I Only Like Your Character Se...

By yeolbin_Elena

34.9K 4.1K 175

Angel မျက်နှာလေးနဲ့ Alphaဆန်သောပလေးဘွိုင်း(Shou ) Vs ဖြူစင်ရိုး‌သားပြီး အေးစက်သော (Gong) Author - Zhìchû ( 雉... More

Description
Chapter 1 မရိုးသားမှု
Chapter 2 ပေါ်သွားသောအဖြစ်အပျက်
Chapter -4 ဇာတ်ရုပ်ပုံစံအတု
ရှင်းလင်းခြင်း
Chapter -5 မသန့်ရှင်းမှု
Chapter -6 ကောင်းကင်မှ လွတ်မြောက်ခြင်း
Chapter -7 ညှိနှိုင်းသူ
Chapter-8
Chapter-9
Chapter -10
Chapter -11
Chapter -12
Chapter -13
Chapter -14
Chapter -15
Chapter - 16
Chapter - 17
Chapter -18
Chapter -19
Chapter -20
Hi
Chapter -21 (Part -1)
Chapter -21 (part 2)
Chapter - 22
Chapter - 23
Chapter -24
Chapter -25
Art 🤍(လှလိုက်တာအေ)
Chapter -26
Chapter -27
Chapter -28
Chapter -29
Chapter -30
Chapter - 31
Chapter -32
Chapter -33
Chapter -34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38

Chapter 3 ပုန်ကန်ရန်မွေးဖွားလာခြင်း

1.2K 151 18
By yeolbin_Elena

သူ့ကို ချဥ်းကပ်လာသော ထိုသူလည်း အတော်ကြာဘာမှမပြောနိုင်ဖြစ်သွားသည် ၊ ရှရှီချင်း တစ်ချက်တောင်မကြည့်ပဲ အင်္ကျီကိုသေချာဆွဲညှိလိုက်ပြီး လှည့်မကြည့်တမ်း ထွက်လာခဲ့သည်

အဲ့လို ကိုယ့်ကိုဟုတ်လှပြီထင်နေတဲ့သူတွေက သူတို့ရဲ့ စုတ်ချာလှတဲ့ မာန်တက်မှုကို လုံးဝရိုက်ချိုးပစ်လိုက်မှ မဟုတ်ရင် လိုက်ရှုပ်လို့ပြီးတော့မှာမဟုတ်ချေ ၊ လမ်းတစ်ဖက်ကိုလျှောက်လာကာ တက်စီကို တား၍စီးလိုက်သည်

ပြန်လာတဲ့လမ်းတစ်လျှောက် ရှရှီချင်း weiboက ထိုဗီဒီယိုကိုပြန်ကြည့်နေခဲ့သည် ၊ ဗီဒီယိုက ရုပ်ရှင်ရဲ့ တရားဝင်ဘလော့ကနေပဲတင်ထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ထိုအကြောင်းအရာအပေါ်မှာ အလိုလိုပဲ ဆွေးနွေးလာကြတာဖြစ်သည် ၊ ဒါပေမဲ့လည်း ဒါက ပွဲရဲ့နောက်ဆုံးအဆင့်လိုခံစားရပြီး တစ်ယောက်ယောက်ပါဝင်ကာ ဒီအခွင့်အရေးကိုယူပြီး သတင်းပိုဖောင်းပွအောင်လုပ်ထားတာပဲဖြစ်ရမည်ဖြစ်သည်၊

ဒီအကြောင်းတွေးတာနဲ့စိတ်ကမပျော်မရွှင်ဖြစ်လာကာ ယာယီငှားရမ်းထားတဲ့တိုက်ခန်းကိုပဲပြန်လာခဲ့သည်၊ အိမ်ပြန်ရောက်တော့ ရေပူဖြင့်ချိုးလိုက်ပြီး တစ်ချိုးတည်း အိပ်ပစ်လိုက်သည်

နောက်နေ့နေ့လည်လောက်ထိအိပ်ပစ်လိုက်ပြီး နိုးလာပြီးဖုန်းကိုကြည့်လိုက်တော့ သူ့ဖုန်းက အသံပိတ်ထားမိပြီး ဖုန်းကောတွေ လေးဆယ်ကျော်လောက်ဝင်ထားခဲ့သည် ၊ နှစ်သစ်ကူးအချိန်တွေမှာတောင်ဖုန်းမခေါ်တဲ့ သူ့မိဘတွေကတောင်ခေါ်ထားကြကာ သူဒီတိုင်းပဲပြန်ထားလိုက်သည်။

အခိုက်တန့် သူကျေနပ်မိသည် ၊ သူ့ကိုလျစ်လျူရှုထားသော သူ့အဖေနဲ့ သူ့ကိုအရိုးထဲထိမုန်းတဲ့ သူမိထွေးတို့ရဲ့ မျက်စိရှေ့မှာ သူ့ကို မြင်‌ေနရအောင်ထိ နာမည်ကြီးလာခဲ့တာပင် ၊ သွားတောင်မတွေ့ရပဲ ဆွေ့ဆွေ့ခုန်အောင်လုပ်ပေးလိုက်ရတာက သူ့အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲဖြစ်သည်။

ကိုယ်လက်သန့်စင်ပြီးနောက် ရှရှီချင်းက သူ့ဆံပင်ဖြစ်သလိုစီးလိုက်ပြီး ခေါင်းထိပ်မှာ အလုံးတစ်ခုလုံးကာ စုချည်ထားလိုက်သည် ၊ သန့်ရှင်းမှုမရှိတဲ့ အဝတ်အစားတစ်စုံကိုလဲလိုက်ပြီး လက်မှာ ဆေးစုံကားချပ်ပြားကိုကိုင်လိုက်ပြီး ဆေးချယ်ဘုတ် ရှေ့မှာထိုင်လိုက်သည်၊ အနီနဲ့အပြာရောင်ရောလိုက်ပြီး ခရမ်းရင့်ရောင်အဖြစ်ရောစပ်လိုက်သည် ၊ သူ့မျက်လုံး‌တွေကိုမှိတ်လိုက်တော့ ထိုညကသူ့ကိုမထီမှဲ့မြင်ပြုခဲ့သော ကျိုးကျစ်ဟန်ရဲ့ အမူအရာကို ပြန်မြင်ယောင်လာခဲ့သည်

လွင့်မျောနေတဲ့ တိမ်တွေလို ပုံရိပ်တွေက တစ်ချက်ချင်းစီ ပြန်ပေါ်လာပြီး ရှင်းလင်းစွာ ပြန်‌မြင်ယောင်လာခဲ့သည် ၊ ရှရှီချင်း ကောက်ကြောင်းအချိုးအကွေ့တွေကို ပုံဆွဲဘုတ်ပေါ်မှာ ဖြည့်ကြည့်လိုက်သည်

သုံးဖက်မြင် ကောက်ကြောင်းတွေ ၊ ပြတ်ရှထင်ရှားသော မျက်ခုံး မျက်လုံး ၊ ရွံ့ရှာမှုကြောင့် အနည်းငယ် ဖိတင်းထားသော နှုတ်ခမ်းတွေ ဒါတွေကို ပြောင်ရှင်းနေသော ပုံဆွဲဘုတ်ပေါ်မှာ ဆေးဆီတွေရဲ့ အရောင်ထင်းထင်းနဲ့ ‌ဆွဲချလိုက်ပြီး ဘယ်နေရာမှ မလွတ်စေရချေ။

လက်မှာ စုတ်တံကိုင်ထား‌ေသာရှရှီချင်းအနောက်ကခုံကိုမှီကာ ခြေတစ်ဖက်က ပန်းချီပစ္စည်းစားပွဲကို ထောက်နင်းထားပြီး ဆွဲထားသောပုံကို သေချာဆန်းစစ်ကြည့်လိုက်သည်

သူဘယ်အရာကို ‌သဘောမကျနိုင်တာလည်း သူလည်းမသိပါ ၊ ကောက်ကြောင်းလိုင်းဖော်ပြချက်တွေက တကယ့်အပြင်ကလူရဲ့ ဆွဲဆောင်မှုရဲ့ ဆယ်ပုံပုံ တစ်ပုံထက် အမြဲ နည်းသည် ပြီးတော့ ရွံရှာနေတဲ့‌ေထာင့်ချိုးကလည်း တထပ်တည်းမကျဖို့မဖြစ်နိုင်ပါ

သူ့ရဲ့ဖုန်းကမြည်လာပြီး လက်ဆန့်ပြီးယူကာ သူမသိသောသူရဲ့ဖုန်းဖြစ်သည်၊

" ဘယ်သူပါလဲခင်ဗျ?"
အကျင့်အရ ယဉ်ကျေးသလို ဟန်ထုတ်လိုက်သည်။

" ကျွန်မတို့အရင်ကဆုံဖူးတယ်လေ မှတ်မိလား?"
တဖက်လူအသံကအရမ်းရင်းနှီးနေတာမို့ တစ်စက္ကန့်နှစ်စက္ကန့်လောက်ပြန်စဉ်းစားယူလိုက်ပြီး
" အော် ! မစ်ကျန်း မလား?"

" ဟုတ်ပါတယ် မှတ်မိနိုင်သားပဲ "
တစ်ဖက်မှ ကျန်းယင်က ပြုံးလိုက်ပြီး
" အခုတလော စိတ်ရှုပ်နေရတာလား? အင်တာနက်မှာရှင်အရမ်းနာမည်ကြီးနေတာဆိုတော့"

ရှရှီချင်းပြုံးကာအကျောဆန့်လိုက်ပြီး
" ကံကောင်းစွာပဲ အခုမှ အိပ်ရာကနိုးလာတာ ပထမဆုံးဖုန်းခေါ်တဲ့သူက ခင်ဗျားပါပဲ"

ကျန်းယင်အနည်းငယ်အံ့ဩသွားသည် ၊ ထိုလူငယ်လေးက သူမဘယ်လိုဖုန်းနံပါတ်ရလာတာလဲတောင်မမေးပဲ အရမ်းတည်ငြိမ်ကာနေသည်

မှောင်ရိပ်သန်းချိန် နှစ်ယောက်တွေ့ဆုံဖို့ထွက်လာခဲ့သည် ၊ ကော်ဖီဆိုင်ထဲမှာလူအနည်းငယ်သာရှိသည် ၊ လိမ္မောရောင်နေရောင်ဟာ ထွင်းဖောက်ကြမ်းခင်ကနေ မျက်နှာကျက်ဖန်ပြတင်းပေါက်သို့ ထိုးဖောက်သွားပြီး ကော်ဖီအနံ့ပြင်းပြင်း ဆီသို့ပျော်ဝင်သွားကာ ရှရှီချင်းကို ထိုထဲမှာ ရစ်‌ပတ်ထွေးလို့ထားသည်။

ကျန်းယင်ကသူမလက်ထဲမှာ ကော်ဖီဇွန်းကိုကိုင်ပြီး နွားနို့အမြုပ်တွေကိုမွှေနေခဲ့သည် သူမရှေ့မှကောင်လေးကိုကြည့်လိုက်သည်

သူ့ဆံပင်အမည်းနက်နက်လေးက နေရဲ့အလင်းကြောင့် ပြောင်လက်တောက်လို့နေလေသည် ၊ ချိုမြိန်တဲ့မျက်နှာလေးပေါ်မှာအပြုံးရှိပြီး နှာခေါင်းထိပ်မှ မှဲ့လေးက တည်ငြိမ်ပြီးဆွဲဆောင်မှုရှိသည် ၊အရင်တခေါက်က သူမသတိမထားမိသော သူ့မေးပေါ်က အမာရွတ်ရှည်ရှည်ပါးပါးလေးကို တွေ့လိုက်မိသည် ၊ မေးရိုးနဲ့တထပ်တည်းနီးပါးကျလောက်ပြီး သေချာကြည့်မှသာမြင်ရသည် ၊ ရှရှီချင်းက သူမမျော်လင့်ထားတာထက်ပိုပြီး ပေါ့ပါးသောပုံစံဖြစ်သည်၊ ကြီး၍ဟောင်းကာ ညစ်ပေနေသော မီးခိုးရောင် ဝတ်စုံကိုဝတ်ဆင်ထားသည် ၊ အဟောင်းကော အသစ်ထပ်ပေထားသော ဆေးမင်ရောင်တွေနဲ့ပြည့်လို့နေသည်

ဒါပေမဲ့ ကျန်းယင်သူဝတ်ထားတဲ့ဝတ်စုံတံဆိပ်ကိုချက်ချင်းမှတ်မိပါသည် ၊ နာမည်ကြီးတံဆိပ်ဖြစ်ပြီးအရမ်းဈေးမြင့်သည် ၊ ဆယ်လီတွေကြားမှာနာမည်ကြီးပြီး လေယာဉ်ကွင်းဖက်ရှင်အဖြစ်ရွေးချယ်ကာ ထင်ပေါ်အောင် ဝတ်ဆင်ကြသည် ၊ သူဝတ်ထားတဲ့ ဟာက အကန့်အသတ်နဲ့ထုတ်တဲ့ တွဲဖက်တံဆိပ်ဒီဇိုင်းဖြစ်ပုံရပြီး အဲ့တာကို ဒီလိုဆေးတွေနဲ့စွန်းအောင်ဝတ်ထားလေရဲ့

"ပန်းချီဆွဲလာတာလား?"

"ဟုတ်ပါတယ်"
ရှရှီချင်း သူ့လက်ဖဝါးကိုကြည့်လိုက်ပြီး အပြာရင့်ရောင်ဆေးတွေစွန်းထင်ကာနေသည် ၊ သူ့လက်ချောင်းတွေနဲ့ပွတ်ကာဖျက်ပေမဲ့ ဖျက်လို့မရပဲရှိနေသည် ၊ မရတော့ သူနည်းနည်းစိတ်ရှုပ်လာသည် ၊ ခေါင်းမမော့ပဲ စကားလှမ်းပြောလိုက်သည်

" ဘာကိစ္စနဲ့ ကျွန်တော့ကိုတွေ့ဖို့ခေါ်တာလဲ?"

တိုက်ရိုက်ပြောလာတာမို့ ကျန်းယင်လည်း စကားပုလ္လင်ခံမနေတော့ဘဲ တည့်ပြောလိုက်သည်

" ပွဲဦးထွက်ဖို့ စိတ်ကူးမရှိဘူးလား?"

ရှရှီချင်း ကော်ဖီခွက်ပေါ်လက်ချောင်းလေးတွေနဲ့ထိလိုက်ပြီး ပြတင်းပေါက်ကနေ လူတွေသွားလာနေတာကို ကြည့်လိုက်ခဲ့သည်
"ပွဲဉီးထွက်ဖို့လား?"

" ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေပြီး အခုအခြေအနေက အရမ်းလည်း ကောင်းနေတယ်လေ ရှာဖွေမှုစာရင်းကို ကြည့်ရုံနဲ့သိနိုင်ပါတယ်"

ကျန်းယင်က သူမ မသိလိုက်စွာ ရွှေတံဆိပ်အေးဂျင့်တစ်ယောက်ရဲ့ကိုယ်နေဟန်ထားကို ပြလာခဲ့သည်။

" အမှန်တော့ ကျွန်မတို့အမြင်မှာ အနုပညာရှင်တွေမှာ ခွဲထားတဲ့အဆင့်တွေရှိတယ် ၊ ပထမတစ်မျိုးက ဘယ်လောက်ကြိုးစားစား အောင်မြင်မှုမရတာ ၊ ဒီလိုလူမျိုးတွေက ဒီလောကမှာအများဆုံးပဲ ၊
နောက်တမျိုးက အောင်မြင်မှုကိုဖြည်းဖြည်းချင်းရတဲ့သူတွေ သူတို့ရဲ့သရုပ်ဆောင်နိုင်တဲ့စွမ်းရည်ကို ပြသပြီးတော့ ဒါမှမဟုတ်ရောက်လာမဲ့အခွင့်အရေးကိုစောင့်ရတယ် အောင်မြင်ဖို့ အချိန်တော့ပေးရတယ် ၊ နောက်ဆုံးတစ်မျိုးက အရည်အချင်းရှိပြီး ကံပါတဲ့သူတွေ စကားတခွန်းမှမပြောပဲနဲ့လည်း ကင်မရာတစ်ခုရှိနေရုံနဲ့ဘအလိုလို အောင်မြင်မှုက ရပြီးသားသူတွေပေါ့ "
ကျန်းယင်က အရှေ့ကိုကိုင်းလိုက်ပြီး
" ရှင်ကတော့ အဲ့နောက်ဆုံးအမျိုးအစားပေါ့"

မိုးပျံပူပေါင်းကိုကိုင်ထားသောကလေးတစ်ယောက်က လမ်းလျှောက်လာရင်း ပူပေါင်းက လက်မှလွတ်ကာ အဝေးကိုပျံတက်သွားတော့သည် ၊ က‌ေလးက ကောင်းကင်ကိုမော့ကြည့်ရင်း ငိုကြွေးပါတော့သည် ၊ ရှရှီချင်းထိုအရာကိုကြည့်ပြီး ရီလိုက်မိသည်

လျစ်လျူရှုခံထားရသောကြောင့်ကျန်းယင် လည်ချောင်းဟန့်လိုက်ရာ ရှရှီချင်းက လေးတွဲ့စွာလှည့်လာပြီး သူမကိုကြည့်လိုက်သည်

" မစ်ကျန်း ခင်ဗျားက ဒီနယ်ပယ်မှု ကျွမ်းကျင်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ရမယ် ၊ ဒါပေမဲ့ ဘယ်လောက်ပဲကျွမ်းကျင်နေသူဖြစ်ပါစေ အကဲဖြတ်မှားတတ်တဲ့အချိန်တွေရှိကြတာပါပဲ"

" ဘာကိုဆိုလိုတာလဲ?"

"လူမှားကြည့်မိနေပြီ"

ရှရှီချင်းဆိုဖာကိုမှီလိုက်ပြီး ထပ်ပြောဖို့ရန်ပျင်းရိနေသည်၊
" ကျွန်တော်က နောက်ဆုံးအမျိုးအစားထဲကမဟုတ်ဘူး ၊ ဒဲ့ပြောမယ် ကျွန်တော်က ပြသနာအရမ်းများတယ်"
သူ့မျက်လုံးမှာအပြုံးတွေနဲ့ပြည့်နေပြီ မဲနက်နေသောမျက်ဆံလေးတွေထဲမှာ ပြတင်းပေါက်မှအလင်းရောင်ဖျော့ဖျော့လေးတွေကူးလူးဖြတ်သန်းနေသည်

"မင်းနောင်တရလိမ့်မယ် ၊ ကျွန်တော့်ကို ဒီလောကထဲဆွဲထည့်လိုက်ရင် ခင်ဗျား ကိုပြသနာတွေပဲရှာလာပေးမှာ"

ကျန်းယင်သူ့ကိုအချိန်အတော်ကြာကြည့်နေပြီးခါမှ စကားပြောလာသည်

" ပွဲဦးထွက်ချင်စိတ်မရှိဘူးဆိုတာ နားလည်ပါပြီ ကျွန်မ plan Bရှိပါသေးတယ် "

ရှရှီချင်း မျက်ခုံးကိုပင့်လိုက်ပြီး ပျင်းရိစွာနဲ့ နားတော့ထောင်ပေးလိုက်သည်

" ပြောကြည့်ပါ"

" သိပ်မကြာခင်က အပျော်တမ်းအဖွဲ့ဝင်တွေနဲ့ပါဝင်ရမဲ့ reality show အစီအစဉ် တစ်ခု ရှိတယ် "
ကျန်းယင်အိတ်ထဲကနေ အစီအစဉ်ကိုပြဖို့ထုတ်လိုက်ပြီး ရှရှီချင်းကို ကမ်းပေးလိုက်သည် ၊

"အစီအစဉ်ရဲ့ ထုတ်လုပ်ရေးပိုင်းမှာကျွန်မလည်းပါဝင်တယ် ၊ ကျွန်မ ရှင့်ကို ပါဝင်ဖို့ဖိတ်ချင်တယ်"

"ကျွန်တော့်ကို ?"

ရှရှီချင်းအစီအစဉ်ကိုဖွင့်ကြည့်လိုက်ပြီး စာလုံးအနည်းငယ်ဖတ်ကြည့်လိုက်တော့ သူနားလည်သွားခဲ့သည်

" ကျိုးကျစ်ဟန်အတွက် လုပ်ထားတဲ့အစီအစဉ်ပဲ ဆိုတော့ဒါက ခင်ဗျားရဲ့ Plan Aအစစ်ပေါ့"

" ရှင်က ကျွန်မတွေ့ဖူးသမျှထဲက ‌တကယ်ဥာဏ်အ‌ပြေးဆုံးပဲ "
ကျန်းယင်က သူမ ရွှေ့မဲ့အကွက်တွေကို ကွယ်ဝှက်ထားခြင်းမရှိတော့ပဲ
" ပွဲဦးထွက်ဖို့ပြောရင် ရှင် သဘောမတူမှာမှန်းသိပြီးသားပါ ကျွန်မအငြင်းခံရမှာလည်းကြိုတွက်ထားပြီးသား၊ ရမလားလို့ ပြောကြည့်ချင်ရုံပါ ၊ ကျွန်မက ကျိုးကျစ်ဟန်လက်တွဲထားတဲ့ ကုမ္မဏီက ရှယ်ယာရှင်တစ်ယောက်ပါ ၊ ရှယ်ယာရှင်ဆိုတာထက်တော့ ပိုတာပေါ့လေ ၊ ဒါကတော့ ပြောပြဖို့အဆင်မပြောသေးပါဘူး ၊ကျိုးကျစ်ဟန်ကအခု ကျွန်မတို့ကုမ္မဏီရဲ့ အဓိကအနုပညာရှင်တစ်ယောက်ပါ ၊ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည် အနေအထားအကုန် အရမ်းကိုကောင်းမွန်တယ် ၊
ရှင်လည်းသိမှာပါ တစိုက်မတ်အားပေးတဲ့ ဖန်တွေမရှိခဲ့တဲ့ ကလေးသရုပ်ဆောင်ဘဝကနေ စတဲ့သူအတွက် ပြသနာလေးနည်းနည်းရှိ နေတာလေ ၊
သူရဲ့ နာမည်ဂုဏ်ပုဒ်ကလည်း အရမ်းကိုမြင့်လွန်းတယ် ၊ ဒါပေမဲ့ ဒီနယ်ပယ်မှာ နာမည်ဂုဏ်ပုဒ်တစ်ခုနဲ့ ရပ်တည်လို့ရတဲ့ခေတ်မဟုတ်ဘူးလေ"

"တွန်းပေးမဲ့အရာတစ်ခုလိုတယ်ပေါ့"

ရှရှီချင်း ကော်ဖီရဲ့ မျက်နှာပြင်က နွားနို့အမြုပ်လေးတွေကို ဇွန်းနဲ့ထိုးဖောက်လိုက်သည်

"မှန်တယ်"
ကျန်းယင်ကစားပွဲကို လက်ချောင်းလေး‌ တွေနဲ့ခေါက်လိုက်သည် ၊
"ကျိုးကျစ်ဟန်ရဲ့ ရုပ်ရည် နဲ့ သရုပ်ဆောင်စွမ်းရည်နဲ့သာဆိုရင် နောက်ထပ်ပိုပြီးတွန်းလိုက်တာနဲ့ သူက လုံးဝကို ပြီးပြည့်စုံပြီး မမှီနိုင်တဲ့သူတစ်ယောက်ဖြစ်သွားတော့မှာ ဒါက ကျွန်မလိုချင်တဲ့အရာပဲ"

ရှရှီချင်းသူမဆိုလိုချင်တာကိုနားလည်သွားပြီး စိတ်ဝင်စားစရာရှာတွေ့သွားခဲ့သည်
" ကျွန်တော်က သူ့ကို တွန်းပေးနိုင်မယ်ပေါ့"

"မဟုတ်ရင် ကျွန်မဒီလိုလာခဲ့ပါ့မလား တွန်းအားက ဒီကနေ လာတယ်ဆိုတာကိုရှင်သိထားရမှာ CP ကြော်ဖို့ အမြန်ဆုံးနည်းလမ်းက ဒါပဲ"

[Fry CP - CP ကြော်ခြင်း ဆိုတာ Couple shipping လုပ်တာပြောတာပါ ရှီချင်းနဲ့ ကျစ်ဟန်ကို shippingလုပ်ပြီး နာမည်ပိုတက်အောင်လုပ်မှာအဲ့လိုပါ]

"CPကြော်ခြင်းက သူ့ကိုပိုနာမည်တက်စေမယ်ဆိုပေမဲ့ နည်းနည်း ထူးဆန်းနေသလိုပဲ ၊ ကျိုးကျစ်ဟန်နဲ့ shipထားတဲ့ တခြားနာမည်ပိုကြီးတဲ့ အချောအလှလေးတွေလည်းရှိနေတာပဲ ဘာလို့ ကျွန်တော့်လို အပြင်လူကိုရွေးရတာလဲ?"

ဒီမေးခွန်းကိုမေးလိုက်ပေမဲ့ ရှရှီချင်းအဖြေကိုသိပြီးသားပါ ၊ နာမည်ရှိပြီးသား ဆယ်လီတွေက တခါတလေ ဇယားပိုရှုပ်စေတဲ့ပြသနာတွေကိုယူလာတတ်တာကြောင့်ပင်၊ သူ့လိုဖန်လည်းမရှိ ကုမ္မဏီလည်းမရှိနဲ့ အပြင်လူက ပိုပြီးပူးပေါင်းဆောင်ရွက်ဖို့ အသင့်တော်ဆုံးဖြစ်သည်၊

" ရှင်လည်း နာမည်ရှိနေပြီလေ ၊ အနုပညာရှင်မဟုတ်ပဲ အာရုံစိုက်အခံရဆုံးသူ‌ တွေထဲမှာရှင်က ထိပ်ဆုံးကပဲလေ ၊ searchမှာ ကြည့်လိုက်ရုံနဲ့ ရှင့်မျက်နှာတွေ့နိုင်နေပြီ ၊ "
ကျန်းယင်က လှပပြီးချိုမြိန်တဲ့စကားလုံးလေးတွေကို ‌ဆိုလိုက်သည်၊
" ဒီshowရဲ့ မူလအစီအစဉ်က ထွက်ဖောက်ပြေးခန်း (reality escape room) reality show ပါ ဒါပေမဲ့ကျွန်မငြင်းလိုက်တယ် ၊ အကြောင်းကတော့ နည်းနည်း လိုနေတာလေးတွေရှိလို့ ၊
အရင်ကပုံစံတူ ဒီလိုshowမျိုးတွေရှိဖူးတယ် တစ်ခုမှမအောင်မြင်ခဲ့ဘူး ပရိသတ်တွေကတစ်ခါတလေ တကယ်စိတ်ဝင်စားရတဲ့ဟာတွေကိုပဲကြည့်ချင်ကြတယ်"

"ဥပမာအနေနဲ့?"
ရှရှီချင်း လက်ကိုမေးထောက်ပြီး ပျင်းရိစွာပြုံးနေသည်၊

"ဥပမာအနေနဲ့ စတားတွေနဲ့သူတို့ဖန်တွေက လျို့ဝှက်အခန်းတစ်ခုထဲမှာပိတ်မိနေပြီး လွတ်မြောက်အောင်ကြိုးစားကြရမယ်"

ကျန်းယင်က သူမလက်ပေါ်မှာမေးကိုတင်လိုက်ပြီး ရှရှီချင်းကိုပြုံးပြီးကြည့်လိုက်သည်
" အဲ့ဒီဖန်ကလည်း အရမ်းကိုချောမောတဲ့ကောင်လေးသာဆိုရင် မိန်းမငယ်လေးတွေကတော့ ပိုပြီးစိတ်ဝင်စားကြလိမ့်မယ်လို့ထင်တာပဲ"

အဲ့လိုကိုး.

" ဆိုတော့ မနေ့ကweiboရဲ့ hot searchကိုဝယ်လိုက်တာက ခင်ဗျားပေါ့ ဟုတ်တယ်မလား?"

သူ့လက်မှာကိုင်ထားတဲ့ကော်ဖီဇွန်းက ‌လျှောကျသွားပြီး ကော်ဖီခွက်ကိုရိုက်ခတ်က အသံတစ်ခုထွက်လာကာ ရှရှီချင်းသူ့ရဲ့လက်ကိုပြန်ရုတ်သိမ်းလိုက်သည်

အပေါက်ကွဲခံလိုက်ရတဲ့ ကျန်းယင်ကဘာမှမဖြစ်သလိုတည်ငြိမ်စွာနဲ့
" ကျွန်မက ရှင့်ရဲ့ ရှာ‌ဖွေမှုစာရင်းပေါ်မှာ လောင်စာဆီလေးလောင်းထည့်ပေးရုံလေးပါ ၊ ဒါပေမဲ့ ဗီဒီယိုကတော့ အစကတည်းက မတော်တဆတင်မိထားပြီးသားဆိုတာကိုတော့ ကျွန်မကြိုပြီးရှင်းထားပါရစေ၊ ရှင်တွေ့တာနဲ့သတိထားမိလိမ့်မယ်လို့ကျွန်မထင်ထားပြီးသားပါ ဒါပေမဲ့ အရမ်းလွန်ကျွံသွားလိမ့်မယ်လို့ မထင်ခဲ့တာပါ"

ဒါဆိုသူမက အကောင်းသဘောနဲ့လုပ်လိုက်တာပေါ့ ?ဘယ်လို‌တောင်ဆိုးဝါးလှတဲ့အလုပ်ရောဂါမျိုးပါလိမ့်

ဒါကိုသိလိုက်ရတော့လည်း ဘာအကျိုးခံစားခွင့်ရလို့လဲဆိုတာတောင်သူတကယ်ကိုမသိတော့ပေ။

အကျိုးခံစားခွင့်ဆိုကာမှ ကျိုးကျစ်ဟန်ရဲ့ ရွံရှာတဲ့အမူအရာက သူမျက်လုံးထဲပြန်ပေါ်လာသည်

ရှရှီချင်းစိတ်ပါဝင်စားစွာမတ်မတ်ပြန်ထိုင်လိုက်သည် ၊ မေးကိုထောက်ပြီးသူမကိုပြုံးကာကြည့်လိုက်သည်
" ခင်ဗျားရဲ့တောင်းဆိုချက်တွေက အင်မတန်မှအရမ်းကို ကောင်းနေပါပြီ ဒါပေမဲ့ ခင်ဗျားသိမလားတော့မသိဘူး ကျွန်တော့်အိုင်ဒေါက ကျွန်တော့်ကိုအရမ်းးးးးးး..........မုန်းနေတာဆိုတာကိုလေ"

စကားလုံးကိုတမင်တကာဆွဲရှည်ကာ ပြောပြီး‌တော့ကျေနပ်နေသောပုံနဲ့မျက်လုံး‌စောင်းပြီး ပြုံးလိုက်သည် ၊

ကျန်းယင်က နားမလည်နိုင်စွာနဲ့
" သူနဲ့အပြင်မှာတွေ့ဖူးတာလား ? ဘယ်လိုမျိုးမုန်းတာလဲ သူက သူ့ဖန်တွေအပေါ်မှာအရမ်းသဘောကောင်းပါတယ်"

"ဟုတ်ပါတယ် အပြင်မှာ မတော်တဆတွေ့ဖူးတာပါ ၊ ဘယ်လိုပြောရမလဲ....."

အဖြစ်အပျက်က ရှက်ဖို့ကောင်းတယ်လေ ရှရှီချင်း အခိုက်အတန့်ရှင်းပြဖို့သင့်တော်တဲ့စကားလုံးကိုရှာမရဖြစ်နေတာနဲ့ သူလက်လျော့လိုက်ပြီး
" အဲ့လိုဖြစ်ခဲ့တယ်ပဲထားပါတော့ လောင်းရဲတယ် သူသာကျွန်တော်မှန်းသိလို့ကတော့ ဒီရှိုးမှာပါဝင်ဖို့သဘောတူမှာမဟုတ်ဘူး"

ကျန်းယင်ကတခဏ ငြိမ်သွားပြီး
"ကျွန်မက နားချနိုင်တယ်ဆိုရင်ရော ရှင်ပါမှာလား?"

ဆေးပေနေသောသူ့လက်ချောင်းထိပ်တွေကိုစိုက် ကြည့်နေသော ရှရှီချင်း ခေါင်းမော့လာကာ မျက်လုံးက ကျေနပ်သောအရိပ်အရောင်များနှင့်
" ရတယ်လေ"

သူ့ရဲ့ နောက်ဆုံးအဖြေကအရမ်းကိုတိုတိုတုတ်လွန်းတာကြောင့် ကျန်းယင်ကိုပိုပြီး သိချင်အောင်လုပ်လေသည် ၊ အရမ်းကို လွယ်ကူရိုးရှင်းလွန်းနေသည်

"တကယ်လား?"
ကျန်းယင်က မယုံသင်္ကာမျက်နှာထားဖြင့်
"ဒီလောက်မြန်မြန်သဘောတူလိုက်တော့အရမ်းထူးဆန်းနေသလိုပဲ"

ရှရှီချင်းက သူ့လက်ပေါ်က အချိုပွဲဘူးကို လက်ချောင်းလေးနဲ့ဖွင့်လိုက်ပြီး တစ်ခုယူကာပါးစပ်ထဲထည့်လိုက်ပြီး အရည်မပျော်မီ ကိုက်လိုက်သည်။

"တကယ်ပြောတာ သဘောတူတယ်"

ကျိုးကျစ်ဟန်တစ်ယောက်သူ့ကိုမုန်းနေပေမဲ့လည်းမတတ်နိုင်စွာသူနဲ့ တူတူနေရတော့မည့်ဖြစ်ရပ်ကိုတွေးပြီး စိတ်လှုပ်ရှားလာခဲ့သည်။

စိတ်လှုပ်ရှားခြင်းသည် စိတ်ဝင်စားခြင်း၏ အရင်း အမြစ်တစ်ခုပင်။

"အော် ဒါနဲ့ ဦးနှောက်သုံးရတဲ့ဒီလို reality show မျိုးမှာ ကျွန်တော့်ကိုပါစေချင်တာ သေချာပါတယ်နော်"
ရှရှီချင်းမျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး

"ကျွန်တော်မကူညီနိုင်ပဲ ကျိုးကျစ်ဟန်ကိုဆွဲချသလိုဖြစ်သွားရင်ရော?"

ရှရှီချင်းရဲ့မေးခွန်းက အခြေအမြစ်မရှိသောမေးခွန်းသည်သာ၊ ကျိုးကျစ်ဟန်ရဲ့ဖန်တစ်ယောက်အနေနဲ့ သူကောင်းကောင်းသိသည် ၊ ကျိုးကျစ်ဟန်က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အနုပညာတက္ကသိုလ်ဝင်ရောက်ခွင့်ကိုလုံးဝလက်လွတ်ပြီး P တက္ကသိုလ်က Physic ဌာနကိုဝင်ရောက်ခဲ့ကာ မထင်မှတ်စွာပဲ ထိုကလေးကြယ်ပွင့်သရုပ်ဆောင်လေးက အိုင်ကျူအမြင့်ဆုံးနဲ့ သိပ္ပံကျောင်းသားဖြစ်လာခဲ့သည် ၊ သူ့ရဲ့အသက်မွေးလမ်းကြောင်းကိုလက်လျော့ပြီး ဆိုရှယ်လစ် သိပ္ပံသုတေသနပိုင်းထဲကိုဝင်ရောက်တော့မယ်လို့ထင်ထားခဲ့တာ နောက်ပိုင်းမှာရုပ်ရှင်ပိုင်းထဲပြန်လည်ဝင်ရောက်လာအုံးမယ်လို့မည်သူကသိခဲ့မည်နည်း။

အနုပညာအကယ်ဒမီ မတက်ရောက်‌ပဲနဲ့တောင် သူဒီလောက်သရုပ်ဆောင်ပိုင်းမှာပိုင်နိုင်နေခဲ့သည်၊ ဘုရားက လူတစ်ယောက်ကို တံခါးဖွင့်ပေးပြီဆိုရင်လည်း ပြတင်းပေါက်ကအစဖွင့်ပေးကာ ခံစားခွင့်များများရစေပြီး ပိတ်ထားပြီဆိုလည်း မြေအောက်ခန်းထက်တောင်မှောင်နေအောင်ပိတ်ထားတတ်သည်။

အမှန်တရားက တော်တော်တော့ခါးသည်။

"အစကတော့ ကျွန်မလည်းအဲ့လိုတွေးတာပဲ၊ ကျစ်ဟန်တော်နေရင် လုံလောက်ပါပြီ ၊ ရှင်က သူ့ဘေးကနေ အလိုက်သင့်လေးလိုက်ပါပေးရင်ရပြီ"
ကျန်းယင်ကပြုံးလိုက်ပြီး သူမရဲ့ ရှေးဦးပိုင်းတွက်ချက်မှုတွေကအစ သိုဝှက်ထားခြင်းမရှိပြောခဲ့သည်
" ကျွန်မရဲ့အလုပ်ရောဂါအရ ရှင့်နောက်ကြောင်းကိုနည်းနည်း စုံစမ်းကြည့်သေးတယ် ၊ ရှင်က ဖလောရန့်အကယ်ဒမီရဲ့ Fine Arts ကနေထွက်ထားမှန်းသိလိုက်ရတော့ ကျွန်မတောင်အံ့ဩသွားတယ် ၊ ဒါနဲ့ ရှင် HiMCM မှာပါဝင်ထားခဲ့တဲ့မှတ်တမ်းဟောင်းကိုလဲ မတော်တဆနဲ့တွေ့ခဲ့ရသေးတယ်"

[HiMCM -High School Mathematics Contest in Modeling - ကျောင်းသားတွေရဲ့ ပြသာနာဖြေရှင်းနိုင်မှုစွမ်းရည်နဲ့ သင်္ချာစွမ်းရည်တို့ကိုအသုံးချပြီး ဖန်တီးဖြေရှင်းမှုတွေပြုလုပ်ရသော နှစ်စဉ်ပြိုင်ပွဲ]

မတော်တဆနဲ့??

ဒီအမျိုးသမီးတော်တော်ကြောက်ဖို့ကောင်းသည် ၊ ရှရှီချင်းမျက်နှာကတော့တည်ငြိမ်နေပေမဲ့ ဒီအမျိုးသမီး၏ ရှာဖွေစုံစမ်းနိုင်သောစွမ်းရည်ကိုတော့ တကယ်လေးစားမိသည်၊ အဲ့ဒီစွမ်းရည်ပြိုင်ပွဲက သူ အထက်တန်းကျောင်းကတည်းကဖြစ်သည် ၊ ဒါကိုတောင်ရှာနိုင်တယ်ဆိုတော့ သူ့မိသားစုနောက်ခံအကြောင်းလည်း သိပြီးနေလောက်ပြီထင်သည်။

"ရှင့်လိုလူမျိူး က သူ့ကိုနောက်ပြန်ဆွဲချမဲ့သူမျိုးမဟုတ်ဘူးဆိုတာ ကျွန်မသေချာပါတယ် "
ကျန်းယင်ပြုံးပြီး ရှရှီချင်းကိုကြည့်လိုက်ရာ ရှီချင်းလည်း အပြုံးတုတစ်ခုတပ်ဆင်ပြီး
" အကောင်းဆုံးကြိုးစားပါ့မယ်"

ကျန်းယင်နဲ့လမ်းခွဲပြီးတော့ ရှရှီချင်း တစ်ယောက် ရှုချီချန်ကိုရှာဖို့ထွက်လာခဲ့သည် ၊ လမ်းမှာ အသစ်ဖွင့်သောကိတ်ဆိုင်ကိုတွေ့တာနဲ့ ကိတ်အသစ်တွေအများကြီးဝယ်လာခဲ့သည်၊ သူလုပ်ဆောင်ချက်တွေက အီစီကလီလုပ်ဖို့ ဆွဲဆောင်မှုရှိတဲ့အရာတစ်ခုကိုရွေးချယ်ရတာထက် ပိုမြန်သည်။

"အဲ့တော့ မင်း တီဗီမှာတကယ်ပါချင်တာလား?"
ပါးစပ်ထဲမှာ ကိတ်မုန့်တွေနဲ့ ရွှီချီချန်က အံ့အားသင့်စွာမေးလိုက်သည်

ကြမ်းခင်းမှာထိုင်နေသော ရွှီရှီချင်းက ခေါင်းငြိမ့်လိုက်ပြီး သူ့ခြေတံရှည်ကြီးတွေကိုဆန့်ထုတ်လိုက်ပြီး ထပ်တင်လိုက်သည်၊ ရီစရာတစ်ခုရှာတွေ့သွားပြီး
" တီဗီမှာ လို့ပြောတာကြီးက အရမ်းတောဆန်မနေဘူးလား ငါက reality show မှာပါရမှာပါ"

"တူတူပဲဟာ"
ရွှီချီချန် မြန်မြန်စားလိုက်တာမို့ လည်ပင်းမှာနင်သွားပြီး ဆိုဖာကနေထကာ ရေခဲသေတ္တာဆီပြေးပြီးသောက်စရာတစ်ခုရှာလိုက်သည်။

ရှရှီချင်းသူ့နောက်ကျောကိုကြည့်ကာ
"ခြေဗလာနဲ့နေပြန်ပြီ ရှကျစ်ရွှီ ဆီကနေ အပြောခံရတာမမှတ်သေးဘူးလား"
ပါကင်မလှတော့တဲ့နွားနို့ဘူးလေးကို ရှရှီချင်းကြည့်ကာ မတတ်သာတော့ပဲ
" ဝိုင်မရှိဘူးလား? "

"လျော့သောက် မင်းတို့ ရှမျိုးရိုးတွေကလေ ဆေးလိပ် မဟုတ်ရင် အရက် ပဲ တော်တော်ကောင်းတဲ့အကျင့်တွေ"
ရွှီချီချန်က သူ့လက်ထဲသို့နွားနို့ကမ်း‌ပေးလိုက်သည်။

ရှရှီချင်းက နွားနို့ကို စိတ်ပျက်ပျက်နဲ့ယူလိုက်ပြီး ရွှီချီချန်ကို မချိုမချဉ်အကြည့်နဲ့
" ပြောရဲတယ်နော် ဒီဘဝ‌မှာ‌ ဒီကောင်လေးရဲ့အကြီးမားဆုံးမကောင်းတဲ့အကျင့်က မင်းပဲလေ"

"မင်းပဲမကောင်းတဲ့အကျင့်"
ရွှီချီချန်က ပြန်ချေပလိုက်သည်
"မရီနဲ့ တစ်ယောက်ပြီးရင် တစ်ယောက်လာတော့မှာ သိပ်မကြာခင် မင်းအလှည့်ရောက်တော့မှာ"

ရှရှီချင်း ပခုံးကိုတွန့်လိုက်ပြီး
"ငါ့လိုမကောင်းတဲ့အကျင့်ကို ဘယ်ကံဆိုးတဲ့မကောင်းဆိုးဝါးက ကောက်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ရွှီချီချန် reality show အကြောင်းတွေးလိုက်ရင်း
"အဲ့ဒီပရိုဂျူဆာက ဘာလို့မင်းကိုရှာရတာလဲ? ပြသနာဖြေရှင်းတဲ့ရှိုးမျိုးတွေက သိပ်မရှိဘူးလားလို့ ပါဝင်ဖို့ဧည့်သည်တွေလည်းရှာရမလွယ်ဘူး"

"ရှကျစ်ရွှီနဲ့တူတူပြိုင်ထားတဲ့အဲ့ပြိုင်ပွဲအကြောင်းတောင်သူဘယ်ကနေရှာလာမှန်းမသိပါဘူးဆို အဲ့ဒီhot searchကလည်း...."
ရှရှီချင်းခေါင်းကိုက်ကိုက်နဲ့ နို့ဘူးကိုညစ်လိုက်ပြီး
"အဲ့တာတွေကြောင့် ငါ အင်တာနက်ကိုမုန်းတာ"

"ဒါပေမဲ့လည်း ထပ်ပြီး..."
ဘေးကနေပွဲကြည့်မဲ့ ရွှီချီချန်က ဆိုဖာကိုမှီလိုက်ပြီးအပြုံးနဲ့
"ဒီအစီအစဉ်မှာပါမယ်ဆိုရင် မင်းအို‌င်ဒေါနဲ့နီးစပ်ရမှာလေ"

"အိုင်ဒေါမဟုတ်ဘူး လိင်ပိုင်းဆွဲဆောင်မှုစိတ်ကူးယဉ်ပစ္စည်း"
ထိုအကြောင်းပြောတာနဲ့ ရှရှီချင်းစိတ်လှုပ်ရှားလာသည် ၊
"ငါအတွက်ဒါကအဓိကအချက်ပဲ ၊ ငါ့ရဲ့လှုပ်ရှားမှုတိုင်းမှတ်တမ်းတင်ခံရမှာကြီးကတော်တော်စိတ်ပျက်ဖို့ကောင်းပေမဲ့ ကျိုးကျစ်ဟန်က ငါ့ကိုအရမ်းတွေကြည့်မရဖြစ်နေမှာကိုတွေးကြည့်လိုက်တော့ စိတ်ဝင်စားဖို့တော့ကောင်းမှာပဲ"

ရွှီချီချန် နည်းနည်းအံ့ဩသွားခဲ့မိသည် ၊ သူ့ရဲ့VIPလက်မှတ်ကနေ ဒီလောက်ဇယားတွေရှုပ်လာလိမ့်မယ်လို့ သူမထင်ထားခဲ့ခြင်းပင်၊ ရှရှီချင်းကို သူ့အတွေးအတိုင်း လွတ်ထားလိုက်သည်။

မင်းကြိုက်တဲ့သူက မင်းကိုမနှစ်သက်‌နေတာကို စိတ်လှုပ်ရှားတယ်လို့ခံစားရတယ်ပေါ့?

"မင်းက Sadistသမားမဟုတ်ဘူးလား ဘာလို့ Masochist သမားလို့ငါတွေးမိနေတာပါလိမ့်?"

{Masochist - နာကျင်မှုမှ လိင်ဆန္ဒပိုင်းကျေနပ်မှုရရှိသူ
Sadist- သူတပါးကိုနာကျင်မှုပေးရတာကျေနပ်သူ}

ရှရှီချင်းက ရီလိုက်မိပြီး ရွှီချီချန်ရဲ့မျက်နှာလေးကို ဆွဲညှစ်ကာ
" ချန်ချန်ရယ် မင်းကအရမ်းရိုးတာပါ မင်းကိုမုန်းနေတဲ့သူတစ်ယောက်က သူ့ခံစားချက်တွေကိုဖိနှိပ်ပြီး မင်းနဲ့အတူတူအလုပ်လုပ်မယ် ကင်မရာရှေ့မှာတူတူထိုင်ရမယ် အဲ့ဒါကိုမင်းကြည့်နေရမှာလေ အရမ်းနဲ့မှ...စိတ်ဝင်စားဖို့မကောင်းဘူးလား?"

အမှန်တော့ ရှရှီချင်းစကားတွန့်ဆုတ်သွားတာက အဲ့နေရာမှာ မူလပြောမဲ့စကားလုံးက ဆက်စီကျတယ် (sexy)ဆိုတဲ့စကားပဲဖြစ်သည်၊ သူ့‌ခေါင်းထဲမှာ ကျိုးကျစ်ဟန်က ရွံ့မုန်းမှုကိုသည်းခံနေရတဲ့ပုံရိပ်တွေ ရင်းနှီးချင်ယောင်ဆောင်နေရတဲ့ ပုံရိပ်တွေက အရမ်း ဆက်စီကျလွန်းသည်။

၎င်းသည် လူတွေကို သူတို့ရဲ့ ရုပ်အမှန်ကိုဖုန်းကွယ်ရန်စိန်‌ခေါ်မှုတစ်ခုအဖြစ်သူတို့လုပ်နိုင်တဲ့အရာဘာမဆိုလုပ်ကြည့်ချင်စိတ်ဖြစ်စေသည်။

သူနောက်ကျခါမှ အိမ်ပြန်ရောက်လာပြီးနောက် သူဖုန်းသို့ ဖုန်းစိမ်းတစ်ခုဝင်လာခဲ့သည် ၊ သူကိုင်လိုက်တော့ တဖက်လူက သူ့မိထွေးဖြစ်နေသည်။

ဒီအချိန်ကြီးဖုန်းခေါ်လာတာမို့သူအကြောင်းပြစရာဆင်ခြေတွေစဉ်းစားမရနိုင်ဖြစ်နေခဲ့သည်။

"ရှီချင်း နင်ပြန်ရောက်လာတာကို စကားတလုံးတောင်လာမပြောရတာလဲ?"

တဖက်လူအသံက နဂိုအတိုင်းပဲ ကြောင်သူတော်ဆန်ဆန်သာဖြစ်ပြီး သူဖုန်းကို စပီကာဖွင့်ပြီး တင်ထားလိုက်သည်

"ဖလောရန့်ကနေ ပြန်လာတယ်ဆိုလည်း ကြိုပြောသင့်တာပေါ့ ငါနဲ့နင့်အဖေက ကြိုဖို့လူတစ်ယောက်လွှတ်ပေးလို့ရနေတာကို ၊ အခုတော့ နင့်မျက်နှာကို တီဗီကနေတဆင့် မြင်ရတယ်လို့ ၊ တကယ်ကိုအဆင်မပြေနေဘူး"

သူမအသံက ငါးလိုမျိုးချော နေပြီး ငါးညီနံ့တွေဟောင်နေလေသည်
" ဘာပဲပြောပြော နင်ကအခုထိ ရှမိသားစုရဲ့သားပဲလေ ဒီလိုမျိုးတချိန်လုံးထွက်ပြနေလို့မကောင်းဘူး ၊ ဘယ်အစီအစဉ်မှာ ပါတာလဲ? မင်းအဖေကိုပေး..."

ရှရှီချင်း ဟင့်ခနဲ အေးစက်စွာနှာသံပေးလိုက်သည် ၊မီးဖိုချောင်ထဲသွားကာရေခဲ‌သေတ္တာထဲမှ အအေးဆုံးရေဘူးကိုထုတ်လိုက်ပြီး ပါးစပ်အပြည့်မော့သောက်လိုက်ကာ ရေက လည်‌ချောင်းတလျှောက်စီးဝင်သွားပြီး သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကိုအေးစိမ့်သွားစေသည်

"ပြောလို့ဝပြီလား မစ်ရှ? သပိတ်လွယ်အသိုက်ထဲကချိုးငှက်"

တစ်ဖက်လူအချိန်အတော်ကြာ တောင့်သွားပြီး ထပ်ပြောလာတဲ့အချိန်မှာတော့ အသံကယုံကြည်ချက်တွေလျော့နည်းနေသည်
" မင်းဘာလို့ အဲ့လောက်ရိုင်းနေရတာလဲ? ငါမင်းကိုဘယ်လောက်တောင်ဂရုစိုက်?"

"ရိုင်းတယ်??"
ရှရှီချင်း ရေခဲသေတ္တာတံခါးကို ရိုက်ချလိုက်ပြီး
" ကျုပ်ကိုစေတနာရှိသလိုဟန်ဆောင်ပြနေကတည်းက လိုချင်တာရှိနေလို့လေ ၊ ဘာလဲ ?ကျုပ်အမေပစ္စည်းတွေနဲ့ ပိုင်ဆိုင်မှုတွေက ကျုပ်ဆီရောက်လာမှာလား? ရှယွင်ခိုင်က မိသားစုတွေကိုခွဲပေးတော့မှာလား?"

"မင်း..!"

မှန်နေတဲ့ပုံပဲ။

ရှရှီချင်း ပြုံး၍ပြောလာခဲ့သည်
"အခုကျုပ်ဆီမှာလာပြီးဟန်လုပ်နေမဲ့အစား မြန်မြန်သွားပြီး ခင်ဗျားယောင်္ကျားကို အပြင်မှာ မယားငယ်တွေလျော့ထားပါအုံးလို့ ခင်ဗျားသားနဲ့ အမွေခွဲပေးနေရမဲ့ အပြင်ကတရားမဝင်သားတွေ ပိုများလာမှာစိုးလို့ ၊ ဒီလောက်ဆို ကျုပ်ရဲ့အကြံပေးမှုက မျှတပြီမလား?"

"မင်း..!"
စကားလုံးတိုင်းဟာထိမိပြီး မှန်နေတာမို့ သူမဒေါသထွက်ရုံကအပ ဘာမှမတတ်နိုင်ချေ။ ဟန်ဆောင်ထားတဲ့ ကြင်နာတတ်တဲ့သိုးသားရေကိုခွါချလိုက်ပြီး
" မင်းအရှက်မရှိတဲ့ အပျက်ကောင် ၊ မင်းလည်းမင်းအဖေလိုမျိုးပဲ တနေကုန်အပြင်မှာဘယ်လိုရှုပ်ပွေရမလဲပဲသိတယ်"

"သူသာမပွေခဲ့ရင် ရှအိမ်တော်ထဲ ခင်ဗျားက ဘယ်လိုရောက်လာမှာတဲ့လဲ?"
ရှရှီချင်း တည်ငြိမ်သောအသံဖြင့်
" ကျေးဇူးတင်သင့်တဲ့ဟာကို"

သူမ ထပ်ပြီးအော်ဟစ်‌ေပြာဆိုလာကာ ထိုစကားလုံး‌ တွေကလွဲပြီး ထပ်မရှိ၊ မင်းနဲ့မင်းအဖေက အရှက်မဲ့တဲ့ အပျက်ကောင်တွေ ၊ မင်းလည်း အဆုံးသတ်ကောင်းမှာမဟုတ်ဘူး စသည်တို့ ၊ ရှရှီချင်းအတွက် ဒီဆိုးဝါးတဲ့စကားတွေကငယ်ငယ်ကတည်းက အပြောခံလာခဲ့တာမို့ သူ့အတွက်ရိုးနေပြီဖြစ်သည်။

သူမရဲ့ အရူးမမျက်နှာဖုံးကို ဖော်ပြလို့ပြီးတဲ့အထိ ငြိမ်ငြိမ်လေးစောင့်နေရာက ရှရှီချင်း လက်ထဲကရေဘူးကို ချလိုက်ပြီး ကောင်တာကိုမှီလိုက်ကာ နောက်ဆုံးမှာပြောလာခဲ့သည်။

"မဟုတ်ဘူး"

တဖက်လူက ရုတ်တရက်ကြောင်သွားပြီး
"ဘာကိုပြောတာလဲ?"

သူအသက်တောင်ကောင်းကောင်းမရှုနိုင်လောက်အောင်မသက်မသာဖြစ်လာခဲ့သည်။

ရှရှီချင်း သူ့ရှပ်အင်္ကျီရဲ့ထိပ်ဆုံးကြယ်သီးကိုဖြုတ်လိုက်ပြီး ထပ်လောင်းပြောလာခဲ့သည်
" ကျုပ်ပြောတာ ရှယွင်ခိုင်နဲ့ ကျုပ်နဲ့ မတူဘူးလို့"

အခုမှပဲ နေလို့သက်သာတော့သည်။

"သူကမိန်းမတွေနဲ့ ရှုပ်တာလေ ကျုပ်က ယောင်္ကျားတွေနဲ့ရှုပ်တာ"

(T/N - ရှကျစ်ရွှီက ရှရှီချင်းရဲ့ ဝမ်းကွဲတူပါ ရှကျစ်ရွှီနဲ့ ရွှီချီချန်က အတွဲတွေပါ၊ ရှကျစ်ရွှီက သင်္ချာဉာဏ်ကြီးရှင်တစ်ယောက်ပါတဲ့)







အခိုက်တန့် သူကျေနပ်မိသည် ၊ သူ့ကိုလျစ်လျူရှုထားသော သူ့အဖေနဲ့ သူ့ကိုအရိုးထဲထိမုန်းတဲ့ သူမိထွေးတို့ရဲ့ မျက်စိရှေ့မှာ သူ့ကို မြင်‌နေရအောင်ထိ နာမည်ကြီးလာခဲ့တာပင် ၊ သွားတောင်မတွေ့ရပဲ ဆွေ့ဆွေ့ခုန်အောင်လုပ်ပေးလိုက်ရတာက သူ့အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲဖြစ်သည်။




လက်မှာ စုတ်တံကိုင်ထား‌သောရှရှီချင်းအနောက်ကခုံကိုမှီကာ ခြေတစ်ဖက်က ပန်းချီပစ္စည်းစားပွဲကို ထောက်နင်းထားပြီး ဆွဲထားသောပုံကို သေချာဆန်းစစ်ကြည့်လိုက်သည်

သူဘယ်အရာကို ‌သဘောမကျနိုင်တာလည်း သူလည်းမသိပါ ၊ ကောက်ကြောင်းလိုင်းဖော်ပြချက်တွေက တကယ့်အပြင်ကလူရဲ့ ဆွဲဆောင်မှုရဲ့ ဆယ်ပုံပုံ တစ်ပုံထက် အမြဲ နည်းသည် ပြီးတော့ ရွံရှာနေတဲ့‌ထောင့်ချိုးကလည်း တထပ်တည်းမကျဖို့မဖြစ်နိုင်ပါ


" ဘယ်သူပါလဲခင်ဗျ?"

" အော် ! မစ်ကျန်း မလား?"








"ပန်းချီဆွဲလာတာလား?"

"ဟုတ်ပါတယ်"




"ပွဲဉီးထွက်ဖို့လား?"




မိုးပျံပူပေါင်းကိုကိုင်ထားသောကလေးတစ်ယောက်က လမ်းလျှောက်လာရင်း ပူပေါင်းက လက်မှလွတ်ကာ အဝေးကိုပျံတက်သွားတော့သည် ၊ က‌လေးက ကောင်းကင်ကိုမော့ကြည့်ရင်း ငိုကြွေးပါတော့သည် ၊ ရှရှီချင်းထိုအရာကိုကြည့်ပြီး ရီလိုက်မိသည်



" ဘာကိုဆိုလိုတာလဲ?"

"လူမှားကြည့်မိနေပြီ"






" ပြောကြည့်ပါ"



"ကျွန်တော့်ကို ?"






"မှန်တယ်"







"ဥပမာအနေနဲ့?"



အဲ့လိုကိုး.













" ရတယ်လေ"


"တကယ်လား?"


"တကယ်ပြောတာ သဘောတူတယ်"










မတော်တဆနဲ့??


"ရှင့်လိုလူမျိုး က သူ့ကိုနောက်ပြန်ဆွဲချမဲ့သူမျိုးမဟုတ်ဘူးဆိုတာ ကျွန်မသေချာပါတယ် "




"တူတူပဲဟာ"

" ဝိုင်မရှိဘူးလား? "







"ဒါပေမဲ့လည်း ထပ်ပြီး..."


















"ရိုင်းတယ်??"

"မင်း..!"

မှန်နေတဲ့ပုံပဲ။


"မင်း..!"


သူမ ထပ်ပြီးအော်ဟစ်‌ပြောဆိုလာကာ ထိုစကားလုံး‌ တွေကလွဲပြီး ထပ်မရှိ၊ မင်းနဲ့မင်းအဖေက အရှက်မဲ့တဲ့ အပျက်ကောင်တွေ ၊ မင်းလည်း အဆုံးသတ်ကောင်းမှာမဟုတ်ဘူး စသည်တို့ ၊ ရှရှီချင်းအတွက် ဒီဆိုးဝါးတဲ့စကားတွေကငယ်ငယ်ကတည်းက အပြောခံလာခဲ့တာမို့ သူ့အတွက်ရိုးနေပြီဖြစ်သည်။


"မဟုတ်ဘူး"

"ဘာကိုပြောတာလဲ?"






Continue Reading

You'll Also Like

362K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
217K 36.3K 97
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
798K 66.2K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...