ။ အတန္းၿပီးတဲ့အခ်ိန္ေလာက္ delivery ကို အခ်ိန္ညႇိၿပီးယူလိုက္တာ။ ၿပီးေတာ့ အခု အေဆာင္ခန္းကို ကြၽန္ေတာ္သယ္လာတယ္ေလ"
အိတ္ထဲက ဘူးႀကီးႀကီးကို သူ မထုတ္ေနတာကို က်န္႔ေ႐ွာင္ယဲ့ ၾကည့္ေနလိုက္သည္။ သူအဖံုးကို ဖြင့္လိုက္တာနဲ႔ အနံ႔က ခ်က္ခ်င္းကို ျပည့္လွ်ံသြားၿပီး သူ႔ႏွာေခါင္းကို
လာၿပီးရန္စေနေတာ့တာပဲ။ ဝမ္က်ိဳက ဂ႐ုတစိုက္နဲ႔ ဝါးတူကို ခြဲလိုက္ၿပီး သူ႔ကို ကမ္းေပးသည္။ "ဒီမွာ ၊ စားၾကည့္"
"မင္းမစားဘူးလား?"
"ကြၽန္ေတာ္ ဗိုက္မဆာဘူး။ တကယ္ေတာ့ ကြၽန္ေတာ္ ရႊဲက်န္းအတြက္ဝယ္လာတာ။ ရႊဲက်န္းေန႔လည္စာကို အမ်ား
ႀကီး မစားထားဘူးေလ,ဟုတ္တယ္မလား?"
"နည္းနည္းပါ" က်န္႔ေ႐ွာင္ယဲ့ ထပ္ၿပီးေတာ့ ယဥ္ေက်းမေနေတာ့။ ဝါးတူကို ယူလိုက္ၿပီး ငါးဖတ္တစ္ခုကို ပါးစပ္ထဲ ထည့္လိုက္သည္။ အရသာ႐ွိလွတဲ့ အႏွစ္ေတြစိမ့္ဝင္ေနၿပီး
အနံ႔အရသာေကာင္းမြန္လွၿပီး စပ္စပ္ေလးျဖစ္ေအာင္ င႐ုတ္ေကာင္းမႈန္႔ျဖဴးထားတဲ့ ႏူးအိေနတဲ့ ငါးရဲ႕အရသာက ေစာက္ရမ္းမိုက္တယ္။
"ငါ ငါးစားတာ မင္းဘယ္လိုသိတာလဲ? ငါမစားတာေတြ အမ်ားႀကီးပဲေလ"
ဝမ္က်ိဳက ျပံဳးကာျပန္ေျဖေလသည္။ " ကန္တင္းမွာ ရႊဲက်န္း အ႐ိုးႏႊင္ထားတဲ့ငါးအသားျပား မွာေနတာကို ကြၽန္ေတာ္ေတြ႔ခဲ့တာ။ ၿပီးေတာ့ spicy food ေတြကိုေရာပဲ။ အဲ့တာေၾကာင့္ ရႊဲက်န္း ဒါကိုလည္း ႀကိဳက္သင့္တယ္ေနာ္"
အဲ့စကားေတြကို ၾကားလိုက္ရတဲ့တစ္ခဏ က်န္႔ေ႐ွာင္ယဲ့ ေၾကာင္သြားသည္။ ဝမ္က်ိဳ ေျပာင္းလာကတည္းက သူတုိ႔ေတြ ၂ခါပဲ ထမင္းအတူတူစားဖူးတာ။ ပထမဆံုး တစ္ခါက ဝမ္က်ိဳ ေျပာင္းလာတဲ့ေန႔က။ ဒုတိယတစ္ခါကက်ေတာ့ ဒီေန႔ေန႔လည္စားစားတဲ့အခ်ိန္က။ ဒါေပမဲ့ ဝမ္က်ဳိက သူ ဘာႀကိဳက္တယ္ဆိုတာကို သိတယ္ေပါ့။
သူ႔အေဖကလြဲလို႔ ဘယ္သူကမွ သူ႔နဲ႔ပတ္သတ္တာေတြကို
စိတ္မဝင္စားဖူးဘူးလို႔ ခံစားခဲ့ရတာ။
သူ႔မွာသူငယ္ခ်င္းအမ်ားႀကီး႐ွိတယ္ဆိုေပမဲ့ သူက တစ္ျခားအိုမီဂါေတြလိုမ်ိဳး သူတို႔ ေခ်ာင္းဆိုးလိုက္တာနဲ႔ လူေတြ
အကုန္ေျပးလာၿပီး အဆင္ေျပရဲ႕လားဆိုၿပီး အေမးခံရတဲ့ ႏုႏုယြယြထိခိုက္လြယ္တဲ့ အိုမီဂါမဟုတ္ဘူးေလ။ လူတိုင္းကေတာ့ မသိမသာနဲ႔ သူ႔လိုမ်ိဳး အခ်ဳပ္အခ်ယ္ကင္းၿပီး
အင္အားႀကီးတဲ့ အိုမီဂါမ်ိဳးက တစ္ျခားလူေတြရဲ႕ ဂ႐ုစိုက္မႈနဲ႔ စိုးရိမ္ပူပန္မႈ မလိုအပ္ဘူးလို႔ ေတြးၾကမွာပဲေလ။ ရန္ပြဲမွာ သူထိခိုက္သြားတဲ့အခါမွပဲ သူ႔သူငယ္ခ်င္းေတြဆီက ဂ႐ုစိုက္တဲ့စာေလးေတြေလာက္ပဲ သူရခဲ့တာ။
အားႏြဲ႔တဲ့လူလိုမ်ိဳး ဆက္ဆံခံရတာမ်ိဳးကို သူဂ႐ုကိုမစုိက္ဘူး။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ သူ႔ရဲ႕စိတ္က အနည္းငယ္ လႈပ္႐ွားသြားမိတယ္။
ဒီလိုမ်ိဳး တစ္ျခားတစ္ေယာက္ရဲ႕ အားေပးခံရတဲ့ ခံစားခ်က္က.......အရမ္းဆိုးရြားတဲ့ပံုလည္း မေပၚပါဘူး။
"ရႊဲက်န္း ၊ အဲ့တာက အရသာမ႐ွိလို႔လား?"
သူျဖည္းျဖည္းေလးစားေနတာ ျမင္ေတာ့ ဝမ္က်ိဳက သူ႔ကိုတိုးတိုးေလးကပ္ေမးသည္။
က်န္႔ေ႐ွာင္ယဲ့: " ေကာင္းပါတယ္"
သူခဏေလာက္ စဥ္းစားလိုက္ၿပီးတဲ့ေနာက္ ငါးအသားဖတ္တစ္ဖတ္ကို ယူလိုက္ၿပီး ဒီႀကီးမားလွတဲ့အခ်စ္ေတာ္ေလးရဲ႕ ပါးစပ္ေ႐ွ႕တည့္တည့္ကို ထိုးေပးလိုက္သည္။
"ပါးစပ္ဟ"
သူ႔ကိုစိတ္ရင္းနဲ႔ဆက္ဆံေပးတဲ့လူကို သူဘယ္ေတာ့မွ ဆိုးဆိုးရြားရြား ျပန္ဆက္ဆံမွာမဟုတ္ဘူး။
ဝမ္က်ိဳ ခမ်ာ ေပ်ာ္လြန္းလို႔ မ်က္ခံုးေတြေတာင္ ခံုးၿပီးျမင့္တက္သြားေတာ့တယ္။ သူ ပါးစပ္ကို အက်ယ္ႀကီးဟလိုက္ၿပီး အဲ့တာကို တစ္လုတ္တည္းနဲ႔ကုန္ေအာင္ စားပလိုက္တယ္။
က်န္႔ေ႐ွာင္ယဲ့ တူကိုျပန္ယူလိုက္ၿပီး ထပ္စားဖို႔ျပင္ေနတဲ့အခ်ိန္မွာပဲ သူသေဘာေပါက္သြားတယ္။ သူအဲ့တူနဲ႔ပဲစားေနတာကို ဝမ္က်ဳိကိုလည္း ေကြၽးလိုက္ေသးတယ္။ ၿပီးေတာ့ သူကိုယ္တိုင္ အဲ့တာနဲ႔ပဲ စားမိေတာ့မလို႔......သူက hypochondria ျဖစ္ေနတာေတာ့မဟုတ္ေပမဲ့၊ အခု သူ႔ႏွလံုးသားထဲမွာ ထူးဆန္းသလိုႀကီးခံစားေနရတာေလ။
(*hypochondria ဆိုတာ ကိုယ္က ေရာဂါတစ္ခုခုျဖစ္မေနတာေတာင္ ျဖစ္ေနတယ္ဆိုၿပီး စိတ္ကထင္ေနတတ္တဲ့ေရာဂါပါ။ ဒီေနရာသံုးရမယ္ဆိုရင္ တစ္ခုခုကိုသံသယ႐ွိ
ၿပီးရြံတတ္တဲ့ပံုမ်ဳိးေနမယ္။ တူတစ္ေခ်ာင္းကို အတူတူစားေနတာ ဆိုေတာ့ အဟိ!)
ဝမ္က်ဳိက က်န္႔ေ႐ွာင္ယဲ့စားေနတာကို ၾကည့္ရင္းထိုင္ေန
သည္။ သူ ဘာကိုအရမ္းေပ်ာ္ေနမိလဲဆိုတာ သူမသိေပမဲ့ သူ႔ ႏႈတ္ခမ္းေထာင့္စြန္းဖ်ားေလးကေတာ့ ဘယ္ေတာ့မွ ေအာက္ကိုမက်ေတာ့ဘူး။(ျပံဳးျပံဳးေလး)
ေနေရာင္ကသူအေပၚကို ေဘာင္ခတ္ထားသလိုမ်ိဳး
ျဖာက်ေနၿပီး သူ႔ဆံပင္အဖ်ားေလးေတြကဆိုရင္ ေနေရာင္ထဲမွာ ျဖတ္ ျမင္ရလုနီးနီးေတာင္ျဖစ္ေနၿပီ။ ပံုစံတစ္ခုလံုးက
ေႏြးေထြးေနသည့္ပံုေပၚေနသည္။ ဒါေပမဲ့ သူ႔အစိမ္းေရာင္
မ်က္ဝန္းေတြကေတာ့ ေနေရာင္ကိုျဖတ္ၿပီးေတာ့ အေမွာင္ထဲမွာ တဖ်တ္ဖ်တ္ေတာက္ပေန၏။
သူက လံုးဝ အႏ ၱရာယ္မ႐ွိတဲ့ ပံုကိုေဆာင္ေနေတာ့သည္။
က်န္႔ေ႐ွာင္ယဲ့ သူ႔ကိုစိတ္မသက္မသာနဲ႔ စိုက္ၾကည့္လိုက္သည္။ "မင္းမွာဘာမွလုပ္စရာမ႐ွိဘူးလား? ငါ့ကိုပဲ စိုက္ၾကည့္ေနေတာ့မွာလား"
ဝမ္က်ဳိက စိုက္ၾကည့္ေနရာကေန ႐ုတ္တရက္အသိဝင္သြားတဲ့ပံုပဲ။ ႐ွက္ကိုး႐ွက္ကန္းျဖစ္သြားေတာ့သည္။
"အဲ့တာက မေတာ္တဆျဖစ္သြားတာပါ။ ေတာင္းပန္ပါတယ္ ရႊဲက်န္း"
"ေတာင္းပန္ဖို႔မလိုပါဘူး။ မင္းကိုယ္လုပ္ရမဲ့အလုပ္ကိုသာ သြားလုပ္စမ္းပါ။ အစားအေသာက္အတြက္ကေတာ့ ေက်းဇူးပဲ"
က်န္႔ေ႐ွာင္ယဲ့ ယဥ္ယဥ္ေက်းေက်း ေျပာတယ္ဆိုတာ ေတာ္ေတာ္ေလး႐ွားတယ္။
ဝမ္က်ိဳက "အမ္း"လို႔ အသံျပဳလိုက္ေပမဲ့ မေရြ႔သြားဘူး။
သူ႔ပံုစံက ခ်ိတံုခ်ိတံုျဖစ္ေနသလိုပဲ။
အဲ့တာကိုျမင္လိုက္ရေတာ့ က်န္႔ေ႐ွာင္ယဲ့ "ေျပာစရာတစ္ခုခု႐ွိလို႔လား" လို႔ ေျပာလိုက္သည္။
"ဒီအတုိင္းပဲ......အဲ့တာက....." ဝမ္က်ဳိက သူ႔ရဲ႕လက္ေခ်ာင္းေတြကို စိတ္မသက္မသာနဲ႔ ေရြ႕ေျပာင္းေနၿပီး တိုးတိုးေလးေျပာေလသည္။
"ကြၽန္ေတာ္ ရႊဲက်န္းနဲ႔ နည္းနည္းေလာက္ပိုၿပီးေနခ်င္လို႔ဆိုေပမဲ့ ေ႐ွ႕ေလ်ွာက္ ကြၽန္ေတာ့္မွာ အဲ့လိုအခြင့္အေရးမ႐ွိေတာ့မွာစုိးလို႔....."
က်န္႔ေ႐ွာင္ယဲ့ အဲ့တာကို ေခါင္းလည္းမညိမ့္ႏိုင္သလို ေခါင္းလည္းမခါႏိုင္ေပ။ "မင္း ဘာကိုေျပာခ်င္တာလဲ?"
"က်ိဳးေရြး......ရႊဲက်န္းရဲ႕ခ်စ္သူက ရႊဲက်န္းက သူ႔အေဆာင္ကို ရက္နည္းနည္းၾကာရင္ ေျပာင္းေနေတာ့မွာလို႔ ေျပာတယ္"
က်န္႔ေ႐ွာင္ယဲ့ စိတ္ထဲကေနက်ိန္ဆဲလိုက္သည္။
က်ိဳးေရြးက ဘာမွေတာင္မတိုင္ပင္ဘဲ အရင္လုပ္ပလိုက္တယ္ေပါ့*?
ဒါေပမဲ့ အခုေတာ့ သူ သူ႔အေ႐ွ႕က ဒီလူကို နည္းနည္းေတာ့ စစ္ေမးခ်င္ေသးတယ္။
"သူက ငါ့ကို ေျပာင္းေနခိုင္းမယ္လို႔ေျပာေတာ့ မင္း သေဘာတူလိုက္လား? မင္း သူ႔ကိုျပန္ၿပီးေတာ့ေတာင္ ေစာဒကမတက္လိုက္ဘူးလား?"
ဝမ္က်ဳိက နည္းနည္းမေက်နပ္လိုပံုျဖင့္ ေမာ္ၾကည့္ေလသည္။ "ရႊဲက်န္းပဲ ကြၽန္ေတာ့္ကို စကားမေျပာနဲ႔ေတာ့လို႔ ေျပာခဲ့တာေလ...."
က်န္႔ေ႐ွာင္ယဲ့ သူ ရယ္ခ်င္ေနတာလား ျပန္ေအာ္ပစ္လိုက္ခ်င္တာလားဆိုေတာင္ မသိေတာ့ဘူး။
"မင္းက အရမ္းကို နာခံေနေတာ့တာပဲ။ တကယ္လို႔ မင္းကို ငါက တိုက္ေပၚကေန ခုန္ခ်လိုက္ဆိုရင္ မင္း
အဲ့တာကိုလည္း လုပ္ဦးမွာလား?"
ေ႐ွာင္ယဲ့ စိတ္ဆိုးသြားတယ္ဆိုတာကို သိလိုက္ရေတာ့ ဝမ္က်ိဳ သူ႔ႏႈတ္ခမ္းေတြကို တင္းတင္းဖိကပ္ထားလိုက္သည္။ သူစကားေတာင္ ထပ္မေျပာရဲေတာ့ဘူး။ အဲ့တာ
ေၾကာင့္ သူ႔ကိုပဲ စိုးရိမ္တႀကီးနဲ႔ ၾကည့္ေနမိေတာ့သည္။
က်န္႔ေ႐ွာင္ယဲ့ သူ႔မွာ ေဒါသထြက္ရမလို ၊ မထြက္မရမလိုနဲ႔။
ၿပီးေတာ့ သူဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာၿပီးတဲ့အထိ သူ
ဘယ္လို ျပင္းျပင္းထန္ထန္အသံနဲ႔ စကားေျပာလိုက္မိတယ္ဆိုတာကို သူသေဘာမေပါက္မိေသးဘူး။ သူ႔ပံုစံက
အျမဲတမ္း မာန္မာနအျပည့္နဲ႔။ သူ သူ႔အမွားကို သိတယ္ဆိုရင္ေတာင္ ဝန္ခံၿပီး ေခါင္းငံု႔တယ္ဆိုတာ ခပ္႐ွား႐ွားပဲ။ ဒါေပမဲ့ ဒီအခ်ိန္မွာက ဝမ္က်ိဳနဲ႔ ရင္ဆိုင္ေနရတာဆိုေတာ့ သူ အျပစ္႐ွိၿပီးေတာင္းပန္ခ်င္တဲ့ ႐ွားပါးလြန္းတဲ့ စိတ္ဆႏၵ အသစ္ခ်က္ခြၽတ္ေလးကို ခံစားလိုက္ရတယ္။
ဒါက အိမ္ေမြးတိရစာၦန္ခ်စ္တဲ့လူတစ္ေယာက္ရဲ႕ သဘာဝ
ျဖစ္ႏိုင္တယ္။
"က်ိဳးေရြးက ငါ့ရည္းစားမဟုတ္ဘူး" သူျပတ္ျပတ္သားသားေျပာလိုက္သည္။
"ငါသူ႔ကို နည္းနည္းေလးေတာ့ႀကိဳက္တယ္ထင္တယ္။ ဒါေပမဲ့ ငါသူနဲ႔တြဲခ်င္တယ္လို႔ ေျပာတာမဟုတ္ဘူး။ ေနာက္တစ္ႀကိမ္ ဒီလိုမ်ိဳး ထပ္ျဖစ္လာရင္ သူ႔ကို ငါ့ကို အရင္ေမးဖို႔ ေျပာလိုက္။ အရမ္းေၾကာက္ျပေနစရာမလိုဘူး။"
က်န္႔ေ႐ွာင္ယဲ့ အဲ့တာကိုျပန္စဥ္းစားလိုက္ၿပီးတဲ့ေနာက္ ထပ္
ျဖည့္စြက္ေျပာလိုက္သည္။ "ဒါေပမဲ့ သူ႔ကိုတြန္းအားေပးဖို႔ေတာ့ မႀကိဳးစားနဲ႔။ သူက မင္းေလာက္ လူေကာင္ႀကီး
ျပီး အရပ္မ႐ွည္ဘူး ဒါေပမဲ့ မင္း သူ႔ကိုေသခ်ာေပါက္ မႏုိင္ႏိုင္ဘူး။ ငါ မင္းကို ဒီေန႔ေန႔လည္က စကားမေျပာေစခ်င္ဘူးဆိုတာ မင္းကို ဆူေနတာမဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ငါ မင္းကို သူ႔ကိုရန္မစေစခ်င္လို႔။ အရင္တစ္ေခါက္တုန္းက ဘက္စကက္ေဘာနဲ႔ အ႐ိုက္ခံလိုက္ရတာကို မင္းေမ့သြားၿပီလား?"
ဝမ္က်ိဳက အဲ့တာကိုၾကားေတာ့ ခဏေလာက္ရပ္သြားသည္။
ၿပီးေနာက္ ဆက္ေျပာေလသည္။ "အဲ့ဒီ့ေတာ့ ရႊဲက်န္းက ကြၽန္ေတာ့္ကို အရမ္းဂ႐ုစိုက္တာပဲ....."
က်န္႔ေ႐ွာင္ယဲ့: " မင္းအခုမွ တကယ္ႀကီးသိေတာ့တာပဲ။"
ဝမ္က်ဳိက လက္သင့္ခံႏိုင္စြမ္းက တကယ့္ကို အံ့ၾသစရာပဲ။(အေကာင္းအရမ္းျမင္၊ အရာရာကို လက္သင့္ခံႏိုင္)
သူက ခ်က္ခ်င္းကိုပဲ တက္ႂကြေနတဲ့ အိမ္ေမြးေခြးေလးပံုစံကို ေျပာင္းသြားေတာ့တာပဲ။ ကြာျခားခ်က္ဆိုလို႔ ခုန္ၿပီးေတာ့ က်န္႔ေ႐ွာင္ယဲ့ရဲ႕ပါးစပ္ကို လ်ွာနဲ႔မလ်ွက္တာပဲ႐ွိတယ္။
"အဲ့တာက ကြၽန္ေတာ့မွာ အခြင့္အေရး႐ွိေသးတယ္လို႔ ဆိုလိုတာလား? ကြၽန္ေတာ္႐ွစ္စြမ္းကို လိုက္လို႔ရေသးလား? "
သူ႔ကိုအဲ့တာကို ေျပာလိုက္မိတာ က်န္႔ေ႐ွာင္ယဲ့ ေနာင္တရသြားတယ္။ အခုပဲ ဝမ္က်ိဳက ေခါင္းမာေနၿပီ။ သူ သူ႔ကို စိတ္႐ႈပ္႐ွားလြန္းလို႔ ေဟာင္ေအာင္ေတာင္ လုပ္မိသြားၿပီ။
သူ ေအးေတာ့မဲ့ ငါးဟင္းကိုပဲ ျပန္စ စားလိုက္သည္။
ဒါက တကယ့္ကို အရသာ႐ွိတာပဲ။ ဒီေခြး႐ူးေလးက သံုးစားမရတာေတာ့ မဟုတ္တဲ့ပံုပဲ။
Learn Idioms with ShaoWang!
*Decapitate first and then present trophy: အရင္လုပ္ၿပီး ေနာက္မွျပန္ေျပာတာပါ။
T/N
မေန႔က တစ္ရက္နားလိုက္မိတယ္။ ဟီးဟီး
Unicode
နေ့လည်ခင်း ဘာအတန်းမှမရှိတာကြောင့် ကျန့်ရှောင်ယဲ့ နေ့လည်စာစားပြီးတော့ တစ်ရေးတစ်မောအိပ်ရလောင်လို့ အဆောင်ခန်းကိုပဲ ပြန်လိုက်သည်။ သူ ခဏလောက်
အားကစားပြိုင်ပွဲတွေကို ကြည့်နေလိုက်သည်။ ပြီးတော့ သူ အိပ်ရာထဲမှာလှဲပြီး အိပ်မောကျခါနီးမှာပဲ သူ့ရဲ့ပထမဆုံး နေ့လည်ခင်းအတန်းကို ပြီးသွားတဲ့ ဝမ်ကျိုက ပြန်ရောက်လာတယ်။
အခန်းတံခါး ဖွင့်ပြီးပိတ်တဲ့အသံက အရမ်းကိုညင်သာလွန်း
တယ်။ ကျန့်ရှောင်ယဲ့ အနားယူနေတာကို သူသိတဲ့ပုံပဲ။ တစ်ခုခုကို သူချဖို့လုပ်တုန်း စားပွဲခုံကို ခလုတ်တိုက်မိသွား တယ်။ အဲ့နောက် အိပ်ရာဆီကို ဖြည်းဖြည်းလေးလျှောက်သွားပြီးတော့ တိုးတိုးလေးခေါ်လိုက်သည်။ "ရွှဲကျန်း"
ကျန့်ရှောင်ယဲ့ မျက်မှောင်ကြုတ်ပြီး အင်တင်တင်နဲ့ သူ့မျက်လုံးတွေဖွင့်လိုက်ရတယ်။ "ဘာလဲ?"
ဝမ်ကျိုက ဆောင့်ကြောင့်ထိုင်လိုက်ပြီး အိပ်ရာကိုမှီလိုက်တယ်။ "ကျွန်တော် ငါးပြုတ်ဝယ်လာတယ်။ ရွှဲကျန်း စားမလား?"
ကျန့်ရှောင်ယဲ့ နေ့လည်စာကိုအများကြီးမစားထားတာမို့ သူအခု အရမ်းကို ဗိုက်ဆာနေပြီ။ နောက်ထပ်တစ်ခုအနေနဲ့ သူ ငါးစားရတာကို အရမ်းအရမ်းသဘောကျတယ်။
သူအဲ့တာကို ကြားလိုက်အရတဲ့အချိန်မှာပဲ ချက်ချင်းကို လေထဲက အနံ့လေးကို ရလိုက်ရတယ်။ သူ့ရဲ့ အိပ်ချင်မူးတူးဖြစ်နေတဲ့စိတ်က ချက်ချင်းကို ပျောက်သွားတော့တာပဲ။
သူ လိမ့်လိုက်ပြီး အိပ်ရာကနေထလိုက်တယ်။ စားပွဲဆီကို သွားလိုက်ပြီး ထိုင်ချလိုက်သည်။ ဝမ်ကျိုယူလာတဲ့ ပါဆယ်
ထုပ်က logo ကို သူကြည့်လိုက်တော့ အဲ့တာက အဆောင်နားက အရမ်းနာမည်ကြီးတဲ့ဆိုင်ကပဲ!!
"မင်းအတန်းမတက်ဘူးလား? ဒါကို ဘယ်ကသွားဝယ်ထားတာလဲ?"
ဝမ်ကျို သူ့အတွက်ခုံကို ဆွဲထုတ်လိုက်ပြီး တစ်ခြားဖက်မှာ ထိုင်လိုက်သည်။ "နေ့လည်တုန်းက delivery မှာလိုက်တာ။ အတန်းပြီးတဲ့အချိန်လောက် delivery ကို အချိန်ညှိပြီးယူလိုက်တာ။ ပြီးတော့ အခု အဆောင်ခန်းကို ကျွန်တော်သယ်လာတယ်လေ"
အိတ်ထဲက ဘူးကြီးကြီးကို သူ မထုတ်နေတာကို ကျန့်ရှောင်ယဲ့ ကြည့်နေလိုက်သည်။ သူအဖုံးကို ဖွင့်လိုက်တာနဲ့ အနံ့က ချက်ချင်းကို ပြည့်လျှံသွားပြီး သူ့နှာခေါင်းကို
လာပြီးရန်စနေတော့တာပဲ။ ဝမ်ကျိုက ဂရုတစိုက်နဲ့ ဝါးတူကို ခွဲလိုက်ပြီး သူ့ကို ကမ်းပေးသည်။ "ဒီမှာ ၊ စားကြည့်"
"မင်းမစားဘူးလား?"
"ကျွန်တော် ဗိုက်မဆာဘူး။ တကယ်တော့ ကျွန်တော် ရွှဲကျန်းအတွက်ဝယ်လာတာ။ ရွှဲကျန်းနေ့လည်စာကို အများ
ကြီး မစားထားဘူးလေ,ဟုတ်တယ်မလား?"
"နည်းနည်းပါ" ကျန့်ရှောင်ယဲ့ ထပ်ပြီးတော့ ယဉ်ကျေးမနေတော့။ ဝါးတူကို ယူလိုက်ပြီး ငါးဖတ်တစ်ခုကို ပါးစပ်ထဲ ထည့်လိုက်သည်။ အရသာရှိလှတဲ့ အနှစ်တွေစိမ့်ဝင်နေပြီး
အနံ့အရသာကောင်းမွန်လှပြီး စပ်စပ်လေးဖြစ်အောင် ငရုတ်ကောင်းမှုန့်ဖြူးထားတဲ့ နူးအိနေတဲ့ ငါးရဲ့အရသာက စောက်ရမ်းမိုက်တယ်။
"ငါ ငါးစားတာ မင်းဘယ်လိုသိတာလဲ? ငါမစားတာတွေ အများကြီးပဲလေ"
ဝမ်ကျိုက ပြုံးကာပြန်ဖြေလေသည်။ " ကန်တင်းမှာ ရွှဲကျန်း အရိုးနွှင်ထားတဲ့ငါးအသားပြား မှာနေတာကို ကျွန်တော်တွေ့ခဲ့တာ။ ပြီးတော့ spicy food တွေကိုရောပဲ။ အဲ့တာကြောင့် ရွှဲကျန်း ဒါကိုလည်း ကြိုက်သင့်တယ်နော်"
အဲ့စကားတွေကို ကြားလိုက်ရတဲ့တစ်ခဏ ကျန့်ရှောင်ယဲ့ ကြောင်သွားသည်။ ဝမ်ကျို ပြောင်းလာကတည်းက သူတို့တွေ ၂ခါပဲ ထမင်းအတူတူစားဖူးတာ။ ပထမဆုံး တစ်ခါက ဝမ်ကျို ပြောင်းလာတဲ့နေ့က။ ဒုတိယတစ်ခါကကျတော့ ဒီနေ့နေ့လည်စားစားတဲ့အချိန်က။ ဒါပေမဲ့ ဝမ်ကျိုက သူ ဘာကြိုက်တယ်ဆိုတာကို သိတယ်ပေါ့။
သူ့အဖေကလွဲလို့ ဘယ်သူကမှ သူ့နဲ့ပတ်သတ်တာတွေကို
စိတ်မဝင်စားဖူးဘူးလို့ ခံစားခဲ့ရတာ။
သူ့မှာသူငယ်ချင်းအများကြီးရှိတယ်ဆိုပေမဲ့ သူက တစ်ခြားအိုမီဂါတွေလိုမျိုး သူတို့ ချောင်းဆိုးလိုက်တာနဲ့ လူတွေ
အကုန်ပြေးလာပြီး အဆင်ပြေရဲ့လားဆိုပြီး အမေးခံရတဲ့ နုနုယွယွထိခိုက်လွယ်တဲ့ အိုမီဂါမဟုတ်ဘူးလေ။ လူတိုင်းကတော့ မသိမသာနဲ့ သူ့လိုမျိုး အချုပ်အချယ်ကင်းပြီး
အင်အားကြီးတဲ့ အိုမီဂါမျိုးက တစ်ခြားလူတွေရဲ့ ဂရုစိုက်မှုနဲ့ စိုးရိမ်ပူပန်မှု မလိုအပ်ဘူးလို့ တွေးကြမှာပဲလေ။ ရန်ပွဲမှာ သူထိခိုက်သွားတဲ့အခါမှပဲ သူ့သူငယ်ချင်းတွေဆီက ဂရုစိုက်တဲ့စာလေးတွေလောက်ပဲ သူရခဲ့တာ။
အားနွဲ့တဲ့လူလိုမျိုး ဆက်ဆံခံရတာမျိုးကို သူဂရုကိုမစိုက်ဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သူ့ရဲ့စိတ်က အနည်းငယ် လှုပ်ရှားသွားမိတယ်။
ဒီလိုမျိုး တစ်ခြားတစ်ယောက်ရဲ့ အားပေးခံရတဲ့ ခံစားချက်က.......အရမ်းဆိုးရွားတဲ့ပုံလည်း မပေါ်ပါဘူး။
"ရွှဲကျန်း ၊ အဲ့တာက အရသာမရှိလို့လား?"
သူဖြည်းဖြည်းလေးစားနေတာ မြင်တော့ ဝမ်ကျိုက သူ့ကိုတိုးတိုးလေးကပ်မေးသည်။
ကျန့်ရှောင်ယဲ့: " ကောင်းပါတယ်"
သူခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက် ငါးအသားဖတ်တစ်ဖတ်ကို ယူလိုက်ပြီး ဒီကြီးမားလှတဲ့အချစ်တော်လေးရဲ့ ပါးစပ်ရှေ့တည့်တည့်ကို ထိုးပေးလိုက်သည်။
"ပါးစပ်ဟ"
သူ့ကိုစိတ်ရင်းနဲ့ဆက်ဆံပေးတဲ့လူကို သူဘယ်တော့မှ ဆိုးဆိုးရွားရွား ပြန်ဆက်ဆံမှာမဟုတ်ဘူး။
ဝမ်ကျို ခမျာ ပျော်လွန်းလို့ မျက်ခုံးတွေတောင် ခုံးပြီးမြင့်တက်သွားတော့တယ်။ သူ ပါးစပ်ကို အကျယ်ကြီးဟလိုက်ပြီး အဲ့တာကို တစ်လုတ်တည်းနဲ့ကုန်အောင် စားပလိုက်တယ်။
ကျန့်ရှောင်ယဲ့ တူကိုပြန်ယူလိုက်ပြီး ထပ်စားဖို့ပြင်နေတဲ့အချိန်မှာပဲ သူသဘောပေါက်သွားတယ်။ သူအဲ့တူနဲ့ပဲစားနေတာကို ဝမ်ကျိုကိုလည်း ကျွေးလိုက်သေးတယ်။ ပြီးတော့ သူကိုယ်တိုင် အဲ့တာနဲ့ပဲ စားမိတော့မလို့......သူက hypochondria ဖြစ်နေတာတော့မဟုတ်ပေမဲ့၊ အခု သူ့နှလုံးသားထဲမှာ ထူးဆန်းသလိုကြီးခံစားနေရတာလေ။
(*hypochondria ဆိုတာ ကိုယ်က ရောဂါတစ်ခုခုဖြစ်မနေတာတောင် ဖြစ်နေတယ်ဆိုပြီး စိတ်ကထင်နေတတ်တဲ့ရောဂါပါ။ ဒီနေရာသုံးရမယ်ဆိုရင် တစ်ခုခုကိုသံသယရှိ
ပြီးရွံတတ်တဲ့ပုံမျိုးနေမယ်။ တူတစ်ချောင်းကို အတူတူစားနေတာ ဆိုတော့ အဟိ!)
ဝမ်ကျိုက ကျန့်ရှောင်ယဲ့စားနေတာကို ကြည့်ရင်းထိုင်နေ
သည်။ သူ ဘာကိုအရမ်းပျော်နေမိလဲဆိုတာ သူမသိပေမဲ့ သူ့ နှုတ်ခမ်းထောင့်စွန်းဖျားလေးကတော့ ဘယ်တော့မှ အောက်ကိုမကျတော့ဘူး။(ပြုံးပြုံးလေး)
နေရောင်ကသူအပေါ်ကို ဘောင်ခတ်ထားသလိုမျိုး
ဖြာကျနေပြီး သူ့ဆံပင်အဖျားလေးတွေကဆိုရင် နေရောင်ထဲမှာ ဖြတ် မြင်ရလုနီးနီးတောင်ဖြစ်နေပြီ။ ပုံစံတစ်ခုလုံးက
နွေးထွေးနေသည့်ပုံပေါ်နေသည်။ ဒါပေမဲ့ သူ့အစိမ်းရောင်
မျက်ဝန်းတွေကတော့ နေရောင်ကိုဖြတ်ပြီးတော့ အမှောင်ထဲမှာ တဖျတ်ဖျတ်တောက်ပနေ၏။
သူက လုံးဝ အန ္တရာယ်မရှိတဲ့ ပုံကိုဆောင်နေတော့သည်။
ကျန့်ရှောင်ယဲ့ သူ့ကိုစိတ်မသက်မသာနဲ့ စိုက်ကြည့်လိုက်သည်။ "မင်းမှာဘာမှလုပ်စရာမရှိဘူးလား? ငါ့ကိုပဲ စိုက်ကြည့်နေတော့မှာလား"
ဝမ်ကျိုက စိုက်ကြည့်နေရာကနေ ရုတ်တရက်အသိဝင်သွားတဲ့ပုံပဲ။ ရှက်ကိုးရှက်ကန်းဖြစ်သွားတော့သည်။
"အဲ့တာက မတော်တဆဖြစ်သွားတာပါ။ တောင်းပန်ပါတယ် ရွှဲကျန်း"
"တောင်းပန်ဖို့မလိုပါဘူး။ မင်းကိုယ်လုပ်ရမဲ့အလုပ်ကိုသာ သွားလုပ်စမ်းပါ။ အစားအသောက်အတွက်ကတော့ ကျေးဇူးပဲ"
ကျန့်ရှောင်ယဲ့ ယဉ်ယဉ်ကျေးကျေး ပြောတယ်ဆိုတာ တော်တော်လေးရှားတယ်။
ဝမ်ကျိုက "အမ်း"လို့ အသံပြုလိုက်ပေမဲ့ မရွေ့သွားဘူး။
သူ့ပုံစံက ချိတုံချိတုံဖြစ်နေသလိုပဲ။
အဲ့တာကိုမြင်လိုက်ရတော့ ကျန့်ရှောင်ယဲ့ "ပြောစရာတစ်ခုခုရှိလို့လား" လို့ ပြောလိုက်သည်။
"ဒီအတိုင်းပဲ......အဲ့တာက....." ဝမ်ကျိုက သူ့ရဲ့လက်ချောင်းတွေကို စိတ်မသက်မသာနဲ့ ရွေ့ပြောင်းနေပြီး တိုးတိုးလေးပြောလေသည်။
"ကျွန်တော် ရွှဲကျန်းနဲ့ နည်းနည်းလောက်ပိုပြီးနေချင်လို့ဆိုပေမဲ့ ရှေ့လျှောက် ကျွန်တော့်မှာ အဲ့လိုအခွင့်အရေးမရှိတော့မှာစိုးလို့....."
ကျန့်ရှောင်ယဲ့ အဲ့တာကို ခေါင်းလည်းမညိမ့်နိုင်သလို ခေါင်းလည်းမခါနိုင်ပေ။ "မင်း ဘာကိုပြောချင်တာလဲ?"
"ကျိုးရွေး......ရွှဲကျန်းရဲ့ချစ်သူက ရွှဲကျန်းက သူ့အဆောင်ကို ရက်နည်းနည်းကြာရင် ပြောင်းနေတော့မှာလို့ ပြောတယ်"
ကျန့်ရှောင်ယဲ့ စိတ်ထဲကနေကျိန်ဆဲလိုက်သည်။
ကျိုးရွေးက ဘာမှတောင်မတိုင်ပင်ဘဲ အရင်လုပ်ပလိုက်တယ်ပေါ့*?
ဒါပေမဲ့ အခုတော့ သူ သူ့အရှေ့က ဒီလူကို နည်းနည်းတော့ စစ်မေးချင်သေးတယ်။
"သူက ငါ့ကို ပြောင်းနေခိုင်းမယ်လို့ပြောတော့ မင်း သဘောတူလိုက်လား? မင်း သူ့ကိုပြန်ပြီးတော့တောင် စောဒကမတက်လိုက်ဘူးလား?"
ဝမ်ကျိုက နည်းနည်းမကျေနပ်လိုပုံဖြင့် မော်ကြည့်လေသည်။ "ရွှဲကျန်းပဲ ကျွန်တော့်ကို စကားမပြောနဲ့တော့လို့ ပြောခဲ့တာလေ...."
ကျန့်ရှောင်ယဲ့ သူ ရယ်ချင်နေတာလား ပြန်အော်ပစ်လိုက်ချင်တာလားဆိုတောင် မသိတော့ဘူး။
"မင်းက အရမ်းကို နာခံနေတော့တာပဲ။ တကယ်လို့ မင်းကို ငါက တိုက်ပေါ်ကနေ ခုန်ချလိုက်ဆိုရင် မင်း
အဲ့တာကိုလည်း လုပ်ဦးမှာလား?"
ရှောင်ယဲ့ စိတ်ဆိုးသွားတယ်ဆိုတာကို သိလိုက်ရတော့ ဝမ်ကျို သူ့နှုတ်ခမ်းတွေကို တင်းတင်းဖိကပ်ထားလိုက်သည်။ သူစကားတောင် ထပ်မပြောရဲတော့ဘူး။ အဲ့တာ
ကြောင့် သူ့ကိုပဲ စိုးရိမ်တကြီးနဲ့ ကြည့်နေမိတော့သည်။
ကျန့်ရှောင်ယဲ့ သူ့မှာ ဒေါသထွက်ရမလို ၊ မထွက်မရမလိုနဲ့။
ပြီးတော့ သူဗျစ်တောက်ဗျစ်တောက်ပြောပြီးတဲ့အထိ သူ
ဘယ်လို ပြင်းပြင်းထန်ထန်အသံနဲ့ စကားပြောလိုက်မိတယ်ဆိုတာကို သူသဘောမပေါက်မိသေးဘူး။ သူ့ပုံစံက
အမြဲတမ်း မာန်မာနအပြည့်နဲ့။ သူ သူ့အမှားကို သိတယ်ဆိုရင်တောင် ဝန်ခံပြီး ခေါင်းငုံ့တယ်ဆိုတာ ခပ်ရှားရှားပဲ။ ဒါပေမဲ့ ဒီအချိန်မှာက ဝမ်ကျိုနဲ့ ရင်ဆိုင်နေရတာဆိုတော့ သူ အပြစ်ရှိပြီးတောင်းပန်ချင်တဲ့ ရှားပါးလွန်းတဲ့ စိတ်ဆန္ဒ အသစ်ချက်ချွတ်လေးကို ခံစားလိုက်ရတယ်။
ဒါက အိမ်မွေးတိရစ္ဆာန်ချစ်တဲ့လူတစ်ယောက်ရဲ့ သဘာဝ
ဖြစ်နိုင်တယ်။
"ကျိုးရွေးက ငါ့ရည်းစားမဟုတ်ဘူး" သူပြတ်ပြတ်သားသားပြောလိုက်သည်။
"ငါသူ့ကို နည်းနည်းလေးတော့ကြိုက်တယ်ထင်တယ်။ ဒါပေမဲ့ ငါသူနဲ့တွဲချင်တယ်လို့ ပြောတာမဟုတ်ဘူး။ နောက်တစ်ကြိမ် ဒီလိုမျိုး ထပ်ဖြစ်လာရင် သူ့ကို ငါ့ကို အရင်မေးဖို့ ပြောလိုက်။ အရမ်းကြောက်ပြနေစရာမလိုဘူး။"
ကျန့်ရှောင်ယဲ့ အဲ့တာကိုပြန်စဉ်းစားလိုက်ပြီးတဲ့နောက် ထပ်
ဖြည့်စွက်ပြောလိုက်သည်။ "ဒါပေမဲ့ သူ့ကိုတွန်းအားပေးဖို့တော့ မကြိုးစားနဲ့။ သူက မင်းလောက် လူကောင်ကြီး
ပြီး အရပ်မရှည်ဘူး ဒါပေမဲ့ မင်း သူ့ကိုသေချာပေါက် မနိုင်နိုင်ဘူး။ ငါ မင်းကို ဒီနေ့နေ့လည်က စကားမပြောစေချင်ဘူးဆိုတာ မင်းကို ဆူနေတာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ မင်းကို သူ့ကိုရန်မစစေချင်လို့။ အရင်တစ်ခေါက်တုန်းက ဘက်စကက်ဘောနဲ့ အရိုက်ခံလိုက်ရတာကို မင်းမေ့သွားပြီလား?"
ဝမ်ကျိုက အဲ့တာကိုကြားတော့ ခဏလောက်ရပ်သွားသည်။
ပြီးနောက် ဆက်ပြောလေသည်။ "အဲ့ဒီ့တော့ ရွှဲကျန်းက ကျွန်တော့်ကို အရမ်းဂရုစိုက်တာပဲ....."
ကျန့်ရှောင်ယဲ့: " မင်းအခုမှ တကယ်ကြီးသိတော့တာပဲ။"
ဝမ်ကျိုက လက်သင့်ခံနိုင်စွမ်းက တကယ့်ကို အံ့သြစရာပဲ။(အကောင်းအရမ်းမြင်၊ အရာရာကို လက်သင့်ခံနိုင်)
သူက ချက်ချင်းကိုပဲ တက်ကြွနေတဲ့ အိမ်မွေးခွေးလေးပုံစံကို ပြောင်းသွားတော့တာပဲ။ ကွာခြားချက်ဆိုလို့ ခုန်ပြီးတော့ ကျန့်ရှောင်ယဲ့ရဲ့ပါးစပ်ကို လျှာနဲ့မလျှက်တာပဲရှိတယ်။
"အဲ့တာက ကျွန်တော့မှာ အခွင့်အရေးရှိသေးတယ်လို့ ဆိုလိုတာလား? ကျွန်တော်ရှစ်စွမ်းကို လိုက်လို့ရသေးလား? "
သူ့ကိုအဲ့တာကို ပြောလိုက်မိတာ ကျန့်ရှောင်ယဲ့ နောင်တရသွားတယ်။ အခုပဲ ဝမ်ကျိုက ခေါင်းမာနေပြီ။ သူ သူ့ကို စိတ်ရှုပ်ရှားလွန်းလို့ ဟောင်အောင်တောင် လုပ်မိသွားပြီ။
သူ အေးတော့မဲ့ ငါးဟင်းကိုပဲ ပြန်စ စားလိုက်သည်။
ဒါက တကယ့်ကို အရသာရှိတာပဲ။ ဒီခွေးရူးလေးက သုံးစားမရတာတော့ မဟုတ်တဲ့ပုံပဲ။
Learn Idioms with ShaoWang!
*Decapitate first and then present trophy: အရင်လုပ်ပြီး နောက်မှပြန်ပြောတာပါ။
T/N
မနေ့က တစ်ရက်နားလိုက်မိတယ်။ ဟီးဟီး