ပြန်လည်မွေးဖွားလာသော အမြှောက်...

By CharmZoey

154K 18.3K 198

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... More

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
အငြင်းပွားမှု မီးစ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

အပြန်အလှန်တိုင်ကြားခြင်း

891 152 0
By CharmZoey

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၄၃ ။ အပြန်အလှန်တိုင်ကြားခြင်း

ထိုစကားကိုပြောလိုက်ပြီးသည်နှင့် ရဲစခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
အထူးသဖြင့် အမှုကိုင်တွယ်ရာမှာ ဝါရင့်နေကြပြီဖြစ်တဲ့ လုပ်သက်ရင့်ရဲသားများပင်။

ဒါပေါ့, ဒီလိုကိစ္စမျိုးဆိုတာ ခန့်မှန်းနေလို့အလကားပဲလေ၊ ဒါကြောင့် ရဲတွေက နဂါးပုံဆေးမင်ကြောင်နဲ့ညီအစ်ကိုပြောထားတဲ့ သဲလွန်စတွေအပေါ် အခြေခံပြီး ငွေပမာဏအမြောက်အမြားနဲ့ထွက်ပြေးသွားတဲ့ ယွီမိန်ကို ဖမ်းဆီးဖို့ လက်နက်ကိုင်တပ်ဖွဲ့ကို ချက်ချင်းစေလွှတ်လိုက်တော့သည်။

ဆက်စပ်နေတဲ့ သဲလွန်စတွေကြောင့်, နောက်တစ်ကြိမ်ထပ်ပြီး သတင်းပေးသူဖြစ်လာတဲ့, နဂါးပုံဆေးမင်ကြောင်နဲ့ညီနောင်လည်း ရဲကားထဲလိုက်ဝင်ရသည်။ ကျန်တဲ့လူတွေကို လမ်းပြဖို့အတွက် တာဝန်ရှိသူများအဖြစ် လိုက်ပါရလေသည်။။ ကားထဲမဝင်ခင် နဂါးပုံ ဆေးမင်ကြောင်နဲ့ညီနောင်က ရဲစခန်းထဲမှာ ဝင့်ကြွားစွာပြောလာခဲ့တယ်: "ရဲဘော်တို့ စိတ်မပူကြပါနဲ့၊ ကျွန်တော်ဒီကိုလာတော့ အောက်ထပ်မှာစောင့်ကြည့်နေဖို့ လူတွေလွှတ်ထားခဲ့ပြီးပါပြီ၊ အဲ့မိန်းကလေး ဘယ်လိုနည်းနဲ့မှထွက်ပြေးနိုင်မှာမဟုတ်ဘူး။"

ရဲတွေက သဘောကျသွားသည်: "မင်းက နောက်ယောင်ခံလိုက်တာမျိုးလဲ သိတာပဲလားကွ"

"ဒါပေါ့" နဂါးတက်တူးနဲ့ ညီနောင်က သူ့ရင်ဘက်ကိုပုတ်လိုက်ရင်း: "ကျွန်တော်တို့မှာ အရင်ထဲက မကောင်းတဲ့ကောင်တွေကို လိုက်ဖမ်းခဲ့တဲ့ အတွေ့အကြုံရှိနေတာပဲလေ" ဟုပြောလာခဲ့သည်။

ထောင်မု နဂါးတက်တူးနဲ့ညီနောင်ကိုကြည့်လိုက်တော့ အရင်က ထမင်းဝိုင်းမှာ သူ့ရဲ့ဟင်းချက်လက်ရာကြောင့် အချီးကျူးခံခဲ့ရပြီး လူအိုကြီးစုန့်ကို ဘိုးဘေးအဖြစ်မှတ်ယူထားချင်တဲ့လူမှန်း သိရှိသွားသည်။ အရင်က ယွင်သော်ရဲ့ အမှုအတွက် လုံမန်တည်းခိုခန်းမှာ သွားစုံစမ်းတော့လည်း သူကပဲ အရင်ဆုံး သဲလွန်စတွေကိုရှာတွေ့ခဲ့တာကြောင့် ရဲတွေကို မြို့ပြင်က လူနေတဲ့ပုံ အယောင်ပြထားတဲ့ဝင်းဆီခေါ်သွားပြီး လူကုန်ကူးသမားတွေကို အချိန်မှီဖမ်းမိစေနိုင်ခဲ့တာဖြစ်သည်။

ဒီလူအတော်လေး အရည်အချင်းရှိမှန်း ထောင်မုသိရှိသွားပြီ! ဒါပေမယ့် ဒီလောက်တော်တဲ့လူက ဘာလို့စားဖိုမှူးလုပ်နေရတာတုန်း! နှမြောဖို့ကောင်းချက်! ဖျော်ဖြေရေးနယ်ဖယ်မှာပဲ စိတ်နှစ်ပြီး ကိုယ်တိုင်နာမည်ကြီးလာအောင်လုပ်လိုက်သင့်တာကို!

ထောင်မုသူ့ရဲ့ FlyNewsဝဘ်ဆိုဒ်ကို သတိရသွားတယ်, ပြီးတော့ အနာဂါတ်မှာ သူကကျိန်းသေပေါက်ကို FlyNews ဖျော်ဖြေရေးဌာနကို တည်ထောင်တော့မှာ၊ သူ နဂါးတက်တူးနဲ့ ညီနောင်ကို ထပ်ကြည့်လိုက်ချိန်မှာတော့ စက္ခုအာရုံအလင်းပွင့်သွားတယ်လို့တောင် ခံစားမိသွားသည်။

ဒီတစ်ခါဖမ်းဆီးမှုက အရင်တစ်ခါကနဲ့ခက်ခဲတဲ့ပုံခြင်းမတူတာကြောင့် ထောင်မုနဲ့ ကျန်တဲ့အုပ်စုက လိုက်သွားဖို့မလိုဘဲ စခန်းမှာကျန်ခဲ့ပြီး အခြေအနေကိုနားစွင့်နေနေရသည်။ အဲ့အချိန်အတွင်း ထောင်မုက နဂါးတက်တူးနဲ့ညီနောင်အကြောင်း ချင်းမြောင်ရူကို မေးမြန်းနေခဲ့သည်။ ချင်းမြောင်ရူကတော့ ထောင်မု ဘာမေးမေး တက်တက်ကြွကြွပဲဖြေတတ်တာကြောင့်, ချက်ချင်းပဲ, "မင်း တဖေးကိုပြောတာမလား! ငါသိရသလောက်တော့ သူငယ်ငယ်က သူ့အမေကနေ သူ့အဖေ ဘယ်သူငယ်ချင်းအိမ်သွားပြီး ပိုက်ဆံသွားလောင်းလဲဆိုတာကို တိတ်တိတ်လေးလိုက်ချောင်းခိုင်းတာတဲ့, သူ့အဖေ ဘယ်မိန်းမနဲ့ အပျော်သွားရှာနေလဲဆိုတာတွေရောပဲ။ နှစ်တွေကြာတော့, သူလဲ အတွေ့အကြုံအများကြီး ရလာရောပဲ၊ သူအရင်က သက်တော်စောင့်လဲလုပ်ဖူးသေးတယ်။ ဒါပေမယ့် သူကပါးစပ်ဖွာတာရယ်, သူ့သူဌေးအကြောင်းကို တချိန်လုံးအတင်းပြောချင်နေတာရယ်ဆိုတော့, နောက်ဆုံအလုပ်ထုတ်ခံရရောပဲ"

“ဒါပေမယ့်လည်း, ကျန်းဖေးကိုယ်တိုက်ကလဲ အလုပ်ထွက်ချင်နေခဲ့တာပါ၊ အဲ့တာကြောင့် သူ့ကို သူဌေးကအလုပ်ထုတ်နိုင်လောက်မယ့် ကိစ္စကိုတမင်တကာလုပ်လိုက်တာလေ၊ သူပြောတဲ့စကားတွေအရဆို, သူ့အရင်အလုပ်ရှင်က ကောင်းတဲ့လူမဟုတ်ဘူးတဲ့, ပြီးတော့ သူကလဲ လူဆိုးကို မကောင်းတာတွေလုပ်ဖို့ မကူညီချင်— မမြင်ရတော့ရင်, အတွေးထဲလဲရှိတော့မှာမှမဟုတ်တာ”

ထောင်မုတစ်ယောက် ကျန်းဖေးရဲ့ နာမည်လည်းကြားလိုက်ရော ပိုတောင် သဘောကျသွားပြီး, ဒီလူက လူကိုယ်တိုင်တင်မဟုတ် နာမည်ကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲလို့ တွေးမိသွားသည်။

ထောင်မုက ကျန်းဖေးအကြောင်းစဥ်းစားနေရင်း အရာရှိယောင်နဲ့ ကျန်တဲ့လူတွေပြန်လာဖို့ကို စောင့်နေခဲ့သည်။ ဒါပေမယ့် ရဲတွေရောက်မလာခင်, တခြားသူတစ်ယောက်က တိုင်ကြားဖို့ဝင်လာခဲ့၏။

အဲ့လူက သူ့နာမည်ကိုပြောလိုက်တာနဲ့, အကုန်လုံးက ဒီလူဟာ ကျန်းဖေး ပြောထားတဲ့ 'တရှုန်း'ဆိုတဲ့သူမှန်းကို သိရှိသွားပြီ အလွန်အံ့ဩကုန်ကြသည်။

ဒါဘယ်လိုအခြေအနေလဲ?

တစ်ဖွဲ့လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကုန်ကြသည်, ရုတ်တရက်ကြီး ရှုပ်ယှက်ခက်သွားသလိုပင်။

ထောင်မုနဲ့ တခြား အတွေ့အကြုံရင့် ရဲလုပ်သားဟောင်းတွေကတော့ တရှုန်းကိုရဲ့ ရည်ရွယ်ချက်ကို ရိပ်ဖမ်းသံဖမ်းရှိကြသည်။

ရဲဦးလေးကြီးတစ်ယောက်က ကျွမ်းကျင်စွာပဲ မှတ်စုစာအုပ်ထုတ်ပြီး သူ့ရဲ့ထွက်ဆိုချက်တွေကို မှတ်သားထားဖို့လုပ်တယ်။

တရှုန်းရဲ့ နာမည်အရင်းက ရှုန်းကျန်းဖြစ်ပြီး သူလဲ ကုန်းရီရှင်လိုပဲ တိုက်ခိုက်ရေးခန်းလူစားထိုးတစ်ယောက်ဖြစ်သည်။ 'Hမြို့ရဲ့ စတူဒီယို မြို့တော်မှာ အချိန်အကြာကြီးအလုပ်လုပ်ခဲ့တာကြောင့် အဆက်အသွယ်ကောင်းကောင်းတွေ ရှိလာပြီး အခုဆို အရံ လူစားထိုးအဖွဲ့လေးတစ်ဖွဲ့ရဲ့ ခေါင်းဆောင်တောင်ဖြစ်နေပြီ။

သူပြောပုံအရတော့, သူနဲ့ ယွီမိန်က လွန်ခဲ့တဲ့နှစ်နှစ် နွေရာသီတုန်းကတွေ့ခဲ့ကြတာ၊ အဲ့အချိန်က, သူတို့နှစ်ယောက်လုံး အဖွဲ့တစ်ခုရဲ့ အထွေထွေမန်နေဂျာစီစဥ်ပေးထားတဲ့ ညစာပါတီပွဲကို တက်ရောက်ခဲ့ကြခြင်းဖြစ့သည်။

"...ညစာစားပွဲလို့သာပြောနေပေမယ့်, တကယ့်ရည်ရွယ်ချက်အမှန်ကို လူတိုင်းသိနေကြတာပဲလေ၊ ဒီလို တွေ့ဆုံပွဲမျိုးဆိုတာ ဟိုလိုဆက်ဆံရေးတွေပါနေတာပဲ၊ အထွေထွေမန်နေဂျာကတော့ အဖွဲ့ထဲကသူ့ရဲ့သက်ရောက်နိုင်စွမ်းကို သုံးပြီး အမျိုးသမီးသရုပ်ဆောင်တွေဆီက လိင်ပိုင်းဆိုင်ရာသာယာမှုတွေ ရနိုင်အောင်လုပ်တာပေါ့၊ အဲ့မှာ မီးအလင်းအမှောင်ချိန်ပေးတဲ့လူတွေ ရိုက်ကူးရေးသမားတွေလည်း ရှိနေခဲ့သေးတယ်။ တစ်ချို့ ခပ်လှလှအမျိုးသမီးသရုပ်ဆောင်တွေကလည်း ရိုက်ကူးရေးလုပ်ရင် သူ့တို့အခန်းတွေမှာ စာသားတွေပိုထည့်နိုင်ဖို့အတွက် ဒါမှမဟုတ်လဲ ကင်မရာသမားက သူတို့ကို ပိုကြည့်ကောင်းတဲ့ ရှုထောင့်တွေကနေရိုက်ကူးပေးအောင် အထွေထွေမန်နေဂျာကို စုပ်လျက်ပေးကြဖို့ စိတ်အားထက်သန်နေကြတာ။ အကုန်လုံးက ကိုယ့်စိတ်နဲ့ကိုယ်လုပ်ကြတဲ့သူချည်းပဲ၊ ယွီမိန်က အဲ့လိုပွဲမျိုးကို မကြာခဏသွားတတ်တယ်"

ရှုန်းကျန်းက ယွီမိန်ရဲ့ အတွင်းစရိုက်ကို အဖြူအမည်းသဲကွဲအောင်ဖော်ပြရင်းနဲ့ ဝန်ခံလာသည်: "...သူမက ကောင်းကောင်းလဲသောက်နိုင်ပြီး ဘယ်သူနဲ့မဆိုပျော်ပါးနိုင်တယ်။ အဲ့တာကြောင့် အချိန်နည်းနည်းကြတော့ ကျွန်တော်တို့တွဲဖြစ်သွားတယ်၊ အဲ့နောက်ပိုင်း, ကျွန်တော်သူမကို စာသားပြောစရာပါတဲ့ သရုပ်ဆောင်ခန်းတွေနဲ့ မကြာခဏချိတ်ပေးလေ့ရှိတယ်"

"ဒါဖြင့် ယွီမိန်နဲ့ ကုန်းရီရှင်တို့ တွဲနေတာလဲ မင်းသိတယ်မလား?" ရှုန်းကျန်းပြောတာကိုကြားပြီးတော့ တာဝန်ကျရဲသားက ချက်ချင်းသူ့စကားကို ဖြတ်ပြောလိုက်သည်။

"သိပါတယ်" ရှုန်းကျန်းက ခေါင်းငိုက်ချထားခြင်းဖြစ်သည်။ ပြီးမှ ခေါင်းကိုပြန်မော့လာပြီး ရဲသားကို ခပ်ထေ့ထေ့ကြည့်ရင်း ပြန်ဖြေလာသည်: " ဒါပေမယ့် ဒါက ဥပဒေဖောက်ဖျက်နေတာမဟုတ်ဘူးလေ, နော်? ကျွန်တော်တို့နှစ်ယောက်လုံး လက်ထပ်ထားတာမှမဟုတ်တာ၊ ပြီးတော့, အရင်လာအပိုင်ဖမ်းတာက ယွီမိန်ပဲလေ။"

ရဲသားက ဒီအဖြစ်အပျက်အပေါ် ဘာမှတ်ချက်မှမပေးပဲ ခေါင်းငြိမ့်ပြပြီး မင်သေသေ အသံနဲ့ပြောလိုက်တယ်, "ဆက်ပြောပါဦး"

ရှုန်းကျန်းက ရဲသားကို အနည်းငယ်ပူပန်စွာနဲ့ လှမ်းကြည့်လိုက်သည်။ သို့ပေမဲ့ ရဲအရာရှိက ဘာမှမပြောသလို ဘယ်လိုအမူအရာမျှမပြခဲ့ပေ။ ရှုန်းကျန်းက ပိုပြီးတောင် စိတ်ကယောက်ကယက်ဖြစ်လာပြီ။

သူရိုးရိုးသားသားဝန်ခံလာတယ်: "ပြောရရင်, ကျွန်တော်တို့ အသိုင်းအဝိုင်းကလူတွေက ဒီလိုပဲလေ၊ ကျွန်တော်နဲ့ ယွီမိန်ဆိုလဲ ဒီနှစ်နှစ်အတွင်း တွဲလိုက်ပြတ်လိုက်ဖြစ်နေခဲ့တာ...သူမလူက သူမကိုအတင်းထိန်းချုပ်ထားတာ ပြီးတော့ သူမအပြင်သွားတာကိုလဲမကြိုက်ဘူးလေ။ ယွီမိန်ကလဲ သူမချစ်သူက ဘာအရည်အချင်းမှမရှိဘဲနဲ့ သူမကို တစ်ချိန်လုံး ဆရာလိုက်လုပ်နေတယ်ဆိုပြီး တစ်ချိန်လုံးညည်းနေတာ။ သူမ ချစ်သူနဲ့လမ်းခွဲပြီး ကျွန်တော်နဲ့နေချင်တယ်တဲ့။ ကျိန်းသေပေါက် ကျွန်တော်ဂရုစိုက်မနေပါဘူး။ ယွီမိန်က တကယ်လဲ လှတယ်လေ။ သူမလို ချစ်သူမျိုးကိုတော့ ကျွန်တော်လဲ လက်မလွှတ်နိုင်ဘူးပေါ့၊ ဒါပေမယ့် နောက်ပိုင်းကျတော့, သူမ ရုတ်တရက်ကြီး လမ်းခွဲဖို့ကိစ္စကို ဆက်မပြောတော့ဘူး, ကျွန်တော့်ကိုလည်း ထပ်မတွေ့ဖို့ပြောတယ်, သူမက သူ့ချစ်သူနဲ့လက်ထပ်တော့မှာမို့လို့တဲ့။ ကျွန်တော့်အတွက် သိပ်တော့လည်းကိစ္စမရှိပါဘူး။ ဒါပေမယ့် ဆက်ဖြစ်လာတဲ့ကိစ္စကတော့ တကယ်မမျှော့်လင့်ထားမိတာပဲ၊ မနေ့ နေလယ်က သူမကျွန်တော့်အိမ်ကို ယွမ်တစ်သန်းလောက်ရှိတဲ့ အိတ်ကြီးသယ်ပြီးရောက်လာတယ်လေ၊ ကျွန်တော် တကယ်လန့်သွားတာ၊ ဘာကိစ္စတွေဖြစ်နေတာလဲလို့ သူမကိုမေးကြည့်တော့..."

"သူမပြောတာက ဒီပိုက်ဆံတွေကို အာမခံကုမ္ပဏီက သူမချစ်သူရဲ့ မတော်တဆမှုအတွက်ပေးတာ။ သူမချစ်သူကတော့ အသက်ရှင်နိုင်မှာမဟုတ်ဘူး၊ ဆရာဝန်ကတောင် ခွဲစိတ်မှုအောင်မြင်လည်း အောက်ပိုင်းသေနိုင်ချေအရမ်းများတယ်လို့ပြောထားတယ်တဲ့။ သူမချစ်သူနဲ့ လမ်းခွဲချင်တယ် ပြီးတော့ အဲ့ယွမ်တစ်သန်းကလည်း သူမ သူနဲ့အတူရှိနေချိန်အတွင်း ကုန်ဆုံးသွားတဲ့ သူမရဲ့ ငယ်ရွယ်မှုအတွက် လျော်ကြေးပဲလို့ပြောလာတယ်၊ သူမရဲ့ လမ်းခွဲကြေးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်ကတော့ လိမ်နေတယ်လို့ပဲထင်တာပေါ့! သူမရဲ့ ချစ်သူက အခုထိ ဆေးရုံပေါ်မှာလှဲလျောင်းနေတုန်းပဲလေ..."

စိတ်လှုပ်ရှားလွန်းလို့ ရှုန်းကျန်းတစ်ယောက် လည်ပင်းတွေပါနီကုန်တယ်, အရမ်းရိုးသားပြီး တာဝန်သိစိတ်ရှိတဲ့ပုံနဲ့: "ကျွန်တော် အရမ်းကြောက်လန့်သွားပြီး ဒါက မှားယွင်းနေမှန်းခံစားမိတယ်၊ ဒါကြောင့် ဒီကိုလာခဲ့တာပါ။ ရဲအရာရှိက ကျွန်တော့်ကို ယုံပေးမှဖြစ်ပါမယ်။ သူတို့ဆက်ဆံရေးကို ကြားဝင်ခဲ့တာက ကျွန်တော့်အမှားမှန်းသိပေမယ့်လေ ကျွန်တော်က တကယ့်ကို ဥပေဒေလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါ၊ ဥပဒေနဲ့ငြိစွန်းတဲ့အလုပ်မျိုးလုံးဝမလုပ်ပါဘူး။ ယွီမိန် က စာနာစိတ်ကင်းမဲ့တဲ့မိန်းမတစ်ယောက်။ ခင်ဗျားပဲပြောကြည့်, သူမနဲ့ အဲ့လူ နှစ်တွေအများကြီး အတူတူရှိခဲ့တာ, ဇနီးမောင်နှံနီပါးပဲ။ ဒါပေမယ့် ဒီလိုအရေးကြီးတဲ့အချိန်မှာတောင် သူမချစ်သူရဲ့ ဆေးကုသမှုစရိတ်ကို ယူပြီးထွက်ပြေးလာတာလေ။ ဒါက ကုန်းရီရှင်ကို သေစေချင်နေတာနဲ့ အတူတူပဲမဟုတ်ဘူးလား!"

ရှုန်းကျန်းက အရမ်းပွင့်လင်းပြီး စိတ်အားထန်သန်တဲ့ပုံပေါ်နေလို့လားပဲ, ချင်းမြောင်ရူနဲ့ ကျန်တဲ့လူတွေအပါအဝင်, စခန်းတစ်လုံး ဒီကိစ္စက ရှုန်းကျန်းနဲ့ ဘာမှမဆိုင်ဘူးလို့ခံစားမိကြသည်။ သူများသမီးရည်းစားကြားထဲ ဝင်ဖျက်တတ်တဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားက ကောင်းမနေပေမယ့်လို့ပေါ့။ ဒါပေမယ့် သူက ဥပဒေနဲ့ ငြိနိုင်မယ့်ကိစ္စတွေ လုပ်နိုင်မယ်လို့တော့ မထင်ရဘူး။

ဒါပေမယ့် ထောင်မုက ရှုန်းကျန်းရဲ့ မျက်နှာအမူအရာကို အကဲခတ်လိုက်တော့ မတတ်နိုင်ဘဲ တစ်ခုခုက မှားနေပြီလို့ ခံစားမိသွားသည်။

ဝန်ခံချက်အတွက် တာဝန်ရှိတဲ့ရဲသားက မော့မကြည့်ဘဲ ဆက်မေးတယ်: "မင်း ကုန်းရီရှင်ကို သိလား?"

ရှုန်းကျန်းက စိတ်ညစ်သလိုနဲ့ ခေါင်းငြိမ်ပြတယ်: "သိပါတယ်၊ Hမြို့ဆိုတာ နေရာသာကျယ်တာလေ, ကျွန်တော်တွေအကုန် တိုက်ခိုက်ခန်းလူစားထိုးတွေပဲဟာ။ ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ? ဒီတိုင်း ရင်းရင်းနှီးနှီးရှိမနေရုံပါပဲ"

ဝါရင့် ရဲအရာရှိတွေ အချင်းချင်းကြည့်ပြီး ပြုံးမိသွားသည်။ အစကတော့, ရှုန်းကျန်းရဲ့ စကားတွေက ဘာမှမမှားသလိုပဲ။ ဒါပေမယ့် ကုန်းရီရှင်က ယွီမိန်ရဲ့ ချစ်သူဆိုတာကို သူထည့်ပြောမသွားဘူး။ စုံတွဲတစ်တွဲကြား ကြာကူလီဝင်လုပ်ထားတဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့, ရှုန်းကျန်းက ကုန်းရီရှင်ဘယ်သူမှန်း မသိစရာအကြောင်းမရှိပေ။ ဒါပေမယ့် သူ့ဝန်ခံချက်ကို ဖွင့်ပြောနေတုန်းက သူ့မသိစိတ်ကနေ သူနဲ့ ကုန်းရီရှင် ကြားမှာ အကွာအဝေးတစ်ခုထားချင်နေခဲ့တာ။

ဒါကြောင့် ရဲတွေက မတတ်နိုင်တဲ့အဆုံး ပိုပြီးအာရုံစိုက်မိကုန်ကြသည်။ ရှုန်းကျန်းက ယွီမိန်ကို တိုင်ကြားဖို့ ရဲစခန်းကိုရောက်လာတာလေ။ ပြီးတော့ ကုန်းရီရှင်အပေါ်ကိုတောင် ကရုဏာသက်ပြနေသေးတာ။ ဒါဖြင့် ဘာလို့များ သူနဲ့ ကုန်းရီရှင်ကြားမှာ အကွားအဝေးတစ်ခုထားချင်နေရတာလဲ?"

"ငါတို့သိရသလောက်တော့, မင်းနဲ့ ကုန်းရီရှင်ကြားမှာ ပြဿနာတွေရှိခဲ့တယ်ဆို။ ပြီးတော့ ဒီတစ်ခေါက် ကုန်းရီရှင် မတော်တဆမှုပြီးတော့, သူ့နေရာကို မင်းရလိုက်တယ်တဲ့"

တရှုန်းရဲ့ အမူအရာကပြောင်းလဲသွားတော့သည် " ရဲအရာရှိတို့, ဘာကိုဆိုလိုချင်တာလဲ? ကျွန်တော်တစ်ခုခုလုပ်ခဲ့တယ်လို့ သံသယဝင်နေတာလား? ဒါကတော့ မတရားတာပဲ။ အရာရှိတို့ကို ကျွန်တော်ပြောမယ်, အမှုတစ်ခုကို ကိုယ်တွယ်နဲ့အခါ သက်သေတွေကိုပဲ အာရုံစိုက်ရမှာပေါ့။ ဘယ်လိုလုပ်ပြီး သက်သေမရှိဘဲ ကျွန်တော့်ကို သံသယဖြစ်ရတာလဲ?"

"စိတ်လျှော့ထားပါ။ ဘယ်သူကသံသယဖြစ်နေလို့လဲ" ဝန်ခံချက်အတွက် တာဝန်ကျတဲ့ရဲအရာရှိက ဘောပင်နဲ့ မှတ်စုစာအုပ်ကိုခေါက်နေတယ်, ဒါပေမယ့် မျက်နှာကတော့ အမူအရာကင်းမဲ့နေတုန်းပဲ: "ငါက ခိုင်မာတဲ့အချက်အလက်တစ်ခုကို ပြောပြရုံပဲ။ မင်းကဘာလို့ အဲ့လောက်စိတ်လှုပ်ရှားနေတာလဲ?"

တရှုန်းကြည့်ရတာ လေသီးသွားသလိုမျိုးပုံစံနဲ့ အလျင်အမြန်ပြန်ရှင်းပြတယ်: "မဟုတ်တာ၊ ကျွန်တော်က ကြောက်နေရုံပါပဲ။"

"မင်းအမှားမလုပ်ထားဘူးလေ ဘာကိုကြောက်နေတာလဲ?" ရဲအရာရှိက အလွန်တည်တင်းနေတဲ့ မျက်နှာထားနဲ့ဆက်ပြောသည်: "စိတ်ပူမနေနဲ့။ ငါတို့ရဲတွေက အမှူတိုင်းကို သက်သေနဲ့တကွ ကိုင်တွယ်တာချည်းပဲ, လူကောင်းကိုလဲမှားပြီးမစွပ်စွဲသလို လူဆိုးကိုလဲလွှတ်ပေးမှာမဟုတ်ဘူး "

ရှုန်းကျန်းက မလုံမလဲဖြစ်ပြီး, လက်ခံတဲ့ပုံစံနဲ့ ခေါင်းငြိမ့်ပြသည်: " ဟုတ်တယ်, ဟုတ်ပါတယ်, ရဲအရာရှိတို့က ကျွန်တော့်ကိုမတရားမလုပ်မှန်းယုံပြီးသားပါ။ ပြီးတော့ ယွီမိန်က ကျွန်တော့်အိမ်မှာရှိနေပါတယ်။ သူမကို သွားဖမ်းကြပါ။ အလွတ်မခံနဲ့"

ရဲအရာရှိက ဘာအမူအရာမှမပြဘဲ ဆက်မေးမြန်းသည်: "ယွီမိန်က မင်းအိမ်ကို မနေ့တည်းကလာတာ, ဘာလို့ရဲကိုအကြောင်းမကြားတာလဲ? ပြီးတော့ တစ်ရက်နောက်ကျပြီးမှ ရဲကိုတိုင်ကြားတယ်ပေါ့?"

"အစကတော့ ဘာဖြစ်နေမှန်း ကျွန်တော်နားမလည်ခဲ့ဘူးလေ။ ယွီမိန် ကျွန်တော့ကို အမှန်တိုင်းပြောဖို့ အချိန်အတော်ကြာသွားတာ။ အချိန်က အတော်လေးနောက်ကျနေပြီ, သူမငြိမ်နေအောင်လဲ လုပ်ရသေးတယ်။ ကျွန်တော်ရဲခေါ်လိုက်မှန်း သူမသိသွားပြီး ထွက်ပြေးအောင်လုပ်လို့မဖြစ်ဘူးမလား။ အကယ်လို့ အဲ့လိုဖြစ်သွားရင် ကျွန်တော် ကိုယ့်ဘာကို ရှင်းပြလို့ရမှာမဟုတ်တော့ဘူးလေနော်?" ရှုန်းကျန်းက ချောနေအောင်ပြန်ဖြေလာခဲ့တယ်, အထပ်ထပ်အခါခါလေ့ကျင့်ထားခဲ့သလိုမျိုး။

ရဲအရာရှိက သူ့မျက်ခွံကိုပင့်ပြီး ရှုန်းကျန်းကို စိုက်ကြည့်လာခဲ့ပြီး ဘာမှတော့မပြောပေ။ ရုတ်တရက် သူတို့ စခန်းအပြင်ကနေ မိန်းမတစ်ယောက်ရဲ့ စူးရှတဲ့အော်သံ ငိုသံတွေလို ဆူညံသံအကျယ်ကြီး ကြားလိုက်ရသည်။

—အဲ့တာကတော့ ယွီမိန်ကို ဖမ်းခေါ်လာနိုင်ခဲ့တဲ့ ရဲအရာရှိယောင်နဲ့ ကျန်တဲ့သူတွေပါပဲ။

အမြဲတမ်း မိတ်ကပ်အပြည့်လိမ်းပြီး အကောင်းတွေပဲဝတ်လေ့ရှိတဲ့ ယွီမိန်က အခုတော့ ဆံပင်စုတ်ဖွားနဲ့ ရဲသားနှစ်ယောက်ကြားမှာ အညှပ်ခံရပြီး ပါလာတယ်။ သူ့တို့နောက်မှာတော့ ကျန်းဖေးနဲ့ ရဲသားတစ်ယောက်က အထုတ်တစ်ထုတ်သယ်လာသည်။

ရဲစခန်းထဲမှာ ရှုန်းကျန်းကိုလည်းတွေ့ရော, ငိုနေတဲ့ ယွီမိန်က ချက်ချင်းတိတ်သွားသည်။ သူမ ချက်ချင်းသဘောပေါက်သွားပြီး ရဲတွေချုပ်ထားတာကနေ လွတ်အောင် စတင်ရုန်းကန်လာသည်။ စူးရှတဲ့အော်သံတစ်ခုက ချက်ချင်းပဲထွက်ပေါ်လာခဲ့သည်: " ရှုန်းကျန်း ဒီမျိုးမစစ်ကောင်, ဘောမပါတဲ့ကောင်။ နင်ငါ့ကို တကယ်ပဲသစ္စာဖောက်တယ်ပေါ့"

"ရဲအရာရှိတို့, ကျွန်မလဲတိုင်ကြားချင်ပါတယ်" ယွီမိန်က အရူးလိုမျိုး ရဲတွေလက်ထဲကထွက်ပြေးပြီး ရှုန်းကျန်း သူမရဲ့ လက်သည်းရှည်တွေနဲ့ ပြေးကုတ်တယ်။ ရှုန်းကျန်းက သူမကိုဆောင့်တွန်းလိုက်လို့ အရှိန်နဲ့လဲကျတာ ခုံစောင်းနဲ့ သူမနဖူးရိုက်မိတော့မလိုဖြစ်သွားသည်။

သူမက သူမရဲ့နဖူးကို လက်နဲ့အုပ်လိုက်ပြီး ရန်လိုတဲ့အမူအရာနဲ့: "ကျွန်မ ရှုန်းကျန်း ကို တိုင်ကြားချင်ပါတယ်။ ဝိုင်ယာကြိုးတွေလဲပြီး ကုန်းရီရှင် မတော်တဆမှုဖြစ်အောင် ကလိမ်ကကျစ်ကျတာသူပဲဖြစ်လိမ့်မယ်။ သူ ကုန်းရီရှင်ရဲ့ နေရာကိုလိုချင်လို့ လုပ်တာလေ။ ကျွန်မ တိုင်ကြားတယ်! ကျွန်မတိုင်ကြားတယ်လို့!"

ယွီမိန်က အရူးတစ်ယောက်လိုမျိုး သူ့မကိုယ်ကို ရဲသားဆီအတင်းပြေးကပ်ပြီး ရှုန်းကျန်းကို ပြင်းပြင်းထန်ထန်စွပ်စွဲလာခဲ့တယ်, သူ့ကိုမ သူမနဲ့အတူ သေတွင်းထဲဆွဲခေါ်သွားချင်နေသလိုမျိုး။

ယွီမိန်ရဲ့ တုံ့ပြန်မှုနဲ့ ယှဉ်လိုက်ရင် ရှုန်းကျန်းက အများကြီးပိုတည်ငြိမ်တယ်: "ယွီမိန်, ကိုယ်ပြောပြမယ်, သူများကို မဟုတ်ပဲနဲ့ မစွပ်စွဲရဘူး၊ ကုန်းရီရှင်ရဲ့ မတော်တဆမှုက ဒီတိုင်းမတော်တဆမှုပဲ။ အာမခံကုမ္ပဏီကတောင် မတော်တဆမှုအဖြစ်သတ်မှတ်ထားတယ်မဟုတ်ဘူးလား? မဟုတ်ရင် ကုန်းရီရှင်က ဘယ်လိုလုပ် နစ်နာကြေးရပါ့မလဲ? "

"မဟုတ်ဘူး!" စူးရှကျယ်လောင်တဲ့အသံက ရဲစခန်းထဲက မှန်ချပ်တွေအကုန်လုံးကို ခွဲပစ်ချင်နေပုံပဲ, ယွီမိန် က နီရဲနေတဲ့ မျက်ဝန်းနဲ့ ရှုန်းကျန်းကို လက်ညှိုးထိုးရင်း နှုတ်ခမ်းထက်ကနေ ကြိမ်းဝါးတဲ့လေသံနဲ့: "နင်လုပ်တာ။ နင်လုပ်တာပဲဖြစ်မှာပေါ့၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်တိုက်ဆိုင်နေမှာလဲ, ကုန်းရီရှင်က လူရွေးပွဲသွားဖြေမယ်လို့ ပြောပြီး လဝက်မှာပဲ မတော်တဆမှုဖြစ်တာလေ။ ပြီးတော့ သူနင်နဲ့ တစ်ဖွဲ့ထဲကျတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ ဖြစ်သွားတယ်ပေါ့, နင်မှမဟုတ်ရင် ဘယ်သူကလုပ်မှာလဲ?"

"လျှောက်ပြောမနေနဲ့? ရဲတွေက သက်သေနဲ့ပဲအလုပ်လုပ်ကြတာ" ရှုန်းကျန်းက ပြောရင်း ရဲတွေဘက်ကို ယုံကြည်မှုအပြည့်နဲ့ကြည့်လာခဲ့သည်: "ရဲအရာရှိတွေအနေနဲ့, ကျွန်တော့်ကိုမယုံဘူးဆိုရင်, စုံစမ်းကြည့်လို့ရပါတယ်၊ ကုန်းရီရှင်ရဲ့ မတော်တဆမှုက တကယ်ပဲ ကျွန်တော်နဲ့ဘာမှမဆိုင်တာပါ၊ ဒါက သူ့ဟာသူ ကံဆိုးသွားရုံပဲ၊ ရုပ်ရှင်ရိုက်ကူးနေတုန်း သူက ဝိုင်ယာကြိုးအဟောင်းပြတ်ကျတာနဲ့ ကြုံသွားတယ်၊ ကျွန်တော်တို့ စတန့်လူစားထိုး နယ်ပယ်မှာ ဒါမျိုးကိစ္စက ဖြစ်လေ့ရှိတာမဟုတ်ပေမယ့် ထူးဆန်းတာမျိုးလဲမဟုတ်ဘူးလေ။ နဂိုထဲက ကိုယ်ခံပညာ လူစားထိုးအလုပ်က အန္တရာယ်များလို့ မတော်တဆမှုတွေ မကြာခဏဖြစ်နေတာ။ အထူးသဖြင့် စတန့်သမားတွေအတွက်ပေါ့"

"ကျွန်တော့်ကိုမယုံလဲ, ဆက်ပြီး စုံစမ်းစစ်ဆေးကြည့်လိုက်ပါဗျာ"

***

[Zawgyi]
ျပန္လည္ေမြးဖြားလာေသာ အေျမႇာက္စာဇာတ္ေကာင္ေလး
အပိုင္း ၀၄၃ ။ အျပန္အလွန္တိုင္ၾကားျခင္း

ထိုစကားကိုေျပာလိုက္ၿပီးသည္ႏွင့္ ရဲစခန္းတစ္ခုလုံး တိတ္ဆိတ္သြားခဲ့သည္။
အထူးသျဖင့္ အမႈကိုင္တြယ္ရာမွာ ဝါရင့္ေနၾကၿပီျဖစ္တဲ့ လုပ္သက္ရင့္ရဲသားမ်ားပင္။

ဒါေပါ့, ဒီလိုကိစၥမ်ိဳးဆိုတာ ခန္႔မွန္းေနလို႔အလကားပဲေလ၊ ဒါေၾကာင့္ ရဲေတြက နဂါးပုံေဆးမင္ေၾကာင္နဲ႔ညီအစ္ကိုေျပာထားတဲ့ သဲလြန္စေတြအေပၚ အေျခခံၿပီး ေငြပမာဏအေျမာက္အျမားနဲ႔ထြက္ေျပးသြားတဲ့ ယြီမိန္ကို ဖမ္းဆီးဖို႔ လက္နက္ကိုင္တပ္ဖြဲ႕ကို ခ်က္ခ်င္းေစလႊတ္လိုက္ေတာ့သည္။

ဆက္စပ္ေနတဲ့ သဲလြန္စေတြေၾကာင့္, ေနာက္တစ္ႀကိမ္ထပ္ၿပီး သတင္းေပးသူျဖစ္လာတဲ့, နဂါးပုံေဆးမင္ေၾကာင္နဲ႔ညီေနာင္လည္း ရဲကားထဲလိုက္ဝင္ရသည္။ က်န္တဲ့လူေတြကို လမ္းျပဖို႔အတြက္ တာဝန္ရွိသူမ်ားအျဖစ္ လိုက္ပါရေလသည္။။ ကားထဲမဝင္ခင္ နဂါးပုံ ေဆးမင္ေၾကာင္နဲ႔ညီေနာင္က ရဲစခန္းထဲမွာ ဝင့္ႂကြားစြာေျပာလာခဲ့တယ္: "ရဲေဘာ္တို႔ စိတ္မပူၾကပါနဲ႔၊ ကြၽန္ေတာ္ဒီကိုလာေတာ့ ေအာက္ထပ္မွာေစာင့္ၾကည့္ေနဖို႔ လူေတြလႊတ္ထားခဲ့ၿပီးပါၿပီ၊ အဲ့မိန္းကေလး ဘယ္လိုနည္းနဲ႔မွထြက္ေျပးႏိုင္မွာမဟုတ္ဘူး။"

ရဲေတြက သေဘာက်သြားသည္: "မင္းက ေနာက္ေယာင္ခံလိုက္တာမ်ိဳးလဲ သိတာပဲလားကြ"

"ဒါေပါ့" နဂါးတက္တူးနဲ႔ ညီေနာင္က သူ႔ရင္ဘက္ကိုပုတ္လိုက္ရင္း: "ကြၽန္ေတာ္တို႔မွာ အရင္ထဲက မေကာင္းတဲ့ေကာင္ေတြကို လိုက္ဖမ္းခဲ့တဲ့ အေတြ႕အႀကဳံရွိေနတာပဲေလ" ဟုေျပာလာခဲ့သည္။

ေထာင္မု နဂါးတက္တူးနဲ႔ညီေနာင္ကိုၾကည့္လိုက္ေတာ့ အရင္က ထမင္းဝိုင္းမွာ သူ႔ရဲ႕ဟင္းခ်က္လက္ရာေၾကာင့္ အခ်ီးက်ဴးခံခဲ့ရၿပီး လူအိုႀကီးစုန႔္ကို ဘိုးေဘးအျဖစ္မွတ္ယူထားခ်င္တဲ့လူမွန္း သိရွိသြားသည္။ အရင္က ယြင္ေသာ္ရဲ႕ အမႈအတြက္ လုံမန္တည္းခိုခန္းမွာ သြားစုံစမ္းေတာ့လည္း သူကပဲ အရင္ဆုံး သဲလြန္စေတြကိုရွာေတြ႕ခဲ့တာေၾကာင့္ ရဲေတြကို ၿမိဳ႕ျပင္က လူေနတဲ့ပုံ အေယာင္ျပထားတဲ့ဝင္းဆီေခၚသြားၿပီး လူကုန္ကူးသမားေတြကို အခ်ိန္မွီဖမ္းမိေစႏိုင္ခဲ့တာျဖစ္သည္။

ဒီလူအေတာ္ေလး အရည္အခ်င္းရွိမွန္း ေထာင္မုသိရွိသြားၿပီ! ဒါေပမယ့္ ဒီေလာက္ေတာ္တဲ့လူက ဘာလို႔စားဖိုမႉးလုပ္ေနရတာတုန္း! ႏွေျမာဖို႔ေကာင္းခ်က္! ေဖ်ာ္ေျဖေရးနယ္ဖယ္မွာပဲ စိတ္ႏွစ္ၿပီး ကိုယ္တိုင္နာမည္ႀကီးလာေအာင္လုပ္လိုက္သင့္တာကို!

ေထာင္မုသူ႔ရဲ႕ FlyNewsဝဘ္ဆိုဒ္ကို သတိရသြားတယ္, ၿပီးေတာ့ အနာဂါတ္မွာ သူကက်ိန္းေသေပါက္ကို FlyNews ေဖ်ာ္ေျဖေရးဌာနကို တည္ေထာင္ေတာ့မွာ၊ သူ နဂါးတက္တူးနဲ႔ ညီေနာင္ကို ထပ္ၾကည့္လိုက္ခ်ိန္မွာေတာ့ စကၡဳအာ႐ုံအလင္းပြင့္သြားတယ္လို႔ေတာင္ ခံစားမိသြားသည္။

ဒီတစ္ခါဖမ္းဆီးမႈက အရင္တစ္ခါကနဲ႔ခက္ခဲတဲ့ပုံျခင္းမတူတာေၾကာင့္ ေထာင္မုနဲ႔ က်န္တဲ့အုပ္စုက လိုက္သြားဖို႔မလိုဘဲ စခန္းမွာက်န္ခဲ့ၿပီး အေျခအေနကိုနားစြင့္ေနေနရသည္။ အဲ့အခ်ိန္အတြင္း ေထာင္မုက နဂါးတက္တူးနဲ႔ညီေနာင္အေၾကာင္း ခ်င္းေျမာင္႐ူကို ေမးျမန္းေနခဲ့သည္။ ခ်င္းေျမာင္႐ူကေတာ့ ေထာင္မု ဘာေမးေမး တက္တက္ႂကြႂကြပဲေျဖတတ္တာေၾကာင့္, ခ်က္ခ်င္းပဲ, "မင္း တေဖးကိုေျပာတာမလား! ငါသိရသေလာက္ေတာ့ သူငယ္ငယ္က သူ႔အေမကေန သူ႔အေဖ ဘယ္သူငယ္ခ်င္းအိမ္သြားၿပီး ပိုက္ဆံသြားေလာင္းလဲဆိုတာကို တိတ္တိတ္ေလးလိုက္ေခ်ာင္းခိုင္းတာတဲ့, သူ႔အေဖ ဘယ္မိန္းမနဲ႔ အေပ်ာ္သြားရွာေနလဲဆိုတာေတြေရာပဲ။ ႏွစ္ေတြၾကာေတာ့, သူလဲ အေတြ႕အႀကဳံအမ်ားႀကီး ရလာေရာပဲ၊ သူအရင္က သက္ေတာ္ေစာင့္လဲလုပ္ဖူးေသးတယ္။ ဒါေပမယ့္ သူကပါးစပ္ဖြာတာရယ္, သူ႔သူေဌးအေၾကာင္းကို တခ်ိန္လုံးအတင္းေျပာခ်င္ေနတာရယ္ဆိုေတာ့, ေနာက္ဆုံအလုပ္ထုတ္ခံရေရာပဲ"

“ဒါေပမယ့္လည္း, က်န္းေဖးကိုယ္တိုက္ကလဲ အလုပ္ထြက္ခ်င္ေနခဲ့တာပါ၊ အဲ့တာေၾကာင့္ သူ႔ကို သူေဌးကအလုပ္ထုတ္ႏိုင္ေလာက္မယ့္ ကိစၥကိုတမင္တကာလုပ္လိုက္တာေလ၊ သူေျပာတဲ့စကားေတြအရဆို, သူ႔အရင္အလုပ္ရွင္က ေကာင္းတဲ့လူမဟုတ္ဘူးတဲ့, ၿပီးေတာ့ သူကလဲ လူဆိုးကို မေကာင္းတာေတြလုပ္ဖို႔ မကူညီခ်င္— မျမင္ရေတာ့ရင္, အေတြးထဲလဲရွိေတာ့မွာမွမဟုတ္တာ”

ေထာင္မုတစ္ေယာက္ က်န္းေဖးရဲ႕ နာမည္လည္းၾကားလိုက္ေရာ ပိုေတာင္ သေဘာက်သြားၿပီး, ဒီလူက လူကိုယ္တိုင္တင္မဟုတ္ နာမည္ကလည္း အရမ္းစိတ္ဝင္စားဖို႔ေကာင္းတာပဲလို႔ ေတြးမိသြားသည္။

ေထာင္မုက က်န္းေဖးအေၾကာင္းစဥ္းစားေနရင္း အရာရွိေယာင္နဲ႔ က်န္တဲ့လူေတြျပန္လာဖို႔ကို ေစာင့္ေနခဲ့သည္။ ဒါေပမယ့္ ရဲေတြေရာက္မလာခင္, တျခားသူတစ္ေယာက္က တိုင္ၾကားဖို႔ဝင္လာခဲ့၏။

အဲ့လူက သူ႔နာမည္ကိုေျပာလိုက္တာနဲ႔, အကုန္လုံးက ဒီလူဟာ က်န္းေဖး ေျပာထားတဲ့ 'တရႈန္း'ဆိုတဲ့သူမွန္းကို သိရွိသြားၿပီ အလြန္အံ့ဩကုန္ၾကသည္။

ဒါဘယ္လိုအေျခအေနလဲ?

တစ္ဖြဲ႕လုံး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကုန္ၾကသည္, ႐ုတ္တရက္ႀကီး ရႈပ္ယွက္ခက္သြားသလိုပင္။

ေထာင္မုနဲ႔ တျခား အေတြ႕အႀကဳံရင့္ ရဲလုပ္သားေဟာင္းေတြကေတာ့ တရႈန္းကိုရဲ႕ ရည္႐ြယ္ခ်က္ကို ရိပ္ဖမ္းသံဖမ္းရွိၾကသည္။

ရဲဦးေလးႀကီးတစ္ေယာက္က ကြၽမ္းက်င္စြာပဲ မွတ္စုစာအုပ္ထုတ္ၿပီး သူ႔ရဲ႕ထြက္ဆိုခ်က္ေတြကို မွတ္သားထားဖို႔လုပ္တယ္။

တရႈန္းရဲ႕ နာမည္အရင္းက ရႈန္းက်န္းျဖစ္ၿပီး သူလဲ ကုန္းရီရွင္လိုပဲ တိုက္ခိုက္ေရးခန္းလူစားထိုးတစ္ေယာက္ျဖစ္သည္။ 'Hၿမိဳ႕ရဲ႕ စတူဒီယို ၿမိဳ႕ေတာ္မွာ အခ်ိန္အၾကာႀကီးအလုပ္လုပ္ခဲ့တာေၾကာင့္ အဆက္အသြယ္ေကာင္းေကာင္းေတြ ရွိလာၿပီး အခုဆို အရံ လူစားထိုးအဖြဲ႕ေလးတစ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္ေတာင္ျဖစ္ေနၿပီ။

သူေျပာပုံအရေတာ့, သူနဲ႔ ယြီမိန္က လြန္ခဲ့တဲ့ႏွစ္ႏွစ္ ေႏြရာသီတုန္းကေတြ႕ခဲ့ၾကတာ၊ အဲ့အခ်ိန္က, သူတို႔ႏွစ္ေယာက္လုံး အဖြဲ႕တစ္ခုရဲ႕ အေထြေထြမန္ေနဂ်ာစီစဥ္ေပးထားတဲ့ ညစာပါတီပြဲကို တက္ေရာက္ခဲ့ၾကျခင္းျဖစ့သည္။

"...ညစာစားပြဲလို႔သာေျပာေနေပမယ့္, တကယ့္ရည္႐ြယ္ခ်က္အမွန္ကို လူတိုင္းသိေနၾကတာပဲေလ၊ ဒီလို ေတြ႕ဆုံပြဲမ်ိဳးဆိုတာ ဟိုလိုဆက္ဆံေရးေတြပါေနတာပဲ၊ အေထြေထြမန္ေနဂ်ာကေတာ့ အဖြဲ႕ထဲကသူ႔ရဲ႕သက္ေရာက္ႏိုင္စြမ္းကို သုံးၿပီး အမ်ိဳးသမီးသ႐ုပ္ေဆာင္ေတြဆီက လိင္ပိုင္းဆိုင္ရာသာယာမႈေတြ ရႏိုင္ေအာင္လုပ္တာေပါ့၊ အဲ့မွာ မီးအလင္းအေမွာင္ခ်ိန္ေပးတဲ့လူေတြ ႐ိုက္ကူးေရးသမားေတြလည္း ရွိေနခဲ့ေသးတယ္။ တစ္ခ်ိဳ႕ ခပ္လွလွအမ်ိဳးသမီးသ႐ုပ္ေဆာင္ေတြကလည္း ႐ိုက္ကူးေရးလုပ္ရင္ သူ႔တို႔အခန္းေတြမွာ စာသားေတြပိုထည့္ႏိုင္ဖို႔အတြက္ ဒါမွမဟုတ္လဲ ကင္မရာသမားက သူတို႔ကို ပိုၾကည့္ေကာင္းတဲ့ ရႈေထာင့္ေတြကေန႐ိုက္ကူးေပးေအာင္ အေထြေထြမန္ေနဂ်ာကို စုပ္လ်က္ေပးၾကဖို႔ စိတ္အားထက္သန္ေနၾကတာ။ အကုန္လုံးက ကိုယ့္စိတ္နဲ႔ကိုယ္လုပ္ၾကတဲ့သူခ်ည္းပဲ၊ ယြီမိန္က အဲ့လိုပြဲမ်ိဳးကို မၾကာခဏသြားတတ္တယ္"

ရႈန္းက်န္းက ယြီမိန္ရဲ႕ အတြင္းစ႐ိုက္ကို အျဖဴအမည္းသဲကြဲေအာင္ေဖာ္ျပရင္းနဲ႔ ဝန္ခံလာသည္: "...သူမက ေကာင္းေကာင္းလဲေသာက္ႏိုင္ၿပီး ဘယ္သူနဲ႔မဆိုေပ်ာ္ပါးႏိုင္တယ္။ အဲ့တာေၾကာင့္ အခ်ိန္နည္းနည္းၾကေတာ့ ကြၽန္ေတာ္တို႔တြဲျဖစ္သြားတယ္၊ အဲ့ေနာက္ပိုင္း, ကြၽန္ေတာ္သူမကို စာသားေျပာစရာပါတဲ့ သ႐ုပ္ေဆာင္ခန္းေတြနဲ႔ မၾကာခဏခ်ိတ္ေပးေလ့ရွိတယ္"

"ဒါျဖင့္ ယြီမိန္နဲ႔ ကုန္းရီရွင္တို႔ တြဲေနတာလဲ မင္းသိတယ္မလား?" ရႈန္းက်န္းေျပာတာကိုၾကားၿပီးေတာ့ တာဝန္က်ရဲသားက ခ်က္ခ်င္းသူ႔စကားကို ျဖတ္ေျပာလိုက္သည္။

"သိပါတယ္" ရႈန္းက်န္းက ေခါင္းငိုက္ခ်ထားျခင္းျဖစ္သည္။ ၿပီးမွ ေခါင္းကိုျပန္ေမာ့လာၿပီး ရဲသားကို ခပ္ေထ့ေထ့ၾကည့္ရင္း ျပန္ေျဖလာသည္: " ဒါေပမယ့္ ဒါက ဥပေဒေဖာက္ဖ်က္ေနတာမဟုတ္ဘူးေလ, ေနာ္? ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး လက္ထပ္ထားတာမွမဟုတ္တာ၊ ၿပီးေတာ့, အရင္လာအပိုင္ဖမ္းတာက ယြီမိန္ပဲေလ။"

ရဲသားက ဒီအျဖစ္အပ်က္အေပၚ ဘာမွတ္ခ်က္မွမေပးပဲ ေခါင္းၿငိမ့္ျပၿပီး မင္ေသေသ အသံနဲ႔ေျပာလိုက္တယ္, "ဆက္ေျပာပါဦး"

ရႈန္းက်န္းက ရဲသားကို အနည္းငယ္ပူပန္စြာနဲ႔ လွမ္းၾကည့္လိုက္သည္။ သို႔ေပမဲ့ ရဲအရာရွိက ဘာမွမေျပာသလို ဘယ္လိုအမူအရာမွ်မျပခဲ့ေပ။ ရႈန္းက်န္းက ပိုၿပီးေတာင္ စိတ္ကေယာက္ကယက္ျဖစ္လာၿပီ။

သူ႐ိုး႐ိုးသားသားဝန္ခံလာတယ္: "ေျပာရရင္, ကြၽန္ေတာ္တို႔ အသိုင္းအဝိုင္းကလူေတြက ဒီလိုပဲေလ၊ ကြၽန္ေတာ္နဲ႔ ယြီမိန္ဆိုလဲ ဒီႏွစ္ႏွစ္အတြင္း တြဲလိုက္ျပတ္လိုက္ျဖစ္ေနခဲ့တာ...သူမလူက သူမကိုအတင္းထိန္းခ်ဳပ္ထားတာ ၿပီးေတာ့ သူမအျပင္သြားတာကိုလဲမႀကိဳက္ဘူးေလ။ ယြီမိန္ကလဲ သူမခ်စ္သူက ဘာအရည္အခ်င္းမွမရွိဘဲနဲ႔ သူမကို တစ္ခ်ိန္လုံး ဆရာလိုက္လုပ္ေနတယ္ဆိုၿပီး တစ္ခ်ိန္လုံးညည္းေနတာ။ သူမ ခ်စ္သူနဲ႔လမ္းခြဲၿပီး ကြၽန္ေတာ္နဲ႔ေနခ်င္တယ္တဲ့။ က်ိန္းေသေပါက္ ကြၽန္ေတာ္ဂ႐ုစိုက္မေနပါဘူး။ ယြီမိန္က တကယ္လဲ လွတယ္ေလ။ သူမလို ခ်စ္သူမ်ိဳးကိုေတာ့ ကြၽန္ေတာ္လဲ လက္မလႊတ္ႏိုင္ဘူးေပါ့၊ ဒါေပမယ့္ ေနာက္ပိုင္းက်ေတာ့, သူမ ႐ုတ္တရက္ႀကီး လမ္းခြဲဖို႔ကိစၥကို ဆက္မေျပာေတာ့ဘူး, ကြၽန္ေတာ့္ကိုလည္း ထပ္မေတြ႕ဖို႔ေျပာတယ္, သူမက သူ႔ခ်စ္သူနဲ႔လက္ထပ္ေတာ့မွာမို႔လို႔တဲ့။ ကြၽန္ေတာ့္အတြက္ သိပ္ေတာ့လည္းကိစၥမရွိပါဘူး။ ဒါေပမယ့္ ဆက္ျဖစ္လာတဲ့ကိစၥကေတာ့ တကယ္မေမွ်ာ့္လင့္ထားမိတာပဲ၊ မေန႔ ေနလယ္က သူမကြၽန္ေတာ့္အိမ္ကို ယြမ္တစ္သန္းေလာက္ရွိတဲ့ အိတ္ႀကီးသယ္ၿပီးေရာက္လာတယ္ေလ၊ ကြၽန္ေတာ္ တကယ္လန္႔သြားတာ၊ ဘာကိစၥေတြျဖစ္ေနတာလဲလို႔ သူမကိုေမးၾကည့္ေတာ့..."

"သူမေျပာတာက ဒီပိုက္ဆံေတြကို အာမခံကုမၸဏီက သူမခ်စ္သူရဲ႕ မေတာ္တဆမႈအတြက္ေပးတာ။ သူမခ်စ္သူကေတာ့ အသက္ရွင္ႏိုင္မွာမဟုတ္ဘူး၊ ဆရာဝန္ကေတာင္ ခြဲစိတ္မႈေအာင္ျမင္လည္း ေအာက္ပိုင္းေသႏိုင္ေခ်အရမ္းမ်ားတယ္လို႔ေျပာထားတယ္တဲ့။ သူမခ်စ္သူနဲ႔ လမ္းခြဲခ်င္တယ္ ၿပီးေတာ့ အဲ့ယြမ္တစ္သန္းကလည္း သူမ သူနဲ႔အတူရွိေနခ်ိန္အတြင္း ကုန္ဆုံးသြားတဲ့ သူမရဲ႕ ငယ္႐ြယ္မႈအတြက္ ေလ်ာ္ေၾကးပဲလို႔ေျပာလာတယ္၊ သူမရဲ႕ လမ္းခြဲေၾကးေပါ့ဗ်ာ။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ လိမ္ေနတယ္လို႔ပဲထင္တာေပါ့! သူမရဲ႕ ခ်စ္သူက အခုထိ ေဆး႐ုံေပၚမွာလွဲေလ်ာင္းေနတုန္းပဲေလ..."

စိတ္လႈပ္ရွားလြန္းလို႔ ရႈန္းက်န္းတစ္ေယာက္ လည္ပင္းေတြပါနီကုန္တယ္, အရမ္း႐ိုးသားၿပီး တာဝန္သိစိတ္ရွိတဲ့ပုံနဲ႔: "ကြၽန္ေတာ္ အရမ္းေၾကာက္လန္႔သြားၿပီး ဒါက မွားယြင္းေနမွန္းခံစားမိတယ္၊ ဒါေၾကာင့္ ဒီကိုလာခဲ့တာပါ။ ရဲအရာရွိက ကြၽန္ေတာ့္ကို ယုံေပးမွျဖစ္ပါမယ္။ သူတို႔ဆက္ဆံေရးကို ၾကားဝင္ခဲ့တာက ကြၽန္ေတာ့္အမွားမွန္းသိေပမယ့္ေလ ကြၽန္ေတာ္က တကယ့္ကို ဥေပေဒလိုက္နာတဲ့ ႏိုင္ငံသားတစ္ေယာက္ပါ၊ ဥပေဒနဲ႔ၿငိစြန္းတဲ့အလုပ္မ်ိဳးလုံးဝမလုပ္ပါဘူး။ ယြီမိန္ က စာနာစိတ္ကင္းမဲ့တဲ့မိန္းမတစ္ေယာက္။ ခင္ဗ်ားပဲေျပာၾကည့္, သူမနဲ႔ အဲ့လူ ႏွစ္ေတြအမ်ားႀကီး အတူတူရွိခဲ့တာ, ဇနီးေမာင္ႏွံနီပါးပဲ။ ဒါေပမယ့္ ဒီလိုအေရးႀကီးတဲ့အခ်ိန္မွာေတာင္ သူမခ်စ္သူရဲ႕ ေဆးကုသမႈစရိတ္ကို ယူၿပီးထြက္ေျပးလာတာေလ။ ဒါက ကုန္းရီရွင္ကို ေသေစခ်င္ေနတာနဲ႔ အတူတူပဲမဟုတ္ဘူးလား!"

ရႈန္းက်န္းက အရမ္းပြင့္လင္းၿပီး စိတ္အားထန္သန္တဲ့ပုံေပၚေနလို႔လားပဲ, ခ်င္းေျမာင္႐ူနဲ႔ က်န္တဲ့လူေတြအပါအဝင္, စခန္းတစ္လုံး ဒီကိစၥက ရႈန္းက်န္းနဲ႔ ဘာမွမဆိုင္ဘူးလို႔ခံစားမိၾကသည္။ သူမ်ားသမီးရည္းစားၾကားထဲ ဝင္ဖ်က္တတ္တဲ့ သူ႔ရဲ႕ ကိုယ္က်င့္တရားက ေကာင္းမေနေပမယ့္လို႔ေပါ့။ ဒါေပမယ့္ သူက ဥပေဒနဲ႔ ၿငိႏိုင္မယ့္ကိစၥေတြ လုပ္ႏိုင္မယ္လို႔ေတာ့ မထင္ရဘူး။

ဒါေပမယ့္ ေထာင္မုက ရႈန္းက်န္းရဲ႕ မ်က္ႏွာအမူအရာကို အကဲခတ္လိုက္ေတာ့ မတတ္ႏိုင္ဘဲ တစ္ခုခုက မွားေနၿပီလို႔ ခံစားမိသြားသည္။

ဝန္ခံခ်က္အတြက္ တာဝန္ရွိတဲ့ရဲသားက ေမာ့မၾကည့္ဘဲ ဆက္ေမးတယ္: "မင္း ကုန္းရီရွင္ကို သိလား?"

ရႈန္းက်န္းက စိတ္ညစ္သလိုနဲ႔ ေခါင္းၿငိမ္ျပတယ္: "သိပါတယ္၊ Hၿမိဳ႕ဆိုတာ ေနရာသာက်ယ္တာေလ, ကြၽန္ေတာ္ေတြအကုန္ တိုက္ခိုက္ခန္းလူစားထိုးေတြပဲဟာ။ ဘယ္လိုလုပ္မသိဘဲေနပါ့မလဲ? ဒီတိုင္း ရင္းရင္းႏွီးႏွီးရွိမေန႐ုံပါပဲ"

ဝါရင့္ ရဲအရာရွိေတြ အခ်င္းခ်င္းၾကည့္ၿပီး ၿပဳံးမိသြားသည္။ အစကေတာ့, ရႈန္းက်န္းရဲ႕ စကားေတြက ဘာမွမမွားသလိုပဲ။ ဒါေပမယ့္ ကုန္းရီရွင္က ယြီမိန္ရဲ႕ ခ်စ္သူဆိုတာကို သူထည့္ေျပာမသြားဘူး။ စုံတြဲတစ္တြဲၾကား ၾကာကူလီဝင္လုပ္ထားတဲ့ အ႐ြယ္ေရာက္ၿပီးသားလူတစ္ေယာက္အေနနဲ႔, ရႈန္းက်န္းက ကုန္းရီရွင္ဘယ္သူမွန္း မသိစရာအေၾကာင္းမရွိေပ။ ဒါေပမယ့္ သူ႔ဝန္ခံခ်က္ကို ဖြင့္ေျပာေနတုန္းက သူ႔မသိစိတ္ကေန သူနဲ႔ ကုန္းရီရွင္ ၾကားမွာ အကြာအေဝးတစ္ခုထားခ်င္ေနခဲ့တာ။

ဒါေၾကာင့္ ရဲေတြက မတတ္ႏိုင္တဲ့အဆုံး ပိုၿပီးအာ႐ုံစိုက္မိကုန္ၾကသည္။ ရႈန္းက်န္းက ယြီမိန္ကို တိုင္ၾကားဖို႔ ရဲစခန္းကိုေရာက္လာတာေလ။ ၿပီးေတာ့ ကုန္းရီရွင္အေပၚကိုေတာင္ က႐ုဏာသက္ျပေနေသးတာ။ ဒါျဖင့္ ဘာလို႔မ်ား သူနဲ႔ ကုန္းရီရွင္ၾကားမွာ အကြားအေဝးတစ္ခုထားခ်င္ေနရတာလဲ?"

"ငါတို႔သိရသေလာက္ေတာ့, မင္းနဲ႔ ကုန္းရီရွင္ၾကားမွာ ျပႆနာေတြရွိခဲ့တယ္ဆို။ ၿပီးေတာ့ ဒီတစ္ေခါက္ ကုန္းရီရွင္ မေတာ္တဆမႈၿပီးေတာ့, သူ႔ေနရာကို မင္းရလိုက္တယ္တဲ့"

တရႈန္းရဲ႕ အမူအရာကေျပာင္းလဲသြားေတာ့သည္ " ရဲအရာရွိတို႔, ဘာကိုဆိုလိုခ်င္တာလဲ? ကြၽန္ေတာ္တစ္ခုခုလုပ္ခဲ့တယ္လို႔ သံသယဝင္ေနတာလား? ဒါကေတာ့ မတရားတာပဲ။ အရာရွိတို႔ကို ကြၽန္ေတာ္ေျပာမယ္, အမႈတစ္ခုကို ကိုယ္တြယ္နဲ႔အခါ သက္ေသေတြကိုပဲ အာ႐ုံစိုက္ရမွာေပါ့။ ဘယ္လိုလုပ္ၿပီး သက္ေသမရွိဘဲ ကြၽန္ေတာ့္ကို သံသယျဖစ္ရတာလဲ?"

"စိတ္ေလွ်ာ့ထားပါ။ ဘယ္သူကသံသယျဖစ္ေနလို႔လဲ" ဝန္ခံခ်က္အတြက္ တာဝန္က်တဲ့ရဲအရာရွိက ေဘာပင္နဲ႔ မွတ္စုစာအုပ္ကိုေခါက္ေနတယ္, ဒါေပမယ့္ မ်က္ႏွာကေတာ့ အမူအရာကင္းမဲ့ေနတုန္းပဲ: "ငါက ခိုင္မာတဲ့အခ်က္အလက္တစ္ခုကို ေျပာျပ႐ုံပဲ။ မင္းကဘာလို႔ အဲ့ေလာက္စိတ္လႈပ္ရွားေနတာလဲ?"

တရႈန္းၾကည့္ရတာ ေလသီးသြားသလိုမ်ိဳးပုံစံနဲ႔ အလ်င္အျမန္ျပန္ရွင္းျပတယ္: "မဟုတ္တာ၊ ကြၽန္ေတာ္က ေၾကာက္ေန႐ုံပါပဲ။"

"မင္းအမွားမလုပ္ထားဘူးေလ ဘာကိုေၾကာက္ေနတာလဲ?" ရဲအရာရွိက အလြန္တည္တင္းေနတဲ့ မ်က္ႏွာထားနဲ႔ဆက္ေျပာသည္: "စိတ္ပူမေနနဲ႔။ ငါတို႔ရဲေတြက အမႉတိုင္းကို သက္ေသနဲ႔တကြ ကိုင္တြယ္တာခ်ည္းပဲ, လူေကာင္းကိုလဲမွားၿပီးမစြပ္စြဲသလို လူဆိုးကိုလဲလႊတ္ေပးမွာမဟုတ္ဘူး "

ရႈန္းက်န္းက မလုံမလဲျဖစ္ၿပီး, လက္ခံတဲ့ပုံစံနဲ႔ ေခါင္းၿငိမ့္ျပသည္: " ဟုတ္တယ္, ဟုတ္ပါတယ္, ရဲအရာရွိတို႔က ကြၽန္ေတာ့္ကိုမတရားမလုပ္မွန္းယုံၿပီးသားပါ။ ၿပီးေတာ့ ယြီမိန္က ကြၽန္ေတာ့္အိမ္မွာရွိေနပါတယ္။ သူမကို သြားဖမ္းၾကပါ။ အလြတ္မခံနဲ႔"

ရဲအရာရွိက ဘာအမူအရာမွမျပဘဲ ဆက္ေမးျမန္းသည္: "ယြီမိန္က မင္းအိမ္ကို မေန႔တည္းကလာတာ, ဘာလို႔ရဲကိုအေၾကာင္းမၾကားတာလဲ? ၿပီးေတာ့ တစ္ရက္ေနာက္က်ၿပီးမွ ရဲကိုတိုင္ၾကားတယ္ေပါ့?"

"အစကေတာ့ ဘာျဖစ္ေနမွန္း ကြၽန္ေတာ္နားမလည္ခဲ့ဘူးေလ။ ယြီမိန္ ကြၽန္ေတာ့ကို အမွန္တိုင္းေျပာဖို႔ အခ်ိန္အေတာ္ၾကာသြားတာ။ အခ်ိန္က အေတာ္ေလးေနာက္က်ေနၿပီ, သူမၿငိမ္ေနေအာင္လဲ လုပ္ရေသးတယ္။ ကြၽန္ေတာ္ရဲေခၚလိုက္မွန္း သူမသိသြားၿပီး ထြက္ေျပးေအာင္လုပ္လို႔မျဖစ္ဘူးမလား။ အကယ္လို႔ အဲ့လိုျဖစ္သြားရင္ ကြၽန္ေတာ္ ကိုယ့္ဘာကို ရွင္းျပလို႔ရမွာမဟုတ္ေတာ့ဘူးေလေနာ္?" ရႈန္းက်န္းက ေခ်ာေနေအာင္ျပန္ေျဖလာခဲ့တယ္, အထပ္ထပ္အခါခါေလ့က်င့္ထားခဲ့သလိုမ်ိဳး။

ရဲအရာရွိက သူ႔မ်က္ခြံကိုပင့္ၿပီး ရႈန္းက်န္းကို စိုက္ၾကည့္လာခဲ့ၿပီး ဘာမွေတာ့မေျပာေပ။ ႐ုတ္တရက္ သူတို႔ စခန္းအျပင္ကေန မိန္းမတစ္ေယာက္ရဲ႕ စူးရွတဲ့ေအာ္သံ ငိုသံေတြလို ဆူညံသံအက်ယ္ႀကီး ၾကားလိုက္ရသည္။

—အဲ့တာကေတာ့ ယြီမိန္ကို ဖမ္းေခၚလာႏိုင္ခဲ့တဲ့ ရဲအရာရွိေယာင္နဲ႔ က်န္တဲ့သူေတြပါပဲ။

အၿမဲတမ္း မိတ္ကပ္အျပည့္လိမ္းၿပီး အေကာင္းေတြပဲဝတ္ေလ့ရွိတဲ့ ယြီမိန္က အခုေတာ့ ဆံပင္စုတ္ဖြားနဲ႔ ရဲသားႏွစ္ေယာက္ၾကားမွာ အညႇပ္ခံရၿပီး ပါလာတယ္။ သူ႔တို႔ေနာက္မွာေတာ့ က်န္းေဖးနဲ႔ ရဲသားတစ္ေယာက္က အထုတ္တစ္ထုတ္သယ္လာသည္။

ရဲစခန္းထဲမွာ ရႈန္းက်န္းကိုလည္းေတြ႕ေရာ, ငိုေနတဲ့ ယြီမိန္က ခ်က္ခ်င္းတိတ္သြားသည္။ သူမ ခ်က္ခ်င္းသေဘာေပါက္သြားၿပီး ရဲေတြခ်ဳပ္ထားတာကေန လြတ္ေအာင္ စတင္႐ုန္းကန္လာသည္။ စူးရွတဲ့ေအာ္သံတစ္ခုက ခ်က္ခ်င္းပဲထြက္ေပၚလာခဲ့သည္: " ရႈန္းက်န္း ဒီမ်ိဳးမစစ္ေကာင္, ေဘာမပါတဲ့ေကာင္။ နင္ငါ့ကို တကယ္ပဲသစၥာေဖာက္တယ္ေပါ့"

"ရဲအရာရွိတို႔, ကြၽန္မလဲတိုင္ၾကားခ်င္ပါတယ္" ယြီမိန္က အ႐ူးလိုမ်ိဳး ရဲေတြလက္ထဲကထြက္ေျပးၿပီး ရႈန္းက်န္း သူမရဲ႕ လက္သည္းရွည္ေတြနဲ႔ ေျပးကုတ္တယ္။ ရႈန္းက်န္းက သူမကိုေဆာင့္တြန္းလိုက္လို႔ အရွိန္နဲ႔လဲက်တာ ခုံေစာင္းနဲ႔ သူမနဖူး႐ိုက္မိေတာ့မလိုျဖစ္သြားသည္။

သူမက သူမရဲ႕နဖူးကို လက္နဲ႔အုပ္လိုက္ၿပီး ရန္လိုတဲ့အမူအရာနဲ႔: "ကြၽန္မ ရႈန္းက်န္း ကို တိုင္ၾကားခ်င္ပါတယ္။ ဝိုင္ယာႀကိဳးေတြလဲၿပီး ကုန္းရီရွင္ မေတာ္တဆမႈျဖစ္ေအာင္ ကလိမ္ကက်စ္က်တာသူပဲျဖစ္လိမ့္မယ္။ သူ ကုန္းရီရွင္ရဲ႕ ေနရာကိုလိုခ်င္လို႔ လုပ္တာေလ။ ကြၽန္မ တိုင္ၾကားတယ္! ကြၽန္မတိုင္ၾကားတယ္လို႔!"

ယြီမိန္က အ႐ူးတစ္ေယာက္လိုမ်ိဳး သူ႔မကိုယ္ကို ရဲသားဆီအတင္းေျပးကပ္ၿပီး ရႈန္းက်န္းကို ျပင္းျပင္းထန္ထန္စြပ္စြဲလာခဲ့တယ္, သူ႔ကိုမ သူမနဲ႔အတူ ေသတြင္းထဲဆြဲေခၚသြားခ်င္ေနသလိုမ်ိဳး။

ယြီမိန္ရဲ႕ တုံ႔ျပန္မႈနဲ႔ ယွဥ္လိုက္ရင္ ရႈန္းက်န္းက အမ်ားႀကီးပိုတည္ၿငိမ္တယ္: "ယြီမိန္, ကိုယ္ေျပာျပမယ္, သူမ်ားကို မဟုတ္ပဲနဲ႔ မစြပ္စြဲရဘူး၊ ကုန္းရီရွင္ရဲ႕ မေတာ္တဆမႈက ဒီတိုင္းမေတာ္တဆမႈပဲ။ အာမခံကုမၸဏီကေတာင္ မေတာ္တဆမႈအျဖစ္သတ္မွတ္ထားတယ္မဟုတ္ဘူးလား? မဟုတ္ရင္ ကုန္းရီရွင္က ဘယ္လိုလုပ္ နစ္နာေၾကးရပါ့မလဲ? "

"မဟုတ္ဘူး!" စူးရွက်ယ္ေလာင္တဲ့အသံက ရဲစခန္းထဲက မွန္ခ်ပ္ေတြအကုန္လုံးကို ခြဲပစ္ခ်င္ေနပုံပဲ, ယြီမိန္ က နီရဲေနတဲ့ မ်က္ဝန္းနဲ႔ ရႈန္းက်န္းကို လက္ညႇိဳးထိုးရင္း ႏႈတ္ခမ္းထက္ကေန ႀကိမ္းဝါးတဲ့ေလသံနဲ႔: "နင္လုပ္တာ။ နင္လုပ္တာပဲျဖစ္မွာေပါ့၊ မဟုတ္ရင္ ဘယ္လိုလုပ္ၿပီး ဒီေလာက္တိုက္ဆိုင္ေနမွာလဲ, ကုန္းရီရွင္က လူေ႐ြးပြဲသြားေျဖမယ္လို႔ ေျပာၿပီး လဝက္မွာပဲ မေတာ္တဆမႈျဖစ္တာေလ။ ၿပီးေတာ့ သူနင္နဲ႔ တစ္ဖြဲ႕ထဲက်တဲ့အခ်ိန္မွာ တိုက္ဆိုင္စြာနဲ႔ ျဖစ္သြားတယ္ေပါ့, နင္မွမဟုတ္ရင္ ဘယ္သူကလုပ္မွာလဲ?"

"ေလွ်ာက္ေျပာမေနနဲ႔? ရဲေတြက သက္ေသနဲ႔ပဲအလုပ္လုပ္ၾကတာ" ရႈန္းက်န္းက ေျပာရင္း ရဲေတြဘက္ကို ယုံၾကည္မႈအျပည့္နဲ႔ၾကည့္လာခဲ့သည္: "ရဲအရာရွိေတြအေနနဲ႔, ကြၽန္ေတာ့္ကိုမယုံဘူးဆိုရင္, စုံစမ္းၾကည့္လို႔ရပါတယ္၊ ကုန္းရီရွင္ရဲ႕ မေတာ္တဆမႈက တကယ္ပဲ ကြၽန္ေတာ္နဲ႔ဘာမွမဆိုင္တာပါ၊ ဒါက သူ႔ဟာသူ ကံဆိုးသြား႐ုံပဲ၊ ႐ုပ္ရွင္႐ိုက္ကူးေနတုန္း သူက ဝိုင္ယာႀကိဳးအေဟာင္းျပတ္က်တာနဲ႔ ႀကဳံသြားတယ္၊ ကြၽန္ေတာ္တို႔ စတန႔္လူစားထိုး နယ္ပယ္မွာ ဒါမ်ိဳးကိစၥက ျဖစ္ေလ့ရွိတာမဟုတ္ေပမယ့္ ထူးဆန္းတာမ်ိဳးလဲမဟုတ္ဘူးေလ။ နဂိုထဲက ကိုယ္ခံပညာ လူစားထိုးအလုပ္က အႏၲရာယ္မ်ားလို႔ မေတာ္တဆမႈေတြ မၾကာခဏျဖစ္ေနတာ။ အထူးသျဖင့္ စတန္႔သမားေတြအတြက္ေပါ့"

"ကြၽန္ေတာ့္ကိုမယုံလဲ, ဆက္ၿပီး စုံစမ္းစစ္ေဆးၾကည့္လိုက္ပါဗ်ာ"

***

Continue Reading

You'll Also Like

1.1M 57.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
5.4K 516 32
IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.face...
885 152 33
[ဘာသာပြန်] * Completed * If you want to read eng - [ https://www.mtlnovel.com/after-the-white-moonlight-came-back-the-stand-in-fell-into-unemploymen...
241K 26.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ