ပြန်လည်မွေးဖွားလာသော အမြှောက်...

By CharmZoey

154K 18.3K 198

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... More

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း

956 105 0
By CharmZoey

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး


အပိုင်း ၀၆၄ ။ ရှန်းချန်ပေကျင်းသို့လာခြင်း


လျှို့ယောင်က ပြောလိုက်ပြီးချင်း သီးသန့်ခန်းရှိ မသက်မသာဖြစ်နေကြသော ဧည့်သည်များကို ပြုံးပြပြီး သူ့မျက်ခုံးကိုပင့်ကာ မေးလာသည် "အားလုံး ကျွန်တော်ပြောလိုက်တာနဲ့ပတ်သက်ပြီး ပြဿနာမရှိကြဘူးမလား?"

"မရှိပါဘူး မရှိပါဘူး။ မစ္စတာလျှို့ရဲ့စကားလုံးတွေက တကယ့်ကိုမှန်ကန်လှပါတယ်။ မစ္စတာ ပြောတာမှန်ပါတယ်။ ကျွန်တော်တို့ ဒီကို ပြေပြေလည်လည်ညှိနှိုင်းဖို့လာတာပါ" စိုးရိမ်ဖွယ် ဆံပင်နည်းပါးနေသည့် ပြဿနာရှိသော အယ်ဒီတာများထဲမှတစ်ယောက်က ကပ်ဖားယပ်ဖားအပြုံးမျိုးနှင့် ပြန်ဖြေလာသည်။

လျှို့ယောင်က နှာမှုတ်ပြီး သူ့လက်ကိုဆန့်ထုတ်ကာ ထောင်မုကို သူ့ဘေးနားလာထိုင်ဖို့ ကြိုဆိုလိုက်သည်။ ရတနာတွေကို ကမ်းပေးနေသည့်အလား သူက သူ့အိတ်ကပ်ထဲမှ ကားသော့တစ်တွဲလိုက်ကို ထုတ်ပြီး ထောင်မု ရှေ့သို့ တွန်းပို့လိုက်သည် "မင်းကားမောင်းသင်နေတာမလား။ ငါ မင်းရဲ့ ရှောင်ချီပါးနဲ့ ဆွေးနွေးကြည့်ပြီးပြီ အဲ့တာ ငါမင်းကို ကားတစ်စီးပဲ ဝယ်ပေးလိုက်မလို့လေ။ တကယ်လို့ ငါလုပ်စရာတစ်ခုခုရှိနေတဲ့အချိန် မင်းကိုလာမကြိုနိုင်ဘူးဆိုရင် ကျောင်းနဲ့ ဟို့ဟိုင်ကို အသွားအပြန်လုပ်ရတဲ့ဒုက္ခ သက်သာစေတာပေါ့"

ထောင်မုသည် အကြည့်တစ်ချက်နှင့်ပင် ထိုသော့များက Porsche ကားအတွက်ဖြစ်သည်ဆိုသည်ကို သတိထားမိသွား၍ မျက်မှောင်ကြုံ့လိုက်မိသည်။ သူငြင်းမလို့ပြင်လိုက်စဉ်မှာပဲ....

မုံ့ချီက ပြောလာသည် "ဒါ ငါနဲ့ မင်းပါးပါးယောင် လိုချင်တာပဲ။ မင်းသာ ငါတို့ကို အဖေတွေအဖြစ် တကယ်သဘောထားတယ်ဆို ဒီတိုင်း လက်ခံလိုက်။ အဖေက သားကိုပေးတဲ့လက်ဆောင်ကို သားကငြင်းဆန်လို့ဘယ်ဖြစ်မလဲ?"

"ဟုတ်တယ် ဟုတ်တယ်။ အကြီးကပေးတဲ့လက်ဆောင်ကို မငြင်းဆန်သင့်ဘူးလို့ ရှေးလူကြီးတွေမပြောခဲ့ဘူးလား။ မင်းငါတို့ကို မင်းအဖေတွေလို့ တကယ်သတ်မှတ်ရင် မင်းမငြင်းရဘူး" လျှို့ယောင်က သူ့ဘေးရှိ မုံ့ချီ၏ စကားများကို သံယောင်လိုက်လိုက်သည်။ စိတ်စောစွာဖြင့် သူက ကားသော့တွေကို ထောင်မုလက်ထဲ တိုက်ရိုက် ထိုးထည့်ပေးလိုက်တော့သည်။

"ငါတို့နှစ်ယောက်ပိုက်ဆံနဲ့ပတ်သက်ပြီး မင်းအားတုံ့အားနာဖြစ်စရာမလိုဘူး။ မင်းကျေးဇူးကြောင့် ငါနဲ့ မင်းရှောင်ချီပါးတို့ ဒီပိုက်ဆံနည်းနည်းလေးကို သိပ်မကြာခင် ပြန်ဖြည့်နိုင်တော့မှာ" လျှို့ယောင်က ပြောသည်။ မျက်ဝန်းများက သူတို့ဘေးနားမှ ဒါဇင်လောက်ဝန်းကျင်ရှိသည့် အယ်ဒီတာများထံ စောင်းကြည့်နေပြီး အပြုံးတစ်ဝက်ဖြင့်ပြောလိုက်သည် "အားလုံး အဲ့တာမှန်တယ်မလား?"

"ဟုတ်ပါတယ် ဟုတ်ပါတယ်" ဒီအယ်ဒီတာချုပ်များက ဘာများပြောနိုင်မှာလဲ။ သူတို့သည် အပြုံးများဖြင့်သာ သဘောတူနိုင်ကြလေသည်။

"အဲ့တာဆိုလည်း ကောင်းပြီလေ။ ခင်ဗျားတို့အကုန်လုံးက ယဉ်ကျေးမှုအဆင့်အတန်းမြင့်တဲ့ သိက္ခာရှိလူတွေပဲ။ ကျွန်တော်တို့ ဟန်များဖို့ ဒီရောက်နေတာမဟုတ်ဘူး။ ပြောကြမယ်၊ ဘယ်လိုစစ်ပြေငြိမ်းမှုမျိုး ခင်ဗျားတို့လိုချင်တာလဲ" လျှို့ယောင်က သူ့ခြေထောက်တွေကို ကျားကန်ထားရင်း ဆိုဖာအနောက်ကို မှီချလိုက်သည်။ လုပ်ငန်းအစည်းအဝေးများအတွင်း ဟိတ်ဟန်ကြီးဟန်ဆောင်လေ့ရှိသော ဆေးပြင်းလိပ်ထည့်သည့်အရာမှာ မီးညှိမည့်ရည်ရွယ်ချက်မရှိသော်ငြား သူ၏ လက်ညှိုးနှင့်လက်ခလယ်ကြား ကိုင်ဆောင်ခံထားရလေသည်။

ထိုသို့ဆိုသည်တောင်မှ ဒါဇင်ဝန်းကျင်ရှိ အယ်ဒီတာများမှာ ဤခြိမ်းခြောက်နေသည့် ဂန်းစတားအခိုးအငွေ့ကို ကြောက်ရွံ့နေကြသေးကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်ရင်း စကားမပြောနိုင်ရှိနေကြလေသည်။

သူတို့ ယောင်ဝမ်ရှောင်းဆီက ဆွဲဆောင်ခံရပြီး ထောင်မုနှင့် Night ကို လုပ်ကြံသတင်းရေးဖို့ လာဘ်ငွေယူခဲ့သည့်အချိန်တွင် လျှို့ယောင်ကို ထိုလောက် ခဲယဉ်းမည့်လူဟု မထင်ထားမိခဲ့ကြ။ တကယ်တမ်းကျ သူက အစောကြီးကတည်းမှ ယောင်ဝမ်ရှောင်းကို စောင့်ကြည့်ဖို့လူလွှတ်ထားပြီးဖြစ်ကာ သူတို့ကို ယောင်ဝမ်ရှောင်းပေးသည့် တံစိုးလက်ဆောင်များအား သက်သေစုစည်းပြီးဖြစ်သည်။ ထို့အပြင် သူတို့အား ချိုးဖောက်မှုနှင့် တရားမဝင်အကျိုးအမြတ်အပိုင်းကနေ တရားစွဲဖို့ ဘဏ္ဍာရေးနစ်နာကြေး အထူးပြုသည့် ပေကျင်း၏ အတော်ဆုံးရှေ့နေ့ကိုပင် ငှားထားနိုင်ခဲ့သည်။

......သည်ရပ်ဝန်းထဲမှာ အပတ်စဉ်အတင်းအဖျင်း ဖျော်ဖြေရေးစာစောင်တွေ ဘယ်လောက်ရှိလို့ သည်ထဲက ဘယ်နှစ်ခုကများ အနုပညာရှင်တွေရဲ့ ကောလဟာလတွေ၊ အနုပညာရှင်တွေရဲ့ မကောင်းသတင်းတွေကို သတင်းရေးပြီး ပိုက်ဆံမရှာတာရှိလို့လဲ? အနုပညာရှင်တွေကိုယ်တိုင်နှင့် သတင်းထောက်တွေဆိုသည်က လိုက်ဖက်ညီသည့်ဆက်ဆံရေးရှိကြသည်။ အနုပညာရှင်တွေက သူတို့ရဲ့ ကျော်ကြားမှုပိုတိုးဖို့ အာရုံစူးစိုက်မှုရဖို့အား သတင်းထောက်တွေအပေါ် အားထားရတာဖြစ်ပြီး သတင်းစာတွေနှင့် မဂ္ဂဇင်းတွေကတော့ အရောင်းတိုးတက်ဖို့၊ ကြော်ငြာတန်ဖိုးတိုးတက်ဖို့ အနုပညာရှင်သတင်းတွေကို တင်ပြကြရသည်။ ထို့ကြောင့် ပုံမှန်အခြေအနေအောက်တွင်ဆို အနုပညာရှင်တွေသည် မီဒီယာနှင့် သဘောထားကွဲလွဲဖို့ မဝံ့ရဲကြ။ ထိုမီဒီယာဘက်က ဒေါသဖြင့် သူတို့အား ပိတ်ပင်ပြီး နာမည်ပျက်စာရင်းသွင်းလိုက်မည်စိုး၍ဖြစ်သည်။ အတိတ်၌ ဒေါသထွက်လာမိသည့် အနုပညာရှင်တွေရှိခဲ့လျှင်တောင် သူတို့အနေဖြင့် အနုပညာရှင်၏ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ပြီး အနုပညာရှင်၏ ဂုဏ်သတင်းကို ထိခိုက်စေပါသည်ဟု စွပ်စွဲရုံပဲတတ်နိုင်ခဲ့သည်။ တရားစွဲဆိုမှုက အောင်မြင်ခဲ့လျှင်တောင်မှ သူတို့မဂ္ဂဇင်းတွေဘက်က တောင်းပန်စာထုတ်ပေးလိုက်လျှင် ပြီးပြီပင်။ ဘယ်လိုပဲဖြစ်ပါစေ သတင်းမီဒီယာတွေ၌ အမြဲတစေ "အမှန်တရားကို ချပြ"နိုင်သည့် အာဏာမျိုးရှိခဲ့သည်ပဲ။ အနုပညာရှင်ဘက်က အမျက်ထွက်မိလျှင်တောင် သူတို့လုပ်နိုင်တာဘာမှမရှိပေ။ သည်အတွက် မီဒီယာဘက်က ပိုက်ဆံရှာသည့်အပိုင်းနှင့် ထွင်လုံးဖန်သည့်နေရာ၌ ဘယ်သော်အခါမှ တွန့်ဆုတ်အချိန်ဆွဲမနေခဲ့ခြင်းဖြစ်သည်။

သို့ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ထောင်မု က အခြားသူတွေနှင့် ကွဲပြားနေခြင်းပင်။ ပထမဆုံး ဒါဇင်ကျော်သည့် media outlet တွေ ထောင်မုကို အပုပ်ချဖို့ လာဘ်ထိုးသည်ကိုလက်ခံခဲ့သည့် အဖြစ်မှန်ပေါ်သွားခဲ့ပြီး ထိုဒါဇင်ကျော်သော media outlet များမှာ ကောလဟာလနှင့် ထိခိုက်နစ်နာစေမှုဖြင့် မလိုမုန်းထား ဝါဒဖြန့်မှုအတွက် လာဘ်ထိုးခြင်းလက်ခံခဲ့ခြင်းကြောင့် တရားစွဲခံလိုက်ရသည်။ သူက တိကျစေ့စပ်လှစွာဖြင့် ဒါဇင်ချီသော သတင်းစာနှင့် မဂ္ဂဇင်းများမှ "ထောင်မုက သူ့ခန္ဓာကိုယ်သူ ရောင်းတယ်" ဆိုသည့် သတင်းမှားများကို ဘယ်နှခေါက် လမ်းကြောင်းသွားပြီး သတင်းရေးခဲ့လဲအားလည်း ရေတွက်ထားခဲ့သည်။ ပုံမှန်ရောင်းအားနှင့် ကြော်ငြာစရိတ်များနှင့်နှိုင်းစာလျှင် ထောင်မု ၏ ပုံရိပ်ကို တိုက်ရိုက် တရားမဝင်ပုံနှိပ်ထုတ်ဝေ၊ ဝါဒဖြန့်ဖြူးခဲ့သည့် သတင်းစာနှင့် မဂ္ဂဇင်းတစ်ခုချင်းစီတိုင်းက Night အပြင် FlyNews ၏ အမှတ်တံဆိပ်နှင့်နာမည်အခွင့်အရေးများကို ထိပါးချိုးဖောက်ကာ ဥပဒေနှင့်မညီသည့် ကြီးမားများပြားသော စီးပွားဖြစ်အကျိုးအမြတ်များကို ရရှိခဲ့သည်ကြောင့် ထိုနည်းဖြင့် ထောင်မု ဆီမှ တရားရုံးသို့ဆင့်ခေါ်ခံလိုက်ရသည်။ ထပ်ပေါင်းပြောရလျှင် FlyNews နှင့် Bullet Screen Network မှ ခံစားခဲ့ရသည့် ဆုံးရှုံးမှုကြီးများကို ထည့်တွက်ဖို့အားလည်း မမေ့သင့်ပေ။ သည်သတင်းမှားများကြောင့် နစ်နာခဲ့ရသည့် နိုင်ငံအဆင့်ကျောင်းအလှလေးနှင့်ကျောင်းလူချောရွေးချယ်ပွဲလည်း အပါအဝင်ပေါ့။

ထိုအရာက အချက်အလက်အမှားလွှင့်ပြီး တစ်ဖက်၏စီးပွားရေးအား ထိခိုက်နစ်နာစေမှုနှင့် တရားမဝင်ပုံနှိပ်ထုတ်ဝေမှုတို့ကဲ့သို့ ပြစ်မှုအများကြီးပါဝင်နေသည်ကြောင့် ထောင်မု၏ စွဲဆိုမှုကသာ အမှန်တကယ် အောင်မြင်ခဲ့မည်ဆို သူတို့အနေဖြင့် များပြားလှသော လျော်ကြေးကိုတင် ရင်ဆိုင်ရမည်မဟုတ်။ ထောင်ထဲသို့ပင် သွားရလိမ့်မည်ပင်။

အခြေအနေက သေရေးရှင်ရေးဖြစ်နေပြီးဖြစ်သည်။ တစ်ဖက်က ဓားမဖြစ်ပြီး ကိုယ်ကတော့ ငါးပင်။ ဘာများပြောစရာရှိမှာလဲ။

"ကျွန်တော်တို့ လူသိရှင်ကြားတောင်းပန်စာထုတ်ပြန်ဖို့ ဆန္ဒရှိပါတယ်။ တစ်လပဲဖြစ်ဖြစ် နှစ်တစ်ဝက်ပဲဖြစ်ဖြစ် ထိပ်မှာတင်ထားပေးပါ့မယ်" ဆံစပ်ဆံပင်ပါးနေသည့်သူက ပထမဆုံး ပြောလာခြင်းဖြစ်သည်။

လူအများစုက သူတို့ရုပ်ဆိုးနေသည့်အချိန်မှာ လှပသည့်အရာတွေကို တွေးတောရသည်အား သဘောကျကြသည်ဟု ပြောရမည်။

လျှို့ယောင်က လှောင်ရယ်လိုက်ပြီး ဗြုန်းစားကြီး ထပြောတော့သည် "ကျွန်တော် ခင်ဗျားတို့ ယဉ်ကျေးမှုမြင့်ပြီး သိက္ခာရှိတဲ့သူတွေမှာ ပြဿနာရှိနေမှန်းသိတယ်။ ခင်ဗျားတို့ ပါးစပ်တွေနဲ့ ကလောင်တွေက အရမ်းတန်ဖိုးရှိတယ်ထင်နေတာလေ။ ဒါပေမဲ့ ကျွန်တော့်အထင်ကတော့ ခင်ဗျားတို့ရဲ့ အနုပ်စုပ်ဂုတ်စုပ်သတင်းစာတွေက သန်း၁၃၀လောက်တောင် တကယ်မတန်ဘူး"

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော် ရှေ့နေကျိုးကိုပဲ ခေါ်လိုက်မယ်။ ပြီးရင် ခင်ဗျားတို့ကိုယ်တိုင် သူနဲ့ပြောလိုက်ရင်ရော?"

တစ်ရာနှင့် သုံးဆယ်သန်းမှာ လျှို့ယောင်မှ ထိုနှလုံးနက်ရှေ့နေကို ငှားပြီး ထောင်မု၊ FlyNews နှင့် Night အပေါ် သည်media outlet ဒါဇင်ကျော်ပေးရမည့် လျော်ကြေးငွေစုစုပေါင်းအား တရားရုံးသို့အဆိုပြုပေးစေချင်သည့်တန်ဖိုးဖြစ်သည်။ လျှို့ယောင်က သူ့အား ယွမ်၁သန်းပေးထားဖူးသည်ကို ထည့်စဉ်းစားလျှင် ရှေ့နေမှ အောင်မြင်သည့် တရားစွဲဆိုမှုတိုင်းအတွက် ဝေစု ၁၀% ရရှိမည်ဖြစ်သည်။ သည်အတွက် အမှုနိုင်သရွေ့ ရှေ့နေ့မှာ ၁၄သန်းကို အလွယ်လေး ရနိုင်ပေမည်။ ဤထက်ပိုကောင်းသည့် သဘောတူညီမှုမရှိနိုင်တော့ပေ။

ထို့ကြောင့် ယခု၌ အမှုနိုင်ဖို့ အမျှော်လင့်ဆုံးသူမှာ Night နှင့် ထောင်မု ကိုယ်တိုင်ပင်မဟုတ်ဘဲ သည်ငဲ့ညာမှုမရှိ ကြောက်မက်ဖွယ် ရက်စက်သည့် တစ်စုံတစ်ယောက်သော ရှေ့နေပင်ဖြစ်တော့သည်။

သေချာသည်ပေါ့၊ နေရာရှိ အယ်ဒီတာချုပ်များအားလုံးကလည်း ဒါကိုနားလည်ကြသည်။ သည်အတွက် ကြားပြီးသည်နှင့် သူက သူ့ခေါင်းကို ခါယမ်းကာ သူ့လက်တွေကို အလျင်အမြန်ဝှေ့ယမ်းရင်း ကြောက်ကြောက်လန့်လန့်နှင့် ပြောလာသည် "မဟုတ် မဟုတ် မဟုတ် မလိုပါဘူးဗျာ။ ကျွန်တော်တို့က အရမ်းစိတ်ရင်းမှန်ပါတယ်။ အရမ်းစစ်မှန်ပါတယ်။ အဲ့ဒါက ဒီအတိုင်း....."

ဆံစပ်ပါးနေသည့် သူမှာ ခါးသီးသောမျက်နှာနှင့် ငိုချချင်နေလေသည် "ကျွန်တော်တို့ တကယ် သန်း၁၃၀ မတတ်နိုင်လို့ပါဗျာ။ သူဌေးလျှို့ အရင်တုန်းက မဂ္ဂဇင်းတစ်ခုဝယ်ခဲ့ဖူးတယ်မလားဗျ? ကျွန်တော်တို့ မဂ္ဂဇင်းတွေ ပိုက်ဆံမရှာနိုင်မှန်း သူဌေးသိသင့်ပါတယ်။ အကုန်လုံးက နေ့တိုင်း အလုပ်များရပေမဲ့ စားဖို့ဝတ်ဖို့ပဲ ဖူလုံရုံလေးပါ။ ကျွန်တော်တို့ ၁၃သန်းကိုတောင် မစုနိုင်တာဗျာ။ သန်း၁၃၀ဆိုရင် မဆိုပါနဲ့တော့!"

လျှို့ယောင်က အေးစက်စက်နှာမှုတ်သည်။ သည်စကားများနှင့်ပတ်သက်ပြီး သူ့မှာသံသယမရှိ။ အစပိုင်း၌ သူ ဒေဝါလီခံရတော့အံ့ဆဲဆဲ မဂ္ဂဇင်းတစ်ခုကို ဝယ်ခဲ့တုန်းက ယွမ်၁သန်းပဲကျသင့်ခဲ့တာဖြစ်သည်။ ထို့အပြင် သည်အရာမှာ နှစ်လငှားရမ်းခပင်ပါသေးသည်။ သို့ပေမဲ့ သူ့အနေနှင့် ကောလဟာလတွေ ခပ်လွယ်လွယ်ဖြန့်တတ်သည့် ဤဒါဇင်ချီသည့် media outlet တွေအား သည်အတိုင်းလွှတ်မပေးနိုင်ပါ။ သူက ကုသိုလ်လုပ်ဖို့ ရောက်နေသည်မှမဟုတ်ဘဲ။

သူတို့က သူ့ကို ရန်စပြီး သူတို့ခွေးပေါက်လေးကို အနိုင်ကျင့်ရဲမှတော့ သူတို့မှာ ထောင်ထဲသွားရမည့် ဦးနှောက်မျိုး ရှိကိုရှိရမည်။

လျှို့ယောင်က ထောင်မုကို ပြောလိုက်သည် "မင်း ဘာလုပ်သင့်တယ်လို့ထင်လဲ?"

ထောင်မုပင် မပြောနိုင်သေးခင် မုံ့ချီက စိတ်အေးသက်သာစွာထပ်ဖြည့်လိုက်သည် "FlyNews မှာ ဒီလိုကောင်းတဲ့ အရှိန်အဟုန်မျိုးရှိနေတာ FlyNews အင်တာတိန်းမန့်ကိုလည်း တိုးချဲ့သင့်တာပေါ့။ မင်းပဲ အခုတလော လူအင်အားမလုံလောက်တာနဲ့ပတ်သက်ပြီး စိုးရိမ်နေခဲ့တာမဟုတ်ဘူးလား။ ဒီတိုင်း ဒီသတင်းစာ မဂ္ဂဇင်းဒါဇင်ကျော်ကို FlyNews အင်တာတိန်းမန့်ထဲ ပေါင်းလိုက်။ ငါတို့ ဒီအတိုင်း နည်းနည်းဆုံးရှုံးရတာပါပဲ။ ဘယ်သူက သူတို့ကို အဲ့လောက်မွဲတေပြီး ယွမ်သန်း၁၃၀မတတ်နိုင်ခိုင်းတာမို့လို့လဲ!"

ဒါဇင်ကျော်သည့် media outlet များမှ အယ်ဒီတာချုပ်များမှာ မုံ့ချီအား အထိတ်တလန့်ဖြင့် ကြည့်လိုက်ကြသည်။ နွေဦးလေပြေကလေးလို အလွန်နွေးနွေးထွေးထွေး အမြဲပြုံးနေသည့် နူးညံ့ငြင်သာပုံရှိသော သည်အမျိုးသားက အမည်းဆုံးနှလုံးသားနှင့်ဖြစ်မည်ဟု သူတို့မမျှော်မှန်းထားခဲ့ကြ။

တစ်ချီတည်းနှင့် ဒါဇင်ကျော်သည့် သတင်းစာနှင့်မဂ္ဂဇင်းများကို သိမ်းယူဖို့ဆိုသည်က သူတို့အသက်တွေကို တောင်းဆိုနေခြင်းပင်။

ထိုဒါဇင်ကျော်သော အယ်ဒီတာချုပ်များ စကားပြောဖို့အချိန်မရမီ မုံ့ချီမှ သာမန်ကာလျှံကာ ပြောလာသည်ကို ကြားလိုက်ရပြန်သည် "ငါတို့ နည်းနည်းလေးထပ်ပြီး နစ်နာရမယ်ဆိုပေမဲ့ သူတို့ကို ထောင်ကနေကယ်ပေးလိုက်တာပေါ့"

အယ်ဒီတာချုပ်များ : "....." အရမ်းမှန်တာပဲ၊ တစ်ဖက်က ဓားမဖြစ်နေနှင့်ပြီးတဲ့အချိန်မှာ ကိုယ်ကတော့ ငါးတစ်ကောင်လေ။ ဘာထပ်ပြောနိုင်မှာလဲလို့? ဘာမှမရှိဘူး!

အခြားတစ်ဖက်ကနေ ပြောင်းစဉ်းစားကြည့်ရအောင်။ သူတို့၏ ဒါဇင်ကျော်သော သတင်းစာနှင့် မဂ္ဂဇင်းများက မူလတွင် လုပ်ငန်းထဲ၌ တတိယအဆင့်နှုန်း အပတ်စဉ်အတင်းအဖျင်း မဂ္ဂဇင်းတွေဖြစ်ခဲ့သည်။ အဲ့လိုဖြစ်ခဲ့တာကြောင့်သာမဟုတ်လျှင် သူတို့ ယောင်ဝမ်ရှောင်းရဲ့ တစ်ပဲခြောက်ပြားနှင့် လာဘ်ထိုးမှုကို မခံရဘဲ ထို 'တော်လှသည့်' ကိစ္စအား အရင်ဆုံးကျူးလွန်ခဲ့မိကြမည်မဟုတ်။

ဥပမာအနေနှင့် Weibo ကိုပဲကြည့်။ နောက် အရင်းရှင်ခပ်ကြီးကြီးမှထောက်ထားသည့် ပထမအဆင့်နှုန်း သတင်းစာနှင့် မဂ္ဂဇင်းတွေကိုကြည့်၊ ဘယ်သူကမှ ယောင်ဝမ်ရှောင်း၏ အလုပ်ကို လက်မခံခဲ့ကြ။ သူတို့က ထောင်မုနှင့် FlyNews က သာမန်မဟုတ်သည်ကို သိသည်မို့ ဤရွှံ့ရေထဲ သူတို့ခြေချောင်းတွေကို နှစ်ဖို့ အပင်ပန်းမခံခဲ့ကြရုံပင်။

အခု FlyNews ၏ တိုးတက်မှုအရှိန်အဟုန်က ကောင်းလွန်းနေသည်။ FlyNews အင်တာတိန်းမန့်၏ တိုးတက်မှုကပင် တဟုန်ထိုး မြင့်တက်နေသည်ပင်။ ဖြစ်နိုင်တာက သည်သတင်းစာနှင့် မဂ္ဂဇင်းဒါဇင်ကျော်ကို FlyNews အင်တာတိန်းမန့်အောက် ပေါင်းထည့်လိုက်မည်ဆို သူတို့အနာဂတ်ကလည်း ပိုအလားအလာရှိလာလောက်သည်။

အယ်ဒီတာချုပ်ဒါဇင်မှာ တစ်ယောက်ကိုတစ်ယောက် ညှိုးငယ်ထိုင်းမှိုင်းစွာ ခဏကြည့်လိုက်ကြပြီး သူတို့ကိုယ်သူတို့နှစ်သိမ့်ပေးလိုက်ကြသည်။

ထောင်မုက မျက်မှောင်ကြုံ့လိုက်သည်။ သူမလာခင်တုန်းက ပါးပါးယောင်နှင့် ပါးပါးရှောင်ချီတို့ သည်လိုနည်းနှင့် စီစဉ်ထားမယ်မှန်း သူမမျှော်လင့်ထားခဲ့ပါ။ သို့ပေမဲ့ FlyNews အင်တာတိန်းမန့်က သည်သတင်းစာဒါဇင်ဝန်းကျင်ကို သိမ်းယူလိုက်မည်ဆို Night ရဲ့ ဆုံးရှုံးမှုတွေအတွက်ကရော? Night မှာ လူအများကြီးရှိနေပြီး ထိုသူများအား သည်လောက်ရက်ပေါင်းအများကြီး အကြောင်းပြချက်မရှိ အကြိမ်းမောင်းခံခိုင်းစေသည်က တရားနည်းလမ်းမကျပေ။

လျှို့ယောင် က ရယ်မောလိုက်သည် "မင်းသဘောမပေါက်သေးဘူးလား? ဒီသတင်းစာဒါဇင်ကျော်က ကောလဟာလတွေလွှင့်နေတာ ရက်ပေါင်းမနည်းတော့ဘူး။ အင်တာနက်အသုံးပြုသူတွေကြားထဲတောင် ဆွေးနွေးမှုတွေဖြစ်လာအောင် ရက်အများကြီး လုပ်ပေးသွားသေး။ အခု Night ရဲ့နာမည်ကို လူအားလုံးနီးပါးသိသွားပြီ။ အနည်းဆုံးတော့ ပေကျင်းဧရိယာတစ်ဝိုက်ပေါ့။ ငါတို့ထက် ပိုရေပန်းစားတဲ့ ကလပ်မရှိဘူး။ မင်းမသိလောက်ပေမဲ့ Night နာမည်ကြီးလာပြီးတော့ အင်တာနက်အသုံးပြုသူတွေနဲ့ မင်းရဲ့ဖန်သေးသေးလေးတွေက စပ်စုချင်လို့လာကြတယ်။ ငါ့လက်အောက်မှာ ဘားအခွဲပေါင်းဆယ်ခုထက်မနည်းရှိနေတာ နောက်ပြီး စီးပွားရေးက အခု မယုံနိုင်လောက်အောင် ကောင်းလွန်းနေတယ်။ အထူးသဖြင့် ဟို့ဟိုင်က ဒီကလပ်ဆို ညတိုင်းအပြည့်ပဲ။ ဒီလို ကြော်ငြာအရှိန်ကောင်းနဲ့ဆို ငါတို့ ကြော်ငြာဖို့ပိုက်ဆံသုံးခဲ့ရင်တောင် ယွမ်သန်းနဲ့ချီကုန်လောက်မှာ"

ထောင်မုက တအံ့တဩဖြစ်သွားသည်။ ဒီလိုနည်းနဲ့လည်း တကယ်တမ်းနားလည်လို့ရတာပဲ။

"ဘာလို့မလုပ်ရမှာလဲ?" လျှို့ယောင်က ထောင်မု၏ဆံပင်ကို ပွတ်သပ်ပြီး အေးအေးဆေးဆေးပင်ပြန်ပြောလာသည် "ငါတို့က အဖေနဲ့သား၊ မိသားစုသုံးယောက်ပဲဖြစ်နေပြီကို။ ဒီတော့ ငါနဲ့ကတ်သီးကတ်သတ်ဆက်ကပ်မပြောဘူးလား။ အဖေတစ်ယောက်အနေနဲ့ ငါ့သားအတွက်လုပ်တာက ဘယ်လိုနည်းနဲ့ ဆုံးရှုံးတယ်လို့ခေါ်လို့ရမှာလဲ?"

ဖခင်မေတ္တာက တောင်ကြီးတစ်လုံးသဖွယ် မြင့်မားလှပေသည်။

"အဲ့ဒါအပြင် မင်း FlyNews အင်တာတိန်းမန့်ထဲမှာ မင်းရဲ့ ရှောင်ချီပါးရဲ့ ရှယ်ယာတွေရှိသေးတယ်မလား။ အဲ့တာတွေအကုန် ငါတို့မိသားစုဆီကပဲကို။ အဲ့တာကို ဘာလို့မင်း ပြတ်ပြတ်သားသား အသေးစိတ်ပုံဖော်နေတာလဲ"

ထောင်မုက သူ့ပါးပါးယောင်၏ ပြုံးပျော်နေပုံကိုကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် ရုတ်တရက် သူ့ဖုန်းမြည်လာသည်။

ထောင်မုက သူ့ဖုန်းကိုထုတ်ကာ ကြည့်လိုက်ပြီး သူ့မသိစိတ်အလျောက် မငြင်းလိုက်ခင်အချိန်အထိ တဒင်္ဂကြက်သေသေသွားခဲ့သည်။

"ဘာဖြစ်လို့လဲ?" မုံ့ချီက မေးလာသည် "ဘယ်သူ့ဖုန်းနံပါတ်လဲ?"

မသိစိတ်အလျောက် "ရှန်းချန်" ဆိုသည့်နာမည်အား လွှတ်ခနဲထုတ်ပြောမိတော့မလို့ပင်။ ကံအားလျော်စွာ ဆန်းစစ်ချင့်ချိန်သည့်အဆင့်၌ ထောင်မုမှာ ရုတ်တရက် သူပြန်လည်ရှင်သန်လာပြီးဖြစ်သည်ကို သတိပြုမိသွားသည်။

လွန်ခဲ့သော ဆယ်နှစ်ကို ပြန်လည်ရှင်သန်လာပြီး ရှန်းမိသားစုနှင့် ပတ်သက်မှုမရှိသည့် သူစိမ်းတစ်ယောက်က ဘယ်လိုလုပ်ပြီး ရှန်းချန်ရဲ့ ဖုန်းနံပါတ်ကို သိနေနိုင်မှာလဲ?"

"ကျွန်တော်မသိဘူး။ မရင်းနှီးတဲ့ဖုန်း" ထောင်မုက တိုက်ရိုက်ပဲ ပိတ်ပစ်လိုက်သည် "ပွဲစားမဟုတ်ရင် နှောင့်ယှက်တဲ့ဖုန်းဖြစ်မယ်"

"အဲ့တာလည်း ဖြစ်နိုင်တာပါပဲ" မုံ့ချီက ပြောလိုက်ရင်း ကော်ဖီစားပွဲအောက်ကနေ ပြင်ဆင်ထားပြီးသည့် ဒါဇင်ကျော်သော အရောင်းအဝယ်စာချုပ်များကို ဆွဲထုတ်လာတော့သည်။ ထို့နောက် အရင်ဦးဆုံး ထောင်မု လက်ထဲထည့်ပေးရင်း "အခြား ဘာအချက်တွေထည့်ဖို့ လိုသေးလဲ ကြည့်လိုက်"

ဤဒါဇင်ကျော်သည့် စာချုပ်များမှာ အကြင်နာမဲ့သော ရှေ့နေ့ကျိုးအား တောင်းဆိုထားသည့် လျှို့ယောင်မှ ရေးဆွဲပြုစုထားခြင်းဖြစ်သည်။ သူသည် တရားစွဲဆိုမှုထဲက ယွမ်၁၃သန်းကို သားရည်ကျနေခဲ့သော်ငြား ရှေ့နေကျိုးသည်လည်း သည်သတင်းစာဒါဇင်ကျော်၏ နောက်ခံနှင့်ဆိုလျှင် သေချာပေါက် သည်လောက်ငွေအများကြီးအား ပေးနိုင်မည်မဟုတ်ကြောင်း နားလည်ထားသည်။ သည်အတွက် သူ၏ အဓိကပစ်မှတ်က ယောင်ဝမ်ရှောင်း၏ ယွီရှောင်းမီဒီယာဖြစ်သည်။ သည်သတင်းစာနှင့်မဂ္ဂဇင်းဒါဇင်ကျော်ကတော့ နှုတ်မြိန်စာသက်သက်သာဖြစ်လေသည်။

ပေကျင်းရှိ ထိပ်တန်းအဆင့် ရှေ့နေ၏ ကျွမ်းကျင်ပိုင်နိုင်မှုအပေါ် အခြေခံရလျှင် သူမူကြမ်းဆွဲပေးထားသည့် အရောင်းအဝယ်စာချုပ်မှာလည်း သဘာဝအလျောက် FlyNews အင်တာတိန်းမန့်၏ လုပ်ပိုင်ခွင့်နှင့် အစုရှယ်ယာအမြတ်များကို အပြည့်အဝထည့်သွင်းထားပြီး ထောင်မုအနေနှင့် ထပ်မွမ်းမံစရာပင်မလိုတော့ပေ။

မုံ့ချီက ပြုံးသည်။ ထို့နောက် စာချုပ်များအား အယ်ဒီတာချုပ်အုပ်စုထံ တွန်းပို့လိုက်ပြီး "စဉ်းစားလို့ပြီးရင် လက်မှတ်ထိုးနိုင်တယ်နော်"

အယ်ဒီတာချုပ်များ : "....."

သည်အချိန်အတွင်း၌ ထောင်မု၏ ဆဲလ်ဖုန်းက တောက်လျှောက်မြည်နေသည်။ ဖုန်းနံပါတ်မှာ ရှန်းချန်၏ နံပါတ်ကနေ အဖေရှန်း၏နံပါတ်၊ နောက်ဆုံး၌ အတွင်းရေးမှူးနှင့် လက်ထောက်နှစ်ယောက်တို့ဆီသို့ ပြောင်းလဲသွားသည်။ "မင်းမကိုင်မချင်း ငါလက်လျှော့မှာမဟုတ်" ဆိုသည့် အဓိပ္ပာယ်ပင်။

ထောင်မုမှာ ရွေးချယ်စရာမရှိဘဲ လက်ရှိစမတ်ဖုန်းများ၌ blacklist စနစ်မရှိသည်အား သူတကယ် မကျေမနပ်ဖြစ်မိသည်။ မဟုတ်ပါက ဖုန်းမှတ်တမ်းထဲမရှိသည့် မရင်းနှီးသော နံပါတ်များအားလုံးကို သူ block ထားနိုင်မည်လေ။ သို့ပေမဲ့ အခုတွင်တော့ သူ့ဖုန်းကို ပိတ်မချချင်သည့် ထောင်မုမှာ ဖုန်းဖြေရလိမ့်မည်ဖြစ်သည်။

"ဟယ်လို မစ္စတာထောင်၊ ကျွန်တော်က ရှန်းချန်၊ ရှန်းယွီရဲ့ အစ်ကိုကြီးပါ။ ကျွန်တော်တို့ မတိုင်ခင်က တွေ့ဖူးခဲ့ပါတယ်။ လတ်တလောဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော် အလေးအနက်တောင်းပန်ပါတယ်။ ရှန်းယွီက ရှန်းမိသားစုရဲ့ အငယ်ဆုံးသားဖြစ်တာရယ် ရှန်းယန်ကလည်း ကျွန်တော်တို့ မိသားစုထဲ တစ်ဦးတည်းသောသမီးဖြစ်နေတယ်လေ နောက်ပြီး ကလေးတည်းက အလိုလိုက်ခံကြီးလာကြတာ။ မစ္စတာ့ကို ပြဿနာဖြစ်စေခဲ့မိတဲ့အတွက် ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ချင်ပါတယ်" ရှန်းချန်က ဘယ်တော့မှ စကားအပိုမဆိုဘဲ အမြဲ လိုရင်းကိုသာ တည့်တည့်မတ်မတ်ပြောတတ်သည်။

"မလိုပါဘူးဗျ" ထောင်မု၏ စိတ်အခြေအနေက လက်ရှိတွင် ကောင်းမွန်နေပြီး ရှန်းမိသားစုအား အာရုံဖဲ့မပေးချင်ပေ "သူတို့နောက်တစ်ခါမလာသရွေ့...."

"မစ္စတာ၊ ရှန်အန်းအုပ်စုကို အရေးယူချင်လား?" ထောင်မု စကားပြောလို့မပြီးခင်မှာ ရှန်းချန်က ထပ်ပြောလာသည်။

"ဘာကို?" ထောင်မုမှာ အလစ်အငိုက်မိသွားပြီး တစ်ဖက်သူပြောလိုက်သည်ကို မတတ်နိုင်ဘဲ ပြန်ထပ်ပြောမိတော့သည်။

"မစ္စတာ့မှာ လူကြီးမင်းစုန့်နဲ့ အရမ်းရင်းနှီးတဲ့ဆက်ဆံရေးရှိမှန်းသိပါတယ်။ ယောင်ရှန်အန်းမှာ စုန့်ကျီနဲ့ပတ်သက်ပြီး ရန်ငြိုးဟောင်းရှိတယ်ဆိုတာကိုလည်း သိထားတယ်။ ကျွန်တော့်ကိုယ်ပိုင်ခန့်မှန်းချက်အရဆို မစ္စတာထောင်ရဲ့ ပင်ကိုစရိုက်အပေါ်အခြေခံရရင် မစ္စတာ ကိုယ်တိုင် မှားယွင်းခံရတာကို မမှုပေမဲ့ ဘေးနားကလူတွေ မတရားခံရဖို့ လုံးဝခွင့်မပြုဘူးလို့ထင်တယ်" ရှန်းချန်က ပြောသည်။ ထောင်မုကို အနည်းငယ်ချီးကျူးရင်းဖြင့် "ကျွန်တော် မစ္စတာထောင်ရဲ့ ပင်ကိုအရည်အချင်းကို သဘောကျလေးစားမိတယ်။ မစ္စတာထောင်အနေနဲ့ ကျွန်တော်နဲ့ မိတ်ဆွေဖြစ်ချင်မလားတော့မသိဘူး"

ထောင်မု နှလုံးက တစ်ချက်ထိတ်သွားသည်။ ရှန်းချန်ရဲ့စကားလုံးများက ဘာကိုဆိုလိုချင်မှန်း သူမသိပေ။

"ကောင်းပါပြီ" ခေတ္တခဏ တွေးကြည့်ပြီးနောက် ထောင်မုက အသံနက်နက်ဖြင့် ပြောသည် "စီအီးအိုရှန်းလို အရည်အချင်းရှိတဲ့သူနဲ့ မိတ်ဆွေဖြစ်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"

"ကျွန်တော် 'တော်ဝင်စားသောက်ဆိုင်'က သီးသန့်ခန်းတစ်ခန်းကို ကြိုနေရာယူထားပါတယ်။ မစ္စတာ ဒီညရောက်လာမှာကို ကျွန်တော်ကြိုဆိုနေပါ့မယ်" ရှန်းချန်က အပြုံးတစ်ခုနှင့် ပြောလာသည်။

အဖေရှန်းက အခုလေးတင် ဖုန်းချလိုက်သည့် သူ့ရဲ့သားကြီးကိုကြည့်ပြီး မျက်မှောင်ချီကာ မေးလာသည် "မင်း အဲ့ထောင်မျိုးရိုးနဲ့ တကယ်အင်အားပေါင်းပြီး ရှန်အန်းအုပ်စုကို ကိုင်တွယ်ချင်တာလား။ အဲ့ဒါက ဖြစ်နိုင်ချေရောရှိရဲ့လား?"

ရှန်းချန်က ခပ်ယဲ့ယဲ့ ပြုံးသည် "သေချာပေါက် ထောင်မုနဲ့ FlyNews နဲ့တင်တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အဖေမမေ့ပါနဲ့။ ထောင်မုက လီရှောင်းဟန်ရဲ့ လုပ်ငန်းပါတနာလည်းဖြစ်သေးတယ်။ ရှောင်းဟန်လုပ်ငန်းက ကမ္ဘာ့ဈေးကွက်မှာ ရေနံရင်းနှီးမြှုပ်နှံမှုလုပ်နေတာ။ အခြေအနေက အရမ်းတင်းမာနေပေမဲ့ လီရှောင်းဟန်က သူ့ရဲ့အလုပ်များလှတဲ့အချိန်ဇယားထဲကနေတောင် အချိန်သဲ့ယူပြီး ထောင်မု ဒါဇင်ကျော်တဲ့ အတင်းအဖျင်းမဂ္ဂဇင်းတွေကနေ စွပ်စွဲခံရတာကို စိတ်ပူပေးခဲ့တယ်။ သူက အထူးတလည် ထောင်မု နာမည်ပြန်ရှင်းလင်းအောင် ကူညီဖို့ မီဒီယာအင်တာဗျူးတွေကိုတောင် လက်ခံခဲ့သေးတယ်။ အဲ့တာကိုကြည့်ခြင်းအားဖြင့် လီရှောင်းဟန်က သူ့ရဲ့ပါတနာကို အရမ်းတန်ဖိုးထားမှန်းမြင်ရတယ်။ တကယ်လို့ ထောင်မုက လီရှောင်းဟန်ကို ရှောင်းဟန်လုပ်ငန်းရယ် လီမိသားစုကိုတောင် ရှန်အန်းအုပ်စုကိုတိုက်ခိုက်ဖို့အတွက် ပူပေါင်းပေးဖို့ တောင်းဆိုလိုက်ရင် လီရှောင်းဟန်က ငြင်းမယ်လို့ အဖေထင်လား?"

အဖေရှန်းက ခဏကြာအောင် အတွေးနက်သွားပြီး သက်ပြင်းချလာသည် "ရှန်းမိသားစုနဲ့ ယောင်မိသားစုဆိုတာက မိတ်ဆွေမိသားစုတွေ။ အရင်တုန်းက ငါတို့ရှန်းအုပ်စု ရန်ပုံငွေနဲ့ပတ်သက်ပြီး ပြဿနာရှိခဲ့တုန်းက အများစုက ရှန်အန်းအုပ်စုကနေ ချေးယူခဲ့တာ။ အဖေတို့မိသားစုနှစ်ခုက နှစ်ဦးနှစ်ဖက်သဘောတူညီမှုရှိထားတယ်လို့ ဖွင့်ဟမပြောပေမဲ့လည်း အဲ့လိုယူဆလို့ရတယ်"

"ကျွန်တော်တို့က မိတ်ဆွေမိသားစုနဲ့ လုပ်ငန်းပါတနာတွေ။ ဒါပေမဲ့ အနာဂတ်မှာအဲ့လိုဖြစ်တော့မှာမဟုတ်ဘူး" ရှန်းချန်က ဟိုတယ်ခန်းထဲရှိ သားရေဆိုဖာပေါ်ထိုင်ကာ ရှေ့သို့အနည်းငယ်ကိုင်းလိုက်ပြီး လုံကျင်းလက်ဖက်ရည်တစ်ခွက်ဖြည့်၍ အဖေရှန်းထံ ကမ်းပေးလိုက်သည်။ သို့သော် သူ့အပြုံး၌ စိတ်မဝင်စားမှု၏ အေးစက်စက် စက်ဝန်းပြတ်တစ်ခုရှိနေသည် "ယောင်ရှန်အန်းဆိုတာက နက်နဲစူးရှတဲ့ အမြင်ပိုင်ရှင် လှည့်ဖျားပြီး စိတ်မချရမယ့် တွက်ချက်တတ်တဲ့ မြေခွေးအိုကြီး။ သူက အခု အိမ်ခြံမြေလုပ်ငန်းပိုင်းကို မျက်စိကျနေပြီးတော့ ရှန်အန်းအုပ်စုကို ရှန်ဟိုင်းမြို့အိမ်ရာဈေးကွက်ထဲ ရအောင်တိုးဝင်ဖို့ လုပ်နေတာ။ ဒီ့မတိုင်ခင်က ဖူဒုံနယ်မြေသစ်ထဲက မြေဆိုရင်လည်း ယောင်ရှန်အန်း ရဲ့ သူ့ကိုယ်ပိုင်ဆန္ဒအရ လိုချင်တာကြောင့်တာမဟုတ်ရင် ကျားနှစ်ကောင်တိုက်ရင်တောင်မှ ကျွန်တော်တို့ လော့အုပ်စုကို မရှုံးခဲ့လောက်ဘူး"

"အဖေ၊ ရှန်အန်းအုပ်စုရဲ့ အခြေခံလုပ်ငန်းက အကျွေးအမွေးတာဝန်ယူတာ။ သူတို့ ငွေလည်ပတ်မှုက ရှန်းအုပ်စုထက်ကို ပိုအလျှံပယ်ဖြစ်နေနှင့်ပြီးပြီ။ ယောင်ရှန်အန်းရဲ့ အမြင်နဲ့သာဆို သူသာ တကယ် အိမ်ခြံမြေလုပ်ငန်းထဲခြေဆန့်ချင်ရင် အဲ့အချိန်ကျ လေလံအပိုင်းမှာ ရှန်အန်းအုပ်စုကို အနိုင်ပိုင်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှန်းမိသားစုမှာ ရှိမှာလား?"

"ရှန်ဟိုင်းမြို့က သေးလွန်းတယ်။ တောင်တစ်လုံးမှာ ကျားနှစ်ကောင်အတွက် နေရာမရှိနိုင်ဘူး။ ရှန်းအုပ်စုက ကျွန်တော်တို့မိသားစုရဲ့ ဩဇာလွှမ်းမိုးမှုအတွက် အာမခံပေးနိုင်နေမှတော့ ဘာလို့ ကျွန်တော်တို့ ကျားနှစ်ကောင်တိုက်နေတာကို သည်းခံနေသင့်တာလဲ?"

သူ့သားပြောသည်ကို ကြားပြီးနောက် အဖေရှန်းက နှုတ်ဆိတ်မိနေသည်။ အချိန်ခဏကြာပြီးမှ "အဲ့လိုဆိုပေမဲ့ ထောင်မျိုးရိုးက ယုံကြည်လို့ရနိုင်မယ်လို့ မင်းတာဝန်ယူနိုင်လား? သူက ယောင်ရှန်အန်းကို မင်းအတွေးတွေပြောပြပြီး ကျားတွေတိုက်နေတာကိုပဲ တောင်ပေါ်ကနေ ထိုင်ကြည့်နေမှာမဟုတ်လောက်ဘူးလား?"

"သူ ယောင်ရှန်အန်းကို ဘာပြောနိုင်မှာမို့လို့လဲ? ရှန်အန်းအုပ်စုလို အကောင်ကြီးကြီးကို ရန်စတဲ့အတွက် ကျွန်တော် သူ့ကိုလေးစားမိတယ်ဆိုတဲ့အကြောင်းလား?" ရှန်းချန်က ရယ်သွမ်းသွေးသည် "အဖေ စိတ်ပူမနေပါနဲ့။ ထောင်မုက FlyNews ကို ဒီလိုအချိန်တိုလေးအတွင်း ဖန်တီးနိုင်မှတော့ လီရှောင်းဟန်က သူ့ကို ယုံကြည်လေးစားမှုနဲ့ ဆက်ဆံအောင် လုပ်နိုင်မှတော့ သူက ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပါ။ သူက ဉာဏ်ကောင်းတဲ့သူဆိုမှတော့ ဉာဏ်မရှိတဲ့အလုပ်တွေ လုပ်မှာမဟုတ်ဘူး"

"ဒါပေမဲ့ သူက ယန်အာနဲ့ ယွီအာတို့နဲ့ ဆက်ဆံရေးအဆင်မပြေဘူးလေ...."

ရှန်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည် "အဲ့တာက ဒီအတိုင်း ကလေးတွေစိတ်ဆိုးဒေါသထွက်ကြတာပါပဲ။ အထင်အမြင်လွဲတာတွေအကုန်ရှင်းသွားရင် အဆင်ပြေသွားမှာပါ"

"သူတို့အားလုံးက ကလေးတွေမို့လို့ ဖျောင်းဖျဖို့လွယ်မှာမဟုတ်ဘူးနော်။ မဟုတ်ရင် လူငယ်တွေမှာ ခွန်အားအပြည့်တက်ကြွလှုပ်ရှားတဲ့ စိတ်နေမျိုးရှိတယ်ဆိုတဲ့စကား ဘယ်ကထွက်လာမှာလဲ" အဖေရှန်းက မဲ့တဲ့သည့်အပြုံးမျိုးပေးကာ ရုတ်တရက် ပြောလာသည် "ယန်အာနဲ့ယွီအာက မင်းအမေနဲ့ငါ့ရဲ့ အလိုလိုက်ခံလာရတာ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူတို့က သူတို့စိတ်နောက်ပဲလိုက်ဖို့သိပြီး အခြေအနေတစ်ရပ်လုံးကို ဘယ်တော့မှ ထည့်မစဉ်းစားဘူး။ မင်းအနာဂတ်မှာ အကူအညီများများစားစားမရမှာ အဖေတော့စိုးရိမ်မိတယ်။ မင်းအဖေ့ကိုအပြစ်တင်လား?"

ရှန်းချန်က အသာပြုံးကာ အဖေရှန်းအတွက် လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့ပေးသည် "အဖေစိတ်ပူဖို့မလိုပါဘူး။ ကျွန်တော်တို့ပြောထားပြီးသားမလား? အခြေအနေအကုန်လုံးကို တာဝန်ယူတာက ရှန်းမိသားစုရဲ့ အကြီးဆုံးသားတစ်ယောက်တည်းနဲ့ပဲ လုံလောက်တယ်လို့လေ။ ယန်အာနဲ့ရှောင်ယွီ ကို အဖေတို့လူကြီးနှစ်ယောက်ကိုပဲ အဖော်ပြုပေးခိုင်းလိုက်ပါ။ သူတို့ ကျွန်တော့်ကိုကူညီပြီး အဖေနဲ့အမေ့အပေါ် သားသမီးတွေရဲ့ ဂါရဝတရားပိုပြပေးနိုင်တာပေါ့"

"အဲ့တာမှန်တယ်" အဖေရှန်းက ပြုံးပြီး ချောမောတည်ကြည်သည့် သူ့ရဲ့ အကြီးဆုံးသားကြီးကို ကြည့်လိုက်သည် ၊ သူ အားရကျေနပ်မိလေသည် "အဖေ မင်းလို ထူးချွန်ပြောင်မြောက်တဲ့သားမျိုးရထားတာကို အရမ်းကျေနပ်မိတယ်။ အဖေတို့မိသားစုတကယ် ကုမ္ပဏီအရေးတွေနဲ့ပတ်သက်ပြီး ယန်အာနဲ့ယွီအာကို အများကြီးစိတ်ပူခိုင်းဖို့မလိုဘူး။ တကယ်လို့ အငယ်နှစ်ယောက်ကသာ မင်းနဲ့တူပြီး ကုမ္ပဏီမှာပဲ နေ့တိုင်းစိတ်နှစ်ထားကြမယ်ဆိုရင် မင်းအမေနဲ့ငါတော့ အထီးကျန်နေရတော့မှာပဲ"

ရှန်းချန်က အနည်းငယ်ပြုံးပြီး လက်ဖက်ရည်ထပ်ကမ်းပေးလိုက်သည် "ဒါတွေအကုန်လုံး သားသမီးဝတ္တရားမကျေပွန်တဲ့ ဒီသားအပြစ်တွေချည်းပါ"

အဖေရှန်းက လက်ဖက်ရည်ကိုလှမ်းယူပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူ့သားက ရင့်ကျက်ပြီး အရည်အချင်းရှိလွန်းသည့်အတွက် ထိုအရာကလည်း ခေါင်းကိုက်စရာဖြစ်နိုင်သည်ပင်။ အဖေတစ်ယောက်အနေနှင့် သူ့ကိုယ်သူ မကြာခဏနှစ်သိမ့်ပေးနေရသည်။ ကံကောင်းစွာနှင့် သူတို့မိသားစုထဲ၌ သူ့အတွက်ခေါင်းကိုက်စရာတစ်ခုသာရှိသည်။ ညီအစ်ကိုချင်း ပဋိပက္ခဖြစ်သည်ထက် သစ်ပစ်တစ်ပင်၏ အကိုင်းတစ်ကိုင်းပဲ ရှင်သန်တိုးတက်လာသည်က ပိုကောင်းလှသည်။

"တကယ်လို့ မင်း ထောင်မုနဲ့ ရှန်းမိသားစုကြားက မကျေနပ်ချက်တွေကို ရှင်းထုတ်ပစ်ချင်တယ်ဆိုရင် ယန်အာနဲ့ယွီအာတို့ ကိုယ်တိုင်ကိုယ်ကျ အမှားပြင်မှရမယ်။ ယွီအာကတော့ စည်းရုံးဖို့လွယ်တယ် သူကအမြဲတမ်း နူးညံ့ပြီး နာခံတတ်ခဲ့တာပဲလေ။ တစ်ခုရှိတာက ယန်အာက အရမ်းဂုဏ်မောက်လွန်းတာ။ သူဦးမညွတ်မှာကိုပဲ ငါစိုးရိမ်မိတယ်" အဖေရှန်းမှာပြောရင်းနှင့် ထပ်ခေါင်းကိုက်လာရပြန်သည်။ အခုလေးတင် သူတို့မိသားစုထဲ ခေါင်းကိုက်စရာတစ်ခုပဲရှိသည်ဟုပြောလို့မှမဆုံးသေး အခုပဲ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ ကံကောင်းစွာနှင့်.....

"ယန်အာက အစ်ကိုကြီးအနေနဲ့ မင်းကိုအကြောက်ဆုံးပဲ။ ဒီတော့ သူ့ကိုပြောမယ့်ကိစ္စကတော့ မင်းကိုပဲအပ်ရတော့မယ်" အဖေရှန်းက ခေါင်းခါယမ်းကာ တိုက်ရိုက်ပဲ သူ့သားကို ပြဿနာလွှဲလိုက်သည်။ သူကထရပ်ပြီးပြောလာသည် "မင်းအမေကိုသွားတွေ့တော့မယ်။ မင်းပြော ကလေးတွေ သူတို့ကြားထဲသူတို့ တိုက်ခိုက်နေကြတာက နားလည်လို့ရသေးတယ်။ ဒါပေမဲ့ သူကပါ ဘာလို့ အဓိပ္ပာယ်မရှိတဲ့ထဲ ဝင်ပါရတာလဲ"

ရှန်းချန်က မတ်တပ်ထရပ်ပြီး သူ့အဖေဖြစ်သူ ဟိုတယ်ခန်းထဲမှ ထွက်သွားသည်ကို ကြည့်နေသည်။ သူ့အဖေ အမေ့၏အခန်းထဲ ဝင်သွားသည်ကို စောင့်ကြည့်နေရင်း သူ့လူယုံနှင့် အတွင်းရေးမှူးအား နိမ့်ကျစွာ ပြောလိုက်သည် "အကြီးဆုံးမမလေးနဲ့ ယွီအာကို ဒီကိုခေါ်လာခဲ့"

အထိတ်တလန့်နှင့် သူ့အခန်းထဲသူစောင့်နေသည့် ရှန်းယန်က တံခါးခေါက်သံကြားလိုက်ရသည့်အခါ၌ တုန်ယီသွားတော့သည်။ သူက ရှန်းယွီကို ဖက်ကာ ပြောသည် "ရှောင်ယွီ၊ အစ်ကိုကြီးက နင့်ကို အလိုအလိုက်ဆုံးပဲ။ သူငါ့ကို ခဏနေဆူရင် ငါ့ကိုနင်ကူညီပေးရမယ်နော်"

"အင်း" ရှန်းယွီက အားနှင့်မာန်နှင့်ခေါင်းညိတ်ကာ ရှန်းယန်၏လက်ကို ကိုင်လိုက်သည် "မမ စိတ်မပူပါနဲ့။ ကျွန်တော် သေချာပေါက် မမကို ကိုကိုဆူတာမခံစေရပါဘူး"

***

ထောင်မု Paidမှာ ဇာတ်သိမ်းအထိရနေပါပြီ

ဇာတ်လမ်းအသစ်လေး ၂ ပုဒ်လည်း ထပ်တင်ထားပါပြီနော်။

Continue Reading

You'll Also Like

891 152 33
[ဘာသာပြန်] * Completed * If you want to read eng - [ https://www.mtlnovel.com/after-the-white-moonlight-came-back-the-stand-in-fell-into-unemploymen...
6.8K 916 28
BL novel အသစ်လေး update ထားပါတယ်ရှင့် 🥰 reader လေးတို့ ကြိုက်နှစ်သက်တယ်ဆိုရင် link ချပေးထားတဲ့ page messenger လေးကနေပြီးတော့ paid GP လေးလည်း လာရောက်...
35.5K 4.1K 48
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...