Like Love But Not [ Myanmar T...
Par Eri1485EXOL
33.6K 4.1K 263
Hello... This is just a translation! Original author is Orange Rain and we translated from novelupdates.com. ... Plus
Summary
Chapter - 1.1
Chapter - 1.2
Chapter - 1.3
Chapter - 1.4
Chapter - 2.1
Just Announcement
Chapter - 2.2
Chapter - 2.3
Chapter - 2.4
Chapter - 2.5
Chapter - 3.1
💫💫😩
Chapter - 3.2
Chapter - 3.3
Chapter - 3.4
Chapter - 4.1
Chapter - 4.2
Chapter - 4.3
Chapter - 4.4
Chapter - 5.1
Chapter - 5.2
Chapter - 5.3
Chapter - 5.4
Chapter - 5.5
Chapter - 6.1
Chapter - 6.2
Chapter - 6.3
Chapter - 6.4
Chapter - 7.1
Chapter - 7.2
Chapter - 7.3
Chpater - 7.4
Chapter - 9.1
Chapter - 9.2
Chapter - 10.1
Chapter - 10.2
Chapter - 10.3
Chapter - 11.1
Chapter -11.2
Chapter - 11.3
Chapter - 11.4
Chapter - 12.2
Please read!
Chapter - 12.3
Chapter - 12.4
Chapter - 12.1
177 18 2
Par Eri1485EXOL
Unicode
ငါခြေသံတစ်ခု ကြားလိုက်ရတယ်။ ညဉ့်နက်တဲ့အခါ ဆေးရုံက တိတ်ဆိတ်နေတော့ ခြေသံက အတိုင်းသားရှင်းရှင်းလင်းလင်းကြားရတာဖြစ်တယ်။
ငါ့နှလုံးခုန်နေတဲ့အရှိန်ကို ငါမထိန်းထားနိုင်တော့ဘူး။ ငါ မျှော်လင့်ချက်မဲ့နေပြီ ။ တကယ်တော့ ဒါကဆယ်နှစ်ကြာအောင်တောင် ငါတို့အကြိမ်ပေါင်းများစွာတွေ့ခဲ့ဖူးတယ်။ ဒီလို သူ့အကြောင်းကိုတွေးလိုက်တိုင်း ငါဘာလို့ စိတ်ပူနေရသေးတာလဲလို့?
တံခါးကို အပြင်းအထန် ဖွင့်ခံလိုက်ရတောင် ငါ ခုထက်ထိ ရှုပ်ထွေးမှုကိုခံစားနေရတုန်းပဲ။ ငါ့ရဲ့ လောင်ယွီချန် က တံခါးအပြင်ဘက်မှာ အမောတကောနဲ့ ငါ့ကို စူးစူးစိုက်စိုက်ကြည့်နေလေရဲ့။
ငါတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိတယ်.......
အချိန်က တစ်နှစ်ခွဲပဲရှိသေးတယ်။အခုငါတို့ဟာ မီတာအနည်းငယ်သာကွာဝေးနေတာဖြစ်ပေမယ့် အရာများစွာက ပြောင်းလဲသွားသလို, အချိန်ကလည်း တစ်သက်တာနီးပါးကုန်ဆုံးသွားတယ်လို့ခံစားနေရတယ်။
ငါ, သူ့ကိုရယ်ပြချင်တယ်။ ဒါပေမယ့် ငါ့မျက်နှာက တောင့်တင်းနေပြီး ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။
ငါ , သူ့ကို လောဘတကြီး ပြန်ကြည့်နေရုံသာ တတ်နိုင်တော့တယ်......
သူတော်တော် ပိန်သွားတယ်။ သူ့ရဲ့အရိုးတွေကို တောင်မြင်နေရပြီ။ ဒါပေမယ့်လည်း သူ့မျက်လုံးတွေကတော့ တောက်ပနေတုန်းပါပဲ။ သူ့အကြည့်တွေက ခုတော့ကြည်နူးမှုအပြည့်နဲ့ တောက်ပနေတယ်။
သူ ,ငါ့ ကို ပွေ့ဖက်ဖို့ အပြေးအလွှားလာမယ်လို့ ငါထင်ခဲ့မိတယ်။ဒါပေမယ့် သူက ရှေ့ဆက်မတိုးပဲ တံခါးအပြင်ဘက်တွင်သာ ရပ်မြဲရပ်နေတုန်းပဲ။
သူ အခန်းထဲကို ဝင်လာဖို့ ချီတုံချတုံဖြစ်နေပုံရပြီး ငါ့ကိုသာတွေတွေကြီးစိုက်ကြည့်နေလေရဲ့။
နောက်ဆုံးမှာတော့ ငါ သတိထားမိလိုက်တာက သူ တကယ်ထိတ်လန့်နေတယ်ဆိုတာပါပဲ။ သူအနည်းငယ် တုန်လှုပ်နေတယ်.. သူငါ့ကို ကြည့်နေရင်း မျက်နှာအမူအရာကိုလည်း ဖတ်ကြည့်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်။
သူ က ငါတစ်ခုခုတုန့်ပြန်တာကို စောင့်နေပုံရတယ်။ ငါ့ ဆီကနေ ပြတ်သားတဲ့ ဆုံးဖြစ်ချက်ကို မရမီ သူတကယ်တမ်း မလာသင့်သေးပေ။
ငါ ရယ်လိုက်မိတယ်..... ဘယ်မှာတုန်း မာနကြီး တဲ့ လောင်ယွီချန်?
ငါက လည်း လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ငါမဟုတ်တော့ဘူး။ တကယ်လို့ အဲ့ဒီတုန်းက ငါရှိနေသေးတယ်ဆိုရင်တောင်,အခု သူ့ကို ဘယ်လို မုန်းနိုင်ပါ့မလဲ ။ ဒါမှမဟုတ် လျစ်လျူရောရှုနိုင်ပါ့မလား?
သူ က ငါ့တစ်သက်တာလုံးမှာ ခိုင်မာစွာ အမြစ်တွယ်နေခဲ့ပြီး ငါ့ အသွေး အသား တစ်စုံလုံးနဲ့ ရောနှောထားခဲ့ပြီးသားဖြစ်နေပြီလေ...တကယ်လို့သူ့ကိုသာ ခွာထုတ်လိုက်လို့ရင် ,သူနဲ့ အတူတူ တစ်ခါထဲငါပါ သေသွားမှာပေါ့။
ဖြစ်ပျက်ပြီးခဲ့တဲ့ အတိတ်တွေက ပြန်မရနိုင်အောင်ကုန်လွန်ခဲ့ပြီးဖြစ်တယ်။ သို့တိုင်အောင် ဒီအရူးကတော့ ကြောက်ရွှံ့ခြင်းနဲ့ ချီတုံချတုံခံစား နေရတုန်းပဲ။
ဒီလိုအချိန်မှာ ဘာ့ကြောင့် သူတုံ့ဆိုင်းနေရသေးတာလဲ?
လောင်ယွီချန် က ငါကျေနပ်စေမယ့် ဘယ်အရာကိုမှ မလုပ်ခဲ့ဘူး။
ငါကရော ? တခြားဘာလုပ်လို့ရသေးလို့လဲ? ကံကြမ္မာကိုသာ အပ်နှင်ပြီး ဒီတာဝန်ကိုထမ်းဆောင်ခိုင်းလိုက်ပါတော့လား။
လောင်ယွီချန်က တခါမှမမြင်ဖူးသလိုမျိုး ငါ့ကိုကြည့်နေသေးတယ်။ သူ့မျက်နှာပေါ်တွင်တော့ တမ်းတမှု , နာကျည်းမှု, တုံ့ဆိုင်းမှု နှင့် ဝမ်းနည်းမှုတို့ပေါင်းစပ်ထားတဲ့ ရှုပ်ထွေးပွေလီမှုများစွာက ပေါ်လွင်နေလေရဲ့။
ငါပြုံးပြလိုက်ပြီး သူ့ ဆီပွေ့ဖက်ဖို့ လက်နှစ်ဖက်ကိုဆန့်တန်းလိုက်တယ်။
ဒါတောင်မှ သူက ငါထင်ထားသလိုမျိုး ငါ့အနားကိုအလျင်စလို မရောက်လာဘူး။ အဲ့ဒီအစား, သူက ငါ့ဆီကို မတည်မငြိမ်ခြေလှမ်းတွေနဲ့ လှမ်းလာတယ်။ လမ်းလျှောက်နည်းကိုမေ့နေတဲ့သူတစ်ယောက်လိုမျိုး လျှောက်နေပြီး ပင်ကွင်းတစ်ကောင်လိုမျိုး လဲကျသွားတယ်။
သူနဲ့ ငါ့ရဲ့ကြားအကွာအဝေးက မီတာအနည်းငယ်သာရှိနေပေမယ့် နောက်ဆုံးမှာ ငါ့ကုတင်ဆီမရောက်မီ သူရပ်တန့်သွားခဲ့တယ်။ သူ့လက်ကို ဆန့်တန်းကာ ငါ့ကိုထိချင်နေပေမယ့် နောက်တစ်ကြိမ်ပြန်ဆုတ်သွားလေရဲ့။
ငါ့နှလုံးသားက ဖြစ်ညှစ်ခံလိုက်ရသလိုနာကျင်မှုကိုခံစားလိုက်ရတယ်။
သူက ငါ့ကိုမထိတွေ့နိုင်မှာကို ကြောက်နေတာလား? ဒါမှမဟုတ် အရင်ကလိုမျိုး ဘာမှမရှိသလို ပျောက်ကွယ်သွားတော့မှာကိုလား?
ငါ မလုပ်တော့ပါဘူး...နောက်ဘယ်သောအခါမှပေါ့....
ငါ,သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ငါ့လည်ပင်းဆီကိုဆွဲကပ်လိုက်တယ်။
ခံစားရလား... မင်းအတွက်နွေးထွေးစွာခုန်နေတဲ့ ငါ့ရဲ့ သွေးခုန်နှုန်းတွေကိုလေ....
လောင်ယွီချန် , ငါလေ မင်းကိုအရမ်းလွမ်းတာပဲ....
ထူးဆန်းတယ်မဟုတ်လား? ငါ,မင်းရဲ့အနားမှာ အချိန်တိုင်းရှိနေခဲ့တာ , ဒါတောင် မင်းကို အရမ်းလွမ်းနေတုန်းပဲ။
သူ့လက်ချောင်းတွေက ရေခဲလိုပဲ အေးစက်ပြီး တုန်ရီနေတယ်။ နောက်ဆို သူတို့ကို နွေးထွေးအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ငါထင်တယ်။ အခုကနေစပြီး နောက် ဝေးကွာတဲ့အနာဂတ်တွေ အထိပေါ့.....
ပြီးတော့ သူ့ကိုဆွဲပြီး တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်။
နှစ်ဝက်လောက်မလှုပ်ရှားပဲနေခဲ့တော့ ခန္ဓာကိုယ်က ထိန်းချုပ်ရခက်နေသေးပေမယ့် သူ့ကိုပွေ့ဖက်ဖို့က ပြဿနာမရှိပါဘူး။
နောက်ဆုံးတော့ သူ စိတ်သက်သာ ရာရပြီး ငါ့နာမည်ကို အသဲအသန် ဆက်တိုက် ခေါ်ရင်း ပြန်လည်ပွေ့ဖက်လာခဲ့တယ်။
"ရှောင်ဟန်, ရှောင်ဟန် ,ရှောင်ဟန် ,ရှောင်ဟန်"
တကယ်တော့ သူက အဆိုတော်တစ်ယောက်လေ...သူ့အသံက အရမ်း နားထောင်လို့ကောင်းတယ်။ အလွန်အသုံးများတဲ့ ငါ့နာမည်တောင်မှ သူ့အသံကြောင့် ကောင်းကင်ဘုံထိခမ်းနားသွားသလိုပါပဲ။
သူခေါ်သမျှကို ငါကလည်းအရူးတစ်ယောက်လိုပဲ ပြန်ထူးခဲ့တယ်..
ငါပွေ့ဖက်နိုင်လို့ ခံစားရတဲ့နွေးထွေးမှု , ငါ ဆုပ်ကိုင်နိုင်တဲ့ လက်နှစ်ချောင်း ...
ငါ့ရဲ့လောင်ယွီချန်......
အံ့ဩစရာပါပဲ။ အရမ်း အံ့သြ ဖို့ကောင်းတာပဲ။
သူ့နားထင်နားရောက်နေတဲ့ ဆံပင်တွေနဲ့ ငါကစားနေမိတယ်။ သူက ငါ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားတော့ အသက်ရှုရ ခက်လာတယ်။
သူ ရုတ်တရက် လက်မလွှတ်လိုက်ခင်မှာ ဒီလိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတာကို ငါအရမ်းသဘောကျတာပဲ။ အဲ့ဒီအစားသူ က ငါ့ကို ကြက်ကို အတင်းဖမ်းထားသလိုမျိုး ဖက်တွယ်ထားပြန်တယ်။ ပြီးတော့ သူ့ရဲ့ နီရဲနေတဲ့မျက်လုံးတွေနဲ့ " မင်းရုတ်တရက် ထပ်ပျောက်ကွယ်မသွားတော့ဘူးမလား? " လို့ ပြင်းပြင်းထန်ထန် မေးလေရဲ့။
ငါ ခေါင်းကို အပြင်းအထန်ခါ လိုက်မိတယ်..
သူ မှတ်မိတယ်ပေါ့... အရာအားလုံးကိုသူမှတ်မိနေတာပေါ့။
ငါသူ့ရှေ့ကနေ ပျောက်ကွယ်သွားပြီးကတည်းက သူ့ကိုဒုက္ခရောက်စေခဲ့တာဖြစ်မယ်။ အရမ်းနောင်တရတာပဲ။ အဲ့ဒီနေ့ ပြီးတော့ သူဘယ်လို ဆက်နေထိုင်သွားလည်းဆိုတာ မသိတော့ဘူး။
ပိန်လှီနွမ်းနယ်နေတဲ့ သူ့မျက်နှာကို စိုက်ကြည့်ရင်း ငါ့ရင်တွေ နာကျင်လာရတယ်။
သူက ငါ့ကို မယုံပဲ ဆက်ပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတယ်။ တိကျသေသပ်တဲ့ အလုပ်ရှင်တစ်ယောက်က သူ့ရဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးနေသလိုမျိုး ငါ့ကို အပေါ်ကနေ အောက်ခြေအထိ သေချာကြည့်တယ်။
ငါ မရယ်ပဲ မနေနိုင်တော့ဘူး။
"လောင်ယွီချန်က အရူးပဲ"
ဘယ်လိုတောင်အသုံးမဝင်တဲ့စကားလဲ? ဒီလို အခိုက်အတန့်မှာ ပြောဖို့အံ့သြ စရာကောင်းပြီးချစ်ဖို့ကောင်းတဲ့စကားလုံးတွေ အများကြီးရှိနေတာတောင်မှလေ....
ဘာ့ကြောင့် ဒီလို အရသာမရှိ အဓိပ္ပာယ်မရှိတဲ့ အဆိုးဆုံးစကားလုံးကို ရွေးချယ်ခဲ့မိရတာလဲ။
" ဟုတ်ပါတယ်, ကိုယ်က အရူးပါ"
ဆန့်ကျင်ဘက်အနေနှင့် လောင်ယွီချန်ကလည်း ခေါင်းညိမ့်ပြီး ငါပြောတာကို ထောက်ခံ့ခဲ့တယ်။
တဒင်္ဂလောက်တိတ်ဆိတ်ငြိမ်သက်သွားတယ်...
T/N – နောက်ဆုံးတော့ အရူးလေးတို့နှစ်ယောက်သားပြန်တွေ့ကြပါပြီ...
ကိုယ်တော့အရမ်းသဘောကျတာပဲ 
ZAWGYI
Continuer la Lecture
Vous Aimerez Aussi
1.5M 90.8K 71
751K 63.1K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
204K 23.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
272K 9.9K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...