ပြန်လည်မွေးဖွားလာသော အမြှောက်...

By CharmZoey

154K 18.3K 198

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... More

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....

1.2K 138 2
By CharmZoey

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၅၃ ။ IQနိမ့်ကျစေသည့်ရောင်ဝါအပေါ် အမျိုးစုံသော မှန်းဆချက်များနှင့်စမ်းသပ်လေ့လာချက်များ

"မင်း ငါ့ကို FlyNews ကစီစဉ်တဲ့ နိုင်ငံအဆင့် ကျောင်းအလှလေးနှင့်ကျောင်းလူချော လှုပ်ရှားမှုတွေကို ကူညီစေချင်တာလား?" ယွင်ရိက တအံ့တဩမေးသည်။

ထောင်မုက အမှတ် ၁ ပေကျင်းပြည်သူ့ဆေးရုံ၏ မျက်နှာချင်းဆိုင်ရှိ သီးသန့် စားသောက်ဆိုင်မှာ လုပ်ငန်းကိစ္စဆွေးနွေးဖို့ရာအတွက် ပိတ်ရက်၌ ယွင်ရိကို အထူးတလည်ခေါ်လိုက်သည်။

"ဟုတ်" ထောင်မုက ခေါင်းညိတ်ကာ အလေးအနက်ပြောလာသည် "အစ်ကို ဆေးပညာ ဖိုရမ်တစ်ခု ထောင်ချင်တယ်လို့ပြောတယ်မလား။ ဖိုရမ် စပြီဆိုတာနဲ့ အစ်ကို ဖိုရမ်ကို ဘယ်လိုစီမံရမလဲနဲ့ ဒီဖိုရမ်ကို ဘယ်လိုကြော်ငြာရမလဲကိုလည်း သင်ယူရမှာပဲ။ အစ်ကို ဒါကို လေ့ကျင့်ဖို့ အခွင့်အရေးယူပြီး FlyNews နဲ့လည်း ရင်းနှီးလာတာပေါ့။ ဝက်ဆိုက်အလုပ်လုပ်ပုံနဲ့ အသားကျသွားပြီဆို အစ်ကို့ရဲ့ ဆေးပညာဖိုရမ်ကို သေချာပေါက် အလွယ်လေးစီမံနိုင်သွားမှာ"

ကြားရတာတော့ အတော်လေး ကျိုးကြောင်းဆီလျော်ပုံပဲ။

သို့ပေမဲ့ ယွင်ရိ၏ IQ က ဇာတ်လမ်းရဲ့ IQ နိမ့်သည့် ရောင်ဝါဆီက သက်ရောက်ခြင်းမခံရဘဲ အွန်လိုင်းတက်နေတုန်းသာဖြစ်သည်"အစ်ကိုဖန်တီးချင်တာက ဆေးပညာဖိုရမ် ၊ မင်းအစ်ကို့ကို စီမံစေချင်တာက ဖျော်ဖြေရေး ဝက်ဆိုက်.. နှစ်ခုက မတူဘူးမလား?"

"ဘာလို့ မတူရမှာလဲ? အစ်ကို ဒီဆိုရိုးမကြားဖူးဘူးလား အဓိကအချက်ကို နားလည်အောင်လုပ်.. ကျန်တာ သူ့ဟာသူ့ပါလာလိမ့်မယ်လို့လေ!" သရုပ်ဆောင်ခြင်း၏ အနှစ်သာရဆိုသည်က အမှန်ပြောနေသည်ဖြစ်စေ မပြောနေသည်ဖြစ်စေ ဖျော်ဖြေမှုကတော့ သဘာဝကျနေရမည်ဖြစ်သည်။

ထောင်မုသည် အနည်းဆုံးတော့ ရုပ်ရှင်ဧကရာဇ်တစ်ပါးဖြစ်ခဲ့ဖူးသည့်သူမို့ ဒါက သူ့အတွက် ပြဿနာမဟုတ်ပေ "အင်တာနက်လုပ်ငန်းက အခြားလုပ်ငန်းတွေနဲ့မတူဘူး။ အစ်ကို့ ပလက်ဖောင်းက ဘယ်လို အကြောင်းအရာမျိုးကို တင်ဆက်ချင်ပါစေ ဝက်ဆိုက်တစ်ခုရဲ့ အခြေခံဖွဲ့စည်းပုံက အကုန်တူတူပဲ။ ကြော်ငြာတက္ကနစ်တွေနဲ့ ကိုယ့်ထုတ်ကုန်ကိုယ် လည်ပတ်ရတာကလည်း အခြေခံအားဖြင့် ဆင်တူကြတယ်။ ဖျော်ဖြေရေးဝက်ဆိုက်ပဲဖြစ်ဖြစ် ဆေးပညာဖိုရမ် ပဲဖြစ်ဖြစ် ပြောရရင်တော့ ဆိုရှယ်ပလက်ဖောင်းတစ်ခုပဲ။

အစ်ကို မယုံဘူးဆို အစ်ကို့ ဆေးပညာဖိုရမ် လိုင်းပေါ်ရောက်လာရင် ကျွန်တော် အစ်ကို့ကို နည်းနည်းလောက်ကူလုပ်ပေးမယ် အဲ့ကျ အစ်ကိုသိရလိမ့်မယ်"

"အဲ့ဒါအပြင် ကျွန်တော် သိပ်မကြာခင် M နိုင်ငံသွားတော့မှာ။ ကျွန်တော်သာ ကိစ္စတွေကူစောင့်ကြည့်ပေးဖို့ တစ်ယောက်ယောက်မရှာရင် ကျွန်တော်တကယ် စိတ်အေးရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် အခြားသူတွေကိုလည်း မသိဘူးလေ။ ကျွန်တော်ကတော့ အစ်ကိုပဲကျွန်တော့်ကို ကူညီနိုင်မှာလို့ယုံကြည်တယ်။ ပြောမယ်ဆို အစ်ကို လုပ်ငန်းလည်ပတ်မှုအသေးစိတ်တွေ စိုးရိမ်စရာလည်းမလိုဘူးနော်။ လုံထျန်းအင်တာတိန်းမန့်ရဲ့ ထုတ်လုပ်ရေးအဖွဲ့က အသေးစိတ်လုပ်ငန်းတွေ ကိုင်တွယ်သွားလိမ့်မယ်။ သူတို့အကုန်လုံး ကျွမ်းကျင်သူတွေချည်းပဲ။ ဒီတော့ ကျွန်တော်တို့ သိပ်စိတ်ပူစရာမလိုဘူး။ အစ်ကို ကျွန်တော့်ကို ကူညီဖို့လိုတာက အထွေထွေအပိုင်းတွေ၊ ရလဒ်တွေက အပြည့်အဝတရားမျှတပြီးတော့ မသင်္ကာစရာကိစ္စတွေမဖြစ်အောင် သေချာကာကွယ်ရမယ်။ ပြီးတော့ အရေးအကြီးဆုံးအနေနဲ့ ဝန်ထမ်းတွေကို သူတို့ရာထူးကိုအခွင့်ကောင်းယူပြီး ပြိုင်ပွဲရဲ့စည်းမျဉ်းနဲ့မကိုက်တာတွေ လုပ်ခွင့်မပေးဖို့ပဲဗျ"

ဥပမာအနေနှင့် ပြိုင်ပွဲဝင်တွေနှင့်အတူ ပေါင်းကြံစည်ပြီး နောက်ဆုံးအဆင့် ပြန်လည်တည်းဖြတ်ချိန်မှာ တမင်တကာ မျက်နှာလိုက်သည်မျိုး သို့မဟုတ် တိတ်တဆိတ် နောက်ခံဒေတာတွေကို ကလိမ်ကကျစ်ကျသည်မျိုးလိုပေါ့။

"အတည်ပြုဖို့အတွက် တာဝန်ယူဖို့ ကျွန်တော် DB က စာရင်းစစ်တွေငှားထားပြီးပြီ။ အစ်ကိုက မဲရေတဲ့အချိန်ရောက်ရင် သူတို့ကို စောင့်ကြည့်ပေးရုံပဲ။ အဲ့ဒါပြီးတော့ ပြိုင်ပွဲဗီဒီယိုတည်းဖြတ်တဲ့အပိုင်းမှာဆို ပြိုင်ပွဲဝင်တိုင်းရဲ့ scene အရေအတွက်တူနေစေဖို့ သေချာအောင်လုပ်ပေးရမယ်"

အရင်ဘဝက ရူးသွပ်ဖွယ် star-chasing(အနုပညာရှင်ကို အရူးအမူးကိုးကွယ်အားပေးသည့် ပရိသတ်) ဝန်းကျင်ကို ကြုံတွေ့ခဲ့ရပြီးနောက် ထောင်မုသည် ပရိသတ်အချို့က အိုင်ဒေါလ်တွေပါဝင်တတ်သည့် တီဗီဇာတ်လမ်းတွဲဖြစ်ဖြစ် reality show တွေဖြစ်ဖြစ် ကြည့်ချိန်မှာ အမှန်တကယ်ကို တစ်ယောက်ချင်းစီလိုက်ပြီး အစီအစဉ်တွင်းပါသည့် frame အရေအတွက်ကို ရေကြမည်ဆိုသည်အားသိသည်။ ထောင်မုအနေနှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့်ကျောင်းလူချော ရွေးချယ်ပွဲမှာပါဝင်သည့် အင်တာနက်အသုံးပြုသူများထဲမှာ ထိုကဲ့သို့ အရူးအမူးဖြစ်သည့်သူမျိုးပါလာပါ့မလား မသေချာပေမဲ့ သူ့အကျင့်အရ ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ စီစဉ်ထားသည်။

အဆုံး၌ ရှန်းယွီ ပါဝင်သည့် မည်သည့်ကိစ္စမဆို အကွေ့အကောက်အလိမ်အဖည်တွေနှင့် အလှည့်အပြောင်းတွေရှိမှာကတော့ ကံစီမံထားပြီးဖြစ်သည်။ ထောင်မုကတော့ ရှန်းယွီက ပွက်လောရိုက်အောင် သူကိုယ်တိုင် မွှေနှောက်လှုံ့ဆော်သည်နှင့်ပတ်သက်ပြီး ဂရုမစိုက်ပါ။ သူ၏ FlyNews လုံခြုံစေဖို့နှင့် ရှန်းယွီ၏ရောင်ဝါကြောင့် ပါဝင်ငြိစွန်းခြင်းမရှိဖို့ကိုသာ လိုချင်တာဖြစ်သည်။

ထောင်မုက သူ၏တွက်ချက်ထားမှုများကို ပွင့်ပွင့်လင်းလင်းဖြစ်စွာ ဝန်ခံလာသည်ကိုကြားတော့ ယွင်ရိ ပြုံးလိုက်သည် "အဲ့ဒါဆိုလည်း ကောင်းပါပြီ။ မင်း အစ်ကို့ကို ဒီလောက်တောင်ယုံကြည်မှတော့ အစ်ကို ထပ်မငြင်းတော့ပါဘူး"

ထောင်မုက ပြုံးသည်။ သူ သူ့အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီတို့ကို မျက်နှာချင်းဆိုင်ဖို့ ပြန်သွားသည့်အခါ၌လည်း သူက အလွန်အမင်းပွင့်လင်းလှသည်။

"ယောင်ဝမ်ရှောင်း ပေကျင်းကို ရောက်လာတယ်" ဧကန်အမှန် လျှို့ယောင်နှင့် မုံ့ချီသည်လည်း ယောင်မိသားစုအကြောင်းသိသည်။ ထောင်မု ပြောသည်ကိုကြားသည်၌ လျှို့ယောင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ထောင်မုက သူ့စကားကိုဆက်သည် "ဒီတစ်ခေါက် ယောင်ဝမ်ရှောင်း ပေကျင်းကိုလာတာက Weibo ပလက်ဖောင်းနဲ့ ပူးပေါင်းမှုလာရှာတာအပြင် အဓိကရည်ရွယ်ချက်က သူ့ငယ်သူငယ်ချင်း ရှန်းယွီ နိုင်ငံအဆင့် ကျောင်းအလှလေးနှင့်ကျောင်းလူချော ရွေးပွဲမှာပါဖို့လာတာကို အတူလိုက်လာပေးတာ။ ရှန်းယွီဆိုတဲ့တစ်ယောက်ကတော့ အစ်ကိုတို့သူ့ကိုမြင်ရင် သိလိမ့်မယ်။ အစ်ကိုတို့ ဘာမှမတတ်နိုင်ဘဲ သူ့ကိုထိုးချင်စိတ်တွေဖြစ်လာမှာတော့ ကျွန်တော်စိုးရိမ်မိတယ်။ အဲ့ဒါကြောင့် ကျွန်တော် အခြားလူကို ပြိုင်ပွဲကိုကြီးကြပ်ပေးဖို့ အကူအညီတောင်းလိုက်တာ။ အဲ့လူက ယွင်ရိပဲ၊ ပြီးတော့ သူက ကျွန်တော် ကြိုးကြိုးစားစား မနည်းစည်းရုံးထားရတဲ့ တွဲဖက်။ အခုတစ်ခေါက် သူက FlyNews ရဲ့စီမံရေးရာမှာ ပါဝင်တော့ ကျွန်တော်တို့ အနာဂတ်မှာထောင်မယ့် ဆေးပညာဖိုရမ်အတွက် သူအတွေ့အကြုံရနိုင်တာပေါ့"

ထောင်မုသည် သူ့ကိုယ်ပိုင်လူများနှင့် တွေ့ဆုံရချိန်တိုင်းမှာ အမြဲတစေ သမာသမတ်ကျကျပြုမူသည်။ ဖုံးကွယ်ထားသည်မျိုးမရှိ၊ လျှိုထားသည်မျိုးမရှိဘဲ လိုရင်းကိုသာ တန်းတန်းမတ်မတ်ပြောတတ်သည်။ အလွန်အမင်းကို တစ်ဖက်လူ၏ အထင်လွဲမှားခြင်းမျိုးကို ဖြစ်စေနိုင်သည်ဆိုလျှင်တောင်မှ သူကတော့ ဝန်ခံဖွင့်ပြောနေဦးမည်ပင်။ ထို့နောက် တစ်ဖက်လူ၏ မကျေမနပ်ဖြစ်မှု လွင့်ပြယ်သွားအောင် ကြိုးစားလုပ်ဆောင်လိမ့်မည်ပင်။

နဂိုကတည်းမှ မုံ့ချီသည် သံသယထားပြီး ဆတ်ဆတ်ထိမခံသောအကျင့်စရိုက်ရှိသူဖြစ်ပြီး သူ၏ ကြင်နာကာ ညှာတာသော သဘာဝမှာ သူရဲ့အကာအကွယ်အလွှာသာဖြစ်သည်။ သို့ပေမဲ့ သူကိုယ်တိုင်ကိုယ်ကျ သင်ပေးခဲ့သော ထောင်မု နှင့်ထိပ်တိုက်တွေ့ရသည့်အခါတွင်တော့ သူ့မှာ အများကြီးစဉ်းစားဖို့ ပျင်းရိလွန်းနေပြီး တည့်တိုးသာပြောချလိုက်တော့သည် "ဒီကလေး.. မင်းက အစ်ကိုယောင်နဲ့ငါက စိတ်လိုက်မာန်ပါပြုမူပြီး ယောင်မျိုးရိုးနဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းလေးကိုပါ တည့်ရှင်းမှာ ကြောက်နေတာမလား။ အဲ့တော့ တကူးတကကို ငါတို့ကိုမျက်စိဒေါက်ထောက်ကြည့်ဖို့ တစ်ယောက်ယောက်ကိုရှာခဲ့တာဟုတ်?"

ထောင်မုသည် တွန့်ဆုတ်သွားကာ ချက်ချင်းပင် လက်ဖက်ရည်ငဲ့ပေးပြီး နာနာခံခံ ပြုမူလေသည် "အစ်ကိုရှောင်ချီ၊ အစ်ကိုက အရမ်းထက်မြက်နေတုန်းပဲ။ ကျွန်တော့်ရဲ့ အကွက်လေးတွေကို အစ်ကို့မျက်လုံးကနေ လုံးဝဖုံးမထားနိုင်ဘူးပဲ"

မုံ့ချီသည် ထောင်မု ကမ်းပေးလာသည့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ထောင်မုကို စွေစောင်းစောင်းအကြည့်ပေးလိုက်သည် "ဒါပေမဲ့ ဘယ်လိုတောင် မင်းက အဲ့ယောင်မျိုးရိုးထက် သူ့ရဲ့ငယ်သူငယ်ချင်းလေးကို ပိုသတိထားနေတယ်လို့ ငါခံစားနေရပါလိမ့်နော်? သူ့ရဲ့ ငယ်သူငယ်ချင်းလေးမှာ အင်အားကြီးတဲ့ နောက်ခံမျိုးရှိနေတာများလား?"

ထောင်မုက ခဏတုံ့သွားကာ သူ့အစ်ကိုကြီးရှောင်ချီ၏ ထက်ရှလှသော အာရုံကို လေးစားရမည်ဟုတွေးလိုက်သည် "ရှန်းယွီက ရှန်ဟိုင်းက ရှန်းအုပ်စုရဲ့ အငယ်ဆုံးသား၊ သူငယ်ငယ်တည်းကကို သူ့မိသားစုဆီကနေ တုန်နေအောင်အချစ်ခံရပြီး အလိုလိုက်ခံကြီးလာတာ။ သူစကားပြောတဲ့ပုံ ပြုမူတဲ့ပုံစံက မလိုအပ်တဲ့ ရန်ပွဲတွေကို လွယ်လွယ်လေး တွန်းပို့ပေးတတ်တယ်။ ကျန်တဲ့ ရှန်းမိသားစုတစ်ခုလုံးက ပိုတောင် ဒုက္ခပေးသေးတယ်"

တစ်ချိန်လုံး သိပ်အများကြီးဝင်မပြောခဲ့သည့် လျှို့ယောင် က မျက်ခုံးပင့်ကာ အသံနိမ့်နိမ့်ဖြင့်မေးလာသည် "သူတို့မိသားစုက မင်းကို ဒုက္ခများပေးခဲ့ဖူးသေးလား?"

ထောင်မုသည် သူ့ခေါင်းသူခါလိုက်ပြီး ဘွင်းဘွင်းရှင်းရှင်းပင်ပြောသည် "မဟုတ်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ရှန်းယွီက ကျွန်တော်နဲ့ အချိန်တစ်ခုအထိ သူငယ်ချင်းဖြစ်ချင်နေတာဆိုတော့ သူတို့ သိပ်ဆိုးဆိုးရွားရွားလုပ်မှာမဟုတ်ဘူး။ ဒီအတိုင်း သူတို့ရဲ့ အထက်စီးဆန်တဲ့သဘောထားက လူတွေကို တော်တော်လေးနေရခက်စေလို့။ မသိရင် ကျွန်တော်က ရှန်းယွီကို အလိုလိုက်ပြီး သူပြောသမျှဘာပဲဖြစ်ဖြစ် လိုက်နာသင့်သလိုမျိုး။ မဟုတ်ရင် ကျွန်တော်ကပဲ ကိုယ့်အတွက်ဘာကောင်းမှန်းမသိတဲ့ မိုက်မဲတဲ့သူပေါ့။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်သည်းမခံနိုင်ဘူး။ ကျွန်တော်သူတို့ကို ရန်မစနိုင်ဘူးဆိုရင် ရှောင်ပဲရှောင်နိုင်တယ်လေ။ ကျွန်တော်စိုးရိမ်တာက အစ်ကိုက ကျွန်တော့်အစား စိတ်ထိခိုက်ပြီးတော့ ရှန်းယွီကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်မှာကိုပဲ။ အဲ့အချိန်ကျရင် အခြေအနေက ပိုပြီးတောင် ပြဿနာတက်လာလိမ့်မယ်"

ထောင်မုက ပြောပြီးနောက် သူ့အစ်ကိုရှောင်ချီထံ သနားချင့်စဖွယ်မျက်လုံးများနှင့် ကြည့်လိုက်သည်။

လျှို့ယောင်က နားလည်သည်။ ကြည့်ရသည်မှာ အခြားသူများ၏ အတွေးနှင့်ခံစားချက်ကို ဘယ်တော့မှဂရုမစိုက်ဘဲ သူ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုသာ ဂရုစိုက်သည့် ပြဿနာဖန်တီးတတ်သောကလေးနှင့် အလွန်အကျွံကာကွယ်တတ်ကြသည့် မိသားစုဝင်တွေအုပ်စုဖြစ်ပုံပင်။ အမှန်တကယ်ကို လူတစ်ယောက်အနေဖြင့် သည်လိုလူမျိုးနှင့် ကျိုးကြောင်းမဆီလျော်နိုင်ပေ။

"ဒါပေမဲ့ ဒါက မင်းကို သည်လောက်ထိ စိုးရိမ်မနေစေသင့်ဘူးနော်။ အစ်ကိုယောင်နဲ့ ငါက ဘယ်လိုလူမျိုးတွေမို့လို့လဲ မင်းသိပြီးသားမဟုတ်ဘူးလား? ဘယ်လိုပဲဖြစ်ဖြစ် အခုထိအရွယ်တောင်မရောက်သေးတဲ့ ၁၈နှစ်ကလေးတစ်ယောက်နဲ့တော့ ငါတို့ တကျက်ကျက်စကားများမှာမဟုတ်ဘူး" မုံ့ချီက မျက်မှောင်ကြုံ့လိုက်သည်။ လျှို့ယောင်၏ စရိုက်က အတော်လေး စိတ်မြန်လက်မြန်ရှိသည်ကို သူသိသည်။ သို့ပေမဲ့ သူ့မှာ သူ့ကိုယ်ပိုင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းအတွက် ယုံကြည်မှုရှိသည်။ ထောင်မုကလည်း ဒါကိုသိသည်ပင်။

သည်တော့ အခုကျ ဘာလို့များ သူက လျှို့ယောင်ထက်ကို သူလှုပ်ရှားမှုလုပ်မည်အား စိုးရိမ်နေသည့်ပုံပေါ်နေတာလဲ။

"အစ်ကိုတို့ လူနှစ်ယောက်ကြားထဲက အရှိန်အဝါက အလိုလို အဆင်မပြေနိုင်တာကို သိလား?" ထောင်မုသည် ခနဲ့သည့်အပြုံးနှင့် သူ့ခေါင်းသူခါလိုက်သည်။ သူက အစ်ကိုရှောင်ချီကို စိတ်ပူနေခြင်းမဟုတ်။ သူစိတ်ပူသည်က နေရာတကာပြန့်ကျဲနေသည့် ဇာတ်လမ်းရောင်ဝါကိုဖြစ်သည်။ အစ်ကိုရှောင်ချီက ဇာတ်လမ်းရောင်ဝါ၏ သက်ရောက်ခံရမည်ကို သူစိုးရိမ်ခြင်းဖြစ်သည်။ အဆုံးသတ်၌ အရင်ဘဝက ထောင်မု၏ မှတ်ဉာဏ်အရ ယုတ္တိတန်သည့်အကြောင်းပြချက်မည်မည်ရရ မရှိဘဲ ရှင်းမပြနိုင်သည့် "မနာလိုမှု" "ရှန်းယွီ၏ ရိုးသားဖြူစင်မှုကို မနှစ်မြို့မှု" နောက် "ဤအတိုင်း မုန်းတီးမှုသက်သက်" လိုမျိုး ခံစားချက်တွေဖြင့် ရှန်းယွီကို ပစ်မှတ်ထားခဲ့ကြသည့် လူတော်တော်များများရှိခဲ့သည်ကို သူသိသည်။ သည်လိုမျိုး ရှင်းမပြနိုင်ဖွယ် ခံစားချက်တွေကြောင့် သူတို့က ရှန်းယွီကို စွဲစွဲမြဲမြဲကို ဆန့်ကျင်ပြီး ပြဿနာရှာကြသည်။ သေချာပေါက် အဆုံးမှာတော့ သည်လူတွေက "မျှော်လင့်ထားသည့် အတိုင်း" ဝမ်းနည်းစရာ ပျက်စီးမှုမျိုးနှင့် အဆုံးသတ်ရလေသည်။

သည်အတွက် ထောင်မုသည် မူလစာအုပ်၏ ဇာတ်လမ်းတည်ဆောက်ပုံအရ ရှန်းယွီ၏ ဇာတ်လိုက်ရောင်ဝါမှာလည်း အမြှောက်စာဇာတ်ကောင်တွေကို အလိုအလျောက် ခံစားချက်တစ်ခုခုဖြစ်လာအောင်လုပ်သည့် function မျိုးပါလောက်မည်ဟု ထင်မိသည်။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင်ဖြစ်လာနိုင်ချေရှိသည့် မူလဇာတ်လမ်း၏ ဇာတ်ကောင်တစ်ယောက် ရှန်းယွီ ကိုတွေ့ချိန်တိုင်းမှာ ဘယ်လိုမှရှင်းပြနိုင်စရာမရှိဘဲ ရှန်းယွီကို ပစ်မှတ်ထားနိုင်သည့် ရာနှုန်းမြင့်သည်။ နောက်ဆုံးမှာ "သဘောထားချင်း မတိုက်ဆိုင်" ဟူ၍သာ ရှင်းပြချက်ထုတ်မည်ဖြစ်သည်။

မင်းရှောင်ချင်ရင်တောင်မှ မရှောင်နိုင်ဘူး။

ထောင်မုအနေနှင့် သည်ဖြစ်နိုင်ချေက အမှန်တကယ်ဖြစ်လာနိုင်ချေရှိလား မရှိလားအပေါ် အလောင်းအစားမလုပ်ရဲပါ။ သူ့အနေနှင့် အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီ၏ အသက်များကို လောင်းကြေးမထပ်ရဲ။ သည်အတွက် သူ ရှောင်နိုင်သမျှရှောင်နိုင်ဖို့အတွက်သာ အကုန်လုပ်နိုင်လေသည်။

လျှို့ယောင်နှင့် မုံ့ချီသည် သည်တစ်ခေါက်မှာ ရှန်းယွီ အပေါ်ရှိသည့် ထောင်မု၏ ကြောက်ရွံ့မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရသည်။

ရှန်းယွီ ပုံစံက လိမ္မာပါးနပ်မှုမရှိဘဲ သို့မဟုတ် နောကျေမှုမရှိသေးသည့် လူ့အဖွဲ့အစည်း၏ ဖျက်ဆီးမှုကို မခံစားရသေးသော စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်လေးသက်သက်လိုပါပဲ။ သည်နှစ်ယောက်ကတော့ ထောင်မု၏ နက်ရှိုင်းသည့်အမုန်းတရား ဘယ်ကနေလာမှန်းမသိကြ၊ ချက်ချင်းမဆိုင်း နားမလည်နိုင်သလို ခံစားလိုက်ကြရသည်။

ထောင်မုသည်လည်း သူဘယ်လောက်ပဲပြောပါစေ လူကိုယ်တိုင်မျက်မြင်တွေ့ရသည်ကို မကျော်လွန်နိုင်မှန်းသိသည်။ သူက ပြောလိုက်သည် "ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ ကျွန်တော် ရှန်းယွီကို နေ့ခင်းဘက် ပေကျင်းရုပ်ရှင်ရဲ့ ကျောင်းဝန်းလိုက်ပြပေးမယ်လို့ ကတိပေးထားတယ်။ အစ်ကိုတို့ ကျွန်တော့်ကို မယုံဘူးဆိုရင် ကိုယ်တိုင်ကြည့်လို့ရတယ်"

......ထို့နောက်တွင်တော့ လျှို့ယောင်နှင့် မုံ့ချီသည် နောက်ဆုံးတော့ ထောင်မု ပုံဖော်ပြခဲ့သည့် ခံစားချက်မျိုးကို ကိုယ်တိုင်လက်ငင်းခံစားလိုက်ကြရလေသည် "အစ်ကိုတို့ သူ့ကိုမြင်ရင် အကြောင်းမရှိဘဲနဲ့ ဒေါသဖြစ်လာပြီး သူ့ကိုသေအောင်ထိ ရိုက်ပစ်ချင်လာလိမ့်မယ်"

သံသယဝင်စရာမလိုအောင်ဘဲ လျှို့ယောင်နှင့် မုံ့ချီသည် ရှန်းမိသားစု၏ အမေနှင့်သမီးအတွဲအပြင် ယောင်မျိုးရိုးကို တွေ့သည့်အခါ၌လည်း ဤကဲ့သို့ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

အဓိကအချက်က သည်လူအုပ်စုက တကယ်တမ်း ဘာမှမလုပ်ပေမဲ့ အကြောင်းတချို့ကြောင့်နှင့် သူတို့ဆီက သာမန်မှတ်ချက်မျိုးကတောင် အလွန်အကျွံစိတ်ဆိုးဒေါသထွက်စေနေတာဖြစ်သည်။

သူတို့၏ မုမု တကယ်မှန်သည်ပဲ။ ဒါကြီးက သောက်ကျိုးနည်းလောက်အောင် တကယ်ကြီး ထူးဆန်းလွန်းတယ်!

ရှန်းမိသားစုနှင့် လမ်းခွဲပြီးသည့်နောက် Grand Cherokee ထဲ ဝင်လိုက်သည့် လျှို့ယောင်မှာ အခုလေးတင် သေဘေးမှ လွတ်လာသလို ခံစားလိုက်ရသည်။ ကူရာမဲ့စွာ သက်ပြင်းတစ်ချက်လွှတ်ထုတ်ရင်း ပြောလာသည် "မုမု ပြောတုန်းက ငါမယုံခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ ငါ့မျက်စိနဲ့ တပ်အပ်တွေ့လိုက်ရတယ်။ ဒီကမ္ဘာမှာ ဘယ်လိုတောင် အဲ့လောက်စိတ်အနှောင့်အယှက်ဖြစ်စရာ မိသားစုမျိုးရှိနိုင်ရတာလဲ? ရှန်းအုပ်စုက ရှန်ဟိုင်းမှာ အတော်အတန် ဩဇာညောင်းတယ်ကြားထားတာ။ အဲ့ဒါဆို အဲ့ဒီအရူးသုံးယောက်ကို ထိန်းနိုင်ဖို့ ရှန်းမိသားစုက ယောက်ျားသားတွေရဲ့ IQ က ဘယ်လောက်တောင်မြင့်လိုက်မလဲကွာ? အိုင်း.. ငါ ကျောင်းအလှလေးနှင့်ကျောင်းလူချော ပြိုင်ပွဲကို မလိုက်တော့ဘူး။ ငါ့ကိုယ်ငါ မထိန်းနိုင်မှာ စိုးရိမ်တယ်"

လျှို့ယောင်သည် ထောင်မု၏ တက္ကသိုလ်ပရဝုဏ်အလည်အပတ်မှာ အတူလိုက်လာခဲ့သည်။ သည်အချိန်အတွင်း သူ့မှာ အကြိမ်ရေမနည်း တဟွေ့ကို ခေါ်လိုက်ချင်သည့်ဆန္ဒတွေ ပြင်းပြနေပြီး ထိုဆန္ဒအောင်မြင်လုနီးပါးပင်။ သူ လျှို့ယောင် ဆိုသည်က အမျိုးသမီးနှင့် ကလေးတွေကို ဘယ်တော့မှ ပစ်မှတ်မထားခဲ့ဖူးသည့်ယောက်ျားတစ်ယောက်ဖြစ်သည်။ သည်ပုံမှန်မဟုတ်လှသည့် ထူးဆန်းမှုမှာတော့ မင်းမလုပ်ချင်ဘူးဆိုလျှင်တောင် ကိုယ့်ကိုယ်ကိုယ် သိမ်းသွင်းနိုင်မည်မဟုတ်။

မုံ့ချီသည် စတီယာရင်ပေါ် မှီနေပြီး ခြေကုန်လက်ပန်းကျစွာဖြင့် လျှာထွက်လုနီးပါးဖြစ်နေသော လျှို့ယောင်ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။

"အဲ့ဒါဆို မင်းရှာတွေ့တဲ့ လုပ်ငန်းတွဲဖက်က ရှန်းမိသားစုရဲ့ သက်ရောက်မှုမခံရပါဘူးလို့ ဘယ်လိုသေချာနိုင်လဲ?" မုံ့ချီက ခေါင်းလှည့်ပြီး ထောင်မုကို မေးလိုက်သည်။

ထောင်မုသည် အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီ၏ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာဖြစ်သည်။ နှစ်ယောက်လုံး ရှန်းယွီကို ပစ်မှတ်ထားချင်သည့် အရိပ်အယောင်မျိုးမပြသည်ကိုတွေ့ရမှ သူတဖြည်းဖြည်းချင်း စိတ်အေးသွားမိသည်။

ကြည့်ရသည်မှာ IQ နိမ့်သည့် ဇာတ်လမ်းရောင်ဝါမျိုးကဲ့သို့ အရာမျိုးက ကြိုတင်သတိပေးချက်နှင့် ပြင်ဆင်မှုရှိပြီး တုံ့ပြန်မှုကို ကန့်သတ်နိုင်သရွေ့ အားနည်းနိုင်သည်ထင်သည်။

သူကြောက်သည်က အမှုမှတ်အမှတ်မဲ့နှင့် ဇာတ်လမ်းရောင်ဝါ၏ ပြုစားခံလိုက်ရပြီးနောက် နားလည်ရခက်စွာနှင့် အချိန်မတိုင်ခင်မှာပဲ မိုက်မဲသည့် အပြုအမူမျိုးလုပ်လာမည်ကိုဖြစ်သည်။

"ယွင်ရိကတော့ဖြစ်မှာမဟုတ်ဘူး" ထောင်မုက စိတ်အခြေအနေအလွန်အမင်းကောင်းနေပြီး သူ့အစ်ကိုရှောင်ချီ၏ အမေးကို ပြတ်ပြတ်သားသားဖြေလာသည်။

ဘာကြောင့်လဲဆို ယွင်ရိသည်လည်း အရင်ဘဝ၌ ဇာတ်လမ်းထဲ၌ ပါဝင်ခဲ့ဖူးသည်ကြောင့်ဖြစ်သည်။ M နိုင်ငံအဝေးမှာ ရောက်နေသည့် လီရှောင်းဟန် အပါအဝင်ပင်။ သူတို့သည်လည်း ဇာတ်လမ်းရောင်ဝါ၏ သက်ရောက်မှုကို ခံရမည်ဆို လော့ယန်၏ အဆုံးသတ်က ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်သည်။ ဒါ့အပြင် ထိုနှစ်ယောက်၏ အဆင့်အတန်းကိုအခြေခံရလျှင် သူတို့သာ တကယ်ဇာတ်လမ်း၏ သက်ရောက်ခံရမည်ဆို သူတို့၏ ဇာတ်ဝင်ခန်းများက အဲ့လောက်နည်းနေမည်မဟုတ်။

သည်တော့ ထောင်မု၏ ထပ်ကာထပ်ကာမှန်းဆချက်တွေပြီးသည့်နောက်မှာ ဇာတ်လမ်းရောင်ဝါ၏ လွှမ်းမိုးမှုက အမှန်တကယ် အကန့်အသတ်ရှိသည်ဆိုတာ သေချာသလောက်ပင်။ ပိုထူးချွန်ထင်ရှားသော လုပ်ငန်းခေါင်းဆောင်တွေဖြစ်လေ လွှမ်းမိုးခံရမှုနည်းလေဖြစ်သည်။ ကျိုးကြောင်းဆင်ခြင်နိုင်သော လူတွေဖြစ်လေ သက်ရောက်ခံရမှုနည်းလေပင်။ ဖျော်ဖြေရေးလုပ်ငန်းထဲမှာလိုပင် ရှန်းယွီဆီက သက်ရောက်ခံရသည့်အများစုမှာ အနုပညာရှင်နှင့် ရင်းနှီးမြှုပ်နှံသူအဆင့်ရှိသူများဖြစ်သည်။ ပိုမြင့်သည့်အဆင့်မှ လူများအတွက်ကတော့ သက်ရောက်ခံရမှုနည်းလေသာဖြစ်ပြီး ရလဒ်အနေနှင့် သူတို့၏ ဇာတ်ဝင်ခန်းများလည်း အလွန်နည်းသည်။ မဟုတ်ပါက ဇာတ်လမ်းထဲရှိ ထောင်မု၏ အမြှောက်စာဇာတ်ကောင်အပေါ် အခြေခံရလျှင် ရှန်းယွီကို တချိန်လုံး ထိပ်တိုက်တွေ့နေခြင်းမှ ရလာသည့် သူ့ကံမကောင်းမှုနှင့် ဆက်စပ်လိုက်ပါက ရုပ်ရှင်ဧကရာဇ်တစ်ပါးဖြစ်လာဖို့မပြောနှင့် ရုပ်ရှင်ဆုတစ်ဆုတောင် ရနိုင်ဖို့ဝေးလာဝေးဖြစ်သင့်သည်။

ရှန်းယွီ၏ ဇာတ်လိုက်ရောင်ဝါက အမှန်တကယ် မလွှမ်းမိုးနိုင်တာတော့ မဟုတ်ကြောင်းမြင်နိုင်ပေသည်။ ထိုရောင်ဝါကို ရှောင်တိမ်းဖို့အကောင်းဆုံးနည်းလမ်းက ရှန်းယွီနှင့် ပတ်သက်မှုကို ကန့်သတ်တာအပြင် အရည်အချင်းရှိပြီး ထူးချွန်သည့်သူများနှင့် သိကျွမ်းဖို့ပင်! တစ်ချိန်တည်းမှာပဲ သူသည်လည်း သူ့ကိုယ်သူ ပိုထူးချွန်ထင်ရှားလာအောင် လုပ်ရမည်ဖြစ်သည်။

သူသာ သူ့အရင်ဘဝရှိ လီရှောင်းဟန်နှင့် ယွင်ရိကဲ့သို့သူများ၏ လုပ်ငန်းတွင်းအရှိန်အဝါဩဇာမျိုး ရရှိလာပြီဆို ရှန်းယွီ၏ ဇာတ်လိုက်ရောင်ဝါပဲဖြစ်စေ မူလစာအုပ်၏ ဇာတ်လမ်းရောင်ဝါပဲဖြစ်စေ သူ့ကို ဆန့်ကျင်ဘက်သက်ရောက်လာနိုင်လိမ့်မည်မဟုတ်ဟု ခန့်မှန်းနိုင်သည်။

ဒါကိုတွေးမိတော့ ထောင်မုမှာ ပို၍သာ စိတ်အားထက်သန်လာမိသည်။ FlyNews ၏ နိုင်ငံအဆင့် ကျောင်းအလှလေးနှင့်ကျောင်းလူချော ပြိုင်ပွဲလုပ်ငန်းစဉ်အ၀၀ကို လွှဲပြောင်းပြီးသည်နှင့် ထောင်မုသည် ချက်ချင်းမဆိုင်းပင် M နိုင်ငံသို့သွားကာ လီရှောင်းဟန်နှင့်တွေ့ဖို့ လေယာဉ်လက်မှတ်ဖြတ်လိုက်တော့သည်။

သူ့အနေနှင့် အနာဂတ်၌ ဩဇာလွှမ်းမိုးမည့် သူဌေးကြီး၏ အရောင်အဝါထဲ ရေဝင်စိမ်သင့်သည်ဟု ခံစားမိသည်။ ဖြစ်နိုင်တာက IQ နိမ့်သည့် buff ကို သူ့ဆီကနေ လျှော့ချပေးနိုင်ကောင်းပေးနိုင်မည်ပေါ့!

***

Continue Reading

You'll Also Like

36.9K 4.2K 147
BL Novel ပါနော်။ စစချင်းအပိုင်းမှာ မိန်းကလေး pov ဆိုတာက ဒီအတိုင်း တခြားသူအမြင်ပါရှင်။ မှားမှာစိုးလို့ပါရှင်
2K 250 9
BL novel အသစ်လေး update ထားပါတယ်ရှင့် ဖတ်ရှုအားပေးကြပါဦးနော် အောက်က👇👇👇 လင့်လေးထဲလည်းဝင်ပြီး သိချင်တာများမေးလို့ရပါတယ်ရှင့်❤️❤️ IQ Team မှ ကြိုဆိုပ...
283K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
28.5K 3.7K 66
Title - A Nest of Snake inside the Old Tomb သင်္ချိုင်းဟောင်းမှ မြွေမိသားစု (Description) မြွေပွေးတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သည့် လူသားတစ်ယော...