I Only Like Your Character Se...

By yeolbin_Elena

34.9K 4.1K 175

Angel မျက်နှာလေးနဲ့ Alphaဆန်သောပလေးဘွိုင်း(Shou ) Vs ဖြူစင်ရိုး‌သားပြီး အေးစက်သော (Gong) Author - Zhìchû ( 雉... More

Description
Chapter 1 မရိုးသားမှု
Chapter 2 ပေါ်သွားသောအဖြစ်အပျက်
Chapter 3 ပုန်ကန်ရန်မွေးဖွားလာခြင်း
Chapter -4 ဇာတ်ရုပ်ပုံစံအတု
ရှင်းလင်းခြင်း
Chapter -5 မသန့်ရှင်းမှု
Chapter -6 ကောင်းကင်မှ လွတ်မြောက်ခြင်း
Chapter -7 ညှိနှိုင်းသူ
Chapter-8
Chapter-9
Chapter -10
Chapter -11
Chapter -12
Chapter -13
Chapter -14
Chapter -15
Chapter - 16
Chapter - 17
Chapter -18
Chapter -19
Chapter -20
Hi
Chapter -21 (Part -1)
Chapter -21 (part 2)
Chapter - 22
Chapter - 23
Chapter -24
Art 🤍(လှလိုက်တာအေ)
Chapter -26
Chapter -27
Chapter -28
Chapter -29
Chapter -30
Chapter - 31
Chapter -32
Chapter -33
Chapter -34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38

Chapter -25

620 96 7
By yeolbin_Elena

                         {  ပြိုင်ပွဲစတင်ပြီ }

ကျိုးကျစ်ဟန်က စားသောင်ဆိုင်ကနေ ခေါက်ဆွဲသုံးပွဲမှာယူလိုက်ပြီး ကြက်ဥကြော်ရယ် အသားရယ်ပါ တွဲမှာလိုက်သည်။

"ရေခဲသေတ္တာထဲမှာ ဟိုဟိုဒီဒီလေးတွေရှိတယ် စားချင်တာယူစား"

ရှရှို့ကျဲက အလွန်စိတ်တက်ကြွနေပြီး
"အနံအရမ်းမွှေးတာပဲကော !"

သူ့ကျောင်းဝတ်စံကိုချွတ်လိုက်ပြီး ထမင်းစားပွဲမှာ ခုံတလုံးယူကာထိုင်လိုက်သည် ၊ အကြီးဆုံးအပွဲကို ယူလိုက်ပြီးသူ့ရှေ့မှာချကာ လက်တဖက်က တူတစ်စုံကို စားပွဲမှာ ပျော်ရွှင်စွာတောက်လိုက်ပြီး
"ကျေးဇူးပါ အစ်ကိုကျစ်ဟန် ! "

ကျိုးကျစ်ဟန်က အပြုံးနဲ့ တုန့်ပြန်လိုက်သည် ၊ ရှရှီချင်းကို စားဖို့ ခေါ်ရမလား မခေါ်ရမလားနဲ့ တွေဝေနေကာ  သူတို့နှစ်ယောက်ကြား ကြမ်းတမ်းလှသော စကားစစ်ပွဲမှာ စောစောကမှ ပြီးထားရုံရှိတာမို့ ဘယ်ကဘယ်လို စကားပြန်စရမလဲ မသိတော့ပေ ၊ ကျိုးကျစ်ဟန်လက်လျော့လိုက်ပြီး စားပွဲမှာထိုင်လိုက်သည် ။

ရှရှီချင်းက သူ့ဘာသာ ဧည့်ခန်းကနေ မီးဖိုခန်းဆီကို ဆေးလိပ်နံ့တထောင်းထောင်းနဲ့ ဝင်လာခဲ့သည် ၊ ဘာမှမပြောပဲ ခေါင်းငုံ့ကာ ခေါက်ဆွဲကို တလုပ်စားလိုက်ပြီး ခေါင်းမော့ကာ ကျိုးကျစ်ဟန်ကို ပြုံးပြသည်
" အရသာကောင်းတယ်"

ကျိုးကျစ်ဟန်က ကြောင်အသွားပြီး ကိုင်ထားသောတူနဲ့ခေါက်ဆွဲဖက်တွေကို တို့စိတို့စိလုပ်နေသည် ၊  သူများတွေဆီက ကောင်းသောစိတ်နဲ့ ချီးမွမ်းလာလျင် မတောင့်ခံနိုင်သော လူမျိုးဖြစ်သည် ၊ ငယ်ငယ်ကတည်းက ဤအသိုင်းအဝိုင်းထဲမှာ နေထိုင်လာခဲ့တာပေမဲ့ ချီးကျူး‌မှုတွေနဲ့ တွေ့ကြုံလာတဲ့အခါတိုင်း  မသိလိုက်စွာ သူ့ကိုယ်သူ နိမ့်ချလိုသော စကားလုံးတွေ ရှာဖွေနေဆဲဖြစ်သည် ။

"မဟုတ်ဘူး ..ဒီတခေါက်က ပါတဲ့ အမယ်က နည်းတယ် နောက်တခါ. .. .."

နောက်တခါ?

ထိုစကားလုံးကိုပြောထွက်မိတဲ့ခဏ ကျိုးကျစ်ဟန် ရပ်တန့်သွားသည် ၊ဒီတစ်ခါက မစီစဉ်ထားပဲဖြစ်သွားတဲ့ကိစ္စမို့သာ ၊ ဒါကြောင့် နောက်တခါဆိုတာမရှိ။

ရှရှီချင်း နူးညံ့စွာပြုံးလိုက်ပြီး ငုံ့ကာ ခေါက်ဆွဲပဲ တိုးတိတ်စွာ ဆက်စားနေခဲ့သည်။

အိုင်ကျူနှင့်ပတ်သတ်လာလျှင် ကျိူးကျစ်ဟန်က သူ့အပိုင်းကို ပိုင်နိုင်စွာပြုလုပ်နိုင်သော genius တစ်ယောက်ဖြစ်သည် ၊ သို့ပေမဲ့ relationshipနှင့်ပတ်သတ်လာလျှင်  အတွေ့အကြုံမရှိ ၊ အမြဲ သတိလွတ်ကာ ငတုံးတစ်ယောက်သာဖြစ်သည် ။

နှလုံးသားခိုးတဲ့ အပျံသင်စငှက်သူခိုးပေါက်စလေး နံရံပေါ်တွေနဲ့ အိမ်တံစက်မြိတ်အောက်မှာသတိ လေးနဲ့ ပျံသန်းလို့နေသည်၊ အောင်မြင်သွားတဲ့နောက် အောင်ပွဲမခံရသေးခင်မှာပဲ အိမ်တံစက်မြိတ်ရဲ့ ထုပ်တန်းနဲ့ တိုက်မိပြီး ခပ်ပြင်းပြင်း ပြုတ်ကျသွားတော့သည်၊

ဤသို့သောလူမျိုးရဲ့ လက်ထဲမှာ ပြောင်းပြန်လှန်‌ခံရနိုင်လိမ့်မဲ့ ဖြစ်နိုင်ချေကို တစိုးတစိမှ ရှရှီချင်းမမြင်နေရပေ၊ အဲ့လို ဖြစ်နိုင်ချေနည်းပါးနေမယ်ဆိုရင် ဒီရွံ့တောမှာ ရေကူးရဖို့ ကုန်ထားတဲ့ ပိုက်ဆံပဲ နှမြောစရာဖြစ်မည် ။

တစ်ယောက်ကို တစ်ယောက် နစ်နစ်ကာကာတွေ ပြောဆိုထားကြသည်မှာ ငါက မကောင်းတဲ့ကောင်ဖြစ်ပြီး မင်းက မကောင်းတဲ့ကောင်ကို မကြောက်တတ်ဘူး ၊ ငါက မင်းကငါ့ကို ကြွေလာမယ်လို့လောင်းရဲတယ် ၊ မင်းက ငါ့ဆီက ဆွဲဆောင်တာခံရမှာမဟုတ်တာသေချာတယ် ၊ ဆိုတော့ ဒီအစွန်းရောက်ပြိုင်ပွဲဟာနောက်ဆုံးတော့ စကားနိုင်လုပွဲ ဖြစ်လာတယ်ဆိုတဲ့သဘောပါပဲ ၊ သူထပ်ပြီး ပုန်းခိုနေမှာ မဟုတ်တော့ပဲ ရဲရဲတင်းတင်း ယုံကြည်ချက်ရှိရှိ တိုက်ခိုက်မှရတော့မှာဖြစ်သည် ။

ဒီလိုနည်းနဲ့ စဉ်းစားကြည့်လိုက်တော့ သူ့ရင်ထဲကခံစားရတဲ့  တရားမမျှတမှု‌တွေက သက်သာသွားသည် ၊ ဒါကလည်း ကိုယ့်ကိုယ်နှစ်သိမ့်နိုင်လိုက်တာကြောင့်လား ဒါမှမဟုတ် ရင်ကိုနွေးစေတဲ့ ခေါက်ဆွဲပူပူ တစ်ပွဲကြောင့်လားတော့ သူလည်း မပြောတတ်ပေ။

"အော်! ကော ! ရှိုးက စပြတော့မယ်လေ!"

ရှရှို့ကျဲက လက်မှာခေါက်ဆွဲပန်းကန်ကို ကိုင်ကာ ဧည့်ခန်းထဲကို ပြေးသွားပြီး ထိုအတိုင်း ထပ်အော်ပြန်သည် ။
" ကော ! တီဗွီ ဘာလို့ မပွင့်တာလဲ ? ! "

နောက်ဆုံးတဇွန်းစားလိုက်ပြီး ရှရှီချင်း မျက်လုံးလိမ့်လိုက်ပြီး ဖုန်းကိုယူကာ နှိပ်လိုက်ပြီး စားပွဲပေါ်ပြန်ပစ်တင်လိုက်သည် ။

" အိုခေ ! ပွင့်ပြီ ! "

ညီအစ်ကိုနှစ်ယောက်ရဲ့ ပြောဆိုဆက်ဆံရေးက အလွန်ထူးဆန်းပြီး ရီစရာကောင်းတယ်လို့ ကျိုးကျစ်ဟန်တွေးလိုက်မိသည် ၊ ရှရှို့ကျဲက ပြန်လာပြီး သူ့ကို ‌ဧည့်ခန်းထဲက ဆိုဖာဆီဆွဲခေါ်သွားကာ
" အစ်ကိုကျစ်ဟန် တူတူကြည့်ရအောင်"

" အစ်ကို ပြန်သွားရ...."

"ပြန်မသွားပါနဲ့ !"
ရှရှို့ကျဲက သူ့ကို ဆိုဖာပေါ်တွန်းချပြီး
"အလုပ်ရှိလို့လား?"

"‌ဒီနေ့တော့ မရှိ...."

"အဲ့တာဆို ပြီးရော!"
ရှရှို့ကျဲက သူ့ဘေးမှာထိုင်ကာ ခြေထောက်ကို ချိတ်လိုက်ပြီး
"ကျွန်တော်နဲ့ ခဏတူတူကြည့်ပေးပါ ၊ တချို့အပိုင်း‌တွေနားမလည်တာပါမှာစိုးလို့ ၊ အစ်ကိုက ပြောပြပေးလို့ရတယ်လေ ၊ ခြေထောက်ကိုမတင်ထားလိုက်ပါလား ၊ ပြန်သွားရင် တံခါးက နှစ်ချပ်တောင် ဖွင့်ရမှာနဲ့ အလုပ်ရှုပ်တာကို "

ဒီကလေး လျှာတော်တော်ပါးတာပဲ ....ကျိုးကျစ်ဟန် ငြင်းဆန်ရန်အကြောင်းရှာမရနေတာနဲ့ ထိုကလေးနားချတာ ခံလိုက်ရသည် ။

သူတင်မက ရှရှီချင်းလည်း ထိုကလေးရဲ့ တကောက်ကောက်လိုက်နိုင်စွမ်းမှာ ကြွေဆင်းနေပြီဖြစ်သည် ၊  အဲ့လိုနဲ့ သူတို့သုံးယောက်ဆိုဖာတစ်ခုတည်းပေါ်မှာ ထိုင်ရင်း ချိုမြိန်သော လေထုအောက်မှာ {Escape From The Sky} ကိုတူတူကြည့်ရှုကြသည် ၊ ရှိုးက အစမှာ ခေါင်းစဉ်ပေါ်လာပြီးနောက် လျို့ဝှက်ခန်းတွေကို ဝန်ထမ်းတွေတည်ဆောက်တဲ့ ဖြစ်စဉ်တလျှောက်နှင့် ပါဝင်သူတွေ မျက်စိအုပ်ကာ လျို့ဝှက်ခန်းထဲသို့ ခေါ်လာတဲ့အကြောင်းတို့ ပါဝင်သည် ။

စကြည့်ပြီး သိပ်မကြာမှာ  နဂိုက အလယ်မှာထိုင်နေသော ရှရှို့ကျဲက သူ့တင်ပါးကို ရှေ့သို့ တွန်းရွေ့ကာ ကော်ဇော်ပေါ်ကို ချော်ဆင်းသွားသည် ။

"ဘာလုပ်တာလဲ?"

"ကြမ်းပြင်မှာထိုင်ရတာကြိုက်လို့ "
ရှရှို့ကျဲက လှည့်ကာပြုံးပြပြီး ခေါက်ဆွဲစားခြင်းကိုတော့ တချက်မှမရပ်တန့်ပေ၊ တီဗွီကြည့်နေရင်းလည်း ရှရှို့ကျဲက ပရိုဂရမ်အကြောင်းတွေ အမျိုးမျိုးအထွေထွေသောမေးခွန်းတွေထုတ်၍မေးလေသည် ။

"အစ်ကိုကျစ်ဟန်တို့ ဇာတ်ညွန်းကောပေးတာလားဟင်?"

"ဇာတ်ညွှန်းက...ရှိတော့ရှိတယ် ဒါမဲ့ သတ်ဖြတ်သူဇာတ်ရုပ်ကိုယူတဲ့လူပဲ ရတာထင်တယ်"

"အစ်ကိုရဲ့အခန်းက တကယ်အလုံပိတ်ကြီးလား အတုမဟုတ်ဘူးလား?"

"အမ်...."

"သော့ဖွင့်ကြည့်သေးလား ?ဘယ်လိုဖွင့်ရလဲဆိုတာကောသိ...."
သူပြောလို့မပြီးခင် ရှရှီချင်းက သူ့အနောက်ကို ခြေထောက်နဲ့ကန်လိုက်ကာ စိတ်မရှည်စွာဖြင့်
"ပါးစပ်ပိတ်ထား"

"မေးကြည့်ကြည့်တာကို"
ရှရှို့ကျဲက ရန်ဆောင်နေသောမျက်နှာလေးနဲ့ ဖင်တုံးလေးကို ကျိုးကျစ်ဟန်ဖက်တိုးသွားလိုက်သည် ၊ နမူနာပြခြင်းအဆုံးသတ်သွားတော့  ဖလင်ရဲ့ ပထမဆုံးရိုက်ချက်က ကျိုးကျစ်ဟန်က ရုံးသုံးထိုင်ခုံမှာ ကြိုးချည်ခံထားရသည့် မြင်ကွင်းဖြစ်သည်  ။

"ဝေါင်း...အစ်ကိုကျစ်ဟန် အသေချောတယ်"

ကျိုးကျစ်ဟန်အတွက် သူ့မျက်နှာသူ တီဗွီမှာမြင်ရတာက နေသားကျနေပြီးသားပေမဲ့ ထိုအခိုက်အတန့်မှာတော့ ဘာလို့မှန်းမသိ သူတုန်လှုပ်နေမိသည် ၊ ကင်မရာမြင်ကွင်းက ကျိုးကျစ်ဟန်ဆီကနေ ရှရှီချင်းဆီ ပြောင်းသွားသည် ၊ဆံပင်ကို တဝက်ကချည်နှောင်ထားပြီး အဖြူရောင်ရှပ်ကို ဝတ်ဆင်ကာ  မျက်လုံးတွေကို အမဲရောင်မျက်လုံးစည်းနဲ့အုပ်ထားပြီး မျက်နှာလှလှလေးမှာ မလိုလားအပ်သော အမူအရာများ မရှိနေချေ။

ကင်မရာရိုက်ချက်မှာက ကိုယ်အပေါ်ပိုင်းမြင်ကွင်းသာ ပါတာမို့ ကျိုးကျစ်ဟန်က ထိုအချိန်က မြင်ကွင်းကို ပြန်လည်တွေးတောမိလာသည်၊ လက်တွေကို ငွေရောင်လက်ထိပ်နဲ့ခက်ခံထားရကာ အဖြူရောင် ခြေချင်းဝတ်တွေက ကြိုးနဲ့ ချည်နှောင်ခံထားရသည် ။

"ကော အရမ်းချောနေရောပဲ !"
ရှရှို့ကျဲရဲ့ အသံက အချိန်နောက်ပြန်စိတ်ကူးယဥ်မှုကို ဖြိုခွဲပစ်လိုက်သည်။

အတွေးထဲက ရှရှီချင်း ၊ ကင်မရာပေါ်က ရှရှီချင်း ၊ ယခုသူ့ဘေးမှာရှိတဲ့ ရှရှီချင်း တို့ဟာ လူတစ်ယောက်ထဲပဲဆိုတာ သေချာသိနေပေမဲ့ ကျိုးကျစ်ဟန်အတွက် တစ်ခုခု ကွာခြားသလိုခံစားရသည်။

မခံနိုင်ပဲ လှည့်ကြည့်ချင်လာသည်။

ရှရှီချင်းက ဆိုဖာမှာ တဝက်မှီပြီး တီဗွီကိုကြည့်နေတာဖြစ်သည် ၊ တိတိကျကျပြောရရင် ကင်မရာပေါ်က ကျိုးကျစ်ဟန်ကိုကြည့်နေတာဖြစ်သည်၊ ယခုကျိုးကျစ်ဟန်နှင့်ယှဉ်လျှင် Showရိုက်ကူးရေးအစပိုင်းတုန်းက သူဟာ သူ့ကို (ရှရှီချင်းကို)အလွန်မုန်းတီးနေတာဖြစ်သည် ၊ ဘယ်လောက်ပဲ သရုပ်ဆောင်တစ်ယောက်လို ပြုမှုပြီး သူ့အပေါ်ထားတဲ့ ရန်လိုမှုနဲ့ သူ့ကိုယ်သူခုခံကာကွယ်ထားမှုကို ဖုန်းကွယ်ဝှက်ထားပါစေ ကင်မရာမှာ ပေါ်နေစမြဲပဲဖြစ်သည် ၊ အခုတော့ သူ့ကို သိပ်မမုန်းတော့သည့်ပုံပင်ဖြစ်သည်။

ထိုသို့တွေးမိလိုက်တော့ မထိန်းနိုင်စွာ ခေါင်းလည်းအနည်းငယ်စောင်းလှည့်ကာ ထိုမျက်နှာလေးကို ရှာဖွေမိသည် ၊ သို့သော် ဆိတ်ငြိမ်စွာနဲ့ အကာအကွယ်မဲ့စွာသော အကြည့်တစ်ခုနှင့်ဆုံသွားခဲ့သည် ။

တိုက်ဆိုင်သွားတဲ့ထိုတိုတောင်းလှသော အချိန်ခဏအတွင်းမှာ အကြည့်ချင်းစုံစည်းမှုအပြီးမှာ မီးတောက်လေးတွေဟာ လင်းလက်သွားခဲ့သည်။

ကျိုးကျစ်ဟန်က မြန်မြန်အကြည့်လွှဲကာ တည်ငြိမ်ချင်ယောင်ဆောင်ကာ တီဗွီကိုပြန်ကြည့်နေလိုက်သည် ၊ မြင်ကွင်းက သူတို့အခန်းထဲမှာမဟုတ်တော့ ယွမ်ရှောက်အခန်းဆီရောက်သွားပြီဖြစ်သည်။

"အစ်ကိုကျစ်ဟန် သတ်ဖြတ်သူက အစ်ကိုလားဟင်?"

ရှရှို့ကျဲ နောက်ဆုံးမနေနိုင်စွာ အဓိက သရုပ်ဆောင်နှစ်ယောက်ဆီမှ သတင်းနှိုက်တော့သည်၊ ဒီshowသာ မြင်နေကျ စိတ်အားထက်သန်သော reality show မျိုးသာဆိုရင်တော့  ထိုအခြေအနေကိုဝင်ကြည့်ပြီး တိုးတိတ်စွာသူ့ဘာသူ သဲလွန်စတွေတွေကို ဆန်းစစ်သုံးသပ်ကြည့်နေလိမ့်မှာပင် ၊ ဒါပေမဲ့ အခုမှာ တီဗွီမှာပါတဲ့ ပါဝင်သူနှစ်ယောက်လုံးက သူ့ရှေ့မှာရှိနေပြီပဲဟာ ဘာလို့ သူက ငြိမ်ငြိမ်‌ထိုင်ပဲထိုင်နေနိုင်ပါမည်နည်း။

"အစ်ကိုကျစ်ဟန် ခုနက လျို့ဝှက်နံပါတ်က နားမလည်လိုက်ဘူး ဘယ်လိုမျိုးလဲဟင်?"

"အော်! သိပြီ Morse code ပဲ ! ဒါပေမဲ့ ဘယ်လိုလုပ်ရလဲ မမှတ်မိတော့ဘူး ရှာကြည့်လိုက်အုံးမယ်.."

"အိုက်ယိုး...Morseကိုသွားရှာနေတဲ့ ငါ့အပြစ်တွေပါ ဒီအပိုင်းကို မမြင်လိုက်ဘူး ၊ အဲ့အစ်မဘယ်လို ရှာတွေ့သွားတာလဲ အစ်ကိုကျစ်ဟန် ?"

......

နောက်ဆုံးမှာ ရှရှီချင်း ဒီထက်ပိုပြီး သည်းမခံနိုင်တော့ပေ ၊ ရှရှို့ကျဲရဲ့ လည်ပင်းကို ဆွဲပြီးတံတောင်ဆစ်ကြားထဲ သူ့ခေါင်းကိုညှပ်ကာ ထားပြီး မျက်နှာ၌ 'ကြင်နာဖွယ်' အပြုံးတပွင့်ကိုပန်ဆင်လျက် စကားလုံး တစ်လုံးချင်းပြောလိုက်သည်။

"သတ်ဖြတ်သူက ရှန်းစစ်ယွဲ့ "

"ငါကို သူက သတ်လိုက်မှာ"

"နောက်ဆုံးမှာ ကျိုးကျစ်ဟန်အရင် လွတ်သွားလိမ့်မှာ "

ပြောပြီးနောက် လက်ကိုလွှတ်လိုက်သည် ၊ ရှရှို့ကျဲခင်မျာ ဒူးလေးကိုပိုက်ပြီး မြေပြင်ကိုစိုက်ကြည့်လို့နေရှာသည် ၊ ရှရှို့ကျဲလေး တစ်ခုစီရှုမြင်ကာတည်ဆောက်ရင်းသွား‌နေသော ပရိုဂရမ်တစ်ခုလုံး၏ အဓိပ္ပာယ်ကို ရှရှီချင်းသည် သုံးကြိမ်တိုင်တိုင် စပွိုင်ပေးမှုဖြင့် တစစီ ဖြိုခွဲဖျက်စီးပစ်လိုက်သည်။

"အား!! ဘာလို့အဲ့လောက်ရက်စက်ရတာလဲ! မကောင်းဆိုးဝါးလားဟမ်!!"

ရှရှို့ကျဲက သိုးမွှေးကောဇောပေါ်မှာ လူးလိမ့်ကာ လေပေါ်ကို ခြေထောက်တွေနှင့်ကန်ခြင်းဖြင့် ဒေါသတွေ ဖော်ပြနေပြီး
" မုန်းတယ်!!"

ထိုတုံးအအလူနှစ်ယောက်ကိုကြည့်ရင်း ကျိူးကျစ်ဟန် နှုတ်ခမ်းထောင့်လေးတွေက ပင့်တက်လာရသည်၊ နှလုံးသားထဲက လှုံ့ဆော်မှုတစ်ခုခုကြောင့် သူ့ဘေးက သူကို လှည့်ကြည့်မိသည်။

ကျိုးကျစ်ဟန်တစ်ယောက် နှလုံးသားရဲ့စေရာကိုလိုက်ပြီး ရှရှီချင်းရဲ့ ခန္ဒာကိုယ်ကို အပေါ်ကအောက် စုန်ဆန်ကြည့်နေခဲ့သည်။ ရှရှီချင်းရဲ့ လခြမ်းကွေးကဲ့သို့သော လေးကိုင်းဟန် မျက်လုံးအစုံဟာ ပုံမှန်နှင့် ကွာခြားသော အပြုံးလေးဖြစ်ပေါ်နေသည် ၊ထိုဆီမှာ အောင်မြင်စွာ စနောက်လိုက်ရခြင်းရဲ့ ကျေနပ်မှုနှင့် စဉ်းလဲမှုတို့ ပါဝင်သည် ၊ ရှရှီချင်းမျက်နှာပေါ်က ကလေးဆန်ဆန်အပြုံးကို ကျိုးကျစ်ဟန် ဒါပထမဆုံးမြင်ဖူးတာပဲဖြစ်သည်။

"ကောကိုထပ်မမြင်ချင်တော့ဘူး အရမ်းလွန်တယ် ၊ အိမ်ပြန်ပြီး ကိုယ်ဘာကိုယ်ပဲပြန်ကြည့်မှာ"

လက်ပိုက်ထားသော ရှရှီချင်းက လက်တဖက်ကို ‌ထုတ်ကာ ရှရှို့ကျဲနောက်ကနေဝေ့ရမ်းပြလိုက်သည်။
"ဘိုင့် ဘိုင်"

သူ့အစ်ကိုက သူ့ကို နည်းနည်းမှ မချော့တာမြင်တော့ ရှရှို့ကျဲပိုတောင် စိတ်တိုလာသည် ၊ ဝင်ပေါက်နားက ကျောပိုးအိတ်ကို ကောက်ပြီး ဒေါသတကြီး တံခါးကိုဆွဲဖွင့်ကာ ထိုတံခါးနားမှာ အကြာကြီး ရပ်နေလေသည် ၊ တစ်ခုခုကိုလုပ်ရန် ကြံစည်နေသကဲ့သို့ ။

"ဟေ့ မင်းသွားသွား မသွားသွား တံခါးလေးတော့ ပိတ်ပေးပါအုံး "
ရှရှီချင်းက တီဗွီအသံကို ထပ်ချဲ့လိုက်သည်။

ကျိုးကျစ်ဟန် ထိုကလေးကိုနည်းနည်းစိတ်ပူနေပေမဲ့ အိမ်လိုက်ပို့ပေးရမလား မပေးရမလား တွန့်ဆုတ်နေသည်။

အကြာကြီးစဉ်းစားပြီးနောက် နောက်ဆုံး စကားစလိုက်သည်
" ဟို ...အစ်ကို မင်းကိုလိုက်ပို့..."

"အားးးးးးး.တမျိုးလုံးရဲ့ စပွိုင်းလာကြီး!"
ရှရှို့ကျဲက ရုတ်တရက်အော်ဆဲလာကာ အိမ်တံခါးကို ဘန်းခနဲ ပိတ်ပစ်လိုက်ပြီး ထွက်ပြေးသွားတော့သည်။

ရှရှီချင်းက စိတ်ဆိုးစွာ ပြန်ခနဲ့ရီလိုက်ပြီး
" ဘာလဲဟ? ထွက်ပြေးပြီးမှ ဆဲရဲတဲ့ကောင်က"

ဒီညီအစ်ကိုနှစ်ယောက်ကတော့လေ......ကျိုးကျစ်ဟန် ရီချင်ချင်နဲ့သက်ပြင်းသာချလိုက်မိသည် ၊ နောက်ဆုံးအကြည့်ကို တီဗွီဆီသို့သာ ပြန်ပို့လိုက်သည် ၊ တိုက်ဆိုင်စွာပဲ သူနဲ့ ရှရှီချင်းရဲ့ အခန်းအပိုင်းဆီ ပြန်လာနေသည် ၊ ထိုအပိုင်းမှာ ရှရှီချင်းက ကင်မရာတပ်ဆင်သည့်နေရာကိုကြည့်ပြီး 'Miroir Suite ' ကနေ Morse Code ကို ရှာဖွေဖြေရှင်းကာ မှန်ခွဲ‌ချေခဲ့‌သော အပိုင်းဖြစ်သည် ။

မြင်ကွင်းမှာ ရှရှီချင်းသည် လပ်ထိပ်ခတ်ခံထားရသော လက်ကိုမြောက်ကာ မှန်ကို ခြေထောက်နှင့် ကန်ခွဲပစ်ကာ ကိုယ်ကို ဖြည်းဖြည်းချင်းပြန်ဆုတ်ကာ တည်ငြိမ်စွာရပ်နေသည် ၊ ဒါပေမဲ့ Editing က အလွန်ကောင်းသည် ထုတ်လုပ်ရေးအဖွဲ့က အလွန်စိတ်ကူးစိတ်သန်းကောင်းလှပါသည် ၊ နောက်ခံသီချင်းတောင် ပရိုဂရမ်နှင့် ကိုက်ညီမှုရှိသည် ၊ သို့ပေမဲ့လည်း ကျိုးကျစ်ဟန်အတွက်လိုအပ် နေသလို ခံစားရမြဲဖြစ်သည်။

ရှရှီချင်းက မှန်ကိုခြေထောက်နဲ့ကန်လိုက်တဲ့ ထိုလျို့ဝှက်ခန်းထဲမှ ဖြစ်စဉ်ကို ကိုယ်တိုင်မြင်ဖူးကာ ရခဲ့သော အံ့အားသင့်မှုကိုထပ်တူညီဖို့ ခံစားရဖို့တော့ မဖြစ်နိုင်တော့တာပင်။

ရှရှီချင်းက ကျိုးကျစ်ဟန်ရှေ့မှာ လက်ထပ်ခတ်ခံထားရသော မိမိလက်ကို မြောက်ပြနေသော တီဗွီမှ မိမိပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။

"ခင်ဗျား သိလား?" ကျိုးကျစ်ဟန်က ပြောလာသည်
" အဲ့တုန်းက ကျွန်တော်တွေးနေမိတာက သော့ကို ယူပြေးသွားလိမ့်ရမလားဆိုပြီးတော့လေ ၊ ရှရှီချင်းက အရမ်းကောက်ကျစ်တာမို့ သော့ကို လက်ဝယ်ယူထားတာက ပိုစိတ်ချရတယ်ဆိုပြီးပေါ့ "

သူရှရှီချင်းကို  အပြုံးနဲ့ ဗြောင်တင်တင်ကြည့်ကာ
" အနည်းဆုံးတော့ လက်ထဲမှာ တစ်ခုခု ရှိထားမှရမှာလေ"

ရှရှီချင်းက ကျိုးကျစ်ဟန်ကို အမူအရာမဲ့စွာ ကြည့်နေခဲ့သည်၊ သူ့ရဲ့ အနည်းငယ်ကွေးနေသော မျက်လုံးအစုံ ၊ ပင့်တက်နေသော နှုတ်ခမ်းပါးထောင့်လေးတွေ၊ စကားပြောတဲ့အခါပေါ်လာတဲ့ သွားဖြူဖြူလေး၊ ထင်းထွက်ကာ ဆန်းသစ်သော ကိုယ်နေဟန်ထား ၊ ဒါတွေဟာ လူကို Aegean ပင်လယ် အရှေ့ကမ်းရိုးတန်းမှ နှင်းဖြူဖြူလေးတွေအုပ်နေသော ခေါင်မိုးလေးတွေကို မြင်ယောင်မိစေသည်။

"ကျွန်တော်က ခင်ဗျားက သတ်ဖြတ်သူမှတ်ပြီး အမြဲ သတိကပ်ပြီး နေခဲ့တာပါ"
ကျိုးကျစ်ဟန်ခေါင်းပြန်လှည့်ကာ တီဗွီစခရင်မှ ရှရှီချင်းရဲ့ တောင်းဆိုမှုကိုလက်ခံကာ လက်ထိပ်ဖြည်ရန် ခေါင်းအုံ့ကူညီနေသော မိမိကိုယ်ကိုယ်ကြည့်လိုက်သည်။

သူ့အသံက နူးညံ့ချိုသာစွာ
"အမှန်မှာတော့ ခင်ဗျား‌ကြောင့် အဆုံးမှာ ကျွန်တော်လွယ်လွယ်ကူကူ လွတ်မြောက်နိုင်ခဲ့တာပါ"

နားထဲမှာ ရေအိုင်တစ်အိုင်ရှိနေတဲ့ပုံပင် ၊ ကျောက်စရစ်ခဲတစ်လုံးဟာ ရေထဲသို့ ပလုံဆိုပြီး ကျလာကာ ဖြည်းဖြည်းချင်းနှစ်မြုပ်သွားတော့သည် ။ ရှရှီချင်းက စခရင်မှ  တဆယ် စင်တီမီတာလောက်အကွာသာ ကျန်ရှိအောင်အနည်းငယ်ငုံကိုင်းလာတဲ့ ကျိုးကျစ်ဟန်ကို ကြည့်နေခဲ့သည်။

"ကိုယ်တွေးနေခဲ့လည်းကော မင်းသိလား?"

ကျိုးကျစ်ဟန်က ခေါင်းလှည့်ကာ ရှရှီချင်းကို ကြည့်လိုက်သည် ၊ တီဗွီပေါ်မှ အလင်းအရိပ်သည် သူ့ရဲ့ မျက်ဆံထဲမှာ မှန်တချပ်ကဲ့သို့ ထင်ဟပ်နေသည်။

"ဘာလဲ"

"ကိုယ်တွေးနေခဲ့တာက..."
မလှုပ်မရှား တီဗွီကြည့်နေသော ရှရှီချင်းက ရုတ်ချည်း လှည့်လာကာ လက်ကိုဆန့်ပြီး ကျိုးကျစ်ဟန်ရဲ့ ကျောအနောက်ဆီ ဝှိုက်ကာ သူ့ခေါင်းအနောက်ဂုတ်ပိုးကို ဖိကိုင်ပြီး သူ့ဆီသို့ နီးကပ်စွာ ဆွဲယူလိုက်သည် ၊

နောက်တကြိမ် ရင်းနှီးနေသောရေမွှေးနံ့က ပတ်ပတ်လည်ကိုပျံ့နှံ့ကာ တိုးဝေ့လာခဲ့သည်။

ကျိုးကျစ်ဟန်ရဲ့ ဦးနှောက်ကောင်းကောင်းမလည်ပတ်နိုင်သေးခင်မှာပဲ ရှရှီချင်းက နောက်လက်တဖက်နှင့် သူ့မေးကို ကိုင်လိုက်သည်။

"မင်းမျက်နှာက ကစ်ဆင်း ဆွဲဖို့ ကွက်တိပဲလို့"

ပြောပြီးတာနဲ့ ခေါင်းလှည့်ကာ နမ်းလာတော့သည်။

အကြောင်းအမျိုးမျိုးကြောင့် ကျိုးကျစ်ဟန်ရဲ့ နှလုံးသားထဲမှ ကြိုတင်သတိပေးသံက နောက်ကျနေခဲ့ပြီး ရှရှီချင်းချဉ်းကပ်လာတဲ့အချိန် သူလုံးဝတောင့်ခဲနေခဲ့သည် ၊ ရှရှီချင်း အမှန်တကယ် သူ့ကိုနမ်းလာတဲ့အခါမှ သူ့စိတ်ထဲမှ သတိပေးသံက မြည်လာခဲ့တော့သည်။

ရှရှီချင်း တကယ် ရူးနေတာပဲ !

သူတွန်းဖယ်ဖို့ ‌ကြိုးစားပေမဲ့လည်း သက်ရောက်မှုက ဆန့်ကျင်ဖက်သာ ဖြစ်သည် ၊ ဖိကိုင်ထားတဲ့ ရှရှီချင်းလက်က ပိုမိုတင်းကျပ်သွားပြီး သူ့လျှာကလည်း အားသုံးက ဝင်ရောက်လာသည် ၊ရမ္မက်နဲ့ ရန်လိုမှုတွေက အလုံးအရင်းပါလာသည်၊ သူအတွက် အနမ်းဟာ ကမ္ဘာပေါ်မှာ အချိုမြိန်ဆုံးသော အရာတစ်ခုလို ဖြစ်ရမှာပေမဲ့လည်း ထိုအချိန်အတန့်မှာတော့ အနမ်းဆိုသည့် အရာသည် ရှရှီချင်းရဲ့ တိုက်ခိုက်ရန်အသုံးချသော လက်နက်ဖြစ်လာခဲ့သည် ။
(T/N- အနမ်းဆိုတာ ချိုမြိန်လေးလို့ သတ်မှတ်ထားတဲ့ ငါ့သားကိုဖြူစင်ကို နင်လုပ်ရက်လေခြင်း )

ရှရှီချင်းလည်း သူ့ကိုယ်သူ ရူးနေပြီလို့ ခံစားမိသည် ၊ သူဒါကို လုပ်ချင်ပါသည် ၊ နှလုံးသားထဲက စိတ်ဆန္ဒက အလွန်အလျင်လိုနေခဲ့တာဖြစ်သည် ၊ သူ့ကို စိတ်ကျေနပ်စေဖို့အတွက် ခန္ခကိုယ်ကို ဓားတချောင်းနဲ့ ဓားပြလို အတင်းအကြပ်စေခိုင်း‌နေခဲ့သည်၊

လျက်ခြင်း ၊ ရောထွေးခြင်း ၊ စုပ်ယူခြင်း ၊ ပိုနီးကပ်လေလေ ပိုလိုချင်လာလေလေ ၊ ကျိုးကျစ်ဟန်က ဘယ်လောက်ပဲ သူ့ပုခုံးကို တွန်းထုတ်နေပါစေ၊ နောက်ဆုတ်ဖို့ ဆန္ဒမရှိ ၊ ပိုလို့တောင်နီးကပ်လာချင်သည် ။

ယောင်္ကျားနှစ်ယောက်ကြားက အနမ်းဟာ အကျိုးအမြတ်မရှိသော လွန်ဆွဲပွဲတစ်ခုသာ။

ပွတ်သပ်ခြင်းနှင့် မြန်ဆန်သော အသက်ရှုသံတွေကြားမှာ အပူချိန်ဟာ အရှိန်အဟုန်နဲ့ တက်လာပြီး ရေမွှေးနံ့နှင့် ကတိုးနံ့ ဟာ ပိုပိုပြီး ပြင်းထန်လာစေသည် ၊  ရှရှီချင်းတစ်ယောက် အချစ်ရေးမှာ
မာစတာ ပေမဲ့လည်း ကျိုးကျစ်ဟန်ရဲ့ ငြင်းဆန်မှုအောက်မှာ ရင်ခုန်လာခဲ့ရသည် ၊ သူ့လျှာနဲ့ နှုတ်ခမ်းကို ရပ်ဆိုင်းခြင်းမရှိ စုပ်ယူနေခဲ့သည် ၊ သိုပေမဲ့ သူ့ရဲ့ တောင့်ခံနေသော မျက်ခုံးနှင့် မျက်လုံးကိုမြင်လိုက်ရတော့ မီးစဟာ ပိုပြီး နိုးထတောက်လောင်လာကာ တကိုယ်လုံးကို လောင်ကျွမ်းနေတော့သည်။

ကျိုးကျစ်ဟန် မျက်မှောင်ကြုတ်လိုက်သည် ၊ ဘာလို့ဆို ရှရှီချင်း လက်က မြွေတကောင်လို သူလည်စေ့ကို ပွတ်သပ်ကာ အောက်ကို လျှောဆင်းသွားပြီး သူ့အင်္ကျီဂျာကင်အထဲသို့ တိုးဝင်လာသည် ၊ ရုတ်တရက် သတိချပ်ကာ ရှရှီချင်းလက်ကောက်ဝတ်ကို အားနဲ့ဆုပ်ကိုင်လိုက်ပေမဲ့ ဘယ်လောက်ပဲ သူတွန်းလှန်ပါစေ တဖက်သူက တပ်ဆုတ်ရန် စိတ်ကူးမရှိ ၊ လက်လျော့ဖို့ကို ငြင်းဆန်ကာ သူ့ကိုတောင် ခြေထောက်ကို ခွဲကာ ဖိထားပြီး တွန်းချရန် ကြိုးစားလာတော့သည် ။

ရူးနေပြီပဲ !

ရှရှီချင်း မူးဝေသလိုဖြစ်ကာ ပါးစပ်ထဲမှ ချိုချဉ်ချဉ်အရသာကို ခံစားလိုက်မိသည် ၊ နောက်မှတက်လာသော နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး လှုပ်ရှားမှုကလည်း နည်းသွားကာ  ဆိုဖာပေါ်ဖိချခံလိုက်ရသည် ။

မောပန်းခြင်းကို မရပ်တန့်နိုင်ကာ သူ့ထူထဲသော မျက်တောင်ပေါ်မှာလည်း ချွေးစတွေတွဲခိုနေသည် ၊ သူ့ဖက်က မြင်ရတဲ့ ရှရှီချင်းပုံက စောစောကနဲ့ ကွဲပြားသည် ၊ ခံစားချက်တွေကြောင့် ဖျော့တော့နေသော မျက်နှာမှာ နီဆွေနေ၏ အကိုက်ခံထားရသော နှုတ်ခမ်းမှ သွေးက တစီစီထွက်နေကာ ထိုဒဏ်ရာမှာ လှပသောပန်းအချို့ပင် တက်ပွင့်‌နေသည့် သယောင်။

"ခင်ဗျား ရူးနေပြီ ....."
ကျိုးကျစ်ဟန် မောပန်းမှုက အနည်းငယ်လျော့ကျ‌သွားပေမဲ့ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေသေးတာမို့ အခုလေးတင် ဓားပြတိုက်ခံလိုက်ရတာကိုတော့ သိသာနေစေသည်။

ရှရှီချင်းက ရုတ်တရက် ရီလာပြီး သွားတွေကလည်း အနီချင်းချင်းရဲနေကာ
" ကိုယ်က နဂိုကတည်းက အရူးကောင်ပဲလေ"

ထိုပုံစံနှင့် သူ့ကြည့်ရတာ ဆေးစွဲနေသောလူတစ်ယောက်နှင့်တူသည်

"မင်းပြောတော့ မကြောက်ဘူးဆို"

                            ××××××××

                         {  ၿပိဳင္ပြဲစတင္ၿပီ }

က်ိဳးက်စ္ဟန္က စားေသာင္ဆိုင္ကေန ေခါက္ဆြဲသုံးပြဲမွာယူလိုက္ၿပီး ၾကက္ဥေၾကာ္ရယ္ အသားရယ္ပါ တြဲမွာလိုက္သည္။

"ေရခဲေသတၱာထဲမွာ ဟိုဟိုဒီဒီေလးေတြ႐ွိတယ္ စားခ်င္တာယူစား"

႐ွ႐ိႈ႕က်ဲက အလြန္စိတ္တက္ႂကြေနၿပီး
"အနံအရမ္းေမႊးတာပဲေကာ !"

သူ႕ေက်ာင္းဝတ္စံကိုခြၽတ္လိုက္ၿပီး ထမင္းစားပြဲမွာ ခုံတလုံးယူကာထိုင္လိုက္သည္ ၊ အႀကီးဆုံးအပြဲကို ယူလိုက္ၿပီးသူ႕ေ႐ွ႕မွာခ်ကာ လက္တဖက္က တူတစ္စုံကို စားပြဲမွာ ေပ်ာ္႐ႊင္စြာေတာက္လိုက္ၿပီး
"ေက်းဇူးပါ အစ္ကိုက်စ္ဟန္ ! "

က်ိဳးက်စ္ဟန္က အျပဳံးနဲ႔ တုန္႔ျပန္လိုက္သည္ ၊ ႐ွ႐ွီခ်င္းကို စားဖို႔ ေခၚရမလား မေခၚရမလားနဲ႔ ေတြေဝေနကာ  သူတို႔ႏွစ္ေယာက္ၾကား ၾကမ္းတမ္းလွေသာ စကားစစ္ပြဲမွာ ေစာေစာကမွ ၿပီးထား႐ုံ႐ွိတာမို႔ ဘယ္ကဘယ္လို စကားျပန္စရမလဲ မသိေတာ့ေပ ၊ က်ိဳးက်စ္ဟန္လက္ေလ်ာ့လိုက္ၿပီး စားပြဲမွာထိုင္လိုက္သည္ ။

႐ွ႐ွီခ်င္းက သူ႕ဘာသာ ဧည့္ခန္းကေန မီးဖိုခန္းဆီကို ေဆးလိပ္နံ႔တေထာင္းေထာင္းနဲ႔ ဝင္လာခဲ့သည္ ၊ ဘာမွမေျပာပဲ ေခါင္းငုံ႔ကာ ေခါက္ဆြဲကို တလုပ္စားလိုက္ၿပီး ေခါင္းေမာ့ကာ က်ိဳးက်စ္ဟန္ကို ျပဳံးျပသည္
" အရသာေကာင္းတယ္"

က်ိဳးက်စ္ဟန္က ေၾကာင္အသြားၿပီး ကိုင္ထားေသာတူနဲ႔ေခါက္ဆြဲဖက္ေတြကို တို႔စိတို႔စိလုပ္ေနသည္ ၊  သူမ်ားေတြဆီက ေကာင္းေသာစိတ္နဲ႔ ခ်ီးမြမ္းလာလ်င္ မေတာင့္ခံႏိုင္ေသာ လူမ်ိဳးျဖစ္သည္ ၊ ငယ္ငယ္ကတည္းက ဤအသိုင္းအဝိုင္းထဲမွာ ေနထိုင္လာခဲ့တာေပမဲ့ ခ်ီးက်ဴး‌မႈေတြနဲ႔ ေတြ႕ၾကဳံလာတဲ့အခါတိုင္း  မသိလိုက္စြာ သူ႕ကိုယ္သူ နိမ့္ခ်လိုေသာ စကားလုံးေတြ ႐ွာေဖြေနဆဲျဖစ္သည္ ။

"မဟုတ္ဘူး ..ဒီတေခါက္က ပါတဲ့ အမယ္က နည္းတယ္ ေနာက္တခါ. .. .."

ေနာက္တခါ?

ထိုစကားလုံးကိုေျပာထြက္မိတဲ့ခဏ က်ိဳးက်စ္ဟန္ ရပ္တန္႔သြားသည္ ၊ဒီတစ္ခါက မစီစဥ္ထားပဲျဖစ္သြားတဲ့ကိစၥမို႔သာ ၊ ဒါေၾကာင့္ ေနာက္တခါဆိုတာမ႐ွိ။

႐ွ႐ွီခ်င္း ႏူးညံ့စြာျပဳံးလိုက္ၿပီး ငုံ႔ကာ ေခါက္ဆြဲပဲ တိုးတိတ္စြာ ဆက္စားေနခဲ့သည္။

အိုင္က်ဴႏွင့္ပတ္သတ္လာလွ်င္ က်ိဴးက်စ္ဟန္က သူ႕အပိုင္းကို ပိုင္ႏိုင္စြာျပဳလုပ္ႏိုင္ေသာ genius တစ္ေယာက္ျဖစ္သည္ ၊ သို႔ေပမဲ့ relationshipႏွင့္ပတ္သတ္လာလွ်င္  အေတြ႕အၾကဳံမ႐ွိ ၊ အၿမဲ သတိလြတ္ကာ ငတုံးတစ္ေယာက္သာျဖစ္သည္ ။

ႏွလုံးသားခိုးတဲ့ အပ်ံသင္စငွက္သူခိုးေပါက္စေလး နံရံေပၚေတြနဲ႔ အိမ္တံစက္ၿမိတ္ေအာက္မွာသတိ ေလးနဲ႔ ပ်ံသန္းလို႔ေနသည္၊ ေအာင္ျမင္သြားတဲ့ေနာက္ ေအာင္ပြဲမခံရေသးခင္မွာပဲ အိမ္တံစက္ၿမိတ္ရဲ႕ ထုပ္တန္းနဲ႔ တိုက္မိၿပီး ခပ္ျပင္းျပင္း ျပဳတ္က်သြားေတာ့သည္၊

ဤသို႔ေသာလူမ်ိဳးရဲ႕ လက္ထဲမွာ ေျပာင္းျပန္လွန္‌ခံရႏိုင္လိမ့္မဲ့ ျဖစ္ႏိုင္ေခ်ကို တစိုးတစိမွ ႐ွ႐ွီခ်င္းမျမင္ေနရေပ၊ အဲ့လို ျဖစ္ႏိုင္ေခ်နည္းပါးေနမယ္ဆိုရင္ ဒီ႐ြံ႕ေတာမွာ ေရကူးရဖို႔ ကုန္ထားတဲ့ ပိုက္ဆံပဲ ႏွေျမာစရာျဖစ္မည္ ။

တစ္ေယာက္ကို တစ္ေယာက္ နစ္နစ္ကာကာေတြ ေျပာဆိုထားၾကသည္မွာ ငါက မေကာင္းတဲ့ေကာင္ျဖစ္ၿပီး မင္းက မေကာင္းတဲ့ေကာင္ကို မေၾကာက္တတ္ဘူး ၊ ငါက မင္းကငါ့ကို ေႂကြလာမယ္လို႔ေလာင္းရဲတယ္ ၊ မင္းက ငါ့ဆီက ဆြဲေဆာင္တာခံရမွာမဟုတ္တာေသခ်ာတယ္ ၊ ဆိုေတာ့ ဒီအစြန္းေရာက္ၿပိဳင္ပြဲဟာေနာက္ဆုံးေတာ့ စကားႏိုင္လုပြဲ ျဖစ္လာတယ္ဆိုတဲ့သေဘာပါပဲ ၊ သူထပ္ၿပီး ပုန္းခိုေနမွာ မဟုတ္ေတာ့ပဲ ရဲရဲတင္းတင္း ယုံၾကည္ခ်က္႐ွိ႐ွိ တိုက္ခိုက္မွရေတာ့မွာျဖစ္သည္ ။

ဒီလိုနည္းနဲ႔ စဥ္းစားၾကည့္လိုက္ေတာ့ သူ႕ရင္ထဲကခံစားရတဲ့  တရားမမွ်တမႈ‌ေတြက သက္သာသြားသည္ ၊ ဒါကလည္း ကိုယ့္ကိုယ္ႏွစ္သိမ့္ႏိုင္လိုက္တာေၾကာင့္လား ဒါမွမဟုတ္ ရင္ကိုေႏြးေစတဲ့ ေခါက္ဆြဲပူပူ တစ္ပြဲေၾကာင့္လားေတာ့ သူလည္း မေျပာတတ္ေပ။

"ေအာ္! ေကာ ! ႐ိႈးက စျပေတာ့မယ္ေလ!"

႐ွ႐ိႈ႕က်ဲက လက္မွာေခါက္ဆြဲပန္းကန္ကို ကိုင္ကာ ဧည့္ခန္းထဲကို ေျပးသြားၿပီး ထိုအတိုင္း ထပ္ေအာ္ျပန္သည္ ။
" ေကာ ! တီဗြီ ဘာလို႔ မပြင့္တာလဲ ? ! "

ေနာက္ဆုံးတဇြန္းစားလိုက္ၿပီး ႐ွ႐ွီခ်င္း မ်က္လုံးလိမ့္လိုက္ၿပီး ဖုန္းကိုယူကာ ႏွိပ္လိုက္ၿပီး စားပြဲေပၚျပန္ပစ္တင္လိုက္သည္ ။

" အိုေခ ! ပြင့္ၿပီ ! "

ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ေျပာဆိုဆက္ဆံေရးက အလြန္ထူးဆန္းၿပီး ရီစရာေကာင္းတယ္လို႔ က်ိဳးက်စ္ဟန္ေတြးလိုက္မိသည္ ၊ ႐ွ႐ိႈ႕က်ဲက ျပန္လာၿပီး သူ႕ကို ‌ဧည့္ခန္းထဲက ဆိုဖာဆီဆြဲေခၚသြားကာ
" အစ္ကိုက်စ္ဟန္ တူတူၾကည့္ရေအာင္"

" အစ္ကို ျပန္သြားရ...."

"ျပန္မသြားပါနဲ႔ !"
႐ွ႐ိႈ႕က်ဲက သူ႕ကို ဆိုဖာေပၚတြန္းခ်ၿပီး
"အလုပ္႐ွိလို႔လား?"

"‌ဒီေန႔ေတာ့ မ႐ွိ...."

"အဲ့တာဆို ၿပီးေရာ!"
႐ွ႐ိႈ႕က်ဲက သူ႕ေဘးမွာထိုင္ကာ ေျခေထာက္ကို ခ်ိတ္လိုက္ၿပီး
"ကြၽန္ေတာ္နဲ႔ ခဏတူတူၾကည့္ေပးပါ ၊ တခ်ိဳ႕အပိုင္း‌ေတြနားမလည္တာပါမွာစိုးလို႔ ၊ အစ္ကိုက ေျပာျပေပးလို႔ရတယ္ေလ ၊ ေျခေထာက္ကိုမတင္ထားလိုက္ပါလား ၊ ျပန္သြားရင္ တံခါးက ႏွစ္ခ်ပ္ေတာင္ ဖြင့္ရမွာနဲ႔ အလုပ္႐ႈပ္တာကို "

ဒီကေလး လွ်ာေတာ္ေတာ္ပါးတာပဲ ....က်ိဳးက်စ္ဟန္ ျငင္းဆန္ရန္အေၾကာင္း႐ွာမရေနတာနဲ႔ ထိုကေလးနားခ်တာ ခံလိုက္ရသည္ ။

သူတင္မက ႐ွ႐ွီခ်င္းလည္း ထိုကေလးရဲ႕ တေကာက္ေကာက္လိုက္ႏိုင္စြမ္းမွာ ေႂကြဆင္းေနၿပီျဖစ္သည္ ၊  အဲ့လိုနဲ႔ သူတို႔သုံးေယာက္ဆိုဖာတစ္ခုတည္းေပၚမွာ ထိုင္ရင္း ခ်ိဳၿမိန္ေသာ ေလထုေအာက္မွာ {Escape From The Sky} ကိုတူတူၾကည့္႐ႈၾကသည္ ၊ ႐ိႈးက အစမွာ ေခါင္းစဥ္ေပၚလာၿပီးေနာက္ လ်ိဳ႕ဝွက္ခန္းေတြကို ဝန္ထမ္းေတြတည္ေဆာက္တဲ့ ျဖစ္စဥ္တေလွ်ာက္ႏွင့္ ပါဝင္သူေတြ မ်က္စိအုပ္ကာ လ်ိဳ႕ဝွက္ခန္းထဲသို႔ ေခၚလာတဲ့အေၾကာင္းတို႔ ပါဝင္သည္ ။

စၾကည့္ၿပီး သိပ္မၾကာမွာ  နဂိုက အလယ္မွာထိုင္ေနေသာ ႐ွ႐ိႈ႕က်ဲက သူ႕တင္ပါးကို ေ႐ွ႕သို႔ တြန္းေ႐ြ႕ကာ ေကာ္ေဇာ္ေပၚကို ေခ်ာ္ဆင္းသြားသည္ ။

"ဘာလုပ္တာလဲ?"

"ၾကမ္းျပင္မွာထိုင္ရတာႀကိဳက္လို႔ "
႐ွ႐ိႈ႕က်ဲက လွည့္ကာျပဳံးျပၿပီး ေခါက္ဆြဲစားျခင္းကိုေတာ့ တခ်က္မွမရပ္တန္႔ေပ၊ တီဗြီၾကည့္ေနရင္းလည္း ႐ွ႐ိႈ႕က်ဲက ပ႐ိုဂရမ္အေၾကာင္းေတြ အမ်ိဳးမ်ိဳးအေထြေထြေသာေမးခြန္းေတြထုတ္၍ေမးေလသည္ ။

"အစ္ကိုက်စ္ဟန္တို႔ ဇာတ္ၫြန္းေကာေပးတာလားဟင္?"

"ဇာတ္ၫႊန္းက...႐ွိေတာ့႐ွိတယ္ ဒါမဲ့ သတ္ျဖတ္သူဇာတ္႐ုပ္ကိုယူတဲ့လူပဲ ရတာထင္တယ္"

"အစ္ကိုရဲ႕အခန္းက တကယ္အလုံပိတ္ႀကီးလား အတုမဟုတ္ဘူးလား?"

"အမ္...."

"ေသာ့ဖြင့္ၾကည့္ေသးလား ?ဘယ္လိုဖြင့္ရလဲဆိုတာေကာသိ...."
သူေျပာလို႔မၿပီးခင္ ႐ွ႐ွီခ်င္းက သူ႕အေနာက္ကို ေျခေထာက္နဲ႔ကန္လိုက္ကာ စိတ္မ႐ွည္စြာျဖင့္
"ပါးစပ္ပိတ္ထား"

"ေမးၾကည့္ၾကည့္တာကို"
႐ွ႐ိႈ႕က်ဲက ရန္ေဆာင္ေနေသာမ်က္ႏွာေလးနဲ႔ ဖင္တုံးေလးကို က်ိဳးက်စ္ဟန္ဖက္တိုးသြားလိုက္သည္ ၊ နမူနာျပျခင္းအဆုံးသတ္သြားေတာ့  ဖလင္ရဲ႕ ပထမဆုံး႐ိုက္ခ်က္က က်ိဳးက်စ္ဟန္က ႐ုံးသုံးထိုင္ခုံမွာ ႀကိဳးခ်ည္ခံထားရသည့္ ျမင္ကြင္းျဖစ္သည္  ။

"ေဝါင္း...အစ္ကိုက်စ္ဟန္ အေသေခ်ာတယ္"

က်ိဳးက်စ္ဟန္အတြက္ သူ႕မ်က္ႏွာသူ တီဗြီမွာျမင္ရတာက ေနသားက်ေနၿပီးသားေပမဲ့ ထိုအခိုက္အတန္႔မွာေတာ့ ဘာလို႔မွန္းမသိ သူတုန္လႈပ္ေနမိသည္ ၊ ကင္မရာျမင္ကြင္းက က်ိဳးက်စ္ဟန္ဆီကေန ႐ွ႐ွီခ်င္းဆီ ေျပာင္းသြားသည္ ၊ဆံပင္ကို တဝက္ကခ်ည္ေႏွာင္ထားၿပီး အျဖဴေရာင္႐ွပ္ကို ဝတ္ဆင္ကာ  မ်က္လုံးေတြကို အမဲေရာင္မ်က္လုံးစည္းနဲ႔အုပ္ထားၿပီး မ်က္ႏွာလွလွေလးမွာ မလိုလားအပ္ေသာ အမူအရာမ်ား မ႐ွိေနေခ်။

ကင္မရာ႐ိုက္ခ်က္မွာက ကိုယ္အေပၚပိုင္းျမင္ကြင္းသာ ပါတာမို႔ က်ိဳးက်စ္ဟန္က ထိုအခ်ိန္က ျမင္ကြင္းကို ျပန္လည္ေတြးေတာမိလာသည္၊ လက္ေတြကို ေငြေရာင္လက္ထိပ္နဲ႔ခက္ခံထားရကာ အျဖဴေရာင္ ေျခခ်င္းဝတ္ေတြက ႀကိဳးနဲ႔ ခ်ည္ေႏွာင္ခံထားရသည္ ။

"ေကာ အရမ္းေခ်ာေနေရာပဲ !"
႐ွ႐ိႈ႕က်ဲရဲ႕ အသံက အခ်ိန္ေနာက္ျပန္စိတ္ကူးယဥ္မႈကို ၿဖိဳခြဲပစ္လိုက္သည္။

အေတြးထဲက ႐ွ႐ွီခ်င္း ၊ ကင္မရာေပၚက ႐ွ႐ွီခ်င္း ၊ ယခုသူ႕ေဘးမွာ႐ွိတဲ့ ႐ွ႐ွီခ်င္း တို႔ဟာ လူတစ္ေယာက္ထဲပဲဆိုတာ ေသခ်ာသိေနေပမဲ့ က်ိဳးက်စ္ဟန္အတြက္ တစ္ခုခု ကြာျခားသလိုခံစားရသည္။

မခံႏိုင္ပဲ လွည့္ၾကည့္ခ်င္လာသည္။

႐ွ႐ွီခ်င္းက ဆိုဖာမွာ တဝက္မွီၿပီး တီဗြီကိုၾကည့္ေနတာျဖစ္သည္ ၊ တိတိက်က်ေျပာရရင္ ကင္မရာေပၚက က်ိဳးက်စ္ဟန္ကိုၾကည့္ေနတာျဖစ္သည္၊ ယခုက်ိဳးက်စ္ဟန္ႏွင့္ယွဥ္လွ်င္ Show႐ိုက္ကူးေရးအစပိုင္းတုန္းက သူဟာ သူ႕ကို (႐ွ႐ွီခ်င္းကို)အလြန္မုန္းတီးေနတာျဖစ္သည္ ၊ ဘယ္ေလာက္ပဲ သ႐ုပ္ေဆာင္တစ္ေယာက္လို ျပဳမႈၿပီး သူ႕အေပၚထားတဲ့ ရန္လိုမႈနဲ႔ သူ႕ကိုယ္သူခုခံကာကြယ္ထားမႈကို ဖုန္းကြယ္ဝွက္ထားပါေစ ကင္မရာမွာ ေပၚေနစၿမဲပဲျဖစ္သည္ ၊ အခုေတာ့ သူ႕ကို သိပ္မမုန္းေတာ့သည့္ပုံပင္ျဖစ္သည္။

ထိုသို႔ေတြးမိလိုက္ေတာ့ မထိန္းႏိုင္စြာ ေခါင္းလည္းအနည္းငယ္ေစာင္းလွည့္ကာ ထိုမ်က္ႏွာေလးကို ႐ွာေဖြမိသည္ ၊ သို႔ေသာ္ ဆိတ္ၿငိမ္စြာနဲ႔ အကာအကြယ္မဲ့စြာေသာ အၾကည့္တစ္ခုႏွင့္ဆုံသြားခဲ့သည္ ။

တိုက္ဆိုင္သြားတဲ့ထိုတိုေတာင္းလွေသာ အခ်ိန္ခဏအတြင္းမွာ အၾကည့္ခ်င္းစုံစည္းမႈအၿပီးမွာ မီးေတာက္ေလးေတြဟာ လင္းလက္သြားခဲ့သည္။

က်ိဳးက်စ္ဟန္က ျမန္ျမန္အၾကည့္လႊဲကာ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ကာ တီဗြီကိုျပန္ၾကည့္ေနလိုက္သည္ ၊ ျမင္ကြင္းက သူတို႔အခန္းထဲမွာမဟုတ္ေတာ့ ယြမ္ေ႐ွာက္အခန္းဆီေရာက္သြားၿပီျဖစ္သည္။

"အစ္ကိုက်စ္ဟန္ သတ္ျဖတ္သူက အစ္ကိုလားဟင္?"

႐ွ႐ိႈ႕က်ဲ ေနာက္ဆုံးမေနႏိုင္စြာ အဓိက သ႐ုပ္ေဆာင္ႏွစ္ေယာက္ဆီမွ သတင္းႏိႈက္ေတာ့သည္၊ ဒီshowသာ ျမင္ေနက် စိတ္အားထက္သန္ေသာ reality show မ်ိဳးသာဆိုရင္ေတာ့  ထိုအေျခအေနကိုဝင္ၾကည့္ၿပီး တိုးတိတ္စြာသူ႕ဘာသူ သဲလြန္စေတြေတြကို ဆန္းစစ္သုံးသပ္ၾကည့္ေနလိမ့္မွာပင္ ၊ ဒါေပမဲ့ အခုမွာ တီဗြီမွာပါတဲ့ ပါဝင္သူႏွစ္ေယာက္လုံးက သူ႕ေ႐ွ႕မွာ႐ွိေနၿပီပဲဟာ ဘာလို႔ သူက ၿငိမ္ၿငိမ္‌ထိုင္ပဲထိုင္ေနႏိုင္ပါမည္နည္း။

"အစ္ကိုက်စ္ဟန္ ခုနက လ်ိဳ႕ဝွက္နံပါတ္က နားမလည္လိုက္ဘူး ဘယ္လိုမ်ိဳးလဲဟင္?"

"ေအာ္! သိၿပီ Morse code ပဲ ! ဒါေပမဲ့ ဘယ္လိုလုပ္ရလဲ မမွတ္မိေတာ့ဘူး ႐ွာၾကည့္လိုက္အုံးမယ္.."

"အိုက္ယိုး...Morseကိုသြား႐ွာေနတဲ့ ငါ့အျပစ္ေတြပါ ဒီအပိုင္းကို မျမင္လိုက္ဘူး ၊ အဲ့အစ္မဘယ္လို ႐ွာေတြ႕သြားတာလဲ အစ္ကိုက်စ္ဟန္ ?"

......

ေနာက္ဆုံးမွာ ႐ွ႐ွီခ်င္း ဒီထက္ပိုၿပီး သည္းမခံႏိုင္ေတာ့ေပ ၊ ႐ွ႐ိႈ႕က်ဲရဲ႕ လည္ပင္းကို ဆြဲၿပီးတံေတာင္ဆစ္ၾကားထဲ သူ႕ေခါင္းကိုညႇပ္ကာ ထားၿပီး မ်က္ႏွာ၌ 'ၾကင္နာဖြယ္' အျပဳံးတပြင့္ကိုပန္ဆင္လ်က္ စကားလုံး တစ္လုံးခ်င္းေျပာလိုက္သည္။

"သတ္ျဖတ္သူက ႐ွန္းစစ္ယြဲ႕ "

"ငါကို သူက သတ္လိုက္မွာ"

"ေနာက္ဆုံးမွာ က်ိဳးက်စ္ဟန္အရင္ လြတ္သြားလိမ့္မွာ "

ေျပာၿပီးေနာက္ လက္ကိုလႊတ္လိုက္သည္ ၊ ႐ွ႐ိႈ႕က်ဲခင္မ်ာ ဒူးေလးကိုပိုက္ၿပီး ေျမျပင္ကိုစိုက္ၾကည့္လို႔ေန႐ွာသည္ ၊ ႐ွ႐ိႈ႕က်ဲေလး တစ္ခုစီ႐ႈျမင္ကာတည္ေဆာက္ရင္းသြား‌ေနေသာ ပ႐ိုဂရမ္တစ္ခုလုံး၏ အဓိပၸာယ္ကို ႐ွ႐ွီခ်င္းသည္ သုံးႀကိမ္တိုင္တိုင္ စပြိဳင္ေပးမႈျဖင့္ တစစီ ၿဖိဳခြဲဖ်က္စီးပစ္လိုက္သည္။

"အား!! ဘာလို႔အဲ့ေလာက္ရက္စက္ရတာလဲ! မေကာင္းဆိုးဝါးလားဟမ္!!"

႐ွ႐ိႈ႕က်ဲက သိုးေမႊးေကာေဇာေပၚမွာ လူးလိမ့္ကာ ေလေပၚကို ေျခေထာက္ေတြႏွင့္ကန္ျခင္းျဖင့္ ေဒါသေတြ ေဖာ္ျပေနၿပီး
" မုန္းတယ္!!"

ထိုတုံးအအလူႏွစ္ေယာက္ကိုၾကည့္ရင္း က်ိဴးက်စ္ဟန္ ႏႈတ္ခမ္းေထာင့္ေလးေတြက ပင့္တက္လာရသည္၊ ႏွလုံးသားထဲက လႈံ႕ေဆာ္မႈတစ္ခုခုေၾကာင့္ သူ႕ေဘးက သူကို လွည့္ၾကည့္မိသည္။

က်ိဳးက်စ္ဟန္တစ္ေယာက္ ႏွလုံးသားရဲ႕ေစရာကိုလိုက္ၿပီး ႐ွ႐ွီခ်င္းရဲ႕ ခႏၵာကိုယ္ကို အေပၚကေအာက္ စုန္ဆန္ၾကည့္ေနခဲ့သည္။ ႐ွ႐ွီခ်င္းရဲ႕ လျခမ္းေကြးကဲ့သို႔ေသာ ေလးကိုင္းဟန္ မ်က္လုံးအစုံဟာ ပုံမွန္ႏွင့္ ကြာျခားေသာ အျပဳံးေလးျဖစ္ေပၚေနသည္ ၊ထိုဆီမွာ ေအာင္ျမင္စြာ စေနာက္လိုက္ရျခင္းရဲ႕ ေက်နပ္မႈႏွင့္ စဥ္းလဲမႈတို႔ ပါဝင္သည္ ၊ ႐ွ႐ွီခ်င္းမ်က္ႏွာေပၚက ကေလးဆန္ဆန္အျပဳံးကို က်ိဳးက်စ္ဟန္ ဒါပထမဆုံးျမင္ဖူးတာပဲျဖစ္သည္။

"ေကာကိုထပ္မျမင္ခ်င္ေတာ့ဘူး အရမ္းလြန္တယ္ ၊ အိမ္ျပန္ၿပီး ကိုယ္ဘာကိုယ္ပဲျပန္ၾကည့္မွာ"

လက္ပိုက္ထားေသာ ႐ွ႐ွီခ်င္းက လက္တဖက္ကို ‌ထုတ္ကာ ႐ွ႐ိႈ႕က်ဲေနာက္ကေနေဝ့ရမ္းျပလိုက္သည္။
"ဘိုင့္ ဘိုင္"

သူ႕အစ္ကိုက သူ႕ကို နည္းနည္းမွ မေခ်ာ့တာျမင္ေတာ့ ႐ွ႐ိႈ႕က်ဲပိုေတာင္ စိတ္တိုလာသည္ ၊ ဝင္ေပါက္နားက ေက်ာပိုးအိတ္ကို ေကာက္ၿပီး ေဒါသတႀကီး တံခါးကိုဆြဲဖြင့္ကာ ထိုတံခါးနားမွာ အၾကာႀကီး ရပ္ေနေလသည္ ၊ တစ္ခုခုကိုလုပ္ရန္ ၾကံစည္ေနသကဲ့သို႔ ။

"ေဟ့ မင္းသြားသြား မသြားသြား တံခါးေလးေတာ့ ပိတ္ေပးပါအုံး "
႐ွ႐ွီခ်င္းက တီဗြီအသံကို ထပ္ခ်ဲ႕လိုက္သည္။

က်ိဳးက်စ္ဟန္ ထိုကေလးကိုနည္းနည္းစိတ္ပူေနေပမဲ့ အိမ္လိုက္ပို႔ေပးရမလား မေပးရမလား တြန္႔ဆုတ္ေနသည္။

အၾကာႀကီးစဥ္းစားၿပီးေနာက္ ေနာက္ဆုံး စကားစလိုက္သည္
" ဟို ...အစ္ကို မင္းကိုလိုက္ပို႔..."

"အားးးးးးး.တမ်ိဳးလုံးရဲ႕ စပြိဳင္းလာႀကီး!"
႐ွ႐ိႈ႕က်ဲက ႐ုတ္တရက္ေအာ္ဆဲလာကာ အိမ္တံခါးကို ဘန္းခနဲ ပိတ္ပစ္လိုက္ၿပီး ထြက္ေျပးသြားေတာ့သည္။

႐ွ႐ွီခ်င္းက စိတ္ဆိုးစြာ ျပန္ခနဲ႔ရီလိုက္ၿပီး
" ဘာလဲဟ? ထြက္ေျပးၿပီးမွ ဆဲရဲတဲ့ေကာင္က"

ဒီညီအစ္ကိုႏွစ္ေယာက္ကေတာ့ေလ......က်ိဳးက်စ္ဟန္ ရီခ်င္ခ်င္နဲ႔သက္ျပင္းသာခ်လိုက္မိသည္ ၊ ေနာက္ဆုံးအၾကည့္ကို တီဗြီဆီသို႔သာ ျပန္ပို႔လိုက္သည္ ၊ တိုက္ဆိုင္စြာပဲ သူနဲ႔ ႐ွ႐ွီခ်င္းရဲ႕ အခန္းအပိုင္းဆီ ျပန္လာေနသည္ ၊ ထိုအပိုင္းမွာ ႐ွ႐ွီခ်င္းက ကင္မရာတပ္ဆင္သည့္ေနရာကိုၾကည့္ၿပီး 'Miroir Suite ' ကေန Morse Code ကို ႐ွာေဖြေျဖ႐ွင္းကာ မွန္ခြဲ‌ေခ်ခဲ့‌ေသာ အပိုင္းျဖစ္သည္ ။

ျမင္ကြင္းမွာ ႐ွ႐ွီခ်င္းသည္ လပ္ထိပ္ခတ္ခံထားရေသာ လက္ကိုေျမာက္ကာ မွန္ကို ေျခေထာက္ႏွင့္ ကန္ခြဲပစ္ကာ ကိုယ္ကို ျဖည္းျဖည္းခ်င္းျပန္ဆုတ္ကာ တည္ၿငိမ္စြာရပ္ေနသည္ ၊ ဒါေပမဲ့ Editing က အလြန္ေကာင္းသည္ ထုတ္လုပ္ေရးအဖြဲ႕က အလြန္စိတ္ကူးစိတ္သန္းေကာင္းလွပါသည္ ၊ ေနာက္ခံသီခ်င္းေတာင္ ပ႐ိုဂရမ္ႏွင့္ ကိုက္ညီမႈ႐ွိသည္ ၊ သို႔ေပမဲ့လည္း က်ိဳးက်စ္ဟန္အတြက္လိုအပ္ ေနသလို ခံစားရၿမဲျဖစ္သည္။

႐ွ႐ွီခ်င္းက မွန္ကိုေျခေထာက္နဲ႔ကန္လိုက္တဲ့ ထိုလ်ိဳ႕ဝွက္ခန္းထဲမွ ျဖစ္စဥ္ကို ကိုယ္တိုင္ျမင္ဖူးကာ ရခဲ့ေသာ အံ့အားသင့္မႈကိုထပ္တူညီဖို႔ ခံစားရဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့တာပင္။

႐ွ႐ွီခ်င္းက က်ိဳးက်စ္ဟန္ေ႐ွ႕မွာ လက္ထပ္ခတ္ခံထားရေသာ မိမိလက္ကို ေျမာက္ျပေနေသာ တီဗြီမွ မိမိပုံရိပ္ကို စိုက္ၾကည့္ေနခဲ့သည္။

"ခင္ဗ်ား သိလား?" က်ိဳးက်စ္ဟန္က ေျပာလာသည္
" အဲ့တုန္းက ကြၽန္ေတာ္ေတြးေနမိတာက ေသာ့ကို ယူေျပးသြားလိမ့္ရမလားဆိုၿပီးေတာ့ေလ ၊ ႐ွ႐ွီခ်င္းက အရမ္းေကာက္က်စ္တာမို႔ ေသာ့ကို လက္ဝယ္ယူထားတာက ပိုစိတ္ခ်ရတယ္ဆိုၿပီးေပါ့ "

သူ႐ွ႐ွီခ်င္းကို  အျပဳံးနဲ႔ ေျဗာင္တင္တင္ၾကည့္ကာ
" အနည္းဆုံးေတာ့ လက္ထဲမွာ တစ္ခုခု ႐ွိထားမွရမွာေလ"

႐ွ႐ွီခ်င္းက က်ိဳးက်စ္ဟန္ကို အမူအရာမဲ့စြာ ၾကည့္ေနခဲ့သည္၊ သူ႕ရဲ႕ အနည္းငယ္ေကြးေနေသာ မ်က္လုံးအစုံ ၊ ပင့္တက္ေနေသာ ႏႈတ္ခမ္းပါးေထာင့္ေလးေတြ၊ စကားေျပာတဲ့အခါေပၚလာတဲ့ သြားျဖဴျဖဴေလး၊ ထင္းထြက္ကာ ဆန္းသစ္ေသာ ကိုယ္ေနဟန္ထား ၊ ဒါေတြဟာ လူကို Aegean ပင္လယ္ အေ႐ွ႕ကမ္း႐ိုးတန္းမွ ႏွင္းျဖဴျဖဴေလးေတြအုပ္ေနေသာ ေခါင္မိုးေလးေတြကို ျမင္ေယာင္မိေစသည္။

"ကြၽန္ေတာ္က ခင္ဗ်ားက သတ္ျဖတ္သူမွတ္ၿပီး အၿမဲ သတိကပ္ၿပီး ေနခဲ့တာပါ"
က်ိဳးက်စ္ဟန္ေခါင္းျပန္လွည့္ကာ တီဗြီစခရင္မွ ႐ွ႐ွီခ်င္းရဲ႕ ေတာင္းဆိုမႈကိုလက္ခံကာ လက္ထိပ္ျဖည္ရန္ ေခါင္းအုံ႔ကူညီေနေသာ မိမိကိုယ္ကိုယ္ၾကည့္လိုက္သည္။

သူ႕အသံက ႏူးညံ့ခ်ိဳသာစြာ
"အမွန္မွာေတာ့ ခင္ဗ်ား‌ေၾကာင့္ အဆုံးမွာ ကြၽန္ေတာ္လြယ္လြယ္ကူကူ လြတ္ေျမာက္ႏိုင္ခဲ့တာပါ"

နားထဲမွာ ေရအိုင္တစ္အိုင္႐ွိေနတဲ့ပုံပင္ ၊ ေက်ာက္စရစ္ခဲတစ္လုံးဟာ ေရထဲသို႔ ပလုံဆိုၿပီး က်လာကာ ျဖည္းျဖည္းခ်င္းႏွစ္ျမဳပ္သြားေတာ့သည္ ။ ႐ွ႐ွီခ်င္းက စခရင္မွ  တဆယ္ စင္တီမီတာေလာက္အကြာသာ က်န္႐ွိေအာင္အနည္းငယ္ငုံကိုင္းလာတဲ့ က်ိဳးက်စ္ဟန္ကို ၾကည့္ေနခဲ့သည္။

"ကိုယ္ေတြးေနခဲ့လည္းေကာ မင္းသိလား?"

က်ိဳးက်စ္ဟန္က ေခါင္းလွည့္ကာ ႐ွ႐ွီခ်င္းကို ၾကည့္လိုက္သည္ ၊ တီဗြီေပၚမွ အလင္းအရိပ္သည္ သူ႕ရဲ႕ မ်က္ဆံထဲမွာ မွန္တခ်ပ္ကဲ့သို႔ ထင္ဟပ္ေနသည္။

"ဘာလဲ"

"ကိုယ္ေတြးေနခဲ့တာက..."
မလႈပ္မ႐ွား တီဗြီၾကည့္ေနေသာ ႐ွ႐ွီခ်င္းက ႐ုတ္ခ်ည္း လွည့္လာကာ လက္ကိုဆန္႔ၿပီး က်ိဳးက်စ္ဟန္ရဲ႕ ေက်ာအေနာက္ဆီ ဝိႈက္ကာ သူ႕ေခါင္းအေနာက္ဂုတ္ပိုးကို ဖိကိုင္ၿပီး သူ႕ဆီသို႔ နီးကပ္စြာ ဆြဲယူလိုက္သည္ ၊

ေနာက္တႀကိမ္ ရင္းႏွီးေနေသာေရေမႊးနံ႔က ပတ္ပတ္လည္ကိုပ်ံ႕ႏွံ႔ကာ တိုးေဝ့လာခဲ့သည္။

က်ိဳးက်စ္ဟန္ရဲ႕ ဦးေႏွာက္ေကာင္းေကာင္းမလည္ပတ္ႏိုင္ေသးခင္မွာပဲ ႐ွ႐ွီခ်င္းက ေနာက္လက္တဖက္ႏွင့္ သူ႕ေမးကို ကိုင္လိုက္သည္။

"မင္းမ်က္ႏွာက ကစ္ဆင္း ဆြဲဖို႔ ကြက္တိပဲလို႔"

ေျပာၿပီးတာနဲ႔ ေခါင္းလွည့္ကာ နမ္းလာေတာ့သည္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်ိဳးက်စ္ဟန္ရဲ႕ ႏွလုံးသားထဲမွ ႀကိဳတင္သတိေပးသံက ေနာက္က်ေနခဲ့ၿပီး ႐ွ႐ွီခ်င္းခ်ဥ္းကပ္လာတဲ့အခ်ိန္ သူလုံးဝေတာင့္ခဲေနခဲ့သည္ ၊ ႐ွ႐ွီခ်င္း အမွန္တကယ္ သူ႕ကိုနမ္းလာတဲ့အခါမွ သူ႕စိတ္ထဲမွ သတိေပးသံက ျမည္လာခဲ့ေတာ့သည္။

႐ွ႐ွီခ်င္း တကယ္ ႐ူးေနတာပဲ !

သူတြန္းဖယ္ဖို႔ ‌ႀကိဳးစားေပမဲ့လည္း သက္ေရာက္မႈက ဆန္႔က်င္ဖက္သာ ျဖစ္သည္ ၊ ဖိကိုင္ထားတဲ့ ႐ွ႐ွီခ်င္းလက္က ပိုမိုတင္းက်ပ္သြားၿပီး သူ႕လွ်ာကလည္း အားသုံးက ဝင္ေရာက္လာသည္ ၊ရမၼက္နဲ႔ ရန္လိုမႈေတြက အလုံးအရင္းပါလာသည္၊ သူအတြက္ အနမ္းဟာ ကမ႓ာေပၚမွာ အခ်ိဳၿမိန္ဆုံးေသာ အရာတစ္ခုလို ျဖစ္ရမွာေပမဲ့လည္း ထိုအခ်ိန္အတန္႔မွာေတာ့ အနမ္းဆိုသည့္ အရာသည္ ႐ွ႐ွီခ်င္းရဲ႕ တိုက္ခိုက္ရန္အသုံးခ်ေသာ လက္နက္ျဖစ္လာခဲ့သည္ ။
(T/N- အနမ္းဆိုတာ ခ်ိဳၿမိန္ေလးလို႔ သတ္မွတ္ထားတဲ့ ငါ့သားကိုျဖဴစင္ကို နင္လုပ္ရက္ေလျခင္း )

႐ွ႐ွီခ်င္းလည္း သူ႕ကိုယ္သူ ႐ူးေနၿပီလို႔ ခံစားမိသည္ ၊ သူဒါကို လုပ္ခ်င္ပါသည္ ၊ ႏွလုံးသားထဲက စိတ္ဆႏၵက အလြန္အလ်င္လိုေနခဲ့တာျဖစ္သည္ ၊ သူ႕ကို စိတ္ေက်နပ္ေစဖို႔အတြက္ ခႏၡကိုယ္ကို ဓားတေခ်ာင္းနဲ႔ ဓားျပလို အတင္းအၾကပ္ေစခိုင္း‌ေနခဲ့သည္၊

လ်က္ျခင္း ၊ ေရာေထြးျခင္း ၊ စုပ္ယူျခင္း ၊ ပိုနီးကပ္ေလေလ ပိုလိုခ်င္လာေလေလ ၊ က်ိဳးက်စ္ဟန္က ဘယ္ေလာက္ပဲ သူ႕ပုခုံးကို တြန္းထုတ္ေနပါေစ၊ ေနာက္ဆုတ္ဖို႔ ဆႏၵမ႐ွိ ၊ ပိုလို႔ေတာင္နီးကပ္လာခ်င္သည္ ။

ေယာက်ၤားႏွစ္ေယာက္ၾကားက အနမ္းဟာ အက်ိဳးအျမတ္မ႐ွိေသာ လြန္ဆြဲပြဲတစ္ခုသာ။

ပြတ္သပ္ျခင္းႏွင့္ ျမန္ဆန္ေသာ အသက္႐ႈသံေတြၾကားမွာ အပူခ်ိန္ဟာ အ႐ွိန္အဟုန္နဲ႔ တက္လာၿပီး ေရေမႊးနံ႔ႏွင့္ ကတိုးနံ႔ ဟာ ပိုပိုၿပီး ျပင္းထန္လာေစသည္ ၊  ႐ွ႐ွီခ်င္းတစ္ေယာက္ အခ်စ္ေရးမွာ
မာစတာ ေပမဲ့လည္း က်ိဳးက်စ္ဟန္ရဲ႕ ျငင္းဆန္မႈေအာက္မွာ ရင္ခုန္လာခဲ့ရသည္ ၊ သူ႕လွ်ာနဲ႔ ႏႈတ္ခမ္းကို ရပ္ဆိုင္းျခင္းမ႐ွိ စုပ္ယူေနခဲ့သည္ ၊ သိုေပမဲ့ သူ႕ရဲ႕ ေတာင့္ခံေနေသာ မ်က္ခုံးႏွင့္ မ်က္လုံးကိုျမင္လိုက္ရေတာ့ မီးစဟာ ပိုၿပီး ႏိုးထေတာက္ေလာင္လာကာ တကိုယ္လုံးကို ေလာင္ကြၽမ္းေနေတာ့သည္။

က်ိဳးက်စ္ဟန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္ ၊ ဘာလို႔ဆို ႐ွ႐ွီခ်င္း လက္က ေႁမြတေကာင္လို သူလည္ေစ့ကို ပြတ္သပ္ကာ ေအာက္ကို ေလွ်ာဆင္းသြားၿပီး သူ႕အက်ႌဂ်ာကင္အထဲသို႔ တိုးဝင္လာသည္ ၊ ႐ုတ္တရက္ သတိခ်ပ္ကာ ႐ွ႐ွီခ်င္းလက္ေကာက္ဝတ္ကို အားနဲ႔ဆုပ္ကိုင္လိုက္ေပမဲ့ ဘယ္ေလာက္ပဲ သူတြန္းလွန္ပါေစ တဖက္သူက တပ္ဆုတ္ရန္ စိတ္ကူးမ႐ွိ ၊ လက္ေလ်ာ့ဖို႔ကို ျငင္းဆန္ကာ သူ႕ကိုေတာင္ ေျခေထာက္ကို ခြဲကာ ဖိထားၿပီး တြန္းခ်ရန္ ႀကိဳးစားလာေတာ့သည္ ။

႐ူးေနၿပီပဲ !

႐ွ႐ွီခ်င္း မူးေဝသလိုျဖစ္ကာ ပါးစပ္ထဲမွ ခ်ိဳခ်ဥ္ခ်ဥ္အရသာကို ခံစားလိုက္မိသည္ ၊ ေနာက္မွတက္လာေသာ နာက်င္မႈေၾကာင့္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး လႈပ္႐ွားမႈကလည္း နည္းသြားကာ  ဆိုဖာေပၚဖိခ်ခံလိုက္ရသည္ ။

ေမာပန္းျခင္းကို မရပ္တန္႔ႏိုင္ကာ သူ႕ထူထဲေသာ မ်က္ေတာင္ေပၚမွာလည္း ေခြၽးစေတြတြဲခိုေနသည္ ၊ သူ႕ဖက္က ျမင္ရတဲ့ ႐ွ႐ွီခ်င္းပုံက ေစာေစာကနဲ႔ ကြဲျပားသည္ ၊ ခံစားခ်က္ေတြေၾကာင့္ ေဖ်ာ့ေတာ့ေနေသာ မ်က္ႏွာမွာ နီေဆြေန၏ အကိုက္ခံထားရေသာ ႏႈတ္ခမ္းမွ ေသြးက တစီစီထြက္ေနကာ ထိုဒဏ္ရာမွာ လွပေသာပန္းအခ်ိဳ႕ပင္ တက္ပြင့္‌ေနသည့္ သေယာင္။

"ခင္ဗ်ား ႐ူးေနၿပီ ....."
က်ိဳးက်စ္ဟန္ ေမာပန္းမႈက အနည္းငယ္ေလ်ာ့က်‌သြားေပမဲ့ သူ႕ရင္ဘတ္က နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနေသးတာမို႔ အခုေလးတင္ ဓားျပတိုက္ခံလိုက္ရတာကိုေတာ့ သိသာေနေစသည္။

႐ွ႐ွီခ်င္းက ႐ုတ္တရက္ ရီလာၿပီး သြားေတြကလည္း အနီခ်င္းခ်င္းရဲေနကာ
" ကိုယ္က နဂိုကတည္းက အ႐ူးေကာင္ပဲေလ"

ထိုပုံစံႏွင့္ သူ႕ၾကည့္ရတာ ေဆးစြဲေနေသာလူတစ္ေယာက္ႏွင့္တူသည္

"မင္းေျပာေတာ့ မေၾကာက္ဘူးဆို"

Continue Reading

You'll Also Like

288K 7.2K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
218K 36.3K 97
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
31.1K 6K 99
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...