I Only Like Your Character Se...

由 yeolbin_Elena

34.9K 4.1K 175

Angel မျက်နှာလေးနဲ့ Alphaဆန်သောပလေးဘွိုင်း(Shou ) Vs ဖြူစင်ရိုး‌သားပြီး အေးစက်သော (Gong) Author - Zhìchû ( 雉... 更多

Description
Chapter 1 မရိုးသားမှု
Chapter 3 ပုန်ကန်ရန်မွေးဖွားလာခြင်း
Chapter -4 ဇာတ်ရုပ်ပုံစံအတု
ရှင်းလင်းခြင်း
Chapter -5 မသန့်ရှင်းမှု
Chapter -6 ကောင်းကင်မှ လွတ်မြောက်ခြင်း
Chapter -7 ညှိနှိုင်းသူ
Chapter-8
Chapter-9
Chapter -10
Chapter -11
Chapter -12
Chapter -13
Chapter -14
Chapter -15
Chapter - 16
Chapter - 17
Chapter -18
Chapter -19
Chapter -20
Hi
Chapter -21 (Part -1)
Chapter -21 (part 2)
Chapter - 22
Chapter - 23
Chapter -24
Chapter -25
Art 🤍(လှလိုက်တာအေ)
Chapter -26
Chapter -27
Chapter -28
Chapter -29
Chapter -30
Chapter - 31
Chapter -32
Chapter -33
Chapter -34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38

Chapter 2 ပေါ်သွားသောအဖြစ်အပျက်

1K 162 23
由 yeolbin_Elena

ကျန်းယင်က ရှက်စရာလို့မခံစားရ အဲ့အစား 'အို့စ် အဲ့လိုပါလား' ဆိုတဲ့ အမူအရာတစ်ခုကို အပြုံးလေးနဲ့ပေးလိုက်သည် ၊ "ကျွန်မရဲ့ ဆဠမအာရုံက အမြဲလွဲနေပါလားနော်"

ပြီးသွားတော့ စင်‌ ပေါ်မှာဦးဆောင်နေတဲ့အမျိုးသမီးသရုပ်ဆောင်က ကျိုးကျစ်ဟန်ကို မိုက်လွဲပေးလိုက်သည် ၊ ပြီးတော့ ကြေညာသူက သူ့အား ရုပ်ရှင်နဲ့ပတ်သတ်သော မေးခွန်းတွေမေးမြန်းလာခဲ့သည်၊

"စောစောက အကြိုထုတ်လွင့်မှု ဗီဒီယို‌တွေမှာ ငါတို့တွေတွေ့လိုက်ပါတယ် ကျိုးကျစ်ဟန် ဒီတခေါက် မင်းရဲ့အောင်မြင်မှုတွေကတော့ လုံးဝကို အံ့မခန်းပါပဲ စစကြည့်တော့ ကျွန်မတောင်လုံးဝ မမှတ်မိလုလောက်အောင်ပါပဲ အခုကျွန်မတို့ အားလုံးကလည်း သိချင်နေကြပြီဆိုတော့ ဒီရိုက်ကူးနေတဲ့ကာလအတောအတွင်းမှာ ဘယ်အရာတွေက မင်းကို ဘယ်လိုခံစားချက်မျိုးတွေ စိတ်ကိုရိုက်ခတ်စေခဲ့တဲ့အရာလေးတွေပြောပြပေးပါလား

ကျိုးကျစ်ဟန်က မိုက်ကိုကိုင်လိုက်ပြီး ခဏစဉ်းစားကာ ပြန်ပြောလာသည်

" ခံစားရတဲ့အပိုင်းကိုပြောရမယ်ဆိုရင်တော့ နှစ်ဝက်လောက်ထိကို ကျွန်တော် ငါးတွေပုဇွန်တွေကို မြင်တောင်မမြင်ချင်ခဲ့ပါဘူး "

ပရိသတ်အားလုံး ရီမောကြသည်၊ ဒီလို အတည်နောက်တဲ့ ဟာသကလည်း သူနဲ့ မထင်မှတ်စွာ လိုက်ဖက်နေပြန်ပါရော

" စိတ်ကိုရိုက်ခတ်စေခဲ့တဲ့ အရာကတော့.... တကယ်တော့ ရိုက်ကူးနေတဲ့အတောအတွင်းမှာ အမြဲစိတ်ကိုလှုပ်ရှားစေခဲ့ပါတယ် အမှန်တိုင်းပြောရရင် ဒီဇာတ်ရုပ်မျိုးက ပထမဆုံးရိုက်ဖြစ်ဖူးတာပါ ၊ ဒါရိုက်တာဝမ်ရဲ့စိတ်စွဲလမ်းကြီးတဲ့ရောဂါကြောင့် စတူဒီယိုမှာရိုက်ရတာထက် တကယ်အပြင်သင်္ဘာ‌ေပါ်မှာရိုက်ရတာက ပိုများပါတယ် သ‌င်္ဘာပေါ်မှာ ရိုက်ထားတာ‌ေတွက ၈၀ ရာခိုင်နှုန်းနီးပါးပါ ၊ ပထမတော့ ကျွန်တော် ပင်လယ်အရမ်းမူးတတ်တာကြောင့် တော်တော်ကြာကြာ ဇာတ်ရုပ်ထဲကိုဝင်လို့မရနေဘူး ၊ အဖွဲ့သားအားလုံးကလည်း အရမ်းပင်ပန်းပြီး အရမ်းးစိတ်ဓာတ်ကျခဲ့ရတာပေါ့
ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူ့အခွင့်အရေးရိုက်ချိုးခံရပြီး ကျွန်အဖြစ်နဲ့ရှိနေရတဲ့သူတွေရဲ့တည်ရှိမှုကို စဉ်းစားမိလိုက်တော့ ကျွန်တော်အရမ်းကို......." ကျိုးကျစ်ဟန် စကားလုံးကိုစဉ်းစားပြီးမှ " နာကျင်ခဲ့မိတယ် ဟုတ် ဒီလိုစိတ်မျိုးလေးတွေက ကျွန်တော့်ကိုတွန်းအားဖြစ်ပေးတာကြောင့် အားခဲပြီး ပြီးဆုံးအောင်ရိုက်ကူးနိုင်ခဲ့တာပါ ၊ သရုပ်ဆောင်တွေကော ဝန်ထမ်းတွေ‌ကော အားလုံး ဒီလိုပဲတွေးကြမှာလို့ ထင်ပါတယ်"

ရှရှီချင်း ခေါင်းကိုအနည်းစောင်းပြီး ထိုသူကိုကြည့်လိုက်ကာ သေချာစွာ‌နားထောင်နေမိခဲ့သည် ၊ အမှန်တိုင်းပြောရရင် ကျိုးကျစ်ဟန်က ဒီအနုပညာလောကနဲ့ လိုက်ဖက်မှာမရှိနေဘူးလို့ သူအမြဲခံစားမိသည် ၊ သန့်စင်ထားသောပတ်ဝန်းကျင်မှာရှိတဲ့ ကုန်ပစ္စည်းတစ်ခုနဲ့တူသည် ၊ သူ့မှာရှုပ်ထွေးပြီး အန္ဒရာယ်များသောပတ်ဝန်းကျင်အတွက် ကယ်တင်ခြင်းနှလုံးသားတစ်ခုရှိသည် ၊ ကုန်ကုန်ပြောရရင်. အမှားစ်ခုကြောင့် အပြစ်ကြွေး ပြန်ဆပ်နေရတဲ့သူနှင့်တူသည်
( ကျိုးကျစ်ဟန်က ရုပ်ရှင်လောကနဲ့ မလိုက်ဖက်ဘူးဆိုတဲ့ အကြောင်းကိုပြောနေတာပါ)

ဒါက သူ ကျိုးကျစ်ဟန် ဒီလိုနီးနီးကပ်ကပ်မှ ပထမဆုံးမြင်ရခြင်းဖြစ်သည် ၊မိန်းမငယ်‌လေးတွေဟာ သူတို့အနုပညာရှင်ကို အပြင်မှာတွေ့ရဖို့အတွက်ဘာကြောင့်တကောက်ကောက်လိုက်နေရတာလဲဆိုတာကို သူနားလည်လိုက်သည် ၊ ကြည့်ကောင်းကြတဲ့သူတို့ဟာ အပြင်မှာပိုပြီးသာကြတာမို့ဖြစ်သည်

စင်ပေါ်မှာရှိတဲ့ ကျိုးကျစ်ဟန်ကိုသူကြည့်လိုက်ရာ သူ့ရဲ့ ဘယ်ထောင့်ကကြည့်ကြည့် အရမ်းကို ပြီးပြည့်စုံလွန်းတယ်လို့ ခံစားမိတာနဲ့ ပုံကြမ်းဆွဲလေ့ကျင့်တဲ့ ကိရိယာတစ်ခုလို အ‌သွေးအသားကင်းမဲ့တဲ့ ပလတ်စတစ်တွေနဲ့ အစားထိုးမြင်ကြည့်လိုက်တယ် ၊ အလုပ်ရောဂါအရ သူ့ရဲ့မသိစိတ်ထဲကနေ ကျိုးကျစ်ဟန်ရဲ့ အဝတ်အစားအောက် ကြွက်သားတွေ အရေပြားတွေကို တစ်လက်မချင်းစီ ဆန်းစစ်ကာ စကန်ဖတ်ကြည့်နေမိသည်။ ရှရှီချင်းက မရေမတွက်နိုင်တဲ့လူတွေ ဆန်းစစ်ကြည့်ဖူးပေမဲ့ ကျိုးကျစ်ဟန်ရဲ့ ခန္ဒာကိုယ်က သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံးသာဖြစ်သည်။

သူ့ပုံတူရုပ်ထုတစ်ခုလောက် တကယ်ကို ဖန်တီးကြည့်ချင်လိုက်တာ ..
ရှရှီချင်း ရင်ထဲမှာသက်ပြင်းလေးချလိုက်မိသည်

"ပရိသတ်တွေအတွက်မေးခွန်းလေးတွေ စတင်လိုက်ကြရအောင်"
စီစဉ်ကြေညာသူက မိုက်ကို ကျိုးကျစ်ဟန်ဆီကမ်းပေးလိုက်ပြီး
" ကျစ်ဟန် အရင်စလိုက်ပါ"

ဖန်တွေက စတင်အော်ဟစ်လာကြပြီး လေထုအနေအထားကလည်း စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နက်လို့လာတော့သည် ၊ ကျိုးကျစ်ဟန်က သူ့မျက်‌မှောင်အနည်းငယ်ကြုတ်လိုက်သည် ၊ အဲ့ဒီလှုပ်ရှားမှုသေးသေးလေးကတောင် ရှရှီချင်းအတွက်ကြည့်ရတာ စိတ်ကျေနပ်စေလေသည်

စင်ပေါ်ကလူနဲ့ စင်အောက်လူ နှစ်ယောက် မျက်လုံးချင်း တစ်တန်းထဲကျသွားတော့ ရှရှီချင်းရဲ့ နှုတ်ခမ်းထောင့်လေးက အပေါ်ကိုအနည်းငယ်ကွေးတက်သွားကာ သူ့မျက်လုံးကနေ အကျင့်အရ အထာပါသော အကြည့်တစ်ခုပေးလိုက်သည်။

"ဟိုဖက်နားက တစ်ယောက်ပါ "

ကျိုးကျစ်ဟန်က ညွန်ပြလိုက်သည်

"ပန်းပွင့်စကပ်လေး‌နဲ့ကောင်မလေး"

ရှရှီချင်းရဲ့အနောက်က ကောင်မလေးဖြစ်သည် ၊ ရှရှီချင်းပြုံးလိုက်မိသည် ၊

ဒီပျင်းစရာကောင်းတဲ့ဖြောင့်ကောင်ကြီး

( TN- သူ့ကို ရွေးမယ်ထင်နေတာ ကလေးက🤣🤣)

သူပစ်လွှတ်လိုက်တဲ့ " ငါမင်းကိုစိတ်ဝင်စားပါတယ်" ဆိုတဲ့ အထာအကြည့်ဟာ တစ်ဖက်လူ ကအဖြောင့်ဖြစ်နေတော့ တချက်ထဲနဲ့ အလွင့်ခံလိုက်ရသည် ၊ ဒီလိုဆိုးလှတဲ့ စတင်ခြင်းဖြစ်ပေမဲ့ သူ့ကို စိတ်ဓာတ်မကျစေပေမဲ့ ရင်ထဲမှာတော့ လောင်နေမိသည် ၊ သမင်လိုက်နေရတဲ့မုဆိုးနဲ့တူသည် ၊ ပစ်မှတ်က ပိုပြီး ပေါ့ပါးသွက်လက်လေလေ သေနတ်ကပိုပြီး အားကောင်းလေလေပင်။

သူတို့တွေကြားက အမေးနဲ့အဖြေကို သိပ်ပြီးနားထောင်မနေတော့ဘဲ သူ့မျက်လုံးတွေ ကျိုးကျစ်ဟန်ရဲ့ ခန္ဒာကိုယ်ကောက်ကြောင်း တွေပေါ်မှာဇောက်ချလိုက်ပြီး ပြတိုက်မှာပြထားတဲ့ ပြီးပြည့်စုံတဲ့ပန်းပုတစ်ခုကို ကြည့်နေရသလို စိတ်ကူးယဉ်ရေးဆွဲဖန်တီးရင်းတစ်ဝကြီး ထိုင်ကြည့်နေခဲ့သည်။

သတင်းစာရှင်းလင်းပွဲက နှစ်နာရီကြာမြင့်ခဲ့သည် ၊ ပွဲပြီးနောက် ရှရှီချင်းသန့်စင်ခန်းသွားဖို့ ထွက်လာခဲ့သည် အဆင့်မြင့်ဟိုတယ်ဖြစ်သည့်အလျောက် အခန်းတွေက ရှုပ်ထွေးများပြားလှသည် ၊ ရှရှီချင်းသွားရင်းရှာမတွေ့တော့တာနဲ့ လမ်းမှာတွေ့နဲ့ ဝန်ထမ်းတစ်ယောက်ကို လှမ်း၍အပြုံးနှင့်မေးကာ
" မင်္ဂလာပါ သန့်စင်ခန်းဘယ်နားမှာရှိလဲ သိလို့ရမလားဗျ"

ဝန်ထမ်းမှာ မိန်းမငယ်လေးဖြစ်တာကြောင့် ရှရှီချင်းကိုတွေ့တော့ ရှက်ရွံ့စွာဖြင့်
" ဘယ်ဖက်ကိုသွားလိုက်...အို မဟုတ်ဘူး ညာဖက်ကိုသွားပြီး အဆုံးထိ လျှောက်သွားလိုက်ပါ VIPအတွက် သန့်စင်ခန်းရှိပါတယ်.."

"ကျေးဇူးပါခင်ဗျာ"
ရှရှီချင်း ချိုမြိန်စွာပြုံး၍ ခေါင်းလေးညိတ်ပြကာ သူမပြောသည့်အတိုင်း အိပ်ကပ်ထဲလက်ထည့်ပြီး လျှောက်လာခဲ့သည်

ဝင်ဝင်ချင်း သူ့ရဲ့ ဖုန်းက ထမြည်လာကာ ခေါ်တဲ့သူကိုကြည့်လိုက်ပြီး ရှရှီချင်း မျက်မှောင်ကြုတ်လိုက်သည်

တညလုံးအဲ့လောက်ခေါ်ထားပြီးတာတောင်မောသေးဘူးလား?

" ငါမှတ်မိသလောက် ငါတို့ဘာမှတောင်မစခဲ့ဘူးလားလို့နော်"
ရှရှီချင်း ဖုန်းကို နားနဲ့ ပုခုံးကြားမှာညှပ်ပြီး လက်ဆေးလိုက်သည် ၊
" ဘာမှပြသနာမရှိဘူးလို့ထင်တာပါပဲ..အဲ့လိုလား?? ငါနဲ့ဒိတ်ချင်တာလား?"

ရှရှီချင်း တခစ်ခစ်နဲ့ရီမောလိုက်ကာ လက်မှရေစက်တွေကိုခါလိုက်သည် ၊ ဘေးက ပုံးထဲကတစ်ရှူးကိုဆွဲထုတ်ပြီးသူ့ရဲ့လက်ချောင်းလေးတွေကို သေချာသုတ်လိုက်သည် ၊
"ငါတို့ပထမဆုံးတွေ့ကတည်းက ငါဒိတ်မှာမဟုတ်ဘူးလို့ ပြောခဲ့သလားလို့ မင်းကသာငါ့အပေါ် စိတ်ရှိနေတာမို့ တခါတလေပျင်းတဲ့အခါလေး မင်းနဲ့အတူသောက်ဖို့ထွက်ခဲ့တာကို ဘယ်သူသိမလဲ စကားလေးနှစ်ခွန်းလောက်ပဲပြောကြည့်ရုံနဲ့ ငါနားလည်လိုက်တာ မင်းက......"

အဆုံးသတ်ကိုအကြာကြီးဆွဲနေခဲ့ပြီး သူပြောထွက်ဖို့တွန့်ဆုတ်နေပုံရသည်

အကြာကြီးတွန့်ဆုတ်နေပြီးမှ လေသံက လုံးဝက အေးစက်စွာနဲ့ တစ်လုံးချင်းစီဖြည်းညှင်းစွာပြောလာခဲ့သည်
" ကောင်း.တဲ့.အ ချက်.တစ်.ခု. မှ.မ.ရှိ .ဘူး"

တစ်ဖက်လူ တောက်လျှောက်ပြောလာခဲ့သည် ၊ကြာတော့ ရှရှီချင်း စိတ်ရှုပ်လာကာ
" မင်း အလေးအနက်ကြီးဖြစ်တာလား? ငါ့ကိုလာမစားစမ်းပါနဲ့ လူတစ်ယောက်က ငါ့ကိုအလေးအနက်ထားဖို့ပြောလာတာကို ငါအကြောက်ဆုံးပဲ တကယ်စိတ်ပျက်ဖို့ကောင်းတယ် မင်းကိုမင်း ဒရမ်မာထဲက မင်းသမီးများထင်နေတာလား?"

ဟုတ်ပါတယ် သူမ‌နေ့က ဘားမှာ ဒီလူတွေနဲ့သောက်နေခဲ့တာဖြစ်သည် အဲ့မှာရှိနေခဲ့တဲ့ လူတွေနဲ့ အရှုပ်ထုတ်တွေသူလုပ်ခဲ့ရာ အခုတဖန်သူ့ရဲ့စိတ်ရင်းကို နားလည်အောင်ပြန်ပြောပြဖို့လုပ်ရပေအုံးမည်။

" ငါတို့က အရွယ်ရောက်သာသူတွေလေ ၊‌ကောင်းမွန်စွာနှုတ်ဆက်ခဲ့မှ နောက်တချိန်ပြန်တွေ့တဲ့အခါ တူတူပြန်ထိုင်ပြီးသောက်လို့ရမှာပေါ့ မဟုတ်ဘူးလား မင်းရောငါရောက ပြောရဆိုရခက်တဲ့အထဲကမှမဟုတ်ပဲဟာ မင်းဆို တခြားပိုလန်းတဲ့အဆင်‌‌လေးတွေနဲ့ချိတ်လို့ရနေတာပဲ ဘာလို့ ငါ့ဆီမှာအချိန်လာဖြုန်းနေမှာလဲကွာ"

သူလက်ကို ခါလိုက်ပြီးဖုန်းထဲကတစ်ဖက်လူရဲ့အသံက ပိုပြီးကျယ်လောင်လာကာ သူ့နားကို အူသွားစေသည် ၊ ဖုန်းကို လက်နဲ့ပြန်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်နှာမှာအပြုံးမရှိတော့ချေ

သူလေသံကလည်း ပြောင်းလဲသွားလေသည်

"မင်းကိုငါ လစ်လိုက်တော့လို့ ပြောနေတယ်နော်"

သူလက်သုတ်ထားသောတစ်ရှူးကို ယူပြီး အမှိုက်ပုံးထဲပစ်ထည့်လိုက်ကာ
" မင်းဒီလို သောက်ကျိုးနည်းတွေ ထပ်လုပ်နေမယ်ဆိုရင် မင်းအောက်ကဟာကို ဖြုတ်ပစ်‌ဖို့ ငါလူရှာရလိမ့်မယ်နော် ဘာလိုပဲဖြစ်ဖြစ် မင်းက အောက်ကခံရမဲ့သူပဲဆိုတော့ ရှိနေလည်း အသုံးမှမဝင်တာ"

ဖုန်းထဲကလူက ချက်ချင်း ငြိမ်ကျသွားသည်

ရှရှီချင်း ပြုံးလိုက်ကာ မှန်ထဲမှ သူ့ကိုယ်သူ ကြည့်လိုက် ၊ မျက်နှာအမူအရာကို ပြန်ပြင်လိုက်ပြီး နူးညံ့စွာပြုံးလိုက်ကာ

" မ‌‌‌ကြောက်ပါနဲ့ ငါက ‌‌ဒီတိုင်း‌‌‌‌နောက်လိုက်တာပါ ငါက ဘယ်လိုလုပ်လုပ်ရက်မှာလဲ"

သူ့အသံက တဖန်ပြန်ကာ နူးညံ့သွားပြီး သန့်စင်ခန်းနံရံကိုမှီလိုက်ကာ ချစ်ရတဲ့ သူ့အသည်းနှလုံးငယ်‌လေးကို ပြောနေသကဲ့သို့

" လိမ်လိမ်မာမာနဲ့ မျက်စိရှေ့က ပျောက်သွားပေး ဟုတ်ပြီလား?"

ဖုန်းကိုချလိုက်ပြီးနောက် ရှရှီချင်း အိမ်သာထဲဝင်ဖို့လုပ်တဲ့အချိန် အထဲမှ မထင်မှတ်ထားသော လူတစ်ယောက်ထွက်လာခဲ့သည်

ခဲပြာရောင်ရှပ်ဝတ်ထားပြီးအရပ်ရှည်ရှည် နဲ့ စောစောက စင်ပေါ်မှာတောက်ပနေခဲ့သော ကျိုးကျစ်ဟန်ပဲဖြစ်သည်၊

ဖာခ့် သေရော ပေါ်ကုန်ပြီ

သူ့ရဲ့မျက်နှာဖုံးကွာကျသွားသော်လည်း ရှရှီချင်းထိတ်လန့်မသွားခဲ့ပါ ၊ တည်ငြိမ်စွာနဲ့ ကျိူးကျစ်ဟန်ကိုတောင် ယဉ်ကျေးစွာ အိန်ဂျယ်အပြုံးလေးနဲ့ပြုံးပြလိုက်သေးသည်

"တိုက်ဆိုင်လိုက်တာ"

ကျိုးကျစ်ဟန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ ရှရှီချင်းရဲ့ အမူအရာကို ဖုံးမထားနိုင်စွာ ရွံ့ရှာစွာကြည့်လိုက်သည် ၊ မဟုတ်ဘူး ဖုံးမထားနိုင်စရာလား သရုပ်ဆောင်တစ်ယောက်က သူ့အမူအရာကို ဘယ်လိုထိန်းရမလဲ ကောင်းကောင်းသိသည်

သူ ရွံ့ရှာကြောင်းကို ‌ဖုံးထားဖို့ စိတ်မပါတာဖြစ်သည်၊

ကျိုးကျစ်ဟန်က ငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်ထိုးထားတဲ့ သူ့ဖန်ဖြစ်ကြောင်း ရင်ထိုးလေးကို တွေ့လိုက်သည်၊ ရှရှီချင်းက သူ့အကြည့်ကိုသတိပြုမိသွားပြီး သူ့သူပြန်ငုံကြည့်လိုက်ကာ ရင်ထိုးလေးကို လက်နဲ့ထိလိုက်ပြီး အပြုံးနဲ့ပြောလိုက်သည်

" ဟုတ်ပါတယ် ကျွန်တော်က ခင်ဗျား ဖန်ပါ "

ကျိုးကျစ်ဟန် သူ့ကိုဖြတ်သွားပြီး မထူးခြားစွာ လက်ဆေးကန်ဆီသွားပြီး ရေပိုက်ခေါင်းကိုဖွင့်လိုက်သည်

ရှရှီချင်းက ပုခုံးတွန့်လိုက်ကာ အထဲကိုဝင်လိုက်ပြီး ခြေထောက်နဲ့တံခါးကိုပိတ်လိုက်သည်

သူခြေလှမ်းမှားပြီး သူ့အိုင်ဒေါဆီကနေ အမုန်းခံလိုက်ရလေပြီ၊

ပုံမှန်ဆို ပထမဆုံးတွေ့တဲ့နေရာမှာ သူ့အောက်ခြေကို ဘယ်တော့မှ မပြတတ်ပဲ ဟန်ထုတ်ပြကာ ဖော်ရွေတဲ့ ပုံရိပ်လေးက သူ့အတွက် အလွန်လွယ်လှသည်၊ ပြီးတော့ လူတွေနဲ့က အဲ့ဒီ သောက်ကျိူးနည်း အိန်ဂျယ်ဆန်ဆန်ပုံစံလေးက ပိုပြီး ရင်းနှီးမှုရလိုသည် ၊ ရုပ်ချောတဲ့သူတွေကို အလွယ်ယုံကြည်မှုပေးလိုကြမြဲဖြစ်သည်၊ ဒီအခေါက်ကတော့ တကယ်ကို ကံဆိုးတာပဲ ၊ ရှရှီချင်း ထိုနှောင့်ယှက်တဲ့ ကောင်ကို blacklist စာရင်းထဲဆွဲထည့်လိုက်သည်၊

မေ့လိုက်တော့ သူလည်း စွဲစွဲလန်းလန်းဖန်မှမဟုတ်တာ ၊ လိင်ပိုင်း စိတ်ကူးမှုဖန်စီတစ်ခုလို သဘောထားခဲ့တာပဲလေ

ကိုယ့်အိုင်ဒေါဆီကနေ အမုန်းခံရတာကလည်း ထူးခြားတာပဲမဟုတ်ဘူးလား ရှရှီချင်းတစ်ယောက် ကိုယ့်ကို နှစ်သိမ့်ပေးလိုက်ပြီး တံခါးကို ဆောင့်ပိတ်ကာ မှန်အကြီးရှေ့ကိုသွားလိုက်သည် ၊ မှန်ထဲက နူးညံ့ပြီး ကြင်နာတတ်တာသူက သူမဟုတ်ပါ ၊ သန့်စင်ခန်းကနေ ထွက်လာပြီး သူတခါတည်း ဟိုတယ်က ထွက်လာခဲ့သည်၊

ရှရှီချင်း မနက်၃နာရီခွဲထိ ဘားမှာရှိနေကာ ရှုချီချန်ဆီကနေ ဖုန်းဝင်လာခဲ့သည်၊

" ရှီချင်း မင်းအခု ရှာဖွေမှုစာရင်းအမြင့်ဆုံးရောက်နေပြီ"

ဘားက သီချင်းသံတွေအရမ်းကျယ်တာကြောင့် ရှရှီချင်းမျက်မှောင်ကြုတ်ပြီး ဘားအပြင်ကိုထွက်လာခဲ့သည် ၊ လမ်းဘေးမှာ ရီဝေဝေနဲ့ထိုင်ချလိုက်ပြီး လျှာလေးအာလေးအသံဖြင့်
" မင်း ဘာပြောလိုက်တာ?"

"မင်းအခု weiboမှာ ရှာဖွေမှုအမြင့်ဆုံးစာရင်းမှာရောက်နေပြီလို့ ကြည့်ရတာတစ်ယောက်ယောက်က သတင်းစာရှင်းလင်းပွဲမှာတုန်းက မင်းကင်မရာမှာရိုက်မိသွားတဲ့ ဗီဒီယိုကိုတင်လိုက်တဲ့ပုံရတယ်"

ရှုချီချန်က အေးဆေးစွာပြောလိုက်ခဲ့သည် ၊ သူကအမြဲ အနေ‌အေးတတ်တဲ့သူဆိုတာ ရှရှီချင်းသိပြီးသားဖြစ်သည် ၊ ရှုချီချန်နဲ့ စကားအနည်းငယ်ပြောလိုက်ပြီး သူထိုင်နေတဲ့ လမ်းဘေးရဲ့ မနက်ခင်းလေအေးက သူ့မျက်နှာကိုရိုက်ခတ်တော့ အနည်းငယ်နိုးလာခဲ့သည် ၊ ရှရှီချင်းမျက်လုံးပိုကျယ်ကျယ်ဖွင့်ပြီး Weiboထဲဝင်ကာ ရှာ‌ဖွေမှုစာရင်း‌ေပ့ချ်ထဲဝင်လိုက်သည်၊

ရှာဖွေမှုအမြင့်ဆုံးစာရင်းအတွက် ပထမဆုံး သတင်းက စာလုံးအကြီး‌ေတွပါဝင်ကာထင်ထင်ရှားရှားရေးထားသည် ၊

[[ SEAGULL သတင်းစာရှင်းလင်းပွဲမှ အဖြူရောင်ရှပ်နဲ့ ကောင်လေး]]

အဖြူရောင်ရှပ်?? ရှရှီချင်း မနေ့ညက သူဝတ်ထားတဲ့အဝတ်အစားတွေကိုပြန်တွေးကြည့်လိုက်သည်

အဖြူရောင်သူဝတ်ထားခဲ့သလိုလိုပါပဲ... ရှရှီချင်းနှိပ်လိုက်ပြီး ဝင်ကြည့်လိုက်သည်၊ တင်ထားတဲ့ဗီဒီယိုက ကျိုးကျစ်ဟန်နဲ့ ပွဲက သူ့ဖန်ကြား အပြန်အလှန်မေးခွန်းဖြေကြတဲ့ အစီအစဉ်ပဲဖြစ်သည် ၊ စင်ပေါ်မှ ကျိုးကျစ်ဟန်ဆီက ကင်မရာက စင်အောက်က လပ်ကီးဖန်လေးဆီကို လှည့်လာကာ ထိုမိန်းမငယ်လေးက ရှရှီချင်းရဲ့အနောက်မှာရှိသည်၊ ထိုဖြစ်စဉ်အခိုက်အတန့် ကင်မရာက ရှရှီချင်းဆီမှာ စက္ကန့်အနည်းမျှ ရပ်နေခဲ့သည် ၊ ထိုစက္ကန့်အနည်းငယ်လေးကြောင့် ရှရှီချင်းတစ်ယောက် ရှာဖွေမှုစာရင်းအမြင့်ဆုံးဖြစ်သွားခဲ့သည်။

သူmaskကိုချွတ်ပြီးပြန်မတပ်ခဲ့မိတာကိုသတိရသွားကာ အမူမဲ့အမှတ်မဲ့ နိုင်သွားခဲ့တာဖြစ်သည်။

ဗီဒီယိုအောက်မှ မန့်တွေက ထောင်ပေါင်းများစွာရှိနေသည်။

[ငါက ဖရဲသီးပါ ဆောင်းသခွားမွှေးမဟုတ်ဘူး]:ဆယ်မိနစ်အတွင်းဒီကောင်လေးရဲ့အချက်အလက်တွေအကုန်လိုချင်တယ်
{T/N - သူ့acc nameက "I'm a watermelon not a winter melon "ပါ eng လိုက ပိုချစ်စရာလေးမို့]

[ဗီကီဗီကီ (VikiViki) ] : အမေရေ နတ်သားလေးတစ်ယောက်မြင်လိုက်ရတယ် / <မျက်လုံးမှာမျက်ရည်ပြည့်နေသောပုံဖြင့်>

[လှပတဲ့ခွေးမှာ လူ့အခွင့်အရေးမရှိဘူး ]: ဒီလိုမျက်နှာမျိုးလေးနဲ့ ပွဲဦးမထုတ်ပဲ‌ေနလို့ရတယ်လား???သူက အရမ်းလှတာပဲ ဆံပင်ရှည်လေးနဲ့အရမ်းကြည့်ကောင်းတယ် တကယ့်ကို နတ်သားစစ်စစ်ပဲ

[33က ငါ့ဇနီးလေး] : ဖြတ်သွားရုံလေးနဲ့တောင် ရိုက်ချက် ထိမိပြီး အရမ်းကိုမိုက်တာပဲ ပြုံးလိုက်ရင်နတ်သားလေးလိုပဲ တခြားအဆင်တွေထက်အများကြီးသာတယ်

[ငါ့ရဲ့ဟန်က Gong စစ်စစ်ပါ] : အဲ့ဒီကောင်လေးရဲ့အကြည့်တွေက အရမ်းလှတာပဲ ငါကြည့်တာမလွဲဘူးဆိုရင်သူ့ရင်ဘတ်မှာထိုးထားတာ ကျိုးကျစ်ဟန်ရဲ့ ဖန်ရင်ထိုးလားလို့ < screen shot ရိုက်ပြသောပုံဖြင့်>

[ကျိုးကျစ်ဟန်ရဲ့ပထမဆုံးသောMrs.] : ဟန်မိသားစုရဲ့ ရင်ထိုးပဲ ဖာခ့် အဲ့ကောင်လေးက ကျိုးကျစ်ဟန်ရဲ့ ဖန်ပေါ့ ၊ ငါတောင်းပန်ပါတယ် ကျစ်ဟန်ဖန်တွေရဲ့ ပျမ်းမျှ ရုပ်ရည်ကို နှိမ့်ချခဲ့မိတယ် <ဒူးထောက်ထားသောပုံ>

[Aအဖြစ်ဆုံးသော ကျိုးကျစ်ဟန်ရဲ့ ယူနီဗာ့စ်]: ဖာခ့် ဟန်မိသားစုကတော့ ဖန်လည်း အိုင်ဒေါလိုပါပဲလား..ဒီလိုရုပ်ရည်မျိုးဆို အခုတခြားအိုင်ဒေါတွေအကုန်သေလို့ရပြီ ငါကတော့ ဟန်မိသားစုရဲ့ အရှက်ရစရာပါပဲ...<ငိုနေသောပုံဖြင့်>

[ရှောင်မင်းသခွားမွှေးစားမယ်(eat melon xiaoming)] : အခုခေတ်များ အိုင်ဒေါနောက်လိုက်ရမှာတောင် ရုပ်မချောရင် အရှက်ရစရာဖြစ်နေပြီ

ကောမန့်တွေကိုသူဖတ်နေရင်ူ သူ့ရှေ့မှာ လူတစ်ယောက်လာရပ်တာကိုသတိပြုမိလိုက်သည်၊ အရိပ်ကသူ့အပေါ်ကို‌မိုးကျလာတော့ ရှရှီချင်းပျင်းရိစွာမော့ကြည့်လိုက်တော့ ရုပ်ရှည်ချောလှသောလူတစ်ယောက်‌ကိုတွေ့လိုက်ရသည်၊

တဖက်လူက ပြုံးပြပြီး ဆေးလိပ်ကိုကိုက်ကာ
"အ‌‌ဖော်မပါဘူးလား?"

ရှရှီချင်းဖြေးညင်းစွာမျက်တောင်ခတ်လိုက်ပြီး သူဘာကြောင့်မှန်းမသိ အခုအဲ့ဒီဖက်ကို စိတ်ကိုမပါနေတာဖြစ်သည် ၊ သူမျက်ခုံးတစ်ဝက်တွန့်ချိုးလိုက်ပြီး အေးစက်စွာ
" အဖော်မပါတဲ့ပုံစံပေါက်နေလို့လား?"

ထိုလူက အနည်းငယ်အံ့အားသင့်သွားသည် ၊ ဒီရုပ်ချောတဲ့ကောင်လေးက မတ်တပ်ရပ်လိုက်တော့ အဲ့လောက်အရပ်ရှည်မယ်မှန်းသူမထင်ထားခဲ့ဘူး ဒါပေမဲ့ သူ့လက်ကိုဆန့်ကာ သူ့ကို(ရှရှီချင်း)ဆွဲလိုက်ပြီး ပြုံးပြကာ
" ထွက်မပြေးပါနဲ့ အခုကအစမို့နေရခက်‌နေလို့ပါ ငါနဲ့အတူသောက်ဖို့ မင်းကို ဖိတ်ချင်လို့"

တစ်ဖက်လူကြည့်ရတာကျွမ်းနေပြီးသာထင်၏ ရှရှီချင်းမျက်လုံးကိုသေချာဖွင့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်လေးက အပေါ်ကိုမြှောက်တက်သွားသည် ရုတ်တရက်သူ့အမှုအရာကိုပြောင်းလိုက်ပြီး အီတီတီအပြုအမှုဖြင့် သူ့ရဲ့လက်ချောင်းကို ထိုသူ၏ ပုခုံးမှာတင်လိုက်ကာ
" သောက်ရမှာက ပျင်းတယ်.. ကောင်ချောလေး ငါမင်းကို တနာရီ ယွမ်20000ပေးမယ် မင်းက လူအသစ်ဆိုတော့ လျော့ပေးမယ် 16000 ဘယ်လိုလဲ?"

ထိုလူကချက်ချင်းရှုံ့မဲ့သွားပြီး
"မင်း ရူးနေတာပဲ"

" မရူးပါဘူး" ရှရှီချင်းဖွဖွလေး‌ပြုံးလိုက်ကာ
" ငါ့နောက်ကြောင်းကရှင်းပါတယ် မယုံရင် ငါ့ဆေးစစ်ချက်ကြည့်မလား?"

"20000တဲ့လား? ပြောရဲလှချည်လား?"

ထိုလူက သူ့ကိုကြည့်လိုက်ပြီး
" မင်းဖင်ကဘာမို့လဲ? ရွှေနဲ့ကွပ်ထားလို့လား?"

ထိုလူကိုကြည့်နေရင်း ရှရှီချင်း သူ့မျက်လုံးတွေတဖြည်းဖြည်းအေးစက်လာကာ သူ့ရဲ့သွင်ပြင်နဲ့မလိုက်ဖက်သော စကားအချို့ကိုပြောလာခဲ့သည်၊ အေးစက်တိုးလျသောအသံဖြင့်
" ငါ့ရဲ့ အချောင်းက စိန်နဲ့ကွပ်ထားလို့"

ဆေးလိပ်တလိပ်ဖွာလိုက်ကာ မျက်နှာအမူအရာကစောစောက အီတီတီသွင်ပြင်လေးကနေ လူမိုက်အသွင် သို့ရုတ်တရက်ပြောင်းလဲသွားလေသည် ၊အဖြူရောင်မီးခိုးတွေကြားကနေထိုသူကိုကြည့်လိုက်ပြီး " ပိုက်ဆံမရှိဘူးဆိုလည်း ဒီစကားဝိုင်းကို ဘာလို့ဆက်နေတာလဲ မင်းလိုပစ္စည်းမျိုးတွေက တစ်ကိုယ်လုံးချွတ်ပြီး အိပ်ရာပေါ်လဲပြီး ပိုက်ဆံပေးပါ့မယ်ဆိုရင်တောင် ငါ့ဖက်က စဉ်းစားရအုံးမှာ"

"မင်း....."
တစ်ဖက်လူရဲ့မျက်နှာက မကျေနပ်သော ပုံစံမျိုးနဲ့ လက်လျော့အုံးမဲ့ပုံမဟုတ်ချေ။

ရှရှီချင်းပျင်းလာတာကြောင့် ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး အကြွေအနည်းငယ်ယူလိုက်ကာ ထိုလူ၏ ရင်ဘတါက အိတ်ကပ်ထဲထည့်ပေးလိုက်သည်
"ဒီမှာ.."

ထိုသူက မျက်မှောင်ကြုတ်လျက်
"မင်းဘာလုပ်တာလဲ"

ရှရှီချင်းက ဆေးလိပ်ငွေ့ကိုထိုသူမျက်နှာဆီမှုတ်ထည့်လိုက်ပြီး
"တိတ်ဆိတ်ငြိမ်းချမ်းမှုဝယ်တာ မင်းဆန္ဒတွေထိန်းမရနေဘူးဆိုလည်း ပိုက်ဆံယူပြီး အပျော်သွားရှာလိုက်တော့"

"မင်း!"
တစ်ဖက်လူက အရမ်းအံ့အားသင့်သွားသည်

ရှရှီချင်းလည်ပင်းကိုမော့လိုက်ပြီး ခေါင်းပြန်ငုံ့လိုက်ကာ စိတ်မရှည်စွာဖြင့်

"အခုထိမသွားသေးဘူးလား?"

T/N - ရှင်တို့သားလေးက အရိုင်းတုံးလေးပါရှင် ရေးနေရင်းလန့်လန့်သွားတာပဲ ရှီချင်းရယ် အောင်မျက်လေး😑

Chapter 2 ေပၚသြားေသာအျဖစ္အပ်က္

က်န္းယင္က ႐ွက္စရာလို႔မခံစားရ အဲ့အစား 'အို႔စ္ အဲ့လိုပါလား' ဆိုတဲ့ အမူအရာတစ္ခုကို အျပဳံးေလးနဲ႔ေပးလိုက္သည္ ၊ "ကြၽန္မရဲ႕ ဆဠမအာ႐ုံက အၿမဲလြဲေနပါလားေနာ္"

ၿပီးသြားေတာ့ စင္‌ ေပၚမွာဦးေဆာင္ေနတဲ့အမ်ိဳးသမီးသ႐ုပ္ေဆာင္က က်ိဳးက်စ္ဟန္ကို မိုက္လြဲေပးလိုက္သည္ ၊ ၿပီးေတာ့ ေၾကညာသူက သူ႕အား ႐ုပ္႐ွင္နဲ႔ပတ္သတ္ေသာ ေမးခြန္းေတြေမးျမန္းလာခဲ့သည္၊

"ေစာေစာက အႀကိဳထုတ္လြင့္မႈ ဗီဒီယို‌ေတြမွာ ငါတို႔ေတြေတြ႕လိုက္ပါတယ္ က်ိဳးက်စ္ဟန္ ဒီတေခါက္ မင္းရဲ႕ေအာင္ျမင္မႈေတြကေတာ့ လုံးဝကို အံ့မခန္းပါပဲ စစၾကည့္ေတာ့ ကြၽန္မေတာင္လုံးဝ မမွတ္မိလုေလာက္ေအာင္ပါပဲ အခုကြၽန္မတို႔ အားလုံးကလည္း သိခ်င္ေနၾကၿပီဆိုေတာ့ ဒီ႐ိုက္ကူးေနတဲ့ကာလအေတာအတြင္းမွာ ဘယ္အရာေတြက မင္းကို ဘယ္လိုခံစားခ်က္မ်ိဳးေတြ စိတ္ကို႐ိုက္ခတ္ေစခဲ့တဲ့အရာေလးေတြေျပာျပေပးပါလား

က်ိဳးက်စ္ဟန္က မိုက္ကိုကိုင္လိုက္ၿပီး ခဏစဥ္းစားကာ ျပန္ေျပာလာသည္

" ခံစားရတဲ့အပိုင္းကိုေျပာရမယ္ဆိုရင္ေတာ့ ႏွစ္ဝက္ေလာက္ထိကို ကြၽန္ေတာ္ ငါးေတြပုဇြန္ေတြကို ျမင္ေတာင္မျမင္ခ်င္ခဲ့ပါဘူး "

ပရိသတ္အားလုံး ရီေမာၾကသည္၊ ဒီလို အတည္ေနာက္တဲ့ ဟာသကလည္း သူနဲ႔ မထင္မွတ္စြာ လိုက္ဖက္ေနျပန္ပါေရာ

" စိတ္ကို႐ိုက္ခတ္ေစခဲ့တဲ့ အရာကေတာ့.... တကယ္ေတာ့ ႐ိုက္ကူးေနတဲ့အေတာအတြင္းမွာ အၿမဲစိတ္ကိုလႈပ္႐ွားေစခဲ့ပါတယ္ အမွန္တိုင္းေျပာရရင္ ဒီဇာတ္႐ုပ္မ်ိဳးက ပထမဆုံး႐ိုက္ျဖစ္ဖူးတာပါ ၊ ဒါ႐ိုက္တာဝမ္ရဲ႕စိတ္စြဲလမ္းႀကီးတဲ့ေရာဂါေၾကာင့္ စတူဒီယိုမွာ႐ိုက္ရတာထက္ တကယ္အျပင္သဘၤာ‌ေပၚမွာ႐ိုက္ရတာက ပိုမ်ားပါတယ္ သ‌ဘၤာေပၚမွာ ႐ိုက္ထားတာ‌ေတြက ၈၀ ရာခိုင္ႏႈန္းနီးပါးပါ ၊ ပထမေတာ့ ကြၽန္ေတာ္ ပင္လယ္အရမ္းမူးတတ္တာေၾကာင့္ ေတာ္ေတာ္ၾကာၾကာ ဇာတ္႐ုပ္ထဲကိုဝင္လို႔မရေနဘူး ၊ အဖြဲ႕သားအားလုံးကလည္း အရမ္းပင္ပန္းၿပီး အရမ္းးစိတ္ဓာတ္က်ခဲ့ရတာေပါ့
ကမ႓ာေပၚမွာ ႐ွိေနတဲ့ လူ႕အခြင့္အေရး႐ိုက္ခ်ိဳးခံရၿပီး ကြၽန္အျဖစ္နဲ႔႐ွိေနရတဲ့သူေတြရဲ႕တည္႐ွိမႈကို စဥ္းစားမိလိုက္ေတာ့ ကြၽန္ေတာ္အရမ္းကို......." က်ိဳးက်စ္ဟန္ စကားလုံးကိုစဥ္းစားၿပီးမွ " နာက်င္ခဲ့မိတယ္ ဟုတ္ ဒီလိုစိတ္မ်ိဳးေလးေတြက ကြၽန္ေတာ့္ကိုတြန္းအားျဖစ္ေပးတာေၾကာင့္ အားခဲၿပီး ၿပီးဆုံးေအာင္႐ိုက္ကူးႏိုင္ခဲ့တာပါ ၊ သ႐ုပ္ေဆာင္ေတြေကာ ဝန္ထမ္းေတြ‌ေကာ အားလုံး ဒီလိုပဲေတြးၾကမွာလို႔ ထင္ပါတယ္"

႐ွ႐ွီခ်င္း ေခါင္းကိုအနည္းေစာင္းၿပီး ထိုသူကိုၾကည့္လိုက္ကာ ေသခ်ာစြာ‌နားေထာင္ေနမိခဲ့သည္ ၊ အမွန္တိုင္းေျပာရရင္ က်ိဳးက်စ္ဟန္က ဒီအႏုပညာေလာကနဲ႔ လိုက္ဖက္မွာမ႐ွိေနဘူးလို႔ သူအၿမဲခံစားမိသည္ ၊ သန္႔စင္ထားေသာပတ္ဝန္းက်င္မွာ႐ွိတဲ့ ကုန္ပစၥည္းတစ္ခုနဲ႔တူသည္ ၊ သူ႕မွာ႐ႈပ္ေထြးၿပီး အႏၵရာယ္မ်ားေသာပတ္ဝန္းက်င္အတြက္ ကယ္တင္ျခင္းႏွလုံးသားတစ္ခု႐ွိသည္ ၊ ကုန္ကုန္ေျပာရရင္. အမွားစ္ခုေၾကာင့္ အျပစ္ေႂကြး ျပန္ဆပ္ေနရတဲ့သူႏွင့္တူသည္
( က်ိဳးက်စ္ဟန္က ႐ုပ္႐ွင္ေလာကနဲ႔ မလိုက္ဖက္ဘူးဆိုတဲ့ အေၾကာင္းကိုေျပာေနတာပါ)

ဒါက သူ က်ိဳးက်စ္ဟန္ ဒီလိုနီးနီးကပ္ကပ္မွ ပထမဆုံးျမင္ရျခင္းျဖစ္သည္ ၊မိန္းမငယ္‌ေလးေတြဟာ သူတို႔အႏုပညာ႐ွင္ကို အျပင္မွာေတြ႕ရဖို႔အတြက္ဘာေၾကာင့္တေကာက္ေကာက္လိုက္ေနရတာလဲဆိုတာကို သူနားလည္လိုက္သည္ ၊ ၾကည့္ေကာင္းၾကတဲ့သူတို႔ဟာ အျပင္မွာပိုၿပီးသာၾကတာမို႔ျဖစ္သည္

စင္ေပၚမွာ႐ွိတဲ့ က်ိဳးက်စ္ဟန္ကိုသူၾကည့္လိုက္ရာ သူ႕ရဲ႕ ဘယ္ေထာင့္ကၾကည့္ၾကည့္ အရမ္းကို ၿပီးျပည့္စုံလြန္းတယ္လို႔ ခံစားမိတာနဲ႔ ပုံၾကမ္းဆြဲေလ့က်င့္တဲ့ ကိရိယာတစ္ခုလို အ‌ေသြးအသားကင္းမဲ့တဲ့ ပလတ္စတစ္ေတြနဲ႔ အစားထိုးျမင္ၾကည့္လိုက္တယ္ ၊ အလုပ္ေရာဂါအရ သူ႕ရဲ႕မသိစိတ္ထဲကေန က်ိဳးက်စ္ဟန္ရဲ႕ အဝတ္အစားေအာက္ ႂကြက္သားေတြ အေရျပားေတြကို တစ္လက္မခ်င္းစီ ဆန္းစစ္ကာ စကန္ဖတ္ၾကည့္ေနမိသည္။ ႐ွ႐ွီခ်င္းက မေရမတြက္ႏိုင္တဲ့လူေတြ ဆန္းစစ္ၾကည့္ဖူးေပမဲ့ က်ိဳးက်စ္ဟန္ရဲ႕ ခႏၵာကိုယ္က သူျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးသာျဖစ္သည္။

သူ႕ပုံတူ႐ုပ္ထုတစ္ခုေလာက္ တကယ္ကို ဖန္တီးၾကည့္ခ်င္လိုက္တာ ..
႐ွ႐ွီခ်င္း ရင္ထဲမွာသက္ျပင္းေလးခ်လိုက္မိသည္

"ပရိသတ္ေတြအတြက္ေမးခြန္းေလးေတြ စတင္လိုက္ၾကရေအာင္"
စီစဥ္ေၾကညာသူက မိုက္ကို က်ိဳးက်စ္ဟန္ဆီကမ္းေပးလိုက္ၿပီး
" က်စ္ဟန္ အရင္စလိုက္ပါ"

ဖန္ေတြက စတင္ေအာ္ဟစ္လာၾကၿပီး ေလထုအေနအထားကလည္း စိတ္အားထက္သန္မႈေတြနဲ႔ ျပည့္နက္လို႔လာေတာ့သည္ ၊ က်ိဳးက်စ္ဟန္က သူ႕မ်က္‌ေမွာင္အနည္းငယ္ၾကဳတ္လိုက္သည္ ၊ အဲ့ဒီလႈပ္႐ွားမႈေသးေသးေလးကေတာင္ ႐ွ႐ွီခ်င္းအတြက္ၾကည့္ရတာ စိတ္ေက်နပ္ေစေလသည္

စင္ေပၚကလူနဲ႔ စင္ေအာက္လူ ႏွစ္ေယာက္ မ်က္လုံးခ်င္း တစ္တန္းထဲက်သြားေတာ့ ႐ွ႐ွီခ်င္းရဲ႕ ႏႈတ္ခမ္းေထာင့္ေလးက အေပၚကိုအနည္းငယ္ေကြးတက္သြားကာ သူ႕မ်က္လုံးကေန အက်င့္အရ အထာပါေသာ အၾကည့္တစ္ခုေပးလိုက္သည္။

"ဟိုဖက္နားက တစ္ေယာက္ပါ "

က်ိဳးက်စ္ဟန္က ၫြန္ျပလိုက္သည္

"ပန္းပြင့္စကပ္ေလး‌နဲ႔ေကာင္မေလး"

႐ွ႐ွီခ်င္းရဲ႕အေနာက္က ေကာင္မေလးျဖစ္သည္ ၊ ႐ွ႐ွီခ်င္းျပဳံးလိုက္မိသည္ ၊

ဒီပ်င္းစရာေကာင္းတဲ့ အေျဖာင့္ေကာင္ႀကီး

( TN- သူ႕ကို ေ႐ြးမယ္ထင္ေနတာ ကေလးက🤣🤣)

သူပစ္လႊတ္လိုက္တဲ့ " ငါမင္းကိုစိတ္ဝင္စားပါတယ္" ဆိုတဲ့ အထာအၾကည့္ဟာ တစ္ဖက္လူ ကအေျဖာင့္ျဖစ္ေနေတာ့ တခ်က္ထဲနဲ႔ အလြင့္ခံလိုက္ရသည္ ၊ ဒီလိုဆိုးလွတဲ့ စတင္ျခင္းျဖစ္ေပမဲ့ သူ႕ကို စိတ္ဓာတ္မက်ေစေပမဲ့ ရင္ထဲမွာေတာ့ ေလာင္ေနမိသည္ ၊ သမင္လိုက္ေနရတဲ့မုဆိုးနဲ႔တူသည္ ၊ ပစ္မွတ္က ပိုၿပီး ေပါ့ပါးသြက္လက္ေလေလ ေသနတ္ကပိုၿပီး အားေကာင္းေလေလပင္။

သူတို႔ေတြၾကားက အေမးနဲ႔အေျဖကို သိပ္ၿပီးနားေထာင္မေနေတာ့ဘဲ သူ႕မ်က္လုံးေတြ က်ိဳးက်စ္ဟန္ရဲ႕ ခႏၵာကိုယ္ေကာက္ေၾကာင္း ေတြေပၚမွာေဇာက္ခ်လိုက္ၿပီး ျပတိုက္မွာျပထားတဲ့ ၿပီးျပည့္စုံတဲ့ပန္းပုတစ္ခုကို ၾကည့္ေနရသလို စိတ္ကူးယဥ္ေရးဆြဲဖန္တီးရင္းတစ္ဝႀကီး ထိုင္ၾကည့္ေနခဲ့သည္။

သတင္းစာ႐ွင္းလင္းပြဲက ႏွစ္နာရီၾကာျမင့္ခဲ့သည္ ၊ ပြဲၿပီးေနာက္ ႐ွ႐ွီခ်င္းသန္႔စင္ခန္းသြားဖို႔ ထြက္လာခဲ့သည္ အဆင့္ျမင့္ဟိုတယ္ျဖစ္သည့္အေလ်ာက္ အခန္းေတြက ႐ႈပ္ေထြးမ်ားျပားလွသည္ ၊ ႐ွ႐ွီခ်င္းသြားရင္း႐ွာမေတြ႕ေတာ့တာနဲ႔ လမ္းမွာေတြ႕နဲ႔ ဝန္ထမ္းတစ္ေယာက္ကို လွမ္း၍အျပဳံးႏွင့္ေမးကာ
" မဂၤလာပါ သန္႔စင္ခန္းဘယ္နားမွာ႐ွိလဲ သိလို႔ရမလားဗ်"

ဝန္ထမ္းမွာ မိန္းမငယ္ေလးျဖစ္တာေၾကာင့္ ႐ွ႐ွီခ်င္းကိုေတြ႕ေတာ့ ႐ွက္႐ြံ႕စြာျဖင့္
" ဘယ္ဖက္ကိုသြားလိုက္...အို မဟုတ္ဘူး ညာဖက္ကိုသြားၿပီး အဆုံးထိ ေလွ်ာက္သြားလိုက္ပါ VIPအတြက္ သန္႔စင္ခန္း႐ွိပါတယ္.."

"ေက်းဇူးပါခင္ဗ်ာ"
႐ွ႐ွီခ်င္း ခ်ိဳၿမိန္စြာျပဳံး၍ ေခါင္းေလးညိတ္ျပကာ သူမေျပာသည့္အတိုင္း အိပ္ကပ္ထဲလက္ထည့္ၿပီး ေလွ်ာက္လာခဲ့သည္

ဝင္ဝင္ခ်င္း သူ႕ရဲ႕ ဖုန္းက ထျမည္လာကာ ေခၚတဲ့သူကိုၾကည့္လိုက္ၿပီး ႐ွ႐ွီခ်င္း မ်က္ေမွာင္ၾကဳတ္လိုက္သည္

တညလုံးအဲ့ေလာက္ေခၚထားၿပီးတာေတာင္ မေမာေသးဘူးလား?

" ငါမွတ္မိသေလာက္ ငါတို႔ဘာမွေတာင္မစခဲ့ဘူးလားလို႔ေနာ္"
႐ွ႐ွီခ်င္း ဖုန္းကို နားနဲ႔ ပုခုံးၾကားမွာညႇပ္ၿပီး လက္ေဆးလိုက္သည္ ၊
" ဘာမွျပသနာမ႐ွိဘူးလို႔ထင္တာပါပဲ..အဲ့လိုလား?? ငါနဲ႔ဒိတ္ခ်င္တာလား?"

႐ွ႐ွီခ်င္း တခစ္ခစ္နဲ႔ရီေမာလိုက္ကာ လက္မွေရစက္ေတြကိုခါလိုက္သည္ ၊ ေဘးက ပုံးထဲကတစ္႐ွဴးကိုဆြဲထုတ္ၿပီးသူ႕ရဲ႕လက္ေခ်ာင္းေလးေတြကို ေသခ်ာသုတ္လိုက္သည္ ၊
"ငါတို႔ပထမဆုံးေတြ႕ကတည္းက ငါဒိတ္မွာမဟုတ္ဘူးလို႔ ေျပာခဲ့သလားလို႔ မင္းကသာငါ့အေပၚ စိတ္႐ွိေနတာမို႔ တခါတေလပ်င္းတဲ့အခါေလး မင္းနဲ႔အတူေသာက္ဖို႔ထြက္ခဲ့တာကို ဘယ္သူသိမလဲ စကားေလးႏွစ္ခြန္းေလာက္ပဲေျပာၾကည့္႐ုံနဲ႔ ငါနားလည္လိုက္တာ မင္းက......"

အဆုံးသတ္ကိုအၾကာႀကီးဆြဲေနခဲ့ၿပီး သူေျပာထြက္ဖို႔တြန္႔ဆုတ္ေနပုံရသည္

အၾကာႀကီးတြန္႔ဆုတ္ေနၿပီးမွ ေလသံက လုံးဝက ေအးစက္စြာနဲ႔ တစ္လုံးခ်င္းစီျဖည္းညႇင္းစြာေျပာလာခဲ့သည္
" ေကာင္း.တဲ့.အ ခ်က္.တစ္.ခု. မွ.မ.႐ွိ .ဘူး"

တစ္ဖက္လူ ေတာက္ေလွ်ာက္ေျပာလာခဲ့သည္ ၊ၾကာေတာ့ ႐ွ႐ွီခ်င္း စိတ္႐ႈပ္လာကာ
" မင္း အေလးအနက္ႀကီးျဖစ္တာလား? ငါ့ကိုလာမစားစမ္းပါနဲ႔ လူတစ္ေယာက္က ငါ့ကိုအေလးအနက္ထားဖို႔ေျပာလာတာကို ငါအေၾကာက္ဆုံးပဲ တကယ္စိတ္ပ်က္ဖို႔ေကာင္းတယ္ မင္းကိုမင္း ဒရမ္မာထဲက မင္းသမီးမ်ားထင္ေနတာလား?"

ဟုတ္ပါတယ္ သူမ‌ေန႔က ဘားမွာ ဒီလူေတြနဲ႔ေသာက္ေနခဲ့တာျဖစ္သည္ အဲ့မွာ႐ွိေနခဲ့တဲ့ လူေတြနဲ႔ အ႐ႈပ္ထုတ္ေတြသူလုပ္ခဲ့ရာ အခုတဖန္သူ႕ရဲ႕စိတ္ရင္းကို နားလည္ေအာင္ျပန္ေျပာျပဖို႔လုပ္ရေပအုံးမည္။

" ငါတို႔က အ႐ြယ္ေရာက္သာသူေတြေလ ၊‌ေကာင္းမြန္စြာႏႈတ္ဆက္ခဲ့မွ ေနာက္တခ်ိန္ျပန္ေတြ႕တဲ့အခါ တူတူျပန္ထိုင္ၿပီးေသာက္လို႔ရမွာေပါ့ မဟုတ္ဘူးလား မင္းေရာငါေရာက ေျပာရဆိုရခက္တဲ့အထဲကမွမဟုတ္ပဲဟာ မင္းဆို တျခားပိုလန္းတဲ့အဆင္‌‌ေလးေတြနဲ႔ခ်ိတ္လို႔ရေနတာပဲ ဘာလို႔ ငါ့ဆီမွာအခ်ိန္လာျဖဳန္းေနမွာလဲကြာ"

သူလက္ကို ခါလိုက္ၿပီးဖုန္းထဲကတစ္ဖက္လူရဲ႕အသံက ပိုၿပီးက်ယ္ေလာင္လာကာ သူ႕နားကို အူသြားေစသည္ ၊ ဖုန္းကို လက္နဲ႔ျပန္ကိုင္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္ကာ သူ႕မ်က္ႏွာမွာအျပဳံးမ႐ွိေတာ့ေခ်

သူေလသံကလည္း ေျပာင္းလဲသြားေလသည္

"မင္းကိုငါ လစ္လိုက္ေတာ့လို႔ ေျပာေနတယ္ေနာ္"

သူလက္သုတ္ထားေသာတစ္႐ွဴးကို ယူၿပီး အမိႈက္ပုံးထဲပစ္ထည့္လိုက္ကာ
" မင္းဒီလို ေသာက္က်ိဳးနည္းေတြ ထပ္လုပ္ေနမယ္ဆိုရင္ မင္းေအာက္ကဟာကို ျဖဳတ္ပစ္‌ဖို႔ ငါလူ႐ွာရလိမ့္မယ္ေနာ္ ဘာလိုပဲျဖစ္ျဖစ္ မင္းက ေအာက္ကခံရမဲ့သူပဲဆိုေတာ့ ႐ွိေနလည္း အသုံးမွမဝင္တာ"

ဖုန္းထဲကလူက ခ်က္ခ်င္း ၿငိမ္က်သြားသည္

႐ွ႐ွီခ်င္း ျပဳံးလိုက္ကာ မွန္ထဲမွ သူ႕ကိုယ္သူ ၾကည့္လိုက္ ၊ မ်က္ႏွာအမူအရာကို ျပန္ျပင္လိုက္ၿပီး ႏူးညံ့စြာျပဳံးလိုက္ကာ

" မ‌‌‌ေၾကာက္ပါနဲ႔ ငါက ‌‌ဒီတိုင္း‌‌‌‌ေနာက္လိုက္တာပါ ငါက ဘယ္လိုလုပ္လုပ္ရက္မွာလဲ"

သူ႕အသံက တဖန္ျပန္ကာ ႏူးညံ့သြားၿပီး သန္႔စင္ခန္းနံရံကိုမွီလိုက္ကာ ခ်စ္ရတဲ့ သူ႕အသည္းႏွလုံးငယ္‌ေလးကို ေျပာေနသကဲ့သို႔

" လိမ္လိမ္မာမာနဲ႔ မ်က္စိေ႐ွ႕က ေပ်ာက္သြားေပး ဟုတ္ၿပီလား?"

ဖုန္းကိုခ်လိုက္ၿပီးေနာက္ ႐ွ႐ွီခ်င္း အိမ္သာထဲဝင္ဖို႔လုပ္တဲ့အခ်ိန္ အထဲမွ မထင္မွတ္ထားေသာ လူတစ္ေယာက္ထြက္လာခဲ့သည္

ခဲျပာေရာင္႐ွပ္ဝတ္ထားၿပီးအရပ္႐ွည္႐ွည္ နဲ႔ ေစာေစာက စင္ေပၚမွာေတာက္ပေနခဲ့ေသာ က်ိဳးက်စ္ဟန္ပဲျဖစ္သည္၊

ဖာခ့္ ေသေရာ ေပၚကုန္ၿပီ

သူ႕ရဲ႕မ်က္ႏွာဖုံးကြာက်သြားေသာ္လည္း ႐ွ႐ွီခ်င္းထိတ္လန္႔မသြားခဲ့ပါ ၊ တည္ၿငိမ္စြာနဲ႔ က်ိဴးက်စ္ဟန္ကိုေတာင္ ယဥ္ေက်းစြာ အိန္ဂ်ယ္အျပဳံးေလးနဲ႔ျပဳံးျပလိုက္ေသးသည္

"တိုက္ဆိုင္လိုက္တာ"

က်ိဳးက်စ္ဟန္က အနည္းငယ္မ်က္ေမွာင္ၾကဳတ္လိုက္ကာ ႐ွ႐ွီခ်င္းရဲ႕ အမူအရာကို ဖုံးမထားႏိုင္စြာ ႐ြံ႕႐ွာစြာၾကည့္လိုက္သည္ ၊ မဟုတ္ဘူး ဖုံးမထားႏိုင္စရာလား သ႐ုပ္ေဆာင္တစ္ေယာက္က သူ႕အမူအရာကို ဘယ္လိုထိန္းရမလဲ ေကာင္းေကာင္းသိသည္

သူ ႐ြံ႕႐ွာေၾကာင္းကို ‌ဖုံးထားဖို႔ စိတ္မပါတာျဖစ္သည္၊

က်ိဳးက်စ္ဟန္က ငုံ႔ၾကည့္လိုက္ေတာ့ သူ႕ရင္ဘတ္ထိုးထားတဲ့ သူ႕ဖန္ျဖစ္ေၾကာင္း ရင္ထိုးေလးကို ေတြ႕လိုက္သည္၊ ႐ွ႐ွီခ်င္းက သူ႕အၾကည့္ကိုသတိျပဳမိသြားၿပီး သူ႕သူျပန္ငုံၾကည့္လိုက္ကာ ရင္ထိုးေလးကို လက္နဲ႔ထိလိုက္ၿပီး အျပဳံးနဲ႔ေျပာလိုက္သည္

" ဟုတ္ပါတယ္ ကြၽန္ေတာ္က ခင္ဗ်ား ဖန္ပါ "

က်ိဳးက်စ္ဟန္ သူ႕ကိုျဖတ္သြားၿပီး မထူးျခားစြာ လက္ေဆးကန္ဆီသြားၿပီး ေရပိုက္ေခါင္းကိုဖြင့္လိုက္သည္

႐ွ႐ွီခ်င္းက ပုခုံးတြန္႔လိုက္ကာ အထဲကိုဝင္လိုက္ၿပီး ေျခေထာက္နဲ႔တံခါးကိုပိတ္လိုက္သည္

သူေျခလွမ္းမွားၿပီး သူ႕အိုင္ေဒါဆီကေန အမုန္းခံလိုက္ရေလၿပီ၊

ပုံမွန္ဆို ပထမဆုံးေတြ႕တဲ့ေနရာမွာ သူ႕ေအာက္ေျခကို ဘယ္ေတာ့မွ မျပတတ္ပဲ ဟန္ထုတ္ျပကာ ေဖာ္ေ႐ြတဲ့ ပုံရိပ္ေလးက သူ႕အတြက္ အလြန္လြယ္လွသည္၊ ၿပီးေတာ့ လူေတြနဲ႔က အဲ့ဒီ ေသာက္က်ိဴးနည္း အိန္ဂ်ယ္ဆန္ဆန္ပုံစံေလးက ပိုၿပီး ရင္းႏွီးမႈရလိုသည္ ၊ ႐ုပ္ေခ်ာတဲ့သူေတြကို အလြယ္ယုံၾကည္မႈေပးလိုၾကၿမဲျဖစ္သည္၊ ဒီအေခါက္ကေတာ့ တကယ္ကို ကံဆိုးတာပဲ ၊ ႐ွ႐ွီခ်င္း ထိုေႏွာင့္ယွက္တဲ့ ေကာင္ကို blacklist စာရင္းထဲဆြဲထည့္လိုက္သည္၊

ေမ့လိုက္ေတာ့ သူလည္း စြဲစြဲလန္းလန္းဖန္မွမဟုတ္တာ ၊ လိင္ပိုင္း စိတ္ကူးမႈဖန္စီတစ္ခုလို သေဘာထားခဲ့တာပဲေလ

ကိုယ့္အိုင္ေဒါဆီကေန အမုန္းခံရတာကလည္း ထူးျခားတာပဲမဟုတ္ဘူးလား ႐ွ႐ွီခ်င္းတစ္ေယာက္ ကိုယ့္ကို ႏွစ္သိမ့္ေပးလိုက္ၿပီး တံခါးကို ေဆာင့္ပိတ္ကာ မွန္အႀကီးေ႐ွ႕ကိုသြားလိုက္သည္ ၊ မွန္ထဲက ႏူးညံ့ၿပီး ၾကင္နာတတ္တာသူက သူမဟုတ္ပါ ၊ သန္႔စင္ခန္းကေန ထြက္လာၿပီး သူတခါတည္း ဟိုတယ္က ထြက္လာခဲ့သည္၊

႐ွ႐ွီခ်င္း မနက္၃နာရီခြဲထိ ဘားမွာ႐ွိေနကာ ႐ႈခ်ီခ်န္ဆီကေန ဖုန္းဝင္လာခဲ့သည္၊

" ႐ွီခ်င္း မင္းအခု ႐ွာေဖြမႈစာရင္းအျမင့္ဆုံးေရာက္ေနၿပီ"

ဘားက သီခ်င္းသံေတြအရမ္းက်ယ္တာေၾကာင့္ ႐ွ႐ွီခ်င္းမ်က္ေမွာင္ၾကဳတ္ၿပီး ဘားအျပင္ကိုထြက္လာခဲ့သည္ ၊ လမ္းေဘးမွာ ရီေဝေဝနဲ႔ထိုင္ခ်လိုက္ၿပီး လွ်ာေလးအာေလးအသံျဖင့္
" မင္း ဘာေျပာလိုက္တာ?"

"မင္းအခု weiboမွာ ႐ွာေဖြမႈအျမင့္ဆုံးစာရင္းမွာေရာက္ေနၿပီလို႔ ၾကည့္ရတာတစ္ေယာက္ေယာက္က သတင္းစာ႐ွင္းလင္းပြဲမွာတုန္းက မင္းကင္မရာမွာ႐ိုက္မိသြားတဲ့ ဗီဒီယိုကိုတင္လိုက္တဲ့ပုံရတယ္"

႐ႈခ်ီခ်န္က ေအးေဆးစြာေျပာလိုက္ခဲ့သည္ ၊ သူကအၿမဲ အေန‌ေအးတတ္တဲ့သူဆိုတာ ႐ွ႐ွီခ်င္းသိၿပီးသားျဖစ္သည္ ၊ ႐ႈခ်ီခ်န္နဲ႔ စကားအနည္းငယ္ေျပာလိုက္ၿပီး သူထိုင္ေနတဲ့ လမ္းေဘးရဲ႕ မနက္ခင္းေလေအးက သူ႕မ်က္ႏွာကို႐ိုက္ခတ္ေတာ့ အနည္းငယ္ႏိုးလာခဲ့သည္ ၊ ႐ွ႐ွီခ်င္းမ်က္လုံးပိုက်ယ္က်ယ္ဖြင့္ၿပီး Weiboထဲဝင္ကာ ႐ွာ‌ေဖြမႈစာရင္း‌ေပ့ခ်္ထဲဝင္လိုက္သည္၊

႐ွာေဖြမႈအျမင့္ဆုံးစာရင္းအတြက္ ပထမဆုံး သတင္းက စာလုံးအႀကီး‌ေတြပါဝင္ကာထင္ထင္႐ွား႐ွားေရးထားသည္ ၊

[[ SEAGULL သတင္းစာ႐ွင္းလင္းပြဲမွ အျဖဴေရာင္႐ွပ္နဲ႔ ေကာင္ေလး]]

အျဖဴေရာင္႐ွပ္?? ႐ွ႐ွီခ်င္း မေန႔ညက သူဝတ္ထားတဲ့အဝတ္အစားေတြကိုျပန္ေတြးၾကည့္လိုက္သည္

အျဖဴေရာင္သူဝတ္ထားခဲ့သလိုလိုပါပဲ... ႐ွ႐ွီခ်င္းႏွိပ္လိုက္ၿပီး ဝင္ၾကည့္လိုက္သည္၊ တင္ထားတဲ့ဗီဒီယိုက က်ိဳးက်စ္ဟန္နဲ႔ ပြဲက သူ႕ဖန္ၾကား အျပန္အလွန္ေမးခြန္းေျဖၾကတဲ့ အစီအစဥ္ပဲျဖစ္သည္ ၊ စင္ေပၚမွ က်ိဳးက်စ္ဟန္ဆီက ကင္မရာက စင္ေအာက္က လပ္ကီးဖန္ေလးဆီကို လွည့္လာကာ ထိုမိန္းမငယ္ေလးက ႐ွ႐ွီခ်င္းရဲ႕အေနာက္မွာ႐ွိသည္၊ ထိုျဖစ္စဥ္အခိုက္အတန္႔ ကင္မရာက ႐ွ႐ွီခ်င္းဆီမွာ စကၠန္႔အနည္းမွ် ရပ္ေနခဲ့သည္ ၊ ထိုစကၠန္႔အနည္းငယ္ေလးေၾကာင့္ ႐ွ႐ွီခ်င္းတစ္ေယာက္ ႐ွာေဖြမႈစာရင္းအျမင့္ဆုံးျဖစ္သြားခဲ့သည္။

သူmaskကိုခြၽတ္ၿပီးျပန္မတပ္ခဲ့မိတာကိုသတိရသြားကာ အမူမဲ့အမွတ္မဲ့ ႏိုင္သြားခဲ့တာျဖစ္သည္။

ဗီဒီယိုေအာက္မွ မန္႔ေတြက ေထာင္ေပါင္းမ်ားစြာ႐ွိေနသည္။

[ငါက ဖရဲသီးပါ ေဆာင္းသခြားေမႊးမဟုတ္ဘူး]:ဆယ္မိနစ္အတြင္းဒီေကာင္ေလးရဲ႕အခ်က္အလက္ေတြအကုန္လိုခ်င္တယ္
{T/N - သူ႕acc nameက "I'm a watermelon not a winter melon "ပါ eng လိုက ပိုခ်စ္စရာေလးမို႔]

[ဗီကီဗီကီ (VikiViki) ] : အေမေရ နတ္သားေလးတစ္ေယာက္ျမင္လိုက္ရတယ္ / <မ်က္လုံးမွာမ်က္ရည္ျပည့္ေနေသာပုံျဖင့္>

[လွပတဲ့ေခြးမွာ လူ႕အခြင့္အေရးမ႐ွိဘူး ]: ဒီလိုမ်က္ႏွာမ်ိဳးေလးနဲ႔ ပြဲဦးမထုတ္ပဲ‌ေနလို႔ရတယ္လား???သူက အရမ္းလွတာပဲ ဆံပင္႐ွည္ေလးနဲ႔အရမ္းၾကည့္ေကာင္းတယ္ တကယ့္ကို နတ္သားစစ္စစ္ပဲ

[33က ငါ့ဇနီးေလး] : ျဖတ္သြား႐ုံေလးနဲ႔ေတာင္ ႐ိုက္ခ်က္ ထိမိၿပီး အရမ္းကိုမိုက္တာပဲ ျပဳံးလိုက္ရင္နတ္သားေလးလိုပဲ တျခားအဆင္ေတြထက္အမ်ားႀကီးသာတယ္

[ငါ့ရဲ႕ဟန္က Gong စစ္စစ္ပါ] : အဲ့ဒီေကာင္ေလးရဲ႕အၾကည့္ေတြက အရမ္းလွတာပဲ ငါၾကည့္တာမလြဲဘူးဆိုရင္သူ႕ရင္ဘတ္မွာထိုးထားတာ က်ိဳးက်စ္ဟန္ရဲ႕ ဖန္ရင္ထိုးလားလို႔ < screen shot ႐ိုက္ျပေသာပုံျဖင့္>

[က်ိဳးက်စ္ဟန္ရဲ႕ပထမဆုံးေသာMrs.] : ဟန္မိသားစုရဲ႕ ရင္ထိုးပဲ ဖာခ့္ အဲ့ေကာင္ေလးက က်ိဳးက်စ္ဟန္ရဲ႕ ဖန္ေပါ့ ၊ ငါေတာင္းပန္ပါတယ္ က်စ္ဟန္ဖန္ေတြရဲ႕ ပ်မ္းမွ် ႐ုပ္ရည္ကို ႏွိမ့္ခ်ခဲ့မိတယ္ <ဒူးေထာက္ထားေသာပုံ>

[Aအျဖစ္ဆုံးေသာ က်ိဳးက်စ္ဟန္ရဲ႕ ယူနီဗာ့စ္]: ဖာခ့္ ဟန္မိသားစုကေတာ့ ဖန္လည္း အိုင္ေဒါလိုပါပဲလား..ဒီလို႐ုပ္ရည္မ်ိဳးဆို အခုတျခားအိုင္ေဒါေတြအကုန္ေသလို႔ရၿပီ ငါကေတာ့ ဟန္မိသားစုရဲ႕ အ႐ွက္ရစရာပါပဲ...<ငိုေနေသာပုံျဖင့္>

[ေ႐ွာင္မင္းသခြားေမႊးစားမယ္(eat melon xiaoming)] : အခုေခတ္မ်ား အိုင္ေဒါေနာက္လိုက္ရမွာေတာင္ ႐ုပ္မေခ်ာရင္ အ႐ွက္ရစရာျဖစ္ေနၿပီ

ေကာမန္႔ေတြကိုသူဖတ္ေနရင္ူ သူ႕ေ႐ွ႕မွာ လူတစ္ေယာက္လာရပ္တာကိုသတိျပဳမိလိုက္သည္၊ အရိပ္ကသူ႕အေပၚကို‌မိုးက်လာေတာ့ ႐ွ႐ွီခ်င္းပ်င္းရိစြာေမာ့ၾကည့္လိုက္ေတာ့ ႐ုပ္႐ွည္ေခ်ာလွေသာလူတစ္ေယာက္‌ကိုေတြ႕လိုက္ရသည္၊

တဖက္လူက ျပဳံးျပၿပီး ေဆးလိပ္ကိုကိုက္ကာ
"အ‌‌ေဖာ္မပါဘူးလား?"

႐ွ႐ွီခ်င္းေျဖးညင္းစြာမ်က္ေတာင္ခတ္လိုက္ၿပီး သူဘာေၾကာင့္မွန္းမသိ အခုအဲ့ဒီဖက္ကို စိတ္ကိုမပါေနတာျဖစ္သည္ ၊ သူမ်က္ခုံးတစ္ဝက္တြန္႔ခ်ိဳးလိုက္ၿပီး ေအးစက္စြာ
" အေဖာ္မပါတဲ့ပုံစံေပါက္ေနလို႔လား?"

ထိုလူက အနည္းငယ္အံ့အားသင့္သြားသည္ ၊ ဒီ႐ုပ္ေခ်ာတဲ့ေကာင္ေလးက မတ္တပ္ရပ္လိုက္ေတာ့ အဲ့ေလာက္အရပ္႐ွည္မယ္မွန္းသူမထင္ထားခဲ့ဘူး ဒါေပမဲ့ သူ႕လက္ကိုဆန္႔ကာ သူ႕ကို(႐ွ႐ွီခ်င္း)ဆြဲလိုက္ၿပီး ျပဳံးျပကာ
" ထြက္မေျပးပါနဲ႔ အခုကအစမို႔ေနရခက္‌ေနလို႔ပါ ငါနဲ႔အတူေသာက္ဖို႔ မင္းကို ဖိတ္ခ်င္လို႔"

တစ္ဖက္လူၾကည့္ရတာကြၽမ္းေနၿပီးသာထင္၏ ႐ွ႐ွီခ်င္းမ်က္လုံးကိုေသခ်ာဖြင့္လိုက္ၿပီး သူ႕ႏႈတ္ခမ္းေထာင့္ေလးက အေပၚကိုေျမႇာက္တက္သြားသည္ ႐ုတ္တရက္သူ႕အမႈအရာကိုေျပာင္းလိုက္ၿပီး အီတီတီအျပဳအမႈျဖင့္ သူ႕ရဲ႕လက္ေခ်ာင္းကို ထိုသူ၏ ပုခုံးမွာတင္လိုက္ကာ
" ေသာက္ရမွာက ပ်င္းတယ္.. ေကာင္ေခ်ာေလး ငါမင္းကို တနာရီ ယြမ္20000ေပးမယ္ မင္းက လူအသစ္ဆိုေတာ့ ေလ်ာ့ေပးမယ္ 16000 ဘယ္လိုလဲ?"

ထိုလူကခ်က္ခ်င္း႐ႈံ႕မဲ့သြားၿပီး
"မင္း ႐ူးေနတာပဲ"

" မ႐ူးပါဘူး" ႐ွ႐ွီခ်င္းဖြဖြေလး‌ျပဳံးလိုက္ကာ
" ငါ့ေနာက္ေၾကာင္းက႐ွင္းပါတယ္ မယုံရင္ ငါ့ေဆးစစ္ခ်က္ၾကည့္မလား?"

"20000တဲ့လား? ေျပာရဲလွခ်ည္လား?"

ထိုလူက သူ႕ကိုၾကည့္လိုက္ၿပီး
" မင္းဖင္ကဘာမို႔လဲ? ေ႐ႊနဲ႔ကြပ္ထားလို႔လား?"

ထိုလူကိုၾကည့္ေနရင္း ႐ွ႐ွီခ်င္း သူ႕မ်က္လုံးေတြတျဖည္းျဖည္းေအးစက္လာကာ သူ႕ရဲ႕သြင္ျပင္နဲ႔မလိုက္ဖက္ေသာ စကားအခ်ိဳ႕ကိုေျပာလာခဲ့သည္၊ ေအးစက္တိုးလ်ေသာအသံျဖင့္
" ငါ့ရဲ႕ အေခ်ာင္းက စိန္နဲ႔ကြပ္ထားလို႔"

ေဆးလိပ္တလိပ္ဖြာလိုက္ကာ မ်က္ႏွာအမူအရာကေစာေစာက အီတီတီသြင္ျပင္ေလးကေန လူမိုက္အသြင္ သို႔႐ုတ္တရက္ေျပာင္းလဲသြားေလသည္ ၊အျဖဴေရာင္မီးခိုးေတြၾကားကေနထိုသူကိုၾကည့္လိုက္ၿပီး " ပိုက္ဆံမ႐ွိဘူးဆိုလည္း ဒီစကားဝိုင္းကို ဘာလို႔ဆက္ေနတာလဲ မင္းလိုပစၥည္းမ်ိဳးေတြက တစ္ကိုယ္လုံးခြၽတ္ၿပီး အိပ္ရာေပၚလဲၿပီး ပိုက္ဆံေပးပါ့မယ္ဆိုရင္ေတာင္ ငါ့ဖက္က စဥ္းစားရအုံးမွာ"

"မင္း....."
တစ္ဖက္လူရဲ႕မ်က္ႏွာက မေက်နပ္ေသာ ပုံစံမ်ိဳးနဲ႔ လက္ေလ်ာ့အုံးမဲ့ပုံမဟုတ္ေခ်။

႐ွ႐ွီခ်င္းပ်င္းလာတာေၾကာင့္ ပိုက္ဆံအိတ္ကိုထုတ္လိုက္ၿပီး အေႂကြအနည္းငယ္ယူလိုက္ကာ ထိုလူ၏ ရင္ဘတါက အိတ္ကပ္ထဲထည့္ေပးလိုက္သည္
"ဒီမွာ.."

ထိုသူက မ်က္ေမွာင္ၾကဳတ္လ်က္
"မင္းဘာလုပ္တာလဲ"

႐ွ႐ွီခ်င္းက ေဆးလိပ္ေငြ႕ကိုထိုသူမ်က္ႏွာဆီမႈတ္ထည့္လိုက္ၿပီး
"တိတ္ဆိတ္ၿငိမ္းခ်မ္းမႈဝယ္တာ မင္းဆႏၵေတြထိန္းမရေနဘူးဆိုလည္း ပိုက္ဆံယူၿပီး အေပ်ာ္သြား႐ွာလိုက္ေတာ့"

"မင္း!"
တစ္ဖက္လူက အရမ္းအံ့အားသင့္သြားသည္

႐ွ႐ွီခ်င္းလည္ပင္းကိုေမာ့လိုက္ၿပီး ေခါင္းျပန္ငုံ႔လိုက္ကာ စိတ္မ႐ွည္စြာျဖင့္

"အခုထိမသြားေသးဘူးလား?"

T/N - ႐ွင္တို႔သားေလးက အ႐ိုင္းတုံးေလးပါ႐ွင္ ေရးေနရင္းလန္႔လန္႔သြားတာပဲ ႐ွီခ်င္းရယ္ ေအာင္မ်က္ေလး😑

继续阅读

You'll Also Like

1.9M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
86.6K 12K 85
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
352K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."