ပြန်လည်မွေးဖွားလာသော အမြှောက်...

Od CharmZoey

154K 18.3K 198

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... Více

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော

772 110 0
Od CharmZoey

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးအပိုင်း ၀၅၀ ။ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော

လော့ယန်နှင့် ကုန်းရီရှင်က ဆေးရုံတစ်ခုထဲ ဆေးရုံတက်ဖြစ်ကြသည့်အတွက် လော့ယန်၏ လူနာဆောင်မှထွက်ခွာလာပြီးနောက်၌ ထောင်မုသည် ခွဲစိတ်မှုခံယူတော့မည့် ကုန်းရီရှင်၏ လူနာဆောင်ထံ သွားတွေ့လိုက်သည်။ သူ ကျောင်းကိုပြန်ရောက်သည့်အချိန်တွင် မွန်းလွဲ ၁၂နာရီ ၃၀ပင်ဖြစ်နေပြီဖြစ်သည်။

ထောင်မုက ကန်တင်း၌ အလျဉ်းသင့်သလို အမဲသားခေါက်ဆွဲတစ်ပွဲမှာလိုက်သည်။ ခေါက်ဆွဲစားပြီးသည့်နောက် ကျောင်းသားရေးရာဌာနသို့သွားကာ ကိုယ်ပိုင်တက္ကသိုလ်များရဲ့ ကျောင်းဝင်ခွင့်အကြောင်း စုံစမ်းသည်။ အစိုးရတက္ကသိုလ်အများအပြားက ကိုယ်ပိုင်ကောလိပ်ကျောင်းတော်တော်များများနှင့် ပူပေါင်းထားသည်တွင် ပေကျင်းရုပ်ရှင်မှာလည်း ချွင်းချက်မဟုတ်ပေ။ ထောင်မုသည် ဖုန်းယွင်အတွက် ကိုယ်ပိုင်တက္ကသိုလ်သို့ ဝင်ခွင့်နှင့်ပတ်သက်ပြီး မေးမြန်းလိုခြင်းဖြစ်သည်။

ဖုန်းယွင်သည် ထောင်မုထက် လအနည်းငယ်သာပိုငယ်ပြီး ယခုနှစ်တွင် သူသည်လည်း စီနီယာအထက်တန်းမှ ကျောင်းပြီးမည်ဖြစ်သည်။ ဖုန်းယွင်က ထောင်မုနှင့် ကွဲပြားသည့်အကြောင်းကြောင့်သာ ဖြစ်သည်။ ငယ်စဉ်ကတည်းမှ စာကောင်းကောင်းမလုပ်ခဲ့ဘဲ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ် ၂၀၀၀န်းကျင်သာ ရရှိခဲ့လေသည်။ မတိုင်မီဘဝတွင် အထက်တန်းမှ ကျောင်းပြီးသည့်နောက် ဖုန်းယွင်က ကောလိပ်ဆက်မတက်ခဲ့သည့်အတွက် ထောင်မု၏ ကိုယ်ရေးလက်ထောက်တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုအချိန်တုန်းက ရှန်းမိသားစုအိမ်သို့ ထောင်မု ပြန်ရောက်ကာစအချိန်ဖြစ်ပြီး လူတိုင်းက သူ့အပေါ် အထင်အမြင်သေးခဲ့ကြသည်။ သူ့မှာ သူ့ကိုယ်ပိုင်လူမရှိခဲ့သည်ကြောင့် သူ ဖုန်းယွင်ကို သူနှင့်အတူ ခေါ်ထားခဲ့သည်။

သူ့နောက်က လိုက်နေသည့် ဖုန်းယွင်မှာ ပညာအရည်အချင်းမရှိလျှင်တောင် သူ့အတွက် အလုပ်လုပ်ပေးရင်းနှင့် အနာဂတ်ကောင်းတစ်ခု ရလာနိုင်မည်ပဲဟု ထိုအချိန်တုန်းက သူတွေးခဲ့သည်။ အနည်းဆုံးတော့ ရှန်းအုပ်စုအောက်ရှိ ဖျော်ဖြေရေးကုမ္ပဏီမှာ အေးဂျင့်တစ်ယောက်အနေနှင့် လုပ်နိုင်သေးသည်လေ။ သို့ပေမဲ့ သူမမျှော်လင့်ထားခဲ့သည်မှာ အဆုံးသတ်၌ ဖုန်းယွင်မှာ သူ့ကြောင့် အမှုတွင် ငြိစွန်းခံခဲ့ရသည်ပင်... ရှန်းမိသားစုထံကနေ သူ နှင်ထုတ်ခံရပြီးသည့်နောက် သူ့ကို ကူညီဖို့ဆိုပြီး ဖုန်းယွင်က ရှန်းယွီ၏ ရိုက်ကူးရေးအဖွဲ့ဆီသွားကာ ရိုက်နှက်ဖို့လုပ်ခဲ့သည်။ သို့သော်ငြား အဆုံး၌ ရှန်းယွီရှေ့တွင် ရပ်နေသည့် ယန်ရှန်းကို ထိခိုက်မိစေခဲ့သည်။ ဖျော်ဖြေရေးရပ်ဝန်းထဲမှာ အလွန်နာမည်ကြီး ကျော်ကြားနေပြီးဖြစ်ကာ ဤအလှလေးကို ကယ်တင်ခြင်းဇာတ်ကွက်အပါအဝင် အလှလေးအား အောင်အောင်မြင်မြင် ထွေးပွေ့နိုင်ခဲ့သည်ကြောင့် ယန်ရှန်းမှာ ပြည်သူအားလုံးနှင့် ပရိသတ်တွေဆီမှ ထောက်ခံမှုကို ထပ်တကြိမ်ရရှိခဲ့ပြန်သည်။ တစ်ဖက်မှာတော့ ဖုန်းယွင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်စေခဲ့သည့်ပြစ်မှုကြောင့် သုံးနှစ်ထောင်ဒဏ် ကျခံခဲ့ရသည်။

သည်ဘဝတွင်တော့ ထောင်မုအနေနှင့် ဖုန်းယွင်အတွက် ကောင်းကောင်းစီစဉ်ပေးရမည်။ သည်အတွက် တက္ကသိုလ်တက်ဖို့က သေချာပေါက်လိုအပ်သည့်အရာဖြစ်သည်။ ဖုန်းယွင်၏ IQ ကို ထည့်သွင်းစဉ်းစားပြီး ထောင်မု၏ လုပ်ငန်းနှင့် ဆက်စပ်လိုက်မည်ဆိုပါက.... ဘဏ္ဍာရေးစတော့ရှယ်ယာပိုင်းကတော့ ခြစ်ချပစ်ရမည့်အရာတစ်ခုဖြစ်နိုင်ပေမဲ့ ရုပ်ရှင်နှင့် တီဗီအစီအစဉ် ထုတ်လုပ်ရေး၊ မားကတ်တင်းနှင့် စီစဉ်ရေးဆွဲခြင်း ဒါမှမဟုတ် သတင်းမီဒီယာများကတော့ ဖြစ်နိုင်ခြေရှိသည်။

ကျောင်းသားရေးရာမှ ဆရာမသည်လည်း သေချာပေါက် ၂၀၀၈ ကျောင်းသားသစ်များမှ တစ်ယောက်ဖြစ်သည့် ထောင်မုကို သိသည်။ သည်အကြောင်း စုံစမ်းနေသည်ကိုကြားတော့ သူ ရုတ်တရက် ပြုံးကာ ပြောသည် "ဆရာမတို့မှာ ပေကျင်းရုပ်ရှင်အောက်မှာ ချိတ်ဆက်ထားတဲ့ ကိုယ်ပိုင်ကောလိပ်တွေနဲ့ တက္ကသိုလ်အချို့ ရှိတယ်။ သူတို့မှာလည်း ဒီမေဂျာရှိတယ်။ မင်း အခြားသူအတွက် စုံစမ်းပေးတာလား? ဒါပေမဲ့ ကျောင်းကစနေတာကြာပြီဆိုတော့ ဒီအကြောင်းမေးဖို့ ဘာလို့ စဉ်းစားမိတာလဲ?"

"ပြောရရင်တော့ ကျွန်တော် အတော်ရှက်မိပါတယ်" ထောင်မုက ကသိကအောက်ဖြစ်နေသည့်ပုံနှင့် ရင်းနှီးလှသော သူ၏သနားချင့်စဖွယ်ဇာတ်ရုပ်ကို ချက်ချင်းမဆိုင်း သရုပ်ဆောင်လိုက်သည် "....ဒါက ကျွန်တော်ရဲ့ မိဘမဲ့ဂေဟာက ကျွန်တော့်ထက် လပိုင်းလောက်ပဲငယ်တဲ့ သူငယ်ချင်းတစ်ယောက်အတွက်ပါ။ သူလည်း ဒီနှစ်ကျောင်းပြီးပြီးတော့ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေတာ ၂၀၀၀န်းကျင်ပဲရခဲ့တယ်။ သူ့မှာ စာပြန်ကြည့်ဖို့လည်း အချိန်မရှိ၊ ကောလိပ်သွားဖို့လည်း ပိုက်ဆံမရှိဘူး။ အခု နေ့တိုင်း ကြုံရာအလုပ်လုပ်နေတာလေ။ စားသောက်ဆိုင်တွေမှာ စားပွဲထိုးတာတို့ ဆောက်လုပ်ရေးဆိုက်တွေမှာ အုတ်သယ်တာတို့ ဘားတွေ နိုက်ကလပ်တွေလို နေရာမျိုးသွားပြီး လုံခြုံရေးလုပ်တာတို့ပေါ့။ ကျွန်တော် ဒါတွေမြင်ရတာ စိတ်ပင်ပန်းရလို့ သူ့အတွက် လိုက်စုံစမ်းပေးချင်တာ။ ဖြစ်နိုင်မယ်ဆိုရင်၊ ကျွန်တော် ကျောင်းလခပေးပြီး သူ့ကို ကျောင်းမှာ သင်ကြားခွင့်ပြုနိုင်မလား။ ဒီလိုဆို သူလည်း ဒီပလိုမာတစ်ခုရပြီးတော့ အနာဂတ်မှာ အလုပ်ကောင်းကောင်းရဖို့ ပိုလွယ်လိမ့်မယ်"

ခဏရပ်သွားပြီးသည့်နောက်မှာမှ ထောင်မုသည် မျက်လွှာအသာချပြီး စိတ်ထိခိုက်မှုတချို့နှင့်အတူ ပြောလာသည် "တီချယ် သိမှာမဟုတ်ဘူး။ ကျွန်တော်တို့လို မိဘမဲ့တွေက မိဘအကူအညီမရှိတော့ အချင်းချင်းပဲ ကူညီနိုင်ကြတာ။ မဟုတ်ရင် ပြောကြသလိုမျိုး လူတွေက အိမ်မှာဆို မိဘကိုအားကိုးတယ်။ အပြင်ရောက်ရင်တော့ သူငယ်ချင်းတွေကို အားကိုးတယ်လို့ ဘယ်ပြောကြမလဲ။ ကျွန်တော်တို့မှာ အဲ့လိုအခြေအနေမျိုးမရှိဘူးလေ ဒီတော့ ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူနိုင်တယ်။ သူ့အနေနဲ့ လူ့အဖွဲ့အစည်းကနေ အကြာကြီးဝေးနေတော့ မကောင်းတဲ့အကျင့်တွေ ကူးသွားမှာလည်း ကျွန်တော်စိုးရိမ်တယ်။ မကောင်းတဲ့အကျင့်တွေဖြစ်သွားရင် သူပြောင်းလဲချင်ရင်တောင်မှ ပြောင်းဖို့ခက်ခဲသွားမှာ"

ကျောင်းသားရေးရာဌာန၏ ညွှန်ကြားရေးမှူးမှာ အသက်၄၀တွင်း အမျိုးသမီးဆရာမတစ်ယောက်ဖြစ်သည်။ သည်စကားတွေကိုကြားသည့်အခါ၌ သူ၏ ပင်ကိုသဘာ၀ မိန်းမဆန်သော နူးညံ့မှုနှင့် မိခင်မေတ္တာကို မတွန်းလှန်နိုင်တော့ပါ။ မူလအစက လုပ်ထုံးလုပ်နည်းတွေနှင့် မကိုက်ညီသော အခြေအနေကို တစ်ကြောင်းတည်းနှင့် တာဝန်ယူလိုက်လေသည် "ကျောင်းသားထောင်မု၊ ဒါရောဘယ်လိုလဲ? ဆရာမတို့မှာ ပေကျင်းရုပ်ရှင်အောက်မှာပဲ အထူးလေ့ကျင့်ရေးကျောင်းတွေရှိတယ်။ ဒီနှစ်အတွက်ကတော့ ကျောင်းသားဦးရေကပြည့်နေပြီ။ မင်းစိတ်မရှိဘူးဆိုရင် မင်းရဲ့အတန်းဖော်ကို အခုအတန်းတက်နိုင်အောင် ဆရာမခွင့်ပြုပေးနိုင်တယ်။ နောက်တစ်နှစ် ကျောင်းသားလက်ခံတဲ့အချိန်ကျ သူ့ကို ကောလိပ်ဝင်ခွင့်စာမေးပွဲပြန်ဖြေခိုင်းလိုက်ပေါ့။ သူ ယဉ်ကျေးမှုအတန်းကို အောင်တယ်ဆိုတာနဲ့ နောက်တစ်ခေါက် ဘွဲ့ကြိုတန်းယူနိုင်တယ် ဒါမှမဟုတ်လည်း ကျောင်းဆက်တက်ရင်းနဲ့ပဲ မှတ်ပုံတင်စာရင်းသွင်းလို့ရတယ်။ အခြေအနေပေါ်မူတည်လိမ့်မယ်"

တမုဟုချင်း ထောင်မုက အံ့အားသင့်သွားသည့် အမူအရာကိုပြလာသည်။ သူက မျက်ဝန်းတွေထဲ ကြယ်ကလေးတွေရှိနေသလို တောက်ပနေလျက် ကျောင်းသားရေးရာဌာနရှိ ညွှန်ကြားရေးမှူးထံ ကြည့်လိုက်သည်။

"အသေအချာပဲပေါ့ တီချယ် ၊ ကျေးဇူးအများကြီးတင်ပါတယ်"

"ကိစ္စမရှိပါဘူး။ မင်းအတန်းဖော် ဘာမေဂျာနဲ့ကိုက်ညီလဲကြည့်ရအောင် အချိန်ရှာပြီး ခေါ်လာခဲ့ဦးနော်" ကျောင်းသားရေးရာဌာနမှ ညွှန်ကြားရေးမှူးသည် ထောင်မုထံ လက်ဝှေ့ယမ်းပြလိုက်ပြီး FlyNews အကြောင်း မေးမြန်းတော့သည်။ ထောင်မုမှာ အတန်းခေါင်းလောင်းမမြည်ခင်အချိန်အထိ ထွက်ခွာလို့မရခဲ့ပေ။

ထောင်မုသည် ကျောင်းသားရေးရာ၏ ညွှန်ကြားရေးမှူးမှ သူ့ရှေ့၌ စကားပြောကောင်းရသည့် အကြောင်းအရင်းကိုသိသည်။ ထိုအရာမှာ သူကိုယ်တိုင် လတ်တလော အင်တာနက်ပေါ် နာမည်ကြီးနေသည့် FlyNews ကို ဖန်တီးခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ သည်အရာက သေချာပေါက် အပြုသဘောဆောင်သောအကျိုးဆက်များရှိလေသည်။ ဖျော်ဖြေရေးရပ်ဝန်းသည် အလွန်တရာကြီးမားလှသည်ဟု ဆိုနိုင်သော်လည်း တစ်ဖက်၌ အလွန်တရာလည်း သေးငယ်နိုင်သည်။ FlyNews က အခုမှစတင်သည်ဆိုသော်ငြား ရုပ်ရှင်နှင့် ထုတ်လွှင့်ရေး အေဂျင်စီကြီးနှစ်ခုဖြစ်သည့် လုံထျန်းအင်တာတိန်းမန့် နှင့် ရှကျီးရှင်းအင်တာတိန်းမန့်တို့၏ အပြည့်အ၀ထောက်ပံ့မှုကို ရရှိထားနိုင်သည်။ သည်အခြင်းအရာက သဘာဝကျစွာပဲ သည်လုပ်ငန်းအတွင်းရှိ မျက်လုံးအားလုံးထဲ မြင်တွေ့ရပြီးဖြစ်ကာ ထောင်မု၏ အဆက်အသွယ်နှင့် စွမ်းရည်ကလည်း အကဲဖြတ်ခံရပြီးဖြစ်သည်။

သည်ကမ္ဘာရှိ လူများက အင်အားကြီးမားသောသူမျိုးကို လေးစားပြီး အင်အားနည်းသည့်သူမျိုးကို အသနားပိုကြသည်။ ယခုအခိုက်အတန့်မှာ အကူအညီတောင်းဖို့ မလိုသေးဘူးဆိုလျှင်တောင် သူတို့က လုပ်နိုင်စွမ်းရှိသည့်သူများနှင့် မိတ်ဆွေဖွဲ့ထားချင်ကြသည်။ အကယ်၍ အပိုနေရာရှိဦးမည်ဆိုပါက သူတို့အနေနှင့် အားနည်းသူကို ကူညီဖို့အားလည်း လိုလားကြသည်။

ကျောင်းသားရေးရာမှ ညွှန်ကြားရေးမှူးသည် ဖုန်းယွင်အား ဧည့်ကျောင်းသားအဖြစ် အရည်အချင်းပြည့်မီကြောင်း ခွင့်ပြုပေးလိုက်ခြင်းသည် ကျောင်းစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်သည်သာမကဘဲ ထောင်မုအား စေတနာပြသရာလည်းမည်။ သည်ဆုံးဖြတ်ချက်က ထောင်မု တမင်တကာ ချဲ့ကားဖန်တီးထားသည့် "အားနည်း ၊ သနားစရာကောင်းပြီး ခိုကိုးရာမဲ့" သော လေထု၏ သက်ရောက်မှုကြောင့်လည်းပါသည်။ သို့ပေမဲ့ အကြမ်းဖျင်းအားဖြင့် သူသည် ထောင်မု၏ ကိုယ်ပိုင်စွမ်းရည်အပေါ် အမြင်ကောင်းရှိနေသေးသည်ပင်။ ထောင်မု အဖို့တော့ သူလိုအပ်လောက်မည်ဟု ယူဆသည့် အဆက်အသွယ်အကုန်လုပ်ထားခြင်းသည် ဤဘဝနှစ်ခုလုံးမှ သူ၏ မူရင်းအကျင့်တစ်ခုဖြစ်သည်။

တစ်ဖက်လူက တမင်သက်သက် အားနည်းမှုကို ထုတ်ဖော်ပြပြီး နောက် တစ်ဖက်လူကလည်း စိတ်ကောင်းစေတနာကို ဖော်ပြသည်။ သည်နှစ်ဦးက တမုဟုချင်းပဲ ရင်းနှီးကျွမ်းဝင်သွားကာ သည်အရာက အလွန်ထိရောက်သည့် အခွင့်အရေးတစ်ခုဟု ထင်ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် အထူးသဖြင့် နှစ်ဦးနှစ်ဖက်စလုံးက ကျေနပ်ကြသည်ပဲလေ။

ထောင်မုက ကျောင်းသားရေးရာဌာနမှ ထွက်လာခဲ့ပြီး ဖုန်းယွင်ကို ဖုန်းခေါ်လိုက်သည်။

ထိုအချိန်တွင် ဖုန်းယွင်က လမ်းကြိုလမ်းကြားတွေထဲ မော်တော်ဆိုင်ကယ်အသေးလေးကို ပတ်မောင်းနေကာ.... စုန့်ကျီအတွက် အစားအစာလိုက်ပို့ပေးပြီး ကူညီနေခြင်းဖြစ်သည်။ ထောင်မုက သူ့အား သန့်သန့်ရှင်းရှင်းလုပ်ပြီး ကျောင်းအတွက် ပြင်ဆင်ဖို့ပြောတော့ သူ့မျက်နှာက ရုတ်တရက် အင်တင်တင်ဖြစ်သွားသည်။ အေးတိအေးစက်နှင့် ကိုယ့်ကိုယ်ကိုယ် မိုက်သည့် ပုံစံမျိုး ဟန်ဆောင်ဖို့ကိုတောင် မေ့လျော့သည်အထိပင် "မု၊ မုကော၊ ကျွန်တော် မသွားချင်ဘူး။ ကျောင်းမသွားချင်ဘူး။ ကျွန်တော်က အစ်ကိုနဲ့မတူဘူး။ ကျွန်တော့်မှာ စာသင်ဖို့ ပါရမီမပါ မပါဘူး။ သင် သင်လည်း မသင်ယူနိုင်ဘူး။ စာသင်ခန်းထဲဝင်တာနဲ့ ကျွန်တော် ခေါင်းကိုက်လာရော။ ပြီးတော့ စာအုပ်စဖတ်တာနဲ့ အိပ်ချင်လာရောပဲ။ ကျွန် ကျွန်တော်ကတော့ စုန့်ကျီကို ကူညီပေးနေရတာက အဆင်ပြေတယ်လို့ ခံစားရတယ်။ အစ်ကို တကယ်လို့ ကျွန်တော့်အကူအညီလိုတာမျိုးရှိရင် အစ်ကို ကျွန်တော့်ကို ခေါ် ခေါ်ပြီးတော့ ပြောနိုင်တယ်။ ကျွန်တော် အစ်ကို့ကို ချက်ချင်း ကူညီမယ်.... "

"မင်းမှာ ပညာရေးရော အရည်အချင်းရောမရှိတာ။ မင်း ငါ့အတွက် ဘာလုပ်ပေးနိုင်မှာလဲ? ငါ့ကို စတော့တွေနဲ့ပတ်သက်ပြီးတော့ ကူညီနိုင်လား ဒါမှမဟုတ် ငါ့ရဲ့ FlyNews ဝက်ဆိုက်ကို ကူကြည့်ပေးနိုင်လား? ကားဘယ်လိုမောင်းရမလဲတောင်မသိတဲ့ မင်းလို မထီလေးစားနဲ့ ကလေးကလေ!" ထောင်မုက အထူးတလည် ရက်စက်ကာ ညှာတာမှုမရှိဘဲ စကားတစ်ကြောင်းတည်းနှင့် ဖုန်းယွင်အား တွင်းတစ်ခုတူးပေးပြီး ခက်ခဲသည့်အခြေအနေသို့ တွန်းပို့လိုက်သည် "အပိုတွေမပြောနဲ့တော့။ ငါ မင်းကို လုပ်ခိုင်းတာပဲလုပ်၊ ဒီကို မြန်မြန်လာ။ ဒီအတိုင်း ဘယ်သူမဆို ပေကျင်းရုပ်ရှင်ကို လာနိုင်တယ်များ မင်းထင်နေတာလား? မိဘမရှိလို့ဆိုပြီး မင်းကို တီချယ်က သနားနေတာကြောင့်သာမဟုတ်ရင် သူတို့ မင်းကို ဒီအခွင့်အရေးပေးမှာမဟုတ်ဘူးကွ"

အစ်ကိုပြောသလိုဆို ကျွန်တော့်မှာ မိဘရှိရင် ဝင်ခွင့်ရမှာမဟုတ်သလိုကြီး! ဖုန်းယွင်သည် သူ့စိတ်အတွင်းထဲကနေ ပြင်းပြင်းထန်ထန် အတင်းတုပ်မိသည်။ သို့ပေမဲ့လည်း ကလေးဘဝကတည်းက သူ ထောင်မုကို တွယ်ကပ်ရခြင်းကို သဘောကျခဲ့ပြီး သူ့မုကောကို ဒေါသဖြစ်စေမည်အား အကြောက်ဆုံးဖြစ်လေသည်။ သူ့ကိုသာ လူကိုယ်တိုင် သွားပြန်ပြောခိုင်းလျှင် သူတကယ် ပြောရဲမည်မဟုတ်။

"မုကော၊ စိတ် စိတ်မဆိုးပါနဲ့။ ကျွန်တော်လာခဲ့ပါမယ်!" ဖုန်းယွင်က သူ့ခေါင်းသူ ကုတ်လိုက်သည် "အဲ့ဒါဆို ဘယ် ဘယ်အချိန်လောက် ကျွန်တော် အဲ့ကိုအရောက်လာရမလဲ? ကျွန်တော် စုန့်ကျီကို မုန့်ပို့ ပို့ပေးတာ ကူညီနေတာ"

အခြေအနေ တစ်ခုခုပြောင်းလဲမှုရှိမည်စိုး၍ ထောင်မုက မဆိုင်းမတွပဲ တိတိကျကျ ပြောလိုက်သည် "ငါမင်းကို ကျောင်းလခနဲ့ အဆောင်နေရာငှားလို့ရအောင် ကူညီပေးမယ်။ မင်းဒီကို မနက်ဖြန်မနက်လာခဲ့လိုက်။ တီချယ်ကို အရင်နှုတ်ဆက်ပြီးတော့ အတန်းကို တည့်တည့်သွား။ မှတ်ထားနော်၊ မင်း ကျောင်းမှာဆိုရင် ကောင်းကောင်းနေ၊ နာခံမှုလည်းရှိ"

"အေးဆေးပါဗျ!" ဖုန်းယွင်က ယုံကြည်ချက်အပြည့်နှင့် ပြန်ဖြေသည်။ သူတို့မိဘမဲ့ဂေဟာမှ ထွက်လာသည့် ကလေးများက အခြားအရာတွေသာ မသိတာရှိမည်။ ချစ်စရာကောင်းပြီး နာခံမှုရှိသည့် မိဘမဲ့နေရာ သရုပ်ဆောင်ခြင်းမှာတော့ ကျွမ်းကျင်အဆင့်တွေချည်း ဖြစ်သည်။ သူတို့က အသေအချာကို သရုပ်ဆောင်ကောင်းများကြားထဲမှ သရုပ်ဆောင်ကောင်းသူတွေဖြစ်ကြသည်။

ထိုနေ့ နေ့လည်ခင်း၌ အတန်းပြီးသည့်နောက် ထောင်မုသည် ဘဏ်သို့အပြေးသွားကာ ဖုန်းယွင်အတွက် ကျောင်းလခ၊ အထွေထွေလခနှင့် နေရာထိုင်ခင်းအတွက် ပေးချေဖို့ ယွမ် ၂၀,၀၀၀ ထုတ်ယူခဲ့သည်။ ထောင်မုက ဖုန်းယွင်အား သူသည် ရုပ်ရှင်နှင့် ရုပ်သံအစီအစဉ်ထုတ်လုပ်ရေး၊ ဖြန့်ချိရေးနှင့် ထုတ်လွှင့်ရေး၊ ထို့နောက် talent အေဂျင်စီတို့အပေါ် အာရုံစိုက်ထားသည့် စီမံခန့်ခွဲရေးပိုင်းကို အထူးပြုမည်ဖြစ်ကြောင်း သတင်းပို့လိုက်သည်။

ကျောင်းသားရေးရာဌာနမှ ညွှန်ကြားရေးမှူးသည် ထောင်မုက သွက်လက်ပြီး တိကျပြတ်သားသည့်သူမျိုးဟု သိထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ မဟုတ်ပါက တစ်လတည်းနှင့် FlyNews ကို သည်လောက်နာမည်ကြီးလာအောင် သူ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူးလေ။ သည်တော့ သူသည်လည်း နှောင့်နှေးမနေဘဲ ထောင်မု အနေနှင့် လုပ်ငန်းစဉ်တွေအကုန်လုံး ပြီးနိုင်အောင် အလျင်အမြန် ကူညီပေးလိုက်သည်။

နောက်နေ့ နံနက်၌ ထောင်မုသည် ကျောင်းသားရေးရာဌာနမှ ဆရာမကိုတွေ့ဖို့ ဖုန်းယွင်အား ခေါ်လာခဲ့သည်။ သည်တော့မှ ဖုန်းယွင်မှာ စကားထစ်သည့်ပြဿနာရှိနေကြောင်း သူသိလိုက်ရပြီး အနည်းငယ် စိတ်ရှုပ်သွားမိသည်။ သို့ပေမဲ့ ဖုန်းယွင်က အလွန်အမင်းကို နှိမ့်ချတတ်ပြီး ဆရာမရှေ့၌ ရှက်ရွံ့ကာ ယဉ်ကျေးနေသည်။ ပိန်သေးသေးနှင့် ချူချာသော ကလေးတစ်ယောက်ပုံပေါ်ပြီး သူ့စကားလုံးများက လေးလေးနက်နက်ရှိကာ အလွန့်ကို လိုတိုရှင်းလှသည်။ အာရုံ မစိုက်နေသည့်သူများဆို ပြဿနာတစ်စုံတစ်ရာရှိနေမှန်း လုံးလုံးသတိထားမိမည်မဟုတ်။ သည်ကလေးက ပင်ကို အနေစိမ်းကာ စကားပြောရတာမကြိုက်ဘူးဟုသာ တွေးမိကြမှာဖြစ်သည်။

ကျောင်းသားရေးရာမှ ညွှန်ကြားရေးမှူးက သူ့စိတ်သူပြောင်းပြီး တွေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သည်ကလေးက သည်အတိုင်း ဧည့်ကျောင်းသားတစ်ယောက်သာဖြစ်သည်ပဲ။ အရင်ဆုံးစောင့်ကြည့်လိုက်သည်က ကောင်းမည်။ တစ်နှစ်ကြာပြီးသည့်နောက် သူက ပိုမြင့်သည့် အသက်မွေးမှုဆိုင်ရာ ကောလိပ်ဒီပလိုမာတစ်ခု ရနိုင်ခဲ့ပြီး မည်သူကမျှ ဘာမှပြောနိုင်တော့မည်မဟုတ်။ ဒါ့အပြင် ဖုန်းယွင်က စီမံခန့်ခွဲရေးနှင့် ဖျော်ဖြေရေးပိုင်းကို လေ့လာခဲ့သည်။ သည်တော့ professional course ကို သူအောင်သည်နှင့် သူ့ရဲ့ စကားပြောအပိုင်းမှာ သူတို့ သိပ်စိတ်ရှည်ရှည်နှင့် အားထုတ်စရာလိုအပ်တော့မည်မဟုတ်ပါ။

သည်လိုနည်းဖြင့် စဉ်းစားလိုက်တော့ ကျောင်းသားရေးရာရှိ ညွှန်ကြားရေးမှူးမှာ စိတ်ပိုင်းဆိုင်ရာအရ နည်းနည်း ဝန်ပေါ့သွားသည်ဟု ခံစားလိုက်ရသည်။

သည့်နောက်တွင် ထောင်မုက ကျောင်းသားရေးရာဌာနမှ ဆရာမ၏ အကူအညီအတွက် ပြန်တုံ့ပြန်ပေးဖို့ နည်းလမ်းစဉ်းစားခဲ့သည်။ ရလဒ်အနေနှင့် နှစ်ဦးမှာ ပိုလို့သာ အပြန်အလှန်တုံ့ပြန်မှုရှိလာခဲ့သည်။ ထောင်မု၏ တမင်ရည်ရွယ်သော သိကျွမ်းမှုနောက် ကျောင်းသားရေးရာဌာန၏ ညွှန်ကြားရေးမှူးမှာ ထောင်မုအား မွေးစားသားတစ်ယောက်ဟုပင် အသိအမှတ်ပြုလုနီးပါးဖြစ်မိသည်။ သူက ဖြန့်ချိရေးရုပ်သံလိုင်းတွေနှင့် ဆက်နွယ်သည့် ပြဿနာအများအပြားကို သူကိုယ်တိုင်အရင်ခြေလှမ်းကာ ထောင်မုအတွက် ကူညီဖြေရှင်းပေးခဲ့သည်။ သို့ပေမဲ့ သည်အရာက နောက်ပိုင်းတွင်မှ ဆက်ပြောရမည့်အရာတစ်ခုဖြစ်သည်။

ထိုနေ့မွန်းတည့်မှာပဲ ထောင်မုက ဖုန်းယွင်ကို သူ့အခန်းဖော်သုံးယောက်ဆီ ခေါ်သွားသည်။ သူတို့ထဲမှ အချို့က ဝမ်ကျူးရှန်မှာ သိုးသားဟော့ပေါ့စားနေကြခြင်းဖြစ်သည်။ ထောင်မုသည် ဖုန်းယွင်အား အခန်းဖော်သုံးယောက်နှင့် မိတ်ဆက်ပေးပြီး အကုန်လုံးကိုပါ သူ့ရဲ့ညီငယ်လေးကို ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံလိုက်သည်။

ဝမ်ပေါင်နှင့် အခြားသူများက အတော်လေး ရဲရင့်ကာ ရွှင်လန်းတက်ကြွကြသည်။ ထောင်မု၏ ယုံယုံကြည်ကြည်အပ်နှံမှုကို ကြားရတော့ သူတို့က တုံ့ဆိုင်းမနေဘဲ သဘောတူကြသည်။ သူက ထောင်မုကိုလည်း မေးခဲ့သည် "ပြောစရာမလိုပါဘူးကွာ။ ငါတို့အကုန်လုံး ဂရုစိုက်စရာရှိတာ ဂရုစိုက်ကြမှာပါ။ ဒါပေမဲ့ မင်း.. တက္ကသိုလ်ကြီးတွေရဲ့ ကျောင်းအလှလေးနှင့်ကျောင်းလူချော ရွေးချယ်တာက အခုပြီးသွားပြီ။ အစတုန်းက မင်း အကုန်လုံးအတွက် ဆွဲဆောင်မက်မောစေတဲ့ ပုံစံမျိုးဆွဲထားတာမလား။ နိုင်ငံတစ်ခုလုံးဖြတ်ပြီး နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော ရွေးတာမျိုးလား ဘာလားလေ? အောက်တိုဘာ ၁ရက်နေ့ပဲရောက်တော့မယ် မင်းဘာလုပ်ဖို့ စီစဉ်ထားတာတုန်း?"

ထောင်မုသည် အခန်းဖော်သုံးယောက်ထံ ပဟေဠိဆန်စွာ ပြုံးပြလိုက်သည်။ သည်ကိစ္စနှင့်ပတ်သက်ပြီး သူ အစီအစဉ်တစ်ခုဆွဲပြီးဖြစ်ကာ လော့ရှီကို အသေးစိတ်ပြောဖို့ စီစဉ်နေဆဲဖြစ်သည်။ အဖေလော့က လုံထျန်းအင်တာတိန်းမန့်ကို ကြော်ငြာကဏ္ဍအားလုံးမှာ FlyNews နှင့်ပူပေါင်းဖို့ ခွင့်ပြုထားသည်မဟုတ်လား။ သေချာပေါက် သူကတော့ သည်လို အခွင့်အရေးကောင်းကို လက်လွှတ်မည်မဟုတ်ပါ။

"မင်းတို့ကောင်တွေ ဒီတိုင်း စောင့်သာကြည့်စမ်းပါ။ ငါ မင်းတို့ကို အမျိုးသားနေ့ရောက်ရင် ခပ်ကြီးကြီးတစ်ခု ချပြမယ်"

အခန်းဖော်သုံးယောက်သည် အချင်းချင်းကြည့်လိုက်ကြသည်။ ထို့နောက် တုခမ်းက "မင်းဘာလုပ်မလို့လဲ? ငါတို့ကို အရင်မပြောပြဘူးလား?"

ချူဆွေ့အန်းကလည်း သံယောင်လိုက်သည် "ဟုတ်သားပဲ၊ ငါတို့က အခန်းဖော်တွေပဲကို။ ငါတို့ အခြားသူဆီဖော်လိုက်မှာ စိုးရိမ်လို့လား?"

ထိုအရာက ပြဿနာမဟုတ်ပေ။ ထောင်မုက သူ့အခန်းဖော်သုံးယောက်၏ အကျင့်စရိုက်ကို အတော်လေးယုံကြည်သည်။ သည်အတွက် ရှေ့ဆက်ပြီး ပဟေဠိဆန်ဆန်မလုပ်နိုင်တော့ဘဲ အပြုံးနှင့် ပြောလိုက်သည် "ငါ လုံထျန်း အင်တာတိန်းမန့်နဲ့ ပူပေါင်းပြီး ကျောင်းအလှလေးနှင့်ကျောင်းလူချောအတွက် အမျိုးသားနေ့ ၇ရက်လုပ်ဖို့ စီစဉ်နေတာ။ လေယာဉ်လက်မှတ်၊ စားသောက်နေထိုင်စရိတ်အကုန်လုံးကို FlyNews ဘက်က အကုန်ကျခံမှာ။ အဲ့လိုမှ ဒေသအသီးသီးကနေ ရွေးချယ်ခံရတဲ့ ကျောင်းအလှလေးနှင့်ကျောင်းလူချောတွေက မြို့တော်မှာ စုကြမှာလေ။ ငါတို့ reality show ပြိုင်ပွဲတစ်ခု စီစဉ်မယ်။ လေ့ကျင့်ရေးဆင်းဖို့ လာကြတဲ့ ကျောင်းအလှလေးနှင့်ကျောင်းလူချော တွေကို talent တွေ ဖျော်ဖြေစေမယ်။ အဲ့ဒီနောက် နောက်ဆုံးကျ နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော ရွေးဖို့ အင်တာနက်အသုံးပြုသူတွေက မဲပေးရွေးချယ်ကြမယ်။ ရွေးခံရတဲ့ နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချောကလည်း ဆုရမယ်... လုံထျန်းအင်တာတိန်းမန့်က ရင်းနှီးမြှုပ်နှံထားတဲ့ မြို့ပြအိုင်ဒေါဒရာမာတွေမှာ ဇာတ်ပို့သရုပ်ဆောင်တွေနေရာက သရုပ်ဆောင်နိုင်မယ်ကွာ။ ဒါမှမဟုတ်လည်း talent ကုမ္ပဏီနဲ့ တိုက်ရိုက် လက်မှတ်ထိုးတာမျိုးပေါ့"

ပြောမည်ဆိုပါက ထောင်မုသည် လှုပ်ရှားမှုတွေ အတူတူလုပ်ဖို့ ရှကျီးရှင်းအင်တာတိန်းမန့်ကို ဆွဲခေါ်ဖို့အားလည်း စီစဉ်နေသည်။ အဆုံးသတ်၌ လုံထျန်းအောက်က သူ့ကိုကူညီခဲ့တာ အတော်များနေပြီ။ သည်တော့ ကျေးဇူးတုံ့ပြန်သည့်အနေနှင့် ထောင်မုက ရှကျီးရှင်းအင်တာတိန်းမန့်ကို မမေ့လျော့ပါ။ သို့ပေမဲ့ ရှကျီးရှင်းအင်တာတိန်းမန့်မှာ လုံထျန်းအောက်၏ ဩဇာလွှမ်းမိုးမှုက ဘယ်လောက်ရှိမှန်း သူမသိသည့်အပြင် သည်လို အရေးကြီးကိစ္စတွေအပေါ် သူထုတ်ပြောနိုင်မလား မပြောနိုင်မလားလည်း သူမသိပေ။ ထို့အပြင် ရှကျီးရှင်းအင်တာတိန်းမန့်၏ အကြီးပိုင်းစီမံခန့်ခွဲမှုပိုင်းမှ သူတွေက သည်ပြိုင်ပွဲစဉ်နှင့်ပတ်သက်ပြီး ဘယ်လိုတွေးကြလဲ? သူတို့က သည်ကိစ္စနှင့် စိတ်ရှုပ်မခံချင်တာမျိုးလည်းဖြစ်နိုင်သည်။ အကယ်၍ ထိုကဲ့သို့သာဖြစ်ခဲ့မည်ဆိုလျှင် ထောင်မုသည်လည်း အရှက်မရှိ အတင်းအကျပ်တိုက်တွန်းနေမည်မဟုတ်။

သုံးယောက်သားက အတော်လေး စိတ်လှုပ်ရှားနေကြသည်။ သို့သော် တုခမ်းကတော့ အနည်းငယ် ရှုပ်ထွေးနေသေးသည် "မင်းက အင်တာနက်အသုံးပြုသူတွေကို မဲပေးခိုင်းမယ်လို့ပြောတာလား? ရုပ်သံလွှင့်ဌာနတွေနဲ့. မင်းပူပေါင်းဦးမှာလား? မဟုတ်ရင် တစ်နိုင်ငံလုံးက အင်တာနက်အသုံးပြုသူ တွေက ပြိုင်ပွဲဝင်တွေရဲ့ talent show ကို ဘယ်မှာကြည့်ရမှာလဲ?"

ထောင်မုက ပြုံးရုံသာပြုံးခဲ့သည်။ ရုပ်သံလွှင့်ဌာနတွေ၌ ပရိုဂရမ်တွေယာယီထည့်သွင်းပေးဖို့ သူ့မှာ ကိုယ်ပိုင်အဆက်အသွယ်နှင့် အရှိန်အဝါ မရှိသည်ကို ထည့်မပြောနှင့်ဦး။ သို့သော်ငြား နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော ရွေးချယ်ရေး၏ ကြော်ငြာအစီအစဉ်မှာ FlyNews ဘက်က တစ်လနီးပါးအားထုတ်ထားရသည့်အကြောင်း ပြောရုံဖြင့်ပင် ထောင်မုကတော့ သူ့လုပ်ဆောင်မှု၏ အသီးအပွင့်ကို အလကား လက်လွှဲပေးမည်မဟုတ်ပါ။

သေချာသည်ပေါ့၊ သည်လိုကောင်းမွန်မှုမျိုးက အပြင်လူတွေထံ ပေးလို့မရဘူးလေ။

စကားပြောနေရင်းနှင့် သီးသန့်ခန်း၏အပြင်မှ တံခါးခေါက်သံတစ်ခုကို သူတို့ကြားလိုက်ရသည်။ ဝမ်ပေါင်၏ အဖေက အပြုံးတစ်ခုချိတ်ဆွဲရင်း လျှောက်ဝင်လာကာ အကုန်လုံးအတွက် အသားပန်းကန်အနည်းငယ်ထည့်ပေးလာသည်။ ထပ်ထည့်ပေးရင်းမှ သူက ထောင်မုအားလည်း စုန့်အဘိုးကြီး ဘယ်လိုနေထိုင်နေကြောင်း မေးမြန်းကာ၊ စုန့်မိသားစုဆီ သူ သွားတွေ့ချင်သော်လည်း အဘိုးကြီးမှ သူ့ကိုမတွေ့ချင်မည်ကို စိုးရိမ်နေကြောင်း ဖော်ပြလာသည်။

ထောင်မုက အဘိုးကြီးအတွက် မဆုံးဖြတ်နိုင်သည်ကြောင့် သူ့အနေနှင့် အလည်လာချင်သည့် ဝမ်အိုက်ကော၏ ဆန္ဒကို သိရှိသွားစေဖို့ ကူညီပေးပါမည်ဟု ပါးနပ်စွာသာ ပြောနိုင်လေသည်။ အဘိုးကြီး၏ အဖြေအတွက်ကတော့ သူလည်းမသေချာပေ။

ဝမ်အိုက်ကော ဒါကိုကြားသည့်အခါ၌ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သည် "မစ္စတာစုန့်က အတိတ်နဲ့ပတ်သက်ပြီး နာကျင်ခံစားနေရတုန်းဆိုတာရော ဦးလေးတို့လူအိုကြီးတွေကို ထပ်မတွေ့ချင်ဘူးဆိုတာရော နားလည်ပါတယ်။ သူ့ရင်ထဲမှာ ဒီအခက်အခဲကို သူမကျော်ဖြတ်နိုင်ဘူး။ ဒါပေမဲ့ ဦးလေး တကယ် မစ္စတာစုန့်ကို သွားတွေ့ချင်တာ။ ဘာပဲဖြစ်ဖြစ် ဦးလေးပညာကို စုန့်မိသားစုဆီကနေ သင်ခဲ့တာ။ လူတစ်ယောက်အနေနဲ့ သူ့ရဲ့ဇစ်မြစ်ကို မမေ့သင့်ဘူး"

ထောင်မုမှာ စကားလုံးတစ်ခုတလေမရှိခဲ့ပါ။ ထိုည၌ သူ ရှန်အန်းအုပ်စုနှင့်ပတ်သက်သည့် အချက်အလက်များကို တိတ်တဆိတ် စတင်စုဆောင်းခဲ့သည်။ အရင်ဘဝက သူ့မှတ်ဉာဏ်ထဲ၌လည်း ရှန်အန်းအုပ်စုမှ ဘယ်ပရောဂျက်ကြီးတွေမှာ ပါဝင်ခဲ့လဲကို ရှာကြည့်ခဲ့သည်...

တကယ်လို့ ပြဿနာကို မွှေနှောက်လှုံ့ဆော်နိုင်မည်ဆိုလျှင် ကောင်းကောင်းကြီးကို ဂယက်ရိုက်သင့်တာပေါ့။

***

Pokračovat ve čtení

Mohlo by se ti líbit

797K 66.2K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
20.7K 2.6K 57
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...
2K 250 9
BL novel အသစ်လေး update ထားပါတယ်ရှင့် ဖတ်ရှုအားပေးကြပါဦးနော် အောက်က👇👇👇 လင့်လေးထဲလည်းဝင်ပြီး သိချင်တာများမေးလို့ရပါတယ်ရှင့်❤️❤️ IQ Team မှ ကြိုဆိုပ...