ပြန်လည်မွေးဖွားလာသော အမြှောက်...

By CharmZoey

154K 18.3K 198

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... More

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ

543 89 3
By CharmZoey

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး

အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ

ထောင်မု အဲ့လောက်ထိသိနေလိမ့်မယ်လို့ ယောင်ရှန်အန်းမမျှော်လင့်မိခဲ့ပေ။ သူထင်ထားတာက စုန့်တောက်ကျန့်ရဲ့ စရိုက်နဲ့ဆို သက်ဆိုင်မှုမရှိတဲ့ ဂျူနီယာတစ်ယောက်ဆီ အတိတ်က ရန်ပွဲတွေအကြောင်းမပြောပြလောက်ဘူးလို့။ ဒါပေမယ့် ထောင်မု သိနေတယ်ဆိုရင်တောင်, ဘာမှပြောင်းလဲလို့ မရဘူးလေ: "အရင်က ဖြစ်ခဲ့တဲ့ကိစ္စတွေက အချိန်ရဲ့ နောင်တတွေနဲ့ပဲ ကျန်နေခဲ့ပြီ။ စုန့်မိသားစုမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်တော့ ငါလည်းတကယ်ဝမ်းနည်းမိပါတယ်၊ ဒါပေမယ့်, လူငယ်တွေဆိုတာ အနာဂတ်ကို မျှော်ကြည့်ဖို့လိုသေးတာဆိုတော့ အတိတ်ကို အတိတ်မှာပဲထားခဲ့ဖို့လိုတယ်။ အကယ်လို့ တောက်ကျန့်သာ မင်းကို တကယ့်​မြေးအရင်းတစ်ယောက်လို ချစ်တယ်ဆိုရင် မင်းကိုယ်မင်း ဘဝင်လေဟပ်ပြီး မဖြစ်နိုင်တဲ့အရာအပေါ် ကြိုးပမ်းနေအောင် မမြှောက်ပေးသင့်ဘူး။ လက်ရှိ မင်းရဲ့ အရည်အချင်းအရဆို, ရှန်အန်းအုပ်စုနဲ့ ထိပ်တိုက်တွေ့တာက ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်နေသလိုပဲဖြစ်နေမှာ။ လူငယ်လေး, မင်းက တကယ်အရည်အချင်းရှိတယ် ငါလည်း မင်းအပေါ်မှာ ကောင်းတဲ့စိတ်ပဲရှိတာ။ ငါအကြံပေးချင်တာက မဖြစ်နိုင်တဲ့အရာတွေကို ကြိုးစားလုပ်နေဖို့ပဲ။"

ထောင်မု ခပ်လှောင်လှောင်ပြုံးလိုက်သည်။ စုန့်တောက်ကျန့်က ရှန်အန်းအုပ်စုနဲ့ ရင်ဆိုင်ဖို့ သူ့ကိုမြှောက်မပေးသလို အတိတ်က ကိစ္စတွေလည်း ပြောမပြခဲ့ဘူးဆိုတာကိုတော့ ယောင်ရှန်အန်းကို ရှင်းပြမနေတော့။ ယောင်ရှန်အန်းလို့ ကိုယ့်တစ်ဖို့ပဲ ကြည့်တတ်တဲ့လူတစ်ယောက်က, လူအိုကြီးစုန့်မှာ ဘယ်လိုဖြောင့်မတ်တဲ့ အကျင့်စရိုက်ရှိလဲဆိုတာ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူးလေ။

ထောင်မုက ယောင်ရှန်အန်းရှေ့မှာ သူ့အဖိုးရဲနာမည်ကို ထည့်ပြောဖို့တောင် ပျင်းနေခဲ့သည်။ စကားပုံတွေမှာ ပြောထားသလိုပဲ, ကိုယ်နဲ့ လမ်းကြောင်းချင်းမတူတဲ့လူတွေနဲ့ အလုပ်တွဲလုပ်ဖို့ မကြိုးစားနဲ့တဲ့။ ယောင်ရှန်အန်းရှေ့မှာ သူ့လူအိုကြီးရဲ့ နာမည်ကိုထည့်ပြောနေတာကတင် လူအိုကြီးအပေါ်အပြစ်လုပ်မိသလို ခံစားရသည်။

"မစ္စတာယောင်အနေနဲ့ ဒီလိုမပြတ်မသား အကြံပြုချက်လေးအနည်းငယ်နဲ့ Flynews, Night နဲ့ ယွီရှောင်းမီဒီယာတွေကို ကြားဝင်စေ့စပ်ပေးနိုင်မယ်လို့ ထင်နေတာတော့မဟုတ်ပါဘူးနော်?" ထောင်မု မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး ခပ်ရိုင်းရိုင်းသရော်ပြုံးပြုံးလာသည်: "ကျွန်တော် တစ်ခုလောက် သတိပေးမယ်နော်, ဒီနေရာကပေကျင်း, ပြီးတော် အခုက ၂၀၀၈ခုနှစ်ရောက်နေပြီဗျ။ စီးပွားရေးလာလုပ်တဲ့လူအကုန် ဥပေဒေကို လိုက်နာပြီးနေထိုင်ရမှာ။ ဆွေးနွေးတဲ့နေရာမှာ ဇာတ်လမ်းတွေပြောပြီး အတိတ်ကိုလွမ်းပြနေတာက ကောင်းတဲ့ အမူအကျင့်တော့ ဟုတ်မနေဘူးပဲ"

"အချိန်က တန်ဖိုးရှိလွန်းတယ်လေ။ ကျွန်တော်တို့ ဆွေးနွေးပွဲကို နှစ်​ဖက်ရှေ့နေတွေဆီပဲ လွှဲပေးလိုက်တာမကောင်းဘူးလားလို့ပါ"

ယောင်ရှန်အန်းရဲ့ မျက်နှာအမူအရာက နည်းနည်းမှုန်ကျသွားတယ်: "အသက်ငယ်ငယ်လေးနဲ့ လျှာစောင်းထက်လှချည်လားကွ"

"မစ္စတာယောင်လည်း ဖြတ်လတ်နေတုန်းပါပဲ။ ပြီးတော့ ခင်ဗျားလည်း အသက်ဖြင့်ကြီးနေပြီကို ဆူဆောင့်ပြီးပြောနေတာပဲမဟုတ်လားဗျ?" ထောင်မုကတော့ ပါးကိုက်နားကိုက် ပုံစံနဲ့ပဲ ပြန်ဖြေ​လိုက်သည်။ ယောင်ရှန်အန်းနဲ့ အရည်မရအဖတ်မရတွေ ဆက်မပြောချင်တော့တာကြောင့် ညှိနှိုင်းတဲ့ကိစ္စကို စိတ်အားထက်သန်နေတဲ့ သူ့ရဲ့ရှေ့နေကျိုးဆီပဲ တိုက်လိုက်လွှဲပေးလိုက်ပြီ။

"မင်္ဂလာပါ ဥက္ကဌယောင်" , ရှေ့နေကျိုးက သူ့ရဲ့ ဘောင်မခတ်ထားတဲ့မျက်မှန်ကို နှာတံပေါ်ပင့်တင်လိုက်ပြီး, ယဥ်ကျေးတဲ့ အမူအရာနဲ့ပဲ "ကျွန်တော်ကတော့ Nightရဲ့ ပိုင်ရှင် လျှို့ယောင်နဲ့ Flynewsရဲ့ သူ​ဌေးထောင်တို့ ခန့်အပ်ထားတဲ့ တရားရှေ့နေပါ။ ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေမှာ ကျွန်တော့်အမှုသည်တွေအတွက် တရားမျှတမှုနဲ့ လိုအပ်တာတွေရနိုင်ဖို့ အခိုင်အမာလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ခင်ဗျားရဲ့မြေး ယောင်ဝမ်ရှောင်း, ယွီရှောင်းသတင်းဌာနရဲ့ တရားဝင် တာဝန်ရှိသူအဖြစ်ဆောင်ရွက်နေတဲ့သူက, အောက်တိုဘာ ၃ရက်, ၂၀၀၈ခုနှစ်မှာ XXအပတ်စဉ်လိုမျိုး မဂ္ဂဇင်းတိုက်, သတင်းစာတိုက် ဆယ်ခုမကကို တိတ်တဆိတ်ဆက်သွယ်ပြီး ကျွန်တော့် အမှုသည်တွေအပေါ် အသရေဖျက်ဖို့အတွက် သတင်းအမှားတွေထုတ်ပြန်ဖို့အတွက် လာဘ်ထိုးငွေတွေ ပေးအပ်ခဲ့တယ်။ အဲ့ကိစ္စကြောင့် ကျွန်တော့် အမှုသည်တွေဖြစ်တဲ့, Flynewsနဲ့ Night ကလပ်ရဲ့ ဂုဏ်သိက္ခာပိုင်းရော စီးပွားရေးကဏ္ဍမှာပါ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ယွီရှောင်းနဲ့ Flynews ကြားက စီးပွားရေးချဲ့ထွင်မှုက တူညီတာတွေအများကြီးရှိတာကြောင့် ယွီရှောင်းမီဒီယာက မမျှမတ ယှဉ်ပြိုင်နေတယ်လို့ သံသယဝင်စရာ အကြောင်းအရာတွေလဲ လုံလုံလောက်လောက် ရှိပါတယ်ခင်ဗျ။ ယွီရှောင်းသတင်းဌာန အပါအဝင် လာဘ်ငွေယူထားတဲ့ ​ဒါဇင်နဲ့ချီတဲ့ သတင်းဌာနတွေက မြို့သူမြို့သားတွေကို သတင်းအမှားတွေတင်ဆက်ခဲ့ပြီး, ရလာဒ်အဖြစ် အင်တာနက်ပေါ်ကနေ တိုက်ခိုက်မှုတွေကြုံခဲ့ရတာကြောင့် ကျွန်တော့် အမှုသည်တွေအပေါ် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကျရောက်ခဲ့ပါတယ်။ ဒါကြောင့်, ကျွန်တော်တို့ဖက်ကနေ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက် နစ်နာကြေးစုစုပေါင်း သန်း ၁၆၀ တောင်းဆိုချင်ပါတယ်..."

​ရှေ့နေကျိုးက သေချာ​ပြင်ဆင်လာ​ခဲ့ပြီး အသေးစိတ်ကျတဲ့ တိုက်ခိုက်မှုလုပ်နိုင်ခဲ့သည်။ နောက်ဆုံး, သူ မတန်တဆစျေး တောင်းခံပြီး, ယွီရှောင်းသတင်းဌာနဘက်ကနေ တရုတ်ငွေ သန်း၁၆၀ကို နစ်နာကြေးအဖြစ်တောင်းဆိုလိုက်သည်။ ယောင်ဝမ်ရှောင်း ငှားထားတဲ့ ရှေ့နေကတောင် လန့်ဖြန့်သွားသည်။

"ဘယ်လိုဟာသမျိုးလဲ။ ထောင်မျိုးရိုးနဲ့ တစ်ယောက်, မင်းဘဝမှာ သန်း၁၆၀တောင် မြင်ဖူးရဲ့လားဟမ်? အဲ့တာက ဘယ်လောက်လဲဆိုတာရော သိရဲ့လား? ဘယ်လို လောဘမျိုးနဲ့များ သန်း၁၆၀တောင်းရဲတာလဲ, မင်း, ငါ ယောင်ဝမ်ရှောင်းကို, အရူးလို့သဘောထားနေတာလားကွ?" သူ့အဘိုးကြောင့် သိပ်မပြောဘဲနေနေတဲ့ ယောင်ဝမ်ရှောင်းတစ်ယောက် ဆက်သည်းမခံနိုင်တော့ဘူးထင်ပါရဲ့။ သူ့ရဲ့ နေကာမျက်မှန်ကြီးကို ချွတ်ပြီး ထောင်မုကို လှောင်ထေ့ပြီးလာပြောနေတာ။

ယောင်ဝမ်ရှောင်းရဲ့ ရှေ့နေလဲ မနေနိုင်လို့ဝင်ပြောရပြီ: “ရှေ့နေကျိုးခင်ဗျ, ကျွန်တော့ဘက်က ရိုးရိုးသားသားနဲ့ တရားခွင်ပြင်ပမှာ ဖြေရှင်းဖို့လုပ်နေတယ်ဆိုတာ သတိပေးပရစေနော်။ ခင်ဗျားတို့ဘက်ကလည်း တရားရုံးမှာမဖြေရှင်းချင်ဘူးဆိုလဲ, အဲ့လိုပုံစံနဲ့အညီလေး ရိုးသားပေးပါ။ ယွမ်သန်း ၁၆၀တောင်းတဲ့ကိစ္စကိုတော့ ကျွန်တော်တို့ဘက်က လုံးဝလက်မခံနိုင်ပါဘူး။ ဒီအမှုကို တရားခွင်မှာ ဆုံးဖြတ်ရင်တောင်, ဒီလို ပမာဏကိုတော့ ခွင့်ပြုမှာမဟုတ်ဘူးနော်။ တကယ်ဆို ခင်ဗျားတို့ဘက်ကိုပေးမယ့် နစ်နာကြေးက ငါးသန်းအထိတွက်ထားတာပါ။"

ယောင်ဝမ်ရှောင်းရဲ့ ရှေ့နေက စကားပြောပြီးတာနဲ့ သူ့မျက်နှာပေါ်မှာ အထင်သေးတဲ့အမူအရာပေါ်လာခဲ့သည်။ ကျိန်းသေပေါက်ကို သူ့ဘက်ကနေ ထောင်မုက အရမ်းလောဘကြီးတယ်လို့ထင်နေမှာပေါ့။ Flynewsနဲ့ Nightနှစ်​ခုပေါင်းလိုက်ရင်တောင် , ဒီလောက်မ​တန်နိုင်ဘူးလေ။ သူက ငါးသန်းနဲ့တင် ဒီအမှုကို နိုင်လောက်မယ်လို့ ယုံကြည်နေတာ။

"ကျွန်တော်သိရသလောက်, ​ဒီကိစ္စမဖြစ်ခင်, Nightက ဒီတိုင်း ပေကျင်းက သာမန် ကလပ်လေးတစ်ခု, နေရာအကန့်အသတ်နဲ့ရှိပြီးတော့, ညတိုင်းလာရောက်သူက ၇၀%အောက်မှာပဲ ရှိနေတာ။ ပြီးတော့ စတည်ထောင်တာ ၃လပဲရှိသေးတဲ့ အင်တာနက်ကုမ္ပဏီအသစ်လေး Flynews။ ဒါပေမယ့် ကိစ္စလည်းဖြစ်ပြီးရော, ညတိုင်း Nightကို လာတက်တဲ့ ဧည့်သည်ပမာဏက အရင်လကြာချိန်အတွင်းမှာပဲ ၃၀၀%တောင် ထိုးတက်သွားတယ်, ပြီးတော့ Flynewsမှာလဲ အကောင့်ဖွင့် သုံးစွဲသူအရေအတွက်က သန်း၈၀ကိုကျော်လွန်ပြီး ဝဘ်ဆိုဒ်ရဲ့ ကျော်ကြားမှုကလဲ အရမ်းကောင်းကောင်း တိုးတက်လာတယ်။ ဒါ​ဖြင့် ခင်ဗျားပြောတဲ့ ‘သတင်းအမှားကြောင့် ဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ စီးပွားရေးဆုံးရှုံးမှု’ဆိုတာက ဟုတ်မနေဘူးပဲ။ တိတိကျကျပြောရရင်, အဲ့တာက ကျွန်တော့်အမှုသည်နဲ့ ဒါဇင်သော သတင်းဌာနတွေရဲ့ မြန်ဆန် ဖျတ်လတ်တဲ့ တင်ဆက်မှုတွေကြောင့်သာ Nightနဲ့ Flynewsက အခုလိုမျိုး ကျော်ကြားမှုကို ပိုင်ဆိုင်ထားနိုင်တာလေ"

"ဒါက နဲနဲတော့ ကြမ်းတမ်းပြီး မကောင်းတဲ့ပုံစံနဲ့ နာမည်ထွက်တာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် ရလဒ်က ကောင်းမွန်နေဆဲပဲလေ။ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေစေနိုင်ပဲ စီးပွားရေးပဲကို။ ဒါကြောင့် ခင်ဗျားတို့ဘက်က စွပ်စွဲထားတဲ့ မမျှမတ ယှဉ်ပြိုင်တယ်ဆိုတဲ့ ခေါင်းစဉ်ကလည်း အကြုံးမဝင်ဘူး။ ကျွန်တော်တို့ဘက်ကတော့ မစ္စတာလျှို့ယောင်နဲ့ မစ္စတာထောင်မုတို့ကို စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုအတွက်ပဲ နစ်နာကြေး ၅သန်းပေးနိုင်မယ်။"

ထောင်မု သူမျက်ခုံးကိုပဲ ​ကုတ်လိုက်တော့သည်။ ထင်ထားသလိုပဲ, ရှေ့နေတစ်ယောက်ဖြစ်ဖို့ စာနာစိတ်ကင်းကင်းနဲ့ အမည်းကို အဖြူလုံးလုံးဖြစ်အောင် ပြောနိုင်ဖို့လိုတာပဲ။ အဲ့လူပြောတာတွေကို သူတောင်ယုံမိတော့မလို့။

ရှန်အန်းအုပ်စုရဲ့ ဝတ်လုံတော်ဖြစ်ဖို့ ထိုက်တယ်ပါပေတယ်။ သူက အလိမ်အညာတွေကို အမှန်တရားအတိုင်းပဲပြောသွားလိုက်တာများ။ ဒီလောက် သရုပ်ဆောင်ကောင်းနေရင် ဘာလို့များ ရှေ့နေလုပ်သေးလဲ! အရည်အချင်းတွေ နှမြောစရာ။

ယောင်ဝမ်ရှောင်းကတော့ ဆက်ပြီး သရော်နေတုန်းပဲ, ဘဝင်လေဟပ်နေတဲ့ ပုံစံနဲ့ ထောင်မုရယ် တခြားလူတွေရယ်ကို လက်ညို့ကြီးထိုးပြီး: "မင်းတို့ကြားလိုက်ကြလား, ငါက လူငှားပြီး မင်းတို့နာမည်ကြီးလာအောင် သတင်းရေးခိုင်းလိုက်တာလေ။ ငါ့ကိုတောင် ကျေးဇူးတင်ရဦးမှာ, မင်းက MBတစ်ယောက်ဆိုတာကို ငါသာသတင်းမရေးခိုင်းခဲ့ရင်, Flynewsနဲ့ Night က လက်ရှိလုပ်ငန်းတွေကို ဘယ်လိုလုပ်ရ—"

သူစကားပြောလို့မပြီးခင်, "ဘမ်း"ဆိုတဲ့ အသံကျယ်တစ်ခုကြားလိုက်ရသည်။ ဘေးမှာထိုင်နေပြီး တစ်ခွန်းမှ ဝင်မပြောခဲ့တဲ့, လျှို့ယောင်ဆီကနေ, ဒေါသထွက်နေတဲ့ မျက်နာအမူအရာနဲ့ အေးစက်နေတဲ့လေသံဖြင့်: "မစ္စတာယောင်ခင်ဗျ၊ စကားပြောတဲ့အခါ လေးစားမှုလေးထားပေးရင်ကောင်းမယ်နော်။ ဒီနေရာက ပေကျင်းလေ, ခင်ဗျားအိမ်မဟုတ်ဘူး"

လျှို့ယောင်ရဲ့ ရန်လိုတဲ့အငွေ့အသက်နဲ့ အဟန့်ခံလိုက်ရတဲ့ ယောင်ဝမ်ရှောင်းကတော့, ရေခဲရိုက်ခံရတဲ့ ခရမ်းသီးလို ပါးစပ်ပိတ်သွားတော့သည်။

ယောင်ရှန်အန်းကတော့ လျှို့ယောင်ရဲ့အပြုအမူတွေကို အေးဆက်ဆက်ကြည့်လာပြီး, အပြုံးနဲ့ သတိပေးလာသည်: "သူဌေးလျှို့ကိုလည်း ဒါက ဆွေးနွေးမှုစားပွဲ၊ မင်းရဲ့ Nightမှာ မဟုတ်ဘူးလို့ သတိပေးချင်တယ်။ စီးပွားရေးလုပ်ရင်, လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လိုက်နာရမယ်လေ, အဲ့တော့ မင်းတို့လို လမ်းပေါ်ကလူတွေသုံးနေကြနည်းတွေကို ထုတ်သုံးဖို့မစဉ်းစားနဲ့"

ထောင်မုကို အသရေဖျက်ဖို့ ယောင်ဝမ်ရှောင်းက သူ့ပတ်ဝန်းကျင်ကလူတွေကို လိုက်စုံစမ်းခဲ့သည်။ ယောင်ရှန်အန်းကလည်း သဘာဝကျကျပဲ လျှို့ယောင်ရဲ့ အတိတ်ဇာတ်ကြောင်းတွေကို သိနေခဲ့သည်။ ဒီအကြောင်းတွေကို ဒီနေရာမှာပြောတာကလည်း တစ်ခြားသူတွေ မျက်နှာပျက်ရအောင် လုပ်ချင်တာကြောင့်ပင်ဖြစ်သည်။

လျှို့ယောင်က သရော်လိုက်တယ်, သူရဲ့ ထူထဲတဲ့ မျက်ခုံးမွှေးတွေကတောင် ရန်လိုစိတ်ကိုဖော်ပြနေခဲ့သည်: "ကျွန်တော်တို့က စီးပွားရေးကို သမာသမတ်ကျကျပဲ လုပ်ခဲ့တာပါ။ စည်းမျဉ်းတွေကို နားမလည်တာ ခင်ဗျားတို့ပဲလေ။ မစ္စတာယောင်တောင် အိုလာပြီပဲ။ ဒါကြောင့် ဦးနှောက်က သိပ်အလုပ်မလုပ်တော့တာဖြစ်မယ်။ ဒါပေမယ့် သူများမျက်ချေးပဲလိုက်မြင်နေလို့မရဘူးလေဗျာ"

တစ်ခြားတစ်နည်း​နဲ့ပြောရရင်, ခင်ဗျားက သောက်ကန်းပဲ!

ယောင်ရှန်အန်းရဲ့ အမူအရာက အေးစက်လာသည်။ သူက စိတ်မဝင်စားတဲ့ပုံနဲ့, "တကယ့်ကို ရိုင်းစိုင်းတဲ့လူပဲ"

ထောင်မုကတော့ သက်ပြင်းဖွဖွလေးချလိုက်ပြီး ရှေ့နေကျိုးကိုသာ မေးလိုက်သည်: "သူတို့က တရားခွင်ပြင်ပ ညှိနှုင်းမှုမှည ကျွန်တော့်ကို စကားလုံးတွေနဲ့ တိုက်ခိုက်နေတုန်းပဲ။ ကျွန်တော့် ကိုယ်ပိုင်အကျင့်ကိုတောင် အပြစ်တင်လိုက်သေးတယ်။ ဒီနူးညံ့တဲ့ နှလုံးသားလေးက ထပ်ပြီး လက်မခံနိုင်တော့ဘူးထင်တယ်။ နစ်နာကြေးကို ထပ်ပြီးတောင်းဆိုလို့ ရမလားဟင်?"

"ဒါပေါ့" ရှေ့နေကျိုးက ခေါင်းညိမ့်ပြီး စိတ်အားထက်သန်စွာနဲ့: "တစ်ဖက်လူရဲ့ မသမာတဲ့ ဆွေးနွေးညှိနှိုင်းပုံကြောင့် မင်း နှလုံးရှော့ခ်ရသွားတယ်ဆိုရင်, သူတို့ကို ပုဂ္ဂိုလ်ရေးထိခိုက်မှုနဲ့ပါ တရားဆွဲနိုင်ပါတယ်"

ထောင်မုကတော့ နောင်တကြီးစွာနဲ့ သူ့ပုခုံးကိုတွန့်ပြရုံသာတတ်နိုင်တော့သည်။ သူ့မှာ နှလုံးရောဂါမရှိဘဲ ကျန်းမာနေတာကိုပဲ သနားမိလာပြီ။

ယောင်ဝမ်ရှောင်း လှမ်းသရော်သည်: "နှလုံးရှော့ခ်ရတယ်? ဘာလို့များ မင်းကစိတ်မနှံ့တာပါလို့ တန်းမပြောတာလဲ? အမှန်တစ်ခုပြောပြမယ်နော်၊ ငါရင်ထဲမှာ မင်းက ငါးသန်းပဲတန်တာကွာ။ မင်းသာ ​ညှိနှိုင်းမှုကို လက်ခံရင်, ဒီပိုက်ဆံတွေကို မင်းရဲ့ ဆေးဖို့ကုန်ကျငွေအဖြစ်သဘောထားပေးမယ်။ ​ပြန်သွားပြီး ဦးနှောက်ကောင်းအောင် သစ်ကြားသီးနည်းနည်းဝယ်စားလိုက်လေနော်။ နောက်ကျရင်, မထိသင့်တဲ့လူတွေစီသွားပြီး စိတ်ထင်တိုင်းပြဿနာမရှာနဲ့တော့။ မင်းကများ ငါ့ဆီကနေ သန်း ၁၆၀တောင်းရဲတယ်? မင်းကိုယ်မင်း အဲ့တောင်တန်ရဲ့လားလဲ ပြန်ကြည့်—"

"သူကထိုက်တန်တာပေါ့" အသံတစ်သံက ယောင်ဝမ်ရှောင်းစကားပြောနေတုန်း ဖြတ်ပြီးထွက်ပေါ်လာဖြင်းပင်။ လူတိုင်းက အသံလာရာဆီလှမ်းကြည့်လိုက်တော့ တန်ဖိုးကြီးလှပါချည်ရဲ့ဆိုတဲ့ သီးသန့်ခန်းတခါးက တွန်းဖွင့်ခံထားရပြီး ခရီးကတန်းလာရလို့ ဖုန်တွေပေနေတဲ့ ပုံစံနဲ့လူ​တစ်ယောက်က တံခါးရှေ့မှာရောက်ရှိနေသည်။ ထိုလူက အရပ်မြင့်ပြီး ချောမောခန့်ညားသည်။ အထက်တန်းစား လက်ချုပ်သိုးမွှေးကုတ်ကို အောက်က အနောက်တိုင်းဝတ်စုံပြည့်နဲ့ဝတ်ထားတာကြောင့် နိုင်ငံတကာ စီးပွားညှိနှိုင်းရေးပွဲကနေ တန်ရောက်လာတယ်လို့ပင်ထင်ရနိုင်သည်။ သူ့နောက်မှာတော့ အနောက်တိုင်းဝတ်စုံ, လယ်သာဖိနပ်နဲ့ လက်ဆွဲသေတ္တာတွေအထိ အပြည့်ကိုင်ထားတဲ့ အဆင့်မြင့် ဝတ်လုံတော်အတန်းလိုက်ကြီးရှိနေသည်။ သို့ပေမဲ့ ထို ဝတ်လုံတော်အများစုက ဆံပင်နဲ့ မျက်လုံးအရောင် အဖြူမဟုတ်တဲ့ နိုင်ငံခြားသားများဖြစ်— ရှောင်းဟန်လုပ်ငန်းက လစာကောင်းကောင်းနဲ့ ခန့်အပ်ထားတဲ့ ညှိနှိုင်းရေးပညာရှင်တွေ၊ တစ်နာရီကို ဒေါ်လာ ၂,၀၀၀လောက်ရတဲ့ နိုင်ငံတကာ ပထမတန်းစား ရှေ့နေတွေ, ဟောင်ကောင်ထဲမှာပဲ စီးပွားရေးဥပဒေကို အထူးပြုယူထားကြ​တဲ့လူတွေရောပဲ။

ထိုလူက သီးသန့် အခန်းထဲဝင်ရောက်လာပြီး သူ့ကို အံ့ဩတကြီး ငေးကြည့်နေတဲ့ ထောင်မုကို ခေါင်းငြိမ့်ပြလိုက်သည်။ ပြီးတော့မှ ယောင်ဝမ်ရှောင်းကိုပြန်ကြည့်လိုက်သည်, ဒီတစ်ခါမှာတော့, သူ့မျက်နှာ အစိတ်အပိုင်းတွေက ပိုအေးစက်ပြီး ခက်ထန်လာသည့်ပုံပင်။

" ကျွန်တော့်ရဲ့ စီးပွားဖက်အဖြစ်နဲ့ စီစစ်ရေးခေါင်းဆောင်​အနေနဲ့ လုပ်ကိုင်နေတဲ့ မစ္စတာထောင်မုက ရှောင်းဟန်လုပ်ငန်း ​နိုင်ငံတကာရေနံစျေးကွက်ထဲကို စတင်ထိုးဖောက်လာတဲ့အချိန်ထဲက ရှောင်းဟန်ရဲ့ အရောင်းအဝယ်တွေကို အဝေးကနေ လမ်းညွန်ထိန်းညှိပေးဖို့ တာဝန်ယူခဲ့တာ။ အခုတော့ ခင်ဗျားတို့ မီဒီယာတွေကို လာဘ်ထိုးပြီး သတင်းအမှားတွေထုတ်လိုက်လို့ ကျွန်တော့်ပါတနာဆီမှာ ဂုဏ်သိက္ခာပိုင်းရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုအပြင်းအထန်ဖြစ်ခဲ့ရတယ်။ ပြီးတော့ နောက်ဆက်တွဲအနေနဲ့ သူ့မှာ ရှယ်ယာစျေးကွက်တွေ​အပေါ် သေချာအာရုံစိုက်ပြီးမလုပ်နိုင်တော့ဘူး။ ဒီက ရှောင်းဟန်လုပ်ငန်းအတွက် ဆုံးရှုံးမှုအများကြီးဖြစ်သွားစေခဲ့တယ်"

"ဥက္ကဌယောင်၊ ကျွန်တော်မှတ်မိသလောက်ဆို ရှန်အန်းအုပ်စုက ဟောင်ကောင် ထိပ်သီးစာရင်းထဲ ရှိနေတယ်ဆို?" လီရှောင်းဟန်က ရုတ်တရက် ယောင်ရှန်အန်းဖက်ကို လှည့်ကြည့်လာပြီး: "မကြာခင် ကျွန်တော့်ရဲ့ ရှေ့နေအဖွဲ့က ပူးပေါင်းရေးကိစ္စတွေအတွက် လာရောက်ဆွေးနွေးပါလိမ့်မယ်။ အကယ်လို့ နှစ်ဖက်စလုံးက ဆွေးနွေးဖို့ စိတ်မပါတာ— အတိအကျပြောရရင် ခင်ဗျားရဲ့ ညှိနှိုင်းမှု နည်းလမ်းက ကျွန်တော့်အတွက် စိတ်တိုင်းကျစရာမဖြစ်ဘူးဆိုတာမျိုးဖြစ်ခဲ့ရင် ရှောင်းဟန်လုပ်ငန်းအနေနဲ့ ကျွန်တော်တို့အတွက် တရားမျှတမှုကို ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ အသုံပြုသွားရပါလိမ့်မယ်။"

"ကျွန်တော်ပြောချင်တာကတော့ ဒီလောက်ပါပဲ, ခင်ဗျားအနေနဲ့ စကားတစ်ခွန်းကို သေချာမစဉ်းစားဘဲမပြောဖို့ မျှော်လင့်ပါတယ်"

ယောင်ရှန်အန်းရဲ့ အိုမင်းနေတဲ့ကြီးကတော့ ပိုတောင် မဲပြီး မှုန်ကျသွားသည်, သူက သူ့ရှေ့ကလူကို အံ့ဩတကြီးနဲ့ လှမ်းကြည့်လာပြီး: "လီရှောင်းဟန်!"

ရှောင်းဟန်လုပ်ငန်းရဲ့ ပဲ့ကိုင်ရှင်, လီမိသားစုရဲ့ သားတစ်ဖြစ်လဲ မျက်မှောက်ခေတ် မျိုးဆက်ရဲ့ ပြောရေးဆိုဆိုခွင့်ရှိတဲ့သူ။ ဆိုးသွမ်းတဲ့ သူဌေးသားသမီးတွေနဲ့မတူဘဲ လီရှောင်းဟန်က နိုင်ငံတကာ​ငွေကြေးစျေးကွက်မှာ ရရှိထားတဲ့နေရာက လီမိသားစုထက်ပင် မြင့်မား​သည်။ ဒီအကြောင်းကြောင့်ပဲ လီမိသားစုရဲ့ အကြီး​အကဲတွေက လီရှောင်းဟန်ကိုဆို ဖိအားမပေးရဲကြခြင်းဖြစ်သည်။

ထောင်မုနဲ့ လီရှောင်းဟန်က ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာ ယောင်ရှန်အန်း သိနေပေမယ့် လီရှောင်းဟန်က ထောင်မုအတွက်နဲ့ ဒီလိုဆန်ကျင့်ပြီး ပြောလာလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့မိချေ။

"လီသခင်လေး၊ ငါမင်းအဖေကိုသိပါတယ်။ ငါတို့ မိသားစုတွေက အချင်းချင်း သူငယ်ချင်းလိုတောင်သတ်မှတ်လို့ရနေတာ။ နားလည်မှုလွဲနေတာရှိ​ရင် ဆွေးနွေးလို့ရနေတာပဲလေ။ အရမ်းကြီး တင်းမာနေဖို့မလိုပါဘူး" လီရှောင်းဟန်ရဲ့ နိုင်ငံတကာ ရှယ်ယာစျေးကွက်မှာ လုပ်ကိုင်တဲ့အရည်အချင်းနဲ့ အခုလေးတင် သူတို့အပေါ်ဖော်ပြတဲ့ အမူအကျင့်ကြောင့် ယောင်ရှန်အန်းက လီရှောင်းဟန်ကို ဖြောင်းဖြတာတောင်မလုပ်နိုင်ပဲ ပြုံးပြပြီး သတိထားဆက်ဆံနေရပြီ။

ရှန်အန်းအုပ်စုကလည်း ထိပ်တန်းစာရင်းဝင်ဆိုပေမယ့်, သူတို့လို ထုတ်ကုန်ပိုင်းကလူတွေက ရှယ်ယာ စျေးကွက်ကစားသမားတွေနဲ့ သွားယှဥ်ရင် ဘဝပျက်ကုန်မှာလေ။ ယောင်ရှန်အန်းလဲ ဒါကိုသေချာသိတာပေါ့, ဒါကြောင့် သေချာသတိထားနေပြီး ဘယ်လိုဆို နောက်ဆုတ်ပေးရမှန်း သဘာဝကျစွာပဲသိနေလေသည်။

"အိုး, တကယ်ကြီးလား?" လီရှောင်းဟန် သူ့ရဲ့နှုတ်ခမ်းထောင့်ကို စိတ်မပါဘဲ အတင်းဆွဲပြုံးထားပြီး, ယဥ်ကျေးပေမယ့် ဝမ်းနည်းမှုပြည့်နှက်နေတဲ့လေသံနဲ့ ပြောလာတယ်: "ကျွန်တော့်အဖေ အဲ့ကိစ္စကိုပြောတာမကြားဖူးဘူးဗျ"

ထိုစကားရဲ့ ရိုးစင်းတဲ့ အသွားအလာနဲ့​ လေးနက်မှုက ဒီထပ်ပိုပြီး လေးနက်, ရိုးသားဖို့မဖြစ်နိုင်တော့ပေ။

ယောင်ရှန်အန်းတစ်ယောက် လေသီးပြီး အသက်ရှုရပ်မလိုတောင်ဖြစ်သွားသည်။

လီရှောင်းဟန်ကတော့ အဖက်လုပ်မနေပါဘူး, ဒီတိုင်းပဲ ထောင်မု ဘေးမှာဝင်ထိုင်လိုက်တယ်, "မတွေ့တာတောင်ကြာပြီနော်"

ထောင်မုနည်းနည်း အံ့​ဩသွားသည်: "လီကော ဘာလို့ တရုတ်​ကိုပြန်ရောက်လာတာလဲ?" ဒီလိုအချိန်မျိုးမှာ လီရှောင်းဟန်က Mနိုင်ငံမှာနေပြီး ရှယ်ယာစျေးကွက်ကို မျက်ချေမပြတ် စောင့်ကြည့်နေသင့်တယ်မဟုတ်ဘူးလား?သေစမ်း၊ တကယ့်ကို သတ္တိရှိတာပဲ! အပြည်ပြည်ဆိုင်ရာ ရေနံစျေးကွက်က ဒီလောက်ထိ ရိုက်ခတ်ချက်များနေတာတောင်မှ, အဲ့တာကိုဘေးချိတ်ပြီး အိမ်ပြန်လာနိုင်သေးတယ်! ပိုက်ဆံတွေအကုန်ဆုံးသွားမှာစိတ်တောင်မပူဘူးလားလို့?!

—အဲ့ထဲမှာ ငါ့ရဲ့ တစ်ဘီလီယံ​လဲပါနေသေးတယ်ဟ!

လီရှောင်းဟန်က သူ့စီးပွားဖက်လေး ဘာတွေတွေးနေမှန်းရိပ်​မိသွားပြီး, အကူအညီမဲ့စွာပဲ ပြောလာခဲ့သည်: "စိတ်မပူပါနဲ့။ အလုပ်တွေကို လက်လွှဲခဲ့ပြီးသားပါ၊ နိုင်ငံတကာစျေးကွက်ပိတ်ထားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သီးသန့်လေယာဉ်နဲ့ပြန်လာခဲ့တာ၊ အလုပ်မှာနှောင့်နှေးတာမျိုး မရှိ​ပါဘူး​"

ခဏလောက်ရပ်ပြီးတော့ လီရှောင်းဟန်က ​ပြောမပြနိုင်လောက်အောင် ဝမ်းနည်းနေတဲ့လေသံနဲ့: "မင်းကိုယ့်ကို ဖုန်းမဆက်တာလဝက်လောက်ရှိနေပြီးနော်၊ စစ်ဆေးချက်တွေအကုန်လုံးကိုလဲ အီးမေလ်းကနေ ကိုယ့် mailboxထဲကို တန်းပို့လိုက်တာချည်းပဲ"

ထောင်မုရုတ်တရက်ဆိုတော့ စိတ်ပူသွားသည်: "ဘာပြဿနာရှိလို့လဲဟင်? ကျွန်တော့် စစ်ဆေးချက်တွေထဲ မှားပါသွားတာရှိလို့လား? ကျွန်တော့်ကို ဖုန်းတန်း​ဆက်လိုက်လို့ရပါတယ်၊ တကယ်တော့ နိုင်ငံတကာ ရေနံစျေးကွက်ကို တောက်လျှောက်စောင့်ကြည့်နေတာ။ နေ့တိုင်း ပို့ပေးတဲ့ စစ်ဆေးချက်တွေကလဲ အချိန်နဲ့တပြေးညီလုပ်ထားတာပါ။ ပုံမှန်အယူအဆနဲ့ဆို မှားစရာတော့မရှိဘူးရယ်" အမှန်ဆို ဒီဒေတာ စစ်ဆေးချက်တွေအကုန်လုံးက သူအရင်ဘဝကတွေ့ခဲ့ဖူးတာတွေကို အခြေခံပြီး သေချာစီစစ်ထားခြင်းပင်။

"ဒါပေမယ့် လုံးဝပြဿနာမရှိဘူးလို့တော့ အာမမခံနိုင်ဘူးလေ" နောက်ဆုံးတော့, ​ငွေကြေးစျေးကွက်က အမြဲတစေ ပြောင်းလဲနေတာလေ။ ပြီးတော့လည်း ပြောင်းလဲမှုအနည်းငယ်ကတောင် ဆူနာမီတိုက်တာ မြေပြိုတာတွေဖြစ်နိုင်နေတာ။ နောက်ပြီး သူက နိုင်ငံတကာရေနံစျေးကွက်ကို ချုံ့ပစ်ဖို့ ရှောင်းဟန်လုပ်ငန်းမှာ ဝင်လုပ်ရခြင်းဖြစ်သည်။ ဒါက ခေတ်ရေစီးကြောင်းပေါ်ကို အခွင့်ကောင်းယူပြီး လုပ်ခဲ့တာဆိုပေမယ့်လို့ ရန်ပုံငွေပမာဏ မြင့်တက်လာရင် ဘဏ္ဍာရေးစျေးကွက်မှာလဲ ပြောင်းလဲမှုအသစ်တွေ ကြုံလာနိုင်တာပေါ့။

ဒါပေမယ့် မနေ့က စျေးကွက်မပိတ်ခင် သူဒေတာတွေကို စစ်ဆေးလိုက်ပါတယ်, ဘာပြဿနာမှတော့ မဖြစ်နိုင်တာပဲကို!

ထောင်မုက သူ့ဟာသူ​လန့်အောင်လုပ်ရင်း ရေရွတ်​နေခဲ့သည်။ အစကတော့ လဝက်ကျော်လောက် သူတို့နှစ်ယောက် အချင်းချင်းမဆက်သွယ်ဖြစ်လို့ အထွန့်တက်ဖို့ပြင်နေတဲ့ လီရှောင်းဟန်တစ်ယောက်မှာတော့ ပြောစရာစကားတောင် ပျောက်ရှသွားသည်။ နောက်ဆုံးတော့ သူ ပြောထားတာကို တာဝန်ယူပြီး: "စစ်ဆေးချက်တွေမှာ ပြဿနာမရှိပါဘူး။ ကိုယ်က ဒီတိုင်း မင်းကိုစိတ်ပူလို့ပါ"

***

Continue Reading

You'll Also Like

891 152 33
[ဘာသာပြန်] * Completed * If you want to read eng - [ https://www.mtlnovel.com/after-the-white-moonlight-came-back-the-stand-in-fell-into-unemploymen...
351K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.3M 95.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.