I Only Like Your Character Se...

By yeolbin_Elena

34.9K 4.1K 175

Angel မျက်နှာလေးနဲ့ Alphaဆန်သောပလေးဘွိုင်း(Shou ) Vs ဖြူစင်ရိုး‌သားပြီး အေးစက်သော (Gong) Author - Zhìchû ( 雉... More

Description
Chapter 1 မရိုးသားမှု
Chapter 2 ပေါ်သွားသောအဖြစ်အပျက်
Chapter 3 ပုန်ကန်ရန်မွေးဖွားလာခြင်း
Chapter -4 ဇာတ်ရုပ်ပုံစံအတု
ရှင်းလင်းခြင်း
Chapter -5 မသန့်ရှင်းမှု
Chapter -6 ကောင်းကင်မှ လွတ်မြောက်ခြင်း
Chapter -7 ညှိနှိုင်းသူ
Chapter-8
Chapter-9
Chapter -10
Chapter -11
Chapter -12
Chapter -13
Chapter -14
Chapter -15
Chapter - 16
Chapter - 17
Chapter -19
Chapter -20
Hi
Chapter -21 (Part -1)
Chapter -21 (part 2)
Chapter - 22
Chapter - 23
Chapter -24
Chapter -25
Art 🤍(လှလိုက်တာအေ)
Chapter -26
Chapter -27
Chapter -28
Chapter -29
Chapter -30
Chapter - 31
Chapter -32
Chapter -33
Chapter -34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38

Chapter -18

483 87 1
By yeolbin_Elena

{Game Over}

ကျိုးကျစ်ဟန်က အခန်းထဲမှ မီးကိုဖွင့်လိုက်တဲ့အခါ နံရံကိုမှီကာနေသော ရှရှီချင်းကို တွေ့လိုက်ရသည်၊ နဖူးမှာက ချွေးတွေ အလုံးလိုက်နဲ့ ပြည့်ကာ နှုတ်ခမ်းကလည်း ဖြူဖျော့နေသည် ခေါင်းက တစ်ဝက်လောက် ငိုက်ကျနေကာ ရင်ဘတ်ကလည်းအနည်းငယ် မြင့်လိုက်ကျလိုက်ဖြစ်နေသည်။

ကျိုးကျစ်ဟန် နှင်းဆီပန်းပုံဆွဲတဲ့နေရာမှာ တုန်းကအချိန်တွေကိုဆက်စပ်ပြီးတွေးမိသွားသည်

အဲ့အခါက ရှရှီချင်းသူ့ကိုပြောခဲ့သောစကားတွေကိုပြန်မြင်ယောင်မိသွားသည်၊

[ငါ အမှောင်ကိုကြောက်တယ်]

[နောက်ပိုင်းမှာ အမှောင်ပိတ်အခန်းတွေပါလာခဲ့ရင် မင်းဆွဲချမခံချင်ရင် ငါ့ကို ထားခဲ့လိုက်ပါ]

သူပြောတာမှန်တာပဲ

သူတကယ်အမှောင်ကို ကြောက်တာပဲ

သူတို့ စတွေ့ကတည်းက ကျိုးကျစ်ဟန်ရင်ထဲက ရှရှီချင်းရဲ့ ပုံရိပ်ဟာ အကျင့်ပျက်ပြီး လွှမ်းမိုးနိုင်နယ်၊ အရမ်းကောက်ကျစ်ပြီး အရမ်းယုံကြည်ချက်မြင့်ပြီး အရမ်း ဉာဏ်ကောင်းသည်၊ ဘာအားနည်းချက်ရှာစရာမရှိသော ထိုသူက အခု သူ့ရှေ့မှာတင် သူရဲ့ အားနည်းချက်ကို ဖွင့်ထုတ်ပြခံလိုက်သည်၊၊

ကျိုးကျစ်ဟန် အခုဖြစ်နေတာဘယ်လိုခံစားချက်လဲဆိုတာ မပြောတတ်တော့ပါ၊ ကြည့်ရတာ သူ့ဆီမှာ အထူး လုပ်ပိုင်ခွင့်နှင့် နည်းလမ်းမကျသော အကာအကွယ် လေးတစ်ခုနည်းနည်းရလိုက်တာဖြစ်မည်၊

ထိုစကားလုံးဟာ ကျိုးကျစ်ဟန်ခေါင်းထဲကို ဝင်လာတာနဲ့ ချက်ချင်း ငြင်းဆိုခံလိုက်ရသည်၊ ရှရှီချင်းကို ထိုအကာအကွယ်အတွက်နဲ့အသုံးချဖို့ဘယ်လိုမှသူဆက်စပ်ကြည့်လို့မရခဲ့ပါဘူး

ဒီreality showနဲ့တော့ ငါရူးတော့မှာပဲ

ရှရှီချင်း နေလို့ပြန်သက်သာရာရစေလို့ငှာ နံရံမှာမှီကာနေ နေသည်။

ဉာဏ်ပြေးပြီး ကောက်ကျစ်ပါသော Villian ကတော့ ထပ်ဆုံး ထွက် သွားခဲ့ပါပြီ ၊ မရေရာတဲ့ အကြောင်းပြချက်တချို့နဲ့ သူ့စိတ်တွေ ရှုပ်ထွေးလို့နေသည်၊

မထင်မှတ်ထားစွာပဲ ရှရှီချင်းတို့လို ဉာဏ်ကောင်းပြီးထင်းထွက်အောင်နေသူတွေက လွယ်လွယ် အထုတ်ခံရမြဲဖြစ်သည်၊ ဒါပေမဲ့ ကျိုးကျစ်ဟန်ကတော့ မပေါ်သွားပါဘူး ၊ သူ့ကိုသူနည်းနည်းလောက်ဖုံးကွယ်ပြီးနေလို့ မရဘူးလားလို့?

ရှရှီချင်းက သူ့ရဲ့ ရူးမိုက်မှုတွေကို ပိုလို့တောင်လုပ်လိမ့်မယ်လို့ သူဘယ်လိုသိခဲ့မှာလဲ ၊ မိနစ်သုံးဆယ်countdownစတာနဲ့ ရှန်းစစ်ယွဲ့ပလန်ကို ဝင်နှောက်ဖို့ ရည်ရွယ်ချက်နဲ့ ရှန်းစစ်ယွဲ့အာရုံတွေကို အကုန်သူ့ထံရောက်နေအောင်ဆွဲယူထားပြီး ကျိုးကျစ်ဟန်ကို အန္တာရာယ်ကင်းကင်းလွတ်လပ်စေသည်။

သူ့နှလုံးသားထဲမှာ သတ်ဖြတ်သူသာ မနိုင်မရွေ့ သူက သားကောင်ဖြစ်ပေးရမယ်ဆိုတောင် သူမရှုံးတာပင်။

ရှရှီချင်း နံရံပေါ်ကို လက်တဖက်ထောက်ကာ ဖြေးဖြေးချင်းမတ်မတ်ရပ်လိုက်ပြီး တံခါးဆီသို့ တလှမ်းစီလျှောက်သွားသည်။

"ဟေ့ "

ရှရှီချင်းက နောက်ကို လှည့်ကြည့်ပေမဲ့ မျက်လုံးတွေကသူ့ကိုတော့ မကြည့်နေပါ ပင်ပန်းနွမ်းနယ်စွာ ငိုက်ကျလို့နေသည်၊ သွယ်လှသော လက်ခလယ်က သူ့နှုတ်ခမ်းပေါ်မှာရှိနေပြီး ဘာစကားမှမပြောလာပေ၊ ဆံပင်အဖျားတွေက ရှုပ်ပွနေကာ နှာခေါင်းထိပ်ထိ ဖြာကျနေပြီး နှာထိပ်မှ မှည့်လှလှလေးကို ဖုံးကာ ထားနေသည်။

သူမှာ စကားပြောဆိုခွင့်မရှိတော့ပါ။

ကျိုးကျစ်ဟန်ဘာမှထပ်မပြောတော့ပဲ သူ့နောက်လိုက်ကာ စာကြည့်ခန်းထဲကထွက်လာပြီး အိပ်ခန်းမှတဆင့် ဧည့်ခန်းသို့ လာခဲ့ကြသည်။

စန်းစန်း၊ ယွမ်ရှောက်နဲ့ ရှန်းစစ်ယွဲ့တို့က ဧည့်ခန်းထဲမှာရှိနေကြသည်။ ယွမ်ရှောက်မျက်နှာပေါ်က အမူအရာက သူမထင်ထားတဲ့အတိုင်းဖြစ်နေတဲ့အတွက် အလွန်လေးနက်နေသည်။စန်းစန်းမျက်နှာထားက ပိုလို့တောင်ဆိုးဝါးကာနေသည်။ အရှေ့က ရှရှီချင်းကိုကြည့်လိုက် ၊ ရှရှီချင်းအနောက်က ကျိုးကျစ်ဟန်ကိုကြည့်လိုက်နှင့်သာ သူမအကြည့်တွေက သူတို့အပေါ် မှာ တည်မြဲနေသည်။

ရှရှီချင်းအနည်းငယ်သက်သာလာသလိုခံစားလိုက်ရသည်။ သူ့ကို နစ်နာသူအဖြစ်မြင်ကြတာမခံချင်ဘူး ၊ ရှင်းရှင်းပြောရရင် တဖက်လူက ကျိုးကျစ်ဟန်ဆိုရင် ပိုလို့တောင် အမြင်မခံချင်ဘူး ၊ အရှုံးသမား တစ်ယောက် ရှိမှာမဟုတ်တဲ့ လုပ်နေကျ အပြုံးမျိုးကို ပန်ဆင်ပြီး သူ့နှုတ်ခမ်းထောင့်တွေကိုမြင့်တင်သွားသည်။ ပြီးတော့ သူ့ကို သတ်(ထုတ်)တဲ့ ရှန်းစစ်ယွဲ့ကို တည့်တည့်ကြည့်လိုက်သည်။ တဖက်လူရဲ့ ပါဖောမန့်ကတော့ အိုင်ဒေါတစ်ယောက်ရဲ့ အရည်အချင်းထက်ကိုကျော်လွန်လို့နေသည်၊ ခဏမျှ ကြောင်ကြည့်နေရာက လျင်မြန်စွာဘာမှမသိဘာမှမတတ်သလို ပုံအဖြစ် ပြန်ရှိုးထုတ်ကာ
" ရှီချင်း...မင်း..."

တကယ်ကို အံဩလောက်စရာပဲ ၊ ရှရှီချင်း သူကံမကောင်းခဲ့တာကို ဝန်ခံလိုက်သည်၊ အမြဲတမ်း' လူတော်ကြိုက်ရောဂါ ' ရနေပြီး တော်တဲ့လူတွေအပေါ်မှာပဲ အာရုံရှိပြီးစိတ်ဝင်စားသည် သူမျက်လုံးထဲမှာ ညံ့ပြီး ဉာဏ်မပြေးတဲ့သူတွေက အိမ်မွေးအကောင်တွေသာသာ။

အကျင့်ဆိုးတွေက ကျဆုံးခြင်းရဲ့ ရလဒ်သာ။

ဒါပေမဲ့ ရှရှီချင်း သူကျရှုံးတယ်လို့ မခံစားရပါဘူး ကျိုးကျစ်ဟန် လွတ်နေသရွေံ သူလည်း ရှုံးနေမှာမဟုတ်ဘူး

ရှန်းစစ်ယွဲ့အမေးကို ရှရှီချင်းဘာမှ မတုံ့ပြန်ခဲ့ ၊ လက်တဖက်ကို ဖြေးဖြေးချင်းမြောက်လိုက်ပြီး လက်မနဲ့ လက်ခလယ်ကို ပါးစပ်ထဲထည့်ကာ ပါးစပ်ရဲ့ အနားတဖက်စီကို ဘေးကို ‌ဆွဲပြလိုက်ပြီး အသံမထွက်ရကြောင်းပြလိုက်သည်၊ ထမင်းစားပွဲဆီလျှောက်သွားလိုက်ပြီး စက်ဝိုင်းအဝိုင်းပေါ်မှာလက်ကိုနောက်ပစ်ကာ ရပ်လိုက်သည်။

ကျိုးကျစ်ဟန် သူ့ကို ဆက်မကြည့်ချင်တော့။

သူ့မျက်လုံးက အစမှာ ထမင်းစားပွဲဆီ ပြီးတော့ ဆိုဖာပေါ် ပြီးတော့ ကော်ဇောပေါ် နောက်ဆုံးမှာ သူ့ဆီသို့ ရောက်သွားသည်။

အရာအားလုံးကိုသူကြည့်နေပေမဲ့ ရှရှီချင်းကိုတော့ မကြည့်ဘူးဆိုတဲ့ ပုံစံမျိုး

ရှရှီချင်းကလည်း ကျိုးကျစ်ဟန်ကိုပြန်ကြည့်နေခဲ့သည် သူ့ခေါင်းကို တချက်ဆတ်ပြကာ ဖြူဖွေးနေသော သွားတန်းလေးတွေပေါ်အောင် ပြုံးပြခဲ့သည်။

ကျိုးကျစ်ဟန် သူ့ကိုအပ်နဲ့ စိုက်နေသလို ခံစားရလာပြီး အကြည့်ကို ရှောင်လိုက်သည်။ ထူးဆန်းတဲ့ အရာတစ်ခုက သူ့စိတ်ထဲ လိမ့်ဝင်လာပြီး အဲ့တာကထိုအပြုံးကသူ့အာရုံထဲမှာမြင်နေရဆဲဖြစ်သည်။

သူ့ခေါင်းကို ဆတ်လိုက်တဲ့အခါ သူ့နဖူးပေါ်က ဆံပင်ရှည်ဟာ ပါးပေါ်ကနေ နှာခေါင်းပေါ်သို့ ကျသွားပြီး ဆံပင်ဖျားတွေက နှာတံပေါ်သို့ တိုက်ကာဖြတ်သွားသည်။

အခုထိရီနေနိုင်သေးတယ်ပေါ့ ? မင်းထွက်လိုက်ရပြီသူတကယ် နားမလည်နိုင်တော့ဘူး

"ရှရှီချင်း ကစားသမား Out , 3 2 1 ! "

ကြမ်းပြင်အဝိုင်းကပွင့်သွားပြီး ခုံမှာထိုင်နေတဲ့ ရှရှီချင်းလည်းအတူ အောက်သို့ ကျသွားပြီးနောက် ကြမ်းပြင်က ပြန်ပိတ်သွားကာ သတ်ဖြတ်သူထံမှ အသတ်ခံလိုက်ရပါသော ရှရှီချင်းဟာ လူအားလုံးရဲ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ကျိုးကျစ်ဟန် ထိုစက်ဝိုင်းဧရိယာကို ကြည့်နေရင်းနည်းနည်းစိတ်ကျဉ်းကျပ်လာသည်။ ထိုအချိန် မှာ စန်းစန်းရုတ်ချည်းပြောလာသည်
" ရှရှီချင်းပြောတာမှန်လောက်တယ်မလား? ကျိုးကျစ်ဟန် မင်းက သတ်ဖြတ်သူပဲ"

ယွမ်ရှောက်ကကျိုးကျစ်ဟန်ဖက်ကို ပြောကူပေးဖို့ လုပ်ပေမဲ့ ရှရှီချင်း ပြောတဲ့ နည်းလမ်းတွေကို ပြန်တွေးမိပြီး အသံပိတ်ကာ နေလိုက်သည်။

ကျိုးကျစ်ဟန် တဖက်ကိုလှည့်ကာ အိတ်ကပ်ထဲလက်ထည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်
" ကျွန်တော်သာသတ်ဖြတ်သူဖြစ်ရင်လည်း သူ့ကိုအရင်သတ်မှာပဲ "
ဆက်ပြောသည်
" သူကအရမ်းတော်လို့လေ နှမြောစရာပဲ"

"နှမြောတယ်?" စန်းစန်းကမျက်မှောင်ကြုတ်ကာ
"သူအသတ်ခံရတာ နှမြောတာလား?"

"ကျွန်တော် သတ်ဖြတ်သူမဟုတ်လို့ နှမြောတာ ကျွန်တော်ကိုယ်တိုင်မသတ်ရဘူးလေ"

ကျိူးကျစ်ဟန်ပေါ့ပေါ့ပါးပါးနဲ့ပြောနေပုံက ကြောက်စရာပိုကောင်းသည်၊ ထမင်းစားစားပွဲဆီလျှောက်သွားပြီး ခုံတလုံးဆွဲထုတ်ကာ ထိုင်လိုက်သည်။
"တမိနစ်တောင်မကျန်တော့ဘူး ၊ အားလုံးလာပြီး ထိုင် မဲပေးကြမယ်လေ"

စန်းစန်းကလည်း လိုက်သွားကာ ထိုင်လိုက်ပြီး
" မင်းမဟုတ်ဘူးဆိုတာ ဘယ်လိုသက်သေပြမှာလဲ?"

ကျိုးကျစ်ဟန်မေးကို လက်နဲ့ထောက်ကာ သူမကို မျက်လုံးပင့်ကြည့်လိုက်သည်
" ကျွန်တော်သာဖြစ်ခဲ့ရင် ဟိုးအစကတည်း ရှရှီချင်း လက်ထိပ်ကို မဖြုတ်ပေးခဲ့ဘူးပေါ့"

စန်းစန်းက ထပ်မေးချင်ပေမဲ့ ပရိုဂရမ်အသင်းရဲ့ ကြေညာသံက ထပ်ထွက်လာခဲ့သည်။

"Countdown ပြီးသွားပါပြီ ပထမဆုံးအကြိမ် မဲပေးမှု စတင်ပါပြီ ကျေးဇူးပြုပြီး အားလုံးထိုင်ကြပါခင်ဗျာ"
{T/N - မရှင်းမှာစိုးလို့ ရှရှီချင်း ထွက်ရတာက သတ်ဖြတ်သူက သတ်လိုက်လို့နော် မဲပေးလိုက်လို့မဟုတ်ဘူး မဲက အခုမှစမှာ}

စန်းစန်းကတော့ တခန်းထဲမှာ ရှရှီချင်းနဲ့ကျိုးကျစ်ဟန် တူတူ ရှိနေကြပြီး အသတ်ခံလိုက်ရတာကြောင့် သူမအတွက်က ကျိုးကျစ်ဟန်ကပဲ သတ်ဖြတ်သူဆိုတာ သေချာနေသည်၊
"မင်းဝန်မခံလည်း ပထမအကြိမ် မဲပေးပြီးရင် အဖြေထွက်လာမှာပဲ"

"မဟုတ်ဘူး" ကျိုးကျစ်ဟန်က ခပ်ရှားရှားပင်ရီလိုက်သည်။
"မင်းတို့ ကျွန်တော့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားရင် သတ်ဖြတ်သူက ဘယ်သူဆိုတာ သိနိုင်မှာမဟုတ်ဘူး၊ အဲ့ခါ ဂိမ်းပြီးမှသာ နားလည်သွားလိမ့်မယ် လုံးဝရှုံးပြီဆိုတာကို"

ကျိုးကျစ်ဟန်အဖြေကြောင့် စန်းစန်းတစ်ယောက် စွံ့အသွားသည်၊ ရှန်းစစ်ယွဲ့နဲ့ ယွမ်ရှောက်ကလည်းထိုင်လိုက်သည်၊ စန်းစန်းက ယွမ်ရှောက်ကိုမျက်စပစ်လိုက်သည်၊ ယွမ်ရှောက်က‌ မေးပင့်ပြကာ ဘာမှမပြောလာခဲ့ပါ။

ကျိုးကျစ်ဟန်က တည်ငြိမ်စွာ မျက်နှာမှာဘာအပြောင်းအလဲမှမမြင်ရ သို့သော်သူအနည်းငယ် စိတ်မအေးဖြစ်နေသည်၊ ဒီတကြိမ် စန်းစန်းက သူ့ကိုသေချာပေါက် မဲပေးမှာပဲ ၊ ရှရှီချင်းပြောသလို ရှန်းစစ်ယွဲ့သာ တကယ် သတ်ဖြတ်သူဆိုရင် သူ့မဲကလည်း သူ့ဆီဦးတည်မှာပဲ ၊ ယွမ်ရှောက်က....

သူ ယွမ်ရှောက်နဲ့ ဘာစကားမှ မပြောမိနေသေးဘူး ၊ စောစောက သူမရဲ့အကြည့်အရ စန်းစန်းနဲ့တဖက်ထဲ ဖွဲ့လိုက်ပြီထင်တာပဲ။

သူ မတုန်လှုပ်နေဘူး ပြောရင် လိမ်တာဖြစ်လိမ့်မည်၊ သူလက်ဖဝါးပြင်မှာ ထိန်းမရအောင် ချွေးတွေတစ်သီကြီး နဲ့ ထွက်နေပြီဖြစ်သည်။

‌"ကစားသမားများခင်ဗျာ ၊ ကျေးဇူးပြုပြီး မင်းတို့သတ်မှတ်ထားတဲ့ သတ်ဖြတ်သူကို ဖုန်းကနေတဆင့်ပို့ပေးကြပါ၊ တခေါက်တည်းသော အခွင့်အရေးပဲဖြစ်ပါတယ်၊ အတည်ပြုပြီးတာနဲ့ ပို့ပေးကြပါ ၊ Countdown က ဆယ်စက္ကန့်ပါ ၊ စတင်ပါပြီ"

"10 , 9 "

ထူးဆန်းတယ်

အဲ့ဒီ ဝရုန်းသုံးကားဖြစ်နေတဲ့အချိန်က ရှရှီချင်းအမှောင်ထဲမှာ ကျိန်ပြောခဲ့သောာစကားလုံးတွေကောဂိမ်းက မထွက်ခင်ပြုံးခဲ့သော အပြုံးတွေကော ကျိုးကျစ်ဟန်မျက်လုံးထဲမြင်ယောင်လာသည်။

" 8 , 7 "

[ရှန်းစစ်ယွဲ့က သတ်ဖြတ်သူပဲ ငါ့ကို ယုံပေးပါ ]

သူ့ကြည့်ရတာ အဆုံးကို ကြိုသိနေသလိုပဲ

" 6 , 5 , 4 "

ကျိုးကျစ်ဟန် မဝန်ခံချင်ပေမဲ့လည်း ဒီဂိမ်းထဲမှာ သူ့ဘက်သားဆိုလို့ ပြောနိုင်တာဆိုလို့ ရှရှီချင်းပဲဖြစ်သည်၊ ဒါကြောင့် ဒီအချိန်မှာ ကျိုးကျစ်ဟန် သူ့အပေါ် ယုံကြည်မှု မထားဘူးဆိုရင်တောင် ဒါကိုတော့ သူလက်ခံရမည်။

ဒါ့အပြင် အစကတည်းက သူလည်းရှန်းစစ်ယွဲ့ကို သံသယ ဝင်နေတာ ဖြစ်ပြီး သက်သေမရှိလို့သာ ငြိမ်နေတာဖြစ်သည်။

" 3 , 2 "

ကျိုးကျစ်ဟန် သူ့စိတ်ထဲရှိနေပြီးသော သံသယရှိသူကို ဖုန်းမှာရွေးလိုက်ပြီး တွန့်ဆုတ်ခြင်းမရှိ နှိပ်လိုက်သည်။

" 1 "
"အချိန်ပြည့်ပါပြီ ကစားသမားတွေအားလုံးရဲ့ မဲတွေကို ရေတွက်ပါတော့မယ်"

စားပွဲမှာထိုင်နေသော လူလေးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်၊ ကျိုးကျစ်ဟန်က မျက်နှာချင်းဆိုင်ဖက်မှ ရှန်းစစ်ယွဲ့ကို သားကောင်ကိုဖမ်းဖို့စောင့်နေသော ကျားသစ်ကဲ့သို့ စိုက်ကြည့်နေလေသည်၊ တဖက်လူက ခေါင်းကို ငုံ့ထားပြီး သူ့အကြည့်ကို ရှောင်နေခဲ့သည်။

အမှန်တိုင်းပြောရရင် အလွန်ကောင်းကောင်းပုန်းတတ်သောသူမို့ လွယ်လွယ်ကြည့် ရုံနဲ့ သိနိုင်တဲ့အထိတော့ မဟုတ်ပေမဲ့ ရှရှီချင်းပြောတာကို ယုံကြည်ဖို့ သူရွေးချယ်ထားလိုက်တာဖြစ်သည်။

"မဲပေးရလဒ်ကိုအခုကြေညာပါတော့မယ်၊ ကစားသမားတွေရဲ့ မဲပေးရလဒ်အရ ဒီတစ်ပိုင်းမှာ ထွက်ရမဲ့ သူကတော့........."

ကြေညာချက်က ကြားမှာရပ်သွားသည် ၊ ကျိုးကျစ်ဟန်က သူရင်ခုန်သံတွေထိန်းမရအောင်ခုန်နေတာကို ခံစားမိလေသည်။

သူသာပြုတ်သွားရင် သူရထားတဲ့ သဲလွန်စတွေဘယ်လိုလုပ်မလဲ?

အကုန်လုံး လူသိရှင်ကြား လက်လွဲလိုက်ရလိမ့်မည် ၊အဲ့တာဆို ဘယ်လောက်ပဲ နှစ်ယောက်တစ်ယောက် ဖြစ်နေပါစေ သတ်ဖြတ်သူက နိုင်လိမ့်မည်။

အဲ့လို တွေးကြည့်မိတော့ ကျိုးကျစ်ဟန် စိတ်ဓာတ်ကျလာသည်။

"ဘယ်သူမှ မရှိပါဘူး ၊ ဒီတစ်ပွဲက သရေပါ ၊ ဘယ်သူမှ မထွက်ရပါဘူး ခင်ဗျာ ၊ ဂိမ်းကို ဆက်ကစားလို့ ရပါပြီ"

ဒီ မဲရလဒ်ကမထင်မှတ်စရာဖြစ်နေခဲ့သည် အထူးသဖြင့် စန်းစန်းအတွက်ပေါ့ ၊ သူမ အံ့အားသင့်စွာဖြင့် ရှန်းစစ်ယွဲ့နဲ့ ယွမ်ရှောက်ကို တလှည့်စီ ကြည့်လိုက်ပြီး
" ဘယ်သူက သူ့ကို မဲမပေးတာလဲ"

ယွမ်ရှောက်က မျက်မှောင်ကြုတ်ပြီး ဖြူစင်ရိုးသားစွာပဲ
"ကျွန်မ ပေးတယ်"

ဒီ အမှုမှ မပါသော ကျိုးကျစ်ဟန်က တဖက်မှနေ၍အားလုံးရဲ့ မျက်နှာ အမူအရာကို အကဲဖြတ်နေသည်၊ ယွမ်ရှောက်က စကားပြောနေတဲ့အချိန် သူမလက်ချောင်းက စားပွဲကို ခေါက်နေခဲ့သည်၊ သူမ တစ်စုံတစ်ခုရှိတာ သိသာသည်၊ ရှန်းစစ်ယွဲ့ဖက်ကို တဖန်ပြန်ကြည့်လိုက်ရာ သူမျက်နှာက သိပ်မကောင်းလှပေမဲ့ ဒီလို ရလဒ်နဲ့ပတ်သတ်ပြီး အံ့ဩပုံတော့မရနေပါ။

ကျိုးကျစ်ဟန်က ဘယ်သူက ဘယ် မဲပိုင်ရှင်လဲဆိုတာကို ဆန်းစစ်ကြည့်နေခဲ့သည်၊ သူက ရှန်းစစ်ယွဲ့ကို မဲပေးခဲ့ပြီး စန်းစန်းကတော့ သူ့ကိုပေးမှာသေချာသည်

နောက်ဆုံး စဉ်းစားစရာတစ်ခု ၊ ရှန်းစစ်ယွဲ့ကို ယွမ်ရှောက်က ပေးတာလား ရှန်းစစ်ယွဲ့က သူ့ကိုယ်သူ ပြန်ပေးတာလား ၊ ရှန်းစစ်ယွဲ့က သူ့ကိုယ်သူ ပေးဖို့ မဖြစ်နိုင်ဘူး။

ဒါကြောင့် ယွမ်ရှောက်က ရှန်းစစ်ယွဲ့ကို မဲပေးခဲ့တာပဲ။

ကျိုးကျစ်ဟန်တစ်ယောက် ကွင်းထဲက ဒီလူလေးယောက်ရဲ့ အချိတ်အဆက်ကို နားလည်သွားတော့ ရှန်းစစ်ယွဲ့က သတ်ဖြတ်သူဖြစ်ဖို့ ပိုသေချာသွားသည်၊ ရှရှီချင်း မြန်မြန် အထုတ်ခံလိုက်ရတဲ့အကြောင်းက သူ သက်သေကို ရှာတွေ့သွားခဲ့လို့ပဲဖြစ်သည်။

အခု သူကိုင်ထားတဲ့သက်သေက ဒီအိမ်ကနေ ထွက်သွားဖို့သက်သေပဲဖြစ်သည်၊ အမှန်တိုင်းပြောရရင် ရှန်းစစ်ယွဲ့ရဲ့သရုပ်မှန်ကို လူတိုင်းဆီ သက်သေလိုက်ပြနေဖို့ မလိုအပ်ပါဘူး ၊ ဒီအိမ်ထဲကနေ သူအရင် လွတ်မြောက်သွားတာနဲ့ ဂိမ်းက ပြီးပြီ။

အဲ့လို စဉ်းစားကြည့်လိုက်တော့ ကျိုးကျစ်ဟန် ခုံကနေ ထလိုက်သည်။

စန်းစန်းက သူ့ကိုကြည့်လိုက်ပြီး
"ဘယ်သွားမို့လဲ ကျိုးကျစ်ဟန်?"

"အပြင်ထွက်ဖို့သဲလွန်စလိုက်ရှာမို့လေ"
ကျိုးကျစ်ဟန်က ခုံကိုတွန်းပြီးထလိုက်ကာ
"ဘာပဲဖြစ်ဖြစ် ပထမပွဲက ဘယ်သူမှမထွက်ရဘူးဆိုတော့ မြန်မြန်သဲလွန်စရှာပြီး မြန်မြန်ထွက်ကြတာပေါ့"

ပြောပြီးနောက် ကျိုးကျစ်ဟန်စာကြည့်ခန်းကိုပြန်သွားဖို့လုပ်တော့ ထင်တဲ့အတိုင်း ရှန်းစစ်ယွဲ့က သူ့ကိုလှမ်းတားသည်
"ကျစ်ဟန် ငါလည်း မင်းနဲ့အတူသွားမယ်"

ကျိုးကျစ်ဟန်သူ့ကိုမတားပါ"ကောင်းပြီလေ"

နှစ်ယောက်သား စာကြည့်ခန်းထဲသို့ ဝင်သွားကြသည်။

စာကြည့်ခန်းထဲမှာ ဘာမှတော့ အပြောင်းအလဲမရှိနေပါ၊ ရှန်းစစ်ယွဲ့က တံခါးကို ပိတ်လိုက်ပြီး မေးလာသည်
" ကျစ်ဟန် မင်း ဘယ်သူ့ကို မဲပေးခဲ့တာလဲ"

ကျိူးကျစ်ဟန်က ဟန်ဆောင်ပန်ဆောင် ကြိုးစားကာ သဲလွန်စရှာနေသလိုနှင့် တည်ငြိမ်စွာမေးလိုက်သည်
" မင်းကော ဘယ်သူ့ကိုပေးခဲ့တာလဲ"

ရှန်းစစ်ယွဲ့က ရီလိုက်ပြီး
"ငါက မဲပေးတာကနေ လက်ရှောင်လိုက်တာလေ"
ရှန်းစစ်ယွဲ့က စားပွဲရှည်က ခုံမှာထိုင်ပြီး သက်တောင့်သက်သာစွာဖြင့်
" ငါလည်းဘာမှမတွေ့တာမို့ မဲမပေးတာ ပိုကောင်းတယ်လေ ၊ တော်ကြာအပြစ်မရှိတဲ့လူ မှားထုတ်မိနေမှာစိုးလို့"

မဲပေးတာကနေလက်ရှောင်တယ်၊ တော်တော် တော်တဲ့ ဖြေရှင်းချက်ပဲ

ကျိုးကျစ်ဟန် သူ့ကို တချက်ကြည့်ပြီး ဖြေးဖြေးချင်းခေါင်းငြိ့မ့်ကာ
" မင်းပြောတာ မှန်တယ်"
ကျိုးကျစ်ဟန်က ရှန်းစစ်ယွဲ့စီလျှောက်လာခဲ့သည်၊ သူထိုင်နေသောခုံက သူအချည်ခံထားရတုန်းက ခုံပဲဖြစ်သည် ၊ ဒါကရုံးသုံးအလုပ်လုပ်တဲ့ခုံဖြစ်တာကြောင့် တစ်ဖက်ဆီမှာ လက်မောင်းတင်တဲ့တန်းတွေပါသည်၊

သူတုန်လှုပ်စိတ်လှုပ်ရှားနေတာကြောင့် လက်တန်းပေါ်တင်ထားသော သူ့လက်က အနည်းငယ်တုန်နေသည်၊ ဒါက ဖုန်းကွယ်ဖို့အတွက် ပုံမှန်အတိုင်းဖြစ်ပုံပေါ်အောင် လက်တန်းကိုဆုတ်ကိုင်ထားသည်။

ကျိုးကျစ်ဟန်က အဲ့တာကိုတွေ့သည် ၊ သူအဝေးကိုကြည့်လိုက်ပြီး ပြောလိုက်သည်
" ရှရှီချင်းကထွက်သွားပြီဆိုတော့ ကျွန်တော်လည်း မဟာမိတ် ဖြစ်မဲ့လူလိုနေသလိုပဲ"
ပြောပြီး ဘယ်ဖက်လက်ကို အိတ်ကပ်ထဲထည့်ကာ စာရွက်အပိုင်းတစ်ခုယူထုတ်လာပြီး ရှန်းစစ်ယွဲ့ရှေ့စားပွဲမှာချလိုက်သည်။
"ဒါက ကျွန်တော်တွေ့ထားတဲ့ အရေးကြီးဆုံးသဲလွန်စပဲ မင်းကြည့်"
ပြောနေရင်း ညာဖက်လက်က တဖက်အိတ်ကပ်ထဲသို့ ရောက်သွားသည်။

"သဲလွန်စ?" ရှန်းစစ်ယွဲ့က အရှေ့ကို ငိုက်တိုးလာသည်။

ရှန်းစစ်ယွဲ့က ထို သဲလွန်စဆီကို အာရုံအကုန်ရောက်နေတဲ့အချိန် ကျိုးကျစ်ဟန်က တစ်စက္ကန့်နှစ်စက္ကန့်လောက်အတွင်းကို သူ့ညာဖက်လက်နဲ့ ဓာတ်စက်ပေါ်က လက်ထိပ်ကိုယူကာ ရှန်းစစ်ယွဲ့ရဲ့လက်နဲ့ ထိုင်ခုံလက်တန်းကိုတွဲပြီးခတ်လိုက်သည်။

ရှန်းစစ်ယွဲ့က ကြောင်အသွားကာ သဲလွန်စဆိုတဲ့စာရွက်ကလည်း ဗလာစာရွက်သတ်သတ်သာဖြစ်သည်။

ကျိုးကျစ်ဟန်က ‌ကြမ်းပေါ်က ကြိုးကိုကောက်လိုက်ပြီး ရှန်းစစ်ယွဲ့ကို ခုံမှာချည်လိုက်သည်။

"ကျစ်ဟန် မင်းဘာလို့ ငါ့ကိုချည်ရတာလဲ"
ရှန်းစစ်ယွဲ့က ရုန်းကန်နေပေမဲ့လည်း ကျိုးကျစ်ဟန်က‌ရပ်တန့်ခြင်းမရှိ။

"မင်း လူမှားတာလား ဒါမှမဟုတ် မင်း သတ်ဖြတ်သူလား"

"ဟန့်.. " ကျိုးကျစ်ဟန် ရှန်းစစ်ယွဲ့ကို တည့်ကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။
"သရုပ်ဆောင်မနေတော့နဲ့ ဂိမ်းက မကြာခင်ပြီးတော့မှာ"

အားလုံးပြီးတဲ့အခါ ကျိုးကျစ်ဟန်က ခြေထောက်နဲ့ ထို စုံလည်ခုံရဲ့ အောက်ခြေကို ကန်လိုက်ရာ ခုံနှင့်အတူ ရှန်းစစ်ယွဲ့က တဖက်ကို ရွေ့သွားသည်။

"ဆောရီး ခနနားလိုက်အုံး"

ရှန်းစစ်ယွဲ့က ခုံမှာရုန်းကန်နေကာ ထလို့မရပေ၊ ကျိုးကျစ်ဟန်အခန်းကနေတံခါးပိတ်ကာ ထွက်သွားတာကိုပဲ ကြည့်နေရုံကတပါး။

ကျိုးကျစ်ဟန်အရင်လိုမ‌ဟုတ်တော့ပဲ သူ့လက်ထဲမှာ အိမ်ကထွက်သွားလို့ရတဲ့သဲလွန်စတွေအကုန်ကိုင်ထားပြီဖြစ်သည်၊ သူကုတ်ကိုဖြည်ပြီး အိမ်ကနေ ထွက်သွားတဲ့အချိန် လူသတ်သမားအဖြစ်နဲ့သူ့ကို ချောက်မချအောင် ကြိုတင် ဒီမှာ ကြိုးနဲ့ချည်ထားခဲ့လိုက်သည်၊

အစောပိုင်းက တဖက်အခန်းမှာ သူတို့လေးယောက် စုံပြီးရှုပ်ထွေးနေတဲ့အချိန် ရှရှီချင်းသူ့ကိုပေးခဲ့သော ပန်းချီကားကိုဖွင့်ကြည့်လိုက်သည်၊
[ဆိုဖာ ၊ ဓာတ်အိမ် ၊ စာကြည့် ၊ မီးပိတ် ] ဆိုတဲ့ သဲလွန်စတွေအရ ဧည့်ခန်းထဲက ဆိုဖာမှာ ပရိုဂရမ်အသင်းက ဝှက်ထားတဲ့ ဓာတ်မီး အပိုင်းအစ‌ တွေ ကို သူ တွေ့ခဲ့သည်၊ သူတစ်စုတည်းပြန်ထည့်လိုက်ပြီး ဧည့်ခန်းထဲကို မီးထိုးကြည့်လိုက်တော့ စက်ဝိုင်းပုံ အဝိုင်းနဲ့ မီးရောင်လင်းလာသည် ၊ နောက်ဆုံးမှာ သူ အရှေ့တံခါးက လျို့ဝှက်နံပါတ်ထည့်ရတဲ့ ဒုတိယလိုင်းကိုမီးထိုးကြည့်လိုက်တဲ့အခါ စာလုံးတွေပေါ်လာတာကိုတွေ့လိုက်ရသည်။

စာလုံးသုံးလုံးသာ ဝင်ရသော လျို့ဝှက်နံပါတ်ထည့်တဲ့နေရာရဲ့ ဘယ်ဘက်မှာ စာကြောင်းတစ်ခုပေါ်လာသည်။

[ဘယ်သူက လူသတ်သမားလဲ]

ဒါပေမဲ့ ဒါက လျို့ဝှက်နံပါတ်တစ်ခုစာပဲရှိသေးသည် နောက်တစ်ခုအတွက်နံပါတ်ရှာရအုံးမည်ဖြစ်သည်၊ ကျိုးကျစ်ဟန် သဲလွန်စရဲ့ အနောက်နှစ်ခုကို စဉ်းစားကြည့်သည်
[ ဆိုဖာ ၊ ဓာတ်မီး ၊ စာကြည့် ၊ မီးပိတ် ]
ဒါကြောင့် စာကြည့်ခန်းထဲဝင်သွားပြီး မီးကို ပိတ်လိုက်သည်၊ အမှောင်ထဲမှာ ကျိုးကျစ်ဟန်က အခန်းရဲ့ထောင့်တွေကို မီးနဲ့လိုက်ထွန်းကြည့်သည်၊ အခန်းရဲ့ ထောင့်လေးထောင့်မှာ အနီရောင်နဲ့ လင်းနေသော ဂဏန်းသုံးလုံး 2 ၊ 3 ၊ 7 နဲ့ Prime ဆိုပြီး တွေ့လိုက်ရသည် ။

ကျိုးကျစ်ဟန်က သိပ္ပံကျောင်းသားဖြစ်တာမို့ 2 ၊ 3 ၊7 တို့ဟာ Prime ဂဏန်းတွေ ဖြစ်ကြတာကို နားလည်လိုက်သည် ၊ ထိုဂဏန်းတွေကြားက ဂဏန်းတစ်လုံး 5 ဂဏန်းက လိုအပ်နေသည်။

ကျိုးကျစ်ဟန် စာကြည့်ခန်းထဲကနေ သုတ်ချေတင်ထွက်လာပြီး ဧည့်ခန်းထဲကို လာခဲ့သည်၊ ဧည့်ခန်းထဲထိ ရှန်းစစ်ယွဲ့ရဲ့ အော်သံက ကြားရနိုင်သည်။

"စစ်ယွဲ့ ဘာဖြစ်တာပါလိမ့် "
စန်းစန်းက သွားကြည့်ဖို့ ပြင်တော့ ယွမ်ရှောက်က တားလိုက်သည်
" မမစန်းစန်း ခဏလေး စောင့်လိုက်အုံး"

"စောင့်ရမယ် ဘာကို စောင့်ရမှာလဲ ?"

ထိုအချိန်က ကျိုးကျစ်ဟန်က ရှေ့တံခါးဆီရောက်နေပြီ ဖြစ်ပြီး ပထမလိုင်းမှာအမြန်ဆုံးနည်းနဲ့ [ 2 3 5 7 ] ကိုရိုက်ထည့်လိုက်ပြီး ဒုတိယလိုင်းမှာ မေးသော မေးခွန်းရဲ့ အဖြေကိုရိုက်ထည့်လိုက်သည်။

[SON ]

သားဖြစ်သူက လူသတ်သမားပဲ

စခရင်က အပြာရောင်သန်းသွားပြီး သုံးကြိမ်လင်းလာကာ အစိမ်းရောင် အတန်းလေး ပေါ်သွားသည်။

[လျို့ဝှက်နံပါတ် မှန်ပါသည် ၊ အခန်းတွေကိုဖြေရှင်းနိုင်ခဲ့လို့ ဂုဏ်ယူပါတယ် ]

ဘမ်းဆိုပြီး တံခါး ပွင့်သွားသည်။

ကျိုးကျစ်ဟန်က မျက်လုံးကိုပင့်ပြီး ရှေ့ကိုကြည့်လိုက်သည်၊ သူဖြစ်နိုင်ချေအားလုံးကို မြင်ယောင်ကြည့်ပြီး နေပြီဖြစ်သည်၊ တံခါးရဲ့ အရှေ့မှာ ကင်မရာတွေအများကြီးရှိနေလိမ့်မယ် ၊ ဒါမှမဟုတ် ပရိုဂရမ်အသင်းရဲ့ စီစဉ်သူတွေရှိနေလိမ့်မယ် ၊ ထွက်လာတဲ့အချိန်ပြောဖို့ စာသားတောင် သူတွေးပြီးနေပြီဖြစ်သည်။

ဒါပေမဲ့ မထင်မှတ်ထားစွာပဲ ချွေးအေးတွေနဲ့အတူ တံခါးကနေ သူထွက်လာတဲ့နောက် သူပထမဆုံး မြင်ရတဲ့သူက ရှရှီချင်းဖြစ်နေခဲ့သည်

အဖြူရောင်ရှပ်ဝတ်ထားသော ရှရှီချင်းက တံခါးရှေ့မှာ ရပ်နေသည် ၊ ပရိုဂရမ်အသင်းက စီစဉ်ပေးထားသော မီးရောင်က သူ့နောက်မှာ တောက်ပနေသည် ၊ အနောက်ကမီးအလင်းက သူ့ပုခုံးကိုကျော်လာပြီး ဘယ်ဖက်ရင်ဘတ်နားထိ လင်းကာထားလေသည် ၊ အလင်းရဲ့ထောင့်ချိုးကေညာင့် သူ့မျက်နှာက ဝေဝါးနေကာ နှုတ်ခမ်းထောင့်လှလှလေးသာ မြင်ရပြီး ထို ထောင့်လေးက ပင့်တက်သွားကာ
"တော်တယ်"

ပြောပြီးတာနဲ့ သူနဲ့ မီတာဝက်လောက်အဝေးမှာရပ်နေတဲ့ ရှရှီချင်းက ရုတ်တရက် ရှေ့တိုးလာကာ အနိုင်ရသူကို ယောင်္ကျားချင်း အားပေးတဲ့ပုံစံမျိုးနဲ့ သူ့ကို တင်းကျပ်စွာ ဖက်ထားခဲ့သည်။

ကျိုးကျစ်ဟန်က ကြောင်အသွားကာ သူ့ကို ဖက်ထားပြီး‌ ကောက်ကျစ်စွာ အခွင့်အရေးယူနေသော ထိုသူကို တွန်းထုတ်ရန်တောင် မေ့လျော့သွားခဲ့သည်။

ထူးဆန်းလှသည်၊ အရင်က စူးပြီးပြင်းလှတဲ့ ရေမွှေးအနံ့ကအလိုလိုပြောင်းသွားခဲ့သည် ၊ ဆေးလိပ်နံ့ကလည်း ဖျော့သွားပြီး စုံလှသော အနံ့အသက်တွေကလည်း ပျောက်သွားသည် ၊ကျိုးကျစ်ဟန် သူ့ရဲ့ ခန္နာကိုယ်ကို နွေးထွေးလှသောသစ်သားနံ့လေးက ငြင်သာစွာ ထွေးပွေ့ထားသလိုခံစားရသည် ၊ ရနံ့ ၊ ခန္နာကိုယ်အပူချိန် ၊ သူ့နောက်ကျောကို ဖိထားသော လက်ဖဝါးပြင်မှ အထိအတွေ့ ၊ အမြဲတမ်းစကားပြောရင် စိတ်ရင်းပါပုံမပေါ်တဲ့ထိုသူရဲ့ နောက်ဆုံးအသံ။

"ငါတို့နိုင်မယ်မှန်းသိပြီးသား "

T/N -တော်တော်ရှည်တာ ရေးလိုက်ရတာ သေတော့မယ်🥴

{Game Over}

က်ိဳးက်စ္ဟန္က အခန္းထဲမွ မီးကိုဖြင့္လိုက္တဲ့အခါ နံရံကိုမွီကာေနေသာ ႐ွ႐ွီခ်င္းကို ေတြ႕လိုက္ရသည္၊ နဖူးမွာက ေခြၽးေတြ အလုံးလိုက္နဲ႔ ျပည့္ကာ ႏႈတ္ခမ္းကလည္း ျဖဴေဖ်ာ့ေနသည္ ေခါင္းက တစ္ဝက္ေလာက္ ငိုက္က်ေနကာ ရင္ဘတ္ကလည္းအနည္းငယ္ ျမင့္လိုက္က်လိုက္ျဖစ္ေနသည္။

က်ိဳးက်စ္ဟန္ ႏွင္းဆီပန္းပုံဆြဲတဲ့ေနရာမွာ တုန္းကအခ်ိန္ေတြကိုဆက္စပ္ၿပီးေတြးမိသြားသည္

အဲ့အခါက ႐ွ႐ွီခ်င္းသူ႕ကိုေျပာခဲ့ေသာစကားေတြကိုျပန္ျမင္ေယာင္မိသြားသည္၊

[ငါ အေမွာင္ကိုေၾကာက္တယ္]

[ေနာက္ပိုင္းမွာ အေမွာင္ပိတ္အခန္းေတြပါလာခဲ့ရင္ မင္းဆြဲခ်မခံခ်င္ရင္ ငါ့ကို ထားခဲ့လိုက္ပါ]

သူေျပာတာမွန္တာပဲ

သူတကယ္အေမွာင္ကို ေၾကာက္တာပဲ

သူတို႔ စေတြ႕ကတည္းက က်ိဳးက်စ္ဟန္ရင္ထဲက ႐ွ႐ွီခ်င္းရဲ႕ ပုံရိပ္ဟာ အက်င့္ပ်က္ၿပီး လႊမ္းမိုးႏိုင္နယ္၊ အရမ္းေကာက္က်စ္ၿပီး အရမ္းယုံၾကည္ခ်က္ျမင့္ၿပီး အရမ္း ဉာဏ္ေကာင္းသည္၊ ဘာအားနည္းခ်က္႐ွာစရာမ႐ွိေသာ ထိုသူက အခု သူ႕ေ႐ွ႕မွာတင္ သူရဲ႕ အားနည္းခ်က္ကို ဖြင့္ထုတ္ျပခံလိုက္သည္၊၊

က်ိဳးက်စ္ဟန္ အခုျဖစ္ေနတာဘယ္လိုခံစားခ်က္လဲဆိုတာ မေျပာတတ္ေတာ့ပါ၊ ၾကည့္ရတာ သူ႕ဆီမွာ အထူး လုပ္ပိုင္ခြင့္ႏွင့္ နည္းလမ္းမက်ေသာ အကာအကြယ္ ေလးတစ္ခုနည္းနည္းရလိုက္တာျဖစ္မည္၊

ထိုစကားလုံးဟာ က်ိဳးက်စ္ဟန္ေခါင္းထဲကို ဝင္လာတာနဲ႔ ခ်က္ခ်င္း ျငင္းဆိုခံလိုက္ရသည္၊ ႐ွ႐ွီခ်င္းကို ထိုအကာအကြယ္အတြက္နဲ႔အသုံးခ်ဖို႔ဘယ္လိုမွသူဆက္စပ္ၾကည့္လို႔မရခဲ့ပါဘူး

ဒီreality showနဲ႔ေတာ့ ငါ႐ူးေတာ့မွာပဲ

႐ွ႐ွီခ်င္း ေနလို႔ျပန္သက္သာရာရေစလို႔ငွာ နံရံမွာမွီကာေန ေနသည္။

ဉာဏ္ေျပးၿပီး ေကာက္က်စ္ပါေသာ Villian ကေတာ့ ထပ္ဆုံး ထြက္ သြားခဲ့ပါၿပီ ၊ မေရရာတဲ့ အေၾကာင္းျပခ်က္တခ်ိဳ႕နဲ႔ သူ႕စိတ္ေတြ ႐ႈပ္ေထြးလို႔ေနသည္၊

မထင္မွတ္ထားစြာပဲ ႐ွ႐ွီခ်င္းတို႔လို ဉာဏ္ေကာင္းၿပီးထင္းထြက္ေအာင္ေနသူေတြက လြယ္လြယ္ အထုတ္ခံရၿမဲျဖစ္သည္၊ ဒါေပမဲ့ က်ိဳးက်စ္ဟန္ကေတာ့ မေပၚသြားပါဘူး ၊ သူ႕ကိုသူနည္းနည္းေလာက္ဖုံးကြယ္ၿပီးေနလို႔ မရဘူးလားလို႔?

႐ွ႐ွီခ်င္းက သူ႕ရဲ႕ ႐ူးမိုက္မႈေတြကို ပိုလို႔ေတာင္လုပ္လိမ့္မယ္လို႔ သူဘယ္လိုသိခဲ့မွာလဲ ၊ မိနစ္သုံးဆယ္countdownစတာနဲ႔ ႐ွန္းစစ္ယြဲ႕ပလန္ကို ဝင္ေႏွာက္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ႐ွန္းစစ္ယြဲ႕အာ႐ုံေတြကို အကုန္သူ႕ထံေရာက္ေနေအာင္ဆြဲယူထားၿပီး က်ိဳးက်စ္ဟန္ကို အႏၲာရာယ္ကင္းကင္းလြတ္လပ္ေစသည္။

သူ႕ႏွလုံးသားထဲမွာ သတ္ျဖတ္သူသာ မႏိုင္မေ႐ြ႕ သူက သားေကာင္ျဖစ္ေပးရမယ္ဆိုေတာင္ သူမ႐ႈံးတာပင္။

႐ွ႐ွီခ်င္း နံရံေပၚကို လက္တဖက္ေထာက္ကာ ေျဖးေျဖးခ်င္းမတ္မတ္ရပ္လိုက္ၿပီး တံခါးဆီသို႔ တလွမ္းစီေလွ်ာက္သြားသည္။

"ေဟ့ "

႐ွ႐ွီခ်င္းက ေနာက္ကို လွည့္ၾကည့္ေပမဲ့ မ်က္လုံးေတြကသူ႕ကိုေတာ့ မၾကည့္ေနပါ ပင္ပန္းႏြမ္းနယ္စြာ ငိုက္က်လို႔ေနသည္၊ သြယ္လွေသာ လက္ခလယ္က သူ႕ႏႈတ္ခမ္းေပၚမွာ႐ွိေနၿပီး ဘာစကားမွမေျပာလာေပ၊ ဆံပင္အဖ်ားေတြက ႐ႈပ္ပြေနကာ ႏွာေခါင္းထိပ္ထိ ျဖာက်ေနၿပီး ႏွာထိပ္မွ မွည့္လွလွေလးကို ဖုံးကာ ထားေနသည္။

သူမွာ စကားေျပာဆိုခြင့္မ႐ွိေတာ့ပါ။

က်ိဳးက်စ္ဟန္ဘာမွထပ္မေျပာေတာ့ပဲ သူ႕ေနာက္လိုက္ကာ စာၾကည့္ခန္းထဲကထြက္လာၿပီး အိပ္ခန္းမွတဆင့္ ဧည့္ခန္းသို႔ လာခဲ့ၾကသည္။

စန္းစန္း၊ ယြမ္ေ႐ွာက္နဲ႔ ႐ွန္းစစ္ယြဲ႕တို႔က ဧည့္ခန္းထဲမွာ႐ွိေနၾကသည္။ ယြမ္ေ႐ွာက္မ်က္ႏွာေပၚက အမူအရာက သူမထင္ထားတဲ့အတိုင္းျဖစ္ေနတဲ့အတြက္ အလြန္ေလးနက္ေနသည္။စန္းစန္းမ်က္ႏွာထားက ပိုလို႔ေတာင္ဆိုးဝါးကာေနသည္။ အေ႐ွ႕က ႐ွ႐ွီခ်င္းကိုၾကည့္လိုက္ ၊ ႐ွ႐ွီခ်င္းအေနာက္က က်ိဳးက်စ္ဟန္ကိုၾကည့္လိုက္ႏွင့္သာ သူမအၾကည့္ေတြက သူတို႔အေပၚ မွာ တည္ၿမဲေနသည္။

႐ွ႐ွီခ်င္းအနည္းငယ္သက္သာလာသလိုခံစားလိုက္ရသည္။ သူ႕ကို နစ္နာသူအျဖစ္ျမင္ၾကတာမခံခ်င္ဘူး ၊ ႐ွင္း႐ွင္းေျပာရရင္ တဖက္လူက က်ိဳးက်စ္ဟန္ဆိုရင္ ပိုလို႔ေတာင္ အျမင္မခံခ်င္ဘူး ၊ အ႐ႈံးသမား တစ္ေယာက္ ႐ွိမွာမဟုတ္တဲ့ လုပ္ေနက် အျပဳံးမ်ိဳးကို ပန္ဆင္ၿပီး သူ႕ႏႈတ္ခမ္းေထာင့္ေတြကိုျမင့္တင္သြားသည္။ ၿပီးေတာ့ သူ႕ကို သတ္(ထုတ္)တဲ့ ႐ွန္းစစ္ယြဲ႕ကို တည့္တည့္ၾကည့္လိုက္သည္။ တဖက္လူရဲ႕ ပါေဖာမန္႔ကေတာ့ အိုင္ေဒါတစ္ေယာက္ရဲ႕ အရည္အခ်င္းထက္ကိုေက်ာ္လြန္လို႔ေနသည္၊ ခဏမွ် ေၾကာင္ၾကည့္ေနရာက လ်င္ျမန္စြာဘာမွမသိဘာမွမတတ္သလို ပုံအျဖစ္ ျပန္႐ိႈးထုတ္ကာ
" ႐ွီခ်င္း...မင္း..."

တကယ္ကို အံဩေလာက္စရာပဲ ၊ ႐ွ႐ွီခ်င္း သူကံမေကာင္းခဲ့တာကို ဝန္ခံလိုက္သည္၊ အၿမဲတမ္း' လူေတာ္ႀကိဳက္ေရာဂါ ' ရေနၿပီး ေတာ္တဲ့လူေတြအေပၚမွာပဲ အာ႐ုံ႐ွိၿပီးစိတ္ဝင္စားသည္ သူမ်က္လုံးထဲမွာ ညံ့ၿပီး ဉာဏ္မေျပးတဲ့သူေတြက အိမ္ေမြးအေကာင္ေတြသာသာ။

အက်င့္ဆိုးေတြက က်ဆုံးျခင္းရဲ႕ ရလဒ္သာ။

ဒါေပမဲ့ ႐ွ႐ွီခ်င္း သူက်႐ႈံးတယ္လို႔ မခံစားရပါဘူး က်ိဳးက်စ္ဟန္ လြတ္ေနသေ႐ြံ သူလည္း ႐ႈံးေနမွာမဟုတ္ဘူး

႐ွန္းစစ္ယြဲ႕အေမးကို ႐ွ႐ွီခ်င္းဘာမွ မတုံ႔ျပန္ခဲ့ ၊ လက္တဖက္ကို ေျဖးေျဖးခ်င္းေျမာက္လိုက္ၿပီး လက္မနဲ႔ လက္ခလယ္ကို ပါးစပ္ထဲထည့္ကာ ပါးစပ္ရဲ႕ အနားတဖက္စီကို ေဘးကို ‌ဆြဲျပလိုက္ၿပီး အသံမထြက္ရေၾကာင္းျပလိုက္သည္၊ ထမင္းစားပြဲဆီေလွ်ာက္သြားလိုက္ၿပီး စက္ဝိုင္းအဝိုင္းေပၚမွာလက္ကိုေနာက္ပစ္ကာ ရပ္လိုက္သည္။

က်ိဳးက်စ္ဟန္ သူ႕ကို ဆက္မၾကည့္ခ်င္ေတာ့။

သူ႕မ်က္လုံးက အစမွာ ထမင္းစားပြဲဆီ ၿပီးေတာ့ ဆိုဖာေပၚ ၿပီးေတာ့ ေကာ္ေဇာေပၚ ေနာက္ဆုံးမွာ သူ႕ဆီသို႔ ေရာက္သြားသည္။

အရာအားလုံးကိုသူၾကည့္ေနေပမဲ့ ႐ွ႐ွီခ်င္းကိုေတာ့ မၾကည့္ဘူးဆိုတဲ့ ပုံစံမ်ိဳး

႐ွ႐ွီခ်င္းကလည္း က်ိဳးက်စ္ဟန္ကိုျပန္ၾကည့္ေနခဲ့သည္ သူ႕ေခါင္းကို တခ်က္ဆတ္ျပကာ ျဖဴေဖြးေနေသာ သြားတန္းေလးေတြေပၚေအာင္ ျပဳံးျပခဲ့သည္။

က်ိဳးက်စ္ဟန္ သူ႕ကိုအပ္နဲ႔ စိုက္ေနသလို ခံစားရလာၿပီး အၾကည့္ကို ေ႐ွာင္လိုက္သည္။ ထူးဆန္းတဲ့ အရာတစ္ခုက သူ႕စိတ္ထဲ လိမ့္ဝင္လာၿပီး အဲ့တာကထိုအျပဳံးကသူ႕အာ႐ုံထဲမွာျမင္ေနရဆဲျဖစ္သည္။

သူ႕ေခါင္းကို ဆတ္လိုက္တဲ့အခါ သူ႕နဖူးေပၚက ဆံပင္႐ွည္ဟာ ပါးေပၚကေန ႏွာေခါင္းေပၚသို႔ က်သြားၿပီး ဆံပင္ဖ်ားေတြက ႏွာတံေပၚသို႔ တိုက္ကာျဖတ္သြားသည္။

အခုထိရီေနႏိုင္ေသးတယ္ေပါ့ ? မင္းထြက္လိုက္ရၿပီသူတကယ္ နားမလည္ႏိုင္ေတာ့ဘူး

"႐ွ႐ွီခ်င္း ကစားသမား Out , 3 2 1 ! "

ၾကမ္းျပင္အဝိုင္းကပြင့္သြားၿပီး ခုံမွာထိုင္ေနတဲ့ ႐ွ႐ွီခ်င္းလည္းအတူ ေအာက္သို႔ က်သြားၿပီးေနာက္ ၾကမ္းျပင္က ျပန္ပိတ္သြားကာ သတ္ျဖတ္သူထံမွ အသတ္ခံလိုက္ရပါေသာ ႐ွ႐ွီခ်င္းဟာ လူအားလုံးရဲ႕ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားခဲ့သည္။

က်ိဳးက်စ္ဟန္ ထိုစက္ဝိုင္းဧရိယာကို ၾကည့္ေနရင္းနည္းနည္းစိတ္က်ဥ္းက်ပ္လာသည္။ ထိုအခ်ိန္ မွာ စန္းစန္း႐ုတ္ခ်ည္းေျပာလာသည္
" ႐ွ႐ွီခ်င္းေျပာတာမွန္ေလာက္တယ္မလား? က်ိဳးက်စ္ဟန္ မင္းက သတ္ျဖတ္သူပဲ"

ယြမ္ေ႐ွာက္ကက်ိဳးက်စ္ဟန္ဖက္ကို ေျပာကူေပးဖို႔ လုပ္ေပမဲ့ ႐ွ႐ွီခ်င္း ေျပာတဲ့ နည္းလမ္းေတြကို ျပန္ေတြးမိၿပီး အသံပိတ္ကာ ေနလိုက္သည္။

က်ိဳးက်စ္ဟန္ တဖက္ကိုလွည့္ကာ အိတ္ကပ္ထဲလက္ထည့္ကာ တည္ၿငိမ္စြာ ေျပာလိုက္သည္
" ကြၽန္ေတာ္သာသတ္ျဖတ္သူျဖစ္ရင္လည္း သူ႕ကိုအရင္သတ္မွာပဲ "
ဆက္ေျပာသည္
" သူကအရမ္းေတာ္လို႔ေလ ႏွေျမာစရာပဲ"

"ႏွေျမာတယ္?" စန္းစန္းကမ်က္ေမွာင္ၾကဳတ္ကာ
"သူအသတ္ခံရတာ ႏွေျမာတာလား?"

"ကြၽန္ေတာ္ သတ္ျဖတ္သူမဟုတ္လို႔ ႏွေျမာတာ ကြၽန္ေတာ္ကိုယ္တိုင္မသတ္ရဘူးေလ"

က်ိဴးက်စ္ဟန္ေပါ့ေပါ့ပါးပါးနဲ႔ေျပာေနပုံက ေၾကာက္စရာပိုေကာင္းသည္၊ ထမင္းစားစားပြဲဆီေလွ်ာက္သြားၿပီး ခုံတလုံးဆြဲထုတ္ကာ ထိုင္လိုက္သည္။
"တမိနစ္ေတာင္မက်န္ေတာ့ဘူး ၊ အားလုံးလာၿပီး ထိုင္ မဲေပးၾကမယ္ေလ"

စန္းစန္းကလည္း လိုက္သြားကာ ထိုင္လိုက္ၿပီး
" မင္းမဟုတ္ဘူးဆိုတာ ဘယ္လိုသက္ေသျပမွာလဲ?"

က်ိဳးက်စ္ဟန္ေမးကို လက္နဲ႔ေထာက္ကာ သူမကို မ်က္လုံးပင့္ၾကည့္လိုက္သည္
" ကြၽန္ေတာ္သာျဖစ္ခဲ့ရင္ ဟိုးအစကတည္း ႐ွ႐ွီခ်င္း လက္ထိပ္ကို မျဖဳတ္ေပးခဲ့ဘူးေပါ့"

စန္းစန္းက ထပ္ေမးခ်င္ေပမဲ့ ပ႐ိုဂရမ္အသင္းရဲ႕ ေၾကညာသံက ထပ္ထြက္လာခဲ့သည္။

"Countdown ၿပီးသြားပါၿပီ ပထမဆုံးအႀကိမ္ မဲေပးမႈ စတင္ပါၿပီ ေက်းဇူးျပဳၿပီး အားလုံးထိုင္ၾကပါခင္ဗ်ာ"
{T/N - မ႐ွင္းမွာစိုးလို႔ ႐ွ႐ွီခ်င္း ထြက္ရတာက သတ္ျဖတ္သူက သတ္လိုက္လို႔ေနာ္ မဲေပးလိုက္လို႔မဟုတ္ဘူး မဲက အခုမွစမွာ}

စန္းစန္းကေတာ့ တခန္းထဲမွာ ႐ွ႐ွီခ်င္းနဲ႔က်ိဳးက်စ္ဟန္ တူတူ ႐ွိေနၾကၿပီး အသတ္ခံလိုက္ရတာေၾကာင့္ သူမအတြက္က က်ိဳးက်စ္ဟန္ကပဲ သတ္ျဖတ္သူဆိုတာ ေသခ်ာေနသည္၊
"မင္းဝန္မခံလည္း ပထမအႀကိမ္ မဲေပးၿပီးရင္ အေျဖထြက္လာမွာပဲ"

"မဟုတ္ဘူး" က်ိဳးက်စ္ဟန္က ခပ္႐ွား႐ွားပင္ရီလိုက္သည္။
"မင္းတို႔ ကြၽန္ေတာ့ကို ထုတ္ပယ္ဖို႔ ဆုံးျဖတ္ထားရင္ သတ္ျဖတ္သူက ဘယ္သူဆိုတာ သိႏိုင္မွာမဟုတ္ဘူး၊ အဲ့ခါ ဂိမ္းၿပီးမွသာ နားလည္သြားလိမ့္မယ္ လုံးဝ႐ႈံးၿပီဆိုတာကို"

က်ိဳးက်စ္ဟန္အေျဖေၾကာင့္ စန္းစန္းတစ္ေယာက္ စြံ႕အသြားသည္၊ ႐ွန္းစစ္ယြဲ႕နဲ႔ ယြမ္ေ႐ွာက္ကလည္းထိုင္လိုက္သည္၊ စန္းစန္းက ယြမ္ေ႐ွာက္ကိုမ်က္စပစ္လိုက္သည္၊ ယြမ္ေ႐ွာက္က‌ ေမးပင့္ျပကာ ဘာမွမေျပာလာခဲ့ပါ။

က်ိဳးက်စ္ဟန္က တည္ၿငိမ္စြာ မ်က္ႏွာမွာဘာအေျပာင္းအလဲမွမျမင္ရ သို႔ေသာ္သူအနည္းငယ္ စိတ္မေအးျဖစ္ေနသည္၊ ဒီတႀကိမ္ စန္းစန္းက သူ႕ကိုေသခ်ာေပါက္ မဲေပးမွာပဲ ၊ ႐ွ႐ွီခ်င္းေျပာသလို ႐ွန္းစစ္ယြဲ႕သာ တကယ္ သတ္ျဖတ္သူဆိုရင္ သူ႕မဲကလည္း သူ႕ဆီဦးတည္မွာပဲ ၊ ယြမ္ေ႐ွာက္က....

သူ ယြမ္ေ႐ွာက္နဲ႔ ဘာစကားမွ မေျပာမိေနေသးဘူး ၊ ေစာေစာက သူမရဲ႕အၾကည့္အရ စန္းစန္းနဲ႔တဖက္ထဲ ဖြဲ႕လိုက္ၿပီထင္တာပဲ။

သူ မတုန္လႈပ္ေနဘူး ေျပာရင္ လိမ္တာျဖစ္လိမ့္မည္၊ သူလက္ဖဝါးျပင္မွာ ထိန္းမရေအာင္ ေခြၽးေတြတစ္သီႀကီး နဲ႔ ထြက္ေနၿပီျဖစ္သည္။

‌"ကစားသမားမ်ားခင္ဗ်ာ ၊ ေက်းဇူးျပဳၿပီး မင္းတို႔သတ္မွတ္ထားတဲ့ သတ္ျဖတ္သူကို ဖုန္းကေနတဆင့္ပို႔ေပးၾကပါ၊ တေခါက္တည္းေသာ အခြင့္အေရးပဲျဖစ္ပါတယ္၊ အတည္ျပဳၿပီးတာနဲ႔ ပို႔ေပးၾကပါ ၊ Countdown က ဆယ္စကၠန္႔ပါ ၊ စတင္ပါၿပီ"

"10 , 9 "

ထူးဆန္းတယ္

အဲ့ဒီ ဝ႐ုန္းသုံးကားျဖစ္ေနတဲ့အခ်ိန္က ႐ွ႐ွီခ်င္းအေမွာင္ထဲမွာ က်ိန္ေျပာခဲ့ေသာာစကားလုံးေတြေကာဂိမ္းက မထြက္ခင္ျပဳံးခဲ့ေသာ အျပဳံးေတြေကာ က်ိဳးက်စ္ဟန္မ်က္လုံးထဲျမင္ေယာင္လာသည္။

" 8 , 7 "

[႐ွန္းစစ္ယြဲ႕က သတ္ျဖတ္သူပဲ ငါ့ကို ယုံေပးပါ ]

သူ႕ၾကည့္ရတာ အဆုံးကို ႀကိဳသိေနသလိုပဲ

" 6 , 5 , 4 "

က်ိဳးက်စ္ဟန္ မဝန္ခံခ်င္ေပမဲ့လည္း ဒီဂိမ္းထဲမွာ သူ႕ဘက္သားဆိုလို႔ ေျပာႏိုင္တာဆိုလို႔ ႐ွ႐ွီခ်င္းပဲျဖစ္သည္၊ ဒါေၾကာင့္ ဒီအခ်ိန္မွာ က်ိဳးက်စ္ဟန္ သူ႕အေပၚ ယုံၾကည္မႈ မထားဘူးဆိုရင္ေတာင္ ဒါကိုေတာ့ သူလက္ခံရမည္။

ဒါ့အျပင္ အစကတည္းက သူလည္း႐ွန္းစစ္ယြဲ႕ကို သံသယ ဝင္ေနတာ ျဖစ္ၿပီး သက္ေသမ႐ွိလို႔သာ ၿငိမ္ေနတာျဖစ္သည္။

" 3 , 2 "

က်ိဳးက်စ္ဟန္ သူ႕စိတ္ထဲ႐ွိေနၿပီးေသာ သံသယ႐ွိသူကို ဖုန္းမွာေ႐ြးလိုက္ၿပီး တြန္႔ဆုတ္ျခင္းမ႐ွိ ႏွိပ္လိုက္သည္။

" 1 "
"အခ်ိန္ျပည့္ပါၿပီ ကစားသမားေတြအားလုံးရဲ႕ မဲေတြကို ေရတြက္ပါေတာ့မယ္"

စားပြဲမွာထိုင္ေနေသာ လူေလးေယာက္က တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေနၾကသည္၊ က်ိဳးက်စ္ဟန္က မ်က္ႏွာခ်င္းဆိုင္ဖက္မွ ႐ွန္းစစ္ယြဲ႕ကို သားေကာင္ကိုဖမ္းဖို႔ေစာင့္ေနေသာ က်ားသစ္ကဲ့သို႔ စိုက္ၾကည့္ေနေလသည္၊ တဖက္လူက ေခါင္းကို ငုံ႔ထားၿပီး သူ႕အၾကည့္ကို ေ႐ွာင္ေနခဲ့သည္။

အမွန္တိုင္းေျပာရရင္ အလြန္ေကာင္းေကာင္းပုန္းတတ္ေသာသူမို႔ လြယ္လြယ္ၾကည့္ ႐ုံနဲ႔ သိႏိုင္တဲ့အထိေတာ့ မဟုတ္ေပမဲ့ ႐ွ႐ွီခ်င္းေျပာတာကို ယုံၾကည္ဖို႔ သူေ႐ြးခ်ယ္ထားလိုက္တာျဖစ္သည္။

"မဲေပးရလဒ္ကိုအခုေၾကညာပါေတာ့မယ္၊ ကစားသမားေတြရဲ႕ မဲေပးရလဒ္အရ ဒီတစ္ပိုင္းမွာ ထြက္ရမဲ့ သူကေတာ့........."

ေၾကညာခ်က္က ၾကားမွာရပ္သြားသည္ ၊ က်ိဳးက်စ္ဟန္က သူရင္ခုန္သံေတြထိန္းမရေအာင္ခုန္ေနတာကို ခံစားမိေလသည္။

သူသာျပဳတ္သြားရင္ သူရထားတဲ့ သဲလြန္စေတြဘယ္လိုလုပ္မလဲ?

အကုန္လုံး လူသိ႐ွင္ၾကား လက္လြဲလိုက္ရလိမ့္မည္ ၊အဲ့တာဆို ဘယ္ေလာက္ပဲ ႏွစ္ေယာက္တစ္ေယာက္ ျဖစ္ေနပါေစ သတ္ျဖတ္သူက ႏိုင္လိမ့္မည္။

အဲ့လို ေတြးၾကည့္မိေတာ့ က်ိဳးက်စ္ဟန္ စိတ္ဓာတ္က်လာသည္။

"ဘယ္သူမွ မ႐ွိပါဘူး ၊ ဒီတစ္ပြဲက သေရပါ ၊ ဘယ္သူမွ မထြက္ရပါဘူး ခင္ဗ်ာ ၊ ဂိမ္းကို ဆက္ကစားလို႔ ရပါၿပီ"

ဒီ မဲရလဒ္ကမထင္မွတ္စရာျဖစ္ေနခဲ့သည္ အထူးသျဖင့္ စန္းစန္းအတြက္ေပါ့ ၊ သူမ အံ့အားသင့္စြာျဖင့္ ႐ွန္းစစ္ယြဲ႕နဲ႔ ယြမ္ေ႐ွာက္ကို တလွည့္စီ ၾကည့္လိုက္ၿပီး
" ဘယ္သူက သူ႕ကို မဲမေပးတာလဲ"

ယြမ္ေ႐ွာက္က မ်က္ေမွာင္ၾကဳတ္ၿပီး ျဖဴစင္႐ိုးသားစြာပဲ
"ကြၽန္မ ေပးတယ္"

ဒီ အမႈမွ မပါေသာ က်ိဳးက်စ္ဟန္က တဖက္မွေန၍အားလုံးရဲ႕ မ်က္ႏွာ အမူအရာကို အကဲျဖတ္ေနသည္၊ ယြမ္ေ႐ွာက္က စကားေျပာေနတဲ့အခ်ိန္ သူမလက္ေခ်ာင္းက စားပြဲကို ေခါက္ေနခဲ့သည္၊ သူမ တစ္စုံတစ္ခု႐ွိတာ သိသာသည္၊ ႐ွန္းစစ္ယြဲ႕ဖက္ကို တဖန္ျပန္ၾကည့္လိုက္ရာ သူမ်က္ႏွာက သိပ္မေကာင္းလွေပမဲ့ ဒီလို ရလဒ္နဲ႔ပတ္သတ္ၿပီး အံ့ဩပုံေတာ့မရေနပါ။

က်ိဳးက်စ္ဟန္က ဘယ္သူက ဘယ္ မဲပိုင္႐ွင္လဲဆိုတာကို ဆန္းစစ္ၾကည့္ေနခဲ့သည္၊ သူက ႐ွန္းစစ္ယြဲ႕ကို မဲေပးခဲ့ၿပီး စန္းစန္းကေတာ့ သူ႕ကိုေပးမွာေသခ်ာသည္

ေနာက္ဆုံး စဥ္းစားစရာတစ္ခု ၊ ႐ွန္းစစ္ယြဲ႕ကို ယြမ္ေ႐ွာက္က ေပးတာလား ႐ွန္းစစ္ယြဲ႕က သူ႕ကိုယ္သူ ျပန္ေပးတာလား ၊ ႐ွန္းစစ္ယြဲ႕က သူ႕ကိုယ္သူ ေပးဖို႔ မျဖစ္ႏိုင္ဘူး။

ဒါေၾကာင့္ ယြမ္ေ႐ွာက္က ႐ွန္းစစ္ယြဲ႕ကို မဲေပးခဲ့တာပဲ။

က်ိဳးက်စ္ဟန္တစ္ေယာက္ ကြင္းထဲက ဒီလူေလးေယာက္ရဲ႕ အခ်ိတ္အဆက္ကို နားလည္သြားေတာ့ ႐ွန္းစစ္ယြဲ႕က သတ္ျဖတ္သူျဖစ္ဖို႔ ပိုေသခ်ာသြားသည္၊ ႐ွ႐ွီခ်င္း ျမန္ျမန္ အထုတ္ခံလိုက္ရတဲ့အေၾကာင္းက သူ သက္ေသကို ႐ွာေတြ႕သြားခဲ့လို႔ပဲျဖစ္သည္။

အခု သူကိုင္ထားတဲ့သက္ေသက ဒီအိမ္ကေန ထြက္သြားဖို႔သက္ေသပဲျဖစ္သည္၊ အမွန္တိုင္းေျပာရရင္ ႐ွန္းစစ္ယြဲ႕ရဲ႕သ႐ုပ္မွန္ကို လူတိုင္းဆီ သက္ေသလိုက္ျပေနဖို႔ မလိုအပ္ပါဘူး ၊ ဒီအိမ္ထဲကေန သူအရင္ လြတ္ေျမာက္သြားတာနဲ႔ ဂိမ္းက ၿပီးၿပီ။

အဲ့လို စဥ္းစားၾကည့္လိုက္ေတာ့ က်ိဳးက်စ္ဟန္ ခုံကေန ထလိုက္သည္။

စန္းစန္းက သူ႕ကိုၾကည့္လိုက္ၿပီး
"ဘယ္သြားမို႔လဲ က်ိဳးက်စ္ဟန္?"

"အျပင္ထြက္ဖို႔သဲလြန္စလိုက္႐ွာမို႔ေလ"
က်ိဳးက်စ္ဟန္က ခုံကိုတြန္းၿပီးထလိုက္ကာ
"ဘာပဲျဖစ္ျဖစ္ ပထမပြဲက ဘယ္သူမွမထြက္ရဘူးဆိုေတာ့ ျမန္ျမန္သဲလြန္စ႐ွာၿပီး ျမန္ျမန္ထြက္ၾကတာေပါ့"

ေျပာၿပီးေနာက္ က်ိဳးက်စ္ဟန္စာၾကည့္ခန္းကိုျပန္သြားဖို႔လုပ္ေတာ့ ထင္တဲ့အတိုင္း ႐ွန္းစစ္ယြဲ႕က သူ႕ကိုလွမ္းတားသည္
"က်စ္ဟန္ ငါလည္း မင္းနဲ႔အတူသြားမယ္"

က်ိဳးက်စ္ဟန္သူ႕ကိုမတားပါ"ေကာင္းၿပီေလ"

ႏွစ္ေယာက္သား စာၾကည့္ခန္းထဲသို႔ ဝင္သြားၾကသည္။

စာၾကည့္ခန္းထဲမွာ ဘာမွေတာ့ အေျပာင္းအလဲမ႐ွိေနပါ၊ ႐ွန္းစစ္ယြဲ႕က တံခါးကို ပိတ္လိုက္ၿပီး ေမးလာသည္
" က်စ္ဟန္ မင္း ဘယ္သူ႕ကို မဲေပးခဲ့တာလဲ"

က်ိဴးက်စ္ဟန္က ဟန္ေဆာင္ပန္ေဆာင္ ႀကိဳးစားကာ သဲလြန္စ႐ွာေနသလိုႏွင့္ တည္ၿငိမ္စြာေမးလိုက္သည္
" မင္းေကာ ဘယ္သူ႕ကိုေပးခဲ့တာလဲ"

႐ွန္းစစ္ယြဲ႕က ရီလိုက္ၿပီး
"ငါက မဲေပးတာကေန လက္ေ႐ွာင္လိုက္တာေလ"
႐ွန္းစစ္ယြဲ႕က စားပြဲ႐ွည္က ခုံမွာထိုင္ၿပီး သက္ေတာင့္သက္သာစြာျဖင့္
" ငါလည္းဘာမွမေတြ႕တာမို႔ မဲမေပးတာ ပိုေကာင္းတယ္ေလ ၊ ေတာ္ၾကာအျပစ္မ႐ွိတဲ့လူ မွားထုတ္မိေနမွာစိုးလို႔"

မဲေပးတာကေနလက္ေ႐ွာင္တယ္၊ ေတာ္ေတာ္ ေတာ္တဲ့ ေျဖ႐ွင္းခ်က္ပဲ

က်ိဳးက်စ္ဟန္ သူ႕ကို တခ်က္ၾကည့္ၿပီး ေျဖးေျဖးခ်င္းေခါင္းၿငိ့မ့္ကာ
" မင္းေျပာတာ မွန္တယ္"
က်ိဳးက်စ္ဟန္က ႐ွန္းစစ္ယြဲ႕စီေလွ်ာက္လာခဲ့သည္၊ သူထိုင္ေနေသာခုံက သူအခ်ည္ခံထားရတုန္းက ခုံပဲျဖစ္သည္ ၊ ဒါက႐ုံးသုံးအလုပ္လုပ္တဲ့ခုံျဖစ္တာေၾကာင့္ တစ္ဖက္ဆီမွာ လက္ေမာင္းတင္တဲ့တန္းေတြပါသည္၊

သူတုန္လႈပ္စိတ္လႈပ္႐ွားေနတာေၾကာင့္ လက္တန္းေပၚတင္ထားေသာ သူ႕လက္က အနည္းငယ္တုန္ေနသည္၊ ဒါက ဖုန္းကြယ္ဖို႔အတြက္ ပုံမွန္အတိုင္းျဖစ္ပုံေပၚေအာင္ လက္တန္းကိုဆုတ္ကိုင္ထားသည္။

က်ိဳးက်စ္ဟန္က အဲ့တာကိုေတြ႕သည္ ၊ သူအေဝးကိုၾကည့္လိုက္ၿပီး ေျပာလိုက္သည္
" ႐ွ႐ွီခ်င္းကထြက္သြားၿပီဆိုေတာ့ ကြၽန္ေတာ္လည္း မဟာမိတ္ ျဖစ္မဲ့လူလိုေနသလိုပဲ"
ေျပာၿပီး ဘယ္ဖက္လက္ကို အိတ္ကပ္ထဲထည့္ကာ စာ႐ြက္အပိုင္းတစ္ခုယူထုတ္လာၿပီး ႐ွန္းစစ္ယြဲ႕ေ႐ွ႕စားပြဲမွာခ်လိုက္သည္။
"ဒါက ကြၽန္ေတာ္ေတြ႕ထားတဲ့ အေရးႀကီးဆုံးသဲလြန္စပဲ မင္းၾကည့္"
ေျပာေနရင္း ညာဖက္လက္က တဖက္အိတ္ကပ္ထဲသို႔ ေရာက္သြားသည္။

"သဲလြန္စ?" ႐ွန္းစစ္ယြဲ႕က အေ႐ွ႕ကို ငိုက္တိုးလာသည္။

႐ွန္းစစ္ယြဲ႕က ထို သဲလြန္စဆီကို အာ႐ုံအကုန္ေရာက္ေနတဲ့အခ်ိန္ က်ိဳးက်စ္ဟန္က တစ္စကၠန္႔ႏွစ္စကၠန္႔ေလာက္အတြင္းကို သူ႕ညာဖက္လက္နဲ႔ ဓာတ္စက္ေပၚက လက္ထိပ္ကိုယူကာ ႐ွန္းစစ္ယြဲ႕ရဲ႕လက္နဲ႔ ထိုင္ခုံလက္တန္းကိုတြဲၿပီးခတ္လိုက္သည္။

႐ွန္းစစ္ယြဲ႕က ေၾကာင္အသြားကာ သဲလြန္စဆိုတဲ့စာ႐ြက္ကလည္း ဗလာစာ႐ြက္သတ္သတ္သာျဖစ္သည္။

က်ိဳးက်စ္ဟန္က ‌ၾကမ္းေပၚက ႀကိဳးကိုေကာက္လိုက္ၿပီး ႐ွန္းစစ္ယြဲ႕ကို ခုံမွာခ်ည္လိုက္သည္။

"က်စ္ဟန္ မင္းဘာလို႔ ငါ့ကိုခ်ည္ရတာလဲ"
႐ွန္းစစ္ယြဲ႕က ႐ုန္းကန္ေနေပမဲ့လည္း က်ိဳးက်စ္ဟန္က‌ရပ္တန္႔ျခင္းမ႐ွိ။

"မင္း လူမွားတာလား ဒါမွမဟုတ္ မင္း သတ္ျဖတ္သူလား"

"ဟန္႔.. " က်ိဳးက်စ္ဟန္ ႐ွန္းစစ္ယြဲ႕ကို တည့္ၾကည့္ၿပီး ႏူးညံ့စြာေျပာလိုက္သည္။
"သ႐ုပ္ေဆာင္မေနေတာ့နဲ႔ ဂိမ္းက မၾကာခင္ၿပီးေတာ့မွာ"

အားလုံးၿပီးတဲ့အခါ က်ိဳးက်စ္ဟန္က ေျခေထာက္နဲ႔ ထို စုံလည္ခုံရဲ႕ ေအာက္ေျခကို ကန္လိုက္ရာ ခုံႏွင့္အတူ ႐ွန္းစစ္ယြဲ႕က တဖက္ကို ေ႐ြ႕သြားသည္။

"ေဆာရီး ခနနားလိုက္အုံး"

႐ွန္းစစ္ယြဲ႕က ခုံမွာ႐ုန္းကန္ေနကာ ထလို႔မရေပ၊ က်ိဳးက်စ္ဟန္အခန္းကေနတံခါးပိတ္ကာ ထြက္သြားတာကိုပဲ ၾကည့္ေန႐ုံကတပါး။

က်ိဳးက်စ္ဟန္အရင္လိုမ‌ဟုတ္ေတာ့ပဲ သူ႕လက္ထဲမွာ အိမ္ကထြက္သြားလို႔ရတဲ့သဲလြန္စေတြအကုန္ကိုင္ထားၿပီျဖစ္သည္၊ သူကုတ္ကိုျဖည္ၿပီး အိမ္ကေန ထြက္သြားတဲ့အခ်ိန္ လူသတ္သမားအျဖစ္နဲ႔သူ႕ကို ေခ်ာက္မခ်ေအာင္ ႀကိဳတင္ ဒီမွာ ႀကိဳးနဲ႔ခ်ည္ထားခဲ့လိုက္သည္၊

အေစာပိုင္းက တဖက္အခန္းမွာ သူတို႔ေလးေယာက္ စုံၿပီး႐ႈပ္ေထြးေနတဲ့အခ်ိန္ ႐ွ႐ွီခ်င္းသူ႕ကိုေပးခဲ့ေသာ ပန္းခ်ီကားကိုဖြင့္ၾကည့္လိုက္သည္၊
[ဆိုဖာ ၊ ဓာတ္အိမ္ ၊ စာၾကည့္ ၊ မီးပိတ္ ] ဆိုတဲ့ သဲလြန္စေတြအရ ဧည့္ခန္းထဲက ဆိုဖာမွာ ပ႐ိုဂရမ္အသင္းက ဝွက္ထားတဲ့ ဓာတ္မီး အပိုင္းအစ‌ ေတြ ကို သူ ေတြ႕ခဲ့သည္၊ သူတစ္စုတည္းျပန္ထည့္လိုက္ၿပီး ဧည့္ခန္းထဲကို မီးထိုးၾကည့္လိုက္ေတာ့ စက္ဝိုင္းပုံ အဝိုင္းနဲ႔ မီးေရာင္လင္းလာသည္ ၊ ေနာက္ဆုံးမွာ သူ အေ႐ွ႕တံခါးက လ်ိဳ႕ဝွက္နံပါတ္ထည့္ရတဲ့ ဒုတိယလိုင္းကိုမီးထိုးၾကည့္လိုက္တဲ့အခါ စာလုံးေတြေပၚလာတာကိုေတြ႕လိုက္ရသည္။

စာလုံးသုံးလုံးသာ ဝင္ရေသာ လ်ိဳ႕ဝွက္နံပါတ္ထည့္တဲ့ေနရာရဲ႕ ဘယ္ဘက္မွာ စာေၾကာင္းတစ္ခုေပၚလာသည္။

[ဘယ္သူက လူသတ္သမားလဲ]

ဒါေပမဲ့ ဒါက လ်ိဳ႕ဝွက္နံပါတ္တစ္ခုစာပဲ႐ွိေသးသည္ ေနာက္တစ္ခုအတြက္နံပါတ္႐ွာရအုံးမည္ျဖစ္သည္၊ က်ိဳးက်စ္ဟန္ သဲလြန္စရဲ႕ အေနာက္ႏွစ္ခုကို စဥ္းစားၾကည့္သည္
[ ဆိုဖာ ၊ ဓာတ္မီး ၊ စာၾကည့္ ၊ မီးပိတ္ ]
ဒါေၾကာင့္ စာၾကည့္ခန္းထဲဝင္သြားၿပီး မီးကို ပိတ္လိုက္သည္၊ အေမွာင္ထဲမွာ က်ိဳးက်စ္ဟန္က အခန္းရဲ႕ေထာင့္ေတြကို မီးနဲ႔လိုက္ထြန္းၾကည့္သည္၊ အခန္းရဲ႕ ေထာင့္ေလးေထာင့္မွာ အနီေရာင္နဲ႔ လင္းေနေသာ ဂဏန္းသုံးလုံး 2 ၊ 3 ၊ 7 နဲ႔ Prime ဆိုၿပီး ေတြ႕လိုက္ရသည္ ။

က်ိဳးက်စ္ဟန္က သိပၸံေက်ာင္းသားျဖစ္တာမို႔ 2 ၊ 3 ၊7 တို႔ဟာ Prime ဂဏန္းေတြ ျဖစ္ၾကတာကို နားလည္လိုက္သည္ ၊ ထိုဂဏန္းေတြၾကားက ဂဏန္းတစ္လုံး 5 ဂဏန္းက လိုအပ္ေနသည္။

က်ိဳးက်စ္ဟန္ စာၾကည့္ခန္းထဲကေန သုတ္ေခ်တင္ထြက္လာၿပီး ဧည့္ခန္းထဲကို လာခဲ့သည္၊ ဧည့္ခန္းထဲထိ ႐ွန္းစစ္ယြဲ႕ရဲ႕ ေအာ္သံက ၾကားရႏိုင္သည္။

"စစ္ယြဲ႕ ဘာျဖစ္တာပါလိမ့္ "
စန္းစန္းက သြားၾကည့္ဖို႔ ျပင္ေတာ့ ယြမ္ေ႐ွာက္က တားလိုက္သည္
" မမစန္းစန္း ခဏေလး ေစာင့္လိုက္အုံး"

"ေစာင့္ရမယ္ ဘာကို ေစာင့္ရမွာလဲ ?"

ထိုအခ်ိန္က က်ိဳးက်စ္ဟန္က ေ႐ွ႕တံခါးဆီေရာက္ေနၿပီ ျဖစ္ၿပီး ပထမလိုင္းမွာအျမန္ဆုံးနည္းနဲ႔ [ 2 3 5 7 ] ကို႐ိုက္ထည့္လိုက္ၿပီး ဒုတိယလိုင္းမွာ ေမးေသာ ေမးခြန္းရဲ႕ အေျဖကို႐ိုက္ထည့္လိုက္သည္။

[SON ]

သားျဖစ္သူက လူသတ္သမားပဲ

စခရင္က အျပာေရာင္သန္းသြားၿပီး သုံးႀကိမ္လင္းလာကာ အစိမ္းေရာင္ အတန္းေလး ေပၚသြားသည္။

[လ်ိဳ႕ဝွက္နံပါတ္ မွန္ပါသည္ ၊ အခန္းေတြကိုေျဖ႐ွင္းႏိုင္ခဲ့လို႔ ဂုဏ္ယူပါတယ္ ]

ဘမ္းဆိုၿပီး တံခါး ပြင့္သြားသည္။

က်ိဳးက်စ္ဟန္က မ်က္လုံးကိုပင့္ၿပီး ေ႐ွ႕ကိုၾကည့္လိုက္သည္၊ သူျဖစ္ႏိုင္ေခ်အားလုံးကို ျမင္ေယာင္ၾကည့္ၿပီး ေနၿပီျဖစ္သည္၊ တံခါးရဲ႕ အေ႐ွ႕မွာ ကင္မရာေတြအမ်ားႀကီး႐ွိေနလိမ့္မယ္ ၊ ဒါမွမဟုတ္ ပ႐ိုဂရမ္အသင္းရဲ႕ စီစဥ္သူေတြ႐ွိေနလိမ့္မယ္ ၊ ထြက္လာတဲ့အခ်ိန္ေျပာဖို႔ စာသားေတာင္ သူေတြးၿပီးေနၿပီျဖစ္သည္။

ဒါေပမဲ့ မထင္မွတ္ထားစြာပဲ ေခြၽးေအးေတြနဲ႔အတူ တံခါးကေန သူထြက္လာတဲ့ေနာက္ သူပထမဆုံး ျမင္ရတဲ့သူက ႐ွ႐ွီခ်င္းျဖစ္ေနခဲ့သည္

အျဖဴေရာင္႐ွပ္ဝတ္ထားေသာ ႐ွ႐ွီခ်င္းက တံခါးေ႐ွ႕မွာ ရပ္ေနသည္ ၊ ပ႐ိုဂရမ္အသင္းက စီစဥ္ေပးထားေသာ မီးေရာင္က သူ႕ေနာက္မွာ ေတာက္ပေနသည္ ၊ အေနာက္ကမီးအလင္းက သူ႕ပုခုံးကိုေက်ာ္လာၿပီး ဘယ္ဖက္ရင္ဘတ္နားထိ လင္းကာထားေလသည္ ၊ အလင္းရဲ႕ေထာင့္ခ်ိဳးေကညာင့္ သူ႕မ်က္ႏွာက ေဝဝါးေနကာ ႏႈတ္ခမ္းေထာင့္လွလွေလးသာ ျမင္ရၿပီး ထို ေထာင့္ေလးက ပင့္တက္သြားကာ
"ေတာ္တယ္"

ေျပာၿပီးတာနဲ႔ သူနဲ႔ မီတာဝက္ေလာက္အေဝးမွာရပ္ေနတဲ့ ႐ွ႐ွီခ်င္းက ႐ုတ္တရက္ ေ႐ွ႕တိုးလာကာ အႏိုင္ရသူကို ေယာက်ၤားခ်င္း အားေပးတဲ့ပုံစံမ်ိဳးနဲ႔ သူ႕ကို တင္းက်ပ္စြာ ဖက္ထားခဲ့သည္။

က်ိဳးက်စ္ဟန္က ေၾကာင္အသြားကာ သူ႕ကို ဖက္ထားၿပီး‌ ေကာက္က်စ္စြာ အခြင့္အေရးယူေနေသာ ထိုသူကို တြန္းထုတ္ရန္ေတာင္ ေမ့ေလ်ာ့သြားခဲ့သည္။

ထူးဆန္းလွသည္၊ အရင္က စူးၿပီးျပင္းလွတဲ့ ေရေမႊးအနံ႔ကအလိုလိုေျပာင္းသြားခဲ့သည္ ၊ ေဆးလိပ္နံ႔ကလည္း ေဖ်ာ့သြားၿပီး စုံလွေသာ အနံ႔အသက္ေတြကလည္း ေပ်ာက္သြားသည္ ၊က်ိဳးက်စ္ဟန္ သူ႕ရဲ႕ ခႏၷာကိုယ္ကို ေႏြးေထြးလွေသာသစ္သားနံ႔ေလးက ျငင္သာစြာ ေထြးေပြ႕ထားသလိုခံစားရသည္ ၊ ရနံ႔ ၊ ခႏၷာကိုယ္အပူခ်ိန္ ၊ သူ႕ေနာက္ေက်ာကို ဖိထားေသာ လက္ဖဝါးျပင္မွ အထိအေတြ႕ ၊ အၿမဲတမ္းစကားေျပာရင္ စိတ္ရင္းပါပုံမေပၚတဲ့ထိုသူရဲ႕ ေနာက္ဆုံးအသံ။

"ငါတို႔ႏိုင္မယ္မွန္းသိၿပီးသား "

Continue Reading

You'll Also Like

288K 7.2K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
208K 31.6K 80
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
31.1K 6K 99
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
362K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...