Unicode
မြေခွေးဖန်း ,တံခါးအပြင်ဘက်သို့ ကသုတ်ကရက် ထွက်ပြေးသွားသည်ကို မြင်တော့ ဒီလူဆိုးခမျာ ဒင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း ငါ့စိတ်ထဲတွေးမိလိုက်တယ်။
မနေ့ညနှောင်းပိုင်းလောက်မှာ ငါ လောင်ယွီချန်ကို ထားခဲ့ပြီး အိပ်ပျော်နေချိန် တစ်လအတွင်း ဖြစ်ပျက်ခဲ့တာတွေကို သိခဲ့ရတယ်။
လောင်ယွီချန် ခံစားရတဲ့ ထိုးနှက်ချက်က တော့ကြီးမားတယ်။ အဲ့ဒီညက သူ့ကို ရေကန်ထဲကနေကယ်တင်ပြီး ငါရုတ်တရက် ပျောက်ကွယ်သွားခဲ့တဲ့အခါ သူမြင်ခဲ့ရတာတွေကို မယုံနိုင်ဖြစ်ပြီး ဖန်းရှဲ့ယီဆီ သွားပြီး မေးခဲ့တယ်တဲ့။ ဒါပေမယ့် ဖန်းရှဲ့ယီ က ငါသေသွားပြီလို့ သူ့ကို ပြောလိုက်တယ်။
လောင်ယွီချန်က ငါသေသွားတာအမှန်ဆိုရင် သူမြင်ခဲ့တာကရောတဲ့။ ဖန်းရှဲ့ယီကလည်း အဲ့ဒါက ငါ့ဝိညာဉ် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ အပြုံးနဲ့ ပြန်ဖြေပြီး လောင်ယွီချန်ကို ငါ့သင်္ချိုင်းဆီ ဆုတောင်းဖို့ လာလည်ချင်လားလို့ တောင်မေးခဲ့သေးတယ်။
သူ့ကိုယ်သူ ဒီလို ကြမ်းတမ်းပြီး မယုံနိုင်စရာကောင်းတဲ့ အမှန်တရားကို အတည်ပြုပြီးတဲ့အခါမှာတော့ လောင်ယွီချန်က အဲ့ဒါကို မခံစားနိုင်တော့ပဲ ငါနဲ့ ထပ်တူညီ မိုက်မဲတဲ့လုပ်ရပ်ကို လုပ်ခဲ့လေတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ တစ်ခုခုယူဖို့ပြန်လာခဲ့တဲ့ ရှမင်ရှု ကသူ့ကို အချိန်မီတွေ့ရှိခဲ့ပါတယ်။
ထို့နောက်တွင်တော့ လောင်ယွီချန်တစ်ယောက် ဆေးရုံတက်နေချိန်မှာလည်း အခြေခံအားဖြင့်တော့ ရူးသွပ်သွားခဲ့ပြီး ထပ်ခါတလဲလဲ ထိုအရာကို ဆက်လက်လုပ်ဆောင်နေပြန်တယ်။
ငါ ,နားထောင်နေခဲ့ရင်းနဲ့ စိတ်ပျက်စရာကောင်းတဲ့ အဲ့ဒီလို မြင်ကွင်းမျိုးကို စိတ်ကူးမယဉ်ရဲတော့ဘူး။ လောင်ယွီချန်ကို သာပိုမို တင်းကျပ်စွာဖက်ထားလိုက်တယ်။
ဟုတ်တာပေါ့ !! ဖန်းရှဲ့ယီ က လောင်ယွီချန်တစ်ယောက် မိမိကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့တဲ့အကြောင်းကို အလျှင်အမြန်ပဲ သိလိုက်ရပါတယ်။ အဲ့ဒါနဲ့ပဲ အသက်တစ်ခုကို ထပ်ပြီးအလဟဿ မဆုံးရှုံး စေချင်ပဲ, နောက်ဆုံးမှာတော့ လောင်ယွီချန်ကို ငါက အသက်ရှင်နေသေးတယ်ဆိုတဲ့အကြောင်း, ခုတော့ မနိုးသေးဘူးဆိုတဲ့အကြောင်း ပြောပြရတော့တယ်။
ဖန်းရှဲ့ယီရဲ့ အဖြစ်အပျက်ကို ပေါ့ပေါ့ပါးပါး ရှင်းပြတာကိုနားထောင်ပြီးတဲ့အခါမှာတော့ လောင်ယွီချန်မှာရှိတဲ့ ကြမ်းတမ်းသော အမာရွတ်တွေရဲ့ အသွင်အပြင်ကို ကြည့်လိုက်မိတယ်။ ဒီလို ကိုယ်ကျိုးမဖက်တဲ့ အစ်ကိုတစ်ယောက်ရှိလို့ ညဦးပိုင်းမှာတင် အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ ဒါပေမယ့် ညဉ့်နက်လာတဲ့အခါမှာတော့ အဲ့ဒီ ကိုယ်ကျိုးမဖက်တဲ့ အစ်ကို ကို သတ်ဖို့ အရမ်းနီးစပ်သွားခဲ့တာတော့ အမှန်ပဲ။
ဖန်းရှဲ့ယီ ခမျာ သူ့သင်္ဘောလေး ရေပေါ်မျောပါသွားတယ်ဆိုတာ သိလိုက်ရတဲ့အတွက် တစ်ညလုံးသူ့ကိုကဲ့ရဲ့ခွင့်သာပြုထားလိုက်ရတော့တယ်။ သို့ပေမယ့်လည်း အဲ့ဒါက လုံးဝအဓိပ္ပါယ်ရှိမနေခဲ့ဘူး။ သူ့အမှားကို ဝန်မခံရုံသာမက သဘောထားကွဲတာကလည်း ဆက်တိုက်ဖြစ်နေပါတယ်။ နဂိုထဲက လောင်ယွီချန်သာ နှလုံးသားမမဲ့ဘူးဆိုလျှင် ငါလည်း သက်သေဖို့ ကြိုးစားခဲ့မည် မဟုတ်ကြောင်းကို သူက ငြင်းလိုက်သေးရဲ့။ အဲ့ဒီလို ငါသာ သက်သေဖို့ မကြိုးစားခဲ့ရင် သူက လိမ်ညာလှည့်စားခဲ့မှာမဟုတ်ဘူးဆိုတဲ့အကြောင်း, လောင်ယွီချန်သာ သူ့အမှားကို သဘောမပေါက်ခဲ့ပါက သူကလည်း ထို မိုက်မဲတဲ့လုပ်ရပ်ကိုပြုလုပ်လိမ့်မည်မဟုတ်ပါဘူးတဲ့။ အဲ့ဒါကြောင့် အရာအားလုံးဟာ လောင်ယွီချန်ကြောင့် အစပြုပြီး ပြီးဆုံးသွားကြောင်း သူက နိဂုံးချုပ်လိုက်ပါတယ်။ ဒါဟာ လောင်ယွီချန် ရဲ့ ပေးဆပ်ခြင်းတွေပါပဲ။
ဖန်းရှဲ့ယီ အဆုံးမရှိပြောနေသည့်ကြားတွင် ဒီ မိသားစုရဲ့ စဉ်းစားဆင်ခြင်ဉာဏ်မရှိသောဆိုးယုတ်တဲ့ သူတွေကို သန့်စင်ဖို့အတွက် ငါ အဆင်သင့်ဖြစ်နေပါပြီ။ မြေခွေးကိုသတ်ဖို့ ဓားသွေးလို့လည်းပြီးခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ လောင်ယွီချန် က သဘောထားကြီးပြီး ငါ့ကို ခွင့်လွှတ်ခိုင်းလေတယ်။
အခုအချိန်မှာတော သဘောထားကြီးမားပြီး ကြီးကျယ်ခမ်းနားလှတဲ့လောင်ဟာ ငါ့ရှေ့မှာထိုင်နေပြီး သူဝယ်လာခဲ့တဲ့ ကိတ်မုန့်ကို ပဲဆက်ကျွေးရမလား ဒါမဟုတ် တခြားတစ်ယောက်လုပ်လာခဲ့တဲ အာဟာရရှိတဲ့ မနက်စာ ကိုပဲကျွေးရမလားဆိုပြီး တုံ့ဆိုင်းနေတယ်။
သူထပ်ခါထပ်ခါ တွေးပြီး အဆုံးမှာတော့ ရှောင်လု ချက်လာခဲ့တဲ့ မနက်စာကို စိတ်ပျက်လက်ပျက်နဲ့ ရွေးပြီး ဖြည်းဖြည်းချင်းကျွေးတော့တယ်။
ငါ စားပြီးတဲ့အချိန်ထိတိုင် သူ ခေါင်းငုံ့က စိတ်ပျက်နေတဲ့ပုံပေါက်နေတုန်းပဲ။ သူ့ပုံစံက အရမ်းကို ချစ်စရာကောင်းနေတယ်။ ငါသူ့ကို နမ်းဖို့တောင် မတတ်နိုင်တော့ဘူး။
ကံမကောင်းစွာပဲ၊ စိတ်ဓာတ်ကျနေတဲ့ သူ့ကို သက်သာရာရစေဖို့အတွက် ထိရောက်မှု မရှိခဲ့ပါဘူး။
"ဘာတွေတွေးနေတာလဲ?"
ငါ့လက်ကို ဆန့်တန်းပြီး ငှက်သိုက်လိုရှုပ်ပွနေတဲ့ သူ့ဆံပင်တွေထဲ ပွတ်သပ်ပေးရင်း အုံ့ဆိုင်းနေတဲ့ အမူအရာနဲ့ဖြစ်နေတဲ့သူ့ကိုကြည့်လိုက်တယ်။
နောက်ဆုံးတော့ သူက တိုးတိုးလေးမေးတယ်..
"အဲဒီညက မင်းပဲလား... ကိုယ့်ကို ရေကန်ထဲက ဆွဲထုတ်ခဲ့တဲ့သူ..."
လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားတာကြောင့် သူ့လက်ဆစ်တွေ ဖြူဖျော့လာပြီဖြစ်တယ်။
ဘယ်လိုဖြေရမှန်းငါမသိခဲ့ဘူး။ အဲ့ဒီလိုအရာမျိုးက အရမ်းထူးဆန်းတယ်လေ။ ကိုယ်တိုင်သာမကြုံဖူးရင် ဒီလိုအရာတွေကို ယုံမိမှာတောင်မဟုတ်ဘူး။ ဒါ့ကြောင့် သူ့ကို " ဒီလိုကိစ္စတွေ ကို မင်းယုံလား" လို့ မေးဖို့ ကြိုးစားခဲ့တယ်။
"ဘာလဲ? အဲ့တာ တကယ်ပဲ မင်းရဲ့ဝိညာဉ်လား?"
မထင်မှတ်ပဲ လောင်ယွီချန် က သူ့ထိုင်ခုံပေါ်ကနေ ခုန်တက်လာပြီး ငါ့ ပုခုံးတွေကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်မေးလေတော့ ငါ အနည်းငယ် ကြောက်လန့်သွားမိသွားတယ်။
ငါဘာပြန်ပြောရမှန်းကိုမသိတော့ဘူး။ လောင်ယွီချန် က ဝိညာဉ်တွေကိုများ ကြောက်တတ်တာလား?
ငါ့ရဲ ဆိတ်ဆိတ်နေမှုဟာ ဝန်ခံခြင်းပဲဆိုတာ ကိုမြင်တော့ သူက ထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်တယ်။ ပြီးတော့ သူက ရယ်ပြီးဆက်ပြောတယ်။
" ကိုယ့်ဘဝက မင်းလက်ထဲဘာ့ကြောင့်မရှိရတာလဲ, မင်းရဲ့ ခံစားချက်တွေက ပြင်းထန်လွန်းတာကြောင့် ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေခွဲထွက်လာရတဲ့အထိပဲ"
သူ့ပုံစံက ရယ်နေတယ်ထင်ရပေမယ့် ငိုချတော့မယ့်ပုံပေါ်နေတယ်။
ဒါက ရယ်စရာမဟုတ်မှန်း ငါလည်းသိပါတယ်.... ငါ့ရဲ့ ဒီလို နက်ရှိုင်းတဲ့ စွဲလမ်းမှုတွေက လောင်ယွီချန်ကို အထိတ်တလန့်ဖြစ်စေခဲ့တယ်။
ရယ်နေတဲ့ လောင်ယွီချန်က ရုတ်တရက်ရပ်သွားတယ်။ သူက မတ်တပ်ထရပ်ပြီး ငါ့ကို ဆွဲကာ
" နောက်တစ်ခါ, မင်း ကိုယ့်ကို အရမ်းလွမ်းနေလို့မရတော့ဘူး , ကိုယ့်ကို လည်း အရမ်းချစ်ခွင့်မပေးတော့ဘူး...ထပ်ပြီး ကိုယ့်ကိုအရေးကြီးဆုံးလို့လည်းတွေးခွင့်မပေးတော့ဘူးကွာ "
ဘာလို့ နောက်တစ်ကြိမ် သူ့ကိုထပ်သဘောကျခွင့် မပေးတော့တာလဲ?
သူက ဘာကိုဖြတ်ကျော်ဖို့ ကြိုးစားနေတာလဲ ငါမသိဘူး။ ဘာလဲ မှန်းဆလို့လဲ မရတော့ဘူး။
" ဒါပေမယ့်....အဲ့ဒါက ငါ့အကျင့်လိုဖြစ်နေပြီလေ!"
လောင်ယွီချန်, ငါ့စကားကို ကြားတဲ့အခါမှာတော့ အထူးသဖြင့် အကူညီမဲ့သလို ခံစားလိုက်ရတယ်။
"မင်းကို ခွင့်မပြုဘူး!"
မည်သို့ပင်ဆိုစေကာမူ သူက သူ့သဘောထားကို အလေးအနက်ထားဆဲပင်။ သူက ဒေါသတကြီး အော်ငေါက်တယ်။ အခု လောင်ယွီချန်ကမှ ငါနှင့်ပတ်သတ်လာလျှင် အကြမ်းဖက်မှုကို ဘယ်လို အသုံးချရမလဲဆိုတာကိုသိသော ငါအရမ်းရင်းနှီးခဲ့ရတဲ့အတိတ်က လောင်ယွီချန် နှင့်တူလာတာဖြစ်တယ်။
" မင်းဘာလုပ်နေတာလဲ?" တိုက်ဆိုင်စွာပင်, ရှောင်လု ဟာ တံခါးဝမှ ဝင်လာခဲ့တယ်။ ဒီကိုအခြေအနေကို မြင်ရတဲ့အခါ သူဘာတွေးနိုင်တော့မလဲ။ သူချက်ချင်းဝင်လာပြီး လောင်ယွီချန်ကို ဘေးသို့တွန်းထုတ်လိုက်ကာ မကောင်းဆိုးဝါးနဂါးကို တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေတဲ့ သူရဲကောင်းတစ်ယောက်ပုံစံဖြင့် ငါ့ကိုသူ့အနောက်တွင်ကာကွယ်ပေးထားလေတယ်။
လောင်ယွီချန် တစ်ယောက် နံရံ ဆီသို့ တွန်းခံလိုက်ရပြီး သူ့အမူအရာမှာတော့ဖော်ပြလို့မရနိုင်တဲ့ ရက်စက်မှုနဲ မတရားမှုတွေရောနှောလို့နေတယ်။
အခုမှ သူဘာကိုဆိုလိုလဲ ဆိုတာကို ငါရုတ်တရက် နားလည်သွားတော့တယ်။ သူ့ကြောင့်နဲ့ ငါကကိုယ့်ကိုယ်ကို လစ်လျူရှုတာကို ရပ်စေချင်နေတာပဲ။
ဒါကဘာလဲဆိုတော့ သူ့ရဲ့ ရှုပ်ထွေးတဲ့ "ခွင့်မပြုဘူး" ဆိုတဲ့ စကားအားလုံးရဲ့ဆိုလိုရင်းပဲ။
သူရော ,ငါရော ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့အတွက် အဆင်မပြေကြဘူး။ ပုံမှန်စကားပြောဖို့ဆိုရင်တောင် အော်ငေါက်နေကြမှာ။ သေသေချာချာ စေ့စေ့စပ်စပ် နားမထောင်ရင် နားလည်မှာမဟုတ်ပေဘူး။
တကယ်တော့သူက ထိတ်လန့်နေခဲ့တာပဲ။ ငါ့ဆုံးဖြတ်ချက်တွေနဲ့ ငါ့အသက်ကို မနှမြောတတ်တာတွေကို အတော့်ကို ကြောက်ရွံ့နေတာ။
" ဖန်းရှဲ့ယီ, မင်းပြောတော့ ဒီလူက နောင်တရနေပြီဆို!! ငါကြည့်ရသလောက်တော့ နောင်တရပုံမပေါ်သလိုပဲနော်?" ရှောင်လုဟာ အငြှိုးနဲ့ပြောလေရဲ့။
ဆံပင်တွေ ,အဝတ်အစားတွေ ရှုပ်ပွပြီး တံခါးကို မှီကာရပ်နေတဲ့ ဖန်းရှဲ့ယီကို လှမ်းကြည့်ပြီးဆက်ပြောတယ်။
" ခုနကလေးတင်, ငါမြင်လိုက်ရတာ ...သူ, ရှောင်ဟန့်ကို အနိုင်ကျင့်နေတာပဲ!!!"
သူ့ကိုယ်သူ ဘယ်လိုရှင်းပြရမှန်းမသိပဲနှင့် လောင်ယွီချန်က ငါ့ကို မသက်မသာ လှမ်းကြည့်တယ်။
ဘာကြည့်တာလဲ? မင်း!!
မင်းက ငါ့ကို စိုးရိမ်လို့ပြောတာ ငါသိပါတယ်, ဒါပေမယ့် ငါလည်းမင်းကို မတရားတာထားမလုပ်ဘူးလေ....
မတရားခံရတဲ့ မယားငယ် တစ်ယောက်လို လုပ်မနေစမ်းပါနဲ့ကွာ..
ငါ မှတ်မိတာကတော့ သူ့ကို လွှတ်ဖို့အတွက် ရှောင်လုကို ညှင်သာတဲ့ အပြုံးလေးနဲ့ ဆွဲလိုက်ရတယ်ဆိုတာပါပဲ။
အဲ့ဒီ နောက်တော့ ဘာဆက်ဖြစ်သွားလဲဆိုတာ မသိတော့ဘူး။
Zawgyi
ေျမေခြးဖန္း ,တံခါးအျပင္ဘက္သို႔ ကသုတ္ကရက္ ထြက္ေျပးသြားသည္ကို ျမင္ေတာ့ ဒီလူဆိုးခမ်ာ ဒင္းက်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈမွ လြတ္ေျမာက္ႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း ငါ့စိတ္ထဲေတြးမိလိုက္တယ္။
မေန႔ညေႏွာင္းပိုင္းေလာက္မွာ ငါ ေလာင္ယြီခ်န္ကို ထားခဲ့ၿပီး အိပ္ေပ်ာ္ေနခ်ိန္ တစ္လအတြင္း ျဖစ္ပ်က္ခဲ့တာေတြကို သိခဲ့ရတယ္။
ေလာင္ယြီခ်န္ ခံစားရတဲ့ ထိုးႏွက္ခ်က္က ေတာ့ႀကီးမားတယ္။ အဲ့ဒီညက သူ႔ကို ေရကန္ထဲကေနကယ္တင္ၿပီး ငါ႐ုတ္တရက္ ေပ်ာက္ကြယ္သြားခဲ့တဲ့အခါ သူျမင္ခဲ့ရတာေတြကို မယုံႏိုင္ျဖစ္ၿပီး ဖန္းရွဲ႕ယီဆီ သြားၿပီး ေမးခဲ့တယ္တဲ့။ ဒါေပမယ့္ ဖန္းရွဲ႕ယီ က ငါေသသြားၿပီလို႔ သူ႔ကို ေျပာလိုက္တယ္။
ေလာင္ယြီခ်န္က ငါေသသြားတာအမွန္ဆိုရင္ သူျမင္ခဲ့တာကေရာတဲ့။ ဖန္းရွဲ႕ယီကလည္း အဲ့ဒါက ငါ့ဝိညာဥ္ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုတဲ့ အၿပဳံးနဲ႔ ျပန္ေျဖၿပီး ေလာင္ယြီခ်န္ကို ငါ့သခ်ႋဳင္းဆီ ဆုေတာင္းဖို႔ လာလည္ခ်င္လားလို႔ ေတာင္ေမးခဲ့ေသးတယ္။
သူ႔ကိုယ္သူ ဒီလို ၾကမ္းတမ္းၿပီး မယုံႏိုင္စရာေကာင္းတဲ့ အမွန္တရားကို အတည္ျပဳၿပီးတဲ့အခါမွာေတာ့ ေလာင္ယြီခ်န္က အဲ့ဒါကို မခံစားႏိုင္ေတာ့ပဲ ငါနဲ႔ ထပ္တူညီ မိုက္မဲတဲ့လုပ္ရပ္ကို လုပ္ခဲ့ေလတယ္။ကံေကာင္းေထာက္မစြာနဲ႔ပဲ တစ္ခုခုယူဖို႔ျပန္လာခဲ့တဲ့ ရွမင္ရႈ ကသူ႔ကို အခ်ိန္မီေတြ႕ရွိခဲ့ပါတယ္။ထို႔ေနာက္တြင္ေတာ့ ေလာင္ယြီခ်န္တစ္ေယာက္ ေဆး႐ုံတက္ေနခ်ိန္မွာလည္း အေျခခံအားျဖင့္ေတာ့ ႐ူးသြပ္သြားခဲ့ၿပီး ထပ္ခါတလဲလဲ ထိုအရာကို ဆက္လက္လုပ္ေဆာင္ေနျပန္တယ္။
ငါ ,နားေထာင္ေနခဲ့ရင္းနဲ႔ စိတ္ပ်က္စရာေကာင္းတဲ့ အဲ့ဒီလို ျမင္ကြင္းမ်ိဳးကို စိတ္ကူးမယဥ္ရဲေတာ့ဘူး။ ေလာင္ယြီခ်န္ကို သာပိုမို တင္းက်ပ္စြာဖက္ထားလိုက္တယ္။
ဟုတ္တာေပါ့ !! ဖန္းရွဲ႕ယီ က ေလာင္ယြီခ်န္တစ္ေယာက္ မိမိကိုယ္ကို သတ္ေသဖို႔ႀကိဳးစားခဲ့တဲ့အေၾကာင္းကို အလွ်င္အျမန္ပဲ သိလိုက္ရပါတယ္။ အဲ့ဒါနဲ႔ပဲ အသက္တစ္ခုကို ထပ္ၿပီးအလဟႆ မဆုံးရႈံး ေစခ်င္ပဲ, ေနာက္ဆုံးမွာေတာ့ ေလာင္ယြီခ်န္ကို ငါက အသက္ရွင္ေနေသးတယ္ဆိုတဲ့အေၾကာင္း, ခုေတာ့ မႏိုးေသးဘူးဆိုတဲ့အေၾကာင္း ေျပာျပရေတာ့တယ္။
ဖန္းရွဲ႕ယီရဲ႕ အျဖစ္အပ်က္ကို ေပါ့ေပါ့ပါးပါး ရွင္းျပတာကိုနားေထာင္ၿပီးတဲ့အခါမွာေတာ့ ေလာင္ယြီခ်န္မွာရွိတဲ့ ၾကမ္းတမ္းေသာ အမာ႐ြတ္ေတြရဲ႕ အသြင္အျပင္ကို ၾကည့္လိုက္မိတယ္။ ဒီလို ကိုယ္က်ိဳးမဖက္တဲ့ အစ္ကိုတစ္ေယာက္ရွိလို႔ ညဦးပိုင္းမွာတင္ အရမ္းစိတ္လႈပ္ရွားခဲ့ရတယ္။ ဒါေပမယ့္ ညဥ့္နက္လာတဲ့အခါမွာေတာ့ အဲ့ဒီ ကိုယ္က်ိဳးမဖက္တဲ့ အစ္ကို ကို သတ္ဖို႔ အရမ္းနီးစပ္သြားခဲ့တာေတာ့ အမွန္ပဲ။
ဖန္းရွဲ႕ယီ ခမ်ာ သူ႔သေဘၤာေလး ေရေပၚေမ်ာပါသြားတယ္ဆိုတာ သိလိုက္ရတဲ့အတြက္ တစ္ညလုံးသူ႔ကိုကဲ့ရဲ႕ခြင့္သာျပဳထားလိုက္ရေတာ့တယ္။ သို႔ေပမယ့္လည္း အဲ့ဒါက လုံးဝအဓိပၸါယ္ရွိမေနခဲ့ဘူး။ သူ႔အမွားကို ဝန္မခံ႐ုံသာမက သေဘာထားကြဲတာကလည္း ဆက္တိုက္ျဖစ္ေနပါတယ္။ နဂိုထဲက ေလာင္ယြီခ်န္သာ ႏွလုံးသားမမဲ့ဘူးဆိုလွ်င္ ငါလည္း သက္ေသဖို႔ ႀကိဳးစားခဲ့မည္ မဟုတ္ေၾကာင္းကို သူက ျငင္းလိုက္ေသးရဲ႕။ အဲ့ဒီလို ငါသာ သက္ေသဖို႔ မႀကိဳးစားခဲ့ရင္ သူက လိမ္ညာလွည့္စားခဲ့မွာမဟုတ္ဘူးဆိုတဲ့အေၾကာင္း, ေလာင္ယြီခ်န္သာ သူ႔အမွားကို သေဘာမေပါက္ခဲ့ပါက သူကလည္း ထို မိုက္မဲတဲ့လုပ္ရပ္ကိုျပဳလုပ္လိမ့္မည္မဟုတ္ပါဘူးတဲ့။ အဲ့ဒါေၾကာင့္ အရာအားလုံးဟာ ေလာင္ယြီခ်န္ေၾကာင့္ အစျပဳၿပီး ၿပီးဆုံးသြားေၾကာင္း သူက နိဂုံးခ်ဳပ္လိုက္ပါတယ္။ ဒါဟာ ေလာင္ယြီခ်န္ ရဲ႕ ေပးဆပ္ျခင္းေတြပါပဲ။
ဖန္းရွဲ႕ယီ အဆုံးမရွိေျပာေနသည့္ၾကားတြင္ ဒီ မိသားစုရဲ႕ စဥ္းစားဆင္ျခင္ဉာဏ္မရွိေသာဆိုးယုတ္တဲ့ သူေတြကို သန႔္စင္ဖို႔အတြက္ ငါ အဆင္သင့္ျဖစ္ေနပါၿပီ။ ေျမေခြးကိုသတ္ဖို႔ ဓားေသြးလို႔လည္းၿပီးခဲ့ၿပီျဖစ္တယ္။ ဒါေပမယ့္ ဒီတစ္ခါေတာ့ ေလာင္ယြီခ်န္ က သေဘာထားႀကီးၿပီး ငါ့ကို ခြင့္လႊတ္ခိုင္းေလတယ္။
အခုအခ်ိန္မွာေတာ သေဘာထားႀကီးမားၿပီး ႀကီးက်ယ္ခမ္းနားလွတဲ့ေလာင္ဟာ ငါ့ေရွ႕မွာထိုင္ေနၿပီး သူဝယ္လာခဲ့တဲ့ ကိတ္မုန႔္ကို ပဲဆက္ေကြၽးရမလား ဒါမဟုတ္ တျခားတစ္ေယာက္လုပ္လာခဲ့တဲ အာဟာရရွိတဲ့ မနက္စာ ကိုပဲေကြၽးရမလားဆိုၿပီး တုံ႔ဆိုင္းေနတယ္။ သူထပ္ခါထပ္ခါ ေတြးၿပီး အဆုံးမွာေတာ့ ေရွာင္လု ခ်က္လာခဲ့တဲ့ မနက္စာကို စိတ္ပ်က္လက္ပ်က္နဲ႔ ေ႐ြးၿပီး ျဖည္းျဖည္းခ်င္းေကြၽးေတာ့တယ္။ ငါ စားၿပီးတဲ့အခ်ိန္ထိတိုင္ သူ ေခါင္းငုံ႔က စိတ္ပ်က္ေနတဲ့ပုံေပါက္ေနတုန္းပဲ။ သူ႔ပုံစံက အရမ္းကို ခ်စ္စရာေကာင္းေနတယ္။ ငါသူ႔ကို နမ္းဖို႔ေတာင္ မတတ္ႏိုင္ေတာ့ဘူး။ ကံမေကာင္းစြာပဲ၊ စိတ္ဓာတ္က်ေနတဲ့ သူ႔ကို သက္သာရာရေစဖို႔အတြက္ ထိေရာက္မႈ မရွိခဲ့ပါဘူး။
"ဘာေတြေတြးေနတာလဲ?"
ငါ့လက္ကို ဆန႔္တန္းၿပီး ငွက္သိုက္လိုရႈပ္ပြေနတဲ့ သူ႔ဆံပင္ေတြထဲ ပြတ္သပ္ေပးရင္း အုံ႔ဆိုင္းေနတဲ့ အမူအရာနဲ႔ျဖစ္ေနတဲ့သူ႔ကိုၾကည့္လိုက္တယ္။
ေနာက္ဆုံးေတာ့ သူက တိုးတိုးေလးေမးတယ္..
ေ
"အဲဒီညက မင္းပဲလား... ကိုယ့္ကို ေရကန္ထဲက ဆြဲထုတ္ခဲ့တဲ့သူ..."
လက္သီးေတြကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ထားတာေၾကာင့္ သူ႔လက္ဆစ္ေတြ ျဖဴေဖ်ာ့လာၿပီျဖစ္တယ္။
ဘယ္လိုေျဖရမွန္းငါမသိခဲ့ဘူး။ အဲ့ဒီလိုအရာမ်ိဳးက အရမ္းထူးဆန္းတယ္ေလ။ ကိုယ္တိုင္သာမႀကဳံဖူးရင္ ဒီလိုအရာေတြကို ယုံမိမွာေတာင္မဟုတ္ဘူး။ ဒါ့ေၾကာင့္ သူ႔ကို " ဒီလိုကိစၥေတြ ကို မင္းယုံလား" လို႔ ေမးဖို႔ ႀကိဳးစားခဲ့တယ္။
"ဘာလဲ? အဲ့တာ တကယ္ပဲ မင္းရဲ႕ဝိညာဥ္လား?"
မထင္မွတ္ပဲ ေလာင္ယြီခ်န္ က သူ႔ထိုင္ခုံေပၚကေန ခုန္တက္လာၿပီး ငါ့ ပုခုံးေတြကို ျပင္းျပင္းထန္ထန္ ဆုပ္ကိုင္လိုက္ေမးေလေတာ့ ငါ အနည္းငယ္ ေၾကာက္လန႔္သြားမိသြားတယ္။ငါဘာျပန္ေျပာရမွန္းကိုမသိေတာ့ဘူး။ ေလာင္ယြီခ်န္ က ဝိညာဥ္ေတြကိုမ်ား ေၾကာက္တတ္တာလား?
ငါ့ရဲ ဆိတ္ဆိတ္ေနမႈဟာ ဝန္ခံျခင္းပဲဆိုတာ ကိုျမင္ေတာ့ သူက ထိုင္ခုံေပၚျပန္ထိုင္ခ်လိုက္တယ္။ ၿပီးေတာ့ သူက ရယ္ၿပီးဆက္ေျပာတယ္။
" ကိုယ့္ဘဝက မင္းလက္ထဲဘာ့ေၾကာင့္မရွိရတာလဲ, မင္းရဲ႕ ခံစားခ်က္ေတြက ျပင္းထန္လြန္းတာေၾကာင့္ ဝိညာဥ္က ခႏၶာကိုယ္ထဲကေနခြဲထြက္လာရတဲ့အထိပဲ" သူ႔ပုံစံက ရယ္ေနတယ္ထင္ရေပမယ့္ ငိုခ်ေတာ့မယ့္ပုံေပၚေနတယ္။ဒါက ရယ္စရာမဟုတ္မွန္း ငါလည္းသိပါတယ္.... ငါ့ရဲ႕ ဒီလို နက္ရႈိင္းတဲ့ စြဲလမ္းမႈေတြက ေလာင္ယြီခ်န္ကို အထိတ္တလန႔္ျဖစ္ေစခဲ့တယ္။ ရယ္ေနတဲ့ ေလာင္ယြီခ်န္က ႐ုတ္တရက္ရပ္သြားတယ္။ သူက မတ္တပ္ထရပ္ၿပီး ငါ့ကို ဆြဲကာ
" ေနာက္တစ္ခါ, မင္း ကိုယ့္ကို အရမ္းလြမ္းေနလို႔မရေတာ့ဘူး , ကိုယ့္ကို လည္း အရမ္းခ်စ္ခြင့္မေပးေတာ့ဘူး...ထပ္ၿပီး ကိုယ့္ကိုအေရးႀကီးဆုံးလို႔လည္းေတြးခြင့္မေပးေတာ့ဘူးကြာ "
ဘာလို႔ ေနာက္တစ္ႀကိမ္ သူ႔ကိုထပ္သေဘာက်ခြင့္ မေပးေတာ့တာလဲ?သူက ဘာကိုျဖတ္ေက်ာ္ဖို႔ ႀကိဳးစားေနတာလဲ ငါမသိဘူး။ ဘာလဲ မွန္းဆလို႔လဲ မရေတာ့ဘူး။
" ဒါေပမယ့္....အဲ့ဒါက ငါ့အက်င့္လိုျဖစ္ေနၿပီေလ!"
ေလာင္ယြီခ်န္, ငါ့စကားကို ၾကားတဲ့အခါမွာေတာ့ အထူးသျဖင့္ အကူညီမဲ့သလို ခံစားလိုက္ရတယ္။
"မင္းကို ခြင့္မျပဳဘူး!"
မည္သို႔ပင္ဆိုေစကာမူ သူက သူ႔သေဘာထားကို အေလးအနက္ထားဆဲပင္။ သူက ေဒါသတႀကီး ေအာ္ေငါက္တယ္။ အခု ေလာင္ယြီခ်န္ကမွ ငါႏွင့္ပတ္သတ္လာလွ်င္ အၾကမ္းဖက္မႈကို ဘယ္လို အသုံးခ်ရမလဲဆိုတာကိုသိေသာ ငါအရမ္းရင္းႏွီးခဲ့ရတဲ့အတိတ္က ေလာင္ယြီခ်န္ ႏွင့္တူလာတာျဖစ္တယ္။ " မင္းဘာလုပ္ေနတာလဲ?" တိုက္ဆိုင္စြာပင္, ေရွာင္လု ဟာ တံခါးဝမွ ဝင္လာခဲ့တယ္။ ဒီကိုအေျခအေနကို ျမင္ရတဲ့အခါ သူဘာေတြးႏိုင္ေတာ့မလဲ။ သူခ်က္ခ်င္းဝင္လာၿပီး ေလာင္ယြီခ်န္ကို ေဘးသို႔တြန္းထုတ္လိုက္ကာ မေကာင္းဆိုးဝါးနဂါးကို တိုက္ခိုက္ရန္ အဆင္သင့္ျဖစ္ေနတဲ့ သူရဲေကာင္းတစ္ေယာက္ပုံစံျဖင့္ ငါ့ကိုသူ႔အေနာက္တြင္ကာကြယ္ေပးထားေလတယ္။
ေလာင္ယြီခ်န္ တစ္ေယာက္ နံရံ ဆီသို႔ တြန္းခံလိုက္ရၿပီး သူ႔အမူအရာမွာေတာ့ေဖာ္ျပလို႔မရႏိုင္တဲ့ ရက္စက္မႈနဲ မတရားမႈေတြေရာေႏွာလို႔ေနတယ္။
အခုမွ သူဘာကိုဆိုလိုလဲ ဆိုတာကို ငါ႐ုတ္တရက္ နားလည္သြားေတာ့တယ္။ သူ႔ေၾကာင့္နဲ႔ ငါကကိုယ့္ကိုယ္ကို လစ္လ်ဴရႈတာကို ရပ္ေစခ်င္ေနတာပဲ။
ဒါကဘာလဲဆိုေတာ့ သူ႔ရဲ႕ ရႈပ္ေထြးတဲ့ "ခြင့္မျပဳဘူး" ဆိုတဲ့ စကားအားလုံးရဲ႕ဆိုလိုရင္းပဲ။
သူေရာ ,ငါေရာ ခံစားခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုဖို႔အတြက္ အဆင္မေျပၾကဘူး။ ပုံမွန္စကားေျပာဖို႔ဆိုရင္ေတာင္ ေအာ္ေငါက္ေနၾကမွာ။ ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ နားမေထာင္ရင္ နားလည္မွာမဟုတ္ေပဘူး။ တကယ္ေတာ့သူက ထိတ္လန႔္ေနခဲ့တာပဲ။ ငါ့ဆုံးျဖတ္ခ်က္ေတြနဲ႔ ငါ့အသက္ကို မႏွေျမာတတ္တာေတြကို အေတာ့္ကို ေၾကာက္႐ြံ႕ေနတာ။ " ဖန္းရွဲ႕ယီ, မင္းေျပာေတာ့ ဒီလူက ေနာင္တရေနၿပီဆို!! ငါၾကည့္ရသေလာက္ေတာ့ ေနာင္တရပုံမေပၚသလိုပဲေနာ္?" ေရွာင္လုဟာ အျငႇိဳးနဲ႔ေျပာေလရဲ႕။ ဆံပင္ေတြ ,အဝတ္အစားေတြ ရႈပ္ပြၿပီး တံခါးကို မွီကာရပ္ေနတဲ့ ဖန္းရွဲ႕ယီကို လွမ္းၾကည့္ၿပီးဆက္ေျပာတယ္။ " ခုနကေလးတင္, ငါျမင္လိုက္ရတာ ...သူ, ေရွာင္ဟန႔္ကို အႏိုင္က်င့္ေနတာပဲ!!!" သူ႔ကိုယ္သူ ဘယ္လိုရွင္းျပရမွန္းမသိပဲႏွင့္ ေလာင္ယြီခ်န္က ငါ့ကို မသက္မသာ လွမ္းၾကည့္တယ္။ ဘာၾကည့္တာလဲ? မင္း!! မင္းက ငါ့ကို စိုးရိမ္လို႔ေျပာတာ ငါသိပါတယ္, ဒါေပမယ့္ ငါလည္းမင္းကို မတရားတာထားမလုပ္ဘူးေလ.... မတရားခံရတဲ့ မယားငယ္ တစ္ေယာက္လို လုပ္မေနစမ္းပါနဲ႔ကြာ..ငါ မွတ္မိတာကေတာ့ သူ႔ကို လႊတ္ဖို႔အတြက္ ေရွာင္လုကို ညႇင္သာတဲ့ အၿပဳံးေလးနဲ႔ ဆြဲလိုက္ရတယ္ဆိုတာပါပဲ။အဲ့ဒီ ေနာက္ေတာ့ ဘာဆက္ျဖစ္သြားလဲဆိုတာ မသိေတာ့ဘူး။