ပြန်လည်မွေးဖွားလာသော အမြှောက်...

By CharmZoey

154K 18.3K 198

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... More

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း

1.1K 125 0
By CharmZoey

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၈ ။အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း

ထောင်မုက နောက်နေ့မနက်မတိုင်ခင်ထိ အိပ်ပျော်နေခဲ့ကာ သူနိုးသည့်အချိန်၌ ယမန်နေ့ညက သူကတိပေးမိခဲ့ပုံ ပေါ်သည့်အရာများကို ရုတ်တရက် မှတ်မိသွားလေသည်။
"ငါတို့နဲ့အတူတူ ကားမောင်းသင်ဖို့ ကတိပေး!"
"မောင်မယ်သစ်လွင်ကြိုဆိုပွဲ ဖျော်ဖြေမှုအတွက် စာရင်းပေးဖို့ ကတိပေး!"
"ဖုန်းကောတစ်ခုဖြေခဲ့ပြီး visual chat function ဖန်တီးဖို့ ကတိပေးခဲ့!"
ဟုတ်တယ်၊ ဒါပဲ!
အမှန် အမှား အဖြေပေါင်းများစွာထဲမှ ထောင်မုသည် သူလိုချင်သော အချက်အလက်ကို လျင်လျင်မြန်မြန် ရှာတွေ့သွားလေသည်။ ထို့နောက် ဖုန်းကောက်ကိုင်ကာ သမုဒ္ဒရာတစ်ဖက်မှ မစ္စတာလုပ်ငန်းပါတနာထံ ဖုန်းထပ်ခေါ်လိုက်ပြန်သည် "လီကော၊ မနေ့ညက ခင်ဗျားပြောခဲ့တဲ့ကိစ္စကလေ။ ကျွန်တော်တို့ ထပ်အသေးစိတ်ဆွေးနွေးဖို့လိုမယ်လို့ ထင်တယ်"
ညနေ ၇နာရီတွင် စာဖတ်ခန်းထဲ၌ စာရွက်စာတမ်းတချို့ဖတ်နေသေးသည့် လီရှောင်းဟန်က အနည်းငယ်ပြုံးမိကာ သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူသည် ကြမ်းပြင်မှမျက်နှာကျက်ထိ ပြတင်းမှန်ချပ်တို့ဖွင့်ထားသော လသာဆောင်ဆီသို့ လျှောက်သွားကာ ပြတင်းပြင်ပရှိ လှပခမ်းနားသော မိုးမျှော်တိုက်တွေကို ကြည့်ရင်း သူ့ပုံရိပ်က ထိုဖန်ပြတင်းချပ်များပေါ် အရိပ်ထင်ကျန်နေသည်။
အမြဲတစေ အေးစက်မာကြောနေခဲ့သည့် မျက်နှာပေါ်ရှိကောက်ကြောင်းမျဉ်းများမှာ အလင်းနှင့် မှောင်ရိပ်တို့၏ ပိုင်းဖြတ်တွေ့ဆုံမှုအောက် ပို၍ နူးညံ့ညင်သာပုံပေါ်နေသည်။မျက်ဝန်းနက်တို့ကလည်း နွေးထွေးသော ရွှန်းလက်မှုတစ်မျိုးကို ဖော်ပြနေသည်။ သူက နူးညံ့စွာပြုံးရင်း ပြောလာသည် "မင်း မနေ့ညက မူးနေခဲ့တာမလား။ ဒီမနက် ခေါင်းကိုက်နေသေးလား?"
"ဟမ်?" ထောင်မုက ပြန်လည်မတုံ့ပြန်နိုင်ခင်အထိ တခဏ ကြက်သေသေသွားသည်။ ထို့နောက် အလျင်အမြန် ပြန်ဖြေလိုက်သည် "ကျွန်တော် အဆင်ပြေပါတယ်"
သူက ထပ်မေးလိုက်သည် "မနေ့ညက ကျွန်တော်မူးနေခဲ့တာ။ ကျွန်တော် အလုပ်ကိုမနှောင့်ယှက်မိပါဘူးနော် ဟုတ်လား?"
"မနေ့ညက ဈေးကွက်အခြေအနေဘယ်လိုရှိလဲ?"
"မင်းခန့်မှန်းထားသလိုပါပဲ" လီရှောင်းဟန်က အပြုံးတစ်ပွင့်နှင့် အဖြေပြန်ပေးလာသည် "အဲ့ဒါအတွက် မစိုးရိမ်ပါနဲ့။ ကိုယ်က ဒီတိုင်း မင်းဘယ်လိုနေလဲနဲ့ နေလို့မကောင်းနေမလားလို့ မေးချင်ရုံပါ။ တကယ်လို့ မင်းနေလို့မကောင်းရင် ပျားရည်တစ်ခွက်သောက်ပြီး သက်သာအောင်လုပ်လိုက်ဦး။ ကိုယ့်ကို ကိုယ့်ပါတနာကိုယ် သူငယ်ချင်းနဲ့ အတူထွက်စားပြီး သောက်တာမျိုးကိုတောင် မေးခွန်းထုတ်နေတဲ့ လူလို့တော့ မသတ်မှတ်လိုက်နဲ့နော်။ ကိုယ်ဝမ်းနည်းမိမှာ"
လီရှောင်းဟန်၏ အနည်းငယ် ပျော့ပျောင်းညင်သာထားသည့် လေသံက ဖုန်းလိုင်းတစ်ဖက်မှ ထွက်လာပြီး ရှင်းမပြနိုင်သော ကျီစယ်သည့် ခံစားချက်အထိမျိုး ဖြည့်စွက်ထားလေသည်။ဒါကိုကြားချိန်၌ ထောင်မုသည် အလန့်တကြားတုန်ရီမိပြီး မလုံမလဲနှင့် ရှင်းပြတော့သည် "ကျွန်တော်ဆိုလိုတာ အဲ့လိုမဟုတ်ဘူးလေ.... ကျွန်တော်က ဒီအတိုင်း.. ဒါက ကျွန်တော်တို့ သဘောတူပြီးသားကိစ္စဆိုပေမဲ့ အမြဲ ကျွန်တော့်ဘက်က ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေကြောင့်နဲ့ ပြဿနာဖြစ်ရလို့လေ.."
"အဲ့ဒါမျိုးက မင်းတတ်နိုင်တဲ့ကိစ္စမျိုးမှ မဟုတ်ဘဲကွာ" လီရှောင်းဟန်က ပြုံးကာ ထောင်မု၏ စကားလုံးများကို ဖြတ်ပြောလိုက်သည် "ကိုယ်တို့ကြားမှာ ၁၂နာရီအချိန်ကွာခြားချက်ရှိနေတာ.ကိုယ့်ဘက်က အလုပ်ချိန်က မင်းဘက်မှာ နားချိန်ဖြစ်နေတာပေါ့။ ပြောမယ်ဆို ဒါက ကမ္ဘာ့အဝေးဆုံး အကွာအဝေးလို့ သတ်မှတ်လို့ရတယ်မလား?"
ထောင်မုက အနည်းငယ် တုံ့သွားသည်။ ထို့နောက် ပြောမပြတတ်စွာ ကဗျာလေးတစ်ပုဒ် ခေါင်းထဲရောက်လာလေသည်။ အလျင်အမြန် သူ့ခေါင်းသူခါလိုက်ပြီး တကယ့်ကို သူအရမ်းများသွားခဲ့လို့ အခုထိ အပြည့်အဝမနိုးသေးဘူးဟု ခံစားနေရသည် "သေချာသလောက်တော့ ထည့်တွက်လို့ရပါတယ်။ ကျွန်တော်တို့က ကမ္ဘာ၂ခြမ်းခြားနေတာလေ"
လီရှောင်းဟန်က ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။ လေလို ပေါ့ပါးညင်သာလှသည့် အသံက ဖုန်းကိုဖြတ်ကျော်ကာ ထောင်မု၏ နားထဲသို့ ခရီးဆက်လေသည်။ ထိုအရာက သူ့မှာ ငှက်မွှေးတစ်ခုနှင့် ကုတ်ခြစ်ခံလိုက်ရသလိုပင်။ အနည်းငယ် ယားကျိကျိဖြစ်မိသည်။
"လီကော၊ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ထောင်မုက သူ့နားသူ ကုတ်လိုက်သည်။ ယဉ်ကျေးသိမ်မွေ့တာက ဘယ်တော့မှမပိုဘူးဆိုသည့် သဘောတရားကို လက်ခံကျင့်သုံးခြင်းအရ သူက တောင်းပန်ကာ သူ့နေရာကို ဖော်ပြလာသည်။ သည့်နောက် လုင်ငန်းကိစ္စတွေဘက်သို့ ခေါင်းစဉ်ပြောင်းလိုက်လေသည် "....ခင်ဗျား မနေ့ညက ပြောခဲ့တဲ့အတိုင်း၊ FlyNews ရဲ့ ဆက်သွယ်ရေးအပိုင်းမှာ visual chat function ကို ထည့်တာက တော်တော်လေး ကောင်းတယ်လို့ထင်တယ်။ ဒါပေမဲ့ တရုတ်ရဲ့ ကွန်ယက်ချိတ်ဆက်မှုနဲ့ FlyNews ရဲ့ လက်ရှိအခြေအနေကို ထည့်စဉ်းစားမယ်ဆိုရင် ငှားထားတဲ့ ဆာဗာက အဲ့လောက် ဒေတာဆွဲမယ့် function (data-consuming function)ကို လုပ်နိုင်ပါ့မလား ကျွန်တော် စိုးရိမ်မိတယ်။အဲ့ဒါအပြင် FlyNews မှာက ကျွန်တော်တစ်ယောက်တည်း back-end maintainer(back-end developer » ဝက်ဆိုက်တစ်ခု သို့ app တစ်ခု၏ နောက်ကွယ်မှ ဒေတာ၊ ဆာဗာ အစရှိသည့် ဝက်ဆိုက်တစ်ခုလုံး၏ ကျောရိုးကို ရေးဆွဲသည့် programmer)အဖြစ်ရှိနေတာ။ သေချာပေါက် ကျွန်တော် ဒီပြီးခဲ့တဲ့နှစ်ရက်ထဲ programmer တွေ ငှားဖို့ အလုပ်ရှုပ်နေခဲ့ပေမဲ့ လူထပ်ခေါ်ရင်တောင် ကျွန်တော်တို့က ကမ္ဘာ့တစ်ဝက်ထက်တောင် ခြားနေတာလေ။ တကယ်လို့ ကျွန်တော်တို့ video function ကို စတင်ချင်တယ်ဆို ဒီ ကွန်ယက်နှုန်းက ထောက်ပံ့နိုင်ပါ့မလား?
PPT တစ်ခုလိုမျိုးနှေးမသွားနိုင်ဘူးလား? ဒီ သမုဒ္ဒရာဖြတ်ရမယ့် video function လုပ်ဖို့ လိုအပ်မယ့် ပရော်ဖယ်ရှင်နယ် အရည်အချင်းတွေက အရမ်း ကြေးမြင့်လွန်းတယ်။ကျွန်တော်လည်း မတတ်နိုင်ဘူး"
ပြောပြီးနောက် ထောင်မု၏ မျက်ဝန်းများက ရုတ်တရုက် တောက်ပလာပြီး လီရှောင်းဟန်ကို မေးလိုက်သည် "ဒါမှမဟုတ် လီကော ကျွန်တော့်ကို Stanford က ဘွဲ့ရထားတဲ့ အတော်ဆုံး programmer နှစ်ယောက်ကို ကူစည်းရုံးပေးပါလား? သူတို့ကို တရုတ်လာပြီး ကျွန်တော့်ကို ကူညီပေးဖို့လေ?"
လီရှောင်းဟန်က ခေါင်းငုံ့လိုက်ပြီး ရယ်မောလိုက်သည် "ကိုယ်တို့ အတူတူကြိုးစားလုပ်ကြတာပေါ့။ အဲ့ဒီနောက် သေချာပေါက် အနာဂတ်မှာ ကိုယ်တို့ ဒီအခွင့်အရေးရလာမှာပါ"
ထောင်မုသည် သူ့နှာခေါင်းလေးသူထိလိုက်ကာ သူနည်းနည်း စိတ်ရူးပေါက်ပြီး အပြောင်းအလဲမြန်သွားကြောင်းကို သိလေသည်။ သူ့အတွေးများကို လက်ရှိသို့ ပြန်ခေါ်လိုက်ပြီး ဆက်ပြောလိုက်သည် "တကယ်တော့ ကျွန်တော်လည်း FlyNews မှာ online video calls function အကြောင်း စဉ်းစားခဲ့တယ်။ဒါပေမဲ့ ကျွန်တော့်အတွေးကတော့ ပြင်ပအခြေအနေတွေ ခွင့်ပြုချက်ရတဲ့ထိ စောင့်ချင်တယ်။ အဲ့နောက် web version နဲ့ mobile version နဲ့ကို တူတူစတင်လို့ရနိုင်မယ်လေ"
"အခု စမတ်ဖုန်းတွေရဲ့ ပထမဆုံးမျိုးဆက်က အခုလေးတင်ထွက်လာတာ။ မိုဘိုင်းဖုန်းတွေရဲ့ hardware က video call ရဲ့ app version ကို မထောက်ပံ့နိုင်သေးဘူး။ လီကောရဲ့ အကြံပြုချက်က အတော်ကောင်းတယ်လို့ထင်ပေမဲ့ ဒီအချိန်မှာတော့ မသင့်တော်သေးဘူး။ ဘာလို့ဆို hardware က မထောက်ပံ့ပေးနိုင်တော့ ကျွန်တော်တို့ video call function ကို မိတ်ဆက်ပေးနိုင်ခဲ့ရင်တောင် တန်မှာမဟုတ်ဘူး။ စမတ်ဖုန်းရဲ့hardware ဖွဲ့စည်းပုံပိုတိုးတက်လာဖို့ နောက်ထပ်တစ်နှစ် နှစ်နှစ်လောက်စောင့်တာ ပိုကောင်းလိမ့်မယ်။ အဲ့အချိန်ကျ ဒီ function ကို ကျွန်တော်တို့ အချိန်ကိုက်လှုပ်ရှားကြမယ်။ခင်ဗျား ဘယ်လိုထင်လဲ?"
ထောင်မုတွင် FlyNews ၏ အနာဂတ်တိုးတက်မှုအတွက် စည်းစနစ်တကျနှင့် အစီအစဉ်ရှိသည်။ သည်အတွက် ဤအကြောင်းနှင့်ပတ်သက်ပြီး လီရှောင်းဟန်နှင့်ပြောရာမှာ စနစ်ကျသည့် နည်းဟန်မျိုးနှင့် ပြောဖြစ်ခဲ့သည်။ပြန်လည်ရှင်သန်လာပြီးနောက် နောက်ထပ်ဆယ်နှစ်အတွင်း မိုဘိုင်းသုံးစွဲသူများ၏ အလားအလာရှိသော တိုးတက်မှုကို ထောင်မုထက်ပိုပြီး မည်သူကမျှ ပိုမသိနိုင်ပါ။ ထို့အတွက်ကြောင့် ထောင်မုမှာ မိုဘိုင်းသုံးစွဲသူတွေနှင့် ထိတွေ့မည့် FlyNews ၏ အဓိကနည်းပညာအပေါ် အမြဲတမ်း အာရုံစိုက်ထားခဲ့သည်။
သူတစ်ယောက်သာ နားလည်နိုင်မည့် တိုးတိုးတိတ်တိတ်ရေးထားသော စီမံကိန်းရေးဆွဲသည့်စာအုပ်ထဲတွင် FlyNews ၏ မိုဘိုင်းဖောက်သည်တွေကို ပိုလူသိများကြော်ငြာမယ့် အစီအစဉ်ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲအား တစ်ဆင့်ချင်း အသေးစိတ်ရေးထားသည်။ အခု အရာအားလုံးမှာ အဆင်သင့်ဖြစ်နေပြီး သူလုပ်ဖို့လိုသည်က အင်တာနက်နှုန်းပိုအဆင့်မြင့်လာဖို့နှင့် စမတ်ဖုန်းများ၏ နောက်မျိုးဆက်ကို စောင့်ဖို့ပင်။
ဤအတိုင်း သည်လိုအရာမျိုးက ထောင်မုအနေနှင့် လီရှောင်းဟန်ကို အသေးစိတ်ရှင်းပြလို့မရနိုင်သည့် အရာမျိုးဖြစ်နေခြင်းပင်။
လီရှောင်းဟန်သည် ထောင်မု၏ သူလုပ်သမျှအရာတိုင်းအပေါ် ထားရှိသည့် လေးနက်တည်ကြည်မှုနှင့် အာရုံစူးစိုက်မှုကို သဘောကျသည်။ သူ ထောင်မု၏ အသံကို နားထောင်ရင်း သူ့အာရုံထဲမှာ ဖြေရှင်းနည်းရှာရင်းနှင့် အနည်းငယ် မျက်မှောင်ကြုံ့နေမည့် ထောင်မု ပုံစံကို ပုံဖော်မိသည်။ ထို့နောက် မတတ်နိုင်ဘဲ ပြုံးမိလေသည်။
"မင်းအစီအစဉ်က တော်တော်လေးကောင်းတယ်လို့ ကိုယ်ထင်ပါတယ်" လီရှောင်းဟန်သည် ထောင်မု၏စကားပြောပုံကို အတုယူပြီး ပထမဆုံး ထောင်မု၏ အတွေးများကို ထောက်ခံပေးကာ သည့်နောက်တွင်မှ သူ့ကိုယ်ပိုင်အတွေးကို ပြောပြလိုက်သည် "ဒါပေမဲ့လည်း ကိုယ်တော့ programmer တွေကို ဒီ function အရင်ရေးထားစေပြီးတော့ ကိုယ်တို့နှစ်ယောက်အရင် သုံးလို့ရနိုင်မယ်လို့ တွေးမိတုန်းပဲ။ ဝန်ဆောင်မှုအသစ် ပွဲမထုတ်ခင် ဝက်ဆိုက်တစ်ခုမှာ အတွင်းပိုင်းစစ်ဆေးမှုလိုတယ်လို့ သူတို့မပြောကြဘူးလား? အဲ့လိုဆိုတော့ ကိုယ်တို့နှစ်ယောက် အတွင်းပိုင်းလုပ်ဆောင်မှု စမ်းသပ်သူတွေအနေနဲ့ လုပ်ဖို့ အကြောင်းသင့်သွားတာပဲ"
အဆုံး၌ လီရှောင်းဟန်မှာ ဖုန်းနှင့်သာ စကားပြောနေရခြင်းကို မကျေနပ်သေးပေ။သူ ထောင်မုကို သူ့ကိုယ်ပိုင်မျက်လုံးများနှင့် မြင်ချင်သည်။တစ်ဖက်မှတစ်ယောက်၏ အရိပ်ကို သူ့မျက်ဝန်းများနှင့် ခြေရာကောက်ကာ သူ့လုပ်ငန်းအကြောင်း ဆွေးနွေးချိန်တိုင်း မြင်ရသည့် ထောင်မု၏ တက်ကြွဖျက်လတ်သော ပုံစံကို အသိအမှတ်ပြုချင်မိသည်။ အခုလိုမျိုး အသံကိုသာနားထောင်နိုင်ပြီး တစ်ဖက်သူ၏ အမူအရာကို ခန့်မှန်းနေရသည်မျိုး မဟုတ်ဘဲနှင့်ပေါ့။
"တကယ်တော့ မင်း FlyNews ကို ပြည်ပမှာပါ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ဖို့ တွေးကြည့်ဖူးလား" လီရှောင်းဟန်က ကွယ်ဝှက်ထားသောအကြောင်းရင်းဖြင့် အကြံပြုလာသည် "ကိုယ်လည်း FlyNews မှာ အကောင့်လုပ်ထားတယ်။ ဒီရက်တွေထဲ သုံးကြည့်ပြီးတော့ FlyNews ရဲ့social concept က တော်တော်လေးကောင်းပြီး လူမှုစိတ်ပိုင်းဆိုင်ရာနဲ့ ကောလိပ်ကျောင်းသားတွေအတွက် လူမှုရေးလိုအပ်မှုတွေကို အများကြီးဖြည့်တင်းပေးနိုင်တယ်လို့ ထင်တယ်။ တကယ်လို့ FlyNews ကသာ M နိုင်ငံက တက္ကသိုလ်တွေမှာ ကြော်ငြာနိုင်မယ်ဆိုရင် အဲ့ဒါက တရုတ်က FlyNews ရဲ့ ပရိုမိုးရှင်းတွေအတွက် လူသိအောင်ကြော်ငြာပြီးသားလည်း ဖြစ်နိုင်တာပဲ"
တရုတ်၏ သုံးစွဲသူဈေးကွက်မှာ အမှန်တကယ်ကို ထိုကဲ့သို့ ဖြစ်စဉ်မျိုး ရှိသည်ဟု ပြောရမည် "တိုင်းတစ်ပါးဘုန်းကြီးတွေက ကျမ်းဂန်တွေကို အာဂုံဆောင်နိုင်တယ်" "တိုင်းတစ်ပါးလတွေက ပိုလုံးဝန်းတယ်" "ရနံ့မွှေးတဲ့ ပန်းတွေက နံရံအပြင်မှာ ပွင့်ကြတယ်" တို့ကဲ့သို့ပင် ၊ လီရှောင်းဟန် ပြောသလိုပဲ အကယ်၍ FlyNews ကသာ M နိုင်ငံရှိ တက္ကသိုလ်များကြား ဈေးကွက်ဖွင့်နိုင်ခဲ့မည်ဆိုလျှင် ကြော်ငြာအတွက်ပဲ ပြောမည်ဆိုလျှင်တောင် ထောင်မု သည် တစ်မျိုးသားလုံး၏ ယုံကြည်ချက်ကို နှိုးဆွနိုင်မည့် ကြော်ငြာအစီအစဉ် အခုတစ်ရာလောက်ကိုတောင် စဉ်းစားလောက်မည်ပင်။
သို့ပေမဲ့ အဓိကအချက်က....
"M နိုင်ငံက ကောလိပ်ကျောင်းသားတွေအကုန်လုံးက အခု Facebook နဲ့ Photo Albums သုံးနေကြတာမဟုတ်ဘူးလား။ ပြည်တွင်း social ဆော့ဝဲလ်ရဲ့ ပရိုမိုးရှင်းက အတောင်အပြည့်ဖြန့်ပြီး လှုပ်ရှားပြီးနေပြီကို နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အခြေခံအုတ်မြစ်နဲ့ ဝန်ထမ်းလည်းမရှိဘူး။မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော်တော့ထင်တယ် ဟုတ်တယ်မလား?"
သေချာပေါက် ထောင်မုမှာ လီရှောင်းဟန်၏ အဆိုတင်သွင်းချက်နောက် ဆွဲဆောင်ခံလိုက်ရပေမဲ့ တစ်ဖက်မှာလည်း သူက ကိုယ့်ကိုယ်ကိုယ် သေချာသတိမူမိသည် "FlyNews က နည်းပညာအရရော အကျိုးအမြတ်အရရော Facebook နဲ့ Photo Album တို့လောက် စိတ်ချယုံကြည်လို့မရသေးဘူး။ကျွန်တော်တော့ အဲ့ဒီနိုင်ငံခြားကျောင်းသားတွေက သူတို့ကိုယ်ပိုင် social ဆော့ဝဲလ်ကို ပစ်ပြီး အဲ့ဒီအစား ကျွန်တော်တို့ဆော့ဝဲလ်ကို သုံးလာမယ်လို့ မထင်ဘူး"
အရေးအကြီးဆုံးအရာမှာ တကယ်လို့ ထောင်မုက M နိုင်ငံ၌ FlyNews ကို စတင်ဖို့ရွေးခဲ့မည်ဆိုလျှင် တရုတ်အတွက် သူမူလရေးဆွဲထားသည့် FlyNews ၏ တစ်ဆင့်ချင်းတိုးတက်မှုအရှိန်ကို အလျဉ်ပြတ်စေမိလိမ့်မည်။ Facebook ၊ Photo Album တို့နှင့် ယှဉ်ပြိုင်ဖို့ရာ ထောင်မုအနေနှင့် လူသိရှင်ကြားဖြစ်မည့်ကြော်ငြာနည်းလမ်းတချို့နှင့် အွန်လိုင်းဝန်ဆောင်မှုအသစ်တွေကို ရှေ့ပြေးထည့်သွင်းရမည်ဖြစ်သည်။ ဤကဲ့သို့ ကြီးထွားမှုမျိုးက FlyNews အတွက် ကောင်းသည့်အရာတစ်ခုဖြစ်လား မဖြစ်လား ထောင်မု မသိပေ။
သေချာတာပေါ့၊ အဓိက အချက်ကတော့ M နိုင်ငံမှာ FlyNews ၏ အခြေခံအုတ်မြစ်မရှိခြင်း ဖြစ်နေသေးသည်။
ထောင်မု၏ ဦးနှောက်က မြန်မြန်ဆန်ဆန်အလုပ်လုပ်နေပြီး လီရှောင်းဟန်၏ စိတ်ကူးကို မည်ကဲ့သို့ ပါးနပ်စွာနှင့် ပြတ်သားခိုင်မာစွာ ငြင်းဆိုရမည်အား တွေးတောနေမိသည်။
ဖြည်းဖြည်းချင်း ပြင်ဆင်လာပြီးသည့် လီရှောင်းဟန်က နောက်ဆုံးတော့ ထောင်မု ရှေ့မှောက်၌ ဖျော်ဖြေပြသဖို့ အခွင့်အရေးရလာပြီဖြစ်သည် "မင်း ကိုယ့်ကို ဘယ်လိုထင်လဲ?"
"ဘာကို?"
"အမှန်တော့ ကိုယ် ကိုယ်တိုင် FlyNews ရဲ့ အလားအလာနဲ့ အနာဂတ်တိုးတက်မှုကို ယုံကြည်တယ်။ မင်းကိုယ့်ကို ယုံကြည်နိုင်မယ်ဆို M နိုင်ငံက FlyNews ရဲ့ ပရိုမိုးရှင်းကိစ္စကို ကိုယ့်ကို လွှဲထားနိုင်တယ်။ ၁၁ရက်နေ့က အမျိုးသားနေ့ဖြစ်မှာ။ ပြီးတော့ မင်းရဲ့ကျောင်းကနေ ပိတ်ရက်၇ရက်ပိတ်မယ်ထင်တယ်။ ဒီ၇ရက်ကို သုံးပြီးတော့ ဒီကိုလာပြီး မင်းဘာလို့ လူကိုယ်တိုင်စကားမပြောကြည့်တာလဲ။ အဲ့ဒါအပြင် မင်း M နိုင်ငံကိုရောက်ရင် နိုင်ငံတကာ ရေနံဈေးကွက်ရဲ့ အနီးကပ်အခြေအနေကိုလည်း ခံစားနိုင်တာပေါ့"
လီရှောင်းဟန်သည် ရည်ရွယ်ချက်ရှိရှိနှင့် စနစ်ကျကျ ကြံစည်စီစဉ်ထားပြီး နောက်ဆုံးတွင် သူအပြောချင်ဆုံးဖြစ်သည့် ခေါင်းစဉ်ကို ဆွဲထုတ်နိုင်ခဲ့လေသည်။
"ဒါပေမဲ့...." ထောင်မု၏ ဦးနှောက်မှာ ခေတ္တခဏ လိုက်မမီနိုင်တော့ပေ။ သူ့မှာ လီရှောင်းဟန်၏ အဘက်ဘက်မှ ပိတ်ဆို့နေမှုကြောင့် အနည်းငယ် မသက်မသာဖြစ်မိသည်။
"ဒါက ဒုက္ခများလွန်းပါတယ်" ထောင်မုက ယဉ်ယဉ်လေးပြောလိုက်သည်။ သူ့တွင် တစ်ဖက်မှာ အကျိုးအမြတ် ဖြစ်နေသည့် FlyNews ကို မျှဝေမည့် ရည်ရွယ်ချက်မရှိပါ။ အနည်းဆုံး ယခုတော့မဟုတ်သေးပေ "ခင်ဗျားက M နိုင်ငံမှာ တစ်ယောက်တည်းဖြစ်နေတာ။ နိုင်ငံတကာရေနံဈေးကွက်ကို စောင့်ကြည့်နေရတာနဲ့တင် ခက်ခဲနေပြီကို။ ကျွန်တော်ကတော့ FlyNews က အခုမှစတည်ထောင်ကာစလည်းဖြစ်သေးတယ်။ ဒီလို ရေရှည်အရေးတွေ ထည့်စဉ်းစားဖို့မလိုသေးဘူးလို့ ထင်တာပဲ"
"ကိုယ်ကတော့ အခုက အခွင့်အရေးကောင်းလို့ ထင်တယ်" သေချာသည်ပေါ့၊ လီရှောင်းဟန်က ဤအရေးကို ရုတ်တရက်ရသည့် စိတ်ကူးအပေါ်၌ ဆွေးနွေးခြင်းမဟုတ်။ သူက စကားစမပြောခင် ချင့်ချိန်ကာ ဂရုတစိုက်ရှိခဲ့သည် "မင်း M နိုင်ငံကို မလာရင် ဒီကအခြေအနေကို မင်းဘယ်သိမလဲ?စီးပွားရေးအကျပ်အတည်းကြောင့် M နိုင်ငံက ဖျော်ဖြေရေးလုပ်ငန်းက အခုကောင်းကောင်း ဖွံ့ဖြိုးနေပြီ။
လူထုကလည်း သူတို့နေ့စဉ်ဘဝက ဖိအားတွေဆီကနေ အသက်ရှူပေါက်ရအောင် သူတို့ကို ဆွဲဆောင်ပြီး အာရုံပြောင်းစေနိုင်မယ့် အသစ်အဆန်းတွေကို အရေးတကြီးကိုလိုနေတာ။ FlyNews က ပုံမှန်လက်ခံထားကြတဲ့ ဖျော်ဖြေရေးလုပ်ငန်းထဲကမဟုတ်ပေမဲ့ သူ့ရဲ့ လူမှုရေးသဘောတရားက ကောလိပ်ကျောင်းသားတွေနဲ့ အခုမှ လူ့အဖွဲ့အစည်းထဲ စဝင်လာကာစ လူတွေအတွက် အတော်လေး သင့်တော်တယ်။ ကိုယ် မင်းကို ပိုင်းခြားစိစစ်ပြမယ်။ အခု M နိုင်ငံက.... "
လီရှောင်းဟန်သည် ဖုန်းမှ ရှာဖွေမှုအစီရင်ခံစာကို ထောင်မုအား တိုက်ရိုက်ဖတ်ပြလိုက်ပြီး အဆုံး၌ ကောက်ချက်ချလိုက်သည် "....ဒီတော့ အခုလက်ရှိ Mနိုင်ငံရဲ့ အခြေအနေက FlyNews အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးလို့ထင်တယ်။ ကိုယ်တို့ ဒီအခွင့်အရေးကို အရယူသင့်တယ်။ ဒါပေါ့၊ မင်း သိပ်စိတ်ပူစရာမလိုပါဘူး။ မင်းက ကိုယ့်ရဲ့ အလားအလာအကောင်းဆုံး ပါတနာပဲ။ မင်းရဲ့ လုပ်ငန်းမှာ ကူညီခွင့်ရတာကိုက ကိုယ့်အတွက် ဂုဏ်ယူစရာပါပဲ။ တကယ်လို့ မင်း အဲ့ဒီလောက်တောင် စိတ်မသန့်သလို ခံစားနေရတယ်ဆိုရင်လည်း မင်း ကိုယ့်ကို ရှယ်ယာဈေးကွက်မှာ အမြတ်ဘယ်လောက်တောင် ကူညီပေးထားလဲဆိုတာကိုပဲ ဘာလို့မစဉ်းစားတာလဲ။ ဒါမှမဟုတ် FlyNews အနေနဲ့ NASDAQ မှာ စတော့ရှယ်ယာဝယ်ချင်ပြီဆိုရင် ရှောင်းဟန်လုပ်ငန်းကို ဦးစားပေးပြီးတော့ ကိုယ်တို့ဘက်က FlyNews အတွက် ဘဏ္ဍာငွေမြင့်လာဖို့နဲ့ အများဆိုင်ကုမ္ပဏီအဖြစ်ပြောင်းဖို့ ကူညီခွင့်ပေးလို့ရနိုင်တယ်လေ"
လီရှောင်းဟန်၏ အဖြေများက ထောင်မု ရင်ထဲ စွဲနေသည့် စိုးရိမ်ပူပန်မှုတွေကို ပြီးပြည့်စုံစွာ ဖြည်ထုတ်ရှင်းလိုက်သည်ဟု ပြောရမည်။ သည်အတွက် ထောင်မုမှာ ရှေ့ဆက်ပြီး ထပ်မငြင်းနိုင်တော့ပေ။
"ကောင်းပါပြီ၊ ဒါဆိုလည်း အမျိုးသားနေ့ကျရင် ကျွန်တော် M နိုင်ငံကို လာခဲ့ပါမယ်။ ကျွန်တော်တို့ လူချင်း စကားပြောကြတာပေါ့" ထောင်မုမှာ ကူကယ်ရာမဲ့မှုကို နည်းနည်းခံစားနေရသည်။ သို့ပေမဲ့ သူ့အနေနှင့် လီရှောင်းဟန်၏ ကြင်နာမှုကို ပိုကျေးဇူးတင်မိသည်။
လီရှောင်းဟန်၏ မူလရည်မှန်းချက်က ရှောင်းဟန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို FlyNews သို့ သွင်းဖို့ဖြစ်နေသေးသည်ဆိုလျှင်တောင် သူက FlyNews ၏ စတင်ခြေလှမ်းစချိန်မှာ ပြည့်ပြည့်၀၀နှင့် ကိုယ်ကျိုးမဖက်သော အကူအညီကို ပေးလာသည်။ ဒါ့အပြင် သူ၏လိုအပ်ချက်များကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံသည်။ ဤကဲ့သို့ ချဉ်းကပ်မှုက နည်းပညာအကြောင်း ဘာတစ်ခုမှမသိဘဲ လူထုကို ပိုက်ဆံဖြင့်ဘယ်လိုရိုက်ချိုးရမလဲကိုသာ သိပြီး စတင်ရေးဆွဲအကောင်အထည်ဖော်ခဲ့သည့် အဖွဲ့ကို ကုမ္ပဏီကနေ ဘယ်လိုနှင်ထုတ်ရမလဲအား နေ့စဉ်ရက်ဆက် ကြံစည်နေသည့် ထိုအရင်းရှင်များထက် ပိုကောင်းမွန်သည်ပင်။
ထောင်မုသည် ထပ်တစ်ကြိမ် သူ့အကြိုက်နှင့်လည်း ကိုက်ညီလှသည့် အလွန် ထက်မြက်သောပါတနာကို ရှာဖွေတွေ့ရှိနိုင်ခဲ့သည်ဟု ခံစားလိုက်ရပြန်သည်။
ရင်ထဲ ဂွမ်းဆီထိလို့မပြီးခင်မှာဘဲ လော့ရှီဆီကနေ ဖုန်းလက်ခံရရှိလေသည်။
"မင်း ပေကျင်းမှာလား?" ဖုန်းတစ်ဖက်မှ လော့ရှီက သူ၏ ကျေနပ်အားရမှုနှင့် သူတစ်ပါးဒုက္ခတွေ့သည်ကို ရွှင်မြူးနေစိတ်အား ဖုံးကွယ်ထားမနေပေ "မင်းပေကျင်းမှာဆို ပေကျင်းအမှတ် ၁ ပြည်သူ့ဆေးရုံက အရိုးအကြောဌာန လူနာဆောင် ၃၀၄ကို လာလို့ရတယ်။ အဖေက လော့ယန် ခြေထောက်ကို ချိုးလိုက်တယ်လေ။ ငါ့အထင် သူ သူ့သူငယ်ချင်းတွေ သတင်းလာမေးပြီး အားပေးတာ လိုလိမ့်မယ်ထင်တယ်"
ထောင်မု : “…..”
"ဒါနဲ့ ငါမင်းကိုပြောဖို့ မေ့နေတာ" လော့ရှီက ပါးပါးလေးပြုံးသည် "မင်း ငါ့ကိုပေးခဲ့တဲ့ ကြမ်းခင်းဈေးတွေအရ ငါ နောက်ထပ် ၁၀သန်းထပ်ထည့်လိုက်တယ်။ လေလံအောင်ပြီးတော့. လော့အုပ်စုလည်း အောင်အောင်မြင်မြင် ရှန်ဟိုင်းကမြေကို ရလိုက်တယ်။ လေလံဈေးက နဂိုဘက်ဂျက်ထက် နည်းနည်းမြင့်ပေမဲ့ ဘုတ်အဖွဲ့က ဒါရိုက်တာတွေ သေချာစဉ်းစားပြီးတဲ့နောက် ဒီဈေးက အမြတ်များများရနိုင်တယ်လို့ ထင်ကြတယ်လေ။ ဒီတော့ ကုမ္ပဏီကအာရုံစိုက်မယ့် နောက်ခြေလှမ်းက မြေကို ဖွံ့ဖြိုးတိုးတက်စေဖို့ပဲ။ ငါက လေလံပွဲမှာ ဒီရေစီးကြောင်းကို ပြောင်းနိုင်ခဲ့တာဆိုတော့ ဘုတ်အဖွဲ့က ဒီပရောဂျက်အတွက် ငါတာဝန်ယူနိုင်လောက်တယ်လို့ တွေးတယ်"
လော့ရှီက သည်အကြောင်းကိုပြောရင်းနှင့် ခဏရပ်လိုက်သည် "မင်းစိတ်မရှိဘူးဆိုရင် ငါတကယ်ဘုတ်အဖွဲ့ရဲ့ အသိအမှတ်ပြုမှုကို လိုအပ်လို့ မင်းအခန်းကဏ္ဍကို ငါမပြောခဲ့ဘူး။ဒါပေမဲ့ မင်းစိတ်မပူပါနဲ့ ငါမင်းကို အခြားနည်းတွေနဲ့ အလျော်ပြန်ပေးပါမယ်။ FlyNews ဘက်က ဘာပဲလိုချင်လိုချင် လုံထျန်းအင်တာတိန်းမန့်က ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် FlyNews ရဲ့ ကြော်ငြာလုပ်ငန်းနဲ့ ပူပေါင်းမှာပါ။ သေချာတာပေါ့၊ တကယ်လို့ မစ္စတာထောင်မှာ ကိုယ်ရေးကိုယ်တာ တောင်းဆိုစရာရှိတယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ ဘယ်လိုတောင်းဆိုမှုမျိုးပဲဖြစ်ဖြစ် ကျေနပ်အောင် အကောင်းဆုံး လုပ်ပေးပါမယ်"
"ငါတို့ပူပေါင်းမှုက အတော်လေးပျော်ဖို့ကောင်းမယ်လို့ ထင်တယ်နော်။ ပြီးတော့ အနာဂတ်မှာ မစ္စတာထောင်နဲ့ ပူပေါင်းမယ့် အခွင့်အရေးတွေ ပိုရလာဖို့လည်း ငါကိုယ်တိုင် မျှော်လင့်နေတယ်"
ထောင်မုသည် ဤသည်မှာ လော့ရှီဘက်မှ တတ်နိုင်သည့် အကျိုးအမြတ်အလဲအလှယ်ဟု နားလည်သည်။သူက ဤလေလံကို ဘုတ်အဖွဲ့မှ ရှယ်ယာရှင်တွေ သူ့အား ပိုထောက်ခံလာဖို့ သိမ်းသွင်းစည်းရုံးရာမှာ အသုံးချချင်သည်။ သည်အတွက် တုံ့ဆိုင်းမှုမရှိဘဲ ထောင်မု၏ ကြိုးပမ်းအားထုတ်မှုကို အကုန်စုပ်ယူလိုက်ခြင်းပင်။ သို့ပေမဲ့ တစ်ဖက်မှာလည်း ထောင်မု၏ မကျေနပ်မှုကို သွားနှိုးဆွမိမည်စိုး၍ ထောင်မု၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အရာများကို ကြိုးစားပမ်းစားပြင်ဆင်ထားခြင်း ဖြစ်သည်။
သို့ပေမဲ့ သူမသိသည်က ထောင်မု ကိုယ်တိုင်ကလည်း သည်ကိစ္စကို လူသိမများစေချင်ခြင်းပင်။သေချာသည်ပေါ့၊ ထောင်မုသည် သူ့ကိုယ်သူအပျံသစ်စငှက်တစ်ကောင်ဟုသာ တွေးထင်ထားပြီး ရှန်းမိသားစုနှင့် ရှန်းယွီကို သဘောကြသူများ၏ အာရုံကို မဆွဲဆောင်မိချင်ပါ။ သို့သော်လည်း ဤအရာက လော့ရှီ၏ ကမ်းလှမ်းမှုကို လက်ခံမည့် ထောင်မု၏ သဘောထားကို မယိမ်းယိုင်စေပေ။
"ကျွန်တော်လည်း မစ္စလော့နဲ့ ပူပေါင်းဖို့ အလွန်မျှော်လင့်မိပါတယ်" ထောင်မုက နွေးနွေးထွေးထွေး ပြုံးလိုက်ကာ လော့ရှီ ၏ စေတနာဖော်ပြမှုကို ရိုးရိုးရှင်းရှင်းပဲ လက်ခံလိုက်သည် ၊
ဖုန်း၏အခြားတစ်ဖက်၌ အသက်ရှူအောင့်ထားမိသည့် မစ္စလော့က နောက်ဆုံးတော့ စိတ်သက်သာရာရစွာ သက်မချလိုက်နိုင်တော့သည်။ လော့ရှီမှာ ထောင်မု၏ တန်ဖိုးကို အနာဂတ်ကမ္ဘာ့ရေနံဈေးအရေးနှင့် ရှန်ဟိုင်းမြို့မြေနေရာလေလံပွဲအရေး နှစ်ခုတည်းကနေ မြင်တွေ့ရပြီးဖြစ်သည်။ သူ ထောင်မုအား စိတ်အနှောင့်အယှက်ဖြစ်အောင် အမှားမပြုချင်မိပါ။ အကယ်၍ ထောင်မုကများ ဒါကိုကြားပြီးနောက် ပြင်းထန်သော မကျေနပ်မှုကို ဖော်ပြလာခဲ့သည်ဆိုလျှင် သူ ဘုတ်အဖွဲ့မှ ဒါရိုက်တာတွေထံ အမှန်အတိုင်းပြောဖို့ကိုတောင် စဉ်းစားခဲ့သေးသည်။
သို့ပေမဲ့ ယခုမြင်ရသည်မှာ ထောင်မုက စာနာမျှဝေတတ်ပြီး ပေါ့ပေါ့ပါးပါးရှိသည့်သူတစ်ယောက်ဖြစ်ပုံပင်။ဤသို့ဖြစ်လျှင် လော့ရှီမှာ သူသည်လည်း ထောင်မုအား သူ၏စိတ်ရင်းမှန်ကို မြင်တွေ့ခွင့်ပေးသင့်သည်ဟု ခံစားလိုက်ရသည်။
"တကယ်လို့ FlyNews က လုံထျန်းအင်တာတိန်းမန့်ရဲ့ အနုပညာရှင်တွေကို ကြော်ငြာအတွက်သုံးချင်တယ်ဆိုရင် online ဒါမှမဟုတ် offline ပရိုမိုးရှင်းပဲဖြစ်ဖြစ် အနုပညာရှင်တွေကို FlyNews ရဲ့ ပရိုမိုးရှင်းလှုပ်ရှားမှုနဲ့ပူပေါင်းဖို့ ငါပြောလိုက်လို့ရတယ်" လော့ရှီသည် ထောင်မုမှ လုံထျန်းအင်တာတိန်းမန့် ၏ ရင်းမြစ်များကို တန်ဖိုးထားကြောင်း သိသည့်အတွက် ရက်ရောလှစွာ ကမ်းလှမ်းလာသည်။
"အခြား ခွင့်ပြုချက်လိုတာရှိလည်း ငါ့ကို တိုက်ရိုက်သာပြော။ မင်းကို ကူညီဖို့ ငါအကောင်းဆုံးလုပ်မှာပါ။ ဈေးအတွက်ကတော့ မင်းစိတ်ပူစရာမလိုဘူး။ ငါ့ဘက်ကနေ ကြည့်လုပ်လိုက်မယ်"
ထောင်မုသည် ဤကဲ့သို့ ဉာဏ်ကောင်းပါးနပ်သည့်လူမျိုးကို သဘောအကျဆုံးဖြစ်သည် "အဲ့ဒါဆို မစ္စလော့ကို ကျေးဇူးတင်ပါတယ်။ လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော် မစ္စကို တိုက်ရိုက်ပြောပါ့မယ်"
"ကြိုဆိုလျက်ပါ၊ ဒါက ငါလုပ်သင့်တဲ့ကိစ္စပါပဲ" လော့ရှီက ခေတ္တရပ်သွားပြီးနောက် မေးလာသည် "မင်း လော့ယန်ကို ကြည့်ဖို့ ဆေးရုံလာမှာလား?"
"သေချာတာပေါ့" ထောင်မု၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားပြီး တောက်တောက်ပပပြုံးလာသည် "သေချာပေါက် ကျွန်တော် သွားကြည့်သင့်တယ်လို့ ထင်တယ်"
လော့ရှီမှာ ထောင်မုနှင့် လော့ယန်အကြားရှိ ဆက်ဆံရေးအကြောင်း အများကြီးမသိလှ။ဒါကိုကြားတော့ ချက်ချင်းပဲ ပြုံးကာ ပြောလာသည် "အမှန်ပဲ၊ မင်းတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေဟာ။ မင်းကိုဆေးရုံမှာ တွေ့လိုက်ရရင် လော့ယန် အရမ်းပျော်သွားမှာ"
အဲ့လိုလား?
ထောင်မုက မျက်ခုံးပင့်လိုက်သည်။ သူ့ကိုမြင်လို့ လော့ယန် ပျော်သွားမလား မပျော်သွားမလား သူမသိပေ။
ထောင်မု သိသည်က ယဉ်ယဉ်ကျေးကျေး ရောက်သွားပြီး ပန်းစည်းတစ်စည်းနှင့် သစ်သီးခြင်းတစ်ခြင်းကိုင်လို့ လူနာဆောင်ထဲ ဝင်ကာ ကုတင်ပေါ်တွင် ကျောက်ပတ်တီးစည်းထားသောခြေထောက်နှင့် လှဲနေသည့် လော့ယန်ကို မြင်လိုက်ရချိန်၌ သူ့စိတ်အခြေအနေ အလွန့်အလွန်ကို လန်းဆန်းတက်ကြွလာသည်ဟုပင်။
***

mybibliobay.comမှာ အပိုင်း 230ကျော်အထိ တစ်ပိုင်းချင်းအလိုက် coinဖြင့် ဖတ်ရှုနိုင်ပါပြီ

[Zawgyi]
ျပန္လည္ေမြးဖြားလာေသာ အေျမႇာက္စာဇာတ္ေကာင္ေလး
အပိုင္း ၀၄၈ ။အစီအစဥ္တစ္ခု အႀကံျပဳျခင္းႏွင့္ ဝမ္းတြင္းမည္း

ေထာင္မုက ေနာက္ေန႔မနက္မတိုင္ခင္ထိ အိပ္ေပ်ာ္ေနခဲ့ကာ သူႏိုးသည့္အခ်ိန္၌ ယမန္ေန႔ညက သူကတိေပးမိခဲ့ပုံ ေပၚသည့္အရာမ်ားကို ႐ုတ္တရက္ မွတ္မိသြားေလသည္။
"ငါတို႔နဲ႔အတူတူ ကားေမာင္းသင္ဖို႔ ကတိေပး!"
"ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲ ေဖ်ာ္ေျဖမႈအတြက္ စာရင္းေပးဖို႔ ကတိေပး!"
"ဖုန္းေကာတစ္ခုေျဖခဲ့ၿပီး visual chat function ဖန္တီးဖို႔ ကတိေပးခဲ့!"
ဟုတ္တယ္၊ ဒါပဲ!
အမွန္ အမွား အေျဖေပါင္းမ်ားစြာထဲမွ ေထာင္မုသည္ သူလိုခ်င္ေသာ အခ်က္အလက္ကို လ်င္လ်င္ျမန္ျမန္ ရွာေတြ႕သြားေလသည္။ ထို႔ေနာက္ ဖုန္းေကာက္ကိုင္ကာ သမုဒၵရာတစ္ဖက္မွ မစၥတာလုပ္ငန္းပါတနာထံ ဖုန္းထပ္ေခၚလိုက္ျပန္သည္ "လီေကာ၊ မေန႔ညက ခင္ဗ်ားေျပာခဲ့တဲ့ကိစၥကေလ။ ကြၽန္ေတာ္တို႔ ထပ္အေသးစိတ္ေဆြးေႏြးဖို႔လိုမယ္လို႔ ထင္တယ္"
ညေန ၇နာရီတြင္ စာဖတ္ခန္းထဲ၌ စာ႐ြက္စာတမ္းတခ်ိဳ႕ဖတ္ေနေသးသည့္ လီေရွာင္းဟန္က အနည္းငယ္ၿပဳံးမိကာ သူ႔ဖုန္းကို ေကာက္ကိုင္လိုက္သည္။ သူသည္ ၾကမ္းျပင္မွမ်က္ႏွာက်က္ထိ ျပတင္းမွန္ခ်ပ္တို႔ဖြင့္ထားေသာ လသာေဆာင္ဆီသို႔ ေလွ်ာက္သြားကာ ျပတင္းျပင္ပရွိ လွပခမ္းနားေသာ မိုးေမွ်ာ္တိုက္ေတြကို ၾကည့္ရင္း သူ႔ပုံရိပ္က ထိုဖန္ျပတင္းခ်ပ္မ်ားေပၚ အရိပ္ထင္က်န္ေနသည္။
အၿမဲတေစ ေအးစက္မာေၾကာေနခဲ့သည့္ မ်က္ႏွာေပၚရွိေကာက္ေၾကာင္းမ်ဥ္းမ်ားမွာ အလင္းႏွင့္ ေမွာင္ရိပ္တို႔၏ ပိုင္းျဖတ္ေတြ႕ဆုံမႈေအာက္ ပို၍ ႏူးညံ့ညင္သာပုံေပၚေနသည္။မ်က္ဝန္းနက္တို႔ကလည္း ေႏြးေထြးေသာ ႐ႊန္းလက္မႈတစ္မ်ိဳးကို ေဖာ္ျပေနသည္။ သူက ႏူးညံ့စြာၿပဳံးရင္း ေျပာလာသည္ "မင္း မေန႔ညက မူးေနခဲ့တာမလား။ ဒီမနက္ ေခါင္းကိုက္ေနေသးလား?"
"ဟမ္?" ေထာင္မုက ျပန္လည္မတုံ႔ျပန္ႏိုင္ခင္အထိ တခဏ ၾကက္ေသေသသြားသည္။ ထို႔ေနာက္ အလ်င္အျမန္ ျပန္ေျဖလိုက္သည္ "ကြၽန္ေတာ္ အဆင္ေျပပါတယ္"
သူက ထပ္ေမးလိုက္သည္ "မေန႔ညက ကြၽန္ေတာ္မူးေနခဲ့တာ။ ကြၽန္ေတာ္ အလုပ္ကိုမေႏွာင့္ယွက္မိပါဘူးေနာ္ ဟုတ္လား?"
"မေန႔ညက ေဈးကြက္အေျခအေနဘယ္လိုရွိလဲ?"
"မင္းခန္႔မွန္းထားသလိုပါပဲ" လီေရွာင္းဟန္က အၿပဳံးတစ္ပြင့္ႏွင့္ အေျဖျပန္ေပးလာသည္ "အဲ့ဒါအတြက္ မစိုးရိမ္ပါနဲ႔။ ကိုယ္က ဒီတိုင္း မင္းဘယ္လိုေနလဲနဲ႔ ေနလို႔မေကာင္းေနမလားလို႔ ေမးခ်င္႐ုံပါ။ တကယ္လို႔ မင္းေနလို႔မေကာင္းရင္ ပ်ားရည္တစ္ခြက္ေသာက္ၿပီး သက္သာေအာင္လုပ္လိုက္ဦး။ ကိုယ့္ကို ကိုယ့္ပါတနာကိုယ္ သူငယ္ခ်င္းနဲ႔ အတူထြက္စားၿပီး ေသာက္တာမ်ိဳးကိုေတာင္ ေမးခြန္းထုတ္ေနတဲ့ လူလို႔ေတာ့ မသတ္မွတ္လိုက္နဲ႔ေနာ္။ ကိုယ္ဝမ္းနည္းမိမွာ"
လီေရွာင္းဟန္၏ အနည္းငယ္ ေပ်ာ့ေပ်ာင္းညင္သာထားသည့္ ေလသံက ဖုန္းလိုင္းတစ္ဖက္မွ ထြက္လာၿပီး ရွင္းမျပႏိုင္ေသာ က်ီစယ္သည့္ ခံစားခ်က္အထိမ်ိဳး ျဖည့္စြက္ထားေလသည္။ဒါကိုၾကားခ်ိန္၌ ေထာင္မုသည္ အလန္႔တၾကားတုန္ရီမိၿပီး မလုံမလဲႏွင့္ ရွင္းျပေတာ့သည္ "ကြၽန္ေတာ္ဆိုလိုတာ အဲ့လိုမဟုတ္ဘူးေလ.... ကြၽန္ေတာ္က ဒီအတိုင္း.. ဒါက ကြၽန္ေတာ္တို႔ သေဘာတူၿပီးသားကိစၥဆိုေပမဲ့ အၿမဲ ကြၽန္ေတာ့္ဘက္က ကိုယ္ေရးကိုယ္တာအေၾကာင္းျပခ်က္ေတြေၾကာင့္နဲ႔ ျပႆနာျဖစ္ရလို႔ေလ.."
"အဲ့ဒါမ်ိဳးက မင္းတတ္ႏိုင္တဲ့ကိစၥမ်ိဳးမွ မဟုတ္ဘဲကြာ" လီေရွာင္းဟန္က ၿပဳံးကာ ေထာင္မု၏ စကားလုံးမ်ားကို ျဖတ္ေျပာလိုက္သည္ "ကိုယ္တို႔ၾကားမွာ ၁၂နာရီအခ်ိန္ကြာျခားခ်က္ရွိေနတာ.ကိုယ့္ဘက္က အလုပ္ခ်ိန္က မင္းဘက္မွာ နားခ်ိန္ျဖစ္ေနတာေပါ့။ ေျပာမယ္ဆို ဒါက ကမာၻ႔အေဝးဆုံး အကြာအေဝးလို႔ သတ္မွတ္လို႔ရတယ္မလား?"
ေထာင္မုက အနည္းငယ္ တုံ႔သြားသည္။ ထို႔ေနာက္ ေျပာမျပတတ္စြာ ကဗ်ာေလးတစ္ပုဒ္ ေခါင္းထဲေရာက္လာေလသည္။ အလ်င္အျမန္ သူ႔ေခါင္းသူခါလိုက္ၿပီး တကယ့္ကို သူအရမ္းမ်ားသြားခဲ့လို႔ အခုထိ အျပည့္အဝမႏိုးေသးဘူးဟု ခံစားေနရသည္ "ေသခ်ာသေလာက္ေတာ့ ထည့္တြက္လို႔ရပါတယ္။ ကြၽန္ေတာ္တို႔က ကမာၻ၂ျခမ္းျခားေနတာေလ"
လီေရွာင္းဟန္က ခပ္ယဲ့ယဲ့ ရယ္ေမာလိုက္သည္။ ေလလို ေပါ့ပါးညင္သာလွသည့္ အသံက ဖုန္းကိုျဖတ္ေက်ာ္ကာ ေထာင္မု၏ နားထဲသို႔ ခရီးဆက္ေလသည္။ ထိုအရာက သူ႔မွာ ငွက္ေမႊးတစ္ခုႏွင့္ ကုတ္ျခစ္ခံလိုက္ရသလိုပင္။ အနည္းငယ္ ယားက်ိက်ိျဖစ္မိသည္။
"လီေကာ၊ နားလည္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္" ေထာင္မုက သူ႔နားသူ ကုတ္လိုက္သည္။ ယဥ္ေက်းသိမ္ေမြ႕တာက ဘယ္ေတာ့မွမပိုဘူးဆိုသည့္ သေဘာတရားကို လက္ခံက်င့္သုံးျခင္းအရ သူက ေတာင္းပန္ကာ သူ႔ေနရာကို ေဖာ္ျပလာသည္။ သည့္ေနာက္ လုင္ငန္းကိစၥေတြဘက္သို႔ ေခါင္းစဥ္ေျပာင္းလိုက္ေလသည္ "....ခင္ဗ်ား မေန႔ညက ေျပာခဲ့တဲ့အတိုင္း၊ FlyNews ရဲ႕ ဆက္သြယ္ေရးအပိုင္းမွာ visual chat function ကို ထည့္တာက ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ထင္တယ္။ ဒါေပမဲ့ တ႐ုတ္ရဲ႕ ကြန္ယက္ခ်ိတ္ဆက္မႈနဲ႔ FlyNews ရဲ႕ လက္ရွိအေျခအေနကို ထည့္စဥ္းစားမယ္ဆိုရင္ ငွားထားတဲ့ ဆာဗာက အဲ့ေလာက္ ေဒတာဆြဲမယ့္ function (data-consuming function)ကို လုပ္ႏိုင္ပါ့မလား ကြၽန္ေတာ္ စိုးရိမ္မိတယ္။အဲ့ဒါအျပင္ FlyNews မွာက ကြၽန္ေတာ္တစ္ေယာက္တည္း back-end maintainer(back-end developer » ဝက္ဆိုက္တစ္ခု သို႔ app တစ္ခု၏ ေနာက္ကြယ္မွ ေဒတာ၊ ဆာဗာ အစရွိသည့္ ဝက္ဆိုက္တစ္ခုလုံး၏ ေက်ာ႐ိုးကို ေရးဆြဲသည့္ programmer)အျဖစ္ရွိေနတာ။ ေသခ်ာေပါက္ ကြၽန္ေတာ္ ဒီၿပီးခဲ့တဲ့ႏွစ္ရက္ထဲ programmer ေတြ ငွားဖို႔ အလုပ္ရႈပ္ေနခဲ့ေပမဲ့ လူထပ္ေခၚရင္ေတာင္ ကြၽန္ေတာ္တို႔က ကမာၻ႔တစ္ဝက္ထက္ေတာင္ ျခားေနတာေလ။ တကယ္လို႔ ကြၽန္ေတာ္တို႔ video function ကို စတင္ခ်င္တယ္ဆို ဒီ ကြန္ယက္ႏႈန္းက ေထာက္ပံ့ႏိုင္ပါ့မလား?
PPT တစ္ခုလိုမ်ိဳးေႏွးမသြားႏိုင္ဘူးလား? ဒီ သမုဒၵရာျဖတ္ရမယ့္ video function လုပ္ဖို႔ လိုအပ္မယ့္ ပေရာ္ဖယ္ရွင္နယ္ အရည္အခ်င္းေတြက အရမ္း ေၾကးျမင့္လြန္းတယ္။ကြၽန္ေတာ္လည္း မတတ္ႏိုင္ဘူး"
ေျပာၿပီးေနာက္ ေထာင္မု၏ မ်က္ဝန္းမ်ားက ႐ုတ္တ႐ုက္ ေတာက္ပလာၿပီး လီေရွာင္းဟန္ကို ေမးလိုက္သည္ "ဒါမွမဟုတ္ လီေကာ ကြၽန္ေတာ့္ကို Stanford က ဘြဲ႕ရထားတဲ့ အေတာ္ဆုံး programmer ႏွစ္ေယာက္ကို ကူစည္း႐ုံးေပးပါလား? သူတို႔ကို တ႐ုတ္လာၿပီး ကြၽန္ေတာ့္ကို ကူညီေပးဖို႔ေလ?"
လီေရွာင္းဟန္က ေခါင္းငုံ႔လိုက္ၿပီး ရယ္ေမာလိုက္သည္ "ကိုယ္တို႔ အတူတူႀကိဳးစားလုပ္ၾကတာေပါ့။ အဲ့ဒီေနာက္ ေသခ်ာေပါက္ အနာဂတ္မွာ ကိုယ္တို႔ ဒီအခြင့္အေရးရလာမွာပါ"
ေထာင္မုသည္ သူ႔ႏွာေခါင္းေလးသူထိလိုက္ကာ သူနည္းနည္း စိတ္႐ူးေပါက္ၿပီး အေျပာင္းအလဲျမန္သြားေၾကာင္းကို သိေလသည္။ သူ႔အေတြးမ်ားကို လက္ရွိသို႔ ျပန္ေခၚလိုက္ၿပီး ဆက္ေျပာလိုက္သည္ "တကယ္ေတာ့ ကြၽန္ေတာ္လည္း FlyNews မွာ online video calls function အေၾကာင္း စဥ္းစားခဲ့တယ္။ဒါေပမဲ့ ကြၽန္ေတာ့္အေတြးကေတာ့ ျပင္ပအေျခအေနေတြ ခြင့္ျပဳခ်က္ရတဲ့ထိ ေစာင့္ခ်င္တယ္။ အဲ့ေနာက္ web version နဲ႔ mobile version နဲ႔ကို တူတူစတင္လို႔ရႏိုင္မယ္ေလ"
"အခု စမတ္ဖုန္းေတြရဲ႕ ပထမဆုံးမ်ိဳးဆက္က အခုေလးတင္ထြက္လာတာ။ မိုဘိုင္းဖုန္းေတြရဲ႕ hardware က video call ရဲ႕ app version ကို မေထာက္ပံ့ႏိုင္ေသးဘူး။ လီေကာရဲ႕ အႀကံျပဳခ်က္က အေတာ္ေကာင္းတယ္လို႔ထင္ေပမဲ့ ဒီအခ်ိန္မွာေတာ့ မသင့္ေတာ္ေသးဘူး။ ဘာလို႔ဆို hardware က မေထာက္ပံ့ေပးႏိုင္ေတာ့ ကြၽန္ေတာ္တို႔ video call function ကို မိတ္ဆက္ေပးႏိုင္ခဲ့ရင္ေတာင္ တန္မွာမဟုတ္ဘူး။ စမတ္ဖုန္းရဲ႕hardware ဖြဲ႕စည္းပုံပိုတိုးတက္လာဖို႔ ေနာက္ထပ္တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ေစာင့္တာ ပိုေကာင္းလိမ့္မယ္။ အဲ့အခ်ိန္က် ဒီ function ကို ကြၽန္ေတာ္တို႔ အခ်ိန္ကိုက္လႈပ္ရွားၾကမယ္။ခင္ဗ်ား ဘယ္လိုထင္လဲ?"
ေထာင္မုတြင္ FlyNews ၏ အနာဂတ္တိုးတက္မႈအတြက္ စည္းစနစ္တက်ႏွင့္ အစီအစဥ္ရွိသည္။ သည္အတြက္ ဤအေၾကာင္းႏွင့္ပတ္သက္ၿပီး လီေရွာင္းဟန္ႏွင့္ေျပာရာမွာ စနစ္က်သည့္ နည္းဟန္မ်ိဳးႏွင့္ ေျပာျဖစ္ခဲ့သည္။ျပန္လည္ရွင္သန္လာၿပီးေနာက္ ေနာက္ထပ္ဆယ္ႏွစ္အတြင္း မိုဘိုင္းသုံးစြဲသူမ်ား၏ အလားအလာရွိေသာ တိုးတက္မႈကို ေထာင္မုထက္ပိုၿပီး မည္သူကမွ် ပိုမသိႏိုင္ပါ။ ထို႔အတြက္ေၾကာင့္ ေထာင္မုမွာ မိုဘိုင္းသုံးစြဲသူေတြႏွင့္ ထိေတြ႕မည့္ FlyNews ၏ အဓိကနည္းပညာအေပၚ အၿမဲတမ္း အာ႐ုံစိုက္ထားခဲ့သည္။
သူတစ္ေယာက္သာ နားလည္ႏိုင္မည့္ တိုးတိုးတိတ္တိတ္ေရးထားေသာ စီမံကိန္းေရးဆြဲသည့္စာအုပ္ထဲတြင္ FlyNews ၏ မိုဘိုင္းေဖာက္သည္ေတြကို ပိုလူသိမ်ားေၾကာ္ျငာမယ့္ အစီအစဥ္ကို ဘယ္လိုတိုးတက္ေအာင္လုပ္မလဲအား တစ္ဆင့္ခ်င္း အေသးစိတ္ေရးထားသည္။ အခု အရာအားလုံးမွာ အဆင္သင့္ျဖစ္ေနၿပီး သူလုပ္ဖို႔လိုသည္က အင္တာနက္ႏႈန္းပိုအဆင့္ျမင့္လာဖို႔ႏွင့္ စမတ္ဖုန္းမ်ား၏ ေနာက္မ်ိဳးဆက္ကို ေစာင့္ဖို႔ပင္။
ဤအတိုင္း သည္လိုအရာမ်ိဳးက ေထာင္မုအေနႏွင့္ လီေရွာင္းဟန္ကို အေသးစိတ္ရွင္းျပလို႔မရႏိုင္သည့္ အရာမ်ိဳးျဖစ္ေနျခင္းပင္။
လီေရွာင္းဟန္သည္ ေထာင္မု၏ သူလုပ္သမွ်အရာတိုင္းအေပၚ ထားရွိသည့္ ေလးနက္တည္ၾကည္မႈႏွင့္ အာ႐ုံစူးစိုက္မႈကို သေဘာက်သည္။ သူ ေထာင္မု၏ အသံကို နားေထာင္ရင္း သူ႔အာ႐ုံထဲမွာ ေျဖရွင္းနည္းရွာရင္းႏွင့္ အနည္းငယ္ မ်က္ေမွာင္ႀကဳံ႕ေနမည့္ ေထာင္မု ပုံစံကို ပုံေဖာ္မိသည္။ ထို႔ေနာက္ မတတ္ႏိုင္ဘဲ ၿပဳံးမိေလသည္။
"မင္းအစီအစဥ္က ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ကိုယ္ထင္ပါတယ္" လီေရွာင္းဟန္သည္ ေထာင္မု၏စကားေျပာပုံကို အတုယူၿပီး ပထမဆုံး ေထာင္မု၏ အေတြးမ်ားကို ေထာက္ခံေပးကာ သည့္ေနာက္တြင္မွ သူ႔ကိုယ္ပိုင္အေတြးကို ေျပာျပလိုက္သည္ "ဒါေပမဲ့လည္း ကိုယ္ေတာ့ programmer ေတြကို ဒီ function အရင္ေရးထားေစၿပီးေတာ့ ကိုယ္တို႔ႏွစ္ေယာက္အရင္ သုံးလို႔ရႏိုင္မယ္လို႔ ေတြးမိတုန္းပဲ။ ဝန္ေဆာင္မႈအသစ္ ပြဲမထုတ္ခင္ ဝက္ဆိုက္တစ္ခုမွာ အတြင္းပိုင္းစစ္ေဆးမႈလိုတယ္လို႔ သူတို႔မေျပာၾကဘူးလား? အဲ့လိုဆိုေတာ့ ကိုယ္တို႔ႏွစ္ေယာက္ အတြင္းပိုင္းလုပ္ေဆာင္မႈ စမ္းသပ္သူေတြအေနနဲ႔ လုပ္ဖို႔ အေၾကာင္းသင့္သြားတာပဲ"
အဆုံး၌ လီေရွာင္းဟန္မွာ ဖုန္းႏွင့္သာ စကားေျပာေနရျခင္းကို မေက်နပ္ေသးေပ။သူ ေထာင္မုကို သူ႔ကိုယ္ပိုင္မ်က္လုံးမ်ားႏွင့္ ျမင္ခ်င္သည္။တစ္ဖက္မွတစ္ေယာက္၏ အရိပ္ကို သူ႔မ်က္ဝန္းမ်ားႏွင့္ ေျခရာေကာက္ကာ သူ႔လုပ္ငန္းအေၾကာင္း ေဆြးေႏြးခ်ိန္တိုင္း ျမင္ရသည့္ ေထာင္မု၏ တက္ႂကြဖ်က္လတ္ေသာ ပုံစံကို အသိအမွတ္ျပဳခ်င္မိသည္။ အခုလိုမ်ိဳး အသံကိုသာနားေထာင္ႏိုင္ၿပီး တစ္ဖက္သူ၏ အမူအရာကို ခန္႔မွန္းေနရသည္မ်ိဳး မဟုတ္ဘဲႏွင့္ေပါ့။
"တကယ္ေတာ့ မင္း FlyNews ကို ျပည္ပမွာပါ တစ္ၿပိဳင္နက္တည္း အေကာင္အထည္ေဖာ္ဖို႔ ေတြးၾကည့္ဖူးလား" လီေရွာင္းဟန္က ကြယ္ဝွက္ထားေသာအေၾကာင္းရင္းျဖင့္ အႀကံျပဳလာသည္ "ကိုယ္လည္း FlyNews မွာ အေကာင့္လုပ္ထားတယ္။ ဒီရက္ေတြထဲ သုံးၾကည့္ၿပီးေတာ့ FlyNews ရဲ႕social concept က ေတာ္ေတာ္ေလးေကာင္းၿပီး လူမႈစိတ္ပိုင္းဆိုင္ရာနဲ႔ ေကာလိပ္ေက်ာင္းသားေတြအတြက္ လူမႈေရးလိုအပ္မႈေတြကို အမ်ားႀကီးျဖည့္တင္းေပးႏိုင္တယ္လို႔ ထင္တယ္။ တကယ္လို႔ FlyNews ကသာ M ႏိုင္ငံက တကၠသိုလ္ေတြမွာ ေၾကာ္ျငာႏိုင္မယ္ဆိုရင္ အဲ့ဒါက တ႐ုတ္က FlyNews ရဲ႕ ပ႐ိုမိုးရွင္းေတြအတြက္ လူသိေအာင္ေၾကာ္ျငာၿပီးသားလည္း ျဖစ္ႏိုင္တာပဲ"
တ႐ုတ္၏ သုံးစြဲသူေဈးကြက္မွာ အမွန္တကယ္ကို ထိုကဲ့သို႔ ျဖစ္စဥ္မ်ိဳး ရွိသည္ဟု ေျပာရမည္ "တိုင္းတစ္ပါးဘုန္းႀကီးေတြက က်မ္းဂန္ေတြကို အာဂုံေဆာင္ႏိုင္တယ္" "တိုင္းတစ္ပါးလေတြက ပိုလုံးဝန္းတယ္" "ရနံ႔ေမႊးတဲ့ ပန္းေတြက နံရံအျပင္မွာ ပြင့္ၾကတယ္" တို႔ကဲ့သို႔ပင္ ၊ လီေရွာင္းဟန္ ေျပာသလိုပဲ အကယ္၍ FlyNews ကသာ M ႏိုင္ငံရွိ တကၠသိုလ္မ်ားၾကား ေဈးကြက္ဖြင့္ႏိုင္ခဲ့မည္ဆိုလွ်င္ ေၾကာ္ျငာအတြက္ပဲ ေျပာမည္ဆိုလွ်င္ေတာင္ ေထာင္မု သည္ တစ္မ်ိဳးသားလုံး၏ ယုံၾကည္ခ်က္ကို ႏႈိးဆြႏိုင္မည့္ ေၾကာ္ျငာအစီအစဥ္ အခုတစ္ရာေလာက္ကိုေတာင္ စဥ္းစားေလာက္မည္ပင္။
သို႔ေပမဲ့ အဓိကအခ်က္က....
"M ႏိုင္ငံက ေကာလိပ္ေက်ာင္းသားေတြအကုန္လုံးက အခု Facebook နဲ႔ Photo Albums သုံးေနၾကတာမဟုတ္ဘူးလား။ ျပည္တြင္း social ေဆာ့ဝဲလ္ရဲ႕ ပ႐ိုမိုးရွင္းက အေတာင္အျပည့္ျဖန္႔ၿပီး လႈပ္ရွားၿပီးေနၿပီကို ႏိုင္ငံျခားသားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ့္မွာ အေျခခံအုတ္ျမစ္နဲ႔ ဝန္ထမ္းလည္းမရွိဘူး။မျဖစ္ႏိုင္ေလာက္ဘူးလို႔ ကြၽန္ေတာ္ေတာ့ထင္တယ္ ဟုတ္တယ္မလား?"
ေသခ်ာေပါက္ ေထာင္မုမွာ လီေရွာင္းဟန္၏ အဆိုတင္သြင္းခ်က္ေနာက္ ဆြဲေဆာင္ခံလိုက္ရေပမဲ့ တစ္ဖက္မွာလည္း သူက ကိုယ့္ကိုယ္ကိုယ္ ေသခ်ာသတိမူမိသည္ "FlyNews က နည္းပညာအရေရာ အက်ိဳးအျမတ္အရေရာ Facebook နဲ႔ Photo Album တို႔ေလာက္ စိတ္ခ်ယုံၾကည္လို႔မရေသးဘူး။ကြၽန္ေတာ္ေတာ့ အဲ့ဒီႏိုင္ငံျခားေက်ာင္းသားေတြက သူတို႔ကိုယ္ပိုင္ social ေဆာ့ဝဲလ္ကို ပစ္ၿပီး အဲ့ဒီအစား ကြၽန္ေတာ္တို႔ေဆာ့ဝဲလ္ကို သုံးလာမယ္လို႔ မထင္ဘူး"
အေရးအႀကီးဆုံးအရာမွာ တကယ္လို႔ ေထာင္မုက M ႏိုင္ငံ၌ FlyNews ကို စတင္ဖို႔ေ႐ြးခဲ့မည္ဆိုလွ်င္ တ႐ုတ္အတြက္ သူမူလေရးဆြဲထားသည့္ FlyNews ၏ တစ္ဆင့္ခ်င္းတိုးတက္မႈအရွိန္ကို အလ်ဥ္ျပတ္ေစမိလိမ့္မည္။ Facebook ၊ Photo Album တို႔ႏွင့္ ယွဥ္ၿပိဳင္ဖို႔ရာ ေထာင္မုအေနႏွင့္ လူသိရွင္ၾကားျဖစ္မည့္ေၾကာ္ျငာနည္းလမ္းတခ်ိဳ႕ႏွင့္ အြန္လိုင္းဝန္ေဆာင္မႈအသစ္ေတြကို ေရွ႕ေျပးထည့္သြင္းရမည္ျဖစ္သည္။ ဤကဲ့သို႔ ႀကီးထြားမႈမ်ိဳးက FlyNews အတြက္ ေကာင္းသည့္အရာတစ္ခုျဖစ္လား မျဖစ္လား ေထာင္မု မသိေပ။
ေသခ်ာတာေပါ့၊ အဓိက အခ်က္ကေတာ့ M ႏိုင္ငံမွာ FlyNews ၏ အေျခခံအုတ္ျမစ္မရွိျခင္း ျဖစ္ေနေသးသည္။
ေထာင္မု၏ ဦးေႏွာက္က ျမန္ျမန္ဆန္ဆန္အလုပ္လုပ္ေနၿပီး လီေရွာင္းဟန္၏ စိတ္ကူးကို မည္ကဲ့သို႔ ပါးနပ္စြာႏွင့္ ျပတ္သားခိုင္မာစြာ ျငင္းဆိုရမည္အား ေတြးေတာေနမိသည္။
ျဖည္းျဖည္းခ်င္း ျပင္ဆင္လာၿပီးသည့္ လီေရွာင္းဟန္က ေနာက္ဆုံးေတာ့ ေထာင္မု ေရွ႕ေမွာက္၌ ေဖ်ာ္ေျဖျပသဖို႔ အခြင့္အေရးရလာၿပီျဖစ္သည္ "မင္း ကိုယ့္ကို ဘယ္လိုထင္လဲ?"
"ဘာကို?"
"အမွန္ေတာ့ ကိုယ္ ကိုယ္တိုင္ FlyNews ရဲ႕ အလားအလာနဲ႔ အနာဂတ္တိုးတက္မႈကို ယုံၾကည္တယ္။ မင္းကိုယ့္ကို ယုံၾကည္ႏိုင္မယ္ဆို M ႏိုင္ငံက FlyNews ရဲ႕ ပ႐ိုမိုးရွင္းကိစၥကို ကိုယ့္ကို လႊဲထားႏိုင္တယ္။ ၁၁ရက္ေန႔က အမ်ိဳးသားေန႔ျဖစ္မွာ။ ၿပီးေတာ့ မင္းရဲ႕ေက်ာင္းကေန ပိတ္ရက္၇ရက္ပိတ္မယ္ထင္တယ္။ ဒီ၇ရက္ကို သုံးၿပီးေတာ့ ဒီကိုလာၿပီး မင္းဘာလို႔ လူကိုယ္တိုင္စကားမေျပာၾကည့္တာလဲ။ အဲ့ဒါအျပင္ မင္း M ႏိုင္ငံကိုေရာက္ရင္ ႏိုင္ငံတကာ ေရနံေဈးကြက္ရဲ႕ အနီးကပ္အေျခအေနကိုလည္း ခံစားႏိုင္တာေပါ့"
လီေရွာင္းဟန္သည္ ရည္႐ြယ္ခ်က္ရွိရွိႏွင့္ စနစ္က်က် ႀကံစည္စီစဥ္ထားၿပီး ေနာက္ဆုံးတြင္ သူအေျပာခ်င္ဆုံးျဖစ္သည့္ ေခါင္းစဥ္ကို ဆြဲထုတ္ႏိုင္ခဲ့ေလသည္။
"ဒါေပမဲ့...." ေထာင္မု၏ ဦးေႏွာက္မွာ ေခတၱခဏ လိုက္မမီႏိုင္ေတာ့ေပ။ သူ႔မွာ လီေရွာင္းဟန္၏ အဘက္ဘက္မွ ပိတ္ဆို႔ေနမႈေၾကာင့္ အနည္းငယ္ မသက္မသာျဖစ္မိသည္။
"ဒါက ဒုကၡမ်ားလြန္းပါတယ္" ေထာင္မုက ယဥ္ယဥ္ေလးေျပာလိုက္သည္။ သူ႔တြင္ တစ္ဖက္မွာ အက်ိဳးအျမတ္ ျဖစ္ေနသည့္ FlyNews ကို မွ်ေဝမည့္ ရည္႐ြယ္ခ်က္မရွိပါ။ အနည္းဆုံး ယခုေတာ့မဟုတ္ေသးေပ "ခင္ဗ်ားက M ႏိုင္ငံမွာ တစ္ေယာက္တည္းျဖစ္ေနတာ။ ႏိုင္ငံတကာေရနံေဈးကြက္ကို ေစာင့္ၾကည့္ေနရတာနဲ႔တင္ ခက္ခဲေနၿပီကို။ ကြၽန္ေတာ္ကေတာ့ FlyNews က အခုမွစတည္ေထာင္ကာစလည္းျဖစ္ေသးတယ္။ ဒီလို ေရရွည္အေရးေတြ ထည့္စဥ္းစားဖို႔မလိုေသးဘူးလို႔ ထင္တာပဲ"
"ကိုယ္ကေတာ့ အခုက အခြင့္အေရးေကာင္းလို႔ ထင္တယ္" ေသခ်ာသည္ေပါ့၊ လီေရွာင္းဟန္က ဤအေရးကို ႐ုတ္တရက္ရသည့္ စိတ္ကူးအေပၚ၌ ေဆြးေႏြးျခင္းမဟုတ္။ သူက စကားစမေျပာခင္ ခ်င့္ခ်ိန္ကာ ဂ႐ုတစိုက္ရွိခဲ့သည္ "မင္း M ႏိုင္ငံကို မလာရင္ ဒီကအေျခအေနကို မင္းဘယ္သိမလဲ?စီးပြားေရးအက်ပ္အတည္းေၾကာင့္ M ႏိုင္ငံက ေဖ်ာ္ေျဖေရးလုပ္ငန္းက အခုေကာင္းေကာင္း ဖြံ႕ၿဖိဳးေနၿပီ။
လူထုကလည္း သူတို႔ေန႔စဥ္ဘဝက ဖိအားေတြဆီကေန အသက္ရႉေပါက္ရေအာင္ သူတို႔ကို ဆြဲေဆာင္ၿပီး အာ႐ုံေျပာင္းေစႏိုင္မယ့္ အသစ္အဆန္းေတြကို အေရးတႀကီးကိုလိုေနတာ။ FlyNews က ပုံမွန္လက္ခံထားၾကတဲ့ ေဖ်ာ္ေျဖေရးလုပ္ငန္းထဲကမဟုတ္ေပမဲ့ သူ႔ရဲ႕ လူမႈေရးသေဘာတရားက ေကာလိပ္ေက်ာင္းသားေတြနဲ႔ အခုမွ လူ႔အဖြဲ႕အစည္းထဲ စဝင္လာကာစ လူေတြအတြက္ အေတာ္ေလး သင့္ေတာ္တယ္။ ကိုယ္ မင္းကို ပိုင္းျခားစိစစ္ျပမယ္။ အခု M ႏိုင္ငံက.... "
လီေရွာင္းဟန္သည္ ဖုန္းမွ ရွာေဖြမႈအစီရင္ခံစာကို ေထာင္မုအား တိုက္႐ိုက္ဖတ္ျပလိုက္ၿပီး အဆုံး၌ ေကာက္ခ်က္ခ်လိုက္သည္ "....ဒီေတာ့ အခုလက္ရွိ Mႏိုင္ငံရဲ႕ အေျခအေနက FlyNews အတြက္ ႀကဳံေတာင့္ႀကဳံခဲအခြင့္အေရးလို႔ထင္တယ္။ ကိုယ္တို႔ ဒီအခြင့္အေရးကို အရယူသင့္တယ္။ ဒါေပါ့၊ မင္း သိပ္စိတ္ပူစရာမလိုပါဘူး။ မင္းက ကိုယ့္ရဲ႕ အလားအလာအေကာင္းဆုံး ပါတနာပဲ။ မင္းရဲ႕ လုပ္ငန္းမွာ ကူညီခြင့္ရတာကိုက ကိုယ့္အတြက္ ဂုဏ္ယူစရာပါပဲ။ တကယ္လို႔ မင္း အဲ့ဒီေလာက္ေတာင္ စိတ္မသန္႔သလို ခံစားေနရတယ္ဆိုရင္လည္း မင္း ကိုယ့္ကို ရွယ္ယာေဈးကြက္မွာ အျမတ္ဘယ္ေလာက္ေတာင္ ကူညီေပးထားလဲဆိုတာကိုပဲ ဘာလို႔မစဥ္းစားတာလဲ။ ဒါမွမဟုတ္ FlyNews အေနနဲ႔ NASDAQ မွာ စေတာ့ရွယ္ယာဝယ္ခ်င္ၿပီဆိုရင္ ေရွာင္းဟန္လုပ္ငန္းကို ဦးစားေပးၿပီးေတာ့ ကိုယ္တို႔ဘက္က FlyNews အတြက္ ဘ႑ာေငြျမင့္လာဖို႔နဲ႔ အမ်ားဆိုင္ကုမၸဏီအျဖစ္ေျပာင္းဖို႔ ကူညီခြင့္ေပးလို႔ရႏိုင္တယ္ေလ"
လီေရွာင္းဟန္၏ အေျဖမ်ားက ေထာင္မု ရင္ထဲ စြဲေနသည့္ စိုးရိမ္ပူပန္မႈေတြကို ၿပီးျပည့္စုံစြာ ျဖည္ထုတ္ရွင္းလိုက္သည္ဟု ေျပာရမည္။ သည္အတြက္ ေထာင္မုမွာ ေရွ႕ဆက္ၿပီး ထပ္မျငင္းႏိုင္ေတာ့ေပ။
"ေကာင္းပါၿပီ၊ ဒါဆိုလည္း အမ်ိဳးသားေန႔က်ရင္ ကြၽန္ေတာ္ M ႏိုင္ငံကို လာခဲ့ပါမယ္။ ကြၽန္ေတာ္တို႔ လူခ်င္း စကားေျပာၾကတာေပါ့" ေထာင္မုမွာ ကူကယ္ရာမဲ့မႈကို နည္းနည္းခံစားေနရသည္။ သို႔ေပမဲ့ သူ႔အေနႏွင့္ လီေရွာင္းဟန္၏ ၾကင္နာမႈကို ပိုေက်းဇူးတင္မိသည္။
လီေရွာင္းဟန္၏ မူလရည္မွန္းခ်က္က ေရွာင္းဟန္ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းကို FlyNews သို႔ သြင္းဖို႔ျဖစ္ေနေသးသည္ဆိုလွ်င္ေတာင္ သူက FlyNews ၏ စတင္ေျခလွမ္းစခ်ိန္မွာ ျပည့္ျပည့္၀၀ႏွင့္ ကိုယ္က်ိဳးမဖက္ေသာ အကူအညီကို ေပးလာသည္။ ဒါ့အျပင္ သူ၏လိုအပ္ခ်က္မ်ားကိုလည္း ပြင့္ပြင့္လင္းလင္းပဲ ဝန္ခံသည္။ ဤကဲ့သို႔ ခ်ဥ္းကပ္မႈက နည္းပညာအေၾကာင္း ဘာတစ္ခုမွမသိဘဲ လူထုကို ပိုက္ဆံျဖင့္ဘယ္လို႐ိုက္ခ်ိဳးရမလဲကိုသာ သိၿပီး စတင္ေရးဆြဲအေကာင္အထည္ေဖာ္ခဲ့သည့္ အဖြဲ႕ကို ကုမၸဏီကေန ဘယ္လိုႏွင္ထုတ္ရမလဲအား ေန႔စဥ္ရက္ဆက္ ႀကံစည္ေနသည့္ ထိုအရင္းရွင္မ်ားထက္ ပိုေကာင္းမြန္သည္ပင္။
ေထာင္မုသည္ ထပ္တစ္ႀကိမ္ သူ႔အႀကိဳက္ႏွင့္လည္း ကိုက္ညီလွသည့္ အလြန္ ထက္ျမက္ေသာပါတနာကို ရွာေဖြေတြ႕ရွိႏိုင္ခဲ့သည္ဟု ခံစားလိုက္ရျပန္သည္။
ရင္ထဲ ဂြမ္းဆီထိလို႔မၿပီးခင္မွာဘဲ ေလာ့ရွီဆီကေန ဖုန္းလက္ခံရရွိေလသည္။
"မင္း ေပက်င္းမွာလား?" ဖုန္းတစ္ဖက္မွ ေလာ့ရွီက သူ၏ ေက်နပ္အားရမႈႏွင့္ သူတစ္ပါးဒုကၡေတြ႕သည္ကို ႐ႊင္ျမဴးေနစိတ္အား ဖုံးကြယ္ထားမေနေပ "မင္းေပက်င္းမွာဆို ေပက်င္းအမွတ္ ၁ ျပည္သူ႔ေဆး႐ုံက အ႐ိုးအေၾကာဌာန လူနာေဆာင္ ၃၀၄ကို လာလို႔ရတယ္။ အေဖက ေလာ့ယန္ ေျခေထာက္ကို ခ်ိဳးလိုက္တယ္ေလ။ ငါ့အထင္ သူ သူ႔သူငယ္ခ်င္းေတြ သတင္းလာေမးၿပီး အားေပးတာ လိုလိမ့္မယ္ထင္တယ္"
ေထာင္မု : “…..”
"ဒါနဲ႔ ငါမင္းကိုေျပာဖို႔ ေမ့ေနတာ" ေလာ့ရွီက ပါးပါးေလးၿပဳံးသည္ "မင္း ငါ့ကိုေပးခဲ့တဲ့ ၾကမ္းခင္းေဈးေတြအရ ငါ ေနာက္ထပ္ ၁၀သန္းထပ္ထည့္လိုက္တယ္။ ေလလံေအာင္ၿပီးေတာ့. ေလာ့အုပ္စုလည္း ေအာင္ေအာင္ျမင္ျမင္ ရွန္ဟိုင္းကေျမကို ရလိုက္တယ္။ ေလလံေဈးက နဂိုဘက္ဂ်က္ထက္ နည္းနည္းျမင့္ေပမဲ့ ဘုတ္အဖြဲ႕က ဒါ႐ိုက္တာေတြ ေသခ်ာစဥ္းစားၿပီးတဲ့ေနာက္ ဒီေဈးက အျမတ္မ်ားမ်ားရႏိုင္တယ္လို႔ ထင္ၾကတယ္ေလ။ ဒီေတာ့ ကုမၸဏီကအာ႐ုံစိုက္မယ့္ ေနာက္ေျခလွမ္းက ေျမကို ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ပဲ။ ငါက ေလလံပြဲမွာ ဒီေရစီးေၾကာင္းကို ေျပာင္းႏိုင္ခဲ့တာဆိုေတာ့ ဘုတ္အဖြဲ႕က ဒီပေရာဂ်က္အတြက္ ငါတာဝန္ယူႏိုင္ေလာက္တယ္လို႔ ေတြးတယ္"
ေလာ့ရွီက သည္အေၾကာင္းကိုေျပာရင္းႏွင့္ ခဏရပ္လိုက္သည္ "မင္းစိတ္မရွိဘူးဆိုရင္ ငါတကယ္ဘုတ္အဖြဲ႕ရဲ႕ အသိအမွတ္ျပဳမႈကို လိုအပ္လို႔ မင္းအခန္းက႑ကို ငါမေျပာခဲ့ဘူး။ဒါေပမဲ့ မင္းစိတ္မပူပါနဲ႔ ငါမင္းကို အျခားနည္းေတြနဲ႔ အေလ်ာ္ျပန္ေပးပါမယ္။ FlyNews ဘက္က ဘာပဲလိုခ်င္လိုခ်င္ လုံထ်န္းအင္တာတိန္းမန႔္က ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ FlyNews ရဲ႕ ေၾကာ္ျငာလုပ္ငန္းနဲ႔ ပူေပါင္းမွာပါ။ ေသခ်ာတာေပါ့၊ တကယ္လို႔ မစၥတာေထာင္မွာ ကိုယ္ေရးကိုယ္တာ ေတာင္းဆိုစရာရွိတယ္ဆိုရင္လည္း ေျပာႏိုင္ပါတယ္။ ဘယ္လိုေတာင္းဆိုမႈမ်ိဳးပဲျဖစ္ျဖစ္ ေက်နပ္ေအာင္ အေကာင္းဆုံး လုပ္ေပးပါမယ္"
"ငါတို႔ပူေပါင္းမႈက အေတာ္ေလးေပ်ာ္ဖို႔ေကာင္းမယ္လို႔ ထင္တယ္ေနာ္။ ၿပီးေတာ့ အနာဂတ္မွာ မစၥတာေထာင္နဲ႔ ပူေပါင္းမယ့္ အခြင့္အေရးေတြ ပိုရလာဖို႔လည္း ငါကိုယ္တိုင္ ေမွ်ာ္လင့္ေနတယ္"
ေထာင္မုသည္ ဤသည္မွာ ေလာ့ရွီဘက္မွ တတ္ႏိုင္သည့္ အက်ိဳးအျမတ္အလဲအလွယ္ဟု နားလည္သည္။သူက ဤေလလံကို ဘုတ္အဖြဲ႕မွ ရွယ္ယာရွင္ေတြ သူ႔အား ပိုေထာက္ခံလာဖို႔ သိမ္းသြင္းစည္း႐ုံးရာမွာ အသုံးခ်ခ်င္သည္။ သည္အတြက္ တုံ႔ဆိုင္းမႈမရွိဘဲ ေထာင္မု၏ ႀကိဳးပမ္းအားထုတ္မႈကို အကုန္စုပ္ယူလိုက္ျခင္းပင္။ သို႔ေပမဲ့ တစ္ဖက္မွာလည္း ေထာင္မု၏ မေက်နပ္မႈကို သြားႏႈိးဆြမိမည္စိုး၍ ေထာင္မု၏ ေတာင္းဆိုခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္မည့္ အရာမ်ားကို ႀကိဳးစားပမ္းစားျပင္ဆင္ထားျခင္း ျဖစ္သည္။
သို႔ေပမဲ့ သူမသိသည္က ေထာင္မု ကိုယ္တိုင္ကလည္း သည္ကိစၥကို လူသိမမ်ားေစခ်င္ျခင္းပင္။ေသခ်ာသည္ေပါ့၊ ေထာင္မုသည္ သူ႔ကိုယ္သူအပ်ံသစ္စငွက္တစ္ေကာင္ဟုသာ ေတြးထင္ထားၿပီး ရွန္းမိသားစုႏွင့္ ရွန္းယြီကို သေဘာၾကသူမ်ား၏ အာ႐ုံကို မဆြဲေဆာင္မိခ်င္ပါ။ သို႔ေသာ္လည္း ဤအရာက ေလာ့ရွီ၏ ကမ္းလွမ္းမႈကို လက္ခံမည့္ ေထာင္မု၏ သေဘာထားကို မယိမ္းယိုင္ေစေပ။
"ကြၽန္ေတာ္လည္း မစၥေလာ့နဲ႔ ပူေပါင္းဖို႔ အလြန္ေမွ်ာ္လင့္မိပါတယ္" ေထာင္မုက ေႏြးေႏြးေထြးေထြး ၿပဳံးလိုက္ကာ ေလာ့ရွီ ၏ ေစတနာေဖာ္ျပမႈကို ႐ိုး႐ိုးရွင္းရွင္းပဲ လက္ခံလိုက္သည္ ၊
ဖုန္း၏အျခားတစ္ဖက္၌ အသက္ရႉေအာင့္ထားမိသည့္ မစၥေလာ့က ေနာက္ဆုံးေတာ့ စိတ္သက္သာရာရစြာ သက္မခ်လိုက္ႏိုင္ေတာ့သည္။ ေလာ့ရွီမွာ ေထာင္မု၏ တန္ဖိုးကို အနာဂတ္ကမာၻ႔ေရနံေဈးအေရးႏွင့္ ရွန္ဟိုင္းၿမိဳ႕ေျမေနရာေလလံပြဲအေရး ႏွစ္ခုတည္းကေန ျမင္ေတြ႕ရၿပီးျဖစ္သည္။ သူ ေထာင္မုအား စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ အမွားမျပဳခ်င္မိပါ။ အကယ္၍ ေထာင္မုကမ်ား ဒါကိုၾကားၿပီးေနာက္ ျပင္းထန္ေသာ မေက်နပ္မႈကို ေဖာ္ျပလာခဲ့သည္ဆိုလွ်င္ သူ ဘုတ္အဖြဲ႕မွ ဒါ႐ိုက္တာေတြထံ အမွန္အတိုင္းေျပာဖို႔ကိုေတာင္ စဥ္းစားခဲ့ေသးသည္။
သို႔ေပမဲ့ ယခုျမင္ရသည္မွာ ေထာင္မုက စာနာမွ်ေဝတတ္ၿပီး ေပါ့ေပါ့ပါးပါးရွိသည့္သူတစ္ေယာက္ျဖစ္ပုံပင္။ဤသို႔ျဖစ္လွ်င္ ေလာ့ရွီမွာ သူသည္လည္း ေထာင္မုအား သူ၏စိတ္ရင္းမွန္ကို ျမင္ေတြ႕ခြင့္ေပးသင့္သည္ဟု ခံစားလိုက္ရသည္။
"တကယ္လို႔ FlyNews က လုံထ်န္းအင္တာတိန္းမန႔္ရဲ႕ အႏုပညာရွင္ေတြကို ေၾကာ္ျငာအတြက္သုံးခ်င္တယ္ဆိုရင္ online ဒါမွမဟုတ္ offline ပ႐ိုမိုးရွင္းပဲျဖစ္ျဖစ္ အႏုပညာရွင္ေတြကို FlyNews ရဲ႕ ပ႐ိုမိုးရွင္းလႈပ္ရွားမႈနဲ႔ပူေပါင္းဖို႔ ငါေျပာလိုက္လို႔ရတယ္" ေလာ့ရွီသည္ ေထာင္မုမွ လုံထ်န္းအင္တာတိန္းမန႔္ ၏ ရင္းျမစ္မ်ားကို တန္ဖိုးထားေၾကာင္း သိသည့္အတြက္ ရက္ေရာလွစြာ ကမ္းလွမ္းလာသည္။
"အျခား ခြင့္ျပဳခ်က္လိုတာရွိလည္း ငါ့ကို တိုက္႐ိုက္သာေျပာ။ မင္းကို ကူညီဖို႔ ငါအေကာင္းဆုံးလုပ္မွာပါ။ ေဈးအတြက္ကေတာ့ မင္းစိတ္ပူစရာမလိုဘူး။ ငါ့ဘက္ကေန ၾကည့္လုပ္လိုက္မယ္"
ေထာင္မုသည္ ဤကဲ့သို႔ ဉာဏ္ေကာင္းပါးနပ္သည့္လူမ်ိဳးကို သေဘာအက်ဆုံးျဖစ္သည္ "အဲ့ဒါဆို မစၥေလာ့ကို ေက်းဇူးတင္ပါတယ္။ လိုအပ္တာတစ္ခုခုရွိရင္ ကြၽန္ေတာ္ မစၥကို တိုက္႐ိုက္ေျပာပါ့မယ္"
"ႀကိဳဆိုလ်က္ပါ၊ ဒါက ငါလုပ္သင့္တဲ့ကိစၥပါပဲ" ေလာ့ရွီက ေခတၱရပ္သြားၿပီးေနာက္ ေမးလာသည္ "မင္း ေလာ့ယန္ကို ၾကည့္ဖို႔ ေဆး႐ုံလာမွာလား?"
"ေသခ်ာတာေပါ့" ေထာင္မု၏ ႏႈတ္ခမ္းေထာင့္မ်ားက ေကြးၫြတ္သြားၿပီး ေတာက္ေတာက္ပပၿပဳံးလာသည္ "ေသခ်ာေပါက္ ကြၽန္ေတာ္ သြားၾကည့္သင့္တယ္လို႔ ထင္တယ္"
ေလာ့ရွီမွာ ေထာင္မုႏွင့္ ေလာ့ယန္အၾကားရွိ ဆက္ဆံေရးအေၾကာင္း အမ်ားႀကီးမသိလွ။ဒါကိုၾကားေတာ့ ခ်က္ခ်င္းပဲ ၿပဳံးကာ ေျပာလာသည္ "အမွန္ပဲ၊ မင္းတို႔ႏွစ္ေယာက္က သူငယ္ခ်င္းေကာင္းေတြဟာ။ မင္းကိုေဆး႐ုံမွာ ေတြ႕လိုက္ရရင္ ေလာ့ယန္ အရမ္းေပ်ာ္သြားမွာ"
အဲ့လိုလား?
ေထာင္မုက မ်က္ခုံးပင့္လိုက္သည္။ သူ႔ကိုျမင္လို႔ ေလာ့ယန္ ေပ်ာ္သြားမလား မေပ်ာ္သြားမလား သူမသိေပ။
ေထာင္မု သိသည္က ယဥ္ယဥ္ေက်းေက်း ေရာက္သြားၿပီး ပန္းစည္းတစ္စည္းႏွင့္ သစ္သီးျခင္းတစ္ျခင္းကိုင္လို႔ လူနာေဆာင္ထဲ ဝင္ကာ ကုတင္ေပၚတြင္ ေက်ာက္ပတ္တီးစည္းထားေသာေျခေထာက္ႏွင့္ လွဲေနသည့္ ေလာ့ယန္ကို ျမင္လိုက္ရခ်ိန္၌ သူ႔စိတ္အေျခအေန အလြန္႔အလြန္ကို လန္းဆန္းတက္ႂကြလာသည္ဟုပင္။
***

mybibliobay.comမွာ အပိုင္း 230ေက်ာ္အထိ တစ္ပိုင္းခ်င္းအလိုက္ coinျဖင့္ ဖတ္ရႈႏိုင္ပါၿပီ

Continue Reading

You'll Also Like

242K 26.5K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.3M 95.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
28.5K 3.7K 66
Title - A Nest of Snake inside the Old Tomb သင်္ချိုင်းဟောင်းမှ မြွေမိသားစု (Description) မြွေပွေးတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့သည့် လူသားတစ်ယော...
348K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."