{ ထူးခြားဆန်းကြယ် ဒိုင်ယာရီ }
" လိပ်ပြာစာအုပ်ကတ်တွေအပြင် တခြားဘာရှိသေးလဲ ?"
တဖက်မှ ကျိုးကျစ်ဟန်အသံကပေါ်လာကာ
" နံပါတ်စဉ်ကြောင်းထဲမှာ သိတဲ့ဂဏန်းက သုံးလုံးပဲရှိတာ ပေါင်းလဒ်က မမှန်လောက်ဘူး"
မှန်၏ ၊ ရှရှီချင်း လှည့်ပတ်ကြည့်လိုက်ရာစာအုပ်တွေရဲ့ အနောက်မှာ ချစ်ဖွယ်ကောင်းပြီးလှပတဲ့ ခရုခွံလေး ကိုတွေ့လိုက်ရသည်၊ စားပွဲရဲ့အပေါ်နံရံပေါ်တွင် နေကြာပင်ကိုအနီးကပ်ရိုက်ယူထားသောဓာတ်ပုံတစ်ပုံနှင့် နောက်တစ်ပုံမှာ ရှရှီချင်းရင်းနှီးမှုရှိတဲ့ Da Vinci ရဲ့ နာမည်ကြီးပန်းချီကား Vitruvian Man ပုံတို့ရှိသည်။
ထိုမလိုက်ဖက်သော အရာတို့က ရှရှီချင်းရဲ့ အာရုံကို ဖမ်းစားသွားလေသည် ၊ နံရံကို ပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့အချိန် ရုတ်တရက် ကျိုးကျစ်ဟန်၏အသံကို ကြားလိုက်ရသည်။
"ဘာလို့တိတ်ဆိတ်နေတာလဲ ? ခင်ဗျားဘာလုပ်နေတာလဲ?"
" ယောင်္ကျားကိုယ်လုံးတီးပုံကိုကြည့်နေတာ"
ရှရှီချင်းက နံရံကို ဆက်ကာစိုက်ကြည့်နေရင်း သူ့မေးခွန်းကို ဝိညာဉ်မဲ့စွာ ဖြေလိုက်မ်ိသည်၊ ကျိုးကျစ်ဟန်သည် တံတွေးသီးသွားပုံပေါက်ပြီး အဆက်မပြတ် ချောင်းဆိုးလာတော့သည်၊ တအောင့်ကြာတော့ သူထပ်ပြီး စကားဆိုလာသည်၊
"အို့ ကျွန်တော် ..ကျွန်တော့်ဖက်ကနံရံမှာလည်း တစ်ပုံရှိတယ်"
ရှရှီချင်းအံ့သြသွားပြီး ကျိုးကျစ်ဟန်နှင့် ကိုက်ညီကြည့်ဖို့ကြိုးစားလိုက်သည်၊
"ခြေနှစ်ချောင်းကို ပြိုင်တူရပ်နေပြီး လိမ်ကောက်ကောက်ဆံပင်နဲ့ သူ့လက်ခြေတွေက စတုရန်ပုံလေးထောင့်ကွက်တစ်ခုအတွင်းမှာရှိတယ် သူ့ခြေထောက်တွေက ခွဲထားပြီး လက်မောင်းတွေက စက်ဝိုင်းတစ်ခုထဲမှာ ဆန့်တန်းထားတယ် အဲ့ဒီပုံလား? "
"ဟုတ်တယ်"
ဒါသေချာပေါက်တိုက်ဆိုင်ရုံမဖြစ်နိုင်၊ သူတို့အခန်းတွေရဲ့ ဆင်တူညီမှုနှုန်းက ပိုမြင့်လာသည်၊
"အဲ့ဒီပန်းချီပုံမှာ ဘာထူးခြားချက်ရှိလဲ"
ကျိုးကျစ်ဟန်က ဒီပန်းချီကို အကြိမ်ပေါင်းများစွာ မြင်တွေ့နေပေမဲ့ သူ့မှာ ပန်းချီနဲ့ပတ်သတ်တဲ့ အသိ မရှိတာကြောင့် ဒီနယ်ပယ်မှာကျွမ်းကျင်သူကြီးကိုသာ အားကိုးပြီး မေးမြန်းရတော့သည်၊
ရှရှီချင်းက သူ့မေးဖျားကို ထိလိုက်ပြီး
"ဒါပန်းချီက အရမ်းအဓိပ္ပာယ်ပြည့်ဝတယ် ပန်းချီက ရှေးကျတဲ့ ရောမဗိသုကာ Vitruvius ရဲ့ ဆယ်အုပ်မြောက်သော ဗိသုကာလက်ရာစာအုပ် အတွက် Da Vinci ကရေးဆွဲထားတဲ့ ပုံတစ်ပုံပဲဖြစ်တယ် ၊ Vitruvius က သူ့စာအုပ်မှာတခါရေးဖူးတယ် စာအုပ်ထဲမှာ ချီးမြောက်ခံထားရတဲ့ golden ratio က ဒီရဲ့ လူ့ခန္ဓာကိုယ်အချိုးအစားကို ရေးဆွဲဖို့ Da Vinci က ကိုးကားထားတာဆိုလည်းဟုတ်တယ် ၊ ဒီပုံထဲက ယောက်ျားက ပြီးပြည့်စုံသော အချိုးအစားအတွက် စံတစ်ခုအဖြစ် ကမ္ဘာကိုသတ်မှတ်ဖို့အတွက်လည်း ဟုတ်တယ်......"
ပြောရင်းနဲ့ ဖျက်ခနဲ အရေးကြီးသောအတွေးတချို့ ခံစားလိုက်မိပြီး ရှရှီချင်း ရုတ်တရက်ရပ်လိုက်ပြီး
"ခနလေးနေဦး"
စားပွဲပေါ်က ခရုခွံကို ကောက်လိုက်ပြီး နေကြာပန်းပုံဖက်ကို ခေါင်းလှည့်ကြည့်ကာ အတွင်းဖက်မှ ပြည့်နှက်နေသော နေကြာစေ့တို့ရဲ့လမ်းကြောင်းအစဥ်ကျမှုကို ကြည့်လိုက်သည်၊
ပြီးတော့ ဒီနာမည်ကြီးတဲ့ Vitruvian Man
ငါသဘောပေါက်ပြီ
"ငါသဘောပေါက်ပြီ ဒါ golden section sequenceပဲ " ရှရှီချင်းက ထိုင်ခုံပေါ်မှာ တည်ငြိမ်စွာပြန်ထိုင်လိုက်ပြီး
"ခရုခွံပေါ်အရစ်ပတ်လမ်း ၊ နေကြာစေ့တွေရဲ့ လမ်းကြောင်းအစဥ် ပြီးတော့ ဒီပန်းချီ အားလုံးက ရွှေရောင်အပိုင်းအခြား golden sectionတွေပဲ"
အခု ကျိုးကျစ်ဟန်တွက်ထားတဲ့ လေးလုံးမြောက် နံပါတ်လည်း အဖြေထွက်လာခဲ့သည်၊
"Golden section ကFiboncci sequenceကို စဉ်လိုက်ထားရမှာ မဟုတ်လား? ၆၁၀ အပေါင်း ၉၈၇ ညီမျှခြင်း ၁၅၈၇ မဟုတ်ဘူးလား ဒါအမှန်ဖြစ်မယ်လို့ မထင်ထားပါဘူး "
"ဒီတော့ တခြားအချက်အလက်တွေက ဒီတိုင်း သဲလွန်စအဖြစ်ပေးထားတာပဲ"
ရှရှီချင်းက ခရုခွံကိုချလိုက်ပြီး
"မင်းလည်း passwordဝင်ကြည့်ဖို့ လုပ်လိုက်တော့"
ကျိုးကျစ်ဟန်က အင်းဟုဖြေကာ ရှရှီချင်းအခန်းကနေ နံပါတ်လေးလုံးကို ရိုက်နှိပ်နေတဲ့အသံကို ကြားနေရသည်၊ နှစ်စက္ကန့်လောက်ကြာတော့ စက်မှအသံကို ကြားလိုက်ရသည်
"လျို့ဝှက်နံပါတ်မှန်ကန်ပါသည်"
အချိန်ကြာမြင့်စွာ လုံးပန်းပြီးတဲ့နောက်မှာ နောက်ဆုံးမထွက်နိုင်သေးတဲ့သူမှာ ကိုယ်တိုင်သာဖြစ်သည်၊ ကိုယ်ရဲ့ အခန်းမှမဟုတ်ပေမဲ့လည်း ရှရှီချင်းမှာ အောင်မြင်ခြင်းသတင်းကောင်းကြားဖို့ အလို့ငှာ မျှော်လင့်တကြီးစောင့်နေခဲ့သည်၊ သို့သော် ကျိုးကျစ်ဟန်က ဆိုလာသည်
"နံပါတ်ကမှန်တယ် ဒါပေမဲ့ ကျွန်တော်အံဆွဲဖွင့်လို့မရဘူးကော"
"ဘယ်လိုလုပ်ဖြစ်နိုင်....."
ရှရှီချင်းသည် သူတို့နှစ်ယောက်မှာ အခန်းတစ်ခနထဲတူတူရှိနေတာမဟုတ်တာကို သိပေမဲ့လည်း သူ့ဖက်က အံဆွဲက ဘာလော့ပေါက်မှမပါနေပေ၊ ကျိုးကျစ်ဟန်က ဖွင့််လို့မရဘူးလို့ပြောတာကို ကြားတာနဲ့ သူသံသယတစ်ဝက်ဖြင့် သူ့ဖက်က အံဆွဲကို ဆွဲကြည့်လိုက်သည်၊
ဖွင့်လို့ရမယ်လို့တော့ မထင်.......
အတော်ထူးဆန်းသည်၊ ရှရှီချင်းမှာ မယုံနိုင်မှုများစွာဖြင့်
"ထူးဆန်းလိုက်တာ မင်းဖက်က လျို့ဝှက်နံပါတ်ရိုက်ထည့်လိုက်တာကို ငါ့ဖက်က အံဆွဲက ပွင့်သွားတယ်"
အပြန်အလှန်ဖြစ်တည်မှုတွေ မရပ်တန့်သေးမှန်း ဘယ်သူက သိမှာလဲ
ကျိုးကျစ်ဟန်က ချက်ချင်းပြန်ဖြေလာကာ
"ကျွန်တော့ဖက်က အံဆွဲက အခုမှ ဖွင့်လို့ရသွားတယ် ထူးဆန်းလိုက်တာ"
ကျိုးကျစ်ဟန်ရဲ့ ရေရွတ်သံကို ကြားတော့ ရှရှီချင်းသည် နားမလည်နိုင်ဖြစ်နေကာ မျက်မှောင်လေးကြုတ်လျှက် ရှိနေမည့် သူ့မျက်နှာလေးကို တွေးတောမိပြီး မတတ်နိုင်စွာ ရီလိုက်မိသည်
"မင်းစောစောက အားမရှိလို့နေမှာပေ့ါ"
"မဖြစ်နိုင်တာ ကျွန်တော် ခုနက တကယ်ဖွင့်လို့မရတာပါဆို"
ပရိုဂရမ်အသင်းရဲ့ လက်ချက်ပဲဖြစ်နိုင်လိမ့်မည်၊ အားလုံးမှာ လူတို့လုပ်ထားတဲ့ ဇာတ်ကွက်တွေပါပဲ ၊ ဒါကြောင့် တချို့ပြင်ဆင်မှုလေးတွေအတွက် နားလည်ပေးရမှာပေါ့၊
"စိုးရိမ်မနေနဲ့ အထဲမှာဘာရှိလဲသာ ကြည့်လိုက်ရအောင်"
ရှရှီချင်းက အံဆွဲထဲကို ငုံကြည့်လိုက်ကာ သူပထမဆုံးတွေတဲ့အရာက အုပ်စုဖွဲ့ပုံဓာတ်ပုံတစ်ပုံဖြစ်သည်၊ ဓာတ်ပုံတွင် ကမ်းခြေတစ်ခုရှေ့တွင် လက်လေးတွေတွဲကာထားတဲ့ စုံတွဲတစ်တွဲဖြစ်သည်၊ ဓာတ်ပုံကို လှပတဲ့ ဓာတ်ပုံဘောင်တစ်ခုမှာ သေချာစွာထည့်ကာထားသည်၊
ဓာတ်ပုံကို ကြည့်ပုံအရ ဒီအိပ်ခန်းရဲ့ ပိုင်ရှင်သည် ချစ်သူကောင်မလေးရှိဖို့ များသည်။
ဒါပေမဲ့ ဘာလို့ ဒီလိုဓာတ်ပုံကို အံဆွဲထဲမှာ ထည့်ထားတာလဲ? ရှရှီချင်းမှာ ဤ်သည် အဓိပ္ပာယ်မရှိသလိုခံစားရ၏၊ သို့သော်လည်း ဒီအချ်ိန်မှာ အများကြီးတွေးဖို့ မဖြစ်နိုင်ဘူးဆိုတာ ကောင်းစွာသိတာကြောင့် ဓာတ်ပုံဘောင်ကို စားပွဲပေါ်မှာ အဆင်ပြေသလို တင်ထားလိုက်ပြီး အံဆွဲထဲမှ တခြားပစ္စည်းတွေကို ဆက်ရှာဖွေကြည့်လိုက်သည်၊
"ခင်ဗျား ဘာတွေ့လဲ"
တဖက်မှ ကျိုုးကျစ်ဟန်က မေးလာသည်၊
ရှရှီချင်းက အဆင်ပြေသလိုဓာတ်ပုံကို ပြန်ထားလိုက်ပြီးနောက် ပိုပြီး အသုံးဝင်လောက်မဲ့ သဲလွန်စပစ္စည်းကို တွေ့လိုက်သည်၊
"ငါ ရေးစာအုပ်တစ်အုပ်တွေ့တယ် ကြည့်ရတာ....."
အထဲကို လှန်ကြည့်လိုက်ရာ ရက်စွဲတွေရေးထားကာ မှတ်တမ်းတိုတ်ိုလေးတွေကို လည်းတွေ့ရသည်။
"ဒိုင်ယာရီ?"
"ကျွန်တော်လည်း ဒိုင်ယာရီတစ်အုပ်တွေ့တယ် ဒါပေမဲ့ ဓာတ်ပုံတော့မရှိဘူး "
ကျိုးကျစ်ဟန်က သူ့မှာရှိတဲ့ အချက်အလက်တွေကို ဆက်လက်မျှဝေနေကာ
"စာတစ်ကြောင်းရေးထားတဲ့ မွေးနေ့ကတ်လေးတစ်ခုလည်းရှိတယ်"
ကျိုးကျစ်ဟန်က သူရထားတဲ့ သဲလွန်စပစ္စည်းတွေကို စာရင်းလုပ်နေသလို ရှရှီချင်းကတော့ မွေးနေ့ကတ်ကို ဖွင့်ကြည့်ပြီးကာ ရေးထားတဲ့စာကိုဖတ်ကြည့်လိုက်သည်။
"ငါ မင်းကို တွေ့လိုက်ရတဲ့ အချိန်လေးဟာ ဖြစ်ပျက်မှုတွေရဲ့ စတင်ခြင်းပဲ အရာရာတိုင်းက ငါ့ကို ထားခဲ့ပြီး မင်းဆီကိုသာ ပျံသန်းသွားခဲ့ကြတယ် ဒီတဲ့ တိုတောင်းသေးငယ်လှတဲ့ အခိုက်အတန့်ရဲ့ အဆုံးမှာ စကြာဝဋာဟာ အမှန်တကယ် မွေးဖွားလာခဲ့တယ်"
အသက်တစ်ရှိုက်မှာတင် ဒါကိုဖတ်ပြီးသွားပြီးနောက် ရှရှီချင်းသည် ဒါဟာ ချစ်သူနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းတစ်ခုဆိုတာကို ရုတ်တရက်သဘောပေါက်သွားသည်၊ လေထုမှာ အနည်းငယ်နေရခက်လာပြီး ရှရှီချင်းမှာ ဘာဆက်ပြောရမှန်းမသိတော့ ၊ ဒီလိုဆိုတော့ အလျင်စလိုသွားဖတ်လိုက်တဲ့သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပေါ့ ၊ ဘယ်သူ့အပြစ်မှမဟုတ် မိမိသာ။
"ဟေ့ ဘာလဲ မင်းတို့သိပ္ပံကျောင်းသားတွေက ချစ်စကားချွေတဲ့နေရာမှာ အရမ်းတော်ကြတာပဲလား?"
ရှက်ရွံ့မှုကို ဖြေဖျောက်ရန်အလို့ငှာ ရှရှီချင်းက ဟန်ဆောင်ပန်ဆောင် ထိုမေးခွန်းကို မေးလိုက်သည်၊
လူတွေက ပိုပြီးအလန့်တကြားဖြစ်လေလေ အမှားတွေပြောထွက်ဖို့ ပိုလွယ်လေလေဆိုတဲ့ ဒီစကားသည် တကယ်ကို ပညာသားပါးသော စကားသာဖြစ်သည်၊ အခုတင်မေးခွန်းမေးပြီးသွားတဲ့ ရှရှီချင်းသည် ရုတ်တရက် လေယာဥ်ပေါ်မှာတုန်းက ကျိုးကျစ်ဟန်ရဲ့ Tyndall Effect ကို တွေးမိသွားသည်၊
ဆိုးတာပဲ ၊ ကျစ်ဟန်တော့ သူ့ကို လာအီနေတယ်လို့ အထင်လွဲတော့မည်၊ ဒါအပြင် အဲ့အကြောင်းကို သူဆက်ပြီးဖော်ကာပြောချင်စိတ်လည်း မရှိနေပါဘူးဆိုမှ၊
အစကတော့ ကျိုးကျစ်ဟန်ဘာစကားမှ မပြောနိုင်လောက်တော့ဘူးလို့ ထင်ထားခဲ့ရာ ပြန်ဖြေလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ
"တဖက်ကဘယ်သူလဲဆိုတဲ့အပေါ်မှာတော့ မူတည်တာပေါ့"
ကျိုးကျစ်ဟန်ရဲ့ အသံက ရှက်ရွံနေဖွယ်အသံမျိုးလုံးဝမပေါက်နေခဲ့ ၊ရှရှီချင်းကို မျက်နှာပျက်စေအောင်ပို၍တောင်တည်ငြိမ်မှုရှိနေသေးသည်၊ အစကအဆုံး ရှက်နေရတဲ့သူက သူသာဖြစ်နေတော့၏ ၊ ရှက်ရွံ့နေတဲ့ ရှရှီချင်းက ကျိုးကျစ်ဟန်ရဲ့ အဆိုပြုချက်ကို စုန်းစုန်းလျစ်လျူရှုထားမိပြီး ကျိုးကျစ်ဟန်ပြောတဲ့ 'ဘယ်သူ'ဆိုတာကို သူ့ကို ရည်ညွှန်းနေမှန်း သဘောမပေါက်လိုက်ပေ။
"အော် မွေးနေ့ကတ်ရက်စွဲက အောက်တိုဘာ ၂၃ရက် ဖြစ်တယ် ငါ့အထင် ဒီသဲလွန်စက နောက်ဆုံးမှ ရောက်လာတာဖြစ်ရမယ် "
ဖြူစင်တဲ့ ဝံပုလွေငယ်လေးရဲ့ ရှေ့မှာ သူ့ရဲ့ အောင်နိုင်သူဂုဏ်ပုဒ်ကို အဖက်ဆယ်ရဖို့အလို့ငှာ ရှရှီချင်းမှာ မျက်နှာပြောင်တိုက်စွာ စကားလမ်းကြောင်းလွဲလိုက်သည်၊ ထိုတွင် ကျိုးကျစ်ဟန်လည်း သူသဘာဝမကျနေမှန်းသိခဲ့သည်၊ ဒါပေမဲ့ သူ့ရဲ့ ကြိမ်နှုန်းက ရှရှီချင်းနဲ့ ညှိမရနိုင်ခဲ့၊ သူပြောလိုက်တဲ့စကားလုံးတွေက ရှရှီချင်းကို ဖိအားဖြစ်သွားစေတာကို ခံစားမိပြီး ခေါင်းစဉ်လွဲခံလိုက်ရခြင်းမှာ ငြင်းပယ်ခြင်းသဘောတစ်ခုသာဖြစ်လေသည်။
မသိလိုက်တဲ့အချိန်တစ်ခုမှာ သူတို့နှစ်ယောက် တစ်ပတ်လည်အခြေအနေတစ်ခုကို ရောက်သွားခဲ့တော့၏။
မွေးနေ့ကတ်ကိုချလိုက်ပြီး ရှရှီချင်းပြန်ကာ စောစောက ရေးစာအုပ်ဆီ အာရုံစိုက်လိုက်သည်၊ဒါသည် အနည်းငယ်ဟောင်းနွမ်းနေသော ဒိုင်ယာရီတစ်အုပ်သာဖြစ်၏၊ စာအုပ်ရဲ့ ထောင့်စွန်းတွေဆိုရင် လိပ်တက်ကာ ကောက်ကွေ့နေတော့သည၊ နှစ်တွေကြာခဲ့ပြီကြောင်းပြသနေသည်၊ တွေးရင်း ရှရှီချင်း ပထမစာမျက်နှာကို လှန်ကြည့်လိုက်သည်။
"ဒိုင်ယာရီကိုကြည့်ကြည့်လိုက်အုံးမယ်"
ရေဒီယိုမှတဆင့် ကျိုးကျစ်ဟန်ကိုပြောလိုက်ပြီး သူ့အာရုံတွေကို ဒိုင်ယာရီဆီမှာပြန်စိုက်လိုက်သည်။
[နိုဝင်ဘာ ၁၁, ၂၀၁၄မှာ ရာသီဥတုကောင်းမွန်နေတယ်]
[ဒါဟာ ငါ့ရဲ့အခက်ခဲဆုံးနေ့ရက်လို့ပဲအမြဲတွေးမိခဲ့တယ် ၊ ခြေတစ်ဖက်ကျိုးနေတဲ့ မုဆိုးဖိုငယ်တစ်ယောက်က ဆေးရုံဝင်းထဲမှာ Single dayကို တစ်ယောက်ထဲဖြတ်သန်းလို့နေခဲ့တယ်၊ မျှော်လင့်မထားစွာ ဆေးရုံအဆောင်ခန်းထဲကို လူသစ်တစ်ယောက်ရောက်လာခဲ့တယ်၊ သူမက အရမ်းကိုချစ်ဖို့ကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်၊ ပြုံးလိုက်တဲ့အခါ ယုန်သွားနှစ်ချောင်းလေးနဲ့ ယုန်ကလေးလိုအရမ်းချစ်ဖို့ကောင်းလွန်းပါတယ်]
ဒါ ကောင်လေးရဲ့ ဒိုင်ယာရီပဲ.....ရှရှီချင်းက မြန်မြန်လှန်လှောလိုက်ပြီး စာမျက်နှာတစ်ခုမှာရပ်လိုက်သည်။
"ကျွတ်....လိုက်တာ ခြောက်လလောက်ကြာခဲ့တာပဲ" (လိုက်ပိုးတာကိုပြောတာ)
[မေလ ၂၀ ၂၀၁၅]ဆိုတဲ့ ရက်စွဲကိုကြည့်ပြီး တစ်ယောက်ထဲရေရွတ်လိုက်သည်။
"ခင်ဗျား ဖတ်ပြီးသွားပြီလား?"
ရှရှီချင်း တဖက်မှ မေးခွန်းသံကိုကြားလိုက်ပြီး မေးခွန်းသံအဆုံးမှာ စာရွက်လှန်တဲ့အသံကိုလည်းကြားလိုက်ရသည်၊ အနောက်ကို သူမဖတ်ရသေးတာပဲဖြစ်မယ်ဟုတွေးကာ
"မင်းစာဖတ်တာ တအားနှေးတာပဲ"
ပြောပြီး အနောက်ဖက်စာမျက်နှာအထိလှန်လိုက်သည်၊ ရုတ်တရက် စာမျက်နှာတရွက်မှာ
[ သူမထပ်ပြီး ဆေးရုံတက်ရပြန်ပြီ၊ ခွဲစိတ်မှုအောင်မြင်ပြီး ဘာပြသနာမှမရှိဖို့မျှော်လင့်တယ်]
ဟုတွေ့လိုက်ရသည်။
မိန်းကလေးက ထပ်ပြီး ဆေးရုံတက်ရပြန်ပြီပဲ ၊ သူမ ရောဂါအပြင်းရနေတာဖြစ်ရမယ်
သူခနက စားပွဲပေါ်က စာအုပ်ဆီ ရုတ်တရက် အတွေးပေါက်မိလိုက်သည် ။
"သူ့ကောင်မလေးရဲ့ ရောဂါက.....တတိယစာအုပ်ထဲက Left Heart Hypoplasia Syndrome ပဲဖြစ်ရမယ်၊ ဒီရောဂါက မွေးရာပါတဲ့ နှလုံးရောဂါတစ်မျိုးပဲဖြစ်ရမယ် "
ရှရှီချင်း အရင်စာအုပ်ကိုလှန်ကြည့်လိုက်ပြီး အသုံးဝင်လောက်မဲ့ အချက်တွေကို ရှာဖွေကြည့်လိုက်သည်။
"ရေဒီယိုက ကောင်မလေးဆီက လက်ဆောင်ပဲ"
ကျိုးကျစ်ဟန်က ရုတ်တရက်ပြောလာကာ
"ခင်ဗျားမြင်လား?"
"ငါကြည့်လိုက်အုံးမယ်"
ရှရှီချင်းလှန်ကြည့်လိုက်တော့ ကျိုးကျစ်ဟန်ပြောတဲ့စာမျက်နှာကိုတွေ့လိုက်သည်။
[မေလ ၂၀ ၂၀၁၆ မှာ ရာသီဥတုက သာယာပါတယ်]
[သူမက ငါ့ကို ပစ္စည်းဟောင်းတစ်ခုပေးတယ် အဲ့ဒါက ရေဒီယိုပဲ ၊သူမကပြောတယ် အဲ့ဒီရေဒီယိုက သူအဖိုးဝယ်ထားတာတဲ့ ၊ သူမအဖိုးက သူမအဖွားကိုလက်ထပ်ခွင့်တောင်းဖို့ ပိုက်ဆံတွေစုပြီး ဝယ်ပေးခဲ့တာတဲ့၊ သူမငယ်ငယ်က ရေဒီယိုပေါ်ကိုလှဲအိပ်ပြီး နေ့တိုင်းပုံပြင်တွေနားထောင်လေ့ရှိခဲ့တယ်တဲ့၊ အဲ့ဒီနို့နှစ်ရောင်ယုန်ဖြူလုံးလေးကို ငါမြင်ယောင်မိပါရဲ့၊ အချိန်ခရီးသွားလို့ရရင်သိပ်ကောင်းမှာပဲ ၊ သူမငယ်ငယ်က ဘယ်လိုပုံစံရှိလဲဆိုတာကို သွားပြန်ကြည့်ချင်မိတယ်]
"လတ်စသတ်တော့ ဒီရေဒီယိုက ဇာတ်လမ်းတပုဒ်ရဲ့ ဇစ်မြစ်ဖြစ်နေတာကို"
ရှရှီချင်းက ပြုံးလိုက်ပြီး
"ဒီပစ္စည်းအိုကြီးက မျိုးဆက်သုံးဆက်လုံးအထိတော့အချစ်သက်သေမလုပ်ပေးချင်လောက်ပါဘူး"
"မဟုတ်သေးဘူး"
ကျိုးကျစ်ဟန်က ရှရှီချင်းရဲ့ ဟာသကို တည်ငြိမ်စွာငြင်းပယ်လိုက်ပြီး
"သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်ထားတယ်"
"...ဘာကို?"
"ခင်ဗျား စာမျက်နှာပြန်လှန်ကြည့်ကြည့်လိုက်"
ရှရှီချင်းက ကျိုးကျစ်ဟန်အဆိုပြုချက်အတိုင်း လိုက်ပြီး နောက်ဆုံးသောအရွက်အနည်းငယ်ထိလှန်လိုက်သည်။
[ မေလ ၁၃ ၂၀၁၉ ရက်နေ့မှာ ရာသီဥတုကတော့ တိမ်ထူထပ်ပါတယ် ]
[ငါ ဒီနေ့ သူမနဲ့ စကားများခဲ့တယ် ၊ ငါတို့နှစ်ယောက်ကြားမှာ စကားကိုချောချောမွေ့မွေ့မပြောခဲ့ရတာ အတော်ကြာခဲ့ပြီလို့ခံစားရတယ်၊ ငါတို့ဘာလို့ဒီလိုတွေဖြစ်လာရတာလဲ ၊ ငါတကယ်နားမလည်နိုင်တော့ဘူး၊ တကယ်ပဲ အချိန်က အရာအားလုံးကို ဆုတ်ယုတ်သွားစေတာလား]
ဒီစာကြောင်းကို ကြည့်ပြီးရှရှီချင်းမှာ ရုတ်တရက်ငြိမ်ကျသွားသည်၊ အရူးတွေရဲ့ ဇာတ်လမ်းမျိုးနှင့် ယောင်္ကျားနဲ့မိန်းမကြားက နာကျည်းအပြစ်တင်ချက်တို့ဟာ နေ့တိုင်းအဆုံးမရှိ ၊ အစတုန်းကသာ အမြဲအဆင်ပြေခဲ့ကြသည်၊ အချိန်ကြာလာရင်တော့ ကတောက်ကဆ၊ ရန်တွေ့၊ သဝန်တို၊ ပြီးတော့ အပြစ်တင်နာကျည်း ၊ ဒီရဲ့ အဆိုးဖက်သွားတဲ့ခံစားချက်တွေက စပျိုးလာတာကနေ တဖြည်းဖြည်းကြီးထွားကာ နှစ်ယောက်ကြားက ခံစားချက်တွေအားလုံးကို မျိုသိပ်ထားပစ်ရတဲ့ အခြေအနေတွေထိရောက်တဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လို့မငြီးငွေ့ခဲ့ပါသောမျက်နှာတို့မှာ အချင်းချင်းရှောင်ပုန်းဖယ်ခွာလာကြတော့သည်၊
အဲ့လိုဆို ဘာလို့များစခဲ့ကြသေးလဲ။
relationshipမရှိတဲ့ relationship က ကမ္ဘာပေါ်မှာ အသက်သာဆုံးနှင့်အန္တရာယ်အကင်းဆုံး relationship သာဖြစ်၏
ဤသို့သော လက်တွေ့ဆန်သည့် အချစ်ဇာတ်လမ်းမျိုးသည် ရှရှီချင်းရဲ့ခံစားချက်ကို အောက်ဆုံးထိလျောကျသွားစေ၏၊ နောက်စာမျက်နှာအနည်းငယ်ကို တမန်ကာလျှံကာသာ လှန်လိုက်ပြီး ထိုနည်းဖြင့် နောက်ကျိနေသည့်သူ့အတွင်းစိတ်ကို ဖုန်းကွယ်ထားစေကာနောက်ဆုံးစာမျက်နှာရောက်တော့ လက်ချောင်းတွေကိုရပ်တန့်လိုက်သည်၊
[မေလ ၂၀၁၉ နှစ်၂၀အတွင်းမှာ အကြီးဆုံးမိုးရွာတဲ့နေ့]
[ငါဘာလို့များ ဖုန်းကိုပိတ်ထားခဲ့တာလဲ အထင်လွဲခံရလို့ ဘယ်လောက်ပဲ ဒေါသထွက်နေခဲ့ပါစေအုံး ငါဖုန်းကိုမပိတ်ထားခဲ့သင့််ဘူး ၊ ငါသာဖုန်းကို မပိတ်ထားခဲ့ရင် သူမလည်း စိတ်ခံစားချက်တွေများပြီး မေ့လဲခဲ့မှာ မဟုတ်ဘူး အရေးပေါ်ဆက်သွယ်ဖို့နံပါတ်တွေ..... ဒီကတ်က အရမ်းအကျိုုးရှိရဲ့သားနဲ့ ငါအသုံးပြုရမဲ့အချိန်မှာမှ ငါကအဆက်အသွယ်ကို ပိတ်ထားပစ်ခဲ့တယ်တဲ့လား ၊ သေရမဲ့သူက ငါသာဖြစ်သင့်တာ]
"ကောင်မလေးက သေသွားခဲ့တာ...."
ရှရှီချင်းမှာဒီလိုအဆုံးသတ်မျိုးဖြစ်မယ်လို့မမျှော်လင့်ထားခဲ့ပေ၊
"သူမ နှလုံးထိပြီးသေသွားခဲ့တာ"
"သေတာက...."ကျိုးကျစ်ဟန်ကတစ်ခုခုပြောမဲ့ပုံရပေမဲ့ သူရပ်တန့်သွားကာ တအောင့်ကြာတော့မေးလာခဲ့သည်။
"ဒါဆို သူမက ကယ်ဖို့နှောင့်နှေးသွားခဲ့လို့ သေသွားခဲ့ရတာလား?"
"ဟုတ်တယ်"
ရှရှီချင်းက ဒိုင်ယာရီကို စားပွဲပေါ်ပြန်တင်ထားလိုက်သည်၊ ဒီလိုအချစ်ဇာတ်လမ်းမျိုးကြောင့်နဲ့ ခံစားနေမဲ့ အရွယ်ကိုလည်းကျော်လွန်ခဲ့ပြီးနေပါပြီ၊အခုသူတွေးနေတာက ဒီဒိုင်ယာရီရဲ့ လုပ်ဆောင်ချက်ကိုပင်၊ လျို့ဝှက်အခန်းတွေရဲ့နောက်ဆုံးအဖြေအပေါ်ကဇာတ်ညွှန်းစီစဥ်မှုပုံစံအရ အခန်းထဲမှာရှိရှိသမျှပစ္စည်းအားလုံးသည် ရည်ရွယ်ချက်မပါပဲ ရှိနေခြင်းမရှိကြောင်း ကောက်ချက်ချလို့ရသည်၊ သူတို့တွေရဲ့ လုပ်ဆောင်ချက်တို့မှာ နည်းလမ်းနှစ်မျိုးနှစ်စားအဖြစ်ကွဲထွက်နေကောင်းဖြစ်နိုင်ပါသည်၊ တစ်မျိုးမှာ လျို့ဝှက်နံပါတ်သဲလွန်စတွေကို ဖေါ်ထုတ်ဖို့ ၊သို့သော် ဒိုင်ယာရီမှာက ရက်စွဲတွေအလွန်များလှသည်၊ တခြားသဲလွန်စပစ္စည်းတွေနဲ့ပေါင်းစပ်ခြင်းမရှိဘဲနဲ့တော့ လျို့ဝှက်နံပါတ်ကို ရနိုင်ဖို့မဖြစ်နိုင်ပေ၊
နောက်တစ်မျိုးလုပ်ဆောင်ချက်က လျို့ဝှက်ခန်း ရဲ့ ဇာတ်လမ်း သို့မဟုတ် သတ်ဖြတ်သူနှင့်ဆက်နွယ်မှုရှိသည်၊ သို့ပေမဲ့ ဒါကပိုလို့တောင်အဓိပ္ပာယ်မရှိနေပေ၊ ဒါ့အပြင် ဒီဇာတ်လမ်းသည် အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်၊ အရင်တခေါက်တုန်းကလို သံသယရှိဖွယ်လူသတ်ဖြစ်ရပ်မျိုးနဲ့ လားလားမှမဆိုင်။
ဆိုတော့ ဒီအကြောင်းအရာမှာ သတ်ဖြတ်သူရဲ့ သရုပ်မှန်ကဘာဖြစ်မလဲ?
အတွေးနက်နေသောရှရှီချင်းမှာ မျက်မှောင်ကြုတ်လျှက်ရှိသည်။အံဆွဲမှာလည်းဘာမှမရှိတော့၊ ဖြည်းဖြည်းချင်းပိတ်လိုက်ကာ၊ သူစောစောကထုတ်ထားတဲ့ ဓာတ်ပုံဘောင်ပေါ်ကို မျက်စိရောက်သွားပြီး စားပွဲပေါ်မှာ ထောင်လိုက်သည်။
ထိုအခါမှဓာတ်ပုံဘောင်ရဲ့ အနောက်မှာ စာတစ်ကြောင်းရေးထားတာကိုတွေ့လိုက်ရသည်၊
[မူလနေရာမှန်သို့ ပြန်ထားပါ]
မူလနေရာမှန်?
ဒီဓာတ်ပုံကို စစမြင်လိုက်တဲ့အချိန်တုန်းက ရှရှီချင်းတွေးခဲ့သော အိုင်ဒီယာနဲ့ တိုက်ဆိုင်နေသည်၊ ဒီလို ဓာတ်ပုံဘောင်မျိုးတွေက အံဆွဲထဲမှာ မဟုတ်ဘဲ စာကြည့်စားပွဲပေါ်တို့မျိုးမှာရှိသင့်တာဖြစ်သည်၊ဇာတ်လိုက်အမျိုးသားနဲ့ အမျိုးသမီးတို့ကြားရန်ဖြစ်စကားများမှုနဲ့ဆက်စပ်ကြည့်လိုက်ရင် ဒါဟာဘာကြောင့်ဆိုတာရှင်းပြနိုင်ဖွယ်ရှိပါသည်
ရှရှီချင်းက ဓာတ်ပုံကို ကောက်ယူလိုက်သည်၊
ဒါဘယ်မှာထားရမှာလဲ?
"အဲ့ဖက်မှာ တကယ်ဘာဓာတ်ပုံမှ မရှိဘူးလား စားပွဲပေါ်မှာကော ? ဒါမဟုတ် တနေရာရာ "
ရှရှီချင်းမှာ ရွေးချယ်စရာမရှိ အကောင်အထည်ပြစရာဘာအချက်အလက်မှ မရှိဘဲ ကျိုးကျစ်ဟန်နှင့်ထပ်ပြီး အတည်ပြုဖို့လုပ်ရသည်၊ ဒါအပြင် သူတို့အခန်းတွေက တော်တော်များများ ဆင်တူမှုရှိသည်၊ သူအခန်းထဲက တနေရာရာမှာဓာတ်ပုံဘောင်ကိုချိတ်ထားတာလည်းဖြစ်ရင်ဖြစ်နိုင်လောက်သည်၊
"မရှိဘူး ကျွန်တော်ဘာဓာတ်ပုံဘောင်မှမတွေ့ဘူး"
ကျိုုးကျစ်ဟန်အသံက လုံးဝသေချာမှုရှိနေသည်၊
အဲ့အချိန်မှာ ရှရှီချင်းက စာကြည့်စားပွဲရဲ့ ညာဖက်အပေါ်ထိပ် လပ်တော့ရဲ့ ညာဖက်မှာ ထောင့်မှန်စတုဂံချိုင့်ကွက်လေးတစ်ခုကို ရှာတွေ့ခဲ့သည်၊ သူခေါင်းကို ငုံ့ကာ လက်ထဲမှ ဓာတ်ပုံဘောင်ရဲ့ထောင့်ကိုကြည့်ကာ အတွေးထဲမှ အိုင်ဒီယာတစ်ခုဝိုးတဝါးပေါ်လာတော့သည်။
ဖြစ်နိုင်လောက်မလား......
ဓာတ်ပုံဘောင်ကို ညာဖက်အပေါ်ထောင့်က ချိုင့်ကွက်မှာ ထည့်ကြည့်ဖို့ကြိုးစားလိုက်သည်၊ ပြီးနောက်သူတွေးသလိုပဲ ဓာတ်ပုံဘောင်နဲ့ကွက်လပ်နဲ့ကွက်တိကျနေတော့သည်!
"ငါနေရာမှန်တွေ့သွားပြီ"
ရှရှီချင်းက စိတ်သက်သာရာရစွာ လေမှုတ်ထုတ်လိုက်သည်၊ ဒီချိုင့်ကွက်တွေကတော်တော်အသုံးဝင်တာတွေပဲ ၊ သို့သော် ကံကောင်းစွာ သူဝင်လာကတည်းက ဒါတွေနဲ့ပတ်သတ်ပြီး စိတ်ထင့်နေသလို ခံစားခဲ့ရသည်၊
ထိုအချိန်မှာ စားပွဲတင်မီးအိမ်က အလိုလိုမီးလင်းလာခဲ့သည်၊
သို့သော် ဒါက အထူးဆန်းဆုံးမဟုတ်၊ သူတကယ်ကို ထိတ်လန့်သွားခဲ့တာက ကျိုးကျစ်ဟန်နောက်ထပ်ပြောလိုက်တဲ့စကားမှာ ဖြစ်သည်၊
"ဓာတ်ပုံဘောင်ပေါ်လာပြီ"
ကျိုးကျစ်ဟန်အသံက အံ့အားသင့်မှုတွေနဲ့ပြည့်နေခဲ့သည်၊ သူ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ
"အဲ့တာ ဘယ်လိုထွက်လာလဲ သိလား ၊ စက်ရုပ်လိုမျိုးပဲ စာကြည့်စားပွဲထောင့်တနေရာက ပွင့်သွားပြီး အထဲနေ ဓာတ်ပုံဘောင်က တိုးထွက်လာပြီး အပေါ်တက်လာတာ ပြီးတော့ စားပွဲရဲ့ ညာဖက်အပေါ်ထောင့်မှာ ထောင်သွားတာ"
"မင်း ဘာပြောလိုက်တယ်?"
T/N - နောက်ကျသွားလို့ စိတ်မဆိုးကြပါနဲ့နော် ၊ အချိန်ကို မပေးနိုင်နေလို့ပါ ၊
×××××××××××
{ ထူးျခားဆန္းၾကယ္ ဒိုင္ယာရီ }
" လိပ္ျပာစာအုပ္ကတ္ေတြအျပင္ တျခားဘာ႐ွိေသးလဲ ?"
တဖက္မွ က်ိဳးက်စ္ဟန္အသံကေပၚလာကာ
" နံပါတ္စဥ္ေၾကာင္းထဲမွာ သိတဲ့ဂဏန္းက သုံးလုံးပဲ႐ွိတာ ေပါင္းလဒ္က မမွန္ေလာက္ဘူး"
မွန္၏ ၊ ႐ွ႐ွီခ်င္း လွည့္ပတ္ၾကည့္လိုက္ရာစာအုပ္ေတြရဲ႕ အေနာက္မွာ ခ်စ္ဖြယ္ေကာင္းၿပီးလွပတဲ့ ခ႐ုခြံေလး ကိုေတြ႕လိုက္ရသည္၊ စားပြဲရဲ႕အေပၚနံရံေပၚတြင္ ေနၾကာပင္ကိုအနီးကပ္႐ိုက္ယူထားေသာဓာတ္ပုံတစ္ပုံႏွင့္ ေနာက္တစ္ပုံမွာ ႐ွ႐ွီခ်င္းရင္းႏွီးမႈ႐ွိတဲ့ Da Vinci ရဲ႕ နာမည္ႀကီးပန္းခ်ီကား Vitruvian Man ပုံတို႔႐ွိသည္။
ထိုမလိုက္ဖက္ေသာ အရာတို႔က ႐ွ႐ွီခ်င္းရဲ႕ အာ႐ုံကို ဖမ္းစားသြားေလသည္ ၊ နံရံကို ေပါက္ထြက္မတတ္စိုက္ၾကည့္ေနတဲ့အခ်ိန္ ႐ုတ္တရက္ က်ိဳးက်စ္ဟန္၏အသံကို ၾကားလိုက္ရသည္။
"ဘာလို႔တိတ္ဆိတ္ေနတာလဲ ? ခင္ဗ်ားဘာလုပ္ေနတာလဲ?"
" ေယာက်ၤားကိုယ္လုံးတီးပုံကိုၾကည့္ေနတာ"
႐ွ႐ွီခ်င္းက နံရံကို ဆက္ကာစိုက္ၾကည့္ေနရင္း သူ႕ေမးခြန္းကို ဝိညာဥ္မဲ့စြာ ေျဖလိုက္မ္ိသည္၊ က်ိဳးက်စ္ဟန္သည္ တံေတြးသီးသြားပုံေပါက္ၿပီး အဆက္မျပတ္ ေခ်ာင္းဆိုးလာေတာ့သည္၊ တေအာင့္ၾကာေတာ့ သူထပ္ၿပီး စကားဆိုလာသည္၊
"အို႔ ကြၽန္ေတာ္ ..ကြၽန္ေတာ့္ဖက္ကနံရံမွာလည္း တစ္ပုံ႐ွိတယ္"
႐ွ႐ွီခ်င္းအံ့ၾသသြားၿပီး က်ိဳးက်စ္ဟန္ႏွင့္ ကိုက္ညီၾကည့္ဖို႔ႀကိဳးစားလိုက္သည္၊
"ေျခႏွစ္ေခ်ာင္းကို ၿပိဳင္တူရပ္ေနၿပီး လိမ္ေကာက္ေကာက္ဆံပင္နဲ႔ သူ႕လက္ေျခေတြက စတုရန္ပုံေလးေထာင့္ကြက္တစ္ခုအတြင္းမွာ႐ွိတယ္ သူ႕ေျခေထာက္ေတြက ခြဲထားၿပီး လက္ေမာင္းေတြက စက္ဝိုင္းတစ္ခုထဲမွာ ဆန္႔တန္းထားတယ္ အဲ့ဒီပုံလား? "
"ဟုတ္တယ္"
ဒါေသခ်ာေပါက္တိုက္ဆိုင္႐ုံမျဖစ္ႏိုင္၊ သူတို႔အခန္းေတြရဲ႕ ဆင္တူညီမႈႏႈန္းက ပိုျမင့္လာသည္၊
"အဲ့ဒီပန္းခ်ီပုံမွာ ဘာထူးျခားခ်က္႐ွိလဲ"
က်ိဳးက်စ္ဟန္က ဒီပန္းခ်ီကို အႀကိမ္ေပါင္းမ်ားစြာ ျမင္ေတြ႕ေနေပမဲ့ သူ႕မွာ ပန္းခ်ီနဲ႔ပတ္သတ္တဲ့ အသိ မ႐ွိတာေၾကာင့္ ဒီနယ္ပယ္မွာကြၽမ္းက်င္သူႀကီးကိုသာ အားကိုးၿပီး ေမးျမန္းရေတာ့သည္၊
႐ွ႐ွီခ်င္းက သူ႕ေမးဖ်ားကို ထိလိုက္ၿပီး
"ဒါပန္းခ်ီက အရမ္းအဓိပၸာယ္ျပည့္ဝတယ္ ပန္းခ်ီက ေ႐ွးက်တဲ့ ေရာမဗိသုကာ Vitruvius ရဲ႕ ဆယ္အုပ္ေျမာက္ေသာ ဗိသုကာလက္ရာစာအုပ္ အတြက္ Da Vinci ကေရးဆြဲထားတဲ့ ပုံတစ္ပုံပဲျဖစ္တယ္ ၊ Vitruvius က သူ႕စာအုပ္မွာတခါေရးဖူးတယ္ စာအုပ္ထဲမွာ ခ်ီးေျမာက္ခံထားရတဲ့ golden ratio က ဒီရဲ႕ လူ႕ခႏၶာကိုယ္အခ်ိဳးအစားကို ေရးဆြဲဖို႔ Da Vinci က ကိုးကားထားတာဆိုလည္းဟုတ္တယ္ ၊ ဒီပုံထဲက ေယာက်္ားက ၿပီးျပည့္စုံေသာ အခ်ိဳးအစားအတြက္ စံတစ္ခုအျဖစ္ ကမ႓ာကိုသတ္မွတ္ဖို႔အတြက္လည္း ဟုတ္တယ္......"
ေျပာရင္းနဲ႔ ဖ်က္ခနဲ အေရးႀကီးေသာအေတြးတခ်ိဳ႕ ခံစားလိုက္မိၿပီး ႐ွ႐ွီခ်င္း ႐ုတ္တရက္ရပ္လိုက္ၿပီး
"ခနေလးေနဦး"
စားပြဲေပၚက ခ႐ုခြံကို ေကာက္လိုက္ၿပီး ေနၾကာပန္းပုံဖက္ကို ေခါင္းလွည့္ၾကည့္ကာ အတြင္းဖက္မွ ျပည့္ႏွက္ေနေသာ ေနၾကာေစ့တို႔ရဲ႕လမ္းေၾကာင္းအစဥ္က်မႈကို ၾကည့္လိုက္သည္၊
ၿပီးေတာ့ ဒီနာမည္ႀကီးတဲ့ Vitruvian Man
ငါသေဘာေပါက္ၿပီ
"ငါသေဘာေပါက္ၿပီ ဒါ golden section sequenceပဲ " ႐ွ႐ွီခ်င္းက ထိုင္ခုံေပၚမွာ တည္ၿငိမ္စြာျပန္ထိုင္လိုက္ၿပီး
"ခ႐ုခြံေပၚအရစ္ပတ္လမ္း ၊ ေနၾကာေစ့ေတြရဲ႕ လမ္းေၾကာင္းအစဥ္ ၿပီးေတာ့ ဒီပန္းခ်ီ အားလုံးက ေ႐ႊေရာင္အပိုင္းအျခား golden sectionေတြပဲ"
အခု က်ိဳးက်စ္ဟန္တြက္ထားတဲ့ ေလးလုံးေျမာက္ နံပါတ္လည္း အေျဖထြက္လာခဲ့သည္၊
"Golden section ကFiboncci sequenceကို စဥ္လိုက္ထားရမွာ မဟုတ္လား? ၆၁၀ အေပါင္း ၉၈၇ ညီမွ်ျခင္း ၁၅၈၇ မဟုတ္ဘူးလား ဒါအမွန္ျဖစ္မယ္လို႔ မထင္ထားပါဘူး "
"ဒီေတာ့ တျခားအခ်က္အလက္ေတြက ဒီတိုင္း သဲလြန္စအျဖစ္ေပးထားတာပဲ"
႐ွ႐ွီခ်င္းက ခ႐ုခြံကိုခ်လိုက္ၿပီး
"မင္းလည္း passwordဝင္ၾကည့္ဖို႔ လုပ္လိုက္ေတာ့"
က်ိဳးက်စ္ဟန္က အင္းဟုေျဖကာ ႐ွ႐ွီခ်င္းအခန္းကေန နံပါတ္ေလးလုံးကို ႐ိုက္ႏွိပ္ေနတဲ့အသံကို ၾကားေနရသည္၊ ႏွစ္စကၠန္႔ေလာက္ၾကာေတာ့ စက္မွအသံကို ၾကားလိုက္ရသည္
"လ်ိဳ႕ဝွက္နံပါတ္မွန္ကန္ပါသည္"
အခ်ိန္ၾကာျမင့္စြာ လုံးပန္းၿပီးတဲ့ေနာက္မွာ ေနာက္ဆုံးမထြက္ႏိုင္ေသးတဲ့သူမွာ ကိုယ္တိုင္သာျဖစ္သည္၊ ကိုယ္ရဲ႕ အခန္းမွမဟုတ္ေပမဲ့လည္း ႐ွ႐ွီခ်င္းမွာ ေအာင္ျမင္ျခင္းသတင္းေကာင္းၾကားဖို႔ အလို႔ငွာ ေမွ်ာ္လင့္တႀကီးေစာင့္ေနခဲ့သည္၊ သို႔ေသာ္ က်ိဳးက်စ္ဟန္က ဆိုလာသည္
"နံပါတ္ကမွန္တယ္ ဒါေပမဲ့ ကြၽန္ေတာ္အံဆြဲဖြင့္လို႔မရဘူးေကာ"
"ဘယ္လိုလုပ္ျဖစ္ႏိုင္....."
႐ွ႐ွီခ်င္းသည္ သူတို႔ႏွစ္ေယာက္မွာ အခန္းတစ္ခနထဲတူတူ႐ွိေနတာမဟုတ္တာကို သိေပမဲ့လည္း သူ႕ဖက္က အံဆြဲက ဘာေလာ့ေပါက္မွမပါေနေပ၊ က်ိဳးက်စ္ဟန္က ဖြင့္္လို႔မရဘူးလို႔ေျပာတာကို ၾကားတာနဲ႔ သူသံသယတစ္ဝက္ျဖင့္ သူ႕ဖက္က အံဆြဲကို ဆြဲၾကည့္လိုက္သည္၊
ဖြင့္လို႔ရမယ္လို႔ေတာ့ မထင္.......
အေတာ္ထူးဆန္းသည္၊ ႐ွ႐ွီခ်င္းမွာ မယုံႏိုင္မႈမ်ားစြာျဖင့္
"ထူးဆန္းလိုက္တာ မင္းဖက္က လ်ိဳ႕ဝွက္နံပါတ္႐ိုက္ထည့္လိုက္တာကို ငါ့ဖက္က အံဆြဲက ပြင့္သြားတယ္"
အျပန္အလွန္ျဖစ္တည္မႈေတြ မရပ္တန္႔ေသးမွန္း ဘယ္သူက သိမွာလဲ
က်ိဳးက်စ္ဟန္က ခ်က္ခ်င္းျပန္ေျဖလာကာ
"ကြၽန္ေတာ့ဖက္က အံဆြဲက အခုမွ ဖြင့္လို႔ရသြားတယ္ ထူးဆန္းလိုက္တာ"
က်ိဳးက်စ္ဟန္ရဲ႕ ေရ႐ြတ္သံကို ၾကားေတာ့ ႐ွ႐ွီခ်င္းသည္ နားမလည္ႏိုင္ျဖစ္ေနကာ မ်က္ေမွာင္ေလးၾကဳတ္လွ်က္ ႐ွိေနမည့္ သူ႕မ်က္ႏွာေလးကို ေတြးေတာမိၿပီး မတတ္ႏိုင္စြာ ရီလိုက္မိသည္
"မင္းေစာေစာက အားမ႐ွိလို႔ေနမွာေပ့ါ"
"မျဖစ္ႏိုင္တာ ကြၽန္ေတာ္ ခုနက တကယ္ဖြင့္လို႔မရတာပါဆို"
ပ႐ိုဂရမ္အသင္းရဲ႕ လက္ခ်က္ပဲျဖစ္ႏိုင္လိမ့္မည္၊ အားလုံးမွာ လူတို႔လုပ္ထားတဲ့ ဇာတ္ကြက္ေတြပါပဲ ၊ ဒါေၾကာင့္ တခ်ိဳ႕ျပင္ဆင္မႈေလးေတြအတြက္ နားလည္ေပးရမွာေပါ့၊
"စိုးရိမ္မေနနဲ႔ အထဲမွာဘာ႐ွိလဲသာ ၾကည့္လိုက္ရေအာင္"
႐ွ႐ွီခ်င္းက အံဆြဲထဲကို ငုံၾကည့္လိုက္ကာ သူပထမဆုံးေတြတဲ့အရာက အုပ္စုဖြဲ႕ပုံဓာတ္ပုံတစ္ပုံျဖစ္သည္၊ ဓာတ္ပုံတြင္ ကမ္းေျခတစ္ခုေ႐ွ႕တြင္ လက္ေလးေတြတြဲကာထားတဲ့ စုံတြဲတစ္တြဲျဖစ္သည္၊ ဓာတ္ပုံကို လွပတဲ့ ဓာတ္ပုံေဘာင္တစ္ခုမွာ ေသခ်ာစြာထည့္ကာထားသည္၊
ဓာတ္ပုံကို ၾကည့္ပုံအရ ဒီအိပ္ခန္းရဲ႕ ပိုင္႐ွင္သည္ ခ်စ္သူေကာင္မေလး႐ွိဖို႔ မ်ားသည္။
ဒါေပမဲ့ ဘာလို႔ ဒီလိုဓာတ္ပုံကို အံဆြဲထဲမွာ ထည့္ထားတာလဲ? ႐ွ႐ွီခ်င္းမွာ ဤ္သည္ အဓိပၸာယ္မ႐ွိသလိုခံစားရ၏၊ သို႔ေသာ္လည္း ဒီအခ်္ိန္မွာ အမ်ားႀကီးေတြးဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ ေကာင္းစြာသိတာေၾကာင့္ ဓာတ္ပုံေဘာင္ကို စားပြဲေပၚမွာ အဆင္ေျပသလို တင္ထားလိုက္ၿပီး အံဆြဲထဲမွ တျခားပစၥည္းေတြကို ဆက္႐ွာေဖြၾကည့္လိုက္သည္၊
"ခင္ဗ်ား ဘာေတြ႕လဲ"
တဖက္မွ က်ိဳုးက်စ္ဟန္က ေမးလာသည္၊
႐ွ႐ွီခ်င္းက အဆင္ေျပသလိုဓာတ္ပုံကို ျပန္ထားလိုက္ၿပီးေနာက္ ပိုၿပီး အသုံးဝင္ေလာက္မဲ့ သဲလြန္စပစၥည္းကို ေတြ႕လိုက္သည္၊
"ငါ ေရးစာအုပ္တစ္အုပ္ေတြ႕တယ္ ၾကည့္ရတာ....."
အထဲကို လွန္ၾကည့္လိုက္ရာ ရက္စြဲေတြေရးထားကာ မွတ္တမ္းတိုတ္ိဳေလးေတြကို လည္းေတြ႕ရသည္။
"ဒိုင္ယာရီ?"
"ကြၽန္ေတာ္လည္း ဒိုင္ယာရီတစ္အုပ္ေတြ႕တယ္ ဒါေပမဲ့ ဓာတ္ပုံေတာ့မ႐ွိဘူး "
က်ိဳးက်စ္ဟန္က သူ႕မွာ႐ွိတဲ့ အခ်က္အလက္ေတြကို ဆက္လက္မွ်ေဝေနကာ
"စာတစ္ေၾကာင္းေရးထားတဲ့ ေမြးေန႔ကတ္ေလးတစ္ခုလည္း႐ွိတယ္"
က်ိဳးက်စ္ဟန္က သူရထားတဲ့ သဲလြန္စပစၥည္းေတြကို စာရင္းလုပ္ေနသလို ႐ွ႐ွီခ်င္းကေတာ့ ေမြးေန႔ကတ္ကို ဖြင့္ၾကည့္ၿပီးကာ ေရးထားတဲ့စာကိုဖတ္ၾကည့္လိုက္သည္။
"ငါ မင္းကို ေတြ႕လိုက္ရတဲ့ အခ်ိန္ေလးဟာ ျဖစ္ပ်က္မႈေတြရဲ႕ စတင္ျခင္းပဲ အရာရာတိုင္းက ငါ့ကို ထားခဲ့ၿပီး မင္းဆီကိုသာ ပ်ံသန္းသြားခဲ့ၾကတယ္ ဒီတဲ့ တိုေတာင္းေသးငယ္လွတဲ့ အခိုက္အတန္႔ရဲ႕ အဆုံးမွာ စၾကာဝဋာဟာ အမွန္တကယ္ ေမြးဖြားလာခဲ့တယ္"
အသက္တစ္႐ိႈက္မွာတင္ ဒါကိုဖတ္ၿပီးသြားၿပီးေနာက္ ႐ွ႐ွီခ်င္းသည္ ဒါဟာ ခ်စ္သူႏွစ္ေယာက္ၾကားက အခ်စ္ဇာတ္လမ္းတစ္ခုဆိုတာကို ႐ုတ္တရက္သေဘာေပါက္သြားသည္၊ ေလထုမွာ အနည္းငယ္ေနရခက္လာၿပီး ႐ွ႐ွီခ်င္းမွာ ဘာဆက္ေျပာရမွန္းမသိေတာ့ ၊ ဒီလိုဆိုေတာ့ အလ်င္စလိုသြားဖတ္လိုက္တဲ့သူ႕ကိုယ္သူပဲ အျပစ္တင္ရမွာေပါ့ ၊ ဘယ္သူ႕အျပစ္မွမဟုတ္ မိမိသာ။
"ေဟ့ ဘာလဲ မင္းတို႔သိပၸံေက်ာင္းသားေတြက ခ်စ္စကားေခြၽတဲ့ေနရာမွာ အရမ္းေတာ္ၾကတာပဲလား?"
႐ွက္႐ြံ႕မႈကို ေျဖေဖ်ာက္ရန္အလို႔ငွာ ႐ွ႐ွီခ်င္းက ဟန္ေဆာင္ပန္ေဆာင္ ထိုေမးခြန္းကို ေမးလိုက္သည္၊
လူေတြက ပိုၿပီးအလန္႔တၾကားျဖစ္ေလေလ အမွားေတြေျပာထြက္ဖို႔ ပိုလြယ္ေလေလဆိုတဲ့ ဒီစကားသည္ တကယ္ကို ပညာသားပါးေသာ စကားသာျဖစ္သည္၊ အခုတင္ေမးခြန္းေမးၿပီးသြားတဲ့ ႐ွ႐ွီခ်င္းသည္ ႐ုတ္တရက္ ေလယာဥ္ေပၚမွာတုန္းက က်ိဳးက်စ္ဟန္ရဲ႕ Tyndall Effect ကို ေတြးမိသြားသည္၊
ဆိုးတာပဲ ၊ က်စ္ဟန္ေတာ့ သူ႕ကို လာအီေနတယ္လို႔ အထင္လြဲေတာ့မည္၊ ဒါအျပင္ အဲ့အေၾကာင္းကို သူဆက္ၿပီးေဖာ္ကာေျပာခ်င္စိတ္လည္း မ႐ွိေနပါဘူးဆိုမွ၊
အစကေတာ့ က်ိဳးက်စ္ဟန္ဘာစကားမွ မေျပာႏိုင္ေလာက္ေတာ့ဘူးလို႔ ထင္ထားခဲ့ရာ ျပန္ေျဖလာလိမ့္မယ္လို႔ ဘယ္သူထင္မွာလဲ
"တဖက္ကဘယ္သူလဲဆိုတဲ့အေပၚမွာေတာ့ မူတည္တာေပါ့"
က်ိဳးက်စ္ဟန္ရဲ႕ အသံက ႐ွက္႐ြံေနဖြယ္အသံမ်ိဳးလုံးဝမေပါက္ေနခဲ့ ၊႐ွ႐ွီခ်င္းကို မ်က္ႏွာပ်က္ေစေအာင္ပို၍ေတာင္တည္ၿငိမ္မႈ႐ွိေနေသးသည္၊ အစကအဆုံး ႐ွက္ေနရတဲ့သူက သူသာျဖစ္ေနေတာ့၏ ၊ ႐ွက္႐ြံ႕ေနတဲ့ ႐ွ႐ွီခ်င္းက က်ိဳးက်စ္ဟန္ရဲ႕ အဆိုျပဳခ်က္ကို စုန္းစုန္းလ်စ္လ်ဴ႐ႈထားမိၿပီး က်ိဳးက်စ္ဟန္ေျပာတဲ့ 'ဘယ္သူ'ဆိုတာကို သူ႕ကို ရည္ၫႊန္းေနမွန္း သေဘာမေပါက္လိုက္ေပ။
"ေအာ္ ေမြးေန႔ကတ္ရက္စြဲက ေအာက္တိုဘာ ၂၃ရက္ ျဖစ္တယ္ ငါ့အထင္ ဒီသဲလြန္စက ေနာက္ဆုံးမွ ေရာက္လာတာျဖစ္ရမယ္ "
ျဖဴစင္တဲ့ ဝံပုေလြငယ္ေလးရဲ႕ ေ႐ွ႕မွာ သူ႕ရဲ႕ ေအာင္ႏိုင္သူဂုဏ္ပုဒ္ကို အဖက္ဆယ္ရဖို႔အလို႔ငွာ ႐ွ႐ွီခ်င္းမွာ မ်က္ႏွာေျပာင္တိုက္စြာ စကားလမ္းေၾကာင္းလြဲလိုက္သည္၊ ထိုတြင္ က်ိဳးက်စ္ဟန္လည္း သူသဘာဝမက်ေနမွန္းသိခဲ့သည္၊ ဒါေပမဲ့ သူ႕ရဲ႕ ႀကိမ္ႏႈန္းက ႐ွ႐ွီခ်င္းနဲ႔ ညႇိမရႏိုင္ခဲ့၊ သူေျပာလိုက္တဲ့စကားလုံးေတြက ႐ွ႐ွီခ်င္းကို ဖိအားျဖစ္သြားေစတာကို ခံစားမိၿပီး ေခါင္းစဥ္လြဲခံလိုက္ရျခင္းမွာ ျငင္းပယ္ျခင္းသေဘာတစ္ခုသာျဖစ္ေလသည္။
မသိလိုက္တဲ့အခ်ိန္တစ္ခုမွာ သူတို႔ႏွစ္ေယာက္ တစ္ပတ္လည္အေျခအေနတစ္ခုကို ေရာက္သြားခဲ့ေတာ့၏။
ေမြးေန႔ကတ္ကိုခ်လိုက္ၿပီး ႐ွ႐ွီခ်င္းျပန္ကာ ေစာေစာက ေရးစာအုပ္ဆီ အာ႐ုံစိုက္လိုက္သည္၊ဒါသည္ အနည္းငယ္ေဟာင္းႏြမ္းေနေသာ ဒိုင္ယာရီတစ္အုပ္သာျဖစ္၏၊ စာအုပ္ရဲ႕ ေထာင့္စြန္းေတြဆိုရင္ လိပ္တက္ကာ ေကာက္ေကြ႕ေနေတာ့သည၊ ႏွစ္ေတြၾကာခဲ့ၿပီေၾကာင္းျပသေနသည္၊ ေတြးရင္း ႐ွ႐ွီခ်င္း ပထမစာမ်က္ႏွာကို လွန္ၾကည့္လိုက္သည္။
"ဒိုင္ယာရီကိုၾကည့္ၾကည့္လိုက္အုံးမယ္"
ေရဒီယိုမွတဆင့္ က်ိဳးက်စ္ဟန္ကိုေျပာလိုက္ၿပီး သူ႕အာ႐ုံေတြကို ဒိုင္ယာရီဆီမွာျပန္စိုက္လိုက္သည္။
[ႏိုဝင္ဘာ ၁၁, ၂၀၁၄မွာ ရာသီဥတုေကာင္းမြန္ေနတယ္]
[ဒါဟာ ငါ့ရဲ႕အခက္ခဲဆုံးေန႔ရက္လို႔ပဲအၿမဲေတြးမိခဲ့တယ္ ၊ ေျခတစ္ဖက္က်ိဳးေနတဲ့ မုဆိုးဖိုငယ္တစ္ေယာက္က ေဆး႐ုံဝင္းထဲမွာ Single dayကို တစ္ေယာက္ထဲျဖတ္သန္းလို႔ေနခဲ့တယ္၊ ေမွ်ာ္လင့္မထားစြာ ေဆး႐ုံအေဆာင္ခန္းထဲကို လူသစ္တစ္ေယာက္ေရာက္လာခဲ့တယ္၊ သူမက အရမ္းကိုခ်စ္ဖို႔ေကာင္းတဲ့မိန္းကေလးတစ္ေယာက္ျဖစ္တယ္၊ ျပဳံးလိုက္တဲ့အခါ ယုန္သြားႏွစ္ေခ်ာင္းေလးနဲ႔ ယုန္ကေလးလိုအရမ္းခ်စ္ဖို႔ေကာင္းလြန္းပါတယ္]
ဒါ ေကာင္ေလးရဲ႕ ဒိုင္ယာရီပဲ.....႐ွ႐ွီခ်င္းက ျမန္ျမန္လွန္ေလွာလိုက္ၿပီး စာမ်က္ႏွာတစ္ခုမွာရပ္လိုက္သည္။
"ကြၽတ္....လိုက္တာ ေျခာက္လေလာက္ၾကာခဲ့တာပဲ" (လိုက္ပိုးတာကိုေျပာတာ)
[ေမလ ၂၀ ၂၀၁၅]ဆိုတဲ့ ရက္စြဲကိုၾကည့္ၿပီး တစ္ေယာက္ထဲေရ႐ြတ္လိုက္သည္။
"ခင္ဗ်ား ဖတ္ၿပီးသြားၿပီလား?"
႐ွ႐ွီခ်င္း တဖက္မွ ေမးခြန္းသံကိုၾကားလိုက္ၿပီး ေမးခြန္းသံအဆုံးမွာ စာ႐ြက္လွန္တဲ့အသံကိုလည္းၾကားလိုက္ရသည္၊ အေနာက္ကို သူမဖတ္ရေသးတာပဲျဖစ္မယ္ဟုေတြးကာ
"မင္းစာဖတ္တာ တအားေႏွးတာပဲ"
ေျပာၿပီး အေနာက္ဖက္စာမ်က္ႏွာအထိလွန္လိုက္သည္၊ ႐ုတ္တရက္ စာမ်က္ႏွာတ႐ြက္မွာ
[ သူမထပ္ၿပီး ေဆး႐ုံတက္ရျပန္ၿပီ၊ ခြဲစိတ္မႈေအာင္ျမင္ၿပီး ဘာျပသနာမွမ႐ွိဖို႔ေမွ်ာ္လင့္တယ္]
ဟုေတြ႕လိုက္ရသည္။
မိန္းကေလးက ထပ္ၿပီး ေဆး႐ုံတက္ရျပန္ၿပီပဲ ၊ သူမ ေရာဂါအျပင္းရေနတာျဖစ္ရမယ္
သူခနက စားပြဲေပၚက စာအုပ္ဆီ ႐ုတ္တရက္ အေတြးေပါက္မိလိုက္သည္ ။
"သူ႕ေကာင္မေလးရဲ႕ ေရာဂါက.....တတိယစာအုပ္ထဲက Left Heart Hypoplasia Syndrome ပဲျဖစ္ရမယ္၊ ဒီေရာဂါက ေမြးရာပါတဲ့ ႏွလုံးေရာဂါတစ္မ်ိဳးပဲျဖစ္ရမယ္ "
႐ွ႐ွီခ်င္း အရင္စာအုပ္ကိုလွန္ၾကည့္လိုက္ၿပီး အသုံးဝင္ေလာက္မဲ့ အခ်က္ေတြကို ႐ွာေဖြၾကည့္လိုက္သည္။
"ေရဒီယိုက ေကာင္မေလးဆီက လက္ေဆာင္ပဲ"
က်ိဳးက်စ္ဟန္က ႐ုတ္တရက္ေျပာလာကာ
"ခင္ဗ်ားျမင္လား?"
"ငါၾကည့္လိုက္အုံးမယ္"
႐ွ႐ွီခ်င္းလွန္ၾကည့္လိုက္ေတာ့ က်ိဳးက်စ္ဟန္ေျပာတဲ့စာမ်က္ႏွာကိုေတြ႕လိုက္သည္။
[ေမလ ၂၀ ၂၀၁၆ မွာ ရာသီဥတုက သာယာပါတယ္]
[သူမက ငါ့ကို ပစၥည္းေဟာင္းတစ္ခုေပးတယ္ အဲ့ဒါက ေရဒီယိုပဲ ၊သူမကေျပာတယ္ အဲ့ဒီေရဒီယိုက သူအဖိုးဝယ္ထားတာတဲ့ ၊ သူမအဖိုးက သူမအဖြားကိုလက္ထပ္ခြင့္ေတာင္းဖို႔ ပိုက္ဆံေတြစုၿပီး ဝယ္ေပးခဲ့တာတဲ့၊ သူမငယ္ငယ္က ေရဒီယိုေပၚကိုလွဲအိပ္ၿပီး ေန႔တိုင္းပုံျပင္ေတြနားေထာင္ေလ့႐ွိခဲ့တယ္တဲ့၊ အဲ့ဒီႏို႔ႏွစ္ေရာင္ယုန္ျဖဴလုံးေလးကို ငါျမင္ေယာင္မိပါရဲ႕၊ အခ်ိန္ခရီးသြားလို႔ရရင္သိပ္ေကာင္းမွာပဲ ၊ သူမငယ္ငယ္က ဘယ္လိုပုံစံ႐ွိလဲဆိုတာကို သြားျပန္ၾကည့္ခ်င္မိတယ္]
"လတ္စသတ္ေတာ့ ဒီေရဒီယိုက ဇာတ္လမ္းတပုဒ္ရဲ႕ ဇစ္ျမစ္ျဖစ္ေနတာကို"
႐ွ႐ွီခ်င္းက ျပဳံးလိုက္ၿပီး
"ဒီပစၥည္းအိုႀကီးက မ်ိဳးဆက္သုံးဆက္လုံးအထိေတာ့အခ်စ္သက္ေသမလုပ္ေပးခ်င္ေလာက္ပါဘူး"
"မဟုတ္ေသးဘူး"
က်ိဳးက်စ္ဟန္က ႐ွ႐ွီခ်င္းရဲ႕ ဟာသကို တည္ၿငိမ္စြာျငင္းပယ္လိုက္ၿပီး
"သူတို႔ႏွစ္ေယာက္ၾကားမွာ တစ္ခုခုျဖစ္ထားတယ္"
"...ဘာကို?"
"ခင္ဗ်ား စာမ်က္ႏွာျပန္လွန္ၾကည့္ၾကည့္လိုက္"
႐ွ႐ွီခ်င္းက က်ိဳးက်စ္ဟန္အဆိုျပဳခ်က္အတိုင္း လိုက္ၿပီး ေနာက္ဆုံးေသာအ႐ြက္အနည္းငယ္ထိလွန္လိုက္သည္။
[ ေမလ ၁၃ ၂၀၁၉ ရက္ေန႔မွာ ရာသီဥတုကေတာ့ တိမ္ထူထပ္ပါတယ္ ]
[ငါ ဒီေန႔ သူမနဲ႔ စကားမ်ားခဲ့တယ္ ၊ ငါတို႔ႏွစ္ေယာက္ၾကားမွာ စကားကိုေခ်ာေခ်ာေမြ႕ေမြ႕မေျပာခဲ့ရတာ အေတာ္ၾကာခဲ့ၿပီလို႔ခံစားရတယ္၊ ငါတို႔ဘာလို႔ဒီလိုေတြျဖစ္လာရတာလဲ ၊ ငါတကယ္နားမလည္ႏိုင္ေတာ့ဘူး၊ တကယ္ပဲ အခ်ိန္က အရာအားလုံးကို ဆုတ္ယုတ္သြားေစတာလား]
ဒီစာေၾကာင္းကို ၾကည့္ၿပီး႐ွ႐ွီခ်င္းမွာ ႐ုတ္တရက္ၿငိမ္က်သြားသည္၊ အ႐ူးေတြရဲ႕ ဇာတ္လမ္းမ်ိဳးႏွင့္ ေယာက်ၤားနဲ႔မိန္းမၾကားက နာက်ည္းအျပစ္တင္ခ်က္တို႔ဟာ ေန႔တိုင္းအဆုံးမ႐ွိ ၊ အစတုန္းကသာ အၿမဲအဆင္ေျပခဲ့ၾကသည္၊ အခ်ိန္ၾကာလာရင္ေတာ့ ကေတာက္ကဆ၊ ရန္ေတြ႕၊ သဝန္တို၊ ၿပီးေတာ့ အျပစ္တင္နာက်ည္း ၊ ဒီရဲ႕ အဆိုးဖက္သြားတဲ့ခံစားခ်က္ေတြက စပ်ိဳးလာတာကေန တျဖည္းျဖည္းႀကီးထြားကာ ႏွစ္ေယာက္ၾကားက ခံစားခ်က္ေတြအားလုံးကို မ်ိဳသိပ္ထားပစ္ရတဲ့ အေျခအေနေတြထိေရာက္တဲ့အခ်ိန္မွာ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လို႔မၿငီးေငြ႕ခဲ့ပါေသာမ်က္ႏွာတို႔မွာ အခ်င္းခ်င္းေ႐ွာင္ပုန္းဖယ္ခြာလာၾကေတာ့သည္၊
အဲ့လိုဆို ဘာလို႔မ်ားစခဲ့ၾကေသးလဲ။
relationshipမ႐ွိတဲ့ relationship က ကမ႓ာေပၚမွာ အသက္သာဆုံးႏွင့္အႏၲရာယ္အကင္းဆုံး relationship သာျဖစ္၏
ဤသို႔ေသာ လက္ေတြ႕ဆန္သည့္ အခ်စ္ဇာတ္လမ္းမ်ိဳးသည္ ႐ွ႐ွီခ်င္းရဲ႕ခံစားခ်က္ကို ေအာက္ဆုံးထိေလ်ာက်သြားေစ၏၊ ေနာက္စာမ်က္ႏွာအနည္းငယ္ကို တမန္ကာလွ်ံကာသာ လွန္လိုက္ၿပီး ထိုနည္းျဖင့္ ေနာက္က်ိေနသည့္သူ႕အတြင္းစိတ္ကို ဖုန္းကြယ္ထားေစကာေနာက္ဆုံးစာမ်က္ႏွာေရာက္ေတာ့ လက္ေခ်ာင္းေတြကိုရပ္တန္႔လိုက္သည္၊
[ေမလ ၂၀၁၉ ႏွစ္၂၀အတြင္းမွာ အႀကီးဆုံးမိုး႐ြာတဲ့ေန႔]
[ငါဘာလို႔မ်ား ဖုန္းကိုပိတ္ထားခဲ့တာလဲ အထင္လြဲခံရလို႔ ဘယ္ေလာက္ပဲ ေဒါသထြက္ေနခဲ့ပါေစအုံး ငါဖုန္းကိုမပိတ္ထားခဲ့သင္္႕ဘူး ၊ ငါသာဖုန္းကို မပိတ္ထားခဲ့ရင္ သူမလည္း စိတ္ခံစားခ်က္ေတြမ်ားၿပီး ေမ့လဲခဲ့မွာ မဟုတ္ဘူး အေရးေပၚဆက္သြယ္ဖို႔နံပါတ္ေတြ..... ဒီကတ္က အရမ္းအက်ိဳုး႐ွိရဲ႕သားနဲ႔ ငါအသုံးျပဳရမဲ့အခ်ိန္မွာမွ ငါကအဆက္အသြယ္ကို ပိတ္ထားပစ္ခဲ့တယ္တဲ့လား ၊ ေသရမဲ့သူက ငါသာျဖစ္သင့္တာ]
"ေကာင္မေလးက ေသသြားခဲ့တာ...."
႐ွ႐ွီခ်င္းမွာဒီလိုအဆုံးသတ္မ်ိဳးျဖစ္မယ္လို႔မေမွ်ာ္လင့္ထားခဲ့ေပ၊
"သူမ ႏွလုံးထိၿပီးေသသြားခဲ့တာ"
"ေသတာက...."က်ိဳးက်စ္ဟန္ကတစ္ခုခုေျပာမဲ့ပုံရေပမဲ့ သူရပ္တန္႔သြားကာ တေအာင့္ၾကာေတာ့ေမးလာခဲ့သည္။
"ဒါဆို သူမက ကယ္ဖို႔ေႏွာင့္ေႏွးသြားခဲ့လို႔ ေသသြားခဲ့ရတာလား?"
"ဟုတ္တယ္"
႐ွ႐ွီခ်င္းက ဒိုင္ယာရီကို စားပြဲေပၚျပန္တင္ထားလိုက္သည္၊ ဒီလိုအခ်စ္ဇာတ္လမ္းမ်ိဳးေၾကာင့္နဲ႔ ခံစားေနမဲ့ အ႐ြယ္ကိုလည္းေက်ာ္လြန္ခဲ့ၿပီးေနပါၿပီ၊အခုသူေတြးေနတာက ဒီဒိုင္ယာရီရဲ႕ လုပ္ေဆာင္ခ်က္ကိုပင္၊ လ်ိဳ႕ဝွက္အခန္းေတြရဲ႕ေနာက္ဆုံးအေျဖအေပၚကဇာတ္ၫႊန္းစီစဥ္မႈပုံစံအရ အခန္းထဲမွာ႐ွိ႐ွိသမွ်ပစၥည္းအားလုံးသည္ ရည္႐ြယ္ခ်က္မပါပဲ ႐ွိေနျခင္းမ႐ွိေၾကာင္း ေကာက္ခ်က္ခ်လို႔ရသည္၊ သူတို႔ေတြရဲ႕ လုပ္ေဆာင္ခ်က္တို႔မွာ နည္းလမ္းႏွစ္မ်ိဳးႏွစ္စားအျဖစ္ကြဲထြက္ေနေကာင္းျဖစ္ႏိုင္ပါသည္၊ တစ္မ်ိဳးမွာ လ်ိဳ႕ဝွက္နံပါတ္သဲလြန္စေတြကို ေဖၚထုတ္ဖို႔ ၊သို႔ေသာ္ ဒိုင္ယာရီမွာက ရက္စြဲေတြအလြန္မ်ားလွသည္၊ တျခားသဲလြန္စပစၥည္းေတြနဲ႔ေပါင္းစပ္ျခင္းမ႐ွိဘဲနဲ႔ေတာ့ လ်ိဳ႕ဝွက္နံပါတ္ကို ရႏိုင္ဖို႔မျဖစ္ႏိုင္ေပ၊
ေနာက္တစ္မ်ိဳးလုပ္ေဆာင္ခ်က္က လ်ိဳ႕ဝွက္ခန္း ရဲ႕ ဇာတ္လမ္း သို႔မဟုတ္ သတ္ျဖတ္သူႏွင့္ဆက္ႏြယ္မႈ႐ွိသည္၊ သို႔ေပမဲ့ ဒါကပိုလို႔ေတာင္အဓိပၸာယ္မ႐ွိေနေပ၊ ဒါ့အျပင္ ဒီဇာတ္လမ္းသည္ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္သည္၊ အရင္တေခါက္တုန္းကလို သံသယ႐ွိဖြယ္လူသတ္ျဖစ္ရပ္မ်ိဳးနဲ႔ လားလားမွမဆိုင္။
ဆိုေတာ့ ဒီအေၾကာင္းအရာမွာ သတ္ျဖတ္သူရဲ႕ သ႐ုပ္မွန္ကဘာျဖစ္မလဲ?
အေတြးနက္ေနေသာ႐ွ႐ွီခ်င္းမွာ မ်က္ေမွာင္ၾကဳတ္လွ်က္႐ွိသည္။အံဆြဲမွာလည္းဘာမွမ႐ွိေတာ့၊ ျဖည္းျဖည္းခ်င္းပိတ္လိုက္ကာ၊ သူေစာေစာကထုတ္ထားတဲ့ ဓာတ္ပုံေဘာင္ေပၚကို မ်က္စိေရာက္သြားၿပီး စားပြဲေပၚမွာ ေထာင္လိုက္သည္။
ထိုအခါမွဓာတ္ပုံေဘာင္ရဲ႕ အေနာက္မွာ စာတစ္ေၾကာင္းေရးထားတာကိုေတြ႕လိုက္ရသည္၊
[မူလေနရာမွန္သို႔ ျပန္ထားပါ]
မူလေနရာမွန္?
ဒီဓာတ္ပုံကို စစျမင္လိုက္တဲ့အခ်ိန္တုန္းက ႐ွ႐ွီခ်င္းေတြးခဲ့ေသာ အိုင္ဒီယာနဲ႔ တိုက္ဆိုင္ေနသည္၊ ဒီလို ဓာတ္ပုံေဘာင္မ်ိဳးေတြက အံဆြဲထဲမွာ မဟုတ္ဘဲ စာၾကည့္စားပြဲေပၚတို႔မ်ိဳးမွာ႐ွိသင့္တာျဖစ္သည္၊ဇာတ္လိုက္အမ်ိဳးသားနဲ႔ အမ်ိဳးသမီးတို႔ၾကားရန္ျဖစ္စကားမ်ားမႈနဲ႔ဆက္စပ္ၾကည့္လိုက္ရင္ ဒါဟာဘာေၾကာင့္ဆိုတာ႐ွင္းျပႏိုင္ဖြယ္႐ွိပါသည္
႐ွ႐ွီခ်င္းက ဓာတ္ပုံကို ေကာက္ယူလိုက္သည္၊
ဒါဘယ္မွာထားရမွာလဲ?
"အဲ့ဖက္မွာ တကယ္ဘာဓာတ္ပုံမွ မ႐ွိဘူးလား စားပြဲေပၚမွာေကာ ? ဒါမဟုတ္ တေနရာရာ "
႐ွ႐ွီခ်င္းမွာ ေ႐ြးခ်ယ္စရာမ႐ွိ အေကာင္အထည္ျပစရာဘာအခ်က္အလက္မွ မ႐ွိဘဲ က်ိဳးက်စ္ဟန္ႏွင့္ထပ္ၿပီး အတည္ျပဳဖို႔လုပ္ရသည္၊ ဒါအျပင္ သူတို႔အခန္းေတြက ေတာ္ေတာ္မ်ားမ်ား ဆင္တူမႈ႐ွိသည္၊ သူအခန္းထဲက တေနရာရာမွာဓာတ္ပုံေဘာင္ကိုခ်ိတ္ထားတာလည္းျဖစ္ရင္ျဖစ္ႏိုင္ေလာက္သည္၊
"မ႐ွိဘူး ကြၽန္ေတာ္ဘာဓာတ္ပုံေဘာင္မွမေတြ႕ဘူး"
က်ိဳုးက်စ္ဟန္အသံက လုံးဝေသခ်ာမႈ႐ွိေနသည္၊
အဲ့အခ်ိန္မွာ ႐ွ႐ွီခ်င္းက စာၾကည့္စားပြဲရဲ႕ ညာဖက္အေပၚထိပ္ လပ္ေတာ့ရဲ႕ ညာဖက္မွာ ေထာင့္မွန္စတုဂံခ်ိဳင့္ကြက္ေလးတစ္ခုကို ႐ွာေတြ႕ခဲ့သည္၊ သူေခါင္းကို ငုံ႔ကာ လက္ထဲမွ ဓာတ္ပုံေဘာင္ရဲ႕ေထာင့္ကိုၾကည့္ကာ အေတြးထဲမွ အိုင္ဒီယာတစ္ခုဝိုးတဝါးေပၚလာေတာ့သည္။
ျဖစ္ႏိုင္ေလာက္မလား......
ဓာတ္ပုံေဘာင္ကို ညာဖက္အေပၚေထာင့္က ခ်ိဳင့္ကြက္မွာ ထည့္ၾကည့္ဖို႔ႀကိဳးစားလိုက္သည္၊ ၿပီးေနာက္သူေတြးသလိုပဲ ဓာတ္ပုံေဘာင္နဲ႔ကြက္လပ္နဲ႔ကြက္တိက်ေနေတာ့သည္!
"ငါေနရာမွန္ေတြ႕သြားၿပီ"
႐ွ႐ွီခ်င္းက စိတ္သက္သာရာရစြာ ေလမႈတ္ထုတ္လိုက္သည္၊ ဒီခ်ိဳင့္ကြက္ေတြကေတာ္ေတာ္အသုံးဝင္တာေတြပဲ ၊ သို႔ေသာ္ ကံေကာင္းစြာ သူဝင္လာကတည္းက ဒါေတြနဲ႔ပတ္သတ္ၿပီး စိတ္ထင့္ေနသလို ခံစားခဲ့ရသည္၊
ထိုအခ်ိန္မွာ စားပြဲတင္မီးအိမ္က အလိုလိုမီးလင္းလာခဲ့သည္၊
သို႔ေသာ္ ဒါက အထူးဆန္းဆုံးမဟုတ္၊ သူတကယ္ကို ထိတ္လန္႔သြားခဲ့တာက က်ိဳးက်စ္ဟန္ေနာက္ထပ္ေျပာလိုက္တဲ့စကားမွာ ျဖစ္သည္၊
"ဓာတ္ပုံေဘာင္ေပၚလာၿပီ"
က်ိဳးက်စ္ဟန္အသံက အံ့အားသင့္မႈေတြနဲ႔ျပည့္ေနခဲ့သည္၊ သူ မယုံၾကည္ႏိုင္ေလာက္ေအာင္ျဖစ္ကာ
"အဲ့တာ ဘယ္လိုထြက္လာလဲ သိလား ၊ စက္႐ုပ္လိုမ်ိဳးပဲ စာၾကည့္စားပြဲေထာင့္တေနရာက ပြင့္သြားၿပီး အထဲေန ဓာတ္ပုံေဘာင္က တိုးထြက္လာၿပီး အေပၚတက္လာတာ ၿပီးေတာ့ စားပြဲရဲ႕ ညာဖက္အေပၚေထာင့္မွာ ေထာင္သြားတာ"
"မင္း ဘာေျပာလိုက္တယ္?"
T/N - ေနာက္က်သြားလို႔ စိတ္မဆိုးၾကပါနဲ႔ေနာ္ ၊ အခ်ိန္ကို မေပးႏိုင္ေနလို႔ပါ ၊
×××××××××××