Uni,
The Matching Guys (Part 77)
စိုင်းခွန်းသန့်နောင် နဲ့ စ၀်ခွန်သာမှိုင်းတို့အတူလက်တွဲရင်း သူတို့ပြန်မလာတာကြာပြီဖြစ်တဲ့ အိမ်ခြံ၀န်းကျယ်ကြီးထဲသို့ လျှောက်လှမ်းလာခဲ့ကြသည်။
ဧည့်ခန်းကျယ်ကြီးထဲရောက်တော့ သူ့အမေနဲ့ အဖေတို့ကိုတွေ့လိုက်ရလေသည်။
ခွန်းသန့်နောင်တို့မှာ ထိုင်ပင်မထိုင်ရသေး သူ့မိခင်ကစကားစလာသည်။
" ငါ့သားတောင် အရွယ်ရောက်လာပြီပဲ။ မင်းနဲ့ အမေ့သူငယ်ချင်းသမီးလေးနဲ့ လက်ဆက်ပေးမယ်။ ဒီကအလုပ်တွေ နားတာဖြစ်ဖြစ်၊ထွက်တာဖြစ်ဖြစ်လုပ်လိုက်ပါ"
" မေမေ့ ကျွန်တော်..."
သူ့အမေက သူ့အားပြောခွင့်မပေးသေး ခွန်းသန့်နောင်နှုတ်မှ ထွက်လာမည့်စကားလုံးများကိုမကြားလိုသည့်ဟန်ဖြင့် အမြန်ကြားဖြတ်ပြောသည်။
သူမ၏မျက်နှာမှာ ပြုံးသယောင်ရှိသော်လည်း ခွန်သာမှိုင်းတို့အတူတွဲထားသည့်လက်တွေကို နှစ်မြို့ဟန်တော့မပေါ်ပေ။
" ဪ ခွန်သာမှိုင်း သားကိုလည်း ဒေါ်လေးမိတ်ဆက်ပေးချင်တဲ့သူရှိတယ်။
ဒီအတောအတွင်းပစ်ထားသလိုဖြစ်နေတာ။ငါ့ညီမသိရင်တော့ သူ့သားကိုပစ်ထားတယ်ဆိုပြီး စိတ်ဆိုးနေတော့မှာပဲ"
ခွန်သာမှိုင်းက ခွန်းသန့်နောင်လက်အား ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ရင်းပြန်ဖြေသည်။
" တောင်းပန်ပါတယ် ဒေါ်လေးမိတ်ဆက်ပေးတဲ့သူကိုကျွန်တော်မယူနိုင်သလို
နောင်ငယ်ကိုလည်း ဘယ်သူနဲ့မှ လက်ထပ်ခွင့်မပြုနိုင်ပါဘူး"
" မေမေလည်း သိပြီးပြီမလား။ဘာလို့တစ်ခြားသူနဲ့မိတ်ဆက်ပေးမယ်တွေပြောနေရတာလဲ"
ပြုံးသယောင်ရှိနေသော ခွန်းသန့်နောင်အမေမျက်နှာမှာ ချက်ချင်း၀မ်းနည်းသွားသည်။
"မင်းတို့နှစ်ယောက်ဘာလို့ အဲ့လိုလုပ်ရက်ရတာလဲ။ သွေးသားမတော်စပ်ဘူးဆိုရင်တောင် ညီအစ်ကိုတွေပဲလေ ။ ငါ..ငါ့ညီမကိုဘယ်လိုမျက်နှာသွားပြရမလဲ"
ခွန်းသန့်နောင်အဖေက ဘာမှဝင်မပြောသက်ပြင်းသာချသည်။
ခွန်းသန့်နောင် အမေကမတ်တပ်ထရင်း ခွန်းသန့်နောင်တို့အနားလာသည်။
"ခွန်သာမှိုင်း မင်းကအကြီးလေ ဒါမဖြစ်သင့်ဘူးဆိုတာမသိဘူးလား။
ဒေါ်လေးမင်းကိုဘယ်လောက်ယုံကြည်ခဲ့ရလဲ။ မင်း ခွန်းသန့်နောင်ကိုဂရုစိုက်ပေးတာသိတယ် ကျေးဇူးလည်းတင်တယ်။ဒါပေမဲ့ မင်းတို့နှစ်ယောက်ချစ်လို့မရဘူး "
" မေမေ ကိုကို့ ကိုမပြောနဲ့ ကျွန်တော့်ကိုပဲပြော။ဒီကိစ္စက ကျွန်တော်စတာ။
ကျွန်တော်ကကိုကို့ကို သေအောင်ကြိုက်နေလို့ မရရအောင် အတင်းလိုက်တွယ်ကပ်ခဲ့တာပါ။ မေမေတို့လည်းသိမှာပါ"
ခွန်းသန့်နောင် အမေကရင်နာစွာဖြင့် သူ့ရင်ဘတ်သူထုသည်။
"မင်းအစ်ကိုကိုဘယ်လောက်တွယ်ကပ်ပြီးချစ်လည်း သိတယ်။
ဒါပေမဲ့ ရိုးရိုးချစ်နေတယ်ပဲထင်တာလေ။ မင်းကဘာလို့မဟုတ်တဲ့စိတ်တွေထားနေရတာလဲ။ USကို အမေတို့နဲ့ အတူပြန်လိုက်ခဲ့ မင်းလက်ထပ်ရမယ်။
လက်ထပ်လိုက်ရင်အဆင်ပြေသွားမှာပါ"
" ကျွန်တော်မလိုက်ဘူး။ ကိုကိုရှိတဲ့နေရာမှာပဲနေမှာ။ လက်ထပ်မယ်ဆိုလည်း ကိုကိုနဲ့ပဲလက်ထပ်မှာ။ "
ခွန်းသန့်နောင် လေသံကိုပြန်ပြောင်းရင်း သူ့အမေလက်ကို ညင်သာစွာဆွဲယူသည်။
"အရမ်းရုတ်တရက်ဆန်နေတာသိတယ်။ ဒါပေမဲ့ မေမေရယ် နားလည်ပေးလို့မရဘူးလား။ ကိုကိုကလည်း မကောင်းတဲ့သူမှမဟုတ်တာ"
သူ့မိခင်က လက်ကိုခါချပစ်ရင်း
" မင်းမရှက်ဘူးလား ခွန်းသန့်နောင်။မင်းအဒေါ်မျက်နှာကိုတစ်ချက်မထောက်ဘူး။"
"မေမေမသိလို့ အကယ်၍ ဒေါ်လေးသာရှိနေရင် ကျိန်းသေသဘောတူမှာ"
ဖြန်း...
ခွန်းသန့်နောင်၏စကားအဆုံးတွင် လက်ဝါးနဲ့ပါးချင်းရိုက်ခတ်သံအကျယ်ကြီးထွက်ပေါ်လာသည်။
ခွန်းသန့်နောင်အမေက သူ့သားအားရိုက်လိုက်တာဖြစ်သော်လည်း ခွန်သာမှိုင်းက မြန်မြန်ဆန်ဆန်၀င်ကာလိုက်သည်မို့ သူ့ပါးသို့သာအရိုက်ခံလိုက်ရလေသည်။
ခွန်းသန့်နောင်မှာလည်း အံ့သြလွန်း၍ မျက်တောင်ပင်မခတ်မိ။
သူ၏နူးညံ့လှသော အမေကပါးရိုက်လိုက်တာဖြစ်သည်။
ငယ်စဥ်အချိန်ကတည်းကနေ ယခုချိန်ထိ ရိုက်ဖို့မပြောနဲ့ လက်တောင်မရွယ်ခဲ့ဖူးသည့် အမျိုးသမီးဖြစ်သည်။
သူမမျက်နှာထက်တွင်လည်း ဒေါသရော၀မ်းနည်းမှုအငွေ့အသက်တွေပါတွေ့မြင်နေရလေသည်။
" နင့်အဒေါ် ကိုလာအသုံးမချနဲ့ သူနင့်ကိုဘယ်လောက်အလိုလိုက်ပါစေအုံး
ဒီကိစ္စကမဖြစ်သင့်မှန်းတော့ မင်းတို့နှစ်ယောက်လုံးသိသင့်တယ်။
ငါ့မှာတော့ ညီအစ်ကိုနှစ်ယောက် ချစ်ချစ်ခင်ခင်ဟဲ့ဆိုပြီး ၀မ်းသာနေတာ။
မင်းတို့ကတော့...."
၀မ်းနည်းကာယူကြုံးမရဖြစ်နေသော သူ့အမေအား ခွန်းသန့်နောင်က တောင်းပန်သည်။
" ကျွန်တော် တောင်းပန်ပါတယ် မေမေရယ်"
ခွန်သာမှိုင်းက ရုတ်တရက် ဒူးထောက်ထိုင်ချသည်။
ပြီးနောက် တည်ကြည်သောလေသံ တည်ကြည်သောမျက်နှာထားဖြင့် ေမာ့ကြည့်ရင်း ပြောသည်။
" ဒေါ်လေး ကျွန်တော်တောင်းပန်ပါတယ်။ဒါပေမဲ့ လက်လျော့ဖို့စိတ်ကူး တစ်စက်လေးတောင်မရှိဘူး။ ကျွန်တော့်ကို ကျေးဇူးမသိတက်တဲ့သူ မကောင်းတဲ့သူဆိုပြီး အကုန်လုံးကအပြစ်တင်ရှုံ့ချမယ်ဆိုရင်တောင် ဂရုမစိုက်ဘူး။
စိုင်းခွန်းသန့်နောင်ဆိုတဲ့ ကောင်လေးတစ်ယောက်ကပဲ ကျွန်တော့်ဘ၀ရဲ့အရာအားလုံးဖြစ်လို့ပါ။ သူ့အတွက်ပဲအသက်ရှင်ပြီး သူ့ကိုပဲဂရုစိုက်မယ်။
တမာန်လွန်ကျမှ ကျွန်တော့်အမေကိုပြန်တွေ့ခဲ့လို့ သူကအပြစ်တင်ရင် ကျေကျေနပ်နပ်နဲ့ အပြစ်ကြွေးကိုခံယူလိုက်ပါမယ်။"
ခွန်သာမှိုင်း၏ စကားအဆုံးတွင် ခွန်းသန့်နောင်ကလည်း ဒူးထောက်ထိုင်ချလိုက်သည်။
" မေမေ ကျွန်တော်လည်း ကိုကို့ဆန္ဒနဲ့ထပ်တူပဲ ကိုကိုမှမဟုတ်ရင် မဖြစ်ဘူး"
" မင်းတို့...ကောင်းပြီ တော်တော်တက်နေကြတယ်ပေါ့။ လုပ်ချင်ရာသာလုပ်
စိုင်းခွန်းသန့်နောင် မင်းငါ့သားမဟုတ်တော့ဘူး။"
ခွန်းသန့်နောင်အမေမှာ မျက်ရည်များဖြင့် ပြောပြီးအိမ်ပေါ်ထပ်သို့တက်သွားတော့သည်။
ထိုင်ကာအခြေအနေကြည့်နေသော ခွန်းသန့်နောင်အဖေက အနားလာပြီး ခွန်းသန့်နောင်တို့ကို မတ်တပ်ပြန်ထစေသည်။
" ဖေဖေ.."
သူ့အဖေကသက်ပြင်းချသည်။
" ဟူး မင်းတို့လူငယ်တွေကိုလည်း လိုက်မမှီတော့ဘူး။
လောလောဆယ်တော့ ပြန်လိုက် မင်းအမေအရမ်းစိတ်ထိခိုက်နေတယ် ခဏလွှတ်ထားပေး "
သူ့အဖေက ကန့်ကွက်ချင်ပုံမရတာကြောင့် ခွန်းသန့်နောင်က အကူအညီတောင်းပြန်သည်။
" ဖေဖေကပဲ မေမေလက်ခံအောင် ဖျောင်းဖျပေးပါလား"
" ဖျောင်းဖျတိုင်းရမဲ့ ကိစ္စမဟုတ်ဘူးကွ။ မင်းအမေဘယ်တုန်းကများ မင်းအလိုကိုမလိုက်ခဲ့ဖူးတာရှိလဲ။ ဒီတစ်ခါတော့ တော်တော်shockရစရာပဲသား"
ခွန်းသန့်နောင်ကို ပြောပြီးနောက် ခွန်သာမှိုင်းကိုပြန်ကြည့်ကာ
" ခွန်သာမှိုင်း ငါ့တူ မင်းကိုလည်း မင်းအဒေါ်ကချစ်ပါတယ်။အခုကိစ္စကတော့
ရုတ်တရက်ဆိုတော့ သူ့လက်မခံနိုင်တာ။ ဦးလေးအနေနဲ့တော့ ဘာမှပြောစရာမရှိဘူး ။ငယ်ငယ်ထဲကနေမင်းအကြောင်းသိနေတာပဲ ခွန်းသန့်နောင် ဒီကလေးကို ဦးလေးတို့လည်းမနိုင်ဘူး။ မင်းပဲ ဂရုစိုက်ပေးပါအုံး"
.....
ခွန်းသန့်နောင်မှာ သူ့အပူနဲ့သူရှိနေသော်လည်း နောက်ရက်တွင် ခြံရံလင်းဆီသွားတွေ့ရသည်။
လေ၀င်လေထွက်မရှိ မီးမဖွင့်ထားသော မှောင်မဲနေသည့် တိုက်ခန်းအတွင်း၀င်လိုက်သည်နှင့် အရက်နံ့က ထောင်းခနဲထလာသည်။
ဆိုဖာကိုမှီ၍ စိတ်ပျက်လက်ပျက်ထိုင်နေသော ခြံရံလင်းဘေးတွင် အရက်ပုလင်း ဘီယာဘူးခွံနဲ့ ဆေးလိပ်အတိုအစများစွာရှိနေသည်။
ခြံရံလင်း မျက်နှာချောချောတွင်လည်း မုတ်ဆိတ်မွှေးများက မညီမညာထွက်လို့နေပြီဖြစ်သည်။
" ကျစ် ဒီကောင်ကတော့ကွာ..."
ခွန်းသန့်နောင် သူ့နားရောက်လာတော့ ခြံရံလင်းက ကြည့်ပင်မကြည့်ပဲပြောသည်။
" ဒီရက်ပိုင်း ငါ့ဆီမလာနဲ့လို့ပြောထားတယ်လေ"
" အဲ့ဒါဆို ငါကဘယ်ရက်လာရမလဲ ။နောက်ရက်တွေမှဆို မင်းအလောင်းလာကောက်ရမှာလား"
ခွန်းသန့်နောင်က ပြောရင်းခြံရံလင်းဘေး၀င်ထိုင်လိုက်သည်။
" တကယ်ပဲဘာဖြစ်နေတာလဲကွာ။ ငါကိုလင်းနဲ့လည်းတွေ့ခဲ့ပြီးပြီ သူလည်းမင်းတို့ကြား၀င်မရှုပ်ဘူးဆို။ မင်းမိဘတွေလည်း သိမှမသိတာ။ အခုပြဿနာကဘာလဲ"
"အင်းမသိတာပဲကောင်းတယ်။"
"ီးကိုမသိတာပဲကောင်းတာလား။ မင်းရဲ့ဒီပုံစံကြီးကိုမြင်နေရတဲ့ငါက ဘယ်လိုလုပ်မသိချင်ယောင်ဆောင်နေရမှာလဲ။ "
ခွန်းသန့်နောင်မှာ ခြံရံလင်းအား တကယ်အံ့သြရသည်။ အမြဲပျော်ရွှင်မြူးထူး နေတက်သူက ယခုတော့တစ်ခြားသူတစ်ယောက်လိုဖြစ်နေသည်။
အရင်ကလည်း စိတ်ရှုပ်စရာကိစ္စတစ်ချို့ရှိခဲ့ဖူးပေမဲ့ ခြံရံလင်းယခုလောက် စိတ်ဓါတ်ကျနေပုံမျိုးတော့မမြင်ဖူးခဲ့ပေ။
" ဘာတွေလဲကွာ ။ ထက်ဝေဦးကလည်း ဘာမှမပြော မင်းကလည်းမပြော။
ဘာကိစ္စဖြစ်ထားကြလို့လဲ ရန်ဖြစ်ကြတာလား။ မင်းကအရင်တောင်းပန်လိုက်လေ "
ခြံရံလင်းက ခါးသက်စွာပြုံးသည်။
" အင်း တောင်းပန်ရုံနဲ့ ပြီးသွားရင်ကောင်းမှာပဲ။ ဘာလို့ဒီလိုတွေဖြစ်လာမှန်းမသိေတာ့ဘူး။ ဒီတိုင်း အရင်လူတွေလို ငါသူ့ကိုအေးဆေး မေ့ပစ်လိုက်ချင်တာ။ ဒါပေမဲ့ နေ့ရော ညရော ငါ့အတွေးတွေထဲသူကရှိနေတယ်"
ခြံရံလင်းက ပြုံးနေရင်းမှ မျက်ရည်ကျလို့လာသည်။
" ဘာလို့ လူတစ်ယောက်ကိုချစ်ရတာ ဒီလောက်ပင်ပန်းတာလဲ။
မချစ်မိခဲ့ရင်ကောင်းမယ် အဲ့ဒါဆိုအခုချိန်ဒီလိုခံစားနေရမှာမဟုတ်ဘူး။"
ခြံရံလင်းက လက်ဖမိုးဖြင့် မျက်ရည်တွေသုပ်ရင်းခပ်ဟဟရယ်ပြန်သည်။
"ကိုယ်ကြုံဖူးမှ ကိုယ်ချင်းစာတက်တယ်ဆိုတာ အလကားပြောခဲ့ကြတာမဟုတ်ဘူးပဲ"
ခွန်းသန့်နောင်လည်း သူ့သူငယ်ချင်းကိုကြည့်ကာ သက်ပြင်းချသည်။
အရင်တုန်းက ခြံရံလင်းပြောဖူးသောစကားများကိုလည်းပြန်အမှတ်ရသည်။
" မင်းတို့ကောင်တွေက ချစ်လိုက်ရင်အရူးအမူးတွေကြီးပဲ။ စိတ်ကိုပေါ့ပေါ့ပါးပါးထားစမ်းပါကွာ။"
" ခြံရံလင်း မင်းကလည်းတကယ်ချစ်ရင် ထက်ဝေဦးကလည်းမင်းကိုချစ်ရင် ဘာမဖြစ်နိုင်စရာရှိလဲ။ ကျန်တဲ့အတားအဆီးတွေကတော့ အတူတူကျော်ဖြတ်ရမှာပဲ။ အချင်းချင်းနားလည်နိုင်ရင်ပိုအဆင်ပြေမယ်။
သူရဲ့ပုံစံအစစ်အမှန်ကိုလည်း လက်ခံနိုင်ရမယ်။ ငါ့ကိုပဲကြည့်...ကိုကိုဆိုကြောက်စရာကောင်းတယ်
အေးစက်တယ်လို့မင်းတို့ထင်တယ်မလား။ ငါ့အတွက်ကကျ အဲ့ဒါလေးတွေကအစ ချစ်ချင်စရာ မြတ်နိုးစရာတွေဖြစ်နေတာ။သူနဲ့ပတ်သတ်ရင် အကုန်နားလည်ပေးနိုင်တယ် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်က ကိစ္စတွေအထိပဲ"
ခွန်းသန့်နောင်က ပြောရင်း ခြံရံလင်းပုခုံးကိုဖက်သည်။
" ငါနဲ့ ကိုကိုနဲ့တွဲနေတာလည်း ငါ့အမေတို့သိသွားပြီ။ မင်းထက်တောင်အခြေအနေဆိုးတယ်။ တစ်ခါတောင် လက်မရွယ်ဖူးတဲ့ငါ့အမေကငါ့ကိုရိုက်တယ်။ ခံလိုက်ရတာတော့ ကိုကိုဆိုပေမဲ့ပေါ့။
ပြီးတော့ လုပ်ချင်ရာလုပ်ရင် ငါကသူ့သားမဟုတ်တော့ဘူးတဲ့။ လောလောဆယ်တော့ စကားတောင်မပြောတော့ဘူး။"
ထိုအခါမှ ခြံရံလင်းက ခွန်းသန့်နောင်ကိုကြည့်လာသည်။
" အန်တီက မင်းကိုအရမ်းချစ်ပါတယ်။တကယ်တော့ မလုပ်လောက်ပါဘူး။"
" တကယ်လုပ်ရင်တောင် ငါတော့လက်လျော့မှမဟုတ်ဘူး။ဒါပေမဲ့ လက်ခံလာဖို့ကိုတော့ အကောင်းဆုံး ကြိုးစားမှာပါ"
ခြံရံလင်းအား တရားချပြီးချိန်တွင် ခွန်းသန့်နောင်အိမ်သို့ပြန်လာခဲ့သည်။
ခွန်သာမှိုင်းကတော့ Blackyအား အစာကျွေးပြီး ကန်သေးသေးလေးထဲမှ ရေကိုလဲပေးနေသည်။
" ကိုကို ကျွန်တော်ပြန်ရောက်ပြီ။ "
" အင်း ရေချိုး။ပြီးရင် ညစာစားမယ်"
ခွန်းသန့်နောင်လည်း Luckyအားတစ်ချက်ကလိပြီးနောက် ရေချိုးခန်းထဲဝင်သွားတော့သည်။
ညစာစားပြီးသတင်းကြည့်တော့ ဟိုးတလောကအနောက်နိုင်ငံတွေတွင် ပျံ့နှံ့နေသော ကူးစက်ရောဂါပိုးမှာအခြေအနေတွေပိုဆိုးလာတာတွေ့လိုက်ရသည်။
"ဒီပုံစံအတိုင်းဆို ကျွန်တော်တို့အာရှဘက်လည်း ရောက်လာတော့မယ်ထင်တယ်။ USမှာက အခြေအနေဆိုးလာပြီနော် မေမေတို့ဒီကိုစောစောရောက်လာလိုက်လို့တော်သေး။"
"အင်း အဲရောဂါပိုးကတစ်ဆင့်ပြီးတစ်ဆင့်မြင့်လာလောက်တယ်။ အချိန်မှီ ကာကွယ်ဆေးမတွေ့ရင် ကူးစက်မှုတွေများပြီး အသေအပျောက်တွေဖြစ်လာတော့မယ်ထင်တယ်။"
ခွန်းသန့်နောင်က ခွန်သာမှိုင်းပုခုံးပေါ်ခေါင်းမှီလိုက်ရင်း
" အားရိုး ကမ္ဘာကြီးကလည်း ဘာတွေဖြစ်နေတာလဲနော်"
"ကမ္ဘာကြီးကိုစိတ်မပူပဲ ကိုယ့်ကိုယ်ကိုအရင်စိတ်ပူနောင်ငယ်"
" စိတ်ပူတယ် ကိုကိုရယ် ကျွန်တော့်ကမ္ဘာကြီးက ကိုကိုလေ။ "
ခွန်းသန့်နောင် သူပြောပြီးသူ့ဘာသာ သဘောကျစွာရယ်တော့သည်။
ခွန်သာမှိုင်းက သွားတန်းဖြူဖြူလေးတွေပေါ်သည်အထိရယ်နေသော ခွန်းသန့်နောင်ကိုကြည့်ကာ
" ကလေးကုလားနဲ့..."
" ကျွန်တော်ကလေးမဟုတ်ဘူး။ မယုံရင်အခန်းထဲသွားမယ် "
ခွန်းသန့်နောင်မှာ ပြောလည်းပြော ထလည်းထကာ ခွန်သာမှိုင်းအား အိပ်ခန်းထဲသို့ဆွဲခေါ်သွားတော့လေသည်။
Chit Khoon Cho Thar or JuliiaJune
(8.11.2023)
စာအုပ်လေးထုတ်ဖြစ်ခဲ့ရင်ထည့်ဖို့ မြင်ချင်တဲ့အခန်းတွေ လိုချင်တဲ့ပုံစံလေးတွေရှိရင်ပြောသွားလို့ရပါတယ်ခ။
Zaw,
The Matching Guys (Part 77)
စိုင္းခြန္းသန့္ေနာင္ နဲ႕ စ၀္ခြန္သာမွိုင္းတို႔အတူလက္တြဲရင္း သူတို႔ျပန္မလာတာၾကာၿပီျဖစ္တဲ့ အိမ္ၿခံ၀န္းက်ယ္ႀကီးထဲသို႔ ေလွ်ာက္လွမ္းလာခဲ့ၾကသည္။
ဧည့္ခန္းက်ယ္ႀကီးထဲေရာက္ေတာ့ သူ႕အေမနဲ႕ အေဖတို႔ကိုေတြ႕လိုက္ရေလသည္။
ခြန္းသန့္ေနာင္တို႔မွာ ထိုင္ပင္မထိုင္ရေသး သူ႕မိခင္ကစကားစလာသည္။
" ငါ့သားေတာင္ အ႐ြယ္ေရာက္လာၿပီပဲ။ မင္းနဲ႕ အေမ့သူငယ္ခ်င္းသမီးေလးနဲ႕ လက္ဆက္ေပးမယ္။ ဒီကအလုပ္ေတြ နားတာျဖစ္ျဖစ္၊ထြက္တာျဖစ္ျဖစ္လုပ္လိုက္ပါ"
" ေမေမ့ ကြၽန္ေတာ္..."
သူ႕အေမက သူ႕အားေျပာခြင့္မေပးေသး ခြန္းသန့္ေနာင္ႏႈတ္မွ ထြက္လာမည့္စကားလုံးမ်ားကိုမၾကားလိုသည့္ဟန္ျဖင့္ အျမန္ၾကားျဖတ္ေျပာသည္။
သူမ၏မ်က္ႏွာမွာ ၿပဳံးသေယာင္ရွိေသာ္လည္း ခြန္သာမွိုင္းတို႔အတူတြဲထားသည့္လက္ေတြကို ႏွစ္ၿမိဳ႕ဟန္ေတာ့မေပၚေပ။
" ဪ ခြန္သာမွိုင္း သားကိုလည္း ေဒၚေလးမိတ္ဆက္ေပးခ်င္တဲ့သူရွိတယ္။
ဒီအေတာအတြင္းပစ္ထားသလိုျဖစ္ေနတာ။ငါ့ညီမသိရင္ေတာ့ သူ႕သားကိုပစ္ထားတယ္ဆိုၿပီး စိတ္ဆိုးေနေတာ့မွာပဲ"
ခြန္သာမွိုင္းက ခြန္းသန့္ေနာင္လက္အား ပိုမိုတင္းက်ပ္စြာဆုပ္ကိုင္လိုက္ရင္းျပန္ေျဖသည္။
" ေတာင္းပန္ပါတယ္ ေဒၚေလးမိတ္ဆက္ေပးတဲ့သူကိုကြၽန္ေတာ္မယူနိုင္သလို
ေနာင္ငယ္ကိုလည္း ဘယ္သူနဲ႕မွ လက္ထပ္ခြင့္မျပဳနိုင္ပါဘူး"
" ေမေမလည္း သိၿပီးၿပီမလား။ဘာလို႔တစ္ျခားသူနဲ႕မိတ္ဆက္ေပးမယ္ေတြေျပာေနရတာလဲ"
ၿပဳံးသေယာင္ရွိေနေသာ ခြန္းသန့္ေနာင္အေမမ်က္ႏွာမွာ ခ်က္ခ်င္း၀မ္းနည္းသြားသည္။
"မင္းတို႔ႏွစ္ေယာက္ဘာလို႔ အဲ့လိုလုပ္ရက္ရတာလဲ။ ေသြးသားမေတာ္စပ္ဘူးဆိုရင္ေတာင္ ညီအစ္ကိုေတြပဲေလ ။ ငါ..ငါ့ညီမကိုဘယ္လိုမ်က္ႏွာသြားျပရမလဲ"
ခြန္းသန့္ေနာင္အေဖက ဘာမွဝင္မေျပာသက္ျပင္းသာခ်သည္။
ခြန္းသန့္ေနာင္ အေမကမတ္တပ္ထရင္း ခြန္းသန့္ေနာင္တို႔အနားလာသည္။
"ခြန္သာမွိုင္း မင္းကအႀကီးေလ ဒါမျဖစ္သင့္ဘူးဆိုတာမသိဘူးလား။
ေဒၚေလးမင္းကိုဘယ္ေလာက္ယုံၾကည္ခဲ့ရလဲ။ မင္း ခြန္းသန့္ေနာင္ကိုဂ႐ုစိုက္ေပးတာသိတယ္ ေက်းဇူးလည္းတင္တယ္။ဒါေပမဲ့ မင္းတို႔ႏွစ္ေယာက္ခ်စ္လို႔မရဘူး "
" ေမေမ ကိုကို႔ ကိုမေျပာနဲ႕ ကြၽန္ေတာ့္ကိုပဲေျပာ။ဒီကိစၥက ကြၽန္ေတာ္စတာ။
ကြၽန္ေတာ္ကကိုကို႔ကို ေသေအာင္ႀကိဳက္ေနလို႔ မရရေအာင္ အတင္းလိုက္တြယ္ကပ္ခဲ့တာပါ။ ေမေမတို႔လည္းသိမွာပါ"
ခြန္းသန့္ေနာင္ အေမကရင္နာစြာျဖင့္ သူ႕ရင္ဘတ္သူထုသည္။
"မင္းအစ္ကိုကိုဘယ္ေလာက္တြယ္ကပ္ၿပီးခ်စ္လည္း သိတယ္။
ဒါေပမဲ့ ရိုးရိုးခ်စ္ေနတယ္ပဲထင္တာေလ။ မင္းကဘာလို႔မဟုတ္တဲ့စိတ္ေတြထားေနရတာလဲ။ USကို အေမတို႔နဲ႕ အတူျပန္လိုက္ခဲ့ မင္းလက္ထပ္ရမယ္။
လက္ထပ္လိုက္ရင္အဆင္ေျပသြားမွာပါ"
" ကြၽန္ေတာ္မလိုက္ဘူး။ ကိုကိုရွိတဲ့ေနရာမွာပဲေနမွာ။ လက္ထပ္မယ္ဆိုလည္း ကိုကိုနဲ႕ပဲလက္ထပ္မွာ။ "
ခြန္းသန့္ေနာင္ ေလသံကိုျပန္ေျပာင္းရင္း သူ႕အေမလက္ကို ညင္သာစြာဆြဲယူသည္။
"အရမ္း႐ုတ္တရက္ဆန္ေနတာသိတယ္။ ဒါေပမဲ့ ေမေမရယ္ နားလည္ေပးလို႔မရဘူးလား။ ကိုကိုကလည္း မေကာင္းတဲ့သူမွမဟုတ္တာ"
သူ႕မိခင္က လက္ကိုခါခ်ပစ္ရင္း
" မင္းမရွက္ဘူးလား ခြန္းသန့္ေနာင္။မင္းအေဒၚမ်က္ႏွာကိုတစ္ခ်က္မေထာက္ဘူး။"
"ေမေမမသိလို႔ အကယ္၍ ေဒၚေလးသာရွိေနရင္ က်ိန္းေသသေဘာတူမွာ"
ျဖန္း...
ခြန္းသန့္ေနာင္၏စကားအဆုံးတြင္ လက္ဝါးနဲ႕ပါးခ်င္းရိုက္ခတ္သံအက်ယ္ႀကီးထြက္ေပၚလာသည္။
ခြန္းသန့္ေနာင္အေမက သူ႕သားအားရိုက္လိုက္တာျဖစ္ေသာ္လည္း ခြန္သာမွိုင္းက ျမန္ျမန္ဆန္ဆန္၀င္ကာလိုက္သည္မို႔ သူ႕ပါးသို႔သာအရိုက္ခံလိုက္ရေလသည္။
ခြန္းသန့္ေနာင္မွာလည္း အံ့ၾသလြန္း၍ မ်က္ေတာင္ပင္မခတ္မိ။
သူ၏ႏူးညံ့လွေသာ အေမကပါးရိုက္လိုက္တာျဖစ္သည္။
ငယ္စဥ္အခ်ိန္ကတည္းကေန ယခုခ်ိန္ထိ ရိုက္ဖို႔မေျပာနဲ႕ လက္ေတာင္မ႐ြယ္ခဲ့ဖူးသည့္ အမ်ိဳးသမီးျဖစ္သည္။
သူမမ်က္ႏွာထက္တြင္လည္း ေဒါသေရာ၀မ္းနည္းမႈအေငြ႕အသက္ေတြပါေတြ႕ျမင္ေနရေလသည္။
" နင့္အေဒၚ ကိုလာအသုံးမခ်နဲ႕ သူနင့္ကိုဘယ္ေလာက္အလိုလိုက္ပါေစအုံး
ဒီကိစၥကမျဖစ္သင့္မွန္းေတာ့ မင္းတို႔ႏွစ္ေယာက္လုံးသိသင့္တယ္။
ငါ့မွာေတာ့ ညီအစ္ကိုႏွစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ဟဲ့ဆိုၿပီး ၀မ္းသာေနတာ။
မင္းတို႔ကေတာ့...."
၀မ္းနည္းကာယူႀကဳံးမရျဖစ္ေနေသာ သူ႕အေမအား ခြန္းသန့္ေနာင္က ေတာင္းပန္သည္။
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ေမေမရယ္"
ခြန္သာမွိုင္းက ႐ုတ္တရက္ ဒူးေထာက္ထိုင္ခ်သည္။
ၿပီးေနာက္ တည္ၾကည္ေသာေလသံ တည္ၾကည္ေသာမ်က္ႏွာထားျဖင့္ ေမာ့ၾကည့္ရင္း ေျပာသည္။
" ေဒၚေလး ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ဒါေပမဲ့ လက္ေလ်ာ့ဖို႔စိတ္ကူး တစ္စက္ေလးေတာင္မရွိဘူး။ ကြၽန္ေတာ့္ကို ေက်းဇူးမသိတက္တဲ့သူ မေကာင္းတဲ့သူဆိုၿပီး အကုန္လုံးကအျပစ္တင္ရႈံ႕ခ်မယ္ဆိုရင္ေတာင္ ဂ႐ုမစိုက္ဘူး။
စိုင္းခြန္းသန့္ေနာင္ဆိုတဲ့ ေကာင္ေလးတစ္ေယာက္ကပဲ ကြၽန္ေတာ့္ဘ၀ရဲ႕အရာအားလုံးျဖစ္လို႔ပါ။ သူ႕အတြက္ပဲအသက္ရွင္ၿပီး သူ႕ကိုပဲဂ႐ုစိုက္မယ္။
တမာန္လြန္က်မွ ကြၽန္ေတာ့္အေမကိုျပန္ေတြ႕ခဲ့လို႔ သူကအျပစ္တင္ရင္ ေက်ေက်နပ္နပ္နဲ႕ အျပစ္ေႂကြးကိုခံယူလိုက္ပါမယ္။"
ခြန္သာမွိုင္း၏ စကားအဆုံးတြင္ ခြန္းသန့္ေနာင္ကလည္း ဒူးေထာက္ထိုင္ခ်လိဳက္သည္။
" ေမေမ ကြၽန္ေတာ္လည္း ကိုကို႔ဆႏၵနဲ႕ထပ္တူပဲ ကိုကိုမွမဟုတ္ရင္ မျဖစ္ဘူး"
" မင္းတို႔...ေကာင္းၿပီ ေတာ္ေတာ္တက္ေနၾကတယ္ေပါ့။ လုပ္ခ်င္ရာသာလုပ္
စိုင္းခြန္းသန့္ေနာင္ မင္းငါ့သားမဟုတ္ေတာ့ဘူး။"
ခြန္းသန့္ေနာင္အေမမွာ မ်က္ရည္မ်ားျဖင့္ ေျပာၿပီးအိမ္ေပၚထပ္သို႔တက္သြားေတာ့သည္။
ထိုင္ကာအေျခအေနၾကည့္ေနေသာ ခြန္းသန့္ေနာင္အေဖက အနားလာၿပီး ခြန္းသန့္ေနာင္တို႔ကို မတ္တပ္ျပန္ထေစသည္။
" ေဖေဖ.."
သူ႕အေဖကသက္ျပင္းခ်သည္။
" ဟူး မင္းတို႔လူငယ္ေတြကိုလည္း လိုက္မမွီေတာ့ဘူး။
ေလာေလာဆယ္ေတာ့ ျပန္လိုက္ မင္းအေမအရမ္းစိတ္ထိခိုက္ေနတယ္ ခဏလႊတ္ထားေပး "
သူ႕အေဖက ကန့္ကြက္ခ်င္ပုံမရတာေၾကာင့္ ခြန္းသန့္ေနာင္က အကူအညီေတာင္းျပန္သည္။
" ေဖေဖကပဲ ေမေမလက္ခံေအာင္ ေဖ်ာင္းဖ်ေပးပါလား"
" ေဖ်ာင္းဖ်တိဳင္းရမဲ့ ကိစၥမဟုတ္ဘူးကြ။ မင္းအေမဘယ္တုန္းကမ်ား မင္းအလိုကိုမလိုက္ခဲ့ဖူးတာရွိလဲ။ ဒီတစ္ခါေတာ့ ေတာ္ေတာ္shockရစရာပဲသား"
ခြန္းသန့္ေနာင္ကို ေျပာၿပီးေနာက္ ခြန္သာမွိုင္းကိုျပန္ၾကည့္ကာ
" ခြန္သာမွိုင္း ငါ့တူ မင္းကိုလည္း မင္းအေဒၚကခ်စ္ပါတယ္။အခုကိစၥကေတာ့
႐ုတ္တရက္ဆိုေတာ့ သူ႕လက္မခံနိုင္တာ။ ဦးေလးအေနနဲ႕ေတာ့ ဘာမွေျပာစရာမရွိဘူး ။ငယ္ငယ္ထဲကေနမင္းအေၾကာင္းသိေနတာပဲ ခြန္းသန့္ေနာင္ ဒီကေလးကို ဦးေလးတို႔လည္းမနိုင္ဘူး။ မင္းပဲ ဂ႐ုစိုက္ေပးပါအုံး"
.....
ခြန္းသန့္ေနာင္မွာ သူ႕အပူနဲ႕သူရွိေနေသာ္လည္း ေနာက္ရက္တြင္ ၿခံရံလင္းဆီသြားေတြ႕ရသည္။
ေလ၀င္ေလထြက္မရွိ မီးမဖြင့္ထားေသာ ေမွာင္မဲေနသည့္ တိုက္ခန္းအတြင္း၀င္လိုက္သည္ႏွင့္ အရက္နံ႕က ေထာင္းခနဲထလာသည္။
ဆိုဖာကိုမွီ၍ စိတ္ပ်က္လက္ပ်က္ထိုင္ေနေသာ ၿခံရံလင္းေဘးတြင္ အရက္ပုလင္း ဘီယာဘူးခြံနဲ႕ ေဆးလိပ္အတိုအစမ်ားစြာရွိေနသည္။
ၿခံရံလင္း မ်က္ႏွာေခ်ာေခ်ာတြင္လည္း မုတ္ဆိတ္ေမႊးမ်ားက မညီမညာထြက္လို႔ေနၿပီျဖစ္သည္။
" က်စ္ ဒီေကာင္ကေတာ့ကြာ..."
ခြန္းသန့္ေနာင္ သူ႕နားေရာက္လာေတာ့ ၿခံရံလင္းက ၾကည့္ပင္မၾကည့္ပဲေျပာသည္။
" ဒီရက္ပိုင္း ငါ့ဆီမလာနဲ႕လို႔ေျပာထားတယ္ေလ"
" အဲ့ဒါဆို ငါကဘယ္ရက္လာရမလဲ ။ေနာက္ရက္ေတြမွဆို မင္းအေလာင္းလာေကာက္ရမွာလား"
ခြန္းသန့္ေနာင္က ေျပာရင္းၿခံရံလင္းေဘး၀င္ထိုင္လိုက္သည္။
" တကယ္ပဲဘာျဖစ္ေနတာလဲကြာ။ ငါကိုလင္းနဲ႕လည္းေတြ႕ခဲ့ၿပီးၿပီ သူလည္းမင္းတို႔ၾကား၀င္မရႈပ္ဘူးဆို။ မင္းမိဘေတြလည္း သိမွမသိတာ။ အခုျပႆနာကဘာလဲ"
"အင္းမသိတာပဲေကာင္းတယ္။"
"ီးကိုမသိတာပဲေကာင္းတာလား။ မင္းရဲ႕ဒီပုံစံႀကီးကိုျမင္ေနရတဲ့ငါက ဘယ္လိုလုပ္မသိခ်င္ေယာင္ေဆာင္ေနရမွာလဲ။ "
ခြန္းသန့္ေနာင္မွာ ၿခံရံလင္းအား တကယ္အံ့ၾသရသည္။ အၿမဲေပ်ာ္႐ႊင္ျမဴးထူး ေနတက္သူက ယခုေတာ့တစ္ျခားသူတစ္ေယာက္လိုျဖစ္ေနသည္။
အရင္ကလည္း စိတ္ရႈပ္စရာကိစၥတစ္ခ်ိဳ႕ရွိခဲ့ဖူးေပမဲ့ ၿခံရံလင္းယခုေလာက္ စိတ္ဓါတ္က်ေနပုံမ်ိဳးေတာ့မျမင္ဖူးခဲ့ေပ။
" ဘာေတြလဲကြာ ။ ထက္ေဝဦးကလည္း ဘာမွမေျပာ မင္းကလည္းမေျပာ။
ဘာကိစၥျဖစ္ထားၾကလို႔လဲ ရန္ျဖစ္ၾကတာလား။ မင္းကအရင္ေတာင္းပန္လိုက္ေလ "
ၿခံရံလင္းက ခါးသက္စြာၿပဳံးသည္။
" အင္း ေတာင္းပန္႐ုံနဲ႕ ၿပီးသြားရင္ေကာင္းမွာပဲ။ ဘာလို႔ဒီလိုေတြျဖစ္လာမွန္းမသိေတာ့ဘူး။ ဒီတိုင္း အရင္လူေတြလို ငါသူ႕ကိုေအးေဆး ေမ့ပစ္လိုက္ခ်င္တာ။ ဒါေပမဲ့ ေန႕ေရာ ညေရာ ငါ့အေတြးေတြထဲသူကရွိေနတယ္"
ၿခံရံလင္းက ၿပဳံးေနရင္းမွ မ်က္ရည္က်လိဳ႕လာသည္။
" ဘာလို႔ လူတစ္ေယာက္ကိုခ်စ္ရတာ ဒီေလာက္ပင္ပန္းတာလဲ။
မခ်စ္မိခဲ့ရင္ေကာင္းမယ္ အဲ့ဒါဆိုအခုခ်ိန္ဒီလိုခံစားေနရမွာမဟုတ္ဘူး။"
ၿခံရံလင္းက လက္ဖမိုးျဖင့္ မ်က္ရည္ေတြသုပ္ရင္းခပ္ဟဟရယ္ျပန္သည္။
"ကိုယ္ႀကဳံဖူးမွ ကိုယ္ခ်င္းစာတက္တယ္ဆိုတာ အလကားေျပာခဲ့ၾကတာမဟုတ္ဘူးပဲ"
ခြန္းသန့္ေနာင္လည္း သူ႕သူငယ္ခ်င္းကိုၾကည့္ကာ သက္ျပင္းခ်သည္။
အရင္တုန္းက ၿခံရံလင္းေျပာဖူးေသာစကားမ်ားကိုလည္းျပန္အမွတ္ရသည္။
" မင္းတို႔ေကာင္ေတြက ခ်စ္လိုက္ရင္အ႐ူးအမူးေတြႀကီးပဲ။ စိတ္ကိုေပါ့ေပါ့ပါးပါးထားစမ္းပါကြာ။"
" ၿခံရံလင္း မင္းကလည္းတကယ္ခ်စ္ရင္ ထက္ေဝဦးကလည္းမင္းကိုခ်စ္ရင္ ဘာမျဖစ္နိုင္စရာရွိလဲ။ က်န္တဲ့အတားအဆီးေတြကေတာ့ အတူတူေက်ာ္ျဖတ္ရမွာပဲ။ အခ်င္းခ်င္းနားလည္နိုင္ရင္ပိုအဆင္ေျပမယ္။
သူရဲ႕ပုံစံအစစ္အမွန္ကိုလည္း လက္ခံနိုင္ရမယ္။ ငါ့ကိုပဲၾကည့္...ကိုကိုဆိုေၾကာက္စရာေကာင္းတယ္
ေအးစက္တယ္လို႔မင္းတို႔ထင္တယ္မလား။ ငါ့အတြက္ကက် အဲ့ဒါေလးေတြကအစ ခ်စ္ခ်င္စရာ ျမတ္နိုးစရာေတြျဖစ္ေနတာ။သူနဲ႕ပတ္သတ္ရင္ အကုန္နားလည္ေပးနိုင္တယ္ အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္က ကိစၥေတြအထိပဲ"
ခြန္းသန့္ေနာင္က ေျပာရင္း ၿခံရံလင္းပုခုံးကိုဖက္သည္။
" ငါနဲ႕ ကိုကိုနဲ႕တြဲေနတာလည္း ငါ့အေမတို႔သိသြားၿပီ။ မင္းထက္ေတာင္အေျခအေနဆိုးတယ္။ တစ္ခါေတာင္ လက္မ႐ြယ္ဖူးတဲ့ငါ့အေမကငါ့ကိုရိုက္တယ္။ ခံလိုက္ရတာေတာ့ ကိုကိုဆိုေပမဲ့ေပါ့။
ၿပီးေတာ့ လုပ္ခ်င္ရာလုပ္ရင္ ငါကသူ႕သားမဟုတ္ေတာ့ဘူးတဲ့။ ေလာေလာဆယ္ေတာ့ စကားေတာင္မေျပာေတာ့ဘူး။"
ထိုအခါမွ ၿခံရံလင္းက ခြန္းသန့္ေနာင္ကိုၾကည့္လာသည္။
" အန္တီက မင္းကိုအရမ္းခ်စ္ပါတယ္။တကယ္ေတာ့ မလုပ္ေလာက္ပါဘူး။"
" တကယ္လုပ္ရင္ေတာင္ ငါေတာ့လက္ေလ်ာ့မွမဟုတ္ဘူး။ဒါေပမဲ့ လက္ခံလာဖို႔ကိုေတာ့ အေကာင္းဆုံး ႀကိဳးစားမွာပါ"
ၿခံရံလင္းအား တရားခ်ၿပီးခ်ိန္တြင္ ခြန္းသန့္ေနာင္အိမ္သို႔ျပန္လာခဲ့သည္။
ခြန္သာမွိုင္းကေတာ့ Blackyအား အစာေကြၽးၿပီး ကန္ေသးေသးေလးထဲမွ ေရကိုလဲေပးေနသည္။
" ကိုကို ကြၽန္ေတာ္ျပန္ေရာက္ၿပီ။ "
" အင္း ေရခ်ိဳး။ၿပီးရင္ ညစာစားမယ္"
ခြန္းသန့္ေနာင္လည္း Luckyအားတစ္ခ်က္ကလိၿပီးေနာက္ ေရခ်ိဳးခန္းထဲဝင္သြားေတာ့သည္။
ညစာစားၿပီးသတင္းၾကည့္ေတာ့ ဟိုးတေလာကအေနာက္နိုင္ငံေတြတြင္ ပ်ံ့ႏွံ႕ေနေသာ ကူးစက္ေရာဂါပိုးမွာအေျခအေနေတြပိုဆိုးလာတာေတြ႕လိုက္ရသည္။
"ဒီပုံစံအတိုင္းဆို ကြၽန္ေတာ္တို႔အာရွဘက္လည္း ေရာက္လာေတာ့မယ္ထင္တယ္။ USမွာက အေျခအေနဆိုးလာၿပီေနာ္ ေမေမတို႔ဒီကိုေစာေစာေရာက္လာလိုက္လို႔ေတာ္ေသး။"
"အင္း အဲေရာဂါပိုးကတစ္ဆင့္ၿပီးတစ္ဆင့္ျမင့္လာေလာက္တယ္။ အခ်ိန္မွီ ကာကြယ္ေဆးမေတြ႕ရင္ ကူးစက္မႈေတြမ်ားၿပီး အေသအေပ်ာက္ေတြျဖစ္လာေတာ့မယ္ထင္တယ္။"
ခြန္းသန့္ေနာင္က ခြန္သာမွိုင္းပုခုံးေပၚေခါင္းမွီလိုက္ရင္း
" အားရိုး ကမၻာႀကီးကလည္း ဘာေတြျဖစ္ေနတာလဲေနာ္"
"ကမၻာႀကီးကိုစိတ္မပူပဲ ကိုယ့္ကိုယ္ကိုအရင္စိတ္ပူေနာင္ငယ္"
" စိတ္ပူတယ္ ကိုကိုရယ္ ကြၽန္ေတာ့္ကမၻာႀကီးက ကိုကိုေလ။ "
ခြန္းသန့္ေနာင္ သူေျပာၿပီးသူ႕ဘာသာ သေဘာက်စြာရယ္ေတာ့သည္။
ခြန္သာမွိုင္းက သြားတန္းျဖဴျဖဴေလးေတြေပၚသည္အထိရယ္ေနေသာ ခြန္းသန့္ေနာင္ကိုၾကည့္ကာ
" ကေလးကုလားနဲ႕..."
" ကြၽန္ေတာ္ကေလးမဟုတ္ဘူး။ မယုံရင္အခန္းထဲသြားမယ္ "
ခြန္းသန့္ေနာင္မွာ ေျပာလည္းေျပာ ထလည္းထကာ ခြန္သာမွိုင္းအား အိပ္ခန္းထဲသို႔ဆြဲေခၚသြားေတာ့ေလသည္။
Chit Khoon Cho Thar or JuliiaJune
(8.11.2023)
စာအုပ္ေလးထုတ္ျဖစ္ခဲ့ရင္ထည့္ဖို႔ ျမင္ခ်င္တဲ့အခန္းေတြ လိုခ်င္တဲ့ပုံစံေလးေတြရွိရင္ေျပာသြားလို႔ရပါတယ္ခ။