{Unicode}
အပိုင်း ၄၉
ရှန့်ချောင်က အဆင့်မြင့် Horror Show 'Escape from Life' တွင် ပါဝင်မည်မှန်း သိပြီးတဲ့နောက် အသိုင်းအဝိုင်းအတွင်းရှိ သူငယ်ချင်းများက သူတို့၏ ဝမ်းနည်းကြေကွဲမှုကို ဖော်ပြလာသည်။
ကျုံးရှန်း - "အခက်အခဲတွေကို ကျော်ဖြတ်တဲ့နေရာမှာ မင်းရဲ့ သတ္တိကို ငါလေးစားသွားပြီ၊ တကယ်လို့ မင်းကြောက်ရင် ဗီဒီယိုကော ခေါ်လိုက်"
ဖုကျီချင်း - "ပရိုဂရမ်ထဲက Extra အားလုံးက ဝတ်စုံဝတ်ထားတဲ့သူတွေ၊ အဲ့ချိန်ကျရင် ပီဒီကလည်း မင်းနောက်လိုက်ပြီး ရိုက်ကူးနေမှာ၊ ကိုယ့်စိတ်ကိုယ် မခြောက်နဲ့"
လဲ့ရှောင်က သူမကို မေးခွန်းထုတ်သည်။
"ချောင်ချောင်၊ နင် သရဲကြောက်တတ်မှန်း နင့်အေးဂျင့်က သိရဲ့သားနဲ့ နင့်ကို horror show ရိုက်ခိုင်းတယ်၊ သူ နင့်ကို ကောင်းကောင်းမဆက်ဆံဘူးလား? နင် အနိုင်ကျင့်ခံနေရရင် သည်းမခံနဲ့၊ ထုတ်ပြောလိုက်"
နောက်တစ်စက္ကန့်အကြာတွင် သူမသဘောထားကို ပြောင်းလဲကာ ရှက်ရွံ့စွာ ဆိုလာသည်။
"ချောင်ချောင် နင် ရှန်ကျွင့်ယီးနဲ့ အတူရိုက်ရမှာ မနာလိုလိုက်တာ၊ နင် အချိန်ရရင် ငါ့ကို လက်မှတ်ကူတောင်းပေးပါလား?"
ရှန့်ချောင် - "သူ့လက်မှတ်ယူပြီး နင်ဘာလုပ်မှာလဲ? ငါ နင့်ကို ဟော့ရှီးလက်မှတ်ပေးမယ်"
လဲ့ရှောင် - "...... ဟော့ရှီးဟာ မလိုချင်ဘူး၊ ငါ သူ့ဖန်မဟုတ်ဘူး၊ ရှန်ကျွင့်ယီး လက်မှတ်ပဲ လိုချင်တယ်"
ရှန့်ချောင် - "နင်ဒီလောက်ထိ ပုန်းကွယ်နေမယ်လို့ ငါ မထင်ထားဘူးဟမ်? ပြီးခဲ့တဲ့တစ်ခေါက် ငါ နင့်ကို ဟော့ရှီးကို မဲပေးခိုင်းတုန်းက နင် ရှန်ကျွင့်ယီးကို မဲပေးတယ်၊ ငါ ထင်တာ နင်လက်ချော်သွားတာလို့၊ ဒီလိုဆိုတော့ တမင်တကာပေါ့လေ?"
လဲ့ရှောင် - "... ဘယ်လိုပဲဖြစ်ဖြစ် ဟော့ရှီးက ငါ့မဲကို မလိုဘူးလေ၊ နောက်ပြီး ကျိန်းသေပေါက် ငါ့အချစ်ဆုံးမောင်ငယ်လေးကို မဲပေးရမှာပေါ့"
ရှန့်ချောင် - "ရှောင်ရှောင် သူငယ်ချင်းတွေကြားထဲမှာ မလုပ်သင့်ဆုံးက ဘာလဲ သိလား?"
လဲ့ရှောင် - "ဘာလဲ?"
ရှန့်ချောင် - "မတူညီတဲ့ အိုင်ဒေါလ်တွေ ရှိနေတာပဲ"
လဲ့ရှောင် - "....."
(ဒီမှာ နင်တစ်ယောက်တည်း ရှီးကွမ်းဆိုတာ နင် မမြင်နိုင်ဘူးလား?)
ပဲရစ်တွင် ရှိုးပွဲလျှောက်ရန် ရောက်ရှိနေသည့် ဖုန်ဝေးသည်ပင် နိုင်ငံခြားကောလ် ခေါ်လာကာ သူမဇာတိမြို့ရှိ မိဘများကို တောတောင်ထဲရှိ ဘုံကျောင်းထံမှ ဝိညာဉ်စွမ်းအားဖြင့် မန်းမှုတ်ထားသော အဆောင်ကို ယူခိုင်းရမလား မေးမြန်းလာသည်။
တခန်းလုံးပြည့်နှက်နေသည့် သရဲနှင်ပစ္စည်းများကို ရှန့်ချောင် လှမ်းကြည့်ကာ ငြင်းဆန်လိုက်သည်။
ညနေစောင်းတွင် သူမ ပါဆယ်ထုပ်တစ်ခု လက်ခံရရှိကာ အထဲတွင် အထက်တန်းကျောင်း နိုင်ငံရေးဖတ်စာစာအုပ် ပါဝင်သည်။ ဖတ်စာအုပ်တွင် ရေးထိုးထားသည့်နာမည်မှာ 'လုရီဟန်' ဖြစ်ပြီး ခေါင်းစဉ်စာမျက်နှာတွင် ကွဲပြားသည့် လက်ရေးများဖြင့် ရေးသားထားသည့် နာမည်တို့ ပြည့်နှက်နေသည်။
ရှန့်ချောင် - "???"
သိပ်မကြာခင်မှာပင် လုရီဟန် ဖုန်းခေါ်လာကာ စိတ်လှုပ်ရှားတကြီး မေးမြန်းလာသည်။
"အစ်မချောင် အစ်မအတွက် ကျွန်တော်တို့ အတန်းထဲက ကောင်လေးတွေ ပြင်ပေးလိုက်တဲ့ နိုင်ငံရေးဖတ်စာစာအုပ် ရပြီလား? ကျွန်တော်တို့ အတန်းထဲက ယောကျ်ားလေးအားလုံး လက်မှတ်ထိုးထားတာ၊ ဒါက ယန်ဓါတ်ပြည့်နေတဲ့ စာအုပ်နော်!! မကောင်းတဲ့ ဝိညာဉ်တွေကို ဖယ်ပေးနိုင်ရုံမကဘူး၊ အခြေခံစည်းကမ်းချက်က ဘာတွေလဲ အစ်မ မေ့သွားရင်း စာအုပ်လှန်ကြည့်လို့ ရတယ်"
ရှန့်ချောင် - "လုရီဟန်၊ ဒီတလော နင် သင်္ချာအိမ်စာလုပ်ရတာ နည်းနေတယ် ဟုတ်လား?"
လုရီဟန် - "ဟမ်"
.........
.....
'Starlight Junior' အတွက် ဒီတစ်ခေါက်အပိုင်း ရိုက်ကူးရေးပြီးလျှင် ရှန့်ချောင်က ထိုင်းနိုင်ငံသို့ ထွက်ခွါပေမည်။ သူမနှင့်အတူ တင်းကျန်နှင့် ကျိုးခန် လိုက်သွားရန် ပေ့မင်းဖန်က စီစဉ်ထားသည်။ သူမအဖော်အဖြစ် ယောကျ်ားတစ်ယောက်၊ မိန်းမတစ်ယောက် လိုက်ပါခြင်းက ပိုအဆင်ပြေလေသည်။
ခရီးစဉ်မတိုင်ခင် ရှေ့ညတွင် တင်းကျန်က သူမကို အဝတ်အစားကူထည့်ပေးရန် လာရောက်ပြီး ရှန့်ချောင် ထည့်နှင့်ပြီး ဖြစ်မှန်း သိသွားသည်။ တင်းကျန်က ခရီးဆောင်အိတ်ဖွင့်ကာ သူမ ယူဖို့ မေ့ခဲ့တာ ရှိမရှိ သူမ စစ်ဆေးလိုသော်လည်း ရှန့်ချောင်က အိတ်ကို ဖိထားကာ ပေးမဖွင့်ပေ။
တင်းကျန် သူမကို တခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် သံသယရှိရှိ မေးလိုက်သည်။
"ချောင်ချောင် နင် ခရီးဆောင်အိတ်ထဲ ဘာထည့်ထားလဲ?"
ရှန့်ချောင် ပြန်ဖြေသည်။
"အဝတ်အစားအချို့နဲ့ လိုအပ်တာလောက်ပဲ"
တင်းကျန် - "ဒါဆို ငါ့ကို ဘာလို့ ပေးမကြည့်တာလဲ?"
ရှန့်ချောင် - "ငါ ပြန် မစီချင်တော့လို့"
တင်းကျန်က ထိုစကားကို ယုံကြည်မတဲ့လား? သေချာပေါက် မယုံပေ။ ထို့ကြောင့် သူမ အိတ်ကို ဖွင့်ချိန်တွင် ရှန့်ချောင် သက်ပြင်းချလိုက်သည်။
"အင်း... အမှန်တော့ ငါ ဖန်တွေရဲ့ လက်ဆောင်အချို့လဲ ထည့်ထားတယ်"
"ဘယ်လိုဟာမျိုးလဲ?"
"ဥပမာအနေနဲ့ ပါးကွမှန်၊ မိစ္ဆာနှိမ်နင်းနိုင်တဲ့ ငရုတ်ကျည်ပွေ့၊ ပြီးတော့ မက်မွန်သား ဓါး"
တင်းကျန် - "....."
(အစ်မကြီးရေ နင် သရဲနှင်ဖို့ သွားတယ်များ ထင်နေလား?!!)
တင်းကျန် အသက်ပြင်းပြင်းရှူလိုက်ကာ
"ဒါတွေအားလုံး လေယာဉ်ပေါ် သယ်လို့ မရဘူး၊ နောက်ပြီး တခြားသူတွေသာ မြင်သွားရင် နင့်ကို ဘယ်လိုထင်ကြမလဲ? သိပ်မကြာသေးခင်က နင်က စည်းကမ်းချက်တွေရွတ်ပြီး နိုင်ငံတော်ကို သစ္စာရှိကြောင်းပြတယ်၊ အခုကျ နင်က သိပ္ပံနည်းလမ်းမကျတာတွေလုပ်ပြီး သဘာဝလွန်တွေကို ယုံနေတယ်၊ အစိုးရက နင့်ကို ဘယ်လိုတွေးမလဲ?"
ရှန့်ချောင် - "....."
တင်းကျန်က ဝမ်းနည်းတကြီး ဆိုသည်။
"ဆိုရှယ်လစ်ရဲ့ အောင်မြင်မှုက နင့်ကို ကြောက်ရွံ့ခြင်း မကင်းစေနိုင်ဘူးလား?"
ရှန့်ချောင် - "....."
(ပေ့မင်းဖန် ဆွဲထုတ်လာသမျှ လူတိုင်းက သူ့လိုပဲ အဆိပ်ပြင်းတာလား?)
နောက်ဆုံးတွင် တင်းကျန်၏ ဇွတ်အတင်းပြောဆိုမှုကြောင့် ငရုတ်ဆုံ၊ ကျည်ပွေ့နှင့် မက်မွန်သား ဓားတို့ ဖယ်ထုတ်ခံရပြီး ပါးကွမှန်အတွက်ကိုမူ - ရှန့်ချောင်က သူမအသက်နှင့် ခြိမ်းခြောက်သဖြင့် ယူဆောင်ခွင့်ရသွားသည်။
မှန်မှာ လက်တဖဝါးစာအရွယ်ဖြစ်ပြီး လက်ရာသေသပ်ကာ ခန္ဓာကိုယ်နှင့် နီးနီးကပ်ကပ်ဝတ်ဆင်ထားနိုင်သည်။ ထိုမျှသာမက ယင်းက သူမပရိသတ်၏ လက်ဆောင်လည်း ဖြစ်သေးသည်။ သူမက ပါးကွမှန်နှင့် ဟော့ရှီးဓါတ်ပုံကို ပိုက်ဆံအိတ်ထဲ ထည့်လိုက်ကာ နှစ်ထပ်ကွမ်း ကာကွယ်မှုဖြစ်စေပြီး ပို၍ စိတ်ချစေသည်။
အိပ်ရာမဝင်ခင် ဟော့ရှီးက ဗီဒီယိုပို့လာသည်။
သူက သူမထံ ဘယ်တုန်းကမှ ဗီဒီယိုမပို့ခဲ့ဖူးပေ။ ရှန့်ချောင်ခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် ကိုယ့်ခြေထောက်ကိုယ် ခလုတ်တိုက်လေသည်။
ဗီဒီယိုကို ဖွင့်ရန် စက္ကန့်အနည်းငယ်သာ အချိန်ယူရသည်။ ပထမဆုံးမြင်ကွင်းမှာ ဟော့ရှီးက သူ့ကိုယ်သူ ကင်မရာနှင့် ချိန်နေခြင်းဖြစ်ပြီး ထိုမျှ စွမ်းရည်မြင့်မားသည့် ပုံကြီးချဲ့မှန်ဘီလူးအောက်တွင်ပင် သူ့မျက်နှာက အပြစ်အနာအဆာမရှိ ချောမွေ့နေသည်။ သူ၏ ဓားသွားသဏ္ဍာန် မျက်ခုံးနှင့် ဖြောင့်စင်းသည့် နှာတံမှာ အတူတကွ ယှဉ်တွဲလျက် ကြည့်ကောင်းလှပြီး သူမမျက်ဝန်းထဲ ကျက်သရေရှိစွာ ဝင်ရောက်လာသည်။
ဗီဒီယိုထဲတွင် သူက ဆိုသည်။
"အစီအစဉ်ရိုက်ကူးဖို့ မကြောက်နဲ့၊ အကုန်လုံးက အတုအယောင်တွေ"
ပထမဆုံးစာကြောင်းနှင့်ပင် ရှန့်ချောင်က စူးစူးရှရှအော်ဟစ်ကာ ရင်ဘတ်ဖိလိုက်သည်။
သူမအိုင်ဒေါလ်က ကမ္ဘာပေါ်မှာ အချိုသာဆုံးသူပဲ!!!
နောက်တနေ့မနက် ထိုင်းနိုင်ငံသို့ သွားရောက်မည့် သူမ၏ လေယာဉ်ချိန်မှာ ဆယ်နာရီတွင်ဖြစ်ပြီး ချင်းမိုင်လေဆိပ်သို့ ရောက်ရှိချိန်တွင် ပရိုဂရမ်အဖွဲ့က ဧည့်သည်များကို အတူတကွလာရောက် ကြိုဆိုမည်ဖြစ်သည်။ ဖန်းပိုင်က လူသုံးယောက်ကို လေဆိပ်သို့ မောင်းပို့သည်။ ဤခရီးစဉ်တွင် သူ လိုက်ပါခြင်းမရှိပေ။ ကားထဲတွင် ဖန်းပိုင်က တင်းကျန်ကို ဂရုစိုက်ရမည့်အရာများကို ကရားရေလွှတ် တတွတ်တွတ် မှာကြားနေသည်။ သူပြောသမျှကို နားထောင်ရင်း ပျင်းလာသည့် တင်းကျန်က
"ငါပဲ လက်ထောက်ဖြစ်တာ သက်တမ်းတိုလို့လား၊ နင်ပဲ လက်ထောက်ဖြစ်တာ ကြာသွားလို့လား? နင်ပြောသမျှ ငါ နားမလည်ဘူး ထင်နေလား? ဒါမှမဟုတ် နင် သွားလိုက်ပါလား?"
ဖန်းပိုင်က အပြစ်ပြုခံရသူ ပုံစံဖြင့် ဆိုသည်။
"ကျိန်းသေ ငါ လိုက်သွားချင်တာပေါ့"
တင်းကျန် - "...."
သူတို့ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူအုပ်များ ပြည့်နှက်နေသည်။ အကြည့်တချက်ဖြင့်ပင် အုံနေသည့် သူများမှာ လေဆိပ်တွင် အကြိုအပို့လုပ်သည့် ပရိသတ်များ ဖြစ်မှန်း သိနိုင်သည်။ ရှန့်ချောင်မျက်ဝန်းတွေက သူမ၏ ငွေရောင်ဆိုင်းဘုတ်များကို မြင်တွေ့သွားကာ စိတ်လှုပ်ရှားတကြီး ဆိုလာသည်။
"ဝိုး... ပရိသတ်အများကြီး ငါ့ကို လိုက်ပို့တယ်!!"
တင်းကျန်က ပတ်ဝန်းကျင်အခြေအနေကို စစ်ဆေးပြီးနောက်
"အဲ့ဒါ ရှန်ကျွင့်ယီးရဲ့ ပရိသတ်တွေ"
ရှန့်ချောင် - "....."
ရှန်ကျွင့်ယီးက သူမနှင့် လေယာဉ်တစ်စီးတည်းဖြစ်သည်။
ရှန့်ချောင် ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် လေဆိပ်လုံခြုံရေးများ ဝန်းရံလာကာ သူမကို အထဲသို့ ပို့ဆောင်ပေးသည်။ အများစုမှာ ရှန်ကျွင့်ယီး၏ အမာခံပရိသတ်များ ဖြစ်သော်လည်း အနီရောင်ဆိုင်းဘုတ်ပင်လယ်ထဲတွင် ရှန့်ချောင်၏ ပရိသတ်များစွာလည်း ရှိနေကာ ငွေရောင်မှာ ပြန့်ကျဲနေသည့် ကြယ်များပမာဖြစ်သည်။
ရှန့်ချောင်ကို မြင်သည်နှင့် သူတို့အားလုံးစုဝေးလာကာ လုံခြုံရေးကို ဂရုစိုက်ရန် မှာကြားလာပြီး တအား မကြောက်ရန်၊ မထိတ်လန့်ရန်နှင့် ရုပ်ဝတ္ထုပစ္စည်းပေါ်တွင် ပြင်းပြင်းထန်ထန် ယုံကြည်ရန် ဆိုသည်။
ပရိသတ်များထံမှ လက်ဆောင်များလည်း ရရှိပြီး အများစုမှာ စာများ၊ ပန်းများနှင့် မုန့်များဖြစ်သည်။ ရှန့်ချောင် ခြေလှမ်းနှေးချကာ လက်လှမ်းသည်။
"ချောင်ချောင်!! နင် ပြန်လာရင် ငါတို့ ထပ်လာကြိုမယ်!!"
ရှန့်ချောင်က သတိပေးသည်။
"ယွမ်တစ်ရာထက်ပိုတဲ့ လက်ဆောင်တွေ လက်မခံဘူး"
သူမ အလိုလိုက်တာ ခံရတဲ့ ချောင်ဖန်တွေက မျက်ရည်ဝဲလာသည်။
လူအုပ်ထဲတွင် သူမ၏ မျက်စိရှင်မှုကြောင့် ယခင် သူမနှင့် တွေ့ဆုံခဲ့ဖူးသည့် ဓါတ်ပုံဆရာမကို မြင်လိုက်ကာ သူမ၏ မျက်ဝန်းထောင့်မှ ထိုမိန်းကလေး၏ စိတ်လှုပ်ရှားနေဟန်ကို မြင်တွေ့ရပြီး ကင်မရာကိုင်ကာ ရှုထောင့်မျိုးစုံမှ သူမထံ ဓါတ်ပုံရိုက်ကူးနေသည်ကို မြင်ရသည်။
ဒီတစ်ခေါက် ဓါတ်ပုံရိုက်ရန် သူမကို မတောင်းဆိုခဲ့သော်လည်း ထိုမိန်းကလေးက သူမဘာသာ လာရောက်သည်။ ကြည့်ရတာ သူမသည်လည်း ချောင်ဖန်ဖြစ်လာဟန်တူသည်။
လမ်းတစ်လျှောက် သူမပရိသတ်များနှင့် စကားခွန်းတုံ့ဖလှယ်ရင်း ရုတ်တရက် သူမနောက်တွင် နားကွဲမတတ်အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုအော်ဟစ်သံကို နားထောင်ရုံမျှဖြင့်ပင် ရှန်ကျွင့်ယီးလာပြီဖြစ်ကြောင်း သူမသိသည်။ ရှန့်ချောင်ဘေးရှိ ဖြတ်သွားဖြတ်လာများသည်လည်း နေရာပြောင်းကာ အပြေးသွားကြည့်သည်။
ရှန်ကျွင့်ယီးထံတွင် ပရိသတ်များစွာရှိတာမို့ သူ့ကို လိုက်ပို့ခြင်းအခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။ ပရိသတ်များမှာ ခန်းမတစ်ခုလုံး ပြည့်လုနီးပါးပင်။ ရှန့်ချောင် နောက်လှည့်ကြည့်လိုက်ချိန်တွင် ကြည့်လေရာတိုင်းတွင် ဆိုင်းဘုတ်များအနှံ့။ လုံခြုံရေးများကြောင့်သာ မဟုတ်လျှင် ရှန်ကျွင့်ယီးခမျာ အလယ်တွင် ညပ်သေနိုင်သည်။
မည်သည့်စိတ်ပူနေသည့် ချောင်ဖန်က ရုတ်ခြည်း ပြောလာမှန်း ရှန့်ချောင် မသိပေ။
"ချောင်ချောင် နင် သေချာပေါက် ရှန်ကျွင့်ယီးနဲ့ CP လုပ်လို့ မရဘူးနော်!! ဖန်ဒမ်းက တအားကြောက်ဖို့ကောင်းတယ်၊ ငါတို့ မနိုင်ဘူး"
ရှန့်ချောင်၏ အခိုင်အမာ ငြင်းဆန်ချက်က သူမ၏ မျက်နှာတွင် မြင်တွေ့နိုင်သည်။
"စိတ်မပူနဲ့! လုံးဝ မဖြစ်စေရဘူး!!"
ဘယ်လိုတောင် မရယ်ရတဲ့ ဟာသလဲ? သူမပြိုင်ဘက်နဲ့ CP သတင်းထွက်ရမတဲ့လား? သူမကို ရှီးကွမ်းလို့ ခေါ်ဖို့ ထိုက်တန်ပါဦးမလား? သူမကို ဟော့ရှီးက နှင်လွှတ်မှာဖြစ်ပြီး ဟော့ရှီး သူမခြေထောက်ကို ရိုက်ချိုးရင်တောင် အသေးအမွှားကိစ္စသာဖြစ်ပေမည်။
ထို့ပြင် ရှန့်ချောင်က သူမကိုယ်သူမ ရှန်ကျွင့်ယီး၏ ဖြစ်နိုင်ချေရှိသည့် CP ဟု တခါမှ မတွေးတောခဲ့ပေ။ အလွန်ဆုံး သူမက ဆင်ဖြူတော်မှီးပြီး ကြံစုပ်သည်ဟုသာ ဆိုနိုင်ပြီး ပြိုင်ဘက်ဟုပင် ခေါ်ဆိုနိုင်သည်မျိုး မဟုတ်။
ထိုအစား ရှန်ကျွင့်ယီး၏ အစစ်အမှန်ပြိုင်ဘက်မှုညတူညီသည့် ကျော်ကြားမှုကို ပိုင်ဆိုင်သည့် ဟော့ရှီးဖြစ်ပြီး မေးခွန်းထုတ်ရန်ပင်မလို နှစ်ဖက်စလုံးက ဘက်မျှသည်ဟု ဆိုနိုင်သည်။ သူတို့၏ ကျော်ကြားမှုနှင့် ဂုဏ်ပုဒ်မှာ တူညီသဖြင့် တနှစ်တွင် ၃၆၅ရက် အင်တာနက်အသုံးပြုသူများက သူတို့အား နှိုင်းယှဉ်လေ့ရှိပြီး Endorser အဖြစ်လဲ ဂရုတစိုက် ရွေးချယ်ကြသည်။ တူညီတဲ့ မဂ္ဂဇင်းမျက်နှာဖုံးများ ရိုက်ကူးရပြီး တူညီတဲ့ အခွင့်အလမ်းများအတွက် ယှဉ်ပြိုင်ရသည်မှာလည်း မကြာခဏဖြစ်နေကျဖြစ်သည်။
(T/N: ရုတ်တရက်ကြီး Endorsers ကို ဘယ်လိုဘာသာပြန်ရမလဲ brain dead သွားလို့ ဒီတိုင်း သုံးလိုက်တယ်။ ပြန်အစဖော်လို့ရရင် ပြန်ပြင်မယ်နော်)
တဖက်ချင်းစီက မှန် မမှန် မသဲကွဲသည့် အပုပ်သတင်းများကို ကိုင်ဆောင်ထားကာ တစ်ဦးနှင့် တစ်ဦး မျက်နှာချင်းဆိုင်သည်နှင့် ထိုအပုပ်သတင်းများကို သုံးကာ အချင်းချင်းတိုက်ခိုက်ကြသည်။
သူမ ချောင်းချောင် ဖြစ်နေဆဲတွင် နိုင်ငံခြားတွင် ပညာသင်ခဲ့သည်။ သူမတစ်ယောက်တည်း အိမ်ဌားရမ်းနေသည်မို့ စာသင်နှစ်အစတွင် အခန်းဖော်ရှာရန် ဖိုရမ်ပေါ် ပိုစ့်တင်ခဲ့သည်။
နောက်တနေ့မနက်တွင် တရုတ်မိန်းကလေးတစ်ယောက် သူမထံ ဆက်သွယ်လာသည်။ သူတို့တွေ့ဆုံပြီးနောက် နှစ်ယောက်သားမှာ အသက်အရွယ်တူညီပြီး ဝါသနာအပြင် မိသားစုနောက်ခံခြင်းလည်းတူညီသည်မို့ မြင်မြင်ချင်းပင် သူငယ်ချင်းများဖြစ်လာသည်။ နေ့လယ်ခင်း လက်ဖက်ရည်သောက်ပြီးချိန်တွင် ညီအစ်မများကဲ့သို့ပင် ရင်းနှီးလာသည်။
ညစာစားချိန်တွင် သူတို့ စီးပွါးရေးကြော်ငြာလမ်းမဘေး ဖြတ်သွားကာ တိုင်းလ်စကွဲရှိ LED ဘုတ်တစ်ခုမှ ဟော့ရှီး၏ မွေးနေ့ပွဲကို ထုတ်လွှင့်ပြသနေသည်။
ထိုညီအစ်မက မျက်နှာပေါ်တွင် ရွံရှာဟန်အထင်းသားဖြင့် ဆိုသည်။
"အမှိုက်ပဲ"
ရှန့်ချောင် - "ကျယ်မေ့.... ဘာပြောလိုက်တာလဲ?"
ညီအစ်မက - "အမျိုးတွေ?"
ရှန့်ချောင် - "လောင်ဖော"
(T/N: ဟိုဘက်က အမျိုးတွေဆိုတာ ဟော့ရှီးရဲ့ ဖန်ဆို ဟော့ရှီးရဲ့မိသားစု၊ အဲလိုသုံးတယ်၊ ရှန့်ချောင်က လောင်ဖောလို့ ဖြေတာက သူက လောင်ဖောဖန်ပါပေါ့။ စကားဝှက်နဲ့)
ထို့နောက် သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အမူအရာကင်းမဲ့စွာဖြင့် ကျောခိုင်းလိုက်ပြီး လန်ဒန်လမ်းမများအပေါ် ကိုယ့်လမ်းကိုယ်လျှောက်ကြသည်။
...........
.....
လုံခြုံရေးစစ်ဆေးမှုကို စောင့်ဆိုင်းနေချိန်တွင် ရှန်ကျွင့်ယီးလည်း အထဲဝင်လာသည်။ သူက လူအုပ်ကြားထဲမှ ခက်ခက်ခဲခဲ တိုးထွက်လာရကာ လက်ရှိတွင် သူ့ဦးထုပ်မှာ တွန့်ကြေနေသည်။ သူ ရှန့်ချောင်နောက်မှ လျှောက်လာချိန်တွင် ဦးထုပ်အနားကို ပြန်ဖြောင့်လိုက်ပြီး နောက်ဆုံးတွင် အသက်ဝဝရှူနိုင်ပြီးနောက် နောက်လှည့်ကာ သူ့ပရိသတ်တွေဆီ လက်လှမ်းပြသည်။
ခန်းမထဲရှိ အမိုးလန်မတတ် အော်ဟစ်သံများ နောက်တကြိမ် ဆူညံသွားသည်။
နှလုံးကွဲမတတ် အော်ဟစ်သံများမှာ
[ပေါင်ပေ့!! ဘေးကင်းတဲ့ ခရီးဖြစ်ပါစေ!! ပြန်အလာကို စောင့်နေမယ်!!]
[ပေါင်ပေ့၊ ပေါင်ပေ့!! မားကို ကြည့်!! မားမားဒီမှာ!! ပေါင်ပေ့!!]
[ဝေါ်အိုက်နီ လောင်ကုန်း အားးးးး]
........
.....
ရှန်ကျွင့်ယီးက ခေါင်းနောက်လှည့်ကာ ပရိသတ်များထံ လေထဲမှ အနမ်းပို့လွှတ်လိုက်ဟန်မှာ ဆူညံသံများက မလုံလောက်သေးသလို။ အစောပိုင်းကတည်းက ကြားနေရသည့် ဆူညံသံများကြောင့် ရှန့်ချောင်ခမျာ သူမ၏ နားစည်များ ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။
မှန်ပေသည်၊ ရှန်ကျွင့်ယီးကား ဟိတ်ဟန်များကာ သူ့ပရိသတ်များကို အချိန်ပြည့်စနောက်နေတတ်သည်။
(နင် ဘာလို့ မိန်းမတစ်ယောက်လောက် မယူတာလဲ?)
(ငါ့ပေါင်ပေ့လေးကသာ အကောင်းဆုံး။ သူက ဘယ်တော့မှ သူမကို အရင်ဦးဆုံး လာ မစဘူး၊ ပရိသတ်တွေကသာ သူ့ကို စတာ)
အထဲဝင်ပြီး မကြာခင်တွင် ရှန့်ချောင် နောက်လှည့်ကာ အပြင်ဘက်ရှိ ချောင်ဖန်များထံ လက်ဝှေ့ရမ်းပြလိုက်သည်။
"ဘိုင့်... ပြန်တဲ့လမ်းမှာ လုံခြုံရေးကို ဂရုစိုက်"
ရှေ့ဆုံးတန်းရှိ အစောကြီးလာရောက်သည့် ချောင်ဖန်များက သူမကို လက်ပြန်ဝှေ့ရမ်းပြလာပြီး
"ဘိုင် ချောင်ချောင်၊ ငါတို့ နင်ပြန်လာမှာကို စောင့်နေမယ်"
ထိုအချိန်ခဏတွင် ရှန်ကျွင့်ယီးက သူမကို သတိထားမိသွားပုံရသည်။ သူ့ဖုန်းမှ ခေါင်းမော့ကြည့်လာသည်။ သူ့ဘေးရှိ အရပ်မြင့်မြင့် လက်ထောက်က ချက်ချင်းလိုပင် ရှန့်ချောင်ကို နှုတ်ဆက်လာသည်။
"ရှောင်ချောင်လောင်ရှီးကလည်း ဒီမှာပဲကိုး၊ တိုက်ဆိုင်လိုက်တာ"
တင်းကျန်က စိတ်ထဲမှ မျက်ဖြူလှန်လိုက်သည်။
(ဘုရားရေ၊ ငါတို့ဒီမှာ ရှိမှန်း ခုမှ သိတာတဲ့လား? နင်တို့ အစောကတည်းက မြင်တယ်မဟုတ်ဘူးလား? ဒီခွေးကောင်ကတော့ လူတွေကို အထင်သေးနေတာပဲ)
ရှန့်ချောင်က ယဉ်ယဉ်ကျေးကျေးပြုံးကာ
"ဟုတ်ပါ့၊ တိုက်ဆိုင်လိုက်တာ"
ရှန်ကျွင့်ယီးက သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားသည်ထိ ပြုံးပြလာသည်။
"ဟဲလို ရှောင်ချောင် ပထမဆုံး တွေ့ရတာပါ၊ နောင်ကျရင် ဂရုစိုက်ပေးပါဦး"
ရှန့်ချောင် - "ဟဲလို Mr. ရှန်၊ ရှင့်ကို ကျွန်မ ဂရုစိုက်ဖို့ မဝံ့ရဲပါဘူး၊ ရှင်က စီနီယာလေ"
ရှန်ကျွင့်ယီး - "အချိန်ကျရင် ကျွန်တော့်ကို ကာကွယ်ဖို့ ခင်များရဲ့ အခြေခံစည်းမျဉ်းတွေ လိုမှာပဲလေ"
ရှန့်ချောင် - "....."
(မရဘူး၊ ငါ့ရဲ့ ဆိုရှယ်လစ်အောင်မြင်မှု အရှိန်အဝါကို နင်နဲ့ လုံးဝ မမျှဝေချင်ဘူး)
လုံခြုံရေးကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် ရှန့်ချောင်၏ နားနှစ်ဖက်မှာ လွတ်မြောက်ရာရသွားသည်။ သို့သော် ကင်မရာများကိုင်လျက် သူမတို့နောက်မှ လိုက်ဝင်လာသူအချို့ ရှိဆဲဖြစ်ပြီး ပရိသတ်များလား ခရီးသည်လား မသဲကွဲပေ။
ရှီးကွမ်းများ၏ အမြင်တွင် သူတို့အိုင်ဒေါလ်၏ ကိုယ်ပိုင်ဘဝထဲ အနောက်မှ ရည်ရွယ်ချက်ရှိရှိ လိုက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ သို့သော် ရှန်ကျွင့်ယီးပုံစံမှာ ဂရုမစိုက်လေဟန်။ ဗွီအိုင်ပီနားနေခန်းတွင် ထိုင်ချပြီးနောက် သူ နားကြပ်တပ်ကာ ဖုန်းဆော့တော့သည်။
ရှန့်ချောင်က နို့လက်ဖက်ရည် သောက်ချင်သဖြင့် တင်းကျန်က သူမအတွက် သွားဝယ်ပေးနေကာ ကျိုးချန်က ခရီးဆောင်အိတ်သယ်ရန် တာဝန်ယူသည်။ စောင့်ဆိုင်းနေစဉ်အတွင်း ရှန့်ချောင် ပျင်းလာကာ ဖုန်းထုတ်ပြီး King's Glory ထဲ ဝင်ရောက်လိုက်သည်။
ပုံမှန်အတိုင်း သူမ၏ အကျွမ်းကျင်ဆုံးဖြစ်သည့် Assassin ကို ရွေးလိုက်ပြီး ပွဲတစ်ခုလုံးကို သယ်ဆောင်ကာ သူမ၏ ပြိုင်ဘက်များကို သတ်ပစ်သည်။ သူမ လေးကြိမ်မြောက် သတ်ဖြတ်ပြီးချိန်တွင် သူမခေါင်းမော့ကာ ဇက်ကြောချိုးလိုက်သည်။ ရှန်ကျွင့်ယီးက သူမထံလှမ်းကြည့်ကာ ခေါင်းဆန့်ထုတ်သည်။
ရှန်ကျွင့်ယီးက မသိလိုက်တဲ့ အချိန်ခဏတွင် သူမဘေး ထိုင်နေကာ လေးစားတကြီး အံ့အားတကြီး ဆိုသည်။
"မင်း အရမ်းတော်တာပဲ"
ရှန့်ချောင် - "???"
သူက အပြုံးကြီးကြီးတခု ပြုံးပြလာကာ စကားတစ်ခွန်းမဆိုပဲ သူ့ဖုန်းကို ကမ်းပေးသည်။
"ငါတို့ WeChat add ရအောင်!! ပြီးရင် အတူဆော့မယ်!!"
ရှန့်ချောင် - "....."
(ဟင့်အင်း၊ ငါ မလုပ်ချင်ဘူး)
ရှန့်ချောင် မလှုပ်သည်ကို မြင်လျှင် သူက ထပ်ဆိုသည်။
"မင်း ဒီတပွဲအရင်ဆော့လိုက်၊ မလောဘူး၊ ဒီတပွဲပြီးမှ ငါတို့ တူတူဆော့လို့ ရတယ်"
ရှန့်ချောင် တိတ်တဆိတ် ခေါင်းငုံ့လိုက်သည်။
ပြိုင်ပွဲပြီးသည်နောက် ပြဿနာတစ်စုံတစ်ရာမရှိပဲ သူမ MVP ရရှိသည်ကို ရှန်ကျွင့်ယီး မြင်လျှင် သူ့ WeChat QR code ကို ဖွင့်ဖို့ မစောင့်နိုင်တော့ချေ။
"လာလေ ငါ့ကို scan ဖတ်၊ scan ဖတ်"
ရှန့်ချောင် - "....."
သူ့ဘေးရှိ လက်ထောက်က စကားစသည်။
"ငါတို့ရဲ့ အားကျွင့်က ဂိမ်းဆော့ရတာကြိုက်တယ်၊ ဒါပေမယ့် သူ့အချိန်ဇယားက အရမ်းတင်းကြပ်လွန်းတော့ ဆော့ဖို့ အချိန်သိပ်မရဘူး"
(ကောင်းပြီ၊ သူက ခုမှ လူသစ်လို့ နင် ဆိုလိုချင်တာ! ငါ သဘောပေါက်ပြီ)
(ပေါင်ပေ့၊ ငါ သူ့ Wechat ကို add ချင်တာလဲ မဟုတ်ဘူး၊ သူနဲ့ အတူတွဲဆော့ချင်တာလဲ မဟုတ်ဘူး၊ ငါ့ကို ဖိအားပေးလို့ လုပ်ရတာပါ၊ ငါ မတရားခံရတာကို နင် နားလည်ရမယ်နော်)
တစ်ယောက်နှင့် တစ်ယောက် Wechat တွင် add ပြီးချိန်တွင် ရှန်ကျွင့်ယီးက ချက်ချင်းပင် ဂိမ်းထဲဝင်ကာ ရှန့်ချောင်ကို အုပ်စုဖွဲ့ရန် ဖိတ်ခေါ်လာသည်။ တဖက်လူက သူ့ထံတချက်ကြည့်လာကာ အဆင့်မှာ Silver ။
ကျုံးရှန်းထက်ပင် အမှိုက်သရိုက်ဆန်သေးသည်။
"အဖွဲ့ဖွဲ့ဖို့ မဖြစ်နိုင်ဘူး၊ Silver က King ကို တိုက်လို့ မရဘူး"
ရှန်ကျွင့်ယီး စကားတစ်ခွန်းမဆိုပဲ သူ့ဖုန်းကို သူမလက်ထဲ ထိုးထည့်သည်။
"ဖုန်းလဲရအောင်! ငါ မင်းကို ကူပြီး ရှုံးပေးမယ်၊ မင်းက ငါ့ကို ကူပြီး နိုင်အောင် ဆော့ပေး၊ ငါတို့ အဆင့်ချင်းတူရင် တူတူဆော့လို့ ရပြီ!"
(အာ???)
(နင် ဒါကို ငါ့ရှေ့တည့်တည့်မှာ ဘယ်လိုများ ပြောနိုင်တာလဲ? မျက်နှာပြောင်တိုက်လိုက်တာ!!!)
****
ကြာသပတေး အကြွေးဆပ်ပြီး ✅
တစ်နေ့ထဲ သုံးပိုင်း၊ လျှာထွက် 🤪
ဒီနေ့အတွက်ကိုတော့ နက်ဖြန်မှ ဆပ်ပါမယ်၊
****
{Zawgyi}
အပိုင္း ၄၉
ရွန့္ေခ်ာင္က အဆင့္ျမင့္ Horror Show 'Escape from Life' တြင္ ပါဝင္မည္မွန္း သိၿပီးတဲ့ေနာက္ အသိုင္းအဝိုင္းအတြင္းရွိ သူငယ္ခ်င္းမ်ားက သူတို႔၏ ဝမ္းနည္းေၾကကြဲမွုကို ေဖာ္ျပလာသည္။
က်ဳံးရွန္း - "အခက္အခဲေတြကို ေက်ာ္ျဖတ္တဲ့ေနရာမွာ မင္းရဲ့ သတၱိကို ငါေလးစားသြားၿပီ၊ တကယ္လို႔ မင္းေၾကာက္ရင္ ဗီဒီယိုေကာ ေခၚလိုက္"
ဖုက်ီခ်င္း - "ပရိုဂရမ္ထဲက Extra အားလုံးက ဝတ္စုံဝတ္ထားတဲ့သူေတြ၊ အဲ့ခ်ိန္က်ရင္ ပီဒီကလည္း မင္းေနာက္လိုက္ၿပီး ရိုက္ကူးေနမွာ၊ ကိုယ့္စိတ္ကိုယ္ မေျခာက္နဲ႔"
လဲ့ေရွာင္က သူမကို ေမးခြန္းထုတ္သည္။
"ေခ်ာင္ေခ်ာင္၊ နင္ သရဲေၾကာက္တတ္မွန္း နင့္ေအးဂ်င့္က သိရဲ့သားနဲ႔ နင့္ကို horror show ရိုက္ခိုင္းတယ္၊ သူ နင့္ကို ေကာင္းေကာင္းမဆက္ဆံဘူးလား? နင္ အနိုင္က်င့္ခံေနရရင္ သည္းမခံနဲ႔၊ ထုတ္ေျပာလိုက္"
ေနာက္တစ္စကၠန့္အၾကာတြင္ သူမသေဘာထားကို ေျပာင္းလဲကာ ရွက္ရြံ႕စြာ ဆိုလာသည္။
"ေခ်ာင္ေခ်ာင္ နင္ ရွန္ကၽြင့္ယီးနဲ႔ အတူရိုက္ရမွာ မနာလိုလိုက္တာ၊ နင္ အခ်ိန္ရရင္ ငါ့ကို လက္မွတ္ကူေတာင္းေပးပါလား?"
ရွန့္ေခ်ာင္ - "သူ႔လက္မွတ္ယူၿပီး နင္ဘာလုပ္မွာလဲ? ငါ နင့္ကို ေဟာ့ရွီးလက္မွတ္ေပးမယ္"
လဲ့ေရွာင္ - "...... ေဟာ့ရွီးဟာ မလိုခ်င္ဘူး၊ ငါ သူ႔ဖန္မဟုတ္ဘူး၊ ရွန္ကၽြင့္ယီး လက္မွတ္ပဲ လိုခ်င္တယ္"
ရွန့္ေခ်ာင္ - "နင္ဒီေလာက္ထိ ပုန္းကြယ္ေနမယ္လို႔ ငါ မထင္ထားဘူးဟမ္? ၿပီးခဲ့တဲ့တစ္ေခါက္ ငါ နင့္ကို ေဟာ့ရွီးကို မဲေပးခိုင္းတုန္းက နင္ ရွန္ကၽြင့္ယီးကို မဲေပးတယ္၊ ငါ ထင္တာ နင္လက္ေခ်ာ္သြားတာလို႔၊ ဒီလိုဆိုေတာ့ တမင္တကာေပါ့ေလ?"
လဲ့ေရွာင္ - "... ဘယ္လိုပဲျဖစ္ျဖစ္ ေဟာ့ရွီးက ငါ့မဲကို မလိုဘူးေလ၊ ေနာက္ၿပီး က်ိန္းေသေပါက္ ငါ့အခ်စ္ဆုံးေမာင္ငယ္ေလးကို မဲေပးရမွာေပါ့"
ရွန့္ေခ်ာင္ - "ေရွာင္ေရွာင္ သူငယ္ခ်င္းေတြၾကားထဲမွာ မလုပ္သင့္ဆုံးက ဘာလဲ သိလား?"
လဲ့ေရွာင္ - "ဘာလဲ?"
ရွန့္ေခ်ာင္ - "မတူညီတဲ့ အိုင္ေဒါလ္ေတြ ရွိေနတာပဲ"
လဲ့ေရွာင္ - "....."
(ဒီမွာ နင္တစ္ေယာက္တည္း ရွီးကြမ္းဆိုတာ နင္ မျမင္နိုင္ဘူးလား?)
ပဲရစ္တြင္ ရွိုးပြဲေလၽွာက္ရန္ ေရာက္ရွိေနသည့္ ဖုန္ေဝးသည္ပင္ နိုင္ငံျခားေကာလ္ ေခၚလာကာ သူမဇာတိၿမိဳ႕ရွိ မိဘမ်ားကို ေတာေတာင္ထဲရွိ ဘုံေက်ာင္းထံမွ ဝိညာဥ္စြမ္းအားျဖင့္ မန္းမွုတ္ထားေသာ အေဆာင္ကို ယူခိုင္းရမလား ေမးျမန္းလာသည္။
တခန္းလုံးျပည့္ႏွက္ေနသည့္ သရဲႏွင္ပစၥည္းမ်ားကို ရွန့္ေခ်ာင္ လွမ္းၾကည့္ကာ ျငင္းဆန္လိုက္သည္။
ညေနေစာင္းတြင္ သူမ ပါဆယ္ထုပ္တစ္ခု လက္ခံရရွိကာ အထဲတြင္ အထက္တန္းေက်ာင္း နိုင္ငံေရးဖတ္စာစာအုပ္ ပါဝင္သည္။ ဖတ္စာအုပ္တြင္ ေရးထိုးထားသည့္နာမည္မွာ 'လုရီဟန္' ျဖစ္ၿပီး ေခါင္းစဥ္စာမ်က္ႏွာတြင္ ကြဲျပားသည့္ လက္ေရးမ်ားျဖင့္ ေရးသားထားသည့္ နာမည္တို႔ ျပည့္ႏွက္ေနသည္။
ရွန့္ေခ်ာင္ - "???"
သိပ္မၾကာခင္မွာပင္ လုရီဟန္ ဖုန္းေခၚလာကာ စိတ္လွုပ္ရွားတႀကီး ေမးျမန္းလာသည္။
"အစ္မေခ်ာင္ အစ္မအတြက္ ကၽြန္ေတာ္တို႔ အတန္းထဲက ေကာင္ေလးေတြ ျပင္ေပးလိုက္တဲ့ နိုင္ငံေရးဖတ္စာစာအုပ္ ရၿပီလား? ကၽြန္ေတာ္တို႔ အတန္းထဲက ေယာက်္ားေလးအားလုံး လက္မွတ္ထိုးထားတာ၊ ဒါက ယန္ဓါတ္ျပည့္ေနတဲ့ စာအုပ္ေနာ္!! မေကာင္းတဲ့ ဝိညာဥ္ေတြကို ဖယ္ေပးနိုင္႐ုံမကဘူး၊ အေျခခံစည္းကမ္းခ်က္က ဘာေတြလဲ အစ္မ ေမ့သြားရင္း စာအုပ္လွန္ၾကည့္လို႔ ရတယ္"
ရွန့္ေခ်ာင္ - "လုရီဟန္၊ ဒီတေလာ နင္ သခၤ်ာအိမ္စာလုပ္ရတာ နည္းေနတယ္ ဟုတ္လား?"
လုရီဟန္ - "ဟမ္"
.........
.....
'Starlight Junior' အတြက္ ဒီတစ္ေခါက္အပိုင္း ရိုက္ကူးေရးၿပီးလၽွင္ ရွန့္ေခ်ာင္က ထိုင္းနိုင္ငံသို႔ ထြက္ခြါေပမည္။ သူမႏွင့္အတူ တင္းက်န္ႏွင့္ က်ိဳးခန္ လိုက္သြားရန္ ေပ့မင္းဖန္က စီစဥ္ထားသည္။ သူမအေဖာ္အျဖစ္ ေယာက်္ားတစ္ေယာက္၊ မိန္းမတစ္ေယာက္ လိုက္ပါျခင္းက ပိုအဆင္ေျပေလသည္။
ခရီးစဥ္မတိုင္ခင္ ေရွ႕ညတြင္ တင္းက်န္က သူမကို အဝတ္အစားကူထည့္ေပးရန္ လာေရာက္ၿပီး ရွန့္ေခ်ာင္ ထည့္ႏွင့္ၿပီး ျဖစ္မွန္း သိသြားသည္။ တင္းက်န္က ခရီးေဆာင္အိတ္ဖြင့္ကာ သူမ ယူဖို႔ ေမ့ခဲ့တာ ရွိမရွိ သူမ စစ္ေဆးလိုေသာ္လည္း ရွန့္ေခ်ာင္က အိတ္ကို ဖိထားကာ ေပးမဖြင့္ေပ။
တင္းက်န္ သူမကို တခဏမၽွ စိုက္ၾကည့္လိုက္ၿပီးေနာက္ သံသယရွိရွိ ေမးလိုက္သည္။
"ေခ်ာင္ေခ်ာင္ နင္ ခရီးေဆာင္အိတ္ထဲ ဘာထည့္ထားလဲ?"
ရွန့္ေခ်ာင္ ျပန္ေျဖသည္။
"အဝတ္အစားအခ်ိဳ႕နဲ႔ လိုအပ္တာေလာက္ပဲ"
တင္းက်န္ - "ဒါဆို ငါ့ကို ဘာလို႔ ေပးမၾကည့္တာလဲ?"
ရွန့္ေခ်ာင္ - "ငါ ျပန္ မစီခ်င္ေတာ့လို႔"
တင္းက်န္က ထိုစကားကို ယုံၾကည္မတဲ့လား? ေသခ်ာေပါက္ မယုံေပ။ ထို႔ေၾကာင့္ သူမ အိတ္ကို ဖြင့္ခ်ိန္တြင္ ရွန့္ေခ်ာင္ သက္ျပင္းခ်လိုက္သည္။
"အင္း... အမွန္ေတာ့ ငါ ဖန္ေတြရဲ့ လက္ေဆာင္အခ်ိဳ႕လဲ ထည့္ထားတယ္"
"ဘယ္လိုဟာမ်ိဳးလဲ?"
"ဥပမာအေနနဲ႔ ပါးကြမွန္၊ မိစၧာႏွိမ္နင္းနိုင္တဲ့ င႐ုတ္က်ည္ေပြ႕၊ ၿပီးေတာ့ မက္မြန္သား ဓါး"
တင္းက်န္ - "....."
(အစ္မႀကီးေရ နင္ သရဲႏွင္ဖို႔ သြားတယ္မ်ား ထင္ေနလား?!!)
တင္းက်န္ အသက္ျပင္းျပင္းရွူလိုက္ကာ
"ဒါေတြအားလုံး ေလယာဥ္ေပၚ သယ္လို႔ မရဘူး၊ ေနာက္ၿပီး တျခားသူေတြသာ ျမင္သြားရင္ နင့္ကို ဘယ္လိုထင္ၾကမလဲ? သိပ္မၾကာေသးခင္က နင္က စည္းကမ္းခ်က္ေတြရြတ္ၿပီး နိုင္ငံေတာ္ကို သစၥာရွိေၾကာင္းျပတယ္၊ အခုက် နင္က သိပၸံနည္းလမ္းမက်တာေတြလုပ္ၿပီး သဘာဝလြန္ေတြကို ယုံေနတယ္၊ အစိုးရက နင့္ကို ဘယ္လိုေတြးမလဲ?"
ရွန့္ေခ်ာင္ - "....."
တင္းက်န္က ဝမ္းနည္းတႀကီး ဆိုသည္။
"ဆိုရွယ္လစ္ရဲ့ ေအာင္ျမင္မွုက နင့္ကို ေၾကာက္ရြံ႕ျခင္း မကင္းေစနိုင္ဘူးလား?"
ရွန့္ေခ်ာင္ - "....."
(ေပ့မင္းဖန္ ဆြဲထုတ္လာသမၽွ လူတိုင္းက သူ႔လိုပဲ အဆိပ္ျပင္းတာလား?)
ေနာက္ဆုံးတြင္ တင္းက်န္၏ ဇြတ္အတင္းေျပာဆိုမွုေၾကာင့္ င႐ုတ္ဆုံ၊ က်ည္ေပြ႕ႏွင့္ မက္မြန္သား ဓားတို႔ ဖယ္ထုတ္ခံရၿပီး ပါးကြမွန္အတြက္ကိုမူ - ရွန့္ေခ်ာင္က သူမအသက္ႏွင့္ ၿခိမ္းေျခာက္သျဖင့္ ယူေဆာင္ခြင့္ရသြားသည္။
မွန္မွာ လက္တဖဝါးစာအရြယ္ျဖစ္ၿပီး လက္ရာေသသပ္ကာ ခႏၶာကိုယ္ႏွင့္ နီးနီးကပ္ကပ္ဝတ္ဆင္ထားနိုင္သည္။ ထိုမၽွသာမက ယင္းက သူမပရိသတ္၏ လက္ေဆာင္လည္း ျဖစ္ေသးသည္။ သူမက ပါးကြမွန္ႏွင့္ ေဟာ့ရွီးဓါတ္ပုံကို ပိုက္ဆံအိတ္ထဲ ထည့္လိုက္ကာ ႏွစ္ထပ္ကြမ္း ကာကြယ္မွုျဖစ္ေစၿပီး ပို၍ စိတ္ခ်ေစသည္။
အိပ္ရာမဝင္ခင္ ေဟာ့ရွီးက ဗီဒီယိုပို႔လာသည္။
သူက သူမထံ ဘယ္တုန္းကမွ ဗီဒီယိုမပို႔ခဲ့ဖူးေပ။ ရွန့္ေခ်ာင္ခမ်ာ စိတ္လွုပ္ရွားလြန္းသျဖင့္ ကိုယ့္ေျခေထာက္ကိုယ္ ခလုတ္တိုက္ေလသည္။
ဗီဒီယိုကို ဖြင့္ရန္ စကၠန့္အနည္းငယ္သာ အခ်ိန္ယူရသည္။ ပထမဆုံးျမင္ကြင္းမွာ ေဟာ့ရွီးက သူ႔ကိုယ္သူ ကင္မရာႏွင့္ ခ်ိန္ေနျခင္းျဖစ္ၿပီး ထိုမၽွ စြမ္းရည္ျမင့္မားသည့္ ပုံႀကီးခ်ဲ့မွန္ဘီလူးေအာက္တြင္ပင္ သူ႔မ်က္ႏွာက အျပစ္အနာအဆာမရွိ ေခ်ာေမြ႕ေနသည္။ သူ၏ ဓားသြားသ႑ာန္ မ်က္ခုံးႏွင့္ ေျဖာင့္စင္းသည့္ ႏွာတံမွာ အတူတကြ ယွဥ္တြဲလ်က္ ၾကည့္ေကာင္းလွၿပီး သူမမ်က္ဝန္းထဲ က်က္သေရရွိစြာ ဝင္ေရာက္လာသည္။
ဗီဒီယိုထဲတြင္ သူက ဆိုသည္။
"အစီအစဥ္ရိုက္ကူးဖို႔ မေၾကာက္နဲ႔၊ အကုန္လုံးက အတုအေယာင္ေတြ"
ပထမဆုံးစာေၾကာင္းႏွင့္ပင္ ရွန့္ေခ်ာင္က စူးစူးရွရွေအာ္ဟစ္ကာ ရင္ဘတ္ဖိလိုက္သည္။
သူမအိုင္ေဒါလ္က ကမၻာေပၚမွာ အခ်ိဳသာဆုံးသူပဲ!!!
ေနာက္တေန႔မနက္ ထိုင္းနိုင္ငံသို႔ သြားေရာက္မည့္ သူမ၏ ေလယာဥ္ခ်ိန္မွာ ဆယ္နာရီတြင္ျဖစ္ၿပီး ခ်င္းမိုင္ေလဆိပ္သို႔ ေရာက္ရွိခ်ိန္တြင္ ပရိုဂရမ္အဖြဲ႕က ဧည့္သည္မ်ားကို အတူတကြလာေရာက္ ႀကိဳဆိုမည္ျဖစ္သည္။ ဖန္းပိုင္က လူသုံးေယာက္ကို ေလဆိပ္သို႔ ေမာင္းပို႔သည္။ ဤခရီးစဥ္တြင္ သူ လိုက္ပါျခင္းမရွိေပ။ ကားထဲတြင္ ဖန္းပိုင္က တင္းက်န္ကို ဂ႐ုစိုက္ရမည့္အရာမ်ားကို ကရားေရလႊတ္ တတြတ္တြတ္ မွာၾကားေနသည္။ သူေျပာသမၽွကို နားေထာင္ရင္း ပ်င္းလာသည့္ တင္းက်န္က
"ငါပဲ လက္ေထာက္ျဖစ္တာ သက္တမ္းတိုလို႔လား၊ နင္ပဲ လက္ေထာက္ျဖစ္တာ ၾကာသြားလို႔လား? နင္ေျပာသမၽွ ငါ နားမလည္ဘူး ထင္ေနလား? ဒါမွမဟုတ္ နင္ သြားလိုက္ပါလား?"
ဖန္းပိုင္က အျပစ္ျပဳခံရသူ ပုံစံျဖင့္ ဆိုသည္။
"က်ိန္းေသ ငါ လိုက္သြားခ်င္တာေပါ့"
တင္းက်န္ - "...."
သူတို႔ ေလဆိပ္သို႔ ေရာက္ရွိခ်ိန္တြင္ လူအုပ္မ်ား ျပည့္ႏွက္ေနသည္။ အၾကည့္တခ်က္ျဖင့္ပင္ အုံေနသည့္ သူမ်ားမွာ ေလဆိပ္တြင္ အႀကိဳအပို႔လုပ္သည့္ ပရိသတ္မ်ား ျဖစ္မွန္း သိနိုင္သည္။ ရွန့္ေခ်ာင္မ်က္ဝန္းေတြက သူမ၏ ေငြေရာင္ဆိုင္းဘုတ္မ်ားကို ျမင္ေတြ႕သြားကာ စိတ္လွုပ္ရွားတႀကီး ဆိုလာသည္။
"ဝိုး... ပရိသတ္အမ်ားႀကီး ငါ့ကို လိုက္ပို႔တယ္!!"
တင္းက်န္က ပတ္ဝန္းက်င္အေျခအေနကို စစ္ေဆးၿပီးေနာက္
"အဲ့ဒါ ရွန္ကၽြင့္ယီးရဲ့ ပရိသတ္ေတြ"
ရွန့္ေခ်ာင္ - "....."
ရွန္ကၽြင့္ယီးက သူမႏွင့္ ေလယာဥ္တစ္စီးတည္းျဖစ္သည္။
ရွန့္ေခ်ာင္ ကားေပၚမွ ဆင္းဆင္းခ်င္းမွာပင္ ေလဆိပ္လုံျခဳံေရးမ်ား ဝန္းရံလာကာ သူမကို အထဲသို႔ ပို႔ေဆာင္ေပးသည္။ အမ်ားစုမွာ ရွန္ကၽြင့္ယီး၏ အမာခံပရိသတ္မ်ား ျဖစ္ေသာ္လည္း အနီေရာင္ဆိုင္းဘုတ္ပင္လယ္ထဲတြင္ ရွန့္ေခ်ာင္၏ ပရိသတ္မ်ားစြာလည္း ရွိေနကာ ေငြေရာင္မွာ ျပန့္က်ဲေနသည့္ ၾကယ္မ်ားပမာျဖစ္သည္။
ရွန့္ေခ်ာင္ကို ျမင္သည္ႏွင့္ သူတို႔အားလုံးစုေဝးလာကာ လုံျခဳံေရးကို ဂ႐ုစိုက္ရန္ မွာၾကားလာၿပီး တအား မေၾကာက္ရန္၊ မထိတ္လန့္ရန္ႏွင့္ ႐ုပ္ဝတၳဳပစၥည္းေပၚတြင္ ျပင္းျပင္းထန္ထန္ ယုံၾကည္ရန္ ဆိုသည္။
ပရိသတ္မ်ားထံမွ လက္ေဆာင္မ်ားလည္း ရရွိၿပီး အမ်ားစုမွာ စာမ်ား၊ ပန္းမ်ားႏွင့္ မုန့္မ်ားျဖစ္သည္။ ရွန့္ေခ်ာင္ ေျခလွမ္းေႏွးခ်ကာ လက္လွမ္းသည္။
"ေခ်ာင္ေခ်ာင္!! နင္ ျပန္လာရင္ ငါတို႔ ထပ္လာႀကိဳမယ္!!"
ရွန့္ေခ်ာင္က သတိေပးသည္။
"ယြမ္တစ္ရာထက္ပိုတဲ့ လက္ေဆာင္ေတြ လက္မခံဘူး"
သူမ အလိုလိုက္တာ ခံရတဲ့ ေခ်ာင္ဖန္ေတြက မ်က္ရည္ဝဲလာသည္။
လူအုပ္ထဲတြင္ သူမ၏ မ်က္စိရွင္မွုေၾကာင့္ ယခင္ သူမႏွင့္ ေတြ႕ဆုံခဲ့ဖူးသည့္ ဓါတ္ပုံဆရာမကို ျမင္လိုက္ကာ သူမ၏ မ်က္ဝန္းေထာင့္မွ ထိုမိန္းကေလး၏ စိတ္လွုပ္ရွားေနဟန္ကို ျမင္ေတြ႕ရၿပီး ကင္မရာကိုင္ကာ ရွုေထာင့္မ်ိဳးစုံမွ သူမထံ ဓါတ္ပုံရိုက္ကူးေနသည္ကို ျမင္ရသည္။
ဒီတစ္ေခါက္ ဓါတ္ပုံရိုက္ရန္ သူမကို မေတာင္းဆိုခဲ့ေသာ္လည္း ထိုမိန္းကေလးက သူမဘာသာ လာေရာက္သည္။ ၾကည့္ရတာ သူမသည္လည္း ေခ်ာင္ဖန္ျဖစ္လာဟန္တူသည္။
လမ္းတစ္ေလၽွာက္ သူမပရိသတ္မ်ားႏွင့္ စကားခြန္းတုံ႔ဖလွယ္ရင္း ႐ုတ္တရက္ သူမေနာက္တြင္ နားကြဲမတတ္ေအာ္ဟစ္သံ ထြက္ေပၚလာသည္။ ထိုေအာ္ဟစ္သံကို နားေထာင္႐ုံမၽွျဖင့္ပင္ ရွန္ကၽြင့္ယီးလာၿပီျဖစ္ေၾကာင္း သူမသိသည္။ ရွန့္ေခ်ာင္ေဘးရွိ ျဖတ္သြားျဖတ္လာမ်ားသည္လည္း ေနရာေျပာင္းကာ အေျပးသြားၾကည့္သည္။
ရွန္ကၽြင့္ယီးထံတြင္ ပရိသတ္မ်ားစြာရွိတာမို႔ သူ႔ကို လိုက္ပို႔ျခင္းအေျခအေနမွာ ရွုပ္ေထြးလ်က္ရွိသည္။ ပရိသတ္မ်ားမွာ ခန္းမတစ္ခုလုံး ျပည့္လုနီးပါးပင္။ ရွန့္ေခ်ာင္ ေနာက္လွည့္ၾကည့္လိုက္ခ်ိန္တြင္ ၾကည့္ေလရာတိုင္းတြင္ ဆိုင္းဘုတ္မ်ားအႏွံ့။ လုံျခဳံေရးမ်ားေၾကာင့္သာ မဟုတ္လၽွင္ ရွန္ကၽြင့္ယီးခမ်ာ အလယ္တြင္ ညပ္ေသနိုင္သည္။
မည္သည့္စိတ္ပူေနသည့္ ေခ်ာင္ဖန္က ႐ုတ္ျခည္း ေျပာလာမွန္း ရွန့္ေခ်ာင္ မသိေပ။
"ေခ်ာင္ေခ်ာင္ နင္ ေသခ်ာေပါက္ ရွန္ကၽြင့္ယီးနဲ႔ CP လုပ္လို႔ မရဘူးေနာ္!! ဖန္ဒမ္းက တအားေၾကာက္ဖို႔ေကာင္းတယ္၊ ငါတို႔ မနိုင္ဘူး"
ရွန့္ေခ်ာင္၏ အခိုင္အမာ ျငင္းဆန္ခ်က္က သူမ၏ မ်က္ႏွာတြင္ ျမင္ေတြ႕နိုင္သည္။
"စိတ္မပူနဲ႔! လုံးဝ မျဖစ္ေစရဘူး!!"
ဘယ္လိုေတာင္ မရယ္ရတဲ့ ဟာသလဲ? သူမၿပိဳင္ဘက္နဲ႔ CP သတင္းထြက္ရမတဲ့လား? သူမကို ရွီးကြမ္းလို႔ ေခၚဖို႔ ထိုက္တန္ပါဦးမလား? သူမကို ေဟာ့ရွီးက ႏွင္လႊတ္မွာျဖစ္ၿပီး ေဟာ့ရွီး သူမေျခေထာက္ကို ရိုက္ခ်ိဳးရင္ေတာင္ အေသးအမႊားကိစၥသာျဖစ္ေပမည္။
ထို႔ျပင္ ရွန့္ေခ်ာင္က သူမကိုယ္သူမ ရွန္ကၽြင့္ယီး၏ ျဖစ္နိုင္ေခ်ရွိသည့္ CP ဟု တခါမွ မေတြးေတာခဲ့ေပ။ အလြန္ဆုံး သူမက ဆင္ျဖဴေတာ္မွီးၿပီး ႀကံစုပ္သည္ဟုသာ ဆိုနိုင္ၿပီး ၿပိဳင္ဘက္ဟုပင္ ေခၚဆိုနိုင္သည္မ်ိဳး မဟုတ္။
ထိုအစား ရွန္ကၽြင့္ယီး၏ အစစ္အမွန္ၿပိဳင္ဘက္မွုညတူညီသည့္ ေက်ာ္ၾကားမွုကို ပိုင္ဆိုင္သည့္ ေဟာ့ရွီးျဖစ္ၿပီး ေမးခြန္းထုတ္ရန္ပင္မလို ႏွစ္ဖက္စလုံးက ဘက္မၽွသည္ဟု ဆိုနိုင္သည္။ သူတို႔၏ ေက်ာ္ၾကားမွုႏွင့္ ဂုဏ္ပုဒ္မွာ တူညီသျဖင့္ တႏွစ္တြင္ ၃၆၅ရက္ အင္တာနက္အသုံးျပဳသူမ်ားက သူတို႔အား ႏွိုင္းယွဥ္ေလ့ရွိၿပီး Endorser အျဖစ္လဲ ဂ႐ုတစိုက္ ေရြးခ်ယ္ၾကသည္။ တူညီတဲ့ မဂၢဇင္းမ်က္ႏွာဖုံးမ်ား ရိုက္ကူးရၿပီး တူညီတဲ့ အခြင့္အလမ္းမ်ားအတြက္ ယွဥ္ၿပိဳင္ရသည္မွာလည္း မၾကာခဏျဖစ္ေနက်ျဖစ္သည္။
(T/N: ႐ုတ္တရက္ႀကီး Endorsers ကို ဘယ္လိုဘာသာျပန္ရမလဲ brain dead သြားလို႔ ဒီတိုင္း သုံးလိုက္တယ္။ ျပန္အစေဖာ္လို႔ရရင္ ျပန္ျပင္မယ္ေနာ္)
တဖက္ခ်င္းစီက မွန္ မမွန္ မသဲကြဲသည့္ အပုပ္သတင္းမ်ားကို ကိုင္ေဆာင္ထားကာ တစ္ဦးႏွင့္ တစ္ဦး မ်က္ႏွာခ်င္းဆိုင္သည္ႏွင့္ ထိုအပုပ္သတင္းမ်ားကို သုံးကာ အခ်င္းခ်င္းတိုက္ခိုက္ၾကသည္။
သူမ ေခ်ာင္းေခ်ာင္ ျဖစ္ေနဆဲတြင္ နိုင္ငံျခားတြင္ ပညာသင္ခဲ့သည္။ သူမတစ္ေယာက္တည္း အိမ္ဌားရမ္းေနသည္မို႔ စာသင္ႏွစ္အစတြင္ အခန္းေဖာ္ရွာရန္ ဖိုရမ္ေပၚ ပိုစ့္တင္ခဲ့သည္။
ေနာက္တေန႔မနက္တြင္ တ႐ုတ္မိန္းကေလးတစ္ေယာက္ သူမထံ ဆက္သြယ္လာသည္။ သူတို႔ေတြ႕ဆုံၿပီးေနာက္ ႏွစ္ေယာက္သားမွာ အသက္အရြယ္တူညီၿပီး ဝါသနာအျပင္ မိသားစုေနာက္ခံျခင္းလည္းတူညီသည္မို႔ ျမင္ျမင္ခ်င္းပင္ သူငယ္ခ်င္းမ်ားျဖစ္လာသည္။ ေန႔လယ္ခင္း လက္ဖက္ရည္ေသာက္ၿပီးခ်ိန္တြင္ ညီအစ္မမ်ားကဲ့သို႔ပင္ ရင္းႏွီးလာသည္။
ညစာစားခ်ိန္တြင္ သူတို႔ စီးပြါးေရးေၾကာ္ျငာလမ္းမေဘး ျဖတ္သြားကာ တိုင္းလ္စကြဲရွိ LED ဘုတ္တစ္ခုမွ ေဟာ့ရွီး၏ ေမြးေန႔ပြဲကို ထုတ္လႊင့္ျပသေနသည္။
ထိုညီအစ္မက မ်က္ႏွာေပၚတြင္ ရြံရွာဟန္အထင္းသားျဖင့္ ဆိုသည္။
"အမွိုက္ပဲ"
ရွန့္ေခ်ာင္ - "က်ယ္ေမ့.... ဘာေျပာလိုက္တာလဲ?"
ညီအစ္မက - "အမ်ိဳးေတြ?"
ရွန့္ေခ်ာင္ - "ေလာင္ေဖာ"
(T/N: ဟိုဘက္က အမ်ိဳးေတြဆိုတာ ေဟာ့ရွီးရဲ့ ဖန္ဆို ေဟာ့ရွီးရဲ့မိသားစု၊ အဲလိုသုံးတယ္၊ ရွန့္ေခ်ာင္က ေလာင္ေဖာလို႔ ေျဖတာက သူက ေလာင္ေဖာဖန္ပါေပါ့။ စကားဝွက္နဲ႔)
ထို႔ေနာက္ သူတို႔ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ အမူအရာကင္းမဲ့စြာျဖင့္ ေက်ာခိုင္းလိုက္ၿပီး လန္ဒန္လမ္းမမ်ားအေပၚ ကိုယ့္လမ္းကိုယ္ေလၽွာက္ၾကသည္။
...........
.....
လုံျခဳံေရးစစ္ေဆးမွုကို ေစာင့္ဆိုင္းေနခ်ိန္တြင္ ရွန္ကၽြင့္ယီးလည္း အထဲဝင္လာသည္။ သူက လူအုပ္ၾကားထဲမွ ခက္ခက္ခဲခဲ တိုးထြက္လာရကာ လက္ရွိတြင္ သူ႔ဦးထုပ္မွာ တြန့္ေၾကေနသည္။ သူ ရွန့္ေခ်ာင္ေနာက္မွ ေလၽွာက္လာခ်ိန္တြင္ ဦးထုပ္အနားကို ျပန္ေျဖာင့္လိုက္ၿပီး ေနာက္ဆုံးတြင္ အသက္ဝဝရွူနိုင္ၿပီးေနာက္ ေနာက္လွည့္ကာ သူ႔ပရိသတ္ေတြဆီ လက္လွမ္းျပသည္။
ခန္းမထဲရွိ အမိုးလန္မတတ္ ေအာ္ဟစ္သံမ်ား ေနာက္တႀကိမ္ ဆူညံသြားသည္။
ႏွလုံးကြဲမတတ္ ေအာ္ဟစ္သံမ်ားမွာ
[ေပါင္ေပ့!! ေဘးကင္းတဲ့ ခရီးျဖစ္ပါေစ!! ျပန္အလာကို ေစာင့္ေနမယ္!!]
[ေပါင္ေပ့၊ ေပါင္ေပ့!! မားကို ၾကည့္!! မားမားဒီမွာ!! ေပါင္ေပ့!!]
[ေဝၚအိုက္နီ ေလာင္ကုန္း အားးးးး]
........
.....
ရွန္ကၽြင့္ယီးက ေခါင္းေနာက္လွည့္ကာ ပရိသတ္မ်ားထံ ေလထဲမွ အနမ္းပို႔လႊတ္လိုက္ဟန္မွာ ဆူညံသံမ်ားက မလုံေလာက္ေသးသလို။ အေစာပိုင္းကတည္းက ၾကားေနရသည့္ ဆူညံသံမ်ားေၾကာင့္ ရွန့္ေခ်ာင္ခမ်ာ သူမ၏ နားစည္မ်ား ေပါက္ကြဲထြက္ေတာ့မလို ခံစားေနရသည္။
မွန္ေပသည္၊ ရွန္ကၽြင့္ယီးကား ဟိတ္ဟန္မ်ားကာ သူ႔ပရိသတ္မ်ားကို အခ်ိန္ျပည့္စေနာက္ေနတတ္သည္။
(နင္ ဘာလို႔ မိန္းမတစ္ေယာက္ေလာက္ မယူတာလဲ?)
(ငါ့ေပါင္ေပ့ေလးကသာ အေကာင္းဆုံး။ သူက ဘယ္ေတာ့မွ သူမကို အရင္ဦးဆုံး လာ မစဘူး၊ ပရိသတ္ေတြကသာ သူ႔ကို စတာ)
အထဲဝင္ၿပီး မၾကာခင္တြင္ ရွန့္ေခ်ာင္ ေနာက္လွည့္ကာ အျပင္ဘက္ရွိ ေခ်ာင္ဖန္မ်ားထံ လက္ေဝွ႕ရမ္းျပလိုက္သည္။
"ဘိုင့္... ျပန္တဲ့လမ္းမွာ လုံျခဳံေရးကို ဂ႐ုစိုက္"
ေရွ႕ဆုံးတန္းရွိ အေစာႀကီးလာေရာက္သည့္ ေခ်ာင္ဖန္မ်ားက သူမကို လက္ျပန္ေဝွ႕ရမ္းျပလာၿပီး
"ဘိုင္ ေခ်ာင္ေခ်ာင္၊ ငါတို႔ နင္ျပန္လာမွာကို ေစာင့္ေနမယ္"
ထိုအခ်ိန္ခဏတြင္ ရွန္ကၽြင့္ယီးက သူမကို သတိထားမိသြားပုံရသည္။ သူ႔ဖုန္းမွ ေခါင္းေမာ့ၾကည့္လာသည္။ သူ႔ေဘးရွိ အရပ္ျမင့္ျမင့္ လက္ေထာက္က ခ်က္ခ်င္းလိုပင္ ရွန့္ေခ်ာင္ကို ႏွုတ္ဆက္လာသည္။
"ေရွာင္ေခ်ာင္ေလာင္ရွီးကလည္း ဒီမွာပဲကိုး၊ တိုက္ဆိုင္လိုက္တာ"
တင္းက်န္က စိတ္ထဲမွ မ်က္ျဖဴလွန္လိုက္သည္။
(ဘုရားေရ၊ ငါတို႔ဒီမွာ ရွိမွန္း ခုမွ သိတာတဲ့လား? နင္တို႔ အေစာကတည္းက ျမင္တယ္မဟုတ္ဘူးလား? ဒီေခြးေကာင္ကေတာ့ လူေတြကို အထင္ေသးေနတာပဲ)
ရွန့္ေခ်ာင္က ယဥ္ယဥ္ေက်းေက်းျပဳံးကာ
"ဟုတ္ပါ့၊ တိုက္ဆိုင္လိုက္တာ"
ရွန္ကၽြင့္ယီးက သူ႔ဖုန္းကို အိတ္ကပ္ထဲ ျပန္ထည့္လိုက္ၿပီး ႏွုတ္ခမ္းေထာင့္စြန္းတို႔ ေကြးတက္သြားသည္ထိ ျပဳံးျပလာသည္။
"ဟဲလို ေရွာင္ေခ်ာင္ ပထမဆုံး ေတြ႕ရတာပါ၊ ေနာင္က်ရင္ ဂ႐ုစိုက္ေပးပါဦး"
ရွန့္ေခ်ာင္ - "ဟဲလို Mr. ရွန္၊ ရွင့္ကို ကၽြန္မ ဂ႐ုစိုက္ဖို႔ မဝံ့ရဲပါဘူး၊ ရွင္က စီနီယာေလ"
ရွန္ကၽြင့္ယီး - "အခ်ိန္က်ရင္ ကၽြန္ေတာ့္ကို ကာကြယ္ဖို႔ ခင္မ်ားရဲ့ အေျခခံစည္းမ်ဥ္းေတြ လိုမွာပဲေလ"
ရွန့္ေခ်ာင္ - "....."
(မရဘူး၊ ငါ့ရဲ့ ဆိုရွယ္လစ္ေအာင္ျမင္မွု အရွိန္အဝါကို နင္နဲ႔ လုံးဝ မမၽွေဝခ်င္ဘူး)
လုံျခဳံေရးကို ျဖတ္ေက်ာ္ၿပီး ေနာက္ဆုံးတြင္ ရွန့္ေခ်ာင္၏ နားႏွစ္ဖက္မွာ လြတ္ေျမာက္ရာရသြားသည္။ သို႔ေသာ္ ကင္မရာမ်ားကိုင္လ်က္ သူမတို႔ေနာက္မွ လိုက္ဝင္လာသူအခ်ိဳ႕ ရွိဆဲျဖစ္ၿပီး ပရိသတ္မ်ားလား ခရီးသည္လား မသဲကြဲေပ။
ရွီးကြမ္းမ်ား၏ အျမင္တြင္ သူတို႔အိုင္ေဒါလ္၏ ကိုယ္ပိုင္ဘဝထဲ အေနာက္မွ ရည္ရြယ္ခ်က္ရွိရွိ လိုက္ျခင္းကို တင္းတင္းက်ပ္က်ပ္ တားျမစ္ထားသည္။ သို႔ေသာ္ ရွန္ကၽြင့္ယီးပုံစံမွာ ဂ႐ုမစိုက္ေလဟန္။ ဗြီအိုင္ပီနားေနခန္းတြင္ ထိုင္ခ်ၿပီးေနာက္ သူ နားၾကပ္တပ္ကာ ဖုန္းေဆာ့ေတာ့သည္။
ရွန့္ေခ်ာင္က နို႔လက္ဖက္ရည္ ေသာက္ခ်င္သျဖင့္ တင္းက်န္က သူမအတြက္ သြားဝယ္ေပးေနကာ က်ိဳးခ်န္က ခရီးေဆာင္အိတ္သယ္ရန္ တာဝန္ယူသည္။ ေစာင့္ဆိုင္းေနစဥ္အတြင္း ရွန့္ေခ်ာင္ ပ်င္းလာကာ ဖုန္းထုတ္ၿပီး King's Glory ထဲ ဝင္ေရာက္လိုက္သည္။
ပုံမွန္အတိုင္း သူမ၏ အကၽြမ္းက်င္ဆုံးျဖစ္သည့္ Assassin ကို ေရြးလိုက္ၿပီး ပြဲတစ္ခုလုံးကို သယ္ေဆာင္ကာ သူမ၏ ၿပိဳင္ဘက္မ်ားကို သတ္ပစ္သည္။ သူမ ေလးႀကိမ္ေျမာက္ သတ္ျဖတ္ၿပီးခ်ိန္တြင္ သူမေခါင္းေမာ့ကာ ဇက္ေၾကာခ်ိဳးလိုက္သည္။ ရွန္ကၽြင့္ယီးက သူမထံလွမ္းၾကည့္ကာ ေခါင္းဆန့္ထုတ္သည္။
ရွန္ကၽြင့္ယီးက မသိလိုက္တဲ့ အခ်ိန္ခဏတြင္ သူမေဘး ထိုင္ေနကာ ေလးစားတႀကီး အံ့အားတႀကီး ဆိုသည္။
"မင္း အရမ္းေတာ္တာပဲ"
ရွန့္ေခ်ာင္ - "???"
သူက အျပဳံးႀကီးႀကီးတခု ျပဳံးျပလာကာ စကားတစ္ခြန္းမဆိုပဲ သူ႔ဖုန္းကို ကမ္းေပးသည္။
"ငါတို႔ WeChat add ရေအာင္!! ၿပီးရင္ အတူေဆာ့မယ္!!"
ရွန့္ေခ်ာင္ - "....."
(ဟင့္အင္း၊ ငါ မလုပ္ခ်င္ဘူး)
ရွန့္ေခ်ာင္ မလွုပ္သည္ကို ျမင္လၽွင္ သူက ထပ္ဆိုသည္။
"မင္း ဒီတပြဲအရင္ေဆာ့လိုက္၊ မေလာဘူး၊ ဒီတပြဲၿပီးမွ ငါတို႔ တူတူေဆာ့လို႔ ရတယ္"
ရွန့္ေခ်ာင္ တိတ္တဆိတ္ ေခါင္းငုံ႔လိုက္သည္။
ၿပိဳင္ပြဲၿပီးသည္ေနာက္ ျပႆနာတစ္စုံတစ္ရာမရွိပဲ သူမ MVP ရရွိသည္ကို ရွန္ကၽြင့္ယီး ျမင္လၽွင္ သူ႔ WeChat QR code ကို ဖြင့္ဖို႔ မေစာင့္နိုင္ေတာ့ေခ်။
"လာေလ ငါ့ကို scan ဖတ္၊ scan ဖတ္"
ရွန့္ေခ်ာင္ - "....."
သူ႔ေဘးရွိ လက္ေထာက္က စကားစသည္။
"ငါတို႔ရဲ့ အားကၽြင့္က ဂိမ္းေဆာ့ရတာႀကိဳက္တယ္၊ ဒါေပမယ့္ သူ႔အခ်ိန္ဇယားက အရမ္းတင္းၾကပ္လြန္းေတာ့ ေဆာ့ဖို႔ အခ်ိန္သိပ္မရဘူး"
(ေကာင္းၿပီ၊ သူက ခုမွ လူသစ္လို႔ နင္ ဆိုလိုခ်င္တာ! ငါ သေဘာေပါက္ၿပီ)
(ေပါင္ေပ့၊ ငါ သူ႔ Wechat ကို add ခ်င္တာလဲ မဟုတ္ဘူး၊ သူနဲ႔ အတူတြဲေဆာ့ခ်င္တာလဲ မဟုတ္ဘူး၊ ငါ့ကို ဖိအားေပးလို႔ လုပ္ရတာပါ၊ ငါ မတရားခံရတာကို နင္ နားလည္ရမယ္ေနာ္)
တစ္ေယာက္ႏွင့္ တစ္ေယာက္ Wechat တြင္ add ၿပီးခ်ိန္တြင္ ရွန္ကၽြင့္ယီးက ခ်က္ခ်င္းပင္ ဂိမ္းထဲဝင္ကာ ရွန့္ေခ်ာင္ကို အုပ္စုဖြဲ႕ရန္ ဖိတ္ေခၚလာသည္။ တဖက္လူက သူ႔ထံတခ်က္ၾကည့္လာကာ အဆင့္မွာ Silver ။
က်ဳံးရွန္းထက္ပင္ အမွိုက္သရိုက္ဆန္ေသးသည္။
"အဖြဲ႕ဖြဲ႕ဖို႔ မျဖစ္နိုင္ဘူး၊ Silver က King ကို တိုက္လို႔ မရဘူး"
ရွန္ကၽြင့္ယီး စကားတစ္ခြန္းမဆိုပဲ သူ႔ဖုန္းကို သူမလက္ထဲ ထိုးထည့္သည္။
"ဖုန္းလဲရေအာင္! ငါ မင္းကို ကူၿပီး ရွုံးေပးမယ္၊ မင္းက ငါ့ကို ကူၿပီး နိုင္ေအာင္ ေဆာ့ေပး၊ ငါတို႔ အဆင့္ခ်င္းတူရင္ တူတူေဆာ့လို႔ ရၿပီ!"
(အာ???)
(နင္ ဒါကို ငါ့ေရွ႕တည့္တည့္မွာ ဘယ္လိုမ်ား ေျပာနိုင္တာလဲ? မ်က္ႏွာေျပာင္တိုက္လိုက္တာ!!!)
****
ၾကာသပေတး အေႂကြးဆပ္ၿပီး ✅
တစ္ေန႔ထဲ သုံးပိုင္း၊ လၽွာထြက္ 🤪
ဒီေန႔အတြက္ကိုေတာ့ နက္ျဖန္မွ ဆပ္ပါမယ္၊
****