I Only Like Your Character Se...

נכתב על ידי yeolbin_Elena

35K 4.1K 175

Angel မျက်နှာလေးနဲ့ Alphaဆန်သောပလေးဘွိုင်း(Shou ) Vs ဖြူစင်ရိုး‌သားပြီး အေးစက်သော (Gong) Author - Zhìchû ( 雉... עוד

Description
Chapter 1 မရိုးသားမှု
Chapter 2 ပေါ်သွားသောအဖြစ်အပျက်
Chapter 3 ပုန်ကန်ရန်မွေးဖွားလာခြင်း
Chapter -4 ဇာတ်ရုပ်ပုံစံအတု
ရှင်းလင်းခြင်း
Chapter -5 မသန့်ရှင်းမှု
Chapter -6 ကောင်းကင်မှ လွတ်မြောက်ခြင်း
Chapter -7 ညှိနှိုင်းသူ
Chapter-8
Chapter-9
Chapter -10
Chapter -11
Chapter -12
Chapter -13
Chapter -14
Chapter -15
Chapter - 16
Chapter - 17
Chapter -18
Chapter -19
Chapter -20
Hi
Chapter -21 (Part -1)
Chapter -21 (part 2)
Chapter - 22
Chapter - 23
Chapter -24
Chapter -25
Art 🤍(လှလိုက်တာအေ)
Chapter -26
Chapter -27
Chapter -28
Chapter -30
Chapter - 31
Chapter -32
Chapter -33
Chapter -34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38

Chapter -29

575 83 0
נכתב על ידי yeolbin_Elena

{လက်တုန့်ပြန်ခြင်း}

မဂ္ဂဇင်းရဲ့ အတွင်းကောအပြင်ကော မျက်နှာဖုံးအတွက်ပါ ရိုက်တာ အားလုံး လေးနာရီနီးပါး ကြာမြင့်ခဲ့၏ ၊ ကံကောင်းစွာပဲ ရလဒ်မှာ ထင်ထားတာထက် အများကြီး ကောင်းမွန်နေသောကြောင့် အားလုံးမှာ ပင်ပန်းမှုအစား ကျေနပ်မှု ရကြသည်။

"ဒီတခေါက် မဂ္ဂဇင်းအတွက် နောက်တခေါက်ပြန်ရိုက်ရတယ်ဆိုတာ ရှိမှာမဟုတ်ဘူး"
ကျိုးကျစ်ဟန်ဘေးမှာထိုင်နေတဲ့ ဒါရိုက်တာက ပြောသည်
"ဖလင်က အရမ်းကောင်းလွန်းလို့ တနှစ်စာ မျက်နှာဖုံးအဖြစ်တောင် ရွေးချယ်ခံရနိုင်တယ်"

ကျိုးကျစ်ဟန်က ပြုံးလိုက်ပြီး ဘာမှ‌မပြောပေ။

"ငါကြည့်တာ မင်းတို့နှစ်ယောက် အပြင်မှာ စကားသိပ်မပြောဖြစ်ကြဘူးထင်တယ်"
ဒါရိုက်တာက စိတ်ဝင်စားဖွယ်ရှိနေပြီး
" အင်တာနက်ပေါ်က အတင်းအဖျင်းတွေက အတုတွေပဲဖြစ်မယ်"

ကျိုးကျစ်ဟန်က ဆိုဖာမှာမှီပြီး အိပ်‌ပျောနေသော ရှရှီချင်းဆီတချက်ကြည့်လိုက်သည်
" အမှန်တော့ ကျွန်တော်တို့ 'Escape from The Sky 'ပြီးနောက် ပထမဆုံးတွေ့ဖြစ်တာပါ ကျွန်တော်တို့ အဲ့လောက် မရင်းနှီးကြသေးပါဘူး "

ပြောပြီးနောက် ကျိုးကျစ်ဟန်မှာ သူ့စကားများသည် ယုံနိုင်ဖွယ်မရှိကြောင်းတော့ ခံစားလိုက်မိပါသည်။

သူတို့နမ်းတောင်နမ်းခဲ့ပြီးကြပြီဖြစ်၏ သို့သော် သူတို့ကြားက ဆက်ဆံရေးကို ဖော်ပြနိုင်မဲ့ စကားလုံးကို သူမရှာတွေ့နိုင်ခဲ့ချေ ၊ ထူးဆန်းပေမဲ့‌လို့ပေါ့။

"ငါကြားတာ ရှောင်ရှက မင်းဖန်ဆို ၊ သူဆွဲပေးတဲ့မင်းရဲ့ပန်းချီတွေ ငါတွေ့ဖူးသလိုပဲ "
ဒါရိုက်တာက Weibo စာမျက်နှာပေါ် လှန်လှော်ကြည့်ရင်း
"မနေ့က ငါတွေ့လိုက်တာ....အော်...ဒီဟာ"

ဒါပေမဲ့ သူနှိပ်လိုက်ချင်းချင်း တစ်ခုခုလွဲနေတာကို သိသွားပြီး
" နေပါအုံး အယ်..ဒါက ရှန်းစစ်ယွဲ့ရဲ့ ပန်းချီပုံပဲ ..အိုး.. ငါမှားတာ"

ဒါရိုက်တာက နည်းနည်း ရှက်သွားပြီး ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်သည်။

"ရပါတယ် ဘာမှမဖြစ်ပါဘူး"
ကျိူကျစ်ဟန် စိတ်အခြေအနေမကောင်းတော့ပေမဲ့လည်း သူ့မျက်နှာမှ တည်ကြည်မှုကိုတော့ ကောင်းမွန်စွာထိန်းထားဆဲဖြစ်၏ ၊

"သူ့ Weibo ထဲကို ဝင်ကြည့်လိုက်လေ ၊ တစ်wallလုံး ကျွန်တော့ပုံတွေ အပြည့်ပါပဲဗျ"

ပြောပြီးနောက် ကျိုးကျစ်ဟန်နောင်တရသွားခဲ့မိသည် ၊ သူ့အပြုအမှုက မသိရင် သူ့ရဲ့ ပိုက်နက်အဖြစ် ပြန်ချေပ ဝင့်ကြွားနေတာနဲ့ တူလှသည် ။

ပြီးတော့လည်း သူ့Weiboထဲ ဝင်လိုက်တာနဲ့ သူLikeလုပ်ထားသော CP Pageကို တန်းနေအောင် မြင်ရနိုင်သည်။

တွေးလေလေ သူ စိတ်အခြေအနေမကောင်းလာလေလေပင်ဖြစ်၏

"ပန်းချီကအရမ်းမိုက်တယ် လှလည်းလှတယ်လို့ ပြောကြတယ်"
ဒါရိုက်တာက သဘောကျစွာ ခေါင်းတဆတ်ဆတ်ငြိမ့်နေပြီး
" အကယ်ဒမီကျောင်းထွက်‌တွေရဲ့လက်ရာက တကယ်ကွာတာပဲ"

မဂ္ဂဇင်းအင်တာဗျူးအတွက် နေရာသတ်မှတ်ပြီးကာ ‌ရှောင်လော့က သူရှိရာဆီလျှောက်လာသည်။

"ကျစ်ဟန် အင်တာဗျူးက ခဏနေစတော့မှာ ၊ မိတ်ကပ်တွေဘာတွေ ထပ်လုပ်ဖို့လိုသေးလား?"

"မလိုတော့ဘူး "
ကျိုးကျစ်ဟန်က ခေါင်းကို တဖက်သို့လှည့်လိုက်ရာ တဖက်ဆိုဖာမှာ အိပ်ပျော်နေသော ရှရှီချင်းကိုတွေ့လိုက်သည် ၊ ကျုံ့ကျုံ့လေးရှိနေပြီး မျက်နှာတစ်ခုလုံးက ဆံပင်နဲ့အုပ်နေလျက်ရှိကာ ကျိုးကျစ်ဟန်တစ်ယောက် ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ရှောင်လော့အား တိုးတိုးလေးပြောလိုက်သည်။

" သူ့ကို သွားနိုးလိုက်အုံး"

ရှောင်လော့က 'အို့'ဟုအသံပေးကာ လျှောက်သွားပြီး ရှရှီချင်းရဲ့ ပုခုံးကို ဖွဖွပုတ်လိုက်သည် ၊ အိပ်ချင်နေသော ရှရှီချင်းက မျက်မှောင်ကြုတ်လာ၏ ၊ အနိုးခံလိုက်ရတော့ သူဒေါသအလွန်ထွက်နေသည် ၊ဆိုဖာအမှီဖက်ကို မျက်နှာလှည့်သွားပြီး ကူရှင်ပေါ်ခေါင်းမြုပ်ကာ ရှောင်လော့ကို ကျောပေးပြီး ပြန်ကွေးသွားသည် ၊ သူ့မှာလုံးဝထဖို့ ဆန္ဒမရှိသလိုမျိုးပင်။

"...ရှီချင်း?"

ရှရှီချင်းမှာအလွန်အိပ်ရေးပျက်နေခဲ့တာဖြစ်၏ ၊ပြီးခဲ့သောညကလည်း သူ့မှာကောင်းကောင်းအိပ်မပျော်နိုင်ခဲ့တာဖြစ်သည် ၊ မဂ္ဂဇင်းဓာတ်ပုံရိုက်ခြင်းက သူ့ရဲ့မရှိမဲ့ရှိမဲ့စွမ်းအင်တွေကို အကုန်စုပ်ယူပစ်လိုက်သည်၊ နားနေတဲ့အချိန်မှာ ဆိုဖာမှာလှဲနေရင်း အိပ်ပျော်သွားခဲ့တာဖြစ်သည် ၊

"ကျစ်ဟန်"

ရှောင်လော့က ပြန်လှည့်လာကာ ကျိုးကျစ်ဟန်အား အကူအညီတောင်းခံလေသည်။
" ရှီချင်းက နိုးလာမဲ့ပုံမပေါ်ဘူး"

ဆိုဖာပေါ်မှာကုတ်တွယ်ကာကွေးနေသော ရှရှီချင်းအား တချက်ကြည့်လိုက်ပြီး ကျိုးကျစ်ဟန် သက်ပြင်းချလိုက်ကာ

" မင်းသွားပြီး ငါ့အတွက် မိတ်ကပ်ဆရာအရင်ခေါ်လာခဲ့ ၊ ငါ့မိတ်ကပ်နည်းနည်း ပြန်လုပ်ဖို့လိုမယ်ထင်တယ် "

ရှောင်လော့သွားမယ်လုပ်တော့ ကျိုးကျစ်ဟန်ထပ်ပြောလိုက်သည်
" ဒါနဲ့ ငါ့အတွက် ရေတခွက်ပါယူလာပေးပါလား ကျေးဇူး "

ရှောင်လော့ထွက်သွားတဲ့အခါ ကျိုးကျစ်ဟန်က ရှရှီချင်းအိပ်နေသော ဆိုဖာရဲ့ဘေးမှာ ထိုင်ချလိုက်ပြီး သူ့ပုခုံးဆီသို့ ထိလိုက်သည်။
" ဟေး ထတော့"

ဆိုဖာကူရှင်မှာခေါင်းမြုပ်ထားသော ရှရှီချင်းက စိတ်မကြည်စွာ နှာသံကိုသာပေးခဲ့သည် ၊ ပုခုံးကိုပြန်ရွေ့သွားပြီး ပူးပေါင်းရန်ပြင်းပြင်းထန်ထန်ငြင်းဆန်ကာ သူ့ဘာသူ အဆင်ပြေသလို ပြန်အိပ်သွားလေ၏

နည်းလမ်းမရှိတော့ပေ ၊ ကျိုးကျစ်ဟန်ရွေးချယ်စရာမရှိ သူ့လက်မောင်းတစ်ဖက်ကိုကိုင်ကာ အတင်းအကြပ်ဆွဲထတော့သည် ၊ သူ့အား အနည်းငယ်ဆွဲလိုက်တာနဲ့ မျက်လုံး တဝက်ပိတ်ကာ မျက်မှောင်ကြုတ်ထားသော ရှရှီချင်းက သူ့အား အသံငြိမ်ငြိမ်လေးနှင့် ဆဲလာသည် ။

" ငါ -ီးလိုပဲ သောက်ရမ်း စိတ်ပေါက်လာပြီ"

လက်ဆန့်ထုတ်ကာ ကျိုးကျစ်ဟန်အား တွန်းထုတ်လိုက်ပေမဲ့ ကျိုးကျစ်ဟန်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည် ၊ ထိုသို့နှင့် ရှရှီချင်းမှာ အိပ်တဝက်နိုးတဝက်အခြေအနေဖြစ်သာ ခက်ခဲစွာ တောင့်ခံနေခဲ့ရတော့သည်။

"ခဗျား ပျင်းနေရင်တောင် ထမှရမယ်လေ"
ကျိုးကျစ်ဟန် သူ့အားဆွဲပြီး ထထိုင်ခိုင်းသည် ၊
မျက်နှာမှာဆံပင်တွေနဲ့ ဖုံးကွယ်နေသော ရှရှီချင်းသည် အသက်ကို လျော့လျော့လေးသာ ရှုထုတ်နေပြီး ကူရှင်ပေါ်ကို တ‌တောင်ဆစ်ထောက်ထားကာ လက်ဖဝါးပြင်ဖြူဖြူနှင့် ငိုက်ကျနေသော ခေါင်းကို ထောက်ကာ ထားသည် ။

သူဘာလို့ အဆင်မပြေသလိုဖြစ်နေတာပါလိမ့်

"ခေါင်းကိုက်နေတာလား...?"

ကျိုးကျစ်ဟန်က သူ့ဆံပင်တွေကို ပြင်ပေးဖို့ လက်ရောက်သွားပေမဲ့ ရှရှီချင်းက မျက်မှောင်ကြုတ်ကာရှောင်လိုက်၏

လုပ်နေတဲ့ပုံက စိတ်ကြီးတဲ့ ကြောင်တစ်ကောင်နှင့်တကယ်တူတာပဲ
ကျိုးကျစ်ဟန်က ‌သူ့ဘာသူတွေးလိုက်သည်။

အလွန် ပင်ပန်းလွန်းလှပါသည် ၊ ရှရှီချင်း စကားတစ်လုံးတလေပင် ပြောမနေချင်၊ အိပ်တဝက်နိုးတဝက်အခြေအနေ‌တွင်သူရှိနေပြီး ခန္ခာကိုယ်ကလည်း လေးလံကာ လေပေါ်မျှောနေသလိုခံစားရသည် ၊ နောက်တစက္ကန့်နေရင် အောက်ကချောက်အနက်ကြီးထဲပြုတ်ကျသွားတော့မည်ကဲ့သို့ခံစားရသည် ။

ကျိုးကျစ်ဟန်၏ အသံကလည်း ကောင်းကင်ပေါ်မှလာနေသလိုလို ဝေးသထက်ဝေးဝေးသွားသည်။

အိပ်ချင်လှပါ၏

"ခင်ဗျားကကျွန်တော်ထက်ပိုပင်ပန်း........"
ကျိုးကျစ်ဟန်စကားပြောနေတဲ့အလယ်မှာ သူ ထူထားပေးသော ရှရှီချင်းက သမင်ခွေထိုင်လျက် ကျိုးကျစ်ဟန်၏ ရင်ခွင်ထဲသို့ လဲကျကာ ပြန်အိပ်ပျော်သွားတော့သည် ။

"မယ်လို့ထင်နေလား......."
မဆုံးသွားသော စကားကို မသိလိုက်စွာပဲ အဆုံးသတ်ပြောလိုက်သည် ၊ လဲကျလာသော ရှရှီချင်းကို ကျိုးကျစ်ဟန်လည်း သဘာဝကျစွာ လက်မောင်းတွေကြားထဲပွေ့ထားလိုက်မိသည်။

သူ့ခေါင်းက ရင်ဘတ်ပေါ်တွင်မှီနေပြီး သူ့ဆံပင်ပြေလိပ်လိပ်လေး‌တွေကလည်း နူးညံ့ကာ ထိလို့ အလွန်ကောင်းမဲ့ပုံပေါ်သည်။

ဆူညံ့လွန်းလှသော စတူဒီယိုထဲတွင် လူတိုင်းက လျင်လျင်မြန်မြန်ထိတ်ထိတ်ပြာပြာနှင့် ဟိုဟိုဒီဒီလျှောက်လှမ်းနေကြကာ အသံအမျိုးပေါင်းစုံမှာ လူတို့၏နားထဲတွင်ပြည့်နှက်လို့နေပါသည် ၊ ထူးဆန်းအံ့‌ဩဖွယ်ကောင်းသည်မှာ ကျိုးကျစ်ဟန်အတွက်မူ ရှရှီချင်း၏ ပင်ပန်းနွမ်းနယ်စွာ ဖြည်းဖြည်းချင်း ရှုသွင်းရှုထုတ်နေသည့် အသံရှုသံတစ်ခုတည်းကိုသာ ကြားနေရသည် ၊

သူ့ရဲ့ နှလုံးခုန်သံကိုရောပေါ့။

ဒီမှာဘာတွေဖြစ်ကုန်တာလဲ

"ကျစ်ဟန်"

မသိစိတ်စိတ်ကူးယဉ်မှုလေးမှာ နှောင့်ယှက်ခြင်းခံလိုက်ရပြီး ကျိုးကျစ်ဟန်မှာ ရှရှီချင်းအား ချက်ချင်း တချက်တည်းနှင့်ပြန်တွန်းတင်လိုက်သည် ၊ လှုပ်ရှားမှုအကွက်မှာလည်း အလွန်မှမြန်၏ ၊ ရှရှီချင်းလည်း ရုတ်တရက်နိုးလာကာ မကျေနပ်ခြင်းများစွာနှင့် မျက်လုံးဖွင့်လာသည်။

ကျိုးကျစ်ဟန်က ချောင်းဆိုးလိုက်ပြီး အစီအစဉ်မကျစွာ ထရပ်ကာ ရှောင်လော့အနောက်မှ မိတ်ကပ်ဆရာကိုပြောလိုက်သည်။

"ဟိုဟာ သူအခုနအိပ်ပျော်သွားလို့ အဲ့တာ သူ့မိတ်ကပ်တွေပြင်ဖို့ လိုရင်လိုလောက်မှာ‌မို့ ကူညီပေးပါအုံး"

လက်တွင်ကော်ဖီခွက်ကိုင်ထားသော ရှောင်လော့က ထိုခွက်အား ကိုင်ရသည်မှာ ကြောက်လန့်နေကာ နောက်လက်တစ်ဖက်နှင့်လည်း ကူကိုင်ထားသည် ၊ (T/N-ပူလို့)

"ကျစ်ဟန် ဒီမှာ "

ကျိုးကျစ်ဟန်က ကော်ဖီရဲ့အနံကို ရတာနဲ့ မျက်မှောက်ကြုတ်ပြီး ရှောင်လော့အား မကျေနပ်စွာ ပြောသည်
" ငါက ကော်ဖီယူလာခိုင်းလို့လား"

"မင်း ရေယူလာခိုင်းတာလေ ၊ ဟိုနားမှာကော်ဖီစက်တွေ့လို့ မင်းအတွက်ယူလာပေးတာ ၊ ပူတုန်းမြန်မြန်သောက်လိုက်"

ရှောင်လော့မှာ သူ့၏ပါးနပ်မှုအတွက် သူ့ကိုယ်သူဂုဏ်ယူနေသော မျက်နှာထားနှင့်ရှိနေ၏

ကျိုးကျစ်ဟန် အသက်ကိုသာ ပင့်ရှုလိုက်ပြီး ကော်ဖီခွက်ကိုယူလိုက်သည်၊ မူလက သူ့အတွေးမှာ ရှရှီချင်းနိုးလာတဲ့အခါ ရေနည်းနည်းလောက်သောက်လိုက်စေရန်အတွက်သာဖြစ်သည် ၊ သို့သော် ရှောင်လော့က သူ့သဘောနှင့်သူ ကော်ဖီဖျော်ယူလာပလိုက်သည် ၊ နာရီကိုကြည့်လိုက်တော့ ၁၀နာရီပင်ထိုးတော့မည်၊ ဒီကော်ဖီသောက်ပြီးရင် အိပ်လို့ကောရနိုင်သေးပါ့မလား?

"ကျစ်ဟန် မသောက်ဘူးလား?"

ရှောင်လော့၏ ပဟေဋိဖြစ်နေသော မျက်နှာထားကို မြင်တော့ ကျိုးကျစ်ဟန်လည်း ‌ရွေးချယ်စရာမရှိ ထိုကော်ဖီကို သောက်လိုက်ရသည် ၊သောက်ပြီးတော့ မျက်မှောင်ကြုတ်ကာ ခွက်အား ရှောင်လော့ဆီပြန်ကမ်းပေးလိုက်သည်

"အရမ်းခါးတယ် ၊ ရေတခွက်လောက်များရနိုင်ရင် ရိုးရိုးရေတခွက်လောက်ယူလာပေးအုံး"

"အို့"
ရှောင်လော့က ကြောင်တောင်တောင်မျက်နှာဖြင့် ခွက်ကိုယူကာ ပြန်လှည့်သွားလေသည် ၊ ကျိုးကျစ်ဟန်ခေါင်းလှည့်ကြည့်လိုက်တော့ မျက်လုံးမှိတ်ကာ ဆိုဖာမှာ ခေါင်းမှီပြီး လှဲနေသော ရှရှီချင်းအား တွေ့လိုက်ရသည်၊ သူ့ဆံပင်နှင့်မိတ်ကပ်အတွက် မိတ်ကပ်ဆရာအား သဘောကျလုပ်ခွင့်ပေးထားသည် ။

"ရှီချင်းက အသားအရည်အရမ်းကောင်းတာပဲ ၊ ဒီလောက် အချိန်နောက်ကျတဲ့အထိ နေနေရတာတောင် ဘာလို့ အဲ့လောက်ကောင်းနိုင်ရတာလဲ "

ရှရှီချင်းက မျက်လုံးမှိတ်ထားပြီး ပင်ပန်းနွမ်းနယ်စွာ ပြုံးပြသည်
" တကယ်လား? တော်သေးတာပေါ့"

"ကျစ်ဟန်အသားအရည်လည်း အရမ်းကောင်းတယ်"
သူမအနောက်မှာရပ်နေသော ကျိုးကျစ်ဟန်ဆီလှည့်ကြည့်လိုက်ပြီး
"ကျစ်ဟန်ကကျ ငယ်ငယ်ကတည်းက ကောင်းတာမှန်းခံစားမိတယ် ၊ ငါမှတ်မိသေးတယ် မင်းငယ်ငယ်က လူတွေကပြောကြတာ မင်းက ချူချူချာချာနဲ့ ကြီးလာမှာလို့လေ ဟားဟားဟား ဘယ်သူသိမှာလဲ မင်းက ကြီးလာလေလေ ပိုပိုပြီးခန့်ချောကြီးဖြစ်လာမယ်လို့လေ"

ဆိုဖာမှာမှီနေသော ရှရှီချင်းက ခေါင်းထောင်လာပြီးတဖက်နားမှာ ရပ်နေသော ‌ကျိုးကျစ်ဟန်ကို မျက်လုံးဖွင့်ကြည့်လိုက်သည် ၊ စောစောက အိပ်ရဖို့အရေး သူနှင့်ရန်ဖြစ်နေရသည်ကို တွေးမိပြီး ဆိုဖာမှ ကူရှင်ငယ်လေးကို ကောက်ကာ ကျိုးကျစ်ဟန်ဆီပစ်ပေါက်လိုက်သည်။

ကလေးဆန်ချက်ကတော့၊

ကျိုးကျစ်ဟန်က တချက်တည်းနဲ့ဖမ်းလိုက်ပြီး ခေါင်းဆတ်ပြကာ အကြည့်တချက်ပေးလိုက်သည် ၊ ဘာလုပ်တာလည်းလို့ မေးတဲ့ပုံစံမျိုးဖြင့်။

ရှရှီချင်းက မျက်ခုံးကို ဒေါသထွက်စွာပင့်ပြပြီး မျက်လုံးကိုတဖက်သို့ လိမ့်လိုက်သည် ၊

"မင်းတို့နှစ်ယောက် ဆက်ဆံရေးကောင်းကြတာပဲ"
မိတ်ကပ်ပြင်ဆရာမက ပြုံးကာ
"ငါကြားတာ ရှီချင်းက ကျစ်ဟန်ရဲ့ အကြီးစားဖန်ဆို ၊ သူကလေးဘဝကတည်းက ကြိုက်တာပဲဖြစ်ရမယ် ဟုတ်တယ်မလား?"

"မဟုတ်ပါဘူး"
ရှရှီချင်းက ရီလိုက်ပြီး မျက်လုံးတွေလည်း လှပသော လခြမ်းပုံလေးလို ထပ်ပြီးကွေးသွားပြန်သည်
" သူငယ်ငယ်တုံးက ဘယ်လိုမျိုးသရုပ်ဆောင်ထားလဲ တခါမှ မမြင်ဖူးဘူး ၊ ငယ်ငယ်က ဘယ်လိုပုံစံရှိမှန်းတောင် ကျွန်တော်မမြင်ဖူးဘူး "

ထိစမ်း အဲ့မှာ ။

ရှရှီချင်းတစ်ယောက် နှုတ်ခမ်းထောင့်လေးတွေက ပင့်တက်သွားသည် ။

ရုတ်တရက်သူပစ်လိုက်သော ခေါင်းအုံးက သူ့ဆီပြန်ပစ်ဝင်လာသည် ၊ ရှရှီချင်းက အလျင်အမြန်ဖမ်းလိုက်ပြီး ရင်ဘတ်ပေါ်မှာ လက်နဲ့ ဖိပိုက်ထားလိုက်သည် ၊ တနေရာမှ ကျိုးကျစ်ဟန်က တချက်ကြည့်ပြီး ဘောင်းဘီအိပ်ကပ်ထဲ လက်ထည့်ကာ မပျော်ရွှင်နေသော မျက်နှာဖြင့် တဖက်လှည့်ကာ တခြားနေရာသို့ လျှောက်သွားတော့သည် ။

မျက်နှာကို ပစ်ထည့်တာတော့ အရမ်းများသွားပြီ ၊ရှရှီချင်းပြုံးလျက် ကူရှင်ကို ဘေးချကာ လက်နဲ့ နှစ်ချက်ပုတ်လိုက်ပြီး မတ်တပ်ထ အကြောဆန့်လိုက်သည်။

အင်တာဗျူးမစမှီ တည်းဖြတ်ရေးမှူးက သူတို့အားခေါ်ကာ ယာယီထုတ်ပြသဖို့ တခြား ကာဗာတစ်စုံစာကို ပြင်ဆင်ထားကြောင်း အသိပေးလာသည် ၊ ထို့ကြောင့် ထိုယာယီအားဖြင့် သူတို့နှစ်ယောက် တဖန် သရုပ်ဖော် ရိုက်ပေးရအုံးမည်ဖြစ်သည်။

"ရှီချင်းရေ ဒီလောက်ထိ တခါမှမပင်ပန်းဖူးဘူးမလား"
ရှိန်းက ပြုံးပြီး သူ့မျက်နှာပေါ်မှ ဒဏ်ရာပုံမိတ်ကပ် အား ပြန်လည်း ဖျက်ထုတ်ပေးနေ၏

"ရပါတယ်ဗျာ ကျွန်တော် စာလုပ်တဲ့အခါတွေဆိုလည်း ညလုံးပေါက်နေတတ်ပါတယ်"
ရှရှီချင်း လည်ပင်းစောင်းပြီး သူ့ရှိရာဖက်လျှောက်လာသော ရှောင်လော့အား ကြည့်နေပြီး သူ့လက်ဆီမှ ရေခွက်ကို လှမ်းယူလိုက်သည်။

" ကျေးဇူးပဲနော် ရေငတ်နေတာနဲ့အတော်ပဲ စဉ်းစားပေးတတ်လိုက်တာ"

ရှောင်လော့က ပြုံးပြီး ကျစ်ဟန်ယူလာခိုင်းတာလို့ ပြောမယ်လုပ်တော့ ကျစ်ဟန်က မျက်စိမှိတ်ပြလာတာမို့ ဘာမှမပြောတော့ပဲ ခေါင်းကို ကုတ်ကာ ပြုံးသာနေတော့သည်။

နောက်ထပ်ဒီဇိုင်းကလည်း ယခင်တစ်ခုလို Gothic စတိုင် ညို့မှိုင်းမှိုင်းသာဖြစ်သည် ၊ စတိုင်လစ်က ရှရှီချင်းအား ချည်သားဖဲအလွှာ အဖြူရောင်ပိုးသားရှပ်အင်္ကျီအားပေး၏ ၊ သူ့ဆံပင် ပြေပြေအခွေလေးကလည်း တစ်ဝက်စီးကာ အထုံးလေးထုံးထားပြီး နှဖူးမှာတော့ ဆံပင်လေးတွေဖွဖွချထားသည်။


ရှရှီချင်းမျက်နှာမှ ဒဏ်ရာပုံမိတ်ကပ်ကလည်း လုံးဝဖယ်ရှားလိုက်ပြီဖြစ်ပြီး ယခုမှာ ရှင်းရှင်းလေးနဲ့ တည်ငြိမ်လှပသော မိတ်ကပ်ပါးပါးလေးသာ နေရာယူထားသည် ၊ ယခင်က မျက်လုံးမှဖျော့တော့တော့ မိတ်ကပ်မှာလည်းဖျက်လိုက်ပြီး အမဲရောင်မျက်လုံးlinerလေးရယ် ညိုရင့်ရင့် shadow ရယ် နှင့် မက်မွန်သီးသဖွယ်မျက်လုံးလေးတစ်လျှောက်ချယ်ထားပြီး မျက်လုံး အစွန်းဖက်မှာကအပေါ်သို့ပင့်တက်သဏ္ဍာန်လေးဆိုးထား
သည်။

"ဘုရားရေ ရှီချင်းရယ် မင်းက ဒီလိုလေးလံတဲ့ မိတ်ကပ်မျိုးနဲ့လည်း အရမ်းလိုက်တာပါပဲလား"

မိတ်ကပ်စတိုင်လစ်က ချယ်ပြီးသွားတော့ သူ့မေးလေးကို ဖွဖွကိုင်ကာ အဆုံးသတ်အနေနဲ့ သူ့မိတ်ကပ်ကို စစ်ဆေးဖို့အတွက် မှန်‌ရှေ့မှာထိုင်‌ စေလိုက်သည် ၊ ။

"အရမ်းကြည့်ကောင်းတာပဲ ရှီချင်းရေ ပွဲဦးထွက်လိုက်ပါတော့ပြီးရင် မင်းရဲ့ အဓိကမိတ်ကပ်စတိုင်လစ်နေရာမှ ငါ့ကိုခန့်လိုက် ဟားဟားဟား"

ရှရှီချင်းမှန်မှာကြည့်လိုက်သည် ၊ အမှန်တိုင်းပြောရရင် သူ ဒီလို ကြီးကျယ်ခမ်းနားဖွယ်မိတ်ကပ်မျိုးနှင့်နေသားမကျပေ ၊ သို့သော်လည်း ပြုံးရမည်သာဖြစ်၏။

ခေါင်းလှည့်ကြည့်လိုက်တော့ ကျိုးကျစ်ဟန်လည်း ပြင်ဆင်ပြီးတာကိုတွေ့လိုက်သည် ၊ ယခင် ဆွယ်တာကို လဲလိုက်ပြီး အမဲရောင်ဟူဒီနှင့် အထဲက အဖြူရောင် လည်ကျ ရှပ်တစ်ထည်ဝတ်ထားသည် ၊

ယခင်က အပေါ်ပင့်တင်ထားသော ဆံပင်များက ယခု ချထား၏ နဖူးမှာ ဆံပင်ဘယ်ညာတဖက်စီကို ကွေးထားပြီးသူ့နဖူးပြင်ကိုကျ တဝက်လောက်သာ ဟထားသည် ၊ စတိုင်လစ်က သူ့အတွက် ဦးထုတ်ဆောင်းပေးလိုက်ပြီး မှန်ထဲမှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နဲ့ တူလှသည်။

ယခင်ကလို စိတ္တဇလူသတ်သမားစတိုင်မဟုတ်တော့ပဲ အပြင်လျှောက်ပတ်သွားနေမဲ့ မြေခွေးကောင်ငယ်လေးနှင့်သူသည် ။

ပြင်ဆင်ပြီးသွားတော့ ရှိန်းက သူတို့စတိုင်လစ်နှစ်ယောက်ကို လာခေါ်လိုက်သည်
" လင်းမိုက ဒုတိယဗားရှင်းနှင့်ပတ်သတ်ပြီး ဆွေးနွေးချင်တယ်တဲ့ ပြီးတော့တခြားအပိုင်းတွေကော"
သူမ မှန်ရှေ့မှာထိုင်နေသော သူတို့နှစ်ယောက်ကို လှမ်းနှုတ်ဆက်ကာ
" ကျစ်ဟန်နဲ့ ရှီချင်း ထိုင်ပြီး နားနေအုံးနော် ရိုက်ကွင်းက စတော့မှာပါ"

ရှရှီချင်းက ခေါင်းလှည့်ပြီး ရှိန်းကိုပြုံးပြလိုက်သည်၊
ပြင်ဆင်ခန်းတံခါးပိတ်သွားတာနဲ့ ရှရှီချင်းမျက်နှာပေါ်မှ နူးညံ့လှပသော အပြုံးသည်လည်းတဖြည်းဖြည်း တစ်တက်လောက် မှိန်ကျသွား၏ ၊ ထရပ်ကာ ဝန်ထမ်းတွေပေးထားသော ရေကိုတငုံသောက်ပြီး ကျိုးကျစ်ဟန်ဆီလျှောက်လာသည် ၊ ကျိုးကျစ်ဟန်က ဘာမှ ပတ်သတ်မှုမရှိသလို ခေါင်းငုံကာ ဖုန်းသာကစားနေသည် ။

ကျိုးကျစ်ဟန်အရမ်းပျင်းတာကြောင့် Weibo ဖွင့် ကြည့်စရာပွဲလေးများဘာလေးများ ရှိမလား ကြည့်လိုက်သည် ၊ ဖွင့်ဖွင့်ချင်းမှာပဲ ထိုလူ၏ ‌အကောင့်မျက်နှာစာ ထဲ မှာဖြစ်နေခဲ့သည် ၊ အလွန်လန့်သွားပြီး ဖုန်းတောင် ပြုတ်ကျလုမတတ်ဖြစ်သွားတော့သည်။

"ဘာလုပ်နေတာလဲ"

ရှရှီချင်း၏ လခလယ်နှင့် လက်မက ကျိုးကျစ်ဟန်၏ မျက်နှာပေါ်ကို ပွတ်သပ်နေသည် ၊ တဖက်လက်က ရေခွက်ကိုင်ထားပြီး ပြောသည်

"ဘာမှမဟုတ်ပါဘူး ကိုယ်က မင်းမျက်နှာက ဒီလိုမျိုး ခက်ထန်နေတော့ မျက်နှာများ မာတောင့်နေလို့များလားလို့ပါ"

သူမျက်လုံးတွေက ကွေးညွှန့်သွားပြီး
" မထင်ထားဘူး ဒီလောက်တောင်နူးအိနေမယ်လို့"

ကျိုးကျစ်ဟန်က စိတ်မရှည်စွာ သူ့လက်ကို ရိုက်ထုတ်လိုက်ပေမဲ့ ရှရှီချင်းက ဖုန်းကိုင်ထားသော သူ့ရဲ့လက်ကို ဖမ်းကိုင်လိုက်သည်

" ခုလေးတင် ဘာလို့ အဲ့လောက် လန့်ဖြန့်နေတာလဲ တစ်ယောက်ယောက်က အမြီးတက်နင်းလိုက်သလိုမျိုး "

ရှရှီချင်း မျက်နှာက ကျိုးကျစ်ဟန်ဆီ တိုးကပ်သွားပြီး အသံကလည်း ကျီစားနေသလိုမျိုးနှင့်
" ဘာပေါက်တက်ကရတွေကြည့်နေတာလဲ "

ကျိုးကျစ်ဟန်တစ်ယောက် အပြစ်ရှိသလို ခံစားရကာ ရှရှီချင်း လက်ကို ဖယ်ထုတ်လိုက်ပြီး ဖုန်းကို အိပ်ကပ်ထဲပြန်ထည့်လိုက်သည် ၊ အေးတိအေးစက်နိုင်စေရန် ဟန်ဆောင်ပန်ဆောင် စကားပြတ်ပြတ် အနည်းငယ်ကို ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်
" ဘာလုပ်လုပ် ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ "

"အို့~~~~"
ရှရှီချင်းက အသံကို ဆွဲ၍ ဆိုလိုက်ပြီး မတ်မတ်ပြန်ရပ်ကာ ပြင်ဆင်စားပွဲဆီလျှောက်သွားပြီး ရေခွက်ကို ချကာ စားပွဲကို လှည့်ကာ မှီထားလိုက်သည်
" မေ့သွားလို့ ငါတို့ ကျစ်ဟန်က အဲ့တာတွေ မအံ့ဩတော့ဘူးကိုနော့ ၊ ငါတို့မှာ အတွေ့အကြုံတွေရှိခဲ့ပြီပဲဟာ"

ဒီစကားဝိုင်းကို သူဖြတ်မှကျော်နိုင်ပါ့မလား ၊ ကျိုးကျစ်ဟန် ဤအမျိုးမကောင်း သားလေးအတွက်နဲ့ အချိန်တွေ ပေါပြီး ရပ်တည်ပေးခဲ့မိတာကို သေလောက်အောင် နောင်တရမိသည် ၊ စိတ်တိုစွာ ဦးထုတ်ကိုငိုက်ငိုင်ဆောင်းလိုက်ပြီး ရှရှီချင်းကို မမြင်ချင်ယောင်ဆောင်ကာ အပြုအမှုဖြင့် စကားပြောခြင်းကို ငြင်းဆန်လိုက်သည် ၊

မခေသော မျက်နှာထားနဲ့ ရှရှီချင်းတစ်ယောက် ပြင်ဆင်စားပွဲပေါ်မှ ပြန့်ကျဲနေသော မိတ်ကပ်ပစ္စည်းတွေကို တချက်ကြည့်လိုက်သည် ။

"ဟေ့ ငါမင်းကို မေးစရာရှိတယ်"

ကျိုးကျစ်ဟန်က စိတ်မရှည်စွာ မျက်မှောင်ကြုတ်ပြီး ဖြေသည်
"ဘာတုံးဗျ?"

ရှရှီချင်းက ကျိုးကျစ်ဟန်ထိုင်နေသော ခုံရဲ့ အောက်ခြေကို နင်းထားလိုက်ပြီး ကျိုးကျစ်ဟန် မျက်နှာရှေ့ အမဲရောင်ပါကင်ထုတ်နှင့် မိတ်ကပ်ပစ္စည်းတစ်စုံကို ပြပြီး လျှက်တပြက် အဖုံးကို ဖွင့်ကာ
" နာမည်ကျော်စတားကြီး မင်းက နေ့တိုင်း မိတ်ကပ်တွေလိမ်းနေရတာဆိုတော့ ဒီဟာရဲ့ ကာလာနံပါတ်ကို သိလား?"

သူ့လက်ထဲက မိတ်ကပ်ပစ္စည်းကို လှမ်းကြည့်လိုက်တော့ လေးထောင့်သဏ္ဍာန်ပေါင်ဒါမှုန့်လိုအရာမျိုးဖြစ်ပြီး အပန်းရောင်ရှိကာ ပါးနီနှင့်တူ၏ ၊ ကျိုးကျစ်ဟန်က ပြောစရာစကားမဲ့စွာ သူ့အားကြည့်လိုက်ပြီး
" ကျွန်တော်က ဘယ်လိုလုပ်ပြီးသိမှာလဲဗျ"

"မင်းမသိဘူးဆို ငါပြောပြမယ်"
ရှရှီချင်းက ထိုပါးနီမှုန့်ကို လက်ချောင်းနှင့် သုတ်လိမ်းယူပြီး ကျိုးကျစ်ဟန်၏ နားရွက်နားဆီ ငုံ့ကိုင်းလာကာ ဦးထုတ်ကို ဖယ်ရှားပစ်လိုက်ပြီး ထို ပါးနီပေနေသော လက်ဖြင့် ကျိုးကျစ်ဟန်၏ နားသည်စပ်အား ဖိညစ်လိုက်သည် ။

သူ့အသံမှာ အသက်ရှုသံနွေးနွေးလေးရယ်နှင့် အပြုံးမှာကား သိမ်ဖျင်းစွာ ပြုံးလျှက်ရှိကာ အပန်းရောင်ပါးနီအား ကျိုးကျစ်ဟန်၏ နားရွက်နားသည်စပ်ကို ဖွဖွလေး ငြင်သာစွာ သုတ်လိမ်းပစ်လေသည် ။

ကျန်တဖက်ကလည်း ကျိုးကျစ်ဟန်၏ ခါးပတ်ကို ဗြောင်တင်းစွာ ဆွဲကိုင်လာသည် ။

"Blowjob တဲ့"
(T/N- အမှန်တော့လေ ဒီမှာ တွင်းနက်နက်Deepthroat လို့ ရေးထားတာပါ BJလုပ်ရင် ဘယ်နေရာရဲ့တွင်းကနက်ဖို့လိုလည်း သိတယ်ဟုတ်)

ကျိုးကျစ်ဟန်၏ နှလုံးခုန်သံမှာလည်း တစက္ကန့်မျှ ရပ်တန့်သွားခဲ့သည် ၊ သူသဘောပေါက်လာတဲ့အခါ သူ့ခန္တာကိုယ် တစ်ခုလုံး အပူနှင့်လောင်ကျွမ်းတက်လာတော့သည်။ သူ ရှရှီချင်းအား တွန်းထုတ်လိုက်ပေမဲ့လည်း ထို မိုက်မဲလှသော ကျူးလွန်သူမှာ စားပွဲကို မှီ၍ ပျော်ရွှင်စွာ ရယ်နေတော့သည် ။

"ငါ့မှာ မင်းကို မကြူးဘဲမနေနိုင်ဘူး ကလေးလေးရာ"
ဒေါသမိုးထိထောင်တက်နေပါသော ကျိုးကျစ်ဟန်အား ကြည့်ပြီး ရှရှီချင်းမှာ ကျေနပ်စွာ ရေကို တငုံသောက်လိုက်ပြီး အပြုံးနှင့်ပိုက်ကို ပါးစပ်မှာ ကိုက်ထားကာ
" ဒါ ခုနက ငါ့ကို နိုးတဲ့အတွက် အပြစ်ပေးတာ"

"အကျိုးအကြောင်းစီလျော်အောင် တည်တည်ငြိမ်ငြိမ်နေထိုင်လို့မရဘူးလား ခင်ဗျားက"
ကျိုးကျစ်ဟန်စိတ်ဆိုးစွာ စားပွဲ၏ ခုံအောက်တန်းပေါ် ခြေထောက်တင်လိုက်ပြီး ပြောသည်။

ရှရှီချင်းက မျက်ခုံးပင့်လိုက်ပြီး
"အကျိုးဆိုတာဘာလဲ ? ငါက အကြောင်းပဲလေ"
ပြောပြီးနောက် သူ့ဘေးက ကျိုးကျစ်ဟန်ခြေထောက်ကို တချက်ကြည့်လိုက်သည် ၊ သူချဉ်းကပ်မယ်လုပ်တော့ ကျိုးကျစ်ဟန်ကြိုသိပြီး ခြေထောက်ကို နောက်ဆုတ်လိုက်သည်။

"ကြောက်နေလိုက်တာများ"
ရှရှီချင်းက ရီလိုက်သည်
" ဝေ့ မင်း တခြားမိတ်ကပ်ပစ္စည်းအကြောင်းလည်း သိချင်ရင် ကိုယ် ပြောပြပေးနိုင်တယ်နော်"

ကျိုးကျစ်ဟန် ခုံမှထပြီး နားကို လက်နှစ်ဖက်နှင့်ပိတ်ကာ ထသွားတော့သည် ။

ထိုလူ၏နောက်ကျောကို ကြည့်ပြီး ရှရှီချင်းမှာ မနေနိုင်စွာ အော်ရီတော့သည် ။

ဘာလေးလဲဟ။

သောက်ရမ်း ချစ်ဖို့ကောင်းတယ်

ဒုတိယအကြိမ် ရိုက်ကူးမှုမှာ ပြန်လည်စတင်လာပြီး ဝန်ထမ်းအားလုံးမှာလည်း အဆင်သင့်ဖြစ်နေကြပြီဖြစ်သည် ၊ အကုန်ပြင်ဆင်ပြီးသွားသော ရှရှီချင်းက စတူဒီယိုထဲသို့ လျှောက်လာခဲ့သည် ၊ အထဲက အပြင်အဆင်တော့ မပြောင်းလဲထားဘဲ နဂို အနက်ရောင်နောက်ခံနှင့် ခုံမှာ ဤအတိုင်းသာရှိ၏။

"ဒုတိယအကြိမ် မျက်နှာဖုံးစာအတွက် ငါတို့ စဉ်းစားပုံလေးတွေပြောင်းလဲလိုက်ကြရအောင် ၊ ရှီချင်းက နဂိုအတိုင်း ခုံမှာထိုင်လိုက် ဒီတခါ ခပ်မိုက်မိုက်‌လေး"
လင်းမိုက ရှရှီချင်းအား နဂိုဝိုင်နီရောင် လက်တင်ပါနောက်မှီနှင့် ခုံပေါ်တွင် ထိုင်စေကာ သူ့ကော်လံကို ဖြန့်ပေးရင်း နူးညံ့စွာ ပြောသည် ။

"နည်းနည်း ရင်ထဲထိသွားတယ်"

ခြေထောက်ကို ချိတ်ကာ ထိုင်နေသော ရှရှီချင်းက သူ့အား မထီမဲ့မြင်သလို ကြည့်ကာ ပါးစပ်အတွင်းအ‌ ပေါ်နံရံ၌ လျှာထိပ်က ကပ်နေကာ သည်းမခံနိုင်စွာ သွားတန်းတစ်လျှောက် ကပ်ကာ ရွေ့ဆင်းနေသည်

စတိုင်လစ်ဆီမှ ဆံပင်နှင့် ဦးထုတ် ပြင်ဆင်ညှိပေးခြင်းလုပ်နေသော ကျိုးကျစ်ဟန် မှာ ရှရှီချင်း၏ မျက်နှာထားကို မမြင်နိုင်ဘဲ လင်းမိုက ရှရှီချင်းဆီ ငုံ့ကိုင်းနေတာကိုပဲ အဝေးမှမြင်ရသည်။

"ကျစ်ဟန် ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ အမ ဆံပင်ဆွဲမိလို့လား?"

ကျိုးကျစ်ဟန်လည်း အသိစိတ်ပြန်ဝင်လာကာ
" ‌အား မဟုတ်ဘူး အဲ့လို မဟုတ်ရပါဘူး"

မိတ်ကပ်ပြင်စတိုင်လစ်က လျှောက်လာကာ
"ကျစ်ဟန် လင်းမို မင်းနှုတ်ခမ်းထောင့်နားမှာ ဒဏ်ရာ နည်းနည်း ချယ်ရမယ်လို့ပြောတယ်"

တဖန်ရိုက်ကူးခြင်းမှာ စတင်လာခဲ့သည် ၊ ယခင်ပုံနှင့် ကွာခြားစွယ ရှရှီချင်းသည် ခုံမှာ ခြေချိတ်ကာ ထိုင်နေပြီး ညာဖက်လက် တံတောင်ဆစ်ကို ခုံ၏ လက်တင်အစွန်းနေရာမှာ တင်ထားပြီး မေးစေ့ကို နည်းနည်း မြင့်ကာ လက်ဖမိုးပေါ်မှာ တင်ထားသည် ၊ အမူအရာအနေအထားမှာ ပျင်းရိပုံပေါ်ပြီး မျက်လုံးမှာလည်း မထီမဲ့မြင် ပုံစံရှိသည်။

ကြမ်းမှာထိုင်နေသော ကျိုးကျစ်ဟန်မှာ ဘယ်ခြေကို ကွေးပြီး ညာခြေကို ဆန့်ကာ ခုံကို မှီထားပြီးခေါင်းမှာ အမဲဦးထုတ်ကို အနည်းငယ် ပင့်တင်ထားသည် ၊ နှုတ်ခမ်းထောင့်မှ ဒဏ်ရာမှာ သွေးမှာဆို့နေပြီး မျက်လုံးအကြည့်မှာ မထီမဲ့မြင်ပုံစံရှိသည် ။

ယခင်ရိုက်ကူးမှုနှင့် အကြီးမားဆုံးကွာခြားချက်သည် ကျိုးကျစ်ဟန်၏ လည်ပင်းတွင် အနက်ရောက် လည်ပတ်ကို ပတ်ထားပြီး ထိုသံလည်ပတ်မှာ လည်ပင်းကို ခိုင်ခိုင်မာမာပတ်ထားကာ လည်ပတ်၏ တဖက်အနားစကို ခုံမှာထိုင်နေသော ရှရှီချင်းက ကိုင်ထားသည် ၊ သခင်က သူ့ခွေးကို ဆွဲထားသကဲ့သို့....

လူသတ်သမားနှင့် နစ်နာသူ ၊ ထောင်သားနှင့် ကျူးလွန်သူ ။

အမဲနှင့်အဖြူမှာ ပြောင်းလဲ ချိန်းသွားပြီး အခြေအနေကလည်း ပြောင်းလဲသွားသည်။

The Author has something to say;
ငါလည်း အဲ့ဒီ တွင်းနက်နက်ကို ကြည့်ချင်ပါတယ်လို့ (Deepthroat)

ရှရှီချင်းရေ.. မင်းဒီလိုသာ ပြုမှုနေမယ်ဆိုရင် မင်းအိမ်က မြေခွေးလေးကတော့ တရက် ပြန်တိုက်ခိုက်လာပါလိမ့်မယ်နော် ( စိတ်အား ထက်သန်စွာပြောပြခြင်းဖြစ်)

(T/N- ဖတ်ပြီး စောင်ကိုက်နိုင်ကြပါစေ

××××××××××××

{လက္တုန္႔ျပန္ျခင္း}

မဂၢဇင္းရဲ႕ အတြင္းေကာအျပင္ေကာ မ်က္ႏွာဖုံးအတြက္ပါ ႐ိုက္တာ အားလုံး ေလးနာရီနီးပါး ၾကာျမင့္ခဲ့၏ ၊ ကံေကာင္းစြာပဲ ရလဒ္မွာ ထင္ထားတာထက္ အမ်ားႀကီး ေကာင္းမြန္ေနေသာေၾကာင့္ အားလုံးမွာ ပင္ပန္းမႈအစား ေက်နပ္မႈ ရၾကသည္။

"ဒီတေခါက္ မဂၢဇင္းအတြက္ ေနာက္တေခါက္ျပန္႐ိုက္ရတယ္ဆိုတာ ႐ွိမွာမဟုတ္ဘူး"
က်ိဳးက်စ္ဟန္ေဘးမွာထိုင္ေနတဲ့ ဒါ႐ိုက္တာက ေျပာသည္
"ဖလင္က အရမ္းေကာင္းလြန္းလို႔ တႏွစ္စာ မ်က္ႏွာဖုံးအျဖစ္ေတာင္ ေ႐ြးခ်ယ္ခံရႏိုင္တယ္"

က်ိဳးက်စ္ဟန္က ျပဳံးလိုက္ၿပီး ဘာမွ‌မေျပာေပ။

"ငါၾကည့္တာ မင္းတို႔ႏွစ္ေယာက္ အျပင္မွာ စကားသိပ္မေျပာျဖစ္ၾကဘူးထင္တယ္"
ဒါ႐ိုက္တာက စိတ္ဝင္စားဖြယ္႐ွိေနၿပီး
" အင္တာနက္ေပၚက အတင္းအဖ်င္းေတြက အတုေတြပဲျဖစ္မယ္"

က်ိဳးက်စ္ဟန္က ဆိုဖာမွာမွီၿပီး အိပ္‌ေပ်ာေနေသာ ႐ွ႐ွီခ်င္းဆီတခ်က္ၾကည့္လိုက္သည္
" အမွန္ေတာ့ ကြၽန္ေတာ္တို႔ 'Escape from The Sky 'ၿပီးေနာက္ ပထမဆုံးေတြ႕ျဖစ္တာပါ ကြၽန္ေတာ္တို႔ အဲ့ေလာက္ မရင္းႏွီးၾကေသးပါဘူး "

ေျပာၿပီးေနာက္ က်ိဳးက်စ္ဟန္မွာ သူ႕စကားမ်ားသည္ ယုံႏိုင္ဖြယ္မ႐ွိေၾကာင္းေတာ့ ခံစားလိုက္မိပါသည္။

သူတို႔နမ္းေတာင္နမ္းခဲ့ၿပီးၾကၿပီျဖစ္၏ သို႔ေသာ္ သူတို႔ၾကားက ဆက္ဆံေရးကို ေဖာ္ျပႏိုင္မဲ့ စကားလုံးကို သူမ႐ွာေတြ႕ႏိုင္ခဲ့ေခ် ၊ ထူးဆန္းေပမဲ့‌လို႔ေပါ့။

"ငါၾကားတာ ေ႐ွာင္႐ွက မင္းဖန္ဆို ၊ သူဆြဲေပးတဲ့မင္းရဲ႕ပန္းခ်ီေတြ ငါေတြ႕ဖူးသလိုပဲ "
ဒါ႐ိုက္တာက Weibo စာမ်က္ႏွာေပၚ လွန္ေလွာ္ၾကည့္ရင္း
"မေန႔က ငါေတြ႕လိုက္တာ....ေအာ္...ဒီဟာ"

ဒါေပမဲ့ သူႏွိပ္လိုက္ခ်င္းခ်င္း တစ္ခုခုလြဲေနတာကို သိသြားၿပီး
" ေနပါအုံး အယ္..ဒါက ႐ွန္းစစ္ယြဲ႕ရဲ႕ ပန္းခ်ီပုံပဲ ..အိုး.. ငါမွားတာ"

ဒါ႐ိုက္တာက နည္းနည္း ႐ွက္သြားၿပီး ဖုန္းကို အိတ္ကပ္ထဲျပန္ထည့္လိုက္သည္။

"ရပါတယ္ ဘာမွမျဖစ္ပါဘူး"
က်ိဴက်စ္ဟန္ စိတ္အေျခအေနမေကာင္းေတာ့ေပမဲ့လည္း သူ႕မ်က္ႏွာမွ တည္ၾကည္မႈကိုေတာ့ ေကာင္းမြန္စြာထိန္းထားဆဲျဖစ္၏ ၊

"သူ႕ Weibo ထဲကို ဝင္ၾကည့္လိုက္ေလ ၊ တစ္wallလုံး ကြၽန္ေတာ့ပုံေတြ အျပည့္ပါပဲဗ်"

ေျပာၿပီးေနာက္ က်ိဳးက်စ္ဟန္ေနာင္တရသြားခဲ့မိသည္ ၊ သူ႕အျပဳအမႈက မသိရင္ သူ႕ရဲ႕ ပိုက္နက္အျဖစ္ ျပန္ေခ်ပ ဝင့္ႂကြားေနတာနဲ႔ တူလွသည္ ။

ၿပီးေတာ့လည္း သူ႕Weiboထဲ ဝင္လိုက္တာနဲ႔ သူLikeလုပ္ထားေသာ CP Pageကို တန္းေနေအာင္ ျမင္ရႏိုင္သည္။

ေတြးေလေလ သူ စိတ္အေျခအေနမေကာင္းလာေလေလပင္ျဖစ္၏

"ပန္းခ်ီကအရမ္းမိုက္တယ္ လွလည္းလွတယ္လို႔ ေျပာၾကတယ္"
ဒါ႐ိုက္တာက သေဘာက်စြာ ေခါင္းတဆတ္ဆတ္ၿငိမ့္ေနၿပီး
" အကယ္ဒမီေက်ာင္းထြက္‌ေတြရဲ႕လက္ရာက တကယ္ကြာတာပဲ"

မဂၢဇင္းအင္တာဗ်ဴးအတြက္ ေနရာသတ္မွတ္ၿပီးကာ ‌ေ႐ွာင္ေလာ့က သူ႐ွိရာဆီေလွ်ာက္လာသည္။

"က်စ္ဟန္ အင္တာဗ်ဴးက ခဏေနစေတာ့မွာ ၊ မိတ္ကပ္ေတြဘာေတြ ထပ္လုပ္ဖို႔လိုေသးလား?"

"မလိုေတာ့ဘူး "
က်ိဳးက်စ္ဟန္က ေခါင္းကို တဖက္သို႔လွည့္လိုက္ရာ တဖက္ဆိုဖာမွာ အိပ္ေပ်ာ္ေနေသာ ႐ွ႐ွီခ်င္းကိုေတြ႕လိုက္သည္ ၊ က်ံဳ႕က်ံဳ႕ေလး႐ွိေနၿပီး မ်က္ႏွာတစ္ခုလုံးက ဆံပင္နဲ႔အုပ္ေနလ်က္႐ွိကာ က်ိဳးက်စ္ဟန္တစ္ေယာက္ ခဏမွ် တြန္႔ဆုတ္သြားၿပီးေနာက္ ေ႐ွာင္ေလာ့အား တိုးတိုးေလးေျပာလိုက္သည္။

" သူ႕ကို သြားႏိုးလိုက္အုံး"

ေ႐ွာင္ေလာ့က 'အို႔'ဟုအသံေပးကာ ေလွ်ာက္သြားၿပီး ႐ွ႐ွီခ်င္းရဲ႕ ပုခုံးကို ဖြဖြပုတ္လိုက္သည္ ၊ အိပ္ခ်င္ေနေသာ ႐ွ႐ွီခ်င္းက မ်က္ေမွာင္ၾကဳတ္လာ၏ ၊ အႏိုးခံလိုက္ရေတာ့ သူေဒါသအလြန္ထြက္ေနသည္ ၊ဆိုဖာအမွီဖက္ကို မ်က္ႏွာလွည့္သြားၿပီး ကူ႐ွင္ေပၚေခါင္းျမဳပ္ကာ ေ႐ွာင္ေလာ့ကို ေက်ာေပးၿပီး ျပန္ေကြးသြားသည္ ၊ သူ႕မွာလုံးဝထဖို႔ ဆႏၵမ႐ွိသလိုမ်ိဳးပင္။

"...႐ွီခ်င္း?"

႐ွ႐ွီခ်င္းမွာအလြန္အိပ္ေရးပ်က္ေနခဲ့တာျဖစ္၏ ၊ၿပီးခဲ့ေသာညကလည္း သူ႕မွာေကာင္းေကာင္းအိပ္မေပ်ာ္ႏိုင္ခဲ့တာျဖစ္သည္ ၊ မဂၢဇင္းဓာတ္ပုံ႐ိုက္ျခင္းက သူ႕ရဲ႕မ႐ွိမဲ့႐ွိမဲ့စြမ္းအင္ေတြကို အကုန္စုပ္ယူပစ္လိုက္သည္၊ နားေနတဲ့အခ်ိန္မွာ ဆိုဖာမွာလွဲေနရင္း အိပ္ေပ်ာ္သြားခဲ့တာျဖစ္သည္ ၊

"က်စ္ဟန္"

ေ႐ွာင္ေလာ့က ျပန္လွည့္လာကာ က်ိဳးက်စ္ဟန္အား အကူအညီေတာင္းခံေလသည္။
" ႐ွီခ်င္းက ႏိုးလာမဲ့ပုံမေပၚဘူး"

ဆိုဖာေပၚမွာကုတ္တြယ္ကာေကြးေနေသာ ႐ွ႐ွီခ်င္းအား တခ်က္ၾကည့္လိုက္ၿပီး က်ိဳးက်စ္ဟန္ သက္ျပင္းခ်လိုက္ကာ

" မင္းသြားၿပီး ငါ့အတြက္ မိတ္ကပ္ဆရာအရင္ေခၚလာခဲ့ ၊ ငါ့မိတ္ကပ္နည္းနည္း ျပန္လုပ္ဖို႔လိုမယ္ထင္တယ္ "

ေ႐ွာင္ေလာ့သြားမယ္လုပ္ေတာ့ က်ိဳးက်စ္ဟန္ထပ္ေျပာလိုက္သည္
" ဒါနဲ႔ ငါ့အတြက္ ေရတခြက္ပါယူလာေပးပါလား ေက်းဇူး "

ေ႐ွာင္ေလာ့ထြက္သြားတဲ့အခါ က်ိဳးက်စ္ဟန္က ႐ွ႐ွီခ်င္းအိပ္ေနေသာ ဆိုဖာရဲ႕ေဘးမွာ ထိုင္ခ်လိုက္ၿပီး သူ႕ပုခုံးဆီသို႔ ထိလိုက္သည္။
" ေဟး ထေတာ့"

ဆိုဖာကူ႐ွင္မွာေခါင္းျမဳပ္ထားေသာ ႐ွ႐ွီခ်င္းက စိတ္မၾကည္စြာ ႏွာသံကိုသာေပးခဲ့သည္ ၊ ပုခုံးကိုျပန္ေ႐ြ႕သြားၿပီး ပူးေပါင္းရန္ျပင္းျပင္းထန္ထန္ျငင္းဆန္ကာ သူ႕ဘာသူ အဆင္ေျပသလို ျပန္အိပ္သြားေလ၏

နည္းလမ္းမ႐ွိေတာ့ေပ ၊ က်ိဳးက်စ္ဟန္ေ႐ြးခ်ယ္စရာမ႐ွိ သူ႕လက္ေမာင္းတစ္ဖက္ကိုကိုင္ကာ အတင္းအၾကပ္ဆြဲထေတာ့သည္ ၊ သူ႕အား အနည္းငယ္ဆြဲလိုက္တာနဲ႔ မ်က္လုံး တဝက္ပိတ္ကာ မ်က္ေမွာင္ၾကဳတ္ထားေသာ ႐ွ႐ွီခ်င္းက သူ႕အား အသံၿငိမ္ၿငိမ္ေလးႏွင့္ ဆဲလာသည္ ။

" ငါ -ီးလိုပဲ ေသာက္ရမ္း စိတ္ေပါက္လာၿပီ"

လက္ဆန္႔ထုတ္ကာ က်ိဳးက်စ္ဟန္အား တြန္းထုတ္လိုက္ေပမဲ့ က်ိဳးက်စ္ဟန္က သူ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္သည္ ၊ ထိုသို႔ႏွင့္ ႐ွ႐ွီခ်င္းမွာ အိပ္တဝက္ႏိုးတဝက္အေျခအေနျဖစ္သာ ခက္ခဲစြာ ေတာင့္ခံေနခဲ့ရေတာ့သည္။

"ခဗ်ား ပ်င္းေနရင္ေတာင္ ထမွရမယ္ေလ"
က်ိဳးက်စ္ဟန္ သူ႕အားဆြဲၿပီး ထထိုင္ခိုင္းသည္ ၊
မ်က္ႏွာမွာဆံပင္ေတြနဲ႔ ဖုံးကြယ္ေနေသာ ႐ွ႐ွီခ်င္းသည္ အသက္ကို ေလ်ာ့ေလ်ာ့ေလးသာ ႐ႈထုတ္ေနၿပီး ကူ႐ွင္ေပၚကို တ‌ေတာင္ဆစ္ေထာက္ထားကာ လက္ဖဝါးျပင္ျဖဴျဖဴႏွင့္ ငိုက္က်ေနေသာ ေခါင္းကို ေထာက္ကာ ထားသည္ ။

သူဘာလို႔ အဆင္မေျပသလိုျဖစ္ေနတာပါလိမ့္

"ေခါင္းကိုက္ေနတာလား...?"

က်ိဳးက်စ္ဟန္က သူ႕ဆံပင္ေတြကို ျပင္ေပးဖို႔ လက္ေရာက္သြားေပမဲ့ ႐ွ႐ွီခ်င္းက မ်က္ေမွာင္ၾကဳတ္ကာေ႐ွာင္လိုက္၏

လုပ္ေနတဲ့ပုံက စိတ္ႀကီးတဲ့ ေၾကာင္တစ္ေကာင္ႏွင့္တကယ္တူတာပဲ
က်ိဳးက်စ္ဟန္က ‌သူ႕ဘာသူေတြးလိုက္သည္။

အလြန္ ပင္ပန္းလြန္းလွပါသည္ ၊ ႐ွ႐ွီခ်င္း စကားတစ္လုံးတေလပင္ ေျပာမေနခ်င္၊ အိပ္တဝက္ႏိုးတဝက္အေျခအေန‌တြင္သူ႐ွိေနၿပီး ခႏၡာကိုယ္ကလည္း ေလးလံကာ ေလေပၚေမွ်ာေနသလိုခံစားရသည္ ၊ ေနာက္တစကၠန္႔ေနရင္ ေအာက္ကေခ်ာက္အနက္ႀကီးထဲျပဳတ္က်သြားေတာ့မည္ကဲ့သို႔ခံစားရသည္ ။

က်ိဳးက်စ္ဟန္၏ အသံကလည္း ေကာင္းကင္ေပၚမွလာေနသလိုလို ေဝးသထက္ေဝးေဝးသြားသည္။

အိပ္ခ်င္လွပါ၏

"ခင္ဗ်ားကကြၽန္ေတာ္ထက္ပိုပင္ပန္း........"
က်ိဳးက်စ္ဟန္စကားေျပာေနတဲ့အလယ္မွာ သူ ထူထားေပးေသာ ႐ွ႐ွီခ်င္းက သမင္ေခြထိုင္လ်က္ က်ိဳးက်စ္ဟန္၏ ရင္ခြင္ထဲသို႔ လဲက်ကာ ျပန္အိပ္ေပ်ာ္သြားေတာ့သည္ ။

"မယ္လို႔ထင္ေနလား......."
မဆုံးသြားေသာ စကားကို မသိလိုက္စြာပဲ အဆုံးသတ္ေျပာလိုက္သည္ ၊ လဲက်လာေသာ ႐ွ႐ွီခ်င္းကို က်ိဳးက်စ္ဟန္လည္း သဘာဝက်စြာ လက္ေမာင္းေတြၾကားထဲေပြ႕ထားလိုက္မိသည္။

သူ႕ေခါင္းက ရင္ဘတ္ေပၚတြင္မွီေနၿပီး သူ႕ဆံပင္ေျပလိပ္လိပ္ေလး‌ေတြကလည္း ႏူးညံ့ကာ ထိလို႔ အလြန္ေကာင္းမဲ့ပုံေပၚသည္။

ဆူညံ့လြန္းလွေသာ စတူဒီယိုထဲတြင္ လူတိုင္းက လ်င္လ်င္ျမန္ျမန္ထိတ္ထိတ္ျပာျပာႏွင့္ ဟိုဟိုဒီဒီေလွ်ာက္လွမ္းေနၾကကာ အသံအမ်ိဳးေပါင္းစုံမွာ လူတို႔၏နားထဲတြင္ျပည့္ႏွက္လို႔ေနပါသည္ ၊ ထူးဆန္းအံ့‌ဩဖြယ္ေကာင္းသည္မွာ က်ိဳးက်စ္ဟန္အတြက္မူ ႐ွ႐ွီခ်င္း၏ ပင္ပန္းႏြမ္းနယ္စြာ ျဖည္းျဖည္းခ်င္း ႐ႈသြင္း႐ႈထုတ္ေနသည့္ အသံ႐ႈသံတစ္ခုတည္းကိုသာ ၾကားေနရသည္ ၊

သူ႕ရဲ႕ ႏွလုံးခုန္သံကိုေရာေပါ့။

ဒီမွာဘာေတြျဖစ္ကုန္တာလဲ

"က်စ္ဟန္"

မသိစိတ္စိတ္ကူးယဥ္မႈေလးမွာ ေႏွာင့္ယွက္ျခင္းခံလိုက္ရၿပီး က်ိဳးက်စ္ဟန္မွာ ႐ွ႐ွီခ်င္းအား ခ်က္ခ်င္း တခ်က္တည္းႏွင့္ျပန္တြန္းတင္လိုက္သည္ ၊ လႈပ္႐ွားမႈအကြက္မွာလည္း အလြန္မွျမန္၏ ၊ ႐ွ႐ွီခ်င္းလည္း ႐ုတ္တရက္ႏိုးလာကာ မေက်နပ္ျခင္းမ်ားစြာႏွင့္ မ်က္လုံးဖြင့္လာသည္။

က်ိဳးက်စ္ဟန္က ေခ်ာင္းဆိုးလိုက္ၿပီး အစီအစဥ္မက်စြာ ထရပ္ကာ ေ႐ွာင္ေလာ့အေနာက္မွ မိတ္ကပ္ဆရာကိုေျပာလိုက္သည္။

"ဟိုဟာ သူအခုနအိပ္ေပ်ာ္သြားလို႔ အဲ့တာ သူ႕မိတ္ကပ္ေတြျပင္ဖို႔ လိုရင္လိုေလာက္မွာ‌မို႔ ကူညီေပးပါအုံး"

လက္တြင္ေကာ္ဖီခြက္ကိုင္ထားေသာ ေ႐ွာင္ေလာ့က ထိုခြက္အား ကိုင္ရသည္မွာ ေၾကာက္လန္႔ေနကာ ေနာက္လက္တစ္ဖက္ႏွင့္လည္း ကူကိုင္ထားသည္ ၊ (T/N-ပူလို႔)

"က်စ္ဟန္ ဒီမွာ "

က်ိဳးက်စ္ဟန္က ေကာ္ဖီရဲ႕အနံကို ရတာနဲ႔ မ်က္ေမွာက္ၾကဳတ္ၿပီး ေ႐ွာင္ေလာ့အား မေက်နပ္စြာ ေျပာသည္
" ငါက ေကာ္ဖီယူလာခိုင္းလို႔လား"

"မင္း ေရယူလာခိုင္းတာေလ ၊ ဟိုနားမွာေကာ္ဖီစက္ေတြ႕လို႔ မင္းအတြက္ယူလာေပးတာ ၊ ပူတုန္းျမန္ျမန္ေသာက္လိုက္"

ေ႐ွာင္ေလာ့မွာ သူ႕၏ပါးနပ္မႈအတြက္ သူ႕ကိုယ္သူဂုဏ္ယူေနေသာ မ်က္ႏွာထားႏွင့္႐ွိေန၏

က်ိဳးက်စ္ဟန္ အသက္ကိုသာ ပင့္႐ႈလိုက္ၿပီး ေကာ္ဖီခြက္ကိုယူလိုက္သည္၊ မူလက သူ႕အေတြးမွာ ႐ွ႐ွီခ်င္းႏိုးလာတဲ့အခါ ေရနည္းနည္းေလာက္ေသာက္လိုက္ေစရန္အတြက္သာျဖစ္သည္ ၊ သို႔ေသာ္ ေ႐ွာင္ေလာ့က သူ႕သေဘာႏွင့္သူ ေကာ္ဖီေဖ်ာ္ယူလာပလိုက္သည္ ၊ နာရီကိုၾကည့္လိုက္ေတာ့ ၁၀နာရီပင္ထိုးေတာ့မည္၊ ဒီေကာ္ဖီေသာက္ၿပီးရင္ အိပ္လို႔ေကာရႏိုင္ေသးပါ့မလား?

"က်စ္ဟန္ မေသာက္ဘူးလား?"

ေ႐ွာင္ေလာ့၏ ပေဟဋိျဖစ္ေနေသာ မ်က္ႏွာထားကို ျမင္ေတာ့ က်ိဳးက်စ္ဟန္လည္း ‌ေ႐ြးခ်ယ္စရာမ႐ွိ ထိုေကာ္ဖီကို ေသာက္လိုက္ရသည္ ၊ေသာက္ၿပီးေတာ့ မ်က္ေမွာင္ၾကဳတ္ကာ ခြက္အား ေ႐ွာင္ေလာ့ဆီျပန္ကမ္းေပးလိုက္သည္

"အရမ္းခါးတယ္ ၊ ေရတခြက္ေလာက္မ်ားရႏိုင္ရင္ ႐ိုး႐ိုးေရတခြက္ေလာက္ယူလာေပးအုံး"

"အို႔"
ေ႐ွာင္ေလာ့က ေၾကာင္ေတာင္ေတာင္မ်က္ႏွာျဖင့္ ခြက္ကိုယူကာ ျပန္လွည့္သြားေလသည္ ၊ က်ိဳးက်စ္ဟန္ေခါင္းလွည့္ၾကည့္လိုက္ေတာ့ မ်က္လုံးမွိတ္ကာ ဆိုဖာမွာ ေခါင္းမွီၿပီး လွဲေနေသာ ႐ွ႐ွီခ်င္းအား ေတြ႕လိုက္ရသည္၊ သူ႕ဆံပင္ႏွင့္မိတ္ကပ္အတြက္ မိတ္ကပ္ဆရာအား သေဘာက်လုပ္ခြင့္ေပးထားသည္ ။

"႐ွီခ်င္းက အသားအရည္အရမ္းေကာင္းတာပဲ ၊ ဒီေလာက္ အခ်ိန္ေနာက္က်တဲ့အထိ ေနေနရတာေတာင္ ဘာလို႔ အဲ့ေလာက္ေကာင္းႏိုင္ရတာလဲ "

႐ွ႐ွီခ်င္းက မ်က္လုံးမွိတ္ထားၿပီး ပင္ပန္းႏြမ္းနယ္စြာ ျပဳံးျပသည္
" တကယ္လား? ေတာ္ေသးတာေပါ့"

"က်စ္ဟန္အသားအရည္လည္း အရမ္းေကာင္းတယ္"
သူမအေနာက္မွာရပ္ေနေသာ က်ိဳးက်စ္ဟန္ဆီလွည့္ၾကည့္လိုက္ၿပီး
"က်စ္ဟန္ကက် ငယ္ငယ္ကတည္းက ေကာင္းတာမွန္းခံစားမိတယ္ ၊ ငါမွတ္မိေသးတယ္ မင္းငယ္ငယ္က လူေတြကေျပာၾကတာ မင္းက ခ်ဴခ်ဴခ်ာခ်ာနဲ႔ ႀကီးလာမွာလို႔ေလ ဟားဟားဟား ဘယ္သူသိမွာလဲ မင္းက ႀကီးလာေလေလ ပိုပိုၿပီးခန္႔ေခ်ာႀကီးျဖစ္လာမယ္လို႔ေလ"

ဆိုဖာမွာမွီေနေသာ ႐ွ႐ွီခ်င္းက ေခါင္းေထာင္လာၿပီးတဖက္နားမွာ ရပ္ေနေသာ ‌က်ိဳးက်စ္ဟန္ကို မ်က္လုံးဖြင့္ၾကည့္လိုက္သည္ ၊ ေစာေစာက အိပ္ရဖို႔အေရး သူႏွင့္ရန္ျဖစ္ေနရသည္ကို ေတြးမိၿပီး ဆိုဖာမွ ကူ႐ွင္ငယ္ေလးကို ေကာက္ကာ က်ိဳးက်စ္ဟန္ဆီပစ္ေပါက္လိုက္သည္။

ကေလးဆန္ခ်က္ကေတာ့၊

က်ိဳးက်စ္ဟန္က တခ်က္တည္းနဲ႔ဖမ္းလိုက္ၿပီး ေခါင္းဆတ္ျပကာ အၾကည့္တခ်က္ေပးလိုက္သည္ ၊ ဘာလုပ္တာလည္းလို႔ ေမးတဲ့ပုံစံမ်ိဳးျဖင့္။

႐ွ႐ွီခ်င္းက မ်က္ခုံးကို ေဒါသထြက္စြာပင့္ျပၿပီး မ်က္လုံးကိုတဖက္သို႔ လိမ့္လိုက္သည္ ၊

"မင္းတို႔ႏွစ္ေယာက္ ဆက္ဆံေရးေကာင္းၾကတာပဲ"
မိတ္ကပ္ျပင္ဆရာမက ျပဳံးကာ
"ငါၾကားတာ ႐ွီခ်င္းက က်စ္ဟန္ရဲ႕ အႀကီးစားဖန္ဆို ၊ သူကေလးဘဝကတည္းက ႀကိဳက္တာပဲျဖစ္ရမယ္ ဟုတ္တယ္မလား?"

"မဟုတ္ပါဘူး"
႐ွ႐ွီခ်င္းက ရီလိုက္ၿပီး မ်က္လုံးေတြလည္း လွပေသာ လျခမ္းပုံေလးလို ထပ္ၿပီးေကြးသြားျပန္သည္
" သူငယ္ငယ္တုံးက ဘယ္လိုမ်ိဳးသ႐ုပ္ေဆာင္ထားလဲ တခါမွ မျမင္ဖူးဘူး ၊ ငယ္ငယ္က ဘယ္လိုပုံစံ႐ွိမွန္းေတာင္ ကြၽန္ေတာ္မျမင္ဖူးဘူး "

ထိစမ္း အဲ့မွာ ။

႐ွ႐ွီခ်င္းတစ္ေယာက္ ႏႈတ္ခမ္းေထာင့္ေလးေတြက ပင့္တက္သြားသည္ ။

႐ုတ္တရက္သူပစ္လိုက္ေသာ ေခါင္းအုံးက သူ႕ဆီျပန္ပစ္ဝင္လာသည္ ၊ ႐ွ႐ွီခ်င္းက အလ်င္အျမန္ဖမ္းလိုက္ၿပီး ရင္ဘတ္ေပၚမွာ လက္နဲ႔ ဖိပိုက္ထားလိုက္သည္ ၊ တေနရာမွ က်ိဳးက်စ္ဟန္က တခ်က္ၾကည့္ၿပီး ေဘာင္းဘီအိပ္ကပ္ထဲ လက္ထည့္ကာ မေပ်ာ္႐ႊင္ေနေသာ မ်က္ႏွာျဖင့္ တဖက္လွည့္ကာ တျခားေနရာသို႔ ေလွ်ာက္သြားေတာ့သည္ ။

မ်က္ႏွာကို ပစ္ထည့္တာေတာ့ အရမ္းမ်ားသြားၿပီ ၊႐ွ႐ွီခ်င္းျပဳံးလ်က္ ကူ႐ွင္ကို ေဘးခ်ကာ လက္နဲ႔ ႏွစ္ခ်က္ပုတ္လိုက္ၿပီး မတ္တပ္ထ အေၾကာဆန္႔လိုက္သည္။

အင္တာဗ်ဴးမစမွီ တည္းျဖတ္ေရးမႉးက သူတို႔အားေခၚကာ ယာယီထုတ္ျပသဖို႔ တျခား ကာဗာတစ္စုံစာကို ျပင္ဆင္ထားေၾကာင္း အသိေပးလာသည္ ၊ ထို႔ေၾကာင့္ ထိုယာယီအားျဖင့္ သူတို႔ႏွစ္ေယာက္ တဖန္ သ႐ုပ္ေဖာ္ ႐ိုက္ေပးရအုံးမည္ျဖစ္သည္။

"႐ွီခ်င္းေရ ဒီေလာက္ထိ တခါမွမပင္ပန္းဖူးဘူးမလား"
႐ွိန္းက ျပဳံးၿပီး သူ႕မ်က္ႏွာေပၚမွ ဒဏ္ရာပုံမိတ္ကပ္ အား ျပန္လည္း ဖ်က္ထုတ္ေပးေန၏

"ရပါတယ္ဗ်ာ ကြၽန္ေတာ္ စာလုပ္တဲ့အခါေတြဆိုလည္း ညလုံးေပါက္ေနတတ္ပါတယ္"
႐ွ႐ွီခ်င္း လည္ပင္းေစာင္းၿပီး သူ႕႐ွိရာဖက္ေလွ်ာက္လာေသာ ေ႐ွာင္ေလာ့အား ၾကည့္ေနၿပီး သူ႕လက္ဆီမွ ေရခြက္ကို လွမ္းယူလိုက္သည္။

" ေက်းဇူးပဲေနာ္ ေရငတ္ေနတာနဲ႔အေတာ္ပဲ စဥ္းစားေပးတတ္လိုက္တာ"

ေ႐ွာင္ေလာ့က ျပဳံးၿပီး က်စ္ဟန္ယူလာခိုင္းတာလို႔ ေျပာမယ္လုပ္ေတာ့ က်စ္ဟန္က မ်က္စိမွိတ္ျပလာတာမို႔ ဘာမွမေျပာေတာ့ပဲ ေခါင္းကို ကုတ္ကာ ျပဳံးသာေနေတာ့သည္။

ေနာက္ထပ္ဒီဇိုင္းကလည္း ယခင္တစ္ခုလို Gothic စတိုင္ ညိဳ႕မိႈင္းမိႈင္းသာျဖစ္သည္ ၊ စတိုင္လစ္က ႐ွ႐ွီခ်င္းအား ခ်ည္သားဖဲအလႊာ အျဖဴေရာင္ပိုးသား႐ွပ္အက်ႌအားေပး၏ ၊ သူ႕ဆံပင္ ေျပေျပအေခြေလးကလည္း တစ္ဝက္စီးကာ အထုံးေလးထုံးထားၿပီး ႏွဖူးမွာေတာ့ ဆံပင္ေလးေတြဖြဖြခ်ထားသည္။

႐ွ႐ွီခ်င္းမ်က္ႏွာမွ ဒဏ္ရာပုံမိတ္ကပ္ကလည္း လုံးဝဖယ္႐ွားလိုက္ၿပီျဖစ္ၿပီး ယခုမွာ ႐ွင္း႐ွင္းေလးနဲ႔ တည္ၿငိမ္လွပေသာ မိတ္ကပ္ပါးပါးေလးသာ ေနရာယူထားသည္ ၊ ယခင္က မ်က္လုံးမွေဖ်ာ့ေတာ့ေတာ့ မိတ္ကပ္မွာလည္းဖ်က္လိုက္ၿပီး အမဲေရာင္မ်က္လုံးlinerေလးရယ္ ညိဳရင့္ရင့္ shadow ရယ္ ႏွင့္ မက္မြန္သီးသဖြယ္မ်က္လုံးေလးတစ္ေလွ်ာက္ခ်ယ္ထားၿပီး မ်က္လုံး အစြန္းဖက္မွာကအေပၚသို႔ပင့္တက္သ႑ာန္ေလးဆိုးထား
သည္။

"ဘုရားေရ ႐ွီခ်င္းရယ္ မင္းက ဒီလိုေလးလံတဲ့ မိတ္ကပ္မ်ိဳးနဲ႔လည္း အရမ္းလိုက္တာပါပဲလား"

မိတ္ကပ္စတိုင္လစ္က ခ်ယ္ၿပီးသြားေတာ့ သူ႕ေမးေလးကို ဖြဖြကိုင္ကာ အဆုံးသတ္အေနနဲ႔ သူ႕မိတ္ကပ္ကို စစ္ေဆးဖို႔အတြက္ မွန္‌ေ႐ွ႕မွာထိုင္‌ ေစလိုက္သည္ ၊ ။

"အရမ္းၾကည့္ေကာင္းတာပဲ ႐ွီခ်င္းေရ ပြဲဦးထြက္လိုက္ပါေတာ့ၿပီးရင္ မင္းရဲ႕ အဓိကမိတ္ကပ္စတိုင္လစ္ေနရာမွ ငါ့ကိုခန္႔လိုက္ ဟားဟားဟား"

႐ွ႐ွီခ်င္းမွန္မွာၾကည့္လိုက္သည္ ၊ အမွန္တိုင္းေျပာရရင္ သူ ဒီလို ႀကီးက်ယ္ခမ္းနားဖြယ္မိတ္ကပ္မ်ိဳးႏွင့္ေနသားမက်ေပ ၊ သို႔ေသာ္လည္း ျပဳံးရမည္သာျဖစ္၏။

ေခါင္းလွည့္ၾကည့္လိုက္ေတာ့ က်ိဳးက်စ္ဟန္လည္း ျပင္ဆင္ၿပီးတာကိုေတြ႕လိုက္သည္ ၊ ယခင္ ဆြယ္တာကို လဲလိုက္ၿပီး အမဲေရာင္ဟူဒီႏွင့္ အထဲက အျဖဴေရာင္ လည္က် ႐ွပ္တစ္ထည္ဝတ္ထားသည္ ၊

ယခင္က အေပၚပင့္တင္ထားေသာ ဆံပင္မ်ားက ယခု ခ်ထား၏ နဖူးမွာ ဆံပင္ဘယ္ညာတဖက္စီကို ေကြးထားၿပီးသူ႕နဖူးျပင္ကိုက် တဝက္ေလာက္သာ ဟထားသည္ ၊ စတိုင္လစ္က သူ႕အတြက္ ဦးထုတ္ေဆာင္းေပးလိုက္ၿပီး မွန္ထဲမွာ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္နဲ႔ တူလွသည္။

ယခင္ကလို စိတၱဇလူသတ္သမားစတိုင္မဟုတ္ေတာ့ပဲ အျပင္ေလွ်ာက္ပတ္သြားေနမဲ့ ေျမေခြးေကာင္ငယ္ေလးႏွင့္သူသည္ ။

ျပင္ဆင္ၿပီးသြားေတာ့ ႐ွိန္းက သူတို႔စတိုင္လစ္ႏွစ္ေယာက္ကို လာေခၚလိုက္သည္
" လင္းမိုက ဒုတိယဗား႐ွင္းႏွင့္ပတ္သတ္ၿပီး ေဆြးေႏြးခ်င္တယ္တဲ့ ၿပီးေတာ့တျခားအပိုင္းေတြေကာ"
သူမ မွန္ေ႐ွ႕မွာထိုင္ေနေသာ သူတို႔ႏွစ္ေယာက္ကို လွမ္းႏႈတ္ဆက္ကာ
" က်စ္ဟန္နဲ႔ ႐ွီခ်င္း ထိုင္ၿပီး နားေနအုံးေနာ္ ႐ိုက္ကြင္းက စေတာ့မွာပါ"

႐ွ႐ွီခ်င္းက ေခါင္းလွည့္ၿပီး ႐ွိန္းကိုျပဳံးျပလိုက္သည္၊
ျပင္ဆင္ခန္းတံခါးပိတ္သြားတာနဲ႔ ႐ွ႐ွီခ်င္းမ်က္ႏွာေပၚမွ ႏူးညံ့လွပေသာ အျပဳံးသည္လည္းတျဖည္းျဖည္း တစ္တက္ေလာက္ မွိန္က်သြား၏ ၊ ထရပ္ကာ ဝန္ထမ္းေတြေပးထားေသာ ေရကိုတငုံေသာက္ၿပီး က်ိဳးက်စ္ဟန္ဆီေလွ်ာက္လာသည္ ၊ က်ိဳးက်စ္ဟန္က ဘာမွ ပတ္သတ္မႈမ႐ွိသလို ေခါင္းငုံကာ ဖုန္းသာကစားေနသည္ ။

က်ိဳးက်စ္ဟန္အရမ္းပ်င္းတာေၾကာင့္ Weibo ဖြင့္ ၾကည့္စရာပြဲေလးမ်ားဘာေလးမ်ား ႐ွိမလား ၾကည့္လိုက္သည္ ၊ ဖြင့္ဖြင့္ခ်င္းမွာပဲ ထိုလူ၏ ‌အေကာင့္မ်က္ႏွာစာ ထဲ မွာျဖစ္ေနခဲ့သည္ ၊ အလြန္လန္႔သြားၿပီး ဖုန္းေတာင္ ျပဳတ္က်လုမတတ္ျဖစ္သြားေတာ့သည္။

"ဘာလုပ္ေနတာလဲ"

႐ွ႐ွီခ်င္း၏ လခလယ္ႏွင့္ လက္မက က်ိဳးက်စ္ဟန္၏ မ်က္ႏွာေပၚကို ပြတ္သပ္ေနသည္ ၊ တဖက္လက္က ေရခြက္ကိုင္ထားၿပီး ေျပာသည္

"ဘာမွမဟုတ္ပါဘူး ကိုယ္က မင္းမ်က္ႏွာက ဒီလိုမ်ိဳး ခက္ထန္ေနေတာ့ မ်က္ႏွာမ်ား မာေတာင့္ေနလို႔မ်ားလားလို႔ပါ"

သူမ်က္လုံးေတြက ေကြးၫႊန္႔သြားၿပီး
" မထင္ထားဘူး ဒီေလာက္ေတာင္ႏူးအိေနမယ္လို႔"

က်ိဳးက်စ္ဟန္က စိတ္မ႐ွည္စြာ သူ႕လက္ကို ႐ိုက္ထုတ္လိုက္ေပမဲ့ ႐ွ႐ွီခ်င္းက ဖုန္းကိုင္ထားေသာ သူ႕ရဲ႕လက္ကို ဖမ္းကိုင္လိုက္သည္

" ခုေလးတင္ ဘာလို႔ အဲ့ေလာက္ လန္႔ျဖန္႔ေနတာလဲ တစ္ေယာက္ေယာက္က အၿမီးတက္နင္းလိုက္သလိုမ်ိဳး "

႐ွ႐ွီခ်င္း မ်က္ႏွာက က်ိဳးက်စ္ဟန္ဆီ တိုးကပ္သြားၿပီး အသံကလည္း က်ီစားေနသလိုမ်ိဳးႏွင့္
" ဘာေပါက္တက္ကရေတြၾကည့္ေနတာလဲ "

က်ိဳးက်စ္ဟန္တစ္ေယာက္ အျပစ္႐ွိသလို ခံစားရကာ ႐ွ႐ွီခ်င္း လက္ကို ဖယ္ထုတ္လိုက္ၿပီး ဖုန္းကို အိပ္ကပ္ထဲျပန္ထည့္လိုက္သည္ ၊ ေအးတိေအးစက္ႏိုင္ေစရန္ ဟန္ေဆာင္ပန္ေဆာင္ စကားျပတ္ျပတ္ အနည္းငယ္ကို ေခါင္းေမာ့ၾကည့္ကာ ေျပာလိုက္သည္
" ဘာလုပ္လုပ္ ခင္ဗ်ားနဲ႔ ဘာဆိုင္လို႔လဲ "

"အို႔~~~~"
႐ွ႐ွီခ်င္းက အသံကို ဆြဲ၍ ဆိုလိုက္ၿပီး မတ္မတ္ျပန္ရပ္ကာ ျပင္ဆင္စားပြဲဆီေလွ်ာက္သြားၿပီး ေရခြက္ကို ခ်ကာ စားပြဲကို လွည့္ကာ မွီထားလိုက္သည္
" ေမ့သြားလို႔ ငါတို႔ က်စ္ဟန္က အဲ့တာေတြ မအံ့ဩေတာ့ဘူးကိုေနာ့ ၊ ငါတို႔မွာ အေတြ႕အၾကဳံေတြ႐ွိခဲ့ၿပီပဲဟာ"

ဒီစကားဝိုင္းကို သူျဖတ္မွေက်ာ္ႏိုင္ပါ့မလား ၊ က်ိဳးက်စ္ဟန္ ဤအမ်ိဳးမေကာင္း သားေလးအတြက္နဲ႔ အခ်ိန္ေတြ ေပါၿပီး ရပ္တည္ေပးခဲ့မိတာကို ေသေလာက္ေအာင္ ေနာင္တရမိသည္ ၊ စိတ္တိုစြာ ဦးထုတ္ကိုငိုက္ငိုင္ေဆာင္းလိုက္ၿပီး ႐ွ႐ွီခ်င္းကို မျမင္ခ်င္ေယာင္ေဆာင္ကာ အျပဳအမႈျဖင့္ စကားေျပာျခင္းကို ျငင္းဆန္လိုက္သည္ ၊

မေခေသာ မ်က္ႏွာထားနဲ႔ ႐ွ႐ွီခ်င္းတစ္ေယာက္ ျပင္ဆင္စားပြဲေပၚမွ ျပန္႔က်ဲေနေသာ မိတ္ကပ္ပစၥည္းေတြကို တခ်က္ၾကည့္လိုက္သည္ ။

"ေဟ့ ငါမင္းကို ေမးစရာ႐ွိတယ္"

က်ိဳးက်စ္ဟန္က စိတ္မ႐ွည္စြာ မ်က္ေမွာင္ၾကဳတ္ၿပီး ေျဖသည္
"ဘာတုံးဗ်?"

႐ွ႐ွီခ်င္းက က်ိဳးက်စ္ဟန္ထိုင္ေနေသာ ခုံရဲ႕ ေအာက္ေျခကို နင္းထားလိုက္ၿပီး က်ိဳးက်စ္ဟန္ မ်က္ႏွာေ႐ွ႕ အမဲေရာင္ပါကင္ထုတ္ႏွင့္ မိတ္ကပ္ပစၥည္းတစ္စုံကို ျပၿပီး လွ်က္တျပက္ အဖုံးကို ဖြင့္ကာ
" နာမည္ေက်ာ္စတားႀကီး မင္းက ေန႔တိုင္း မိတ္ကပ္ေတြလိမ္းေနရတာဆိုေတာ့ ဒီဟာရဲ႕ ကာလာနံပါတ္ကို သိလား?"

သူ႕လက္ထဲက မိတ္ကပ္ပစၥည္းကို လွမ္းၾကည့္လိုက္ေတာ့ ေလးေထာင့္သ႑ာန္ေပါင္ဒါမႈန္႔လိုအရာမ်ိဳးျဖစ္ၿပီး အပန္းေရာင္႐ွိကာ ပါးနီႏွင့္တူ၏ ၊ က်ိဳးက်စ္ဟန္က ေျပာစရာစကားမဲ့စြာ သူ႕အားၾကည့္လိုက္ၿပီး
" ကြၽန္ေတာ္က ဘယ္လိုလုပ္ၿပီးသိမွာလဲဗ်"

"မင္းမသိဘူးဆို ငါေျပာျပမယ္"
႐ွ႐ွီခ်င္းက ထိုပါးနီမႈန္႔ကို လက္ေခ်ာင္းႏွင့္ သုတ္လိမ္းယူၿပီး က်ိဳးက်စ္ဟန္၏ နား႐ြက္နားဆီ ငုံ႔ကိုင္းလာကာ ဦးထုတ္ကို ဖယ္႐ွားပစ္လိုက္ၿပီး ထို ပါးနီေပေနေသာ လက္ျဖင့္ က်ိဳးက်စ္ဟန္၏ နားသည္စပ္အား ဖိညစ္လိုက္သည္ ။

သူ႕အသံမွာ အသက္႐ႈသံေႏြးေႏြးေလးရယ္ႏွင့္ အျပဳံးမွာကား သိမ္ဖ်င္းစြာ ျပဳံးလွ်က္႐ွိကာ အပန္းေရာင္ပါးနီအား က်ိဳးက်စ္ဟန္၏ နား႐ြက္နားသည္စပ္ကို ဖြဖြေလး ျငင္သာစြာ သုတ္လိမ္းပစ္ေလသည္ ။

က်န္တဖက္ကလည္း က်ိဳးက်စ္ဟန္၏ ခါးပတ္ကို ေျဗာင္တင္းစြာ ဆြဲကိုင္လာသည္ ။

"Blowjob တဲ့"
(T/N- အမွန္ေတာ့ေလ ဒီမွာ တြင္းနက္နက္Deepthroat လို႔ ေရးထားတာပါ BJလုပ္ရင္ ဘယ္ေနရာရဲ႕တြင္းကနက္ဖို႔လိုလည္း သိတယ္ဟုတ္)

က်ိဳးက်စ္ဟန္၏ ႏွလုံးခုန္သံမွာလည္း တစကၠန္႔မွ် ရပ္တန္႔သြားခဲ့သည္ ၊ သူသေဘာေပါက္လာတဲ့အခါ သူ႕ခႏၲာကိုယ္ တစ္ခုလုံး အပူႏွင့္ေလာင္ကြၽမ္းတက္လာေတာ့သည္။ သူ ႐ွ႐ွီခ်င္းအား တြန္းထုတ္လိုက္ေပမဲ့လည္း ထို မိုက္မဲလွေသာ က်ဴးလြန္သူမွာ စားပြဲကို မွီ၍ ေပ်ာ္႐ႊင္စြာ ရယ္ေနေတာ့သည္ ။

"ငါ့မွာ မင္းကို မၾကဴးဘဲမေနႏိုင္ဘူး ကေလးေလးရာ"
ေဒါသမိုးထိေထာင္တက္ေနပါေသာ က်ိဳးက်စ္ဟန္အား ၾကည့္ၿပီး ႐ွ႐ွီခ်င္းမွာ ေက်နပ္စြာ ေရကို တငုံေသာက္လိုက္ၿပီး အျပဳံးႏွင့္ပိုက္ကို ပါးစပ္မွာ ကိုက္ထားကာ
" ဒါ ခုနက ငါ့ကို ႏိုးတဲ့အတြက္ အျပစ္ေပးတာ"

"အက်ိဳးအေၾကာင္းစီေလ်ာ္ေအာင္ တည္တည္ၿငိမ္ၿငိမ္ေနထိုင္လို႔မရဘူးလား ခင္ဗ်ားက"
က်ိဳးက်စ္ဟန္စိတ္ဆိုးစြာ စားပြဲ၏ ခုံေအာက္တန္းေပၚ ေျခေထာက္တင္လိုက္ၿပီး ေျပာသည္။

႐ွ႐ွီခ်င္းက မ်က္ခုံးပင့္လိုက္ၿပီး
"အက်ိဳးဆိုတာဘာလဲ ? ငါက အေၾကာင္းပဲေလ"
ေျပာၿပီးေနာက္ သူ႕ေဘးက က်ိဳးက်စ္ဟန္ေျခေထာက္ကို တခ်က္ၾကည့္လိုက္သည္ ၊ သူခ်ဥ္းကပ္မယ္လုပ္ေတာ့ က်ိဳးက်စ္ဟန္ႀကိဳသိၿပီး ေျခေထာက္ကို ေနာက္ဆုတ္လိုက္သည္။

"ေၾကာက္ေနလိုက္တာမ်ား"
႐ွ႐ွီခ်င္းက ရီလိုက္သည္
" ေဝ့ မင္း တျခားမိတ္ကပ္ပစၥည္းအေၾကာင္းလည္း သိခ်င္ရင္ ကိုယ္ ေျပာျပေပးႏိုင္တယ္ေနာ္"

က်ိဳးက်စ္ဟန္ ခုံမွထၿပီး နားကို လက္ႏွစ္ဖက္ႏွင့္ပိတ္ကာ ထသြားေတာ့သည္ ။

ထိုလူ၏ေနာက္ေက်ာကို ၾကည့္ၿပီး ႐ွ႐ွီခ်င္းမွာ မေနႏိုင္စြာ ေအာ္ရီေတာ့သည္ ။

ဘာေလးလဲဟ။

ေသာက္ရမ္း ခ်စ္ဖို႔ေကာင္းတယ္

ဒုတိယအႀကိမ္ ႐ိုက္ကူးမႈမွာ ျပန္လည္စတင္လာၿပီး ဝန္ထမ္းအားလုံးမွာလည္း အဆင္သင့္ျဖစ္ေနၾကၿပီျဖစ္သည္ ၊ အကုန္ျပင္ဆင္ၿပီးသြားေသာ ႐ွ႐ွီခ်င္းက စတူဒီယိုထဲသို႔ ေလွ်ာက္လာခဲ့သည္ ၊ အထဲက အျပင္အဆင္ေတာ့ မေျပာင္းလဲထားဘဲ နဂို အနက္ေရာင္ေနာက္ခံႏွင့္ ခုံမွာ ဤအတိုင္းသာ႐ွိ၏။

"ဒုတိယအႀကိမ္ မ်က္ႏွာဖုံးစာအတြက္ ငါတို႔ စဥ္းစားပုံေလးေတြေျပာင္းလဲလိုက္ၾကရေအာင္ ၊ ႐ွီခ်င္းက နဂိုအတိုင္း ခုံမွာထိုင္လိုက္ ဒီတခါ ခပ္မိုက္မိုက္‌ေလး"
လင္းမိုက ႐ွ႐ွီခ်င္းအား နဂိုဝိုင္နီေရာင္ လက္တင္ပါေနာက္မွီႏွင့္ ခုံေပၚတြင္ ထိုင္ေစကာ သူ႕ေကာ္လံကို ျဖန္႔ေပးရင္း ႏူးညံ့စြာ ေျပာသည္ ။

"နည္းနည္း ရင္ထဲထိသြားတယ္"

ေျခေထာက္ကို ခ်ိတ္ကာ ထိုင္ေနေသာ ႐ွ႐ွီခ်င္းက သူ႕အား မထီမဲ့ျမင္သလို ၾကည့္ကာ ပါးစပ္အတြင္းအ‌ ေပၚနံရံ၌ လွ်ာထိပ္က ကပ္ေနကာ သည္းမခံႏိုင္စြာ သြားတန္းတစ္ေလွ်ာက္ ကပ္ကာ ေ႐ြ႕ဆင္းေနသည္

စတိုင္လစ္ဆီမွ ဆံပင္ႏွင့္ ဦးထုတ္ ျပင္ဆင္ညႇိေပးျခင္းလုပ္ေနေသာ က်ိဳးက်စ္ဟန္ မွာ ႐ွ႐ွီခ်င္း၏ မ်က္ႏွာထားကို မျမင္ႏိုင္ဘဲ လင္းမိုက ႐ွ႐ွီခ်င္းဆီ ငုံ႔ကိုင္းေနတာကိုပဲ အေဝးမွျမင္ရသည္။

"က်စ္ဟန္ ဘာလို႔ မ်က္ေမွာင္ၾကဳတ္ေနတာလဲ အမ ဆံပင္ဆြဲမိလို႔လား?"

က်ိဳးက်စ္ဟန္လည္း အသိစိတ္ျပန္ဝင္လာကာ
" ‌အား မဟုတ္ဘူး အဲ့လို မဟုတ္ရပါဘူး"

မိတ္ကပ္ျပင္စတိုင္လစ္က ေလွ်ာက္လာကာ
"က်စ္ဟန္ လင္းမို မင္းႏႈတ္ခမ္းေထာင့္နားမွာ ဒဏ္ရာ နည္းနည္း ခ်ယ္ရမယ္လို႔ေျပာတယ္"

တဖန္႐ိုက္ကူးျခင္းမွာ စတင္လာခဲ့သည္ ၊ ယခင္ပုံႏွင့္ ကြာျခားစြယ ႐ွ႐ွီခ်င္းသည္ ခုံမွာ ေျခခ်ိတ္ကာ ထိုင္ေနၿပီး ညာဖက္လက္ တံေတာင္ဆစ္ကို ခုံ၏ လက္တင္အစြန္းေနရာမွာ တင္ထားၿပီး ေမးေစ့ကို နည္းနည္း ျမင့္ကာ လက္ဖမိုးေပၚမွာ တင္ထားသည္ ၊ အမူအရာအေနအထားမွာ ပ်င္းရိပုံေပၚၿပီး မ်က္လုံးမွာလည္း မထီမဲ့ျမင္ ပုံစံ႐ွိသည္။

ၾကမ္းမွာထိုင္ေနေသာ က်ိဳးက်စ္ဟန္မွာ ဘယ္ေျခကို ေကြးၿပီး ညာေျခကို ဆန္႔ကာ ခုံကို မွီထားၿပီးေခါင္းမွာ အမဲဦးထုတ္ကို အနည္းငယ္ ပင့္တင္ထားသည္ ၊ ႏႈတ္ခမ္းေထာင့္မွ ဒဏ္ရာမွာ ေသြးမွာဆို႔ေနၿပီး မ်က္လုံးအၾကည့္မွာ မထီမဲ့ျမင္ပုံစံ႐ွိသည္ ။

ယခင္႐ိုက္ကူးမႈႏွင့္ အႀကီးမားဆုံးကြာျခားခ်က္သည္ က်ိဳးက်စ္ဟန္၏ လည္ပင္းတြင္ အနက္ေရာက္ လည္ပတ္ကို ပတ္ထားၿပီး ထိုသံလည္ပတ္မွာ လည္ပင္းကို ခိုင္ခိုင္မာမာပတ္ထားကာ လည္ပတ္၏ တဖက္အနားစကို ခုံမွာထိုင္ေနေသာ ႐ွ႐ွီခ်င္းက ကိုင္ထားသည္ ၊ သခင္က သူ႕ေခြးကို ဆြဲထားသကဲ့သို႔....

လူသတ္သမားႏွင့္ နစ္နာသူ ၊ ေထာင္သားႏွင့္ က်ဴးလြန္သူ ။

အမဲႏွင့္အျဖဴမွာ ေျပာင္းလဲ ခ်ိန္းသြားၿပီး အေျခအေနကလည္း ေျပာင္းလဲသြားသည္။

The Author has something to say;
ငါလည္း အဲ့ဒီ တြင္းနက္နက္ကို ၾကည့္ခ်င္ပါတယ္လို႔ (Deepthroat)

႐ွ႐ွီခ်င္းေရ.. မင္းဒီလိုသာ ျပဳမႈေနမယ္ဆိုရင္ မင္းအိမ္က ေျမေခြးေလးကေတာ့ တရက္ ျပန္တိုက္ခိုက္လာပါလိမ့္မယ္ေနာ္ ( စိတ္အား ထက္သန္စြာေျပာျပျခင္းျဖစ္)

(T/N- ဖတ္ၿပီး ေစာင္ကိုက္ႏိုင္ၾကပါေစ

המשך קריאה

You'll Also Like

86.9K 12.1K 85
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
288K 7.2K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
253K 27K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ