The Matching Guys (Top)
By Juliiajune
2.1M 161K 8.7K
စဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed) More
Intro
အပိုင်း ၁( ဆေးရုံတွင်အလုပ်အတူလုပ်ခွင့်ရရှိ)
အပိုင်း ၂(ကျေးဇူးရှင်ကိုကို နားတွယ်ကပ်ကာနေမည်)
အပိုင်း ၃(ပင်ပန်းသော်လည်း ထွက်မသွားနိုင် )
အပိုင်း ၄ ( ကိုယ်ဖိရင်ဖိသင်ကြားပေး)
အပိုင်း ၅(အကြောတင်းသော ကောင်လေး)
အပိုင်း ၆ (အချစ်ရူး)
အပိုင်း ၇( သူငယ်ချင်းမှကူပြော)
အပိုင်း ၈( ကိုကို့အိမ်သို့ပြောင်းရွှေ့)
အပိုင်း ၉( မြွေနှင့်ငှက်)
အပိုင်း ၁၀( ကြက်တူရွေးအား အိမ်သို့ခေါ်ဆောင်လာ)
အပိုင်း ၁၁(sex partner လုပ်ရန်ကမ်းလှမ်းခြင်း)
အပိုင်း ၁၂ ( လူသတ်ရန်အကြံပေး)
အပိုင်း ၁၃( Lucky )
Attention Please 💙
အပိုင်း ၁၄( ချော့တစ်ခါခြောက်တစ်လှည့်)
အပိုင်း ၁၅(အတိတ်က ငွေဆောင်ခရီး)
အပိုင်း ၁၆(အတိတ်ကငွေဆောင်ခရီး ၂)
အပိုင်း ၁၇(ကြောက်စရာကောင်းသောပညာပြန်ပေးမှု)
အပိုင်း ၁၈( နီးနီးလေးနဲ့ဝေး)
အပိုင်း ၁၉ ( အကြားအမြင်ရနေတာလား )
အပိုင်း ၂၀ ( မပီပြင်သော လိမ်လည်မှု)
အပိုင်း ၂၁ ( ပြောစကားနားမထောင်သော ကျားပေါက်လေး)
အပိုင်း ၂၂( ငါ့နောက်မလိုက်ခဲ့နဲ့)
အပိုင်း ၂၃( ဒဏ်ရာရသော်လည်း ပျော်ရွှင်နေသောကျားပေါက်)
အပိုင်း ၂၄ (ဆက်ဆံရေးတစ်ခု တရား၀င်စတင်ခြင်း)
အပိုင်း ၂၅ ( အနမ်းတစ်ပွင့် လက်ဝါးတစ်ချက်)
အပိုင်း ၂၆ ( ဒုတိယမြောက်အနမ်း )
အပိုင်း ၂၇ ( သူငယ်ချင်း၏ပြဿနာ)
Update and Sai Khoon Thant Naung😻
အပိုင်း ၂၈ ( ခွန်သာမှိုင်းအားHotel တွင်တွေ့ရှိ)
အပိုင်း၂၉ ( ဒေါသထွက်နေသောလူနှစ်ယောက်)
အပိုင်း ၃၀ ( အတင့်ရဲသော ကောင်လေး)
အပိုင်း ၃၁ ( +နာကျင်မှုအချို့ကြား ပျော်မြူးကျေနပ်သောည+)
အပိုင်း ၃၂( Psycho father)
အပိုင်း ၃၃ ( အကြင်နာတရားမရှိသောမိခင်)
အပိုင်း ၃၄( ခင်ဗျားနဲ့ ကျွန်တော်ကမတူဘူး)
အပိုင်း ၃၅ ( တာ၀န်ယူခိုင်းခြင်း)
အပိုင်း ၃၆ (မရေမရာ ဆက်ဆံရေး)
အပိုင်း ၃၇( မချစ်ဘူး-ညီအစ်ကိုထက်ပိုသော)
အပိုင်း ၃၈( ဖွင့်ပြောပြောခြင်း အငြင်းခံရ)
အပိုင်း ၃၉ ( လိုက်ဖက်ညီသော အတွဲ )
အပိုင်း ၄၀ (လူဆိုးများ)
အပိုင်း ၄၁ ( အဆူမခံရ)
အပိုင်း ၄၂(ချစ်တယ်မပြောသေးလည်း ဆက်၍စောင့်မည်)
အပိုင်း ၄၃ ( အပုတ်အပွများပေါ်ပေါက်လာ)
အပိုင်း ၄၄( UK သို့ထွက်ခါ အရှုပ်ထုတ်မလိုက်ရပေ )
အပိုင်း ၄၅ (ကိုကိုမရှိတုန်း စုံစမ်းရေးစ)
အပိုင်း ၄၆ (အင်း..သတိရတယ်)
အပိုင်း ၄၇ (Landonသို့ ကျားပေါက်လေးလိုက်သွား)
အပိုင်း ၄၈ ( အလိုလိုက်ခံရ)
အပိုင်း ၄၉( First date💙 London မြို့အတွင်းလည်ပတ်)
Landon City Photos 📸
အပိုင်း ၅၀(Landon မြို့မှထွက်ခွာသွားသောလူငယ်)
အပိုင်း ၅၁ ( Luckyကလွမ်းနေတယ်)
အပိုင်း ၅၂ (မတော်တဆမဟုတ်)
အပိုင်း ၅၃( ခင်ဗျားသေမှအေးမှာ)
အပိုင်း ၅၄ (အတိတ်ကဒဏ်ရာများ)
အပိုင်း ၅၅ ( တစ်ပွဲတစ်လမ်းဆင်နွှဲ)
အပိုင်း ၅၆ (ဖားကန့်သို့ရောက်ရှိ)
အပိုင်း ၅၇ (ပြန်လာခဲ့)
အပိုင်း ၅၈ ( နောင်ငယ် စိတ်မပူပါနဲ့)
အပိုင်း ၅၉ ( Planချ၊ အစီအစဥ်ဆွဲ)
အပိုင်း ၆၀ ( ကယ်ဆယ်ခြင်း အဆင်ပြေစွာပြီးဆုံး)
အပိုင်း ၆၁ ( အတိတ်အကြောင်းများပြောပြ)
အပိုင်း ၆၂( အနားမှထွက်သွားခွင့်မရှိတော့ပေ )
အပိုင်း ၆၃(တစ်ခန်းထဲအတူအိပ်နိုင်ရန် ကြိုးစားခြင်း)
အပိုင်း၆၄ ( တရားဝင်ချစ်သူ)
အပိုင်း ၆၅ ( Great World Company ဥက္ကဌဟောင်း၏မြေး)
အပိုင်း ၆၆ (မင်းတို့နှစ်ယောက်တွဲနေတာလား)
အပိုင်း ၆၇ ( နေမကောင်းေသာ ကောင်ဆိုးလေးအားအလိုလိုက်)
အပိုင်း ၆၈ ( စောက်ကျိုးနည်းတိုက်ဆိုင်မှု)
အပိုင်း ၆၉ ( စိတ်ညစ်နေသောသူ)
အပိုင်း ၇၀ ( သဝန်တိုကာ အပြစ်ပေးသောသူ)
အပိုင်း ၇၂ (ဗုံးပေါက်ကွဲခြင်း စိုးရိမ်ဖွယ်အခြေအနေ)
အပိုင်း ၇၃ (လွမ်းဆွတ်တမ်းတခြင်း)
အပိုင်း ၇၄ ( အန္တရာယ်များကင်းရှင်း )
အပိုင်း ၇၅ (မင်းနဲ့ ဆက်မပတ်သတ်နိုင်ဘူး)
အပိုင်း ၇၆ ( ပျော်ရွှင်မှုကိုရှာဖွေကြသောလူငယ်များ)
🙆‍♀️Characters,Birthday And New Couple💙
အပိုင်း ၇၇ (ဆန္ဒချင်းထပ်တူညီသော ချစ်သူနှစ်ဦး)
အပိုင်း ၇၈ (ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံနေသော မွေးနေ့ပွဲ)
အပိုင်း ၇၉ ( သေအတူရှင်မကွာ)
ဇာတ်သိမ်းပိုင်း(လိုက်ဖက်သောကောင်လေးများ)
Book & Unpublish warning 🚨
ထိန်ယံလင်း💙ဇိုင်းမြတ်မဟာမောင်(New Fiction)
Book💙 စာအုပ်သိမ်းချင်တဲ့သူလေးတွေရပါပြီ
အပိုင်း ၇၁ ( သူငယ်ချင်းကောင်း)
19.4K 1.9K 114
By Juliiajune
Uni,
The Matching Guys (Part 71)
" သူဘယ်လိုတောင်လုပ်ရက်တာလဲ ဘယ်လိုပဲဖြစ်ဖြစ် သူ့အဖေအရင်းကိုလေ"
ခွန်းသန့်နောင်မှာမယုံကြည်နိုင်စွာညည်းတွားသည်။
" သူအခုမြန်မာနိုင်ငံထဲတော့မရောက်လာသေးဘူး ။ ထိုင်းနိုင်ငံအတွင်းမှာပဲရှိအုံးမှာ။ ဒါပေမဲ့ ဒီကိုတရား၀င်နည်းလမ်းနဲ့လာလို့ရမှာမဟုတ်ဘူး"
" ကိုကိုတို့ သူ့ရဲ့အကြောင်းတွေမဖော်ထုတ်ခင်ကတည်းက ထိုင်းကိုရောက်နေတာဖြစ်မယ်။ ဖမ်း၀ရမ်းထုတ်ခံထားရတာ ဘယ်လိုမှသူ့လေဆိပ်ကိုဖြတ်လို့ရမှာမဟုတ်ဘူးလေ"
" အင်း ဒီဘက်ကိုနယ်စပ်ကနေတရားမ၀င်ခိုးလာလိမ့်မယ်။"
ခွန်းသန့်နောင် ခွန်သာမှိုင်းနဲ့ သေချာမျက်နှာချင်းဆိုင်ရင်း လက်ကိုဆုပ်ကိုင်လိုက်ကာ ပြောသည်။
" ကိုကို သူ့ဘာသာဘာဖြစ်ဖြစ် ကျွန်တော်တို့ကတရား၀င်ပဲဖမ်းမယ်နော်။
ဘာပဲဖြစ်ဖြစ်အကုန်ပြင်ဆင်ထားတာပဲဟာ။ ကျွန်တော်ပြောတာ သဘောပေါက်ရဲ့လား ။
ကိုကိုကသူနဲ့မတူဘူး အဲ့တော့လုံး၀သူ့လိုလိုက်မလုပ်ပါနဲ့။ အလကားနေရင်း လက်အပေမခံနဲ့နော်။ ကျွန်တော်နဲ့ကိုကိုကတစ်သက်လုံးအတူနေရမှာ။ သူ့ကိုသတ်ဖို့အတွေးလုံး၀မတွေးထားပါနဲ့။ တစ်ခြားအကောင်းဆုံးနည်းလမ်းတွေနဲ့ဖြေရှင်းကြမယ်"
ခွန်းသန့်နောင်မျက်နှာတွင် ပြောင်ချော်စနောက်နေသည့်အမူအယာမျိုးရှိမနေပဲ
သူ့အားသေချာဖျောင်းဖျပြောဆိုနေတာဖြစ်သည်။ စဥ်းစားတွေးခေါ်စွမ်းတွေမြင့်နေသည့် လူကြီးလေးတစ်ယောက်လိုဟန်ပန်ဖြစ်နေပြီး လုပ်ချင်ရာလုပ်တက်သည့် ဂျစ်ကန်ကန် ပုံရိပ်လေးပင်ပျောက်နေသည်။
ခွန်သာမှိုင်း သူ့လက်ကိုရုတ်လိုက်၍ မတ်တပ်ထကာ
" အဲ့ဒါတွေ မင်းစိတ်ပူမနေနဲ့။ အပြင်ကိုတစ်ယောက်ထဲလျှောက်မသွားဖို့
ပြောထားတာသာသတိရ။ "
ပြောပြီး အခန်းပြင်ထွက်ဖို့ပြင်သည်။
ခွန်းသန့်နောင်ကအနောက်ကပြေးလိုက်ကာ ခွန်​သာ​မှိုင်းကျောပြင်ကျယ်ကြီးကိုဖက်လိုက်ရင်း
" ကိုကို... ကျွန်တော်ကိုကို့ကိုယုံတယ်။ သူနဲ့ကိုကိုကလုံး၀မတူပါဘူး။
သာမာန်လူတစ်ယောက်လို အခြေအနေတွေကိုအကောင်းဆုံးကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်"
.....
" ဗျာ ... ချက်ချင်းကြီးလား ကျွန်တော်လည်းနောက်ရက်လက်ဆောင်တွေပို့ပေးမှာလေ အဲ့တော့မှတစ်ခါထဲပို့လို့မရဘူးလားဟင်"
" မရဘူး သားရေ ။ ဗိုက်ကြီးသည်က ချဥ်ခြင်းတက်နေတာပါဆို ဒီနေ့ပဲမြန်မြန်သွား၀ယ်ပြီး အမြန်ပို့ပေးခဲ့ လမ်းမှာပို့တာကကြာအုံးမှာနဲ့"
ခွန်းသန့်နောင်၏အမေက သူ့အသိကိုယ်ဝန်ဆောင် တစ်ယောက် မြန်မာအချဥ်ထုတ်တွေအရမ်းစားချင်တာကြောင့် ခွန်းသန့်နောင်ထံလှမ်းမှာကာ ဝယ်ခိုင်းနေတာဖြစ်သည်။
" ဟုတ်ပါပြီ ကျွန်တော်သွား၀ယ်ပေးပါ့မယ်။ လောလောဆယ်တော့ ကုန်တိုက်မှာပဲ အဲ့အချဥ်ထုပ်တွေမုန့်ခြောက်ထုပ်တွေသွား၀ယ်ပြီးအရင်ပို့ပေးလိုက်မယ်နော်။"
ခွန်းသန့်နောင် မနေ့တုန်းကအိမ်မှာပဲနေကာ ဘယ်မှမသွားဖြစ်။ ဒီတနင်္ဂနွေနေ့မှာတော့ အပြင်ထွက်ရန်အကြောင်းဖန်လာသည်။
"ကိုကို ကျွန်တော်တို့ကုန်တိုက်သွားပြီး ​မေမေမှာတဲ့မုန့်တွေ၀ယ်ပေးရမယ်"
" ကိုယ် လူလွှတ်ပြီး၀ယ်ခိုင်းလိုက်မယ်"
" ကိုကိုကလည်း ကုန်တိုက်နဲ့သိပ်မှမဝေးတာ ကိုယ့်ဘာသာပဲသွားရအောင်လေ"
ဧကရာဇ်မြန်မာနိုင်ငံထဲရောက်နေပြီ ဖြစ်တာကြောင့် ခွန်သာမှိုင်းမှာ အပြင်သိပ်မထွက်စေချင်။
" ခဏပဲဟာကို ကျွန်တော်တို့ဘယ်သွားသွား ကိုယ်ရံတော်တွေလည်း ရှိနေတာဘာစိတ်ပူစရာရှိလဲ"
" အင်း မြန်မြန်သွား မြန်မြန်ပြန်မယ်"
"Yes sir..."
......
ခွန်းသန့်နောင်ဖုန်းအား hackကာ ခိုးနားထောင်နေသော ဧကရာဇ်မှာ အပြင်သွားမည့်အကြောင်းကြားပြီး အစီအစဥ်တစ်ခုရသွားလေသည်။
ပြီးနောက် သူ့ငှားထားသည့် ကြေးစားလူသတ်သမားတွေအား အမိန့်တစ်ခုပေးလိုက်သည်။
" ဒီကိစ္စပြီးတာနဲ့ ပိုက်ဆံတွေယူပြီး မင်းတို့ကြိုက်တဲ့နေရာသွားလို့ရပြီ။ငါ့အတွက် နောက်ဆုံးလုပ်ပေးရမဲ့အလုပ်ပဲ "
.....
ခွန်းသန့်နောင်တို့ ပစ္စည်းတွေ၀ယ်နေကြတုန်း ခွန်သာမှိုင်းဆီမြတ်မင်း ဖုန်းဆက်လာသည်။
" Top ကျွန်တော်​တို့ သူ့တည်နေရာအတိအကျသိရပါပြီ။သူ့ဘက်ကဘာမှမလုပ်သေးခင် ကျွန်တော်တို့စလှုပ်ရှားလိုက်ရတော့မလား။"
ခွန်သာမှိုင်း စင်ပေါ်ကပစ္စည်းတွေကိုလှမ်းယူနေသည့် ခွန်းသန့်နောင်အားတစ်ချက်ကြည့်လိုက်သည်။ ပြီးနောက်ပြောလာသည်က
" ရဲတွေခေါ်လိုက်ပါ ။ အရှင်ဖမ်းစီးပြီး England ကိုပြန့်ပို့မယ်။
ဒီတစ်သက်ထောင်ထဲကမထွက်နိုင်စေရဘူး"
" ဗျာ ကျွန်တော်တို့ဘာသာရှင်းမယ်ဆိုတဲ့ အစီအစဥ်ကိုပြောင်းပစ်မှာလား"
" အင်း..."
ခွန်သာမှိုင်း အနေနဲ့ ခွန်းသန့်နောင်၏ယုံကြည်မှုကိုမပျက်စီးစေချင်။
အခုချိန်ထိ ဧကရာဇ်အား သတ်ပစ်ချင်စိတ်တွေကြီးစိုးနေသေးပေမဲ့ ဒီတစ်ခါတော့ သူအတက်နိုင်ဆုံး စိတ်လျော့လိုက်လေသည်။
ခွန်းသန့်နောင်ပြောတာမှန်သည် ဧကရာဇ်ကြောင့်သူ့ကိုယ်သူအစွန်းထင်မခံသင့်တော့ပေ။ နောက်ပိုင်း အေးအေးချမ်းချမ်းလေး ခွန်းသန့်နောင်နဲ့အတူဖြတ်သန်းတော့မည်။
သို့ပေမဲ့ နောက်တစ်ခေါက် မြတ်မင်းဖုန်းထပ်ဆက်လာချိန်တွင်တော့ ခွန်သာမှိုင်း သူကိုယ်တိုင်သွားမှ တော့မှာဖြစ်သည်။
" ကိုကို ဘာဖြစ်လို့လဲ"
" မြတ်မင်း ကတိုင်ပင်စရာလေးရှိနေလို့ "
" အရေးကြီးလား ဟိုလူကိစ္စလား။ ကျွန်တော်တို့မြန်မြန်ဝယ်ပြီးသွားရအောင်လေ"
" အင်း အရေးကြီးတယ်။ နောင်ငယ် မင်းနေခဲ့လိုက် ကိုယ့်ဘာသာသွားလိုက်မယ်။၀ယ်ပြီးတာနဲ့ အိမ်တန်းပြန်ပါ။"
ပြီးနောက် သူတို့နှင့် မလှမ်းမကမ်းတွင်စောင့်နေသည့် သက်တော်စောင့်နှစ်ယောက်ကိုကြည့်လိုက်ကာ
"ပစ္စည်းတွေပို့ဖို့က ကိုယ့်လူတွေလုပ်ပေးလိမ့်မယ်။ ကားလည်းကိုယ့်ဘာသာတစ်ယောက်ထဲမမောင်းနဲ့ သူတို့နဲ့ပဲပြန်ပါ  "
" ကိုကိုဘာဖြစ်နေတာလဲ တစ်ခုခုဖြစ်လို့လား ။ ကျွန်တော့်ကိုမဖုံးထားနဲ့နော်"
" ဒီတိုင်း ကိစ္စလေးတစ်ခုပါ မစိုးရိမ်နဲ့ ပြန်လာရင်ပြောပြမယ်"
ခွန်သာမှိုင်းပုံစံကသာမာန်လိုတည်တည်ကြည်ကြည်သာဖြစ်တာကြောင့်
ခွန်းသန့်နောင်လည်း ကိစ္စကြီးမရှိဘူးဟုထင်လိုက်သည်။
" ဟုတ်ပြီ ကိုကိုနောက်ကျမယ်ဆိုလည်း ကျွန်တော့်ကိုဖုန်းဆက်နော်"
"အင်း..."
သိပ်မကြာခင်ပဲ မြတ်မင်းလွှတ်လိုက်သည့်ကားနှင့် ခွန်သာမှိုင်းမှာထိုနေရာမှထွက်သွားလေတော့သည်။
.....
ခွန်းသန့်နောင်လည်း စျေးဆက်၀ယ်နေတုန်း စိတ်မပါလက်မပါ အသက်မဲ့သည့်ပုံနှင့် စျေး၀ယ်နေသည့် ထက်ဝေဦးအားတွေ့လေသည်။
ထက်ဝေဦး မှာထိန်ယံလင်းနဲ့ တွေ့ပြီးကတည်းက ခြံရံလင်းနဲ့မတွေ့ဖြစ်သေးပေ။ ဖုန်းဆက်ဖြစ်ပေမဲ့ ခြံရံလင်းမှာသူနဲ့ တွေ့ဖို့အချိန်မရှိသေးပေ။ အားတာနဲ့ချက်ချင်းလာခဲ့မည်သာပြောလေသည်။
သူ့မိဘတွေရောက်လာ၍ သားလိမ်မာလေးလုပ်နေဟန်တူသည်။
ရလဒ်အနေနဲ့ ခြံရံလင်းနှင့်တစ်ခန်းရပ်ရမည့် ကိစ္စမှာကြန့်ကြာနေလေတော့သည်။
ထက်ဝေဦး စိတ်ညစ်နေသည့်ကြားက မကောင်းသည့်ကိစ္စတစ်ခုက ထပ်လာဖြစ်သည်။ကုန်တိုက်တွင် ကျောင်းတုန်းကသူငယ်ချင်းနဲ့လာတွေ့ခြင်းပင်။
သူငယ်ချင်းဟုလည်းပြောမရပေ။
ထိုသူက ထက်ဝေဦးအားအလွန်မုန်တီးရွံရှာနေသူ ကြုံရင်ကြုံသလိုရော မကြုံသလိုရော ရှေ့တင်နောက်ကွယ်မှာပါမကျန် သူ့အားအမြဲအရှက်ရအောင်ပြောတက်သူဖြစ်သည်။
ထိုသူက ထက်ဝေဦးသူ့ထက် စာမေးပွဲတိုင်း၊ practical လုပ်တိုင်းအမြဲအမှတ်တွေပိုသာတာကိုမကျေနပ်တာဖြစ်သည်။ ပိုက်ဆံမရှိလို့ စပွန်ဆာယူနေရသည့်ကောင်က သူ့ထက်သာသည်မှာ လုံး၀လက်မခံနိုင်စရာပင်။
ထို့ကြောင့် ထက်ဝေဦးကိုမြင်သည်နှင့် ထိုသူကခပ်ချဥ်ချဥ်ပြုံးလိုက်သည်။
ထက်ဝေဦးက မတွေ့ချင်ယောင်ဆောင်ကာ ရှောင်ထွက်သော်လည်းမရ
ထက်ဝေဦး၏ တွန်းလှည်းကိုရပ်တန့်စေလိုက်သည်။
" ဘာတွေလောနေတာလည်း သူငယ်ချင်းကိုတွေ့တာတောင်မနှုတ်ဆက်ဘူးလား"
ထက်ဝေဦးမှာ နဂိုထဲက စိတ်အခြေအနေမကောင်းတာကြောင့် ထိုသူနဲ့စကားပြောချင်စိတ်ရှိမနေပေ။
" မင်းငါ့ကိုမနှောင့်ယှက်လို့ရမလား။ ကိုယ့်လမ်းကိုသွားပါ"
" နှောင့်ယှက်တယ်။ငါကလူကျင့်၀တ်ရှိစွာနဲ့ သူငယ်ချင်းကိုနှုတ်ဆက်တဲ့ဟာကို။ "
ထိုသူကပြောရင်း ထက်ဝေဦးကိုခေါင်းအစခြေအဆုံးကြည့်ကာ
"အမှန်က မင်းလိုကောင်ကိုနှုတ်ဆက်တာကို ကျေးဇူးတောင်တင်ရအုံးမယ်။
စပွန်ဆာ ယူစားတဲ့ကောင်ရဲ့။ လူရောင်သူရောင်ပြောင်နေတော့ ဘ၀မေ့နေတာတော့ မဟုတ်ပါဘူးနော်။ အခုရောစပွန်ဆာလိုသေးလား လိုချင်ရင်ငါ့ကိုပြောနော် ငါ့အဖေရဲ့ အသိတွေထဲမှာ ကောင်လေးတွေကိုမှစိတ်ဝင်စားတဲ့ ဘိုးတော်တွေရှိတယ်"
ထက်ဝေဦး အတက်နိုင်ဆုံးစိတ်ကိုထိန်းထားပေမဲ့ ဒီတစ်ခါတော့ မရတော့
သူကျိန်းသေပြန်ပြောမှဖြစ်တော့မည်။ အခေါက်တိုင်းခေါင်းငုံခံခဲ့ရလို့ သူတို့အတွက်ပိုပြောစရာတွေဖြစ်နေသည်။
" မလိုဘူး ။ မင်းအတွက်ပဲချန်ထားလိုက်ပါ။မင်းလည်းငါ့ကိုအားကျနေပုံရတယ်နော် မပြီးနိုင်မစီးနိုင် ငါ့ကိစ္စတွေပဲလိုက်ပြောနေတာ "
"မင်းစောက်ပါးစပ်က ငါ့ကိုစော်ကားရဲတယ်ပေါ့။ ငါကဘယ်လိုအဆင့်အတန်းလဲ မင်းကဘယ်လိုအဆင့်အတန်းလဲ ကျောင်းတုန်းကလူတွေပြန်ခေါ်မေးပေးရမလား ဟမ်။ မင်းအဲ့တုန်းက စပွန်ဆာယူပြီး ဖင်ခံတာအကုန်လုံးသိတယ်။ အခုမှလာနာမနေနဲ့..."
ဒီတစ်ခါတော့ ထက်ဝေဦး ဘာမှလာပြောချိန်ပင်မရ ထိုသူ၏တွန်းလှဲကိုတစ်စုံတစ်ယောက်က လာပြေးကန်တာကြောင့် တွန်းလှဲနဲ့အတူ ထိုသူပါ လဲသွားလေသည်။
လုပ်ချင်တာလုပ်လိုက်ပြီး အလှဆုံးပြုံးနေသူက ခွန်းသန့်နောင်။
ထက်ဝေဦးမှာလည်း ရုတ်တရက်မို့ အံသြသွားရသည်။
" ခွန်းသန့်နောင်..."
လဲသွားသည့်သူကလည်း ထလာရင်း ခွန်းသန့်နောင်ကိုဒေါသတကြီး လက်ညှိုးထိုးရင်း
" ခွေးကောင် ဘယ်လိုလုပ်လိုက်တာလဲ"
ခွန်းသန့်နောင် ထိုသူအားမထီမဲ့မြင် စတိုင်နဲ့ပြန်ကြည့်ကာ
"Sorry ကုန်တိုက်ထဲ လမ်းဘေးကခွေးစုတ်ခွေးပဲ့တစ်ကောင်ဟောင်နေသံကြားလို့ လာကြည့်တာ ခြေထောက်ကအရှိန်လွန်သွားတယ်"
ခွန်းသန့်နောင်နဲ့ မလှမ်းမကမ်းတွင်ပါလာသော လူနှစ်ယောက်ကလည်း တစ်ခုခုဆို ခွန်းသန့်နောင်ဘက်က ၀င်ကာကွယ်ပေးမည့် အဆင်သင့်အနေအထားတွင်ရှိသည်။
" မင်းက ထက်ဝေဦးနဲ့တစ်ဖွဲ့ထဲလား။"
ခွန်း​သန့်​နောင် ထက်ဝေဦးပုခုံးပေါ် လက်တစ်ဖက်တင်ကာ ဟန်ပါပါဖက်ပြရင်း
" အင်း ငါကသူ့သူငယ်ချင်းပဲ ။ ခဏက ငါ့သူငယ်ချင်းကိုလူနားမလည်တဲ့ ခွေးစကားတွေပြောနေတာ မင်းမလား"
ထိုသူက မနိုင်နိုင်အောင်ပြန်ပက်ပြောသည်။
" ရွံစရာကောင်းတဲ့ ခွေးလိုကောင်က ထက်ဝေဦးပဲ ငါမဟုတ်ဘူး။
မင်းလည်း သူနဲ့ပေါင်းတော့ သူ့လိုကောင်ပဲဖြစ်မယ်"
"မင်းလိုကောင်နဲ့ ပေါင်းရမှာထက်စာရင် ထက်ဝေဦးနဲ့ပေါင်းပြီး သူနဲ့တူမှာက
အဆတစ်ရာလောက်ပိုကောင်းတာပေါ့ဟ။ မဟုတ်ဘူး ခွေးနဲ့ပေါင်းရင်တောင် မင်းထက်သာအုံးမယ်"
ခွန်းသန့်နောင်ပြောစကားများကြောင့် ထိုသူက ခွန်းသန့်နောင်အားပြေးထိုးပစ်ချင်သော်လည်း မိုက်တိမိုက်ကန်းဆန်နေသည့် ခွန်းသန့်နောင်ပုံစံကြောင့် အရမ်းမလုပ်ရဲပေ။
ခွန်းသန့်နောင်၏ စတိုင်နဲ့ မျက်နှာပေးကလည်း သူ့နားလာရဲလာကြည့် ခေါင်းပြုတ်အောင်ထိုးပစ်မည်ဆိုသည့် ဟန်ပန်ဖြစ်နေသေးသည်။
သူ့အားမကျေမချမ်းဖြင့် ကြည့်နေသော ထိုသူအား ခွန်းသန့်နောင်ကထပ်ပြောသည်။
" ငါဒီရက်ပိုင်းအရိုးအထူးကုဘက်ကိုစိတ်၀င်စားနေတာ  မင်းငါ့ရဲ့ပထမဆုံး လူနာမဖြစ်ချင်ရင် မြန်မြန်လေ ငါ့မျက်စိရှေ့ကထွက်သွားတာကောင်းမယ်နော်။"
ထိုသူလည်း လဲကျနေသော တွန်းလှဲအားစောင့်ကန်ပြီး မကျေမနပ်ဖြင့် အမြန်ထွက်သွားလေတော့သည်။
ထက်ဝေဦးမှာ အခုထိ ခွန်းသန့်နောင်အား ကြောင်ကြည့်နေမိဆဲ။
ခွန်းသန့်နောင် ကခပ်မိုက်မိုက်ကောင်လေးဖြစ်တာကို သိထားသော်လည်း
ဒီတစ်ခါမှ မျက်မြင်ကိုယ်တွေ့မြင်လိုက်ရတာဖြစ်သည်။
ပြီးတော့လည်း ဒီကိစ္စကသူ့ဘက်ကဝင်ကာကွယ်ပေးတာဖြစ်နေသည်။
ခဏက တစ်ယောက်နဲ့စကားပြောနေတာကို အလုံးစုံကြားဟန်ရှိသော်လည်း
သူ့သူငယ်ချင်းဟု ပြောကာ မာမာမတ်မတ်ပင် သူ့ဘက်ကရပ်တည်ပေးလေသည်။
" ဟိတ် ထက်ဝေဦး အဆင်ပြေရဲ့လား။ ဘာကြောင်ကြည့်နေတာလဲ"
ထိုအခါမှ ထက်ဝေဦးအသိပြန်ဝင်လာကာ
" မင်း...သူငါ့ကိုပြောတာတွေ အကုန်ကြားသွာတာလား။"
" အင်း အခြေအမြစ်မရှိတဲ့ စကားတွေမလား။ ဘာရန်ငြိုးတွေရှိလို့လဲ သူကတော်ေတာ်အခဲမကျေတဲ့ပုံနဲ့"
ထက်ဝေဦးမှာ အသက်၀၀ရှူလိုက်ရင်း ပြန်ဖြေသည်။
ခွန်းသန့်နောင်အားသူမလိမ်ချင်​ပေ။
" သူပြောတာအမှန်တွေ ငါကျောင်းတက်တုန်းက စပွန်ဆာယူခဲ့တာ ။ အဲ့လူကြောင့် ငါကျောင်းဆက်တက်နိုင်တာ။ဒီအတောအတွင်း မင်းကိုလိမ်ထားတာလို့တော့မထင်စေချင်ဘူး။
မကောင်းတဲ့ကိစ္စတွေမို့လို့မပြောပြချင်တာပါ။
ဘာပဲပြောပြော အခုသိသွားပြီဆိုတော့ မင်းငါ့ကိုမခင်တော့ပဲ ရှောင်မယ်ဆိုရင်တောင် ငါနားလည်ပါတယ် "
ခွန်းသန့်နောင် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလာသည်က
" ရူးနေလား။ စိုင်းခွန်းသန့်နောင်နဲ့ တစ်ခါသူငယ်ချင်းဖြစ်ပြီးရင် တစ်သက်လုံး သူငယ်ချင်းပဲကွ။ နောက်တစ်ခါ အဲ့ကောင်မင်းကိုထပ်စော်ကားရဲရင် ငါ့ကိုပြော
တစ်သက်လုံးစကားမပြောနိုင်အောင် ပညာပေးပစ်မယ်"
" ဟင်..."
" ဟင် မနေနဲ့ တစ်ခုခုသွားစားရအောင် လာ"
ဆိုကာထက်ဝေဦးအား မုန့်ဆိုင်တစ်ဆိုင်ထဲသို့ ဆွဲခေါ်သွားတော့လေသည်။
ထက်ဝေဦးမှာ သူ့ရှေ့စားပွဲတွင် မုန့်တွေလာချသွားပြီးသည်အထိ စကားတစ်ခွန်းမှထပ်မပြောနိုင်သေး။ ခွန်းသန့်နောင်က အရင်စပြောလာသည်။
" ငါအရင်တုန်းက အရမ်းဆိုးတာ ။လုပ်ချင်တာမှမလုပ်ရရင် မကျေနပ်ဘူး။
နောက်ပိုင်း ကိုကိုရှိတော့ နည်းနည်းသိပ်မဆိုးတော့ဘူး လို့ပြောလို့ရတယ်။
ငါကသူ့စကားဆိုနားထောင်တယ်လေ။ ဒါကြောင့် တစ်ခါတလေနားမထောင်ပဲ ခိုးလုပ်တာတွေရှိသေးတယ်။ မိရင်တော့ တွယ်ခံရပြီပဲ"
ခွန်းသန့်နောင်က ပြောရင်း ခပ်ဟဟရယ်လိုက်သေးသည်။
" နောက်တော့ ငါUSရောက်သွားတယ်။ကိုကိုလည်းမရှိတော့ ငါဆိုးချင်းတိုင်းဆိုးပဲ ။ မိန်းမကိစ္စကလွဲရင် လူငယ်သဘာ၀မလုပ်ဖူးတာ ဘာတစ်ခုမှမရှိခဲ့ဘူး။
အဆိုးဆုံး မူးယစ်ဆေးပါတစ်ခါစမ်းဖူးတဲ့အထိပဲ ။ မကောင်းမှန်းသိပေမဲ့ စမ်းကြည့်တာလေ ကံကောင်းလို့ဆေးသမားမဖြစ်တာ။ ကြည့်ရတာငါ့အတွက် ကိုကိုတစ်ယောက်ထဲက လွဲရင်ဘာကိုမှအစွဲအလမ်းသိပ်မရှိတာလဲပါမယ်။"
ထက်ဝေဦးမှာ ခွန်းသန့်နောင်၏အဆုံးအစမရှိစကားများကိုသေချာနားထောင်နေသည်။သူ့ကိုဒါတွေပြောပြနေသည့်ဆိုလိုရင်းကိုလည်း သဘောမပေါက်သေးပေ။
" ပြောပြချင်တာက ငါ့ရဲ့အတိတ်မှာလည်း အကောင်းတွေကြီးပဲရှိနေတာမဟုတ်ဘူး။ လူတိုင်းမှာ မလှပခဲ့တဲ့ဇာတ်ကြောင်းတွေရှိမှာပဲ။
တစ်ချို့ကျ ကိုယ်တိုင်ဖန်တီးယူတာ။
တစ်ချို့ကျ မလွဲသာလို့လက်ခံလိုက်ရတာတွေ။ ဥပမာက မင်းပဲထက်ဝေဦး အရင်ကမင်းဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲ့ဒါတွေက မင်းအတွက် မလွဲသာမရှောင်သာအခြေအနေတွေကြောင့်မလား။
တကယ်ပဲကျောင်းတက်ဖို့အတွက်ငွေလိုရင် မင်းကျောင်းနားပြီးပဲ ဖြစ်ဖြစ်အလုပ်ထွက်လုပ်ခဲ့မှာ။
ဒါပေမဲ့ မင်းမှာအဲ့ထက်ပိုခက်ခဲတဲ့ကိစ္စတွေရှိခဲ့ပုံရတယ် ငါထင်တာမမှားလောက်ဘူး"
" ခွန်းသန့်နောင်...မင်းဘာလို့ငါ့ကိုယုံတာလဲ။ ငါကတကယ်လည်း မကောင်းတဲ့သူဖြစ်နေနိုင်တာကို"
" မသိဘူး ဒီ​တိုင်းပဲယုံတာ။ ငါသိတဲ့ထက်ဝေဦးက အဲ့လိုပဲမို့လို့လေ။
အတိတ်မှာ မင်းဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့အဲဒါပြီးခဲ့ပြီ။ မင်းကြောင့် ဘယ်သူမှ ဒုက္ခရောက်မနေဘူးမလား။
ခိုးဆိုးလုယက် လူသတ်ခဲ့တာလည်း မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို သိမ်ငယ်မနေနဲ့ ။ သူများလာပြောလည်းခံစရာမလိုဘူး ဘာလို့ဆို မင်းဘာမင်းဘာလုပ်လုပ် အဲ့ဒါသူတို့စောက်လုပ်မဟုတ်ဘူးလေ။"
ထက်ဝေဦးမှာ ခွန်းသန့်နောင်စကားများကြောင့် အားနာလာသည်။
ခြံရံလင်းတို့ ညီအစ်ကို နှစ်ယောက်နဲ့ ပတ်သတ်နေတဲ့ ကိစ္စဘယ်လိုပြောရမလဲမသိတော့။
" ခွန်းသန့်နောင် တကယ်တော့ ငါခြံရံလင်းနဲ့အခု..."
" တွဲနေတာလား..."
ထက်ဝေဦးက ဖြေးညှင်းစွာခေါင်းခါရင်း သူနဲ့ ခြံရံလင်း စပတ်သတ်ခဲ့တဲ့အကြောင်းတွေပြောပြလိုက်သည်။ထိန်ယံလင်းနဲ့ပတ်သတ်ခဲ့သည့်အကြောင်းကိုတော့ တစ်ခွန်းမှမပြောပေ။
" အား ဒီကောင်စုတ်ကတော့လေ။ ငါ့ကိုပြောတုန်းကတော့ သူကကြိုက်လို့လိုက်နေတာပါတဲ့"
" အဲ့တုန်းက မင်းရိပ်မိနေပြီထင်လို့ငါ လိမ်ခိုင်းခဲ့တာပါ။ ဒါပေမဲ့ အခုငါသူနဲ့ဆက်ဆံရေးကို ရပ်လိုက်တော့မယ် "
" ငါလည်း အဲ့ကောင်စုတ် ဘာကြံနေလဲမသိတော့ဘူး။ ဒါပေမဲ့ သေချာတာက
ခြံရံလင်း မင်းကိုတကယ်သဘောကျပုံရတယ်။ သူစလိုက်တဲ့နည်းလမ်းကြီးက
အမြင်ကတ်စရာတော့ ကောင်းပေမဲ့ပေါ့။
ထားပါ ငါလည်းကိုကိုနဲ့ပတ်သတ်ရင် သိပ်အရှက်ရှိတာမဟုတ်ဘူး။
ငါလေ ငါ့သူငယ်ချင်းမို့လို့ သူ့ကိုကာပြောတာတော့မဟုတ်ဘူးနော်။
သူအရင်ကလည်း နည်းနည်းရှုပ်ရှုပ်ရှက်ရှက်တွေရှိတယ်။
ဒါပေမဲ့ မင်းလိုတော့တစ်ယောက်မှမရှိဘူး။
အခုမင်းနဲ့က သူတော်တော်ဖြစ်ပျက်နေပုံရတယ်။ ငါတကယ်ဘက်လိုက်ပြောနေတာမဟုတ်ဘူးနော်။ သူယောက်ျားလေးတွေကိုသဘောကျမှန်းတောင် အခုမှသိတာ။ ယောက်ျားလေးတွေမဟုတ်ပဲ မင်းကိုပဲ သဘောကျတာလည်း ဖြစ်ချင်ဖြစ်လောက်တယ်။မဟုတ်ရင် ဒီလိုကိစ္စအတွက်နဲ့တော့ အချိန်တွေအကုန်ခံ အားတွေအကုန်ခံနေမှာမဟုတ်ဘူးလေ"
ခြံရံလင်းက သူ့ကိုသဘောကျနေလောက်သည်ဟု ပြောတာကြောင့် ထက်ဝေဦးမှာမျက်နှာ ပူလာတော့သည်။
" မ ...မဟုတ်တာ သူငါ့ကိုမကြိုက်လောက်ပါဘူး"
" ဒါပေမဲ့ သူနဲ့ငယ်ငယ်လေးထဲကခင်လာတဲ့ ငါ့အမြင်မှာတော့ အဲ)့လိုပဲ။
ဒါပေမဲ့ စိတ်ချအခုကိစ္စကမင်းအတွက် သိပ်မတရားဘူး။
မင်းအဆင်မပြေရင် သူနဲ့သေချာရှင်းလိုက်ပါ။ 
ငါဝင်ပါစရာလိုရင်လည်း ဝင်ပါပေးမယ်။ အရင်ဆုံး ကိုယ့်ဘာသာညှိပြီးရှင်းကြ။မင်းတို့နှစ်ယောက်လုံးက ငါ့သူငယ်ချင်းတွေပဲ "
ထက်ဝေဦး၏ မျက်နှာတွင် နူးညံ့သောအပြုံးလေးတစ်ပွင့်ပေါ်လာသည်။
သူ့အနေနဲ့ စိတ်ညစ်စရာများရှိနေသော်လည်း သူ့ဘက်တွင်သူငယ်ချင်းကောင်း
တစ်ယောက်ရှိနေတာကြောင့် ပျော်ရွှင်မိသည်။
နေထိုင်လာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း အစစ်အမှန်သူငယ်ချင်းဆိုတာမျိုးရခဲ့ပြီဖြစ်သည်။
" ခွန်းသန့်နောင် ငါမင်းကိုတကယ်ကျေးဇူးတင်ပါတယ်။
မင်းနဲ့သူငယ်ချင်းဖြစ်ရတာ ငါ့အတွက်ကံကောင်းမှုတစ်ခုလိုပါပဲ"
Chit Khoon Cho Thar or JuliiaJune
(21.10.2023)
အရှည်ကြီးဆိုတော့ တစ်နေကုန်ရေးရ ဒီရက်လက်ကပြန်နာနေတာ လက်အဆစ်တွေကပြုတ်ထွက်တော့မလိုပဲ။
နောက်တစ်ပိုင်းတော့အန္တရာယ်တွေရှိနေတယ်👀။
ပြီးတော့ စာလုံးပေါင်းလေး မှားတာရှိရင်သည်းခံပေးကြနော်။တစ်ခါတလေ ခွန်းအမှန်ရေးထားတာတောင် Auto typingက သူ့ဘာသာပြောင်းချင်တာတွေပြန်ပြောင်းတာ။
ခွန်းအကျင့်က ဝတ္ထုအစအဆုံးပြီးတဲ့အခါကျမှ unပြီးပြန်စစ်ဖြစ်လို့ပါ။
အခု စာရေးတာတောင်မနည်းအချိန်လုနေရလို့လေ စာစစ်ချိန်မပေးနိုင်သေးလို့ရယ်။ သတိထားပြီးရေးနေတဲ့ ကြားကauto typing စုတ်ကလည်း ၀င်ဖျက်သေးတယ်🤣။
Zaw,
The Matching Guys (Part 71)
ပြောထားတာသာသတိရ။ "
.....
"Yes sir..."
......
.....
" အင်း..."
" ကိုကို ဘာဖြစ်လို့လဲ"
"အင်း..."
.....
ခွန်းသန့်နောင်လည်း ဈေးဆက်ဝယ်နေတုန်း စိတ်မပါလက်မပါ အသက်မဲ့သည့်ပုံနှင့် ဈေးဝယ်နေသည့် ထက်ဝေဦးအားတွေ့လေသည်။
" ခွန်းသန့်နောင်..."