ပြန်လည်မွေးဖွားလာသော အမြှောက်...

Oleh CharmZoey

154K 18.3K 198

Name -恶毒炮灰重生以后 English Name - After The Vicious Cannon Fodder Was Reborn Author - BaYeDang Genre - Drama, Rom... Lebih Banyak

Description
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၁)
အပိုင်း ၀၀၁ ။ ရက်စက်ယုတ်မာသည့် အမြှောက်စာဇာတ်ကောင် (၂)
အပိုင်း ၀၀၂ ။ ဒရာမာ
အပိုင်း ၀၀၃ ။ အသက်ရှူမှားလောက်ဖွယ် (၁)
အသက်ရှူမှားလောက်ဖွယ် (၂)
အကြံအစည်
အရည်အချင်းများကို ပြသခြင်း
မွေးနေ့ပွဲကျင်းပခြင်း
အအေးမိသွားပြီ
အတိတ်အကြောင်းများ
သန်း၁၀၀ကို လက်လွှတ်လိုက်ရတယ်
တွေ့ဆုံခြင်း
အမြင်အာရုံချို့ယွင်းခြင်း
ချက်ပြုတ်ခြင်း ၊ ရိုးသားဖြောင့်မတ်မှုနှင့် ပြုမူနေထိုင်ခြင်း
စကားဝိုင်း
ကိုယ့်အတွက်ပဲ တာဝန်ရှိပေးဖို့ လိုတယ်
မင်း ငါ့ကိုစိုးရိမ်ပေးနေတာလား?
လူရွေးပွဲ (၁)
လူရွေးပွဲ (၂)
ရိုက်ကူးရေး
ဝူမင်ဇာတ်ကောင်ပြီးဆုံး
လူရွေးပွဲအသစ်
မင်းရဲ့ဒေါသကိုပြကြည့်ပါဦး
ရိုက်ကွင်းသို့အလည်လာခြင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ငယ်သူငယ်ချင်း
ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း
ကူညီပါ!
လူကယ်ခြင်း
မိသားစုဝင်များရောက်ရှိလာခြင်း
အမှားဝန်ခံခြင်း
အိမ်ပြန်ခြင်း
အိမ်သစ်
အခန်းဖော်များ
အဖိုးကြီးစုန့်၏အတိတ်
အတိတ်ရန်ကြွေး
စစ်ရေးလေ့ကျင့်ခြင်းနေ့စဉ်မှတ်တမ်း
ကောလဟာလနှင့် Flynews
အစီအစဉ်များ
ကြိုဆိုညစာ
လော့ရှီနှင့်ပိတ်ရက်
အတူတကွ
Hမြို့သို့တစ်ခေါက်ပြန်လည်၍
ဖုန်းခေါ်ဆိုမှု
အပြန်အလှန်တိုင်ကြားခြင်း
မဟာဗျူဟာ
မရည်ရွယ်သော အပြုအမူနှင့် အမှန်တရားထွက်ပေါ်လာခြင်း
Attention Please!
ထောင်ချောက်ထဲသို့ တိုးဝင်ခြင်းနှင့် အလှည့်အပြောင်း
စားပွဲတည်ရင်း စကားစမြည်ပြောခြင်းနှင့် လီရှောင်းဟန်၏ ရည်ရွယ်ချက်
အစီအစဉ်တစ်ခု အကြံပြုခြင်းနှင့် ဝမ်းတွင်းမည်း
Born to be Rebellious
ဆေးရုံသို့ သတင်းမေးခြင်းနှင့် အသနားပိုခြင်း
ကောလိပ်စာရင်းသွင်းခြင်း နှင့် နိုင်ငံအဆင့် ကျောင်းအလှလေးနှင့် ကျောင်းလူချော
ပေကျင်းသို့ ရှန်းယွီ ရောက်လာခြင်း
လူတစ်ယောက်၏ လောကအမြင်အပေါ် သက်ရောက်မှု၊ အဓိကဇာတ်လိုက်ရောင်ဝါနှင့် တိုက်မိခြင်း
IQ နိမ့်ကျစေသည့်ရောင်ဝါအပေါ် .....
ထောင်မု
တန်ဆောင်တိုင် ပရိုမိုးရှင်း
မမျှော်လင့်ထားသော အမှားနှင့် စေတနာကောင်း ဖော်ပြခြင်း
Bullet Screen စတင်ခြင်းနှင့် တုံ့ပြန်မှု
ကြော်ငြာအစီအစဉ်နှင့် အမျိုးသမီးအဝတ်အစား
တဟုန်ထိုးပေါက်ကွဲမှုနှင့် အမည်းစက်
သစ္စာရှိ ပရိသတ်များနှင့် တရားစွဲခြင်း
အပိုင်း ၀၅၉ ။ Mary Sue ၏ လုပ်ရိုးလုပ်စဉ်နှင့် လူထု အမျက်
ပုန်ကန်ထကြွဖို့မွေးဖွားလာသူ
အပိုင်း ၀၆၀ ။ စေတနာကောင်းဖော်ပြခြင်းနှင့် မွေးစားခြင်း
အပိုင်း ၀၆၁ ။ အိမ်ထောင်စုစာရင်းပြောင်းခြင်းနှင့် မိသားစုမျိုးဆက်သုံးဆက်
အပိုင်း ၀၆၂ ။ အိုဟောင်းသော အိမ်မက်
အပိုင်း ၀၆၃ ။ တန်ပြန်တိုက်ခိုက်မှုနှင့် စစ်ပြေငြိမ်းဖို့တောင်းဆိုခြင်း
Black Pearl Team
အပိုင်း ၀၆၄ ။ ရှန်းချန် ပေကျင်းသို့လာခြင်း
အပိုင်း ၀၆၅ ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်အလား
🔅Spring Dagu Promotion🔅
အပိုင်း ၀၆၆ ။ သံသယ
အပိုင်း ၀၆၇ ။ မြေး
အပိုင်း ၀၆၈ ၊။ လီgong အွန်လိုင်းပြန်တက်လာပြီ
အပိုင်း ၀၆၉ ။ နောက်ထပ်ထမင်းတစ်နပ်

အငြင်းပွားမှု မီးစ

1.5K 212 4
Oleh CharmZoey

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၃၇ ။ အငြင်းပွားမှု မီးစ

ထောင်မုမျက်နှာမှာ မည်းမှောင်သွားတော့သည်။ သူ Weiboမှာ တင်လိုက်သည်နှင့် သရဲတစ္ဆေများနှင့်နတ်ဆိုးတွေများကို ဆွဲဆောင်နိုင်လိမ့်မည်ဆိုသည်ကို သိထားသည်။ သို့သော်လည်း ယခုလို အလျင်အမြန်ရောက်ရှိလာလိမ့်မယ်လို့တော့ မထင်ထားခဲ့ပေ။

"အဲ့ဒါက ဘယ်လိုအပြုအမူလဲ?" ထောင်မုမှ ရွံရှာသွားသည့်ပုံ ပြုမူလိုက်သောအခါ လုံအောက်ထျန်းသည် ချက်ချင်းပင် ပေါက်ကွဲသွားသည် " ငါမင်းကို စောင့်နေတာကြာလှပြီ။ မင်းငါ့ကို နွေးထွေးစွာနဲ့ မပွေ့ဖက်ပေးနိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ငါ့ကို ကောင်းကောင်းဆက်ဆံပေးလို့မရဖူးလား? ငါ့ရည်းစားကိုတောင် ဒီလောက်အကြာကြီးမစောင့်ဖူးဘူး!"

အတန်းဖော်လုံထျန်းအောက်သည် တကယ်ကို စိတ်မကောင်းဖြစ်သွားသည်။

"H မြို့မှာ မင်းကို မတ်တပ်ရပ်စောင့်နေခဲ့ရတာကိုလည်း ငါစိတ်မဆိုးပါဘူး။ ပေကျင်းကို ပြန်ရောက်နေတာ ရက်တော်တော်ကြာနေပြီ ပြီးတော့မင်းဖုန်းနံပါတ်ပြောင်းထားတာလည်းကြာလှပြီ မင်းဘာလို့ ငါတို့ကို မပြောတာလဲ? မင်း ငါတို့ကိုသူငယ်ချင်းလို မသတ်မှတ်ဘူးလား?"

ငါတို့?

ထောင်မု မျက်ခုံးပင့်လိုက်သည်။

အတန်းဖော် လုံထျန်းအောက်သည် "ငါနဲ့ ရှန်းယွီပဲ မင်းနဲ့ အဆက်အသွယ် မရခဲ့တာ ပြီးတော့တစ်ယောက်ယောက်က မင်း နံပါတ်ပြောင်းသွားတယ်ဆိုပြီး ပြောနေတာကို ငါတို့ကြားခဲ့တယ်။ မင်း လုံးဝ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ ငါတို့နှစ်ယောက်ထင်တယ်။ ငါပြောမယ် မင်း ငါတို့ကို အဲ့လောက်တောင်မကြိုက်ဘူးလား?"

ထောင်မုသည် တိုးတိုးလေး ရယ်လိုက်ပြီး "မင်းနဲ့ ရှန်းယွီ ဆက်ဆံရေးက တကယ်ကောင်းတာပဲ"

လုံထျန်းအောက်သည် ခဏလောက် ကြောင်သွားပြီး ဤသို့ရှင်းပြသည်- "နောက်ဆုံးအကြိမ် မင်းရဲ့ရိုက်ကွင်းကို လာလည်တုန်းက သူနဲ့တွေ့ခဲ့တာ။ ပြီးတော့ Weiboအကောင့်ချင်း ဖလှယ်ကြပြီး ခဏ စကားစမြည်ပြောဖြစ်ခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေဖြစ်တာကောင်းတယ်လို့ ငါထင်တယ်" သူတို့သည် ထောင်မု အကြောင်းကိုသာ အများဆုံး ပြောဖြစ်ကြသည်။

ထောင်မု ပြုံးလိုက်ပြီး "ဟုတ်တယ်၊ မင်းတို့နှစ်ယောက် အတူတူဆော့တာက ပိုလွယ်တာပေါ့"

လုံထျန်းအောက် : "...." အဲဒါ ဘာကို ဆိုလိုတာလဲ?

လုံထျန်းအောက်သည် ထောင်မုကို ဒေါသတကြီးကြည့်ကာ "စကားလမ်းကြောင်းမပြောင်းနဲ့။ မင်း ငါတို့ကို သူငယ်ချင်းအဖြစ် လုံးဝမသတ်မှတ်ဘူးလား?"လို့ ထပ်မေးသည်။

ထောင်မုသည် မျက်တောင်ခတ်လိုက်ပြီး သူ့အမူအရာသည် ယနေ့ရာသီဥတုကဲ့သို့ ကြည်လင်နေသည်။

လုံထျန်းအောက်၏ အမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်! ကောင်းပြီ သူ့ကိုယ်သူ စော်ကားခံဖို့ ဒီကိုမလာသင့်ဘူး။

"သွားကြရအောင်"

ထောင်မုသည် လုံထျန်းအောက်နှင့် စကားပြောရသည် စိတ်မဝင်စားပေ။ အဓိကအကြောင်းပြချက်မှာ ထိုလူသည် သူ့အတွက် အသုံးမဝင်ပါ။

ထောင်မု သူ့ရှေ့မှ ထွက်သွားတော့မည်ကို မြင်လိုက်ရသည့်အခါ လုံထျန်းအောက်သည် စိတ်လှုပ်ရှားပြီး အော်ပြောခဲ့သည် "ထောင်မု!"

ထောင်မု မရပ်ခဲ့ပေ။ ထို့နောက် အနောက်ကနေ လုံထျန်းအောက်၏အော်သံကို ကြားလိုက်ရသည် "ရှကျီးရှင်းအင်တာတိန်းမန့်လက်အောက်က အနုပညာရှင်အားလုံးကို FlyNews မှာအကောင့်ဖွင့်ခိုင်းလို့ရတယ်!"

ထောင်မု ခေတ္တရပ်လိုက်ပြီး သူလှည့်ကြည့်လိုက်သည်။ သူ့အပြုံးသည် နွေဦးလေပြေကဲ့သို့ နွေးထွေးနေသည်- "မင်းဘာပြောလိုက်တာလဲ?"

မင်း ဒီလိုမျက်နှာ ဖြစ်မယ်ဆိုတာ ငါသိသားပဲ!

အတန်းဖော် လုံအောက်ထျန်းသည် မေးစေ့ကို ကောင်းကင်ကိုပင် တိုက်မိတော့မည့်အထိ မော့ထားပြီး နှာမှုတ်လိုက်သည် "ငါ့ကိုတောင်းပန်ပါ!!!"

ထောင်မုသည် လုံထျန်းအောက်ကိုကြည့်ကာ လှည့်ထွက်သွားသည်။

"ဟေး ဟေး ဟေး ပြန်လာခဲ့" လုံထျန်းအောက်သည် စိတ်ပျက်လက်ပျက်နှင့်အော်ပြောလိုက်သည် "မင်း ခွေးနှစ်မှာ မွေးတယ်နဲ့တူတယ်! ဒါကြောင့်မလို့ မင်းမျက်နှာအ‌ပြောင်းအလဲမြန်‌နေတာ။ ကောင်းပြီ၊ မင်းငါ့ကိုတောင်းပန်စရာ မလိုဘူး။ ဖုန်းနံပါတ်၊ မင်းရဲ့ဖုန်းနံပါတ်ကိုပဲ ငါ့ကိုပေး။ အဆင်ပြေတယ်မဟုတ်လား?"

"သခင်လေးလုံ၊ မင်းက အရမ်းယဉ်ကျေးတာပဲ" ထောင်မုသည် နွေးထွေးစွာ ထပ်ပြုံးလိုက်ပြီး သူ့ဖုန်းကို ထုတ်လိုက်သည် "ငါ့ကို မင်းဖုန်းနံပါတ်ပြောပေးလို့ရမလား?"

D*mn သူ ဒရာမာဌာနမှာရှိနေတာ မဆန်းပါဘူး။ စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာလှန်ရတာထက် သူ့မျက်နှာအပြောင်းအလဲက ပိုမြန်တယ်။

လုံထျန်းအောက်သည် သူ့စိတ်ထဲတွင် ငြီးတွားနေသော်လည်း သူ့မျက်နှာတွင် ၎င်းကို မပြဝံ့ဘဲ သူ၏ဖုန်းနံပါတ်ကိုသာ ပြောပြလိုက်သည်။

ထောင်မုသည် ၎င်းကို သိမ်းဆည်းပြီးနောက် လုံထျန်းအောက်ကို ဖုန်းခေါ်လိုက်သည်။ လုံထျန်းအောက်သည် ဖုန်းနံပါတ်ကို တတ်နိုင်သမျှ မြန်မြန်သိမ်းလိုက်ပြီး "မင်း အရမ်းလွန်လွန်းတယ်။ မင်းဖုန်းနံပါတ်ပြောင်းပြီး ငါ့ကို မပြောတာကမှ တော်သေးတယ်။ ဒါပေမယ့် မင်းက ငါ့ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်တာ! မင်းဘယ်လိုတောင်လုပ်ရက်ရတာလဲ?"

ထောင်မုသည် ဆက်ပြီး နူးညံ့စွာပြုံး၍" ပေကျင်းကိုပြန်ရောက်တုန်းက ငါ့ဖုန်းက မတော်တဆဖြစ်သွားပြီး အားလုံး ပျောက်သွားတယ်" လိုအပ်သောအခါတွင် ထောင်မုသည် အခြေအနေကို ထိန်းသိမ်းနိုင်စေမည့် မုသားစကားကို အားမနာပဲပြောနိုင်သည်။

လုံထျန်းအောက်သည် နှာမှုတ်လိုက်ပြီး ထိုစကားတစ်ခွန်းကို ယုံလိုက်သည်!

"ဒါဆို ဒီည ညစာအတူတူစားကြမလား?" လုံထျန်းအောက်သည် ထောင်မုကို " ငါ ရှကျီးရှင်းအင်တာတိန်းမန့်ကလူတွေကိုလည်း လာခိုင်းလိုက်မယ်။ အနုပညာရှင်တွေနဲ့ FlyNews အကောင့်စာရင်းသွင်းဖို့ကိစ္စကို တိုင်ပင်လို့ရတာပေါ့"

"ငါ့မှာ တကယ်အချိန်မရှိလို့ပါ" ထောင်မုသည် လုံထျန်းအောက်အား တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး "သန်ဘက်ခါ နေ့လည်ဆိုရင်ရောဘယ်လိုလဲ? တနင်္လာနေ့ဖြစ်မယ်နဲ့တူတယ်။ မင်းကုမ္ပဏီနားက ကော်ဖီဆိုင်မှာ တွေ့ကြမယ်လေ"

"အာ... မလိုပါဘူး" လုံထျန်းအောက်သည် သူ့လက်ကို အလျင်စလို ဝှေ့ယမ်းပြီး ခေါင်းယမ်းလိုက်သည်။ သူသည် ထောင်မုနှင့် ညစာစားချင်ရုံတင်ပါ။ သူ ကုမ္ပဏီသို့မသွားချင်ပေ!

"ဒါဆို ဒီလိုဆိုရင်ရော။ ဒီကိစ္စအတွက် ငါက အပြည့်အဝတာဝန်ယူပေးမယ်။ ပြီးတော့ ငါသေချာဂရုစိုက်လိုက်ပါ့မယ်။ မင်းအချိန်ရရင်တော့ ကျေးဇူးတင်တဲ့အနေနဲ့ ငါ့ကို ညစာလိုက်ကျွေးပေါ့" လုံထျန်းအောက် ထိုသို့ပြောလိုက်ရသော်လည်း ထောင်မု ထပ်ပြီး ထွက်သွားမည်ကို ကြောက်နေခဲ့သည်။ သူသည် ချက်ချင်းထပ်ပြောလိုက်သည် - "နောက်အပတ်၊ မင်းကြိုက်တဲ့နေ့ရွေးလို့ရတယ်။"

"ဟုတ်ပြီ" ထောင်မုသည် ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည် "ဒါဆို နောက်တစ်ပတ် သောကြာ --"

"ထောင်မု!" လမ်းတစ်ဖက်မှ အသံတစ်ခုထွက်ပေါ်လာပြီး ထောင်မု စကားပြောနေသည်ကို ဟန့်တားလိုက်သည်။

လူတိုင်းလှည့်ကြည့်လိုက်သောအခါ ပြိုင်ကားတစ်စီးပေါ်မှ တောက်ပြောင်နေသော ၀တ်စုံဖြင့် ချောမောသည့် ကောင်လေးတစ်ယောက် ဆင်းလာပြီး ထောင်မု ဆီသို့ လျှောက်လာသည်- " မင်း ပေကျင်းရုပ်ရှင်မှာ ဒီလောက်ဂရိုက်ထအောင် လုပ်လိမ့်မယ်လို့မထင်ထားဖူး။ ငါ မျှော်လင့်ထားသလိုပဲ မင်းလုပ်နိုင်မယ်ဆိုတာ ငါသိတယ်။"

"လော့ယန်?" လုံထျန်းအောက်သည် မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြစ်နေသည့်ပုံစံဖြင့် ထောင်မု ရှေ့မှရပ်လိုက်ပြီး "မင်း ဒီမှာ ဘာလုပ်နေတာလဲ?"

"မင်းနဲ့ ဘာဆိုင်လို့လဲ?" လော့ယန်သည် လုံထျန်းအောက်ကို မုန်းတီးနေခဲ့သည်မှာ ထင်ရှားပါသည်။ ထိုသို့ကိုကြားသောအခါ သူသည် ပြန်ပြောလိုက်သည်- "မင်းကိစ္စမို့လို့လား?"

လုံထျန်းအောက်သည် ထောင်မု၏အခန်းဖော်များရှေ့မှာ H မြို့တွင် ထောင်မုကို လော့ယန်မှ မည်သို့မည်ပုံအခက်တွေ့စေခဲ့သည်ကို မဖော်ပြလိုပါ။ လှုံ့ဆော်မှုတစ်ခုကြောင့် သူသည် "ဟုတ်တယ်ဒါက ငါ့ကိစ္စပဲ။ ငါတို့က သူငယ်ချင်းကောင်းတွေ။ ငါ့မှာ သူ့ဖုန်းနံပါတ်တောင် ရှိတယ်!"

လုံထျန်းအောက်သည် စကားပြောနေရင်းနှင့်ပင် လော့ယန် ရှေ့တွင် သူ့လက်ကိုင်ဖုန်းကို ခါယမ်းလိုက်ပြီး "မင်းရော ဒီမှာ ဘာလုပ်နေတာလဲ?"

"ငါ ထောင်မုကိုတွေ့ဖို့လာခဲ့တာ" လော့ယန်သည် ထောင်မုကို ပြုံးပြုံးလေးကြည့်ရင်း "နောက်တစ်ပတ်ကျ မင်းကို ညစာဖိတ်ကျွေးချင်တယ်?"

"မလာနိုင်ဘူး" မျှော်လင့်ထားသည့်အတိုင်း ထောင်မု၏တုံ့ပြန်မှုသည် အလွန်အေးစက်နေခဲ့သည်။

လော့ယန်သည် စိတ်ထဲမထားပဲ သူ့လက်ကိုဆန့်ပြီး နှာခေါင်းကိုကုတ်ကာ ထောင်မုကို ပြုံးပြလိုက်သည် "မင်းငါ့ကို စိတ်ဆိုးနေသေးတာလား? မင်းက တော်တော် ဒေါသကြီးတာပဲ။ ငါ မင်းကို အကြိမ်ကြိမ် တောင်းပန်ပြီးပြီလေ!"

ထောင်မု ဘေးနားတွင် အခန်း301၏ အခန်းဖော် သုံးယောက်သည် အချိန်အတော်ကြာ တိတ်တဆိတ်ရပ်နေခဲ့သည်။ ဤအခိုက်အတန့်တွင် လေထုသည်မှားယွင်းနေကြောင်း သိလိုက်ရသဖြင့် "မု၊ သူက ဘယ်သူလဲ? သူ့ကို သိလား?"

"ငါလူစားထိုးစတန့်အဖြစ် သရုပ်ဆောင်တဲ့အဖွဲ့မှာ ရင်းနှီးမြှုပ်နှံတဲ့သူပါ။" ထောင်မုသည် ရည်ရွယ်ချက်ရှိရှိ မိတ်ဆက်ပေးခဲ့သည်။

လော့ယန်သည် သက်ပြင်းချလိုက်ပြီး ဝမ်းနည်းဟန်ဖြင့် "မုမု၊ မင်း ဘာလို့ ငါ့အပေါ်ဒီလောက်အေးစက်နေရတာလဲ? ငါတို့က သူငယ်ချင်းတွေဖြစ်ခဲ့တယ်မဟုတ်လား? ငါမင်းချက်ကျွေးတဲ့ ကြက်သားဟင်းတောင် စားခဲ့ဖူးတယ်လေ!"

လော့ယန်သည် ပြောနေရင်းနှင့်ပင် အခန်းဖော် သုံးယောက်ကိုလည်း ရင်းနှီးစွာဖြင့် ပြောခဲ့သည် "ဒါနဲ့ မင်းတို့ ထောင်မု ချက်ကျွေးတာစားဖူးလား? သူချက်တာအရမ်းကောင်းတယ်"

သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ဘယ်လို တုံ့ပြန်ရမလဲ မသိပေ။

လော့ယန်၏လေသံနှင့် အကြောင်းအရာများသည် ထောင်မုနှင့် အလွန်ရင်းနှီးသည်ဆိုသည့် အကြောင်းပြောနေမှန်း သူတို့သိလာကြသည်။ သို့သော်လည်း ထောင်မု၏ သဘောထားသည် အေးစက်လွန်းလှသည်။

လုံထျန်းအောက်သည် အဆင်မပြေသည့်ပုံဖြင့် နှာမှုတ်လိုက်သည် "ဘာလို့လဲဆိုတော့ မင်းက တကယ်ကို အရှက်မရှိလို့ပဲ။ ထောင်မုက မင်းနဲ့ ဆက်ဆံရေးကောင်းမှာ မဟုတ်ဘူး။ မင်းမှာ သူ့ဖုန်းနံပါတ်ရှိလား?"

လော့ယန် : "..."

လော့ယန်သည် လုံထျန်းအောက်ကို ပြန်တိုက်ခဲ့ပါသည်- "မင်းမှာ အစကတည်းက ရှိထားသလိုပုံစံနဲ့ လာလုပ်မနေနဲ့။ ငါပြောတာမမှားရင် မင်းလည်းခုနကမှ ရထားတာမဟုတ်လား?"

လုံထျန်းအောက်သည် အားနည်းချက်ကို မပြချင်သည့်အတွက် "ဘာပဲဖြစ်ဖြစ် မင်းမှာမရှိဘူး"

"ငါ အခု ရပြီလေ။" လော့ယန်သည် နှာမှုတ်လိုက်ပြီး လုံထျန်းအောက်ကို ဖယ်ထုတ်လိုက်ချင်‌သော်လည်း သူ့ခေါင်းလှည့်ကာ ထောင်မုကို ပြုံးပြလိုက်ပြီး "ငါ့ကို မင်းဖုန်းနံပါတ်အသစ် ပြောပြပါ~"

ထောင်မုသည် လော့ယန်ကဲ့သို့လူများကို ငြီးငွေ့နေခဲ့သည်။ သူသည် သူ့ကို နာကျင်အောင် ပြုလုပ်သည့်အတွက် သူ့ကိုအသုံးပြုမည် မဟုတ်ပေ။

လုံထျန်းအောက်ကို ကြည့်နေရင်းနှင့် လော့ယန်သည် အရင်အတိုင်း အေးစက်နေဆဲဖြစ်သည့်ထောင်မု ကို တိတ်တဆိတ် စိုက်ကြည့်ရင်းရုတ်တရက် "ဒါနဲ့ ရှောင်းဟန်က နောက်အပတ် ပြန်လာတော့မယ်။ သူ့အတွက် ငါ ဧည့်ခံပွဲလုပ်ပေးမလို့။ မင်းတို့နှစ်ယောက် ဆက်ဆံရေးကောင်းတာကို ငါမှတ်မိတယ်။ ငါမင်းကို လာခဲ့ဖို့ဖိတ်ချင်တယ်။ မင်းရဲ့ ဖုန်းနံပါတ်ကို ပြောပြလေး နောက်ကျ ငါဖုန်းဆက်လိုက်မယ်။"

ထောင်မု ခေတ္တရပ်လိုက်ပြီး သူ့ဖုန်းနံပါတ်ကိုပြောပြလိုက်ကာ " မစ္စတာလီ ပြန်လာတဲ့အခါ မင်းငါ့ကို မက်ဆေ့ခ်ျပို့လို့ရပါတယ်"

လုံထျန်းအောက်သည် အနည်းဆုံး သူ့ဖုန်းနံပါတ်ကို ထောင်မု ကိုယ်တိုင် သိမ်းဆည်းထားသည်ဟုလျှို့ဝှက်စွာ တွေးကာ လှောင်ပြောင်နေခဲ့သည်။ မင်းမှာ ဒီလိုဆက်ဆံတာတောင် မရှိဘူး။ ဒါများမင်းက ထောင်မုရဲ့သူငယ်ချင်းလို့ ပြောရဲတယ်။ ‘ရှောင်းဟန်’ ကမှ ထောင်မုရဲ့ သူငယ်ချင်းဖြစ်နိုင်ချေရှိသေးတယ်။

မင်းဟာ မင်းသူငယ်ချင်းရဲ့ အင်္ကျီတွေကို ၀တ်နေတဲ့ အရှက်မရှိ လူယုတ်မာတစ်ယောက်ပဲ! မင်းကဘာလို့ဝံပုလွေကြီးလို ဟန်ဆောင်နေရတာလဲ!”

လုံထျန်းအောက်နှင့် လော့ယန်တို့သည် အကြည့်ချင်းဖလှယ်ကြပြီး လေထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ခဏအကြာတွင် သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုလှည့်လိုက်သည်။

လော့ယန်သည် ထောင်မုမှ သူ့အား အကောင်းမမြင်သေးကြောင်း ကောင်းကောင်းသိသည်။ သူထိုသို့ဆက်လုပ်နေလျှင် ပိုပြီးဆိုးရွားသွားနိုင်သည်။ သူသည် ထောင်မုကို တွေးရင်းကြည့်နေ၏။ အတန်ကြာအောင် စဉ်းစားပြီးနောက်တွင် သူသည် ဂုဏ်သိက္ခာရှိစွာဖြင့် ထွက်ခွာသွားရန်ဆုံးဖြတ်ခဲ့သည်။

လုံထျန်းအောက်သည် ထောင်မု၏ဘေးတွင် ရပ်ကာ လော့ယန်ထွက်သွားသည်ကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် ကြည်နူးနေသည့်အမူအရာဖြင့် ရပ်နေသည်။ထို့နောက် သူသည် ထောင်မုဘက်လှည့်ပြီး "ဒီလိုလူက တကယ်အရှက်မရှိတာပဲဟုတ်တယ်မလား?"

ထောင်မုသည် အတန်းဖော်လုံအောက်ထျန်းကိုအေးစက်စွာကြည့်လိုက်သည့်အခါ သူ့ပုံစံသည် အမြီးလှုပ်နေပြီး အတည်ပြုချက်ကို စောင့်ဆိုင်းနေသလိုဖြစ်‌နေသည့်အတွက် "မင်းအရင်ပြန်နှင့်လိုက်ပါ နောက်သောကြာနေ့ညကျ တွေ့ကြမယ်"လို့ ပြောလိုက်သည်။

"ဝူ!" လုံထျန်းအောက်သည် သူ့အမြီးကို မကျေမနပ်နှင့် လှုပ်လိုက်ပြီး အင်တင်တင်ဖြင့် ပြောသည် "ဒါဆို ငါအရင်ပြန်တော့မယ်။ ရှကျီးရှင်းရဲ့ အနုပညာရှင်တွေကို FlyNewsအကောင့်အတွက် အမြန်ဆုံး စာရင်းသွင်းဖို့ ပြောလိုက်မယ်။ ပြီးရင် ငါ မင်းကို အကြောင်းပြန်လိုက်မယ်။"

လုံထျန်းအောက်သည် ထိုစကားတွင် နည်နည်းထပ်ပြီးပြောချင်သေးသည်။ သူ့အထင် သူထိုသို့ပြောလိုက်လျှင် သူသည် စီးပွားရေးကို အကြောင်းပြုပြီး ထောင်မုနှင့် ဆက်သွယ်လို့ရမည်။ ထိုအခါ ထောင်မုလည်း လျစ်လျူရှုမည်မဟုတ်ပေ။

ထောင်မု၏ တုံ့ပြန်မှုသည် သူ့လက်ဝှေ့ယမ်းရုံမျှသာဖြစ်ပြီး သူ့မျက်နှာပေါ်တွင် ယဉ်ကျေးသောအပြုံးဖြင့် "လမ်းမှာ ဂရုစိုက်ပါ"

လုံထျန်းအောက်၏ နားထဲတွင် ထိုစကားသည် "မင်း မြန်မြန် လစ်လိုက်တော့" အဖြစ်သို့ပြောင်းလဲသွားသည်။

အတန်းဖော်လုံအောက်ထျန်းသည် စိတ်မကောင်းဖြစ်ပြီး သူ့စိတ်ထဲတွင် အော်ဟစ်သံများ ထွက်ပေါ်နေသည်။ သူအရင်က တွန့်ဆုတ်ဖူးခြင်းမရှိသော်လည်း ယခု ထောင်မုကိုတွေ့သည့်အခါ တွန့်ဆုတ်လျက်ရှိသည်။ သေချသလောက်ပါပဲ။ အဲ့ဒီအချိန်မှာ သူကုမ္ပဏီမှ အရူးများ စကားကိုနားမထောင်သင့်ဘဲ ထောင်မု၏အခန်းကဏ္ဍကို လွှဲပြောင်းမယူခဲ့သင့်ပေ။

သို့သော် နောက်တစ်ခါ ပြန်စဉ်းစားကြည့်သည်။ တကယ်လို့ သူသာ ထောင်မု၏ ဇာတ်ကောင်ကိုမယူခဲ့လျှင် ထောင်မုနှင့် တွေ့မည် မဟုတ်ပါ။ ထို့နောက် ဒီလိုမျိုးတွေလည်း ရှိလာမှာမဟုတ်ပါ! ဒါက တကယ်ကို ကွဲပြားလွန်းတယ်!

လွမ်းဆွေးနေသော အတန်းဖော်လုံအောက်ထျန်းသည် ထောင်မုအား နှုတ်ဆက်ရန် သူ့လက်ကို ဝှေ့ယမ်းကာ လီဗာကိုနင်းကာ ထွက်သွားတော့သည်။

အခန်းဖော်သုံးယောက်သည် လေထဲမှာ ကျန်ခဲ့သည့် ကားအိတ်ဇောမှ အငွေ့များကို ကြည့်ပြီး ထောင်မုကိုသေသေချာချာမေးသည် "မင်း သူတို့ကိုမကြိုက်ဘူးလား?"

ထောင်မုသည် H မြို့အကြောင်းကို ထုတ်ဖော်မပြောချင်ခဲ့ပါ။ သို့သော် သူသည် အခန်း 301 ကို တစ်လခွဲလောက်သာ သိထားသော်လည်း သူ၏ သူငယ်ချင်းများကို ဖုံးကွယ်မထားချင်ခဲ့ပေ။ သို့ပေမဲ့ စရိုက်၊ ကိုယ်ရည်ကိုယ်သွေး ဒါမှမဟုတ် တခြားရှုထောင့်ကပဲဖြစ်ဖြစ် ကြည့်လျှင် ထောင်မုသည် သူ့အခန်းဖော်သုံးယောက်ကို အရမ်းကျေနပ်မိပါသည်။

နက်ရှိုင်းသော ခင်မင်ရင်းနှီးမှုကို မွေးမြူလိုသောကြောင့် ထောင်မုသည် အမှန်ကို မဖုံးကွယ်တော့ဘဲ "ငါ သူတို့ကို သိပ်သဘောမကျဘူး။ ဒီလူနှစ်ယောက်က ချမ်းသာတဲ့ မိဘတွေကနေ မွေးဖွားလာပြီး အပျော်အပါးပဲသိကြတဲ့ဟာတွေ။ ငါတို့ သာမန်လူတွေက သူတို့နဲ့ ကစားဖို့ မတတ်နိုင်ဘူး"

နောက်ဆုံးတော့ သူတို့သည် ဇာတ်ကွက်နောက်ကို လိုက်ကြရသည်။ သို့ပေမယ့် သူ့ကိုယ်ပိုင်လုပ်ငန်းကိုပဲ အာရုံစိုက်ချင်ခဲ့သည်။

အခန်းဖော်သုံးယောက်သည် ခေါင်းညိတ်ပြပြီးတွေးကြည့်သည်။ အခုလေးတင် လုံထျန်းအောက်နှင့် လော့ယန်တို့၏ မောက်မာစွာ ပြုမူခဲ့ကြပုံကို လူတိုင်း မြင်ခဲ့ကြရသည်။ ထောင်မု၏ စိတ်နေစိတ်ထားနှင့်သာဆို ဤလူကို မကြိုက်သည်မှာပုံမှန်ပဲဖြစ်သည်။ သူတို့လည်း မကြိုက်ပေ။

"ဒါပေါ့" ထောင်မုသည် တစ်စုံတစ်ခုကို သတိရလိုက်သည် "ငါဒီည အိပ်ဆောင်ကို မပြန်တော့ဘူး၊ ငါတို့ အဘိုးကြီးကို ပြန်ကြည့်ရမယ်"

ထောင်မုသည် အပတ်တိုင်း စုန့်တောက်ကျန့်ကို ပြန်လာကြည့်မည်ဟု ကတိပေးထားပါသည်။ ပြီးခဲ့သည့် အပတ်က စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ခြင်းကြောင့် ထောင်မု မသွားဖြစ်ခဲ့ပေ။ သို့သော် ဒီတစ်ပတ်တော့ သူပြန်ရမည်။ ထို့အပြင် ဖုန်းယွင်နှင့်လည်း ဆွေးနွေးရအုံးမည်။

ကျန်သုံးယောက်သည် ခေါင်းညိတ်ပြသည်။ အမြဲ သတိထားလျက်ရှိသည့် ချူဆွေ့အန်းသည် "ဒါနဲ့ ငါခုလေးတင်မှ တွေ့လိုက်တာ အတန်းဖော်တချို့က အွန်လိုင်းမက်ဆေ့ချ်ကနေ ပြောလာကြတယ်။ သူတို့က ငါတို့ကျောင်းရဲ့ အလှလေးနဲ့ကိုလူချောပြိုင်ပွဲမှာ တခြားကောလိပ်နဲ့ တက္ကသိုလ်က ကောင်မလေးပုံတွေရော ထည့်ထားတယ်တဲ့။ မိန်းကလေးအများစုကတော့ ယန်ရုပ်ရှင်ကပဲ။ သူတို့က ဘယ်လိုသဘောရလဲလို့ မေးထားတယ်?"

"FlyNews အတွက် မှတ်ပုံတင်ခြင်းကို အစက လူတိုင်းအတွက် ဖွင့်ထား ပေးခဲ့တာ" ထောင်မုသည် ဂရုမစိုက်သည့် ပုံစံဖြင့် "ဒါက ငါ့ရဲ့ ပေါ့ဆမှုပဲ နောက်မှ ပြင်လိုက်မယ်"

ထောင်မုသည် ထိုသို့ပြောနေသော်လည်း သူသည် ဘယ်သောအခါမှ ပေါ့ဆတတ်သည့် လူမျိုးမဟုတ်ပေ။ သူသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပေကျင်းရုပ်ရှင်၊ ယန်ရုပ်ရှင်၊ အခြားပြည်တွင်းရုပ်ရှင်နှင့် ဒရာမာကောလိပ်များတွင် ပြိုင်ဆိုင်မှုများ မြှင့်တင်ရန် အခွင့်ကောင်းကို ရယူလိုခဲ့သည်။ ပြိုင်ဆိုင်မှုတွင် လူများပိုမိုပါဝင်လာသရွေ့ ၎င်းတို့သည် ၎င်းတို့အတွက် မဲများရရှိရန် FlyNews တွင် စာရင်းသွင်းရန် လူပိုများလာမည်ဖြစ်သည်။

ထောင်မုသည် စီးပွားရေးသမားဖြစ်သည်။ ဟုတ်ပါသည်။ ဝက်ဘ်ဆိုက်ဒ်မှာ စာရင်းသွင်းအသုံးပြုသူ များလေလေ၊ပိုကောင်းလေဖြစ်ပြီး အသွားအလာ အရေအတွက် များလေလေ ပိုကောင်းလေလေဟုမျှော်လင့်ပါသည်။ သို့သော်ထိုသို့တွက်ချက်မှုမျိုးကို ထုတ်ပြောဖို့မလွယ်ပါ။

ထောင်မုသည် သူ့သူငယ်ချင်းများရှေ့တွင် သူ့အတွေးများကို ဖုံးကွယ်မထားချင်သောကြောင့် သူတို့သုံးယောက်သည် သူ၏တွက်ချက်မှုလေးများကို သဘာဝကျကျမြင်နိုင်လေသည်။ ဝမ်ပေါင်သည် ပြုံးပြီး ထောင်မုကိုပုတ်လိုက်ပြီး တုခမ်းသည်လည်း "စိတ်ထဲမထားပါနဲ့ အာ့တာက ကောင်းမယ်ထင်တယ်။ သူတို့ပြောသလိုသာဆို အောင်မြင်မှုတွေ ရလာနိုင်တယ်။ ဒီအခွင့်အရေးကို ပိုကြီးအောင်လုပ်ပြီး ပေကျင်းကကျောင်းအားလုံးအတွက်ပြိုင်ဆိုင်မှုတွေ ဒါမှမဟုတ် ကျောင်းအလှမယ်ပြိုင်ပွဲတွေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြိုင်ပွဲတစ်ခုအဖြစ် လုပ်လိုက်ကြရအောင်။ တရုတ်နိုင်ငံမှာ အချောဆုံးနဲ့ အလှဆုံးကောလိပ်ကျောင်းသား၊‌ကျောင်းသူက ဘယ်သူဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်"

မျှော်လင့်ထားသည့်အတိုင်း အမျိုးမျိုးသောရှိုးများတွင် ပါဝင်ပြီး ဖျော်ဖြေရေးအဝန်းအဝိုင်းအတွင်း သွေးထွက်သံယို မုန်တိုင်းကို တွန်းလှန်နိုင်သည့် အကောင်းဆုံး ဒါရိုက်တာတစ်ဦးပါပင်။ ထိုကိစ္စများတွင် တုခမ်း၏ အသိဉာဏ်သည် အခြားသူများထက် သာလွန်သည်။

ထောင်မုသည် သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည် " မင်းပြောတာက နိုင်ငံအဆင့်ကျောင်းအလှလေးနဲ့ကျောင်းလူချောအတွက်ပါ ငါတို့မဲပေးသင့်တယ်လို့ ပြောတာလား?"

"နိုင်ငံအဆင့်ကျောင်းအလှလေးနဲ့ကျောင်းလူချော!" တုခမ်း ထိုအရာကို တွေးကြည့်လိုက်သည့်အခါ ထိုခေါင်းစဉ်သည် တော်တော်လေးစိတ်ဝင်စားဖို့ကောင်းသည်- "ဟုတ်ပြီ ဘာပဲဖြစ်ဖြစ် လူများလေလေ၊ ပိုစည်ကားလေလေပဲ"

သူစကားပြောနေရင်းနှင့်ပင် တုခမ်းသည် ထောင်မုကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး "မင်းလည်း ဒီထက်ပိုပြီး စည်ကားစေချင်တာမဟုတ်ဘူးလား?"

ထောင်မုသည် နှုတ်ဆိတ်နေသော်လည်း ပြုံးနေခဲ့သည်။ သို့သော် သူပြန်သွားပြီးနောက်တွင် ကောလိပ်နှင့် တက္ကသိုလ်အသီးသီး၏ ကျောင်းအလှလေးနဲ့ကျောင်းလူချောအတွက်မဲပေးခြင်းဆိုင်ရာ ကဏ္ဍများကို ခွဲခြားရန် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြောင်းလဲခြင်းသည် နောက်သုံးရက်လောက်ကြာမှ ပြောင်းလဲသွားသည်။ လွန်ခဲ့သည့်သုံးရက်အတွင်း ပေကျင်းရှိ အထင်ကရကောလိပ်နှင့်တက္ကသိုလ်များ အထူးသဖြင့် ပေကျင်းရုပ်ရှင်နှင့် ယန်ရုပ်ရှင်မှ ကျောင်းသားများသည် မဲပေးခြင်းလုပ်ငန်းစဉ်အတွင်း တမင်သက်သက်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ အင်တာနက်အသုံးပြုသူအချို့ကို လှုံ့ဆော်ပေးလိမ့်မည်ဖြစ်သည်။ အားလုံးသည်မက်ဆေ့ချ်ဧရိယာထဲတွင် ကြွေးကြော်သံများထွက်လာပြီး အတန်းဖော်များကို ပေကျင်းကျောင်းအားလုံး၏ ကျောင်းအလှလေးနဲ့ကျောင်းလူချောရရှိစေရန် အားလုံးကို မဲပေးကြဖို့တိုက်တွန်းလိုက်ပါသည်။

ဤပြိုင်ပွဲသည် မကြာမီတွင် ကျယ်ပြန့်လာပြီး ပေကျင်းရုပ်ရှင်နှင့် ယန်ရုပ်ရှင်မှ ဘွဲ့ရခဲ့ကြသော စီနီယာအကို အစ်မများတို့ပင်ပါဝင်ခဲ့သည်။ အသိုင်းအဝိုင်းအတွင်း အတော်လေးနာမည်ကြီးသော ဤ A-list ရုပ်ရှင် ဧကရာဇ်များနှင့် ဧကရီများသည် ဆိုင်းဘုတ်ကို ကျားအရေခွံကဲ့သို့ ဝှေ့ယမ်းပြီး၎င်းတို့၏ ကျောင်းနေဖက်များကို နိုးဆော်ခဲ့ကြသည် (လူတချို့၏ဂုဏ်သိက္ခာအတွက် အုပ်စုလိုက်ငှားခြင်း) ထို့အပြင် A-list ကြယ်ပွင့်များ၏ ပရိသတ်များ၊ ဖရဲသီးစားသည့် အင်တာနက်သုံးစွဲသူများပင်လျှင် သူတို့၏ အိုင်ဒေါလ်များကိုမဲပေးရန် FlyNewsအကောင့်တွင် စာရင်းသွင်းထားပါသေးသည်။ နောက်ဆုံးတွင်၎င်းသည် ဖျော်ဖြေရေးအဝန်းအဝိုင်းရှိ အမျိုးသမီးအိုင်ဒေါလ်နှင့် အမျိုးသားအိုင်ဒေါလ်များအတွက် ရွေးချယ်မှုအဖြစ် ပြောင်းလဲလာသည်။ ဘုရင်ကြီးလေးပါး၊ မိဖုရားလေးပါး၊ တစ်နှစ်တာ၏ အကောင်းဆုံး အသစ်၀င်ရောက်လာသူကတော့.......

သို့သော် ထိုအရာတွေအကုန်လုံးသည် နောက်ကျမှဖြစ်လိမ့်မည်။

ညနေပိုင်း စစ်ရေးလေ့ကျင့်မှုအပြီးတွင် ထောင်မုသည် အထုပ်ထုပ်ပြီး မိဘမဲ့ဂေဟာသို့ ပြန်ရန် ပြင်ဆင်သည်။

ထိုအကြောင်းသိထားသည့် လျှို့ယောင်သည် သူ၏ Grand Cherokee ကားဖြင့် ထောင်မုကို ကျောင်းတံခါးမှာ လာကြိုနေခဲ့သည်။ သူ့ဘေးနားရှိ ခုံ‌တွင် မုံ့ချီ ထိုင်လျက်ရှိသည်။

ထောင်မုသည် ကားနောက်ခန်းသို့ ၀င်လာပြီးနောက် အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီတို့ကို ပြုံးပြနှုတ်ဆက်သည်။ အာရုံပြောင်းရန်အတွက်ခေါင်းစဉ်ကို သူ၏ကိုယ်ပိုင် FlyNews ဝက်ဘ်ဆိုက်သို့ တိုက်ရိုက်ဆွဲယူခဲ့သည်။

မုံ့ချီသည် ပြုံးပြီးပြောသည် " အဲ့ဒါကို မင်းအစ်ကိုယောင်နဲ့အတူတွေ့လိုက်တယ်။ မင်းရဲ့ Weibo ကိုလိုက်ကြည့်ပြီးတော့ တောက်လျောက်၀င်လိုက်တာ။ FlyNews အကောင့်ကိုလည်း မှတ်ပုံတင်ထားတယ်။ ငါပြောမယ် မင်းကျောင်းတက်တာ ရက်ပိုင်းပဲရှိသေးတာကို ဒီလိုပွက်လောရိုက်အောင်လုပ်လိုက်တော့ မင်းဆရာမ မင်းကိုရှာမနေဖူးလား?"

"အခုထိတော့ မရှာသေးဘူး။" ထောင်မု ရယ်မောလိုက်ရင်း "ဒီနေ့က စနေနေ့ဆိုတော့ ကျွန်တော့်ကို သူတို့တနင်္လာနေ့မှာ တွေ့ဖို့ခေါ်လိမ့်မယ်ထင်တယ် "

ကားမောင်းနေသည့် လျှို့ယောင်သည် သူ့လက်ချောင်းများကိုသာ ဆုပ်ထားပြီး ဘာမှ မပြောပါ။

ထိုအရာကိုမြင်သောအခါ မုံ့ချီသည် ပြုံးပြီး "မင်းအကူညီလိုသေးလား? စောစောပြောနော် မဟုတ်ရင် မင်းအစ်ကိုယောင်ဒေါသထွက်လိမ့်မယ်"

လျှို့ယောင်သည် မုံ့ချီကို စိုက်ကြည့်ပြီး နှာမှုတ်လိုက်သည်။ သူသည် စကားတစ်ခွန်းမှ မပြောသေးပဲ tsundereနဲ့ပင်တူသည်။

ထောင်မုသည် လည်ပင်းကို ကုတ်လိုက်ပြီး "တကယ်တော့ တစ်ခုတော့ရှိတယ်။ ကျွန်တော် ရုံးခန်းအမြန်ဆုံးငှားချင်ပါတယ်၊ တည်နေရာက တက္ကသိုလ်နဲ့နီးတဲ့ နေရာဖြစ်ရမယ်။ နောက်ကျ ပရိုဂရမ်မာသမားတွေနဲ့ တခြားဝန်ထမ်းတွေ ခေါ်ယူတာက ကျွန်တော့်အတွက် ပိုအဆင်ပြေလိမ့်မယ်။"

မုံ့ချီသည် "လုပ်ငန်းလိုင်စင်တွေက ဘယ်လိုလဲ? ကွန်ပျူတာ ဆာဗာတွေရော။ အခု ပေကျင်းရုပ်ရှင်ရဲ့ ကျောင်းဆာဗာကို သုံးနေတာလား? အခု အဆင်ပြေပေမယ့် အသုံးပြုတဲ့သူအသွားအလာ များလာတဲ့အခါ သူတို့က မင်းကို သုံးခွင့်ပေးပါ့မလား?"

"အဲဒါအတွက် ကျွန်တော်ပြင်ဆင်ထားပြီးပါပြီ။" ထောင်မုသည် ဝက်ဘ်ဆိုက်ဒ်၏ အရင်းအမြစ်ကုဒ်ကို ပထမဆုံးလေ့လာသောအခါတွင် ဖုန်းယွင်သည် သူ့ကို ကူညီပေးမည့်အကြောင်း ပြောခဲ့ပါသည်။ သူတွေ့သည့်စီးပွားရေး အေးဂျင့်သည် ဒေါ်လာ ရာဂဏန်းနှင့်သာ လိုအပ်သည့် လုပ်ငန်းစဉ်များကို ပြီးအောင်လုပ်နိုင်သည်။ ဆာဗာအတွက် သူသည် အော်ပရေတာကိုလည်း ကြိုတင်ဆက်သွယ်ပြီး အငှားစာချုပ်ကို ချုပ်ဆိုခဲ့သည်။

ထောင်မုသည် ၎င်းကို လအနည်းငယ်ကြာအောင်ထိန်းထားရန် စီစဉ်ထားပြီး ၎င်း၏ငွေများကိုနှစ်ကုန်တွင် နိုင်ငံတကာရေနံအနာဂတ်ဈေးကွက်မှ ထုတ်ယူသည့်အခါတွင် ၎င်း၏ကိုယ်ပိုင်ဆာဗာကို ဝယ်ယူမည်ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်အထိ တစ်ခုတည်းသော ပြဿနာက ရုံးတည်နေရာပါပဲ။ အဓိကအကြောင်းအရင်းမှာ ဖုန်းယွင် သည် ထိုကိစ္စများနှင့် မရင်းနှီးသည့်အပြင် ထောင်မုသည်လည်း ကိုယ်တိုင် လှည့်ကြည့်ဖို့ အချိန်မရှိလို့ပါပင်။ နေရာကြည့်ရန် အိမ်ခြံမြေအကျိုးဆောင်ကို ဆက်သွယ်ဖို့ပင် အချိန်မရှိခဲ့ပါ။ ထိုသို့တွေးပြီးနောက် အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီတို့ကို သူ့အား ကူရှာပေးရန်တောင်းဆိုခဲ့သည်။

ထို့ကြောင့် သူသည် ၎င်းတို့အား ပေါ့ပျက်ပျက် တောင်းဆိုခဲ့ခြင်း မဟုတ်ပေ။

ထောင်မု၏ရှင်းပြချက်ကို နားထောင်ရင်း လျှို့ယောင်သည် ဤတစ်ကြိမ်တွင် စိတ်အနှောင့်အယှက်မဖြစ်အောင် ရပ်တန့်လိုက်ပြီး "တခြားရုံးတွေရှာဖို့ ဘာလို့လိုသေးတာလဲ? မင်းအစ်ကိုရှောင်ချီရဲ့အိမ်က ကျယ်ဝန်းပြီး ပတ်ဝန်းကျင်ကလည်း မဆိုးဘူးဟုတ်တယ်မလား?"

မုံ့ချီသည် ခေါင်းညိတ်ပြကာ သဘောတူနေသည်။

ထောင်မု သည် ခေါင်းခါပြီး ပြတ်ပြတ်သားသားပြောသည် "အဲဒါ မကောင်းဘူး။ အိမ်နဲ့ရုံးက ခွဲထားရမယ်။ အစ်ကိုရှောင်ချီရဲ့ အိမ်မှာ လုပ်ဖော်ကိုင်ဖက်တွေ တစ်နေ့လုံး လှည့်ပတ်လုပ်နေမှာ မကြိုက်ဖူး"

လျှို့ယောင်နှင့် မုံ့ချီတို့သည် တစ်ချိန်တည်းတွင် ထိတ်လန့်သွားကြသည်။ ထိုကလေးသည် အရင်လို စည်းထားထားတုန်းပါပင်။ အတွင်းလူကို အပြင်လူများနှင့် ပြတ်ပြတ်သားသား ခွဲခြားသိမြင်နိုင်သော မျဉ်းတစ်ကြောင်းဆွဲထားသည်။ အဓိကအားဖြင့် သူတို့နှစ်ယောက်လုံးသည် လိုင်းထဲမှာပဲရှိပါသည်။

မုံ့ချီသည် ရုတ်တရက်ဝမ်းသာသွားသလိုခံစားလိုက်ရပါသည်။

မုံ့ချီသည် ပြုံးလိုက်ပြီး "ဟုတ်ပါပြီ ငါတို့မင်းပြောတဲ့အတိုင်းပဲ တခြားနေရာကို ရှာကြတာပေါ့"

Grand Cherokee သည် ဟို့ဟိုင်သို့ မောင်းနှင်လာပြီး မိဘမဲ့ဂေဟာအဝင်ဝတွင် ရပ်လိုက်သည်။ ထောင်မုသည် သူ့အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီကို အရင်ခေါ်လိုက်ပြီး စုန့်ကျီရှိ အဖိုးကြီးကို တွေ့ရန် ၀င်သွားလိုက်သည်။

ဖုန်းကြိုဆက်ထားသောကြောင့် စုန့်တောက်ကျန့်သည် ညစာကို ပြင်ဆင်ထားခဲ့သည်။ အားလုံးသည် ထောင်မု အကြိုက်များပင် ဖြစ်သည်။ သူသည် ထောင်မုမှ ကိစ္စတစ်ခုဆွေးနွေးမည်ကို သိ‌သောကြောင့် ဆိုင်ထဲမှ အလုပ်သမားများကို စောစောစီးစီးပြန်ခိုင်းလိုက်သည်။

ထောင်မုနောက်မှ လိုက်လာသောအမြီးနှစ်ချောင်းကို တွေ့လိုက်ရသည့် အခိုက်အတန့်တွင် အဖိုးအိုသည် ဘာမှမပြောဘဲ နှာမှုတ်လိုက်သည်။

လျှို့ယောင်နှင့် စုန့်တောက်ကျန့်တို့ တစ်ယောက်ကိုတစ်ယောက်မတည့်ခဲ့သည်မှာ တစ်နှစ်နှစ်နှစ်လောက်ရှိပြီဖြစ်သည်။ ထို့ကြောင့် ထိုကိစ္စနှင့် ပတ်သတ်ပြီး စိတ်ထဲမထားတော့ပေ။ အားလုံးသည်လက်ဆေးပြီး ထမင်းစားဖို့ ထိုင်လိုက်ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် အဖိုးကြီးစုန့်သည် ဘယ်လောက်ပဲ ခေါင်းမာပြီး ဖော်ရွေစွာ မပြုမူနေပါစေ သူ၏ ဟင်းချက်ကျွမ်းကျင်မှုသည် အကောင်းဆုံးပါပင်။

မိဘမဲ့ဂေဟာ၏တံခါးမှာစောင့်နေသည့် ဖုန်းယွင်သည် လျှို့ယောင်၏ကားကိုမြင်ပြီး သူတို့နောက်ကို အလျင်အမြန်လိုက်လာသည် "မုကော၊ အစ်ကိုယောင်၊ အစ်ကိုချီ၊ အဖိုး"လို့ နှုတ်ဆက်လိုက်သည်။

"ယို!" လျှို့ယောင်သည် ဖုန်းယွင်ကိုတအံ့တသြကြည့်ကာ ခေါင်းကိုပွတ်ရန် လက်ကိုဆန့်ပြီး "စကားထစ်မနေတော့ဘူးလား?"

"မဟုတ်ဘူး" ဖုန်းယွင် ခေါင်းယမ်းလိုက်သည်။ မကြာသေးမီက သူသည် လော့ယန်ကို ကြိုးဆွဲပြီး စကားထစ်နေခြင်းသည် စရိုက်လက္ခဏာတစ်ခုအဖြစ် ထင်ရှားလွန်းသည်ကို တွေ့ရှိခဲ့သည်။ တစ်ယောက်ယောက်မှ သတိထားမိရင် မကောင်းပါ။ ထိုအရာကို တွေးပြီးနောက် သူသည် မပြောင်းလဲနိုင်ပါက စကားမပြောနိုင်ပဲဖြစ်လိမ့်မည်။

ထို့ကြောင့် သူ၏ စကားပြောဟန်သည်တိုတိုနှင့် နည်းပါးလာသည်။ မသိသည့်လူများသည်ထိုကလေးသည် အေးစက်သည်ဟုသာ ထင်ကြလိမ့်မည်။

ဖုန်းယွင်၏ရှင်းပြချက်ကိုကြားသည့်အခါလူတိုင်းသည် ရယ်မောကြသည်။ လျှို့ယောင်သည် ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ဒီကလေးက အရမ်းသတိထားတတ်တာ!"

ဖုန်းယွင်သည် ထိုကိစ္စကို ပြောဖို့ အစပျိုးနေသောကြောင့် မုံ့ချီသည် တုံ့ဆိုင်းမနေဘဲထောင်မုကို "မင်း ဒီကိစ္စကို ဘယ်လိုလုပ်ချင်လဲ?" လို့ မေးလိုက်သည်။

ထိုသို့ကြားသည့်အခါ ဖုန်းယွင်သည် ထောင်မုကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။

ထောင်မုသည် အနည်းငယ် ပြုံးပြီး စားသောက်ရင်း " လော့ယန်မှာ အစ်မတစ်ယောက်ရှိတယ်။ သူက အရည်အချင်းရှိပြီး လော့မိသားစုရဲ့ မဏ္ဍိုင်ဖြစ်ပြီး မိသားစုနဲ့ အစုရှယ်ယာရှင်တွေကအရမ်းတန်ဖိုးထားကြတယ်။ ကျွန်တော်သိရသလောင်ကတော့ လော့ယန်ရဲ့အစ်မက လော့မိသားစုစီးပွားရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူကပဲထိန်းသိမ်းထားတာ။ ဒါပေမယ့် မစ္စတာလော့က လော့ယန်ရဲ့အစ်မကို ဘယ်တုန်းကမှအသိအမှတ်မပြုခဲ့ဘူး။ သူက လော့ယန်ကိုပဲ အမွေဆက်ခံပိုင်ခွင့်ကို လွှဲပြောင်းပေးချင်နေတယ်။ လော့ယန်ရဲ့အစ်မကလည်း အဲ့တာကို သဘောမကျဖူး။ ဒါပေမယ့် လော့ယန်ရဲ့ အားနည်းချက်ကို ရှာမတွေ့သေးလို့နဲ့တူတယ်" နောက်ဆုံးတော့ သူသည် ကုမ္ပဏီတွင် အလုပ်မသွားသည့်အပြင် မိသားစုစီးပွားရေးကို ဂရုမစိုက်ဘဲ အသုံးမဝင်သောလူတစ်ယောက်သာဖြစ်သည်။ မဟုတ်လျှင် သူသည် နေ့တိုင်း ဇာတ်ကွက်ကို သရုပ်ဆောင်ဖို့ ဘယ်လိုအချိန်ရနိုင်မလဲ!

"လော့အဖွဲ့အစည်းက ရှန်ဟိုင်းမှာရှိတဲ့ မြေကွက်တစ်ကွက်ကို လေလံဆွဲချင်နေတယ်။ ဒီလေလံဆွဲတာကို လော့ယန်တာဝန်ယူခွင့်ရဖို့အတွက် မစ္စတာလော့က အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ လော့ယန် လက်ခံလိုက်ရတဲ့ အကြောင်းရင်းကတော့ သူ့အသည်းလေး ရှန်းယွီကို သူဘယ်လောက်တာ်ကြောင်း ပြချင်လို့ပါပဲ။ ပြီးတော့ ရှန်းယွီမှာ ထိပ်တန်းလူတွေ အများကြီးရှိတယ်။ အဲဒီထဲက တစ်ယောက်ကရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကျင့်စရိုက်ရှိတဲ့ ယောင်ဝမ်ရှောင်းပါ။ ဒါကြောင့်မို့ ရှန်ဟိုင်းကို တစ်ယောက်ယောက်ကို လွှတ်ဖို့စီစဉ်ထားပါတယ်။"

"အငြင်းပွားအောင်လုပ်ဖို့ စီစဉ်နေတာလား?" လျှို့ယောင်သည် ထောင်မု၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။

အမျိုးသားများ အထူးသဖြင့် လူငယ်များသည်မနာလိုစိတ်ကြောင့် ဘာလုပ်နိုင်ကြသနည်း? ထောင်မု၏ အစီစဉ်သည် တကယ်ကောင်းပါသည်။ ညစ်ပတ်သည့် အလုပ်များကို တခြားသူများဆီ ပစ်ချပြီး သူသည် နောက်မှပြန်လာပြီးပါဝင်လိုက်ရုံပါပင်။

ဒါတင်မကပါဘူး။ မုံ့ချီသည် အဖိုးအိုအား တိုက်တွန်းဖို့ စဉ်းစားနေခဲ့ပါသည်။

တည်နေရာသည် ရှန်ဟိုင်းမှာ ဖြစ်ပြီး ရှန်းယွီကိုသဘောကျနေသူဆိုသည်မှာ ယောင်မျိုးရိုးဖြစ်သည်။ ဤကလေးသည် ယောင်မိသားစုနှင့် ရန်သူဖြစ်ဖို့ စီစဉ်နေခဲ့သည်။

ထောင်မုသည် နှုတ်ဆိတ်နေသော်လည်း ပြုံးနေသည်။ အမှန်တော့ ထိုအရာသည် ရန်သူဖြစ်ရန် စီစဉ်နေခြင်းမဟုတ်ပါ။ ၎င်းတို့နှစ်ဦးသည် ရန်သူများသာဖြစ်သည်။ အမှန်တော့ သူ့အရင်ဘဝတုန်းက လော့ယန်သည် ယောက်ျားများကို သဘောကျခဲ့ပြီး ထိုအရာကို မစ္စတာလော့ကို ဖွင့်ပြခဲ့သည့် သူမှာ ယောင်ဝမ်ရှောင်းပဲ ဖြစ်သည်။ လော့ယန်ကဲ့သို့သော သူရဲဘောကြောင်သော မစ္စတာလော့သည် ထိုအရာကို မမျှော်လင့်ထားခဲ့သည့်အတွက် ဒေါသထွက်ကာ သေဆုံးသည်အထိဖြစ်သွားတော့သည်။

ဟုတ်ပါသည်။ ထိုအရာသည် ရှန်းယွီကိုရှင်းပြသည့်အခါ ယောင်ဝမ်ရှောင်း၏ တစ်ဖက်သတ်စကားများပင်ဖြစ်သည်။ ဒီလိုရလဒ်မျိုးကို သူမျှော်လင့်ထားခဲ့သည်ဆိုသည်ကို အပြင်လူတစ်ယောက်မှ မသိပါ။

သို့ပေမယ့် ထောင်မုသည် လော့ယန်နှင့် ယောင်ဝမ်ရှောင်းတို့သည် ယန်ရှန်းကို ကိုင်တွယ်ရန် အလားတူနည်းလမ်းကို အသုံးပြုခဲ့သည်ဆိုသည်ကို သူပြန်မှတ်မိခဲ့သည်။ ယန်မိသားစုတွင် မည်သူတစ်ဦးတစ်ယောက်မျှ နှလုံးရောဂါမရှိပါ။ ထို့အပြင် ယန်ရှန်း၏ အရည်အချင်းသည်ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်သည့် လော့ယန်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ သူသည် ကိုယ်ပိုင်ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီကိုပိုင်ဆိုင်ထားသည်။ တစ်နည်းအားဖြင့်ဆိုရသော် ငွေရေးကြေးရေးအရအမှီအခိုကင်းသောသူများသည် ၎င်းတို့၏မိဘများ၏ငွေကိုသုံးစွဲသော ချမ်းသာသောဒုတိယမျိုးဆက်များထက် ပိုမိုဖြောင့်စင်းသောကျောရိုးရှိသည်။

ထို့ကြောင့် ယောင်ဝမ်ရှောင်း၏ နည်းဗျူဟာသည် ယန်ရှန်း ဆုတ်ခွာရန် မအောင်မြင်ခဲ့ပေ။ ထိုအစား ယန်ရှန်းသည် သူ့မိသားစုဆီမှ ထွက်လာခဲ့ရသည်။ ယန်မိသားစု၏ ရပ်တည်ချက်သည် အစပိုင်းတွင်ပြင်းထန်သော်လည်း ယန်ရှန်းသည် ရုပ်ရှင်တစ်ကား၏ တစ်သက်တာအောင်မြင်မှုအတွက်အော်စကာဆုကိုရရှိခဲ့ပြီး အော်စကာဆုပေးပွဲအခမ်းအနားတွင် ကမ္ဘာလုံးဆိုင်ရာပရိသတ်များရှေ့တွင် တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်။

ယန်မိသားစုသည် ရှန်းယွီသည် ရှန်းမိသားစု၏သားအစစ်မဟုတ်သော်လည်း ရှန်းမိသားစုမှ တန်ဖိုးထားကာ ၎င်းတို့၏သွေးသားအစစ်များထက် ပို၍အရေးကြီးကြောင်းကို သိမြင်လိုက်ရသည်။ ထိုအချိန်တွင် ရှန်းယွီသည် ဖျော်ဖြေရေးအသိုင်းအဝန်းတွင် ရှိနေသည့်အပြင် သူ၏ကျော်ကြားမှုသည် ယန်ရှန်းထက် များစွာမနည်းသောကြောင့် နှာခေါင်းကို ညှစ်ကာအဖြစ်မှန်ကို လက်ခံနိုင်ခဲ့သည်။

သို့သော်လည်း ဤအချက်တစ်ခုတည်းမှပင် ရှန်းယွီ၏ မောင်းမဆောင်သည် အမှန်တကယ် စည်းလုံးမှုမရှိဟု ထောင်မု ယုံကြည်ခဲ့သည်။ အရင်ဘဝတွင် သူတို့သည် ဇာတ်အိမ်ဖွဲ့မှုဖြင့် နှိပ်စက်ခံခဲ့ရပြီး လှိုင်းလုံးများကို မဖန်တီးနိုင်ခဲ့ပေ။

ဤဘ၀တွင် ထောင်မုသည် ရှန်းယွီအတွက် မည်သည့်ဒုက္ခမှ တိုက်ရိုက်မပေးခဲ့ဘဲ ရလဒ်အနေဖြင့် ထိုလေးစားသူများကို ပေါင်းစည်းကာလက်တွဲဆက်ဆံရန် အခွင့်အရေးမပေးခဲ့ပေ။ သူသည် မြေကွက်၏ဗဟိုတည်နေရာဖြစ်သော ရှန်ဟိုင်းကိုပင် ရှောင်ရှားခဲ့သည်။

သူ့အား ၎င်းတို့၏ လူထုရန်သူအဖြစ် မရှိဘဲဤအထင်ကြီးသူများ အုပ်စုကြီးသည် မိသားစုကြီးကဲ့သို့ ဟန်ဆောင်၍ လိုက်လျောညီထွေ ပြုမူနေထိုင်နေသည်ကိုသူမြင်ချင်သည်။

ရှန်းယွီနှင့် နီးစပ်ရန် သတ္တိရှိသောလူယုတ်မာအားလုံးကို သတ်ပစ်ရန်ထက် အလိုမရှိသော စိတ်ရောဂါရှိသူ ယောင်ဝမ်ရှောင်းသည် သူ့ခြေသည်းများကို ထိန်းထားနိုင်ပြီး လော့ယန်ကို မထိမခိုက်အောင် လုပ်မလား၊ မလုပ်ဖူးလားဆိုသည်ကို သူသိချင်လှပါသည်?

သေချာပါသည်။ သူတကယ် ထိန်းထားနိုင်ရင်တောင်သူ မကြောက်ပါ။ နောက်ဆုံးတွင် ထောင်မု၏ တည်ရှိမှုသည် လော့ယန်ကို တိုက်ခိုက်အောင် ပြုလုပ်မည်ဖြစ်သည်။

သို့သော် ထိုအရာသည် ထိုလူနှစ်ယောက်ကို နှိုးဆွဖို့မလုံလောက်ပါ။ ထောင်မု လုပ်ရမည့်အရာမှာ ရှန်အန်းအဖွဲ့အစည်းနှင့် လော့အဖွဲ့အစည်း အချင်းချင်းတိုက်ခိုက်ရန် မြေယာလေလံဆွဲခြင်းကို အသုံးပြုခြင်းပင်ဖြစ်သည်။

မဟုတ်ပါက နောင်တွင် ရှန်အန်းအဖွဲ့အစည်းကိုဖြုတ်ချရန် ပိုမိုခက်ခဲမည်ဖြစ်သည်။

***

[Zawgyi]
ျပန္လည္ေမြးဖြားလာေသာ အေျမႇာက္စာဇာတ္ေကာင္ေလး
အပိုင္း ၀၃၇ ။ အျငင္းပြားမႈ မီးစ

ေထာင္မုမ်က္ႏွာမွာ မည္းေမွာင္သြားေတာ့သည္။ သူ Weiboမွာ တင္လိုက္သည္ႏွင့္ သရဲတေစၦမ်ားႏွင့္နတ္ဆိုးေတြမ်ားကို ဆြဲေဆာင္ႏိုင္လိမ့္မည္ဆိုသည္ကို သိထားသည္။ သို႔ေသာ္လည္း ယခုလို အလ်င္အျမန္ေရာက္ရွိလာလိမ့္မယ္လို႔ေတာ့ မထင္ထားခဲ့ေပ။

"အဲ့ဒါက ဘယ္လိုအျပဳအမူလဲ?" ေထာင္မုမွ ႐ြံရွာသြားသည့္ပုံ ျပဳမူလိုက္ေသာအခါ လုံေအာက္ထ်န္းသည္ ခ်က္ခ်င္းပင္ ေပါက္ကြဲသြားသည္ " ငါမင္းကို ေစာင့္ေနတာၾကာလွၿပီ။ မင္းငါ့ကို ေႏြးေထြးစြာနဲ႔ မေပြ႕ဖက္ေပးႏိုင္ဘူးဆိုရင္ေတာင္ အနည္းဆုံးေတာ့ ငါ့ကို ေကာင္းေကာင္းဆက္ဆံေပးလို႔မရဖူးလား? ငါ့ရည္းစားကိုေတာင္ ဒီေလာက္အၾကာႀကီးမေစာင့္ဖူးဘူး!"

အတန္းေဖာ္လုံထ်န္းေအာက္သည္ တကယ္ကို စိတ္မေကာင္းျဖစ္သြားသည္။

"H ၿမိဳ႕မွာ မင္းကို မတ္တပ္ရပ္ေစာင့္ေနခဲ့ရတာကိုလည္း ငါစိတ္မဆိုးပါဘူး။ ေပက်င္းကို ျပန္ေရာက္ေနတာ ရက္ေတာ္ေတာ္ၾကာေနၿပီ ၿပီးေတာ့မင္းဖုန္းနံပါတ္ေျပာင္းထားတာလည္းၾကာလွၿပီ မင္းဘာလို႔ ငါတို႔ကို မေျပာတာလဲ? မင္း ငါတို႔ကိုသူငယ္ခ်င္းလို မသတ္မွတ္ဘူးလား?"

ငါတို႔?

ေထာင္မု မ်က္ခုံးပင့္လိုက္သည္။

အတန္းေဖာ္ လုံထ်န္းေအာက္သည္ "ငါနဲ႔ ရွန္းယြီပဲ မင္းနဲ႔ အဆက္အသြယ္ မရခဲ့တာ ၿပီးေတာ့တစ္ေယာက္ေယာက္က မင္း နံပါတ္ေျပာင္းသြားတယ္ဆိုၿပီး ေျပာေနတာကို ငါတို႔ၾကားခဲ့တယ္။ မင္း လုံးဝ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာလို႔ ငါတို႔ႏွစ္ေယာက္ထင္တယ္။ ငါေျပာမယ္ မင္း ငါတို႔ကို အဲ့ေလာက္ေတာင္မႀကိဳက္ဘူးလား?"

ေထာင္မုသည္ တိုးတိုးေလး ရယ္လိုက္ၿပီး "မင္းနဲ႔ ရွန္းယြီ ဆက္ဆံေရးက တကယ္ေကာင္းတာပဲ"

လုံထ်န္းေအာက္သည္ ခဏေလာက္ ေၾကာင္သြားၿပီး ဤသို႔ရွင္းျပသည္- "ေနာက္ဆုံးအႀကိမ္ မင္းရဲ႕႐ိုက္ကြင္းကို လာလည္တုန္းက သူနဲ႔ေတြ႕ခဲ့တာ။ ၿပီးေတာ့ Weiboအေကာင့္ခ်င္း ဖလွယ္ၾကၿပီး ခဏ စကားစျမည္ေျပာျဖစ္ခဲ့တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မိတ္ေဆြျဖစ္တာေကာင္းတယ္လို႔ ငါထင္တယ္" သူတို႔သည္ ေထာင္မု အေၾကာင္းကိုသာ အမ်ားဆုံး ေျပာျဖစ္ၾကသည္။

ေထာင္မု ၿပဳံးလိုက္ၿပီး "ဟုတ္တယ္၊ မင္းတို႔ႏွစ္ေယာက္ အတူတူေဆာ့တာက ပိုလြယ္တာေပါ့"

လုံထ်န္းေအာက္ : "...." အဲဒါ ဘာကို ဆိုလိုတာလဲ?

လုံထ်န္းေအာက္သည္ ေထာင္မုကို ေဒါသတႀကီးၾကည့္ကာ "စကားလမ္းေၾကာင္းမေျပာင္းနဲ႔။ မင္း ငါတို႔ကို သူငယ္ခ်င္းအျဖစ္ လုံးဝမသတ္မွတ္ဘူးလား?"လို႔ ထပ္ေမးသည္။

ေထာင္မုသည္ မ်က္ေတာင္ခတ္လိုက္ၿပီး သူ႔အမူအရာသည္ ယေန႔ရာသီဥတုကဲ့သို႔ ၾကည္လင္ေနသည္။

လုံထ်န္းေအာက္၏ အမူအရာမွာ ခ်က္ခ်င္းပင္ မည္းေမွာင္သြားေတာ့သည္! ေကာင္းၿပီ သူ႔ကိုယ္သူ ေစာ္ကားခံဖို႔ ဒီကိုမလာသင့္ဘူး။

"သြားၾကရေအာင္"

ေထာင္မုသည္ လုံထ်န္းေအာက္ႏွင့္ စကားေျပာရသည္ စိတ္မဝင္စားေပ။ အဓိကအေၾကာင္းျပခ်က္မွာ ထိုလူသည္ သူ႔အတြက္ အသုံးမဝင္ပါ။

ေထာင္မု သူ႔ေရွ႕မွ ထြက္သြားေတာ့မည္ကို ျမင္လိုက္ရသည့္အခါ လုံထ်န္းေအာက္သည္ စိတ္လႈပ္ရွားၿပီး ေအာ္ေျပာခဲ့သည္ "ေထာင္မု!"

ေထာင္မု မရပ္ခဲ့ေပ။ ထို႔ေနာက္ အေနာက္ကေန လုံထ်န္းေအာက္၏ေအာ္သံကို ၾကားလိုက္ရသည္ "ရွက်ီးရွင္းအင္တာတိန္းမန႔္လက္ေအာက္က အႏုပညာရွင္အားလုံးကို FlyNews မွာအေကာင့္ဖြင့္ခိုင္းလို႔ရတယ္!"

ေထာင္မု ေခတၱရပ္လိုက္ၿပီး သူလွည့္ၾကည့္လိုက္သည္။ သူ႔အၿပဳံးသည္ ေႏြဦးေလေျပကဲ့သို႔ ေႏြးေထြးေနသည္- "မင္းဘာေျပာလိုက္တာလဲ?"

မင္း ဒီလိုမ်က္ႏွာ ျဖစ္မယ္ဆိုတာ ငါသိသားပဲ!

အတန္းေဖာ္ လုံေအာက္ထ်န္းသည္ ေမးေစ့ကို ေကာင္းကင္ကိုပင္ တိုက္မိေတာ့မည့္အထိ ေမာ့ထားၿပီး ႏွာမႈတ္လိုက္သည္ "ငါ့ကိုေတာင္းပန္ပါ!!!"

ေထာင္မုသည္ လုံထ်န္းေအာက္ကိုၾကည့္ကာ လွည့္ထြက္သြားသည္။

"ေဟး ေဟး ေဟး ျပန္လာခဲ့" လုံထ်န္းေအာက္သည္ စိတ္ပ်က္လက္ပ်က္ႏွင့္ေအာ္ေျပာလိုက္သည္ "မင္း ေခြးႏွစ္မွာ ေမြးတယ္နဲ႔တူတယ္! ဒါေၾကာင့္မလို႔ မင္းမ်က္ႏွာအ‌ေျပာင္းအလဲျမန္‌ေနတာ။ ေကာင္းၿပီ၊ မင္းငါ့ကိုေတာင္းပန္စရာ မလိုဘူး။ ဖုန္းနံပါတ္၊ မင္းရဲ႕ဖုန္းနံပါတ္ကိုပဲ ငါ့ကိုေပး။ အဆင္ေျပတယ္မဟုတ္လား?"

"သခင္ေလးလုံ၊ မင္းက အရမ္းယဥ္ေက်းတာပဲ" ေထာင္မုသည္ ေႏြးေထြးစြာ ထပ္ၿပဳံးလိုက္ၿပီး သူ႔ဖုန္းကို ထုတ္လိုက္သည္ "ငါ့ကို မင္းဖုန္းနံပါတ္ေျပာေပးလို႔ရမလား?"

D*mn သူ ဒရာမာဌာနမွာရွိေနတာ မဆန္းပါဘူး။ စာအုပ္တစ္အုပ္ရဲ႕ စာမ်က္ႏွာလွန္ရတာထက္ သူ႔မ်က္ႏွာအေျပာင္းအလဲက ပိုျမန္တယ္။

လုံထ်န္းေအာက္သည္ သူ႔စိတ္ထဲတြင္ ၿငီးတြားေနေသာ္လည္း သူ႔မ်က္ႏွာတြင္ ၎ကို မျပဝံ့ဘဲ သူ၏ဖုန္းနံပါတ္ကိုသာ ေျပာျပလိုက္သည္။

ေထာင္မုသည္ ၎ကို သိမ္းဆည္းၿပီးေနာက္ လုံထ်န္းေအာက္ကို ဖုန္းေခၚလိုက္သည္။ လုံထ်န္းေအာက္သည္ ဖုန္းနံပါတ္ကို တတ္ႏိုင္သမွ် ျမန္ျမန္သိမ္းလိုက္ၿပီး "မင္း အရမ္းလြန္လြန္းတယ္။ မင္းဖုန္းနံပါတ္ေျပာင္းၿပီး ငါ့ကို မေျပာတာကမွ ေတာ္ေသးတယ္။ ဒါေပမယ့္ မင္းက ငါ့ဖုန္းနံပါတ္ကို ဖ်က္ပစ္လိုက္တာ! မင္းဘယ္လိုေတာင္လုပ္ရက္ရတာလဲ?"

ေထာင္မုသည္ ဆက္ၿပီး ႏူးညံ့စြာၿပဳံး၍" ေပက်င္းကိုျပန္ေရာက္တုန္းက ငါ့ဖုန္းက မေတာ္တဆျဖစ္သြားၿပီး အားလုံး ေပ်ာက္သြားတယ္" လိုအပ္ေသာအခါတြင္ ေထာင္မုသည္ အေျခအေနကို ထိန္းသိမ္းႏိုင္ေစမည့္ မုသားစကားကို အားမနာပဲေျပာႏိုင္သည္။

လုံထ်န္းေအာက္သည္ ႏွာမႈတ္လိုက္ၿပီး ထိုစကားတစ္ခြန္းကို ယုံလိုက္သည္!

"ဒါဆို ဒီည ညစာအတူတူစားၾကမလား?" လုံထ်န္းေအာက္သည္ ေထာင္မုကို " ငါ ရွက်ီးရွင္းအင္တာတိန္းမန႔္ကလူေတြကိုလည္း လာခိုင္းလိုက္မယ္။ အႏုပညာရွင္ေတြနဲ႔ FlyNews အေကာင့္စာရင္းသြင္းဖို႔ကိစၥကို တိုင္ပင္လို႔ရတာေပါ့"

"ငါ့မွာ တကယ္အခ်ိန္မရွိလို႔ပါ" ေထာင္မုသည္ လုံထ်န္းေအာက္အား ေတာင္းပန္သည့္အၾကည့္ျဖင့္ ၾကည့္လိုက္ၿပီး "သန္ဘက္ခါ ေန႔လည္ဆိုရင္ေရာဘယ္လိုလဲ? တနလၤာေန႔ျဖစ္မယ္နဲ႔တူတယ္။ မင္းကုမၸဏီနားက ေကာ္ဖီဆိုင္မွာ ေတြ႕ၾကမယ္ေလ"

"အာ... မလိုပါဘူး" လုံထ်န္းေအာက္သည္ သူ႔လက္ကို အလ်င္စလို ေဝွ႔ယမ္းၿပီး ေခါင္းယမ္းလိုက္သည္။ သူသည္ ေထာင္မုႏွင့္ ညစာစားခ်င္႐ုံတင္ပါ။ သူ ကုမၸဏီသို႔မသြားခ်င္ေပ!

"ဒါဆို ဒီလိုဆိုရင္ေရာ။ ဒီကိစၥအတြက္ ငါက အျပည့္အဝတာဝန္ယူေပးမယ္။ ၿပီးေတာ့ ငါေသခ်ာဂ႐ုစိုက္လိုက္ပါ့မယ္။ မင္းအခ်ိန္ရရင္ေတာ့ ေက်းဇူးတင္တဲ့အေနနဲ႔ ငါ့ကို ညစာလိုက္ေကြၽးေပါ့" လုံထ်န္းေအာက္ ထိုသို႔ေျပာလိုက္ရေသာ္လည္း ေထာင္မု ထပ္ၿပီး ထြက္သြားမည္ကို ေၾကာက္ေနခဲ့သည္။ သူသည္ ခ်က္ခ်င္းထပ္ေျပာလိုက္သည္ - "ေနာက္အပတ္၊ မင္းႀကိဳက္တဲ့ေန႔ေ႐ြးလို႔ရတယ္။"

"ဟုတ္ၿပီ" ေထာင္မုသည္ ျပတ္ျပတ္သားသား တုံ႔ျပန္လိုက္သည္ "ဒါဆို ေနာက္တစ္ပတ္ ေသာၾကာ --"

"ေထာင္မု!" လမ္းတစ္ဖက္မွ အသံတစ္ခုထြက္ေပၚလာၿပီး ေထာင္မု စကားေျပာေနသည္ကို ဟန႔္တားလိုက္သည္။

လူတိုင္းလွည့္ၾကည့္လိုက္ေသာအခါ ၿပိဳင္ကားတစ္စီးေပၚမွ ေတာက္ေျပာင္ေနေသာ ၀တ္စုံျဖင့္ ေခ်ာေမာသည့္ ေကာင္ေလးတစ္ေယာက္ ဆင္းလာၿပီး ေထာင္မု ဆီသို႔ ေလွ်ာက္လာသည္- " မင္း ေပက်င္း႐ုပ္ရွင္မွာ ဒီေလာက္ဂ႐ိုက္ထေအာင္ လုပ္လိမ့္မယ္လို႔မထင္ထားဖူး။ ငါ ေမွ်ာ္လင့္ထားသလိုပဲ မင္းလုပ္ႏိုင္မယ္ဆိုတာ ငါသိတယ္။"

"ေလာ့ယန္?" လုံထ်န္းေအာက္သည္ မ်က္ေမွာင္ၾကဳတ္ၿပီး မေက်မနပ္ျဖစ္ေနသည့္ပုံစံျဖင့္ ေထာင္မု ေရွ႕မွရပ္လိုက္ၿပီး "မင္း ဒီမွာ ဘာလုပ္ေနတာလဲ?"

"မင္းနဲ႔ ဘာဆိုင္လို႔လဲ?" ေလာ့ယန္သည္ လုံထ်န္းေအာက္ကို မုန္းတီးေနခဲ့သည္မွာ ထင္ရွားပါသည္။ ထိုသို႔ကိုၾကားေသာအခါ သူသည္ ျပန္ေျပာလိုက္သည္- "မင္းကိစၥမို႔လို႔လား?"

လုံထ်န္းေအာက္သည္ ေထာင္မု၏အခန္းေဖာ္မ်ားေရွ႕မွာ H ၿမိဳ႕တြင္ ေထာင္မုကို ေလာ့ယန္မွ မည္သို႔မည္ပုံအခက္ေတြ႕ေစခဲ့သည္ကို မေဖာ္ျပလိုပါ။ လႈံ႕ေဆာ္မႈတစ္ခုေၾကာင့္ သူသည္ "ဟုတ္တယ္ဒါက ငါ့ကိစၥပဲ။ ငါတို႔က သူငယ္ခ်င္းေကာင္းေတြ။ ငါ့မွာ သူ႔ဖုန္းနံပါတ္ေတာင္ ရွိတယ္!"

လုံထ်န္းေအာက္သည္ စကားေျပာေနရင္းႏွင့္ပင္ ေလာ့ယန္ ေရွ႕တြင္ သူ႔လက္ကိုင္ဖုန္းကို ခါယမ္းလိုက္ၿပီး "မင္းေရာ ဒီမွာ ဘာလုပ္ေနတာလဲ?"

"ငါ ေထာင္မုကိုေတြ႕ဖို႔လာခဲ့တာ" ေလာ့ယန္သည္ ေထာင္မုကို ၿပဳံးၿပဳံးေလးၾကည့္ရင္း "ေနာက္တစ္ပတ္က် မင္းကို ညစာဖိတ္ေကြၽးခ်င္တယ္?"

"မလာႏိုင္ဘူး" ေမွ်ာ္လင့္ထားသည့္အတိုင္း ေထာင္မု၏တုံ႔ျပန္မႈသည္ အလြန္ေအးစက္ေနခဲ့သည္။

ေလာ့ယန္သည္ စိတ္ထဲမထားပဲ သူ႔လက္ကိုဆန႔္ၿပီး ႏွာေခါင္းကိုကုတ္ကာ ေထာင္မုကို ၿပဳံးျပလိုက္သည္ "မင္းငါ့ကို စိတ္ဆိုးေနေသးတာလား? မင္းက ေတာ္ေတာ္ ေဒါသႀကီးတာပဲ။ ငါ မင္းကို အႀကိမ္ႀကိမ္ ေတာင္းပန္ၿပီးၿပီေလ!"

ေထာင္မု ေဘးနားတြင္ အခန္း301၏ အခန္းေဖာ္ သုံးေယာက္သည္ အခ်ိန္အေတာ္ၾကာ တိတ္တဆိတ္ရပ္ေနခဲ့သည္။ ဤအခိုက္အတန႔္တြင္ ေလထုသည္မွားယြင္းေနေၾကာင္း သိလိုက္ရသျဖင့္ "မု၊ သူက ဘယ္သူလဲ? သူ႔ကို သိလား?"

"ငါလူစားထိုးစတန႔္အျဖစ္ သ႐ုပ္ေဆာင္တဲ့အဖြဲ႕မွာ ရင္းႏွီးျမႇဳပ္ႏွံတဲ့သူပါ။" ေထာင္မုသည္ ရည္႐ြယ္ခ်က္ရွိရွိ မိတ္ဆက္ေပးခဲ့သည္။

ေလာ့ယန္သည္ သက္ျပင္းခ်လိုက္ၿပီး ဝမ္းနည္းဟန္ျဖင့္ "မုမု၊ မင္း ဘာလို႔ ငါ့အေပၚဒီေလာက္ေအးစက္ေနရတာလဲ? ငါတို႔က သူငယ္ခ်င္းေတြျဖစ္ခဲ့တယ္မဟုတ္လား? ငါမင္းခ်က္ေကြၽးတဲ့ ၾကက္သားဟင္းေတာင္ စားခဲ့ဖူးတယ္ေလ!"

ေလာ့ယန္သည္ ေျပာေနရင္းႏွင့္ပင္ အခန္းေဖာ္ သုံးေယာက္ကိုလည္း ရင္းႏွီးစြာျဖင့္ ေျပာခဲ့သည္ "ဒါနဲ႔ မင္းတို႔ ေထာင္မု ခ်က္ေကြၽးတာစားဖူးလား? သူခ်က္တာအရမ္းေကာင္းတယ္"

သုံးေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ၿပီး ဘယ္လို တုံ႔ျပန္ရမလဲ မသိေပ။

ေလာ့ယန္၏ေလသံႏွင့္ အေၾကာင္းအရာမ်ားသည္ ေထာင္မုႏွင့္ အလြန္ရင္းႏွီးသည္ဆိုသည့္ အေၾကာင္းေျပာေနမွန္း သူတို႔သိလာၾကသည္။ သို႔ေသာ္လည္း ေထာင္မု၏ သေဘာထားသည္ ေအးစက္လြန္းလွသည္။

လုံထ်န္းေအာက္သည္ အဆင္မေျပသည့္ပုံျဖင့္ ႏွာမႈတ္လိုက္သည္ "ဘာလို႔လဲဆိုေတာ့ မင္းက တကယ္ကို အရွက္မရွိလို႔ပဲ။ ေထာင္မုက မင္းနဲ႔ ဆက္ဆံေရးေကာင္းမွာ မဟုတ္ဘူး။ မင္းမွာ သူ႔ဖုန္းနံပါတ္ရွိလား?"

ေလာ့ယန္ : "..."

ေလာ့ယန္သည္ လုံထ်န္းေအာက္ကို ျပန္တိုက္ခဲ့ပါသည္- "မင္းမွာ အစကတည္းက ရွိထားသလိုပုံစံနဲ႔ လာလုပ္မေနနဲ႔။ ငါေျပာတာမမွားရင္ မင္းလည္းခုနကမွ ရထားတာမဟုတ္လား?"

လုံထ်န္းေအာက္သည္ အားနည္းခ်က္ကို မျပခ်င္သည့္အတြက္ "ဘာပဲျဖစ္ျဖစ္ မင္းမွာမရွိဘူး"

"ငါ အခု ရၿပီေလ။" ေလာ့ယန္သည္ ႏွာမႈတ္လိုက္ၿပီး လုံထ်န္းေအာက္ကို ဖယ္ထုတ္လိုက္ခ်င္‌ေသာ္လည္း သူ႔ေခါင္းလွည့္ကာ ေထာင္မုကို ၿပဳံးျပလိုက္ၿပီး "ငါ့ကို မင္းဖုန္းနံပါတ္အသစ္ ေျပာျပပါ~"

ေထာင္မုသည္ ေလာ့ယန္ကဲ့သို႔လူမ်ားကို ၿငီးေငြ႕ေနခဲ့သည္။ သူသည္ သူ႔ကို နာက်င္ေအာင္ ျပဳလုပ္သည့္အတြက္ သူ႔ကိုအသုံးျပဳမည္ မဟုတ္ေပ။

လုံထ်န္းေအာက္ကို ၾကည့္ေနရင္းႏွင့္ ေလာ့ယန္သည္ အရင္အတိုင္း ေအးစက္ေနဆဲျဖစ္သည့္ေထာင္မု ကို တိတ္တဆိတ္ စိုက္ၾကည့္ရင္း႐ုတ္တရက္ "ဒါနဲ႔ ေရွာင္းဟန္က ေနာက္အပတ္ ျပန္လာေတာ့မယ္။ သူ႔အတြက္ ငါ ဧည့္ခံပြဲလုပ္ေပးမလို႔။ မင္းတို႔ႏွစ္ေယာက္ ဆက္ဆံေရးေကာင္းတာကို ငါမွတ္မိတယ္။ ငါမင္းကို လာခဲ့ဖို႔ဖိတ္ခ်င္တယ္။ မင္းရဲ႕ ဖုန္းနံပါတ္ကို ေျပာျပေလး ေနာက္က် ငါဖုန္းဆက္လိုက္မယ္။"

ေထာင္မု ေခတၱရပ္လိုက္ၿပီး သူ႔ဖုန္းနံပါတ္ကိုေျပာျပလိုက္ကာ " မစၥတာလီ ျပန္လာတဲ့အခါ မင္းငါ့ကို မက္ေဆ့ခ္်ပို႔လို႔ရပါတယ္"

လုံထ်န္းေအာက္သည္ အနည္းဆုံး သူ႔ဖုန္းနံပါတ္ကို ေထာင္မု ကိုယ္တိုင္ သိမ္းဆည္းထားသည္ဟုလွ်ိဳ႕ဝွက္စြာ ေတြးကာ ေလွာင္ေျပာင္ေနခဲ့သည္။ မင္းမွာ ဒီလိုဆက္ဆံတာေတာင္ မရွိဘူး။ ဒါမ်ားမင္းက ေထာင္မုရဲ႕သူငယ္ခ်င္းလို႔ ေျပာရဲတယ္။ ‘ေရွာင္းဟန္’ ကမွ ေထာင္မုရဲ႕ သူငယ္ခ်င္းျဖစ္ႏိုင္ေခ်ရွိေသးတယ္။

မင္းဟာ မင္းသူငယ္ခ်င္းရဲ႕ အက်ႌေတြကို ၀တ္ေနတဲ့ အရွက္မရွိ လူယုတ္မာတစ္ေယာက္ပဲ! မင္းကဘာလို႔ဝံပုေလြႀကီးလို ဟန္ေဆာင္ေနရတာလဲ!”

လုံထ်န္းေအာက္ႏွင့္ ေလာ့ယန္တို႔သည္ အၾကည့္ခ်င္းဖလွယ္ၾကၿပီး ေလထဲတြင္ ေပါက္ကြဲသံမ်ား ထြက္ေပၚလာသည္။ ခဏအၾကာတြင္ သူတို႔သည္ စိတ္ပ်က္လက္ပ်က္ျဖင့္ ေခါင္းကိုလွည့္လိုက္သည္။

ေလာ့ယန္သည္ ေထာင္မုမွ သူ႔အား အေကာင္းမျမင္ေသးေၾကာင္း ေကာင္းေကာင္းသိသည္။ သူထိုသို႔ဆက္လုပ္ေနလွ်င္ ပိုၿပီးဆိုး႐ြားသြားႏိုင္သည္။ သူသည္ ေထာင္မုကို ေတြးရင္းၾကည့္ေန၏။ အတန္ၾကာေအာင္ စဥ္းစားၿပီးေနာက္တြင္ သူသည္ ဂုဏ္သိကၡာရွိစြာျဖင့္ ထြက္ခြာသြားရန္ဆုံးျဖတ္ခဲ့သည္။

လုံထ်န္းေအာက္သည္ ေထာင္မု၏ေဘးတြင္ ရပ္ကာ ေလာ့ယန္ထြက္သြားသည္ကို ၾကည့္ရင္း သူ႔မ်က္ႏွာေပၚတြင္ ၾကည္ႏူးေနသည့္အမူအရာျဖင့္ ရပ္ေနသည္။ထို႔ေနာက္ သူသည္ ေထာင္မုဘက္လွည့္ၿပီး "ဒီလိုလူက တကယ္အရွက္မရွိတာပဲဟုတ္တယ္မလား?"

ေထာင္မုသည္ အတန္းေဖာ္လုံေအာက္ထ်န္းကိုေအးစက္စြာၾကည့္လိုက္သည့္အခါ သူ႔ပုံစံသည္ အၿမီးလႈပ္ေနၿပီး အတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနသလိုျဖစ္‌ေနသည့္အတြက္ "မင္းအရင္ျပန္ႏွင့္လိုက္ပါ ေနာက္ေသာၾကာေန႔ညက် ေတြ႕ၾကမယ္"လို႔ ေျပာလိုက္သည္။

"ဝူ!" လုံထ်န္းေအာက္သည္ သူ႔အၿမီးကို မေက်မနပ္ႏွင့္ လႈပ္လိုက္ၿပီး အင္တင္တင္ျဖင့္ ေျပာသည္ "ဒါဆို ငါအရင္ျပန္ေတာ့မယ္။ ရွက်ီးရွင္းရဲ႕ အႏုပညာရွင္ေတြကို FlyNewsအေကာင့္အတြက္ အျမန္ဆုံး စာရင္းသြင္းဖို႔ ေျပာလိုက္မယ္။ ၿပီးရင္ ငါ မင္းကို အေၾကာင္းျပန္လိုက္မယ္။"

လုံထ်န္းေအာက္သည္ ထိုစကားတြင္ နည္နည္းထပ္ၿပီးေျပာခ်င္ေသးသည္။ သူ႔အထင္ သူထိုသို႔ေျပာလိုက္လွ်င္ သူသည္ စီးပြားေရးကို အေၾကာင္းျပဳၿပီး ေထာင္မုႏွင့္ ဆက္သြယ္လို႔ရမည္။ ထိုအခါ ေထာင္မုလည္း လ်စ္လ်ဴရႈမည္မဟုတ္ေပ။

ေထာင္မု၏ တုံ႔ျပန္မႈသည္ သူ႔လက္ေဝွ႔ယမ္း႐ုံမွ်သာျဖစ္ၿပီး သူ႔မ်က္ႏွာေပၚတြင္ ယဥ္ေက်းေသာအၿပဳံးျဖင့္ "လမ္းမွာ ဂ႐ုစိုက္ပါ"

လုံထ်န္းေအာက္၏ နားထဲတြင္ ထိုစကားသည္ "မင္း ျမန္ျမန္ လစ္လိုက္ေတာ့" အျဖစ္သို႔ေျပာင္းလဲသြားသည္။

အတန္းေဖာ္လုံေအာက္ထ်န္းသည္ စိတ္မေကာင္းျဖစ္ၿပီး သူ႔စိတ္ထဲတြင္ ေအာ္ဟစ္သံမ်ား ထြက္ေပၚေနသည္။ သူအရင္က တြန႔္ဆုတ္ဖူးျခင္းမရွိေသာ္လည္း ယခု ေထာင္မုကိုေတြ႕သည့္အခါ တြန႔္ဆုတ္လ်က္ရွိသည္။ ေသခ်သေလာက္ပါပဲ။ အဲ့ဒီအခ်ိန္မွာ သူကုမၸဏီမွ အ႐ူးမ်ား စကားကိုနားမေထာင္သင့္ဘဲ ေထာင္မု၏အခန္းက႑ကို လႊဲေျပာင္းမယူခဲ့သင့္ေပ။

သို႔ေသာ္ ေနာက္တစ္ခါ ျပန္စဥ္းစားၾကည့္သည္။ တကယ္လို႔ သူသာ ေထာင္မု၏ ဇာတ္ေကာင္ကိုမယူခဲ့လွ်င္ ေထာင္မုႏွင့္ ေတြ႕မည္ မဟုတ္ပါ။ ထို႔ေနာက္ ဒီလိုမ်ိဳးေတြလည္း ရွိလာမွာမဟုတ္ပါ! ဒါက တကယ္ကို ကြဲျပားလြန္းတယ္!

လြမ္းေဆြးေနေသာ အတန္းေဖာ္လုံေအာက္ထ်န္းသည္ ေထာင္မုအား ႏႈတ္ဆက္ရန္ သူ႔လက္ကို ေဝွ႔ယမ္းကာ လီဗာကိုနင္းကာ ထြက္သြားေတာ့သည္။

အခန္းေဖာ္သုံးေယာက္သည္ ေလထဲမွာ က်န္ခဲ့သည့္ ကားအိတ္ေဇာမွ အေငြ႕မ်ားကို ၾကည့္ၿပီး ေထာင္မုကိုေသေသခ်ာခ်ာေမးသည္ "မင္း သူတို႔ကိုမႀကိဳက္ဘူးလား?"

ေထာင္မုသည္ H ၿမိဳ႕အေၾကာင္းကို ထုတ္ေဖာ္မေျပာခ်င္ခဲ့ပါ။ သို႔ေသာ္ သူသည္ အခန္း 301 ကို တစ္လခြဲေလာက္သာ သိထားေသာ္လည္း သူ၏ သူငယ္ခ်င္းမ်ားကို ဖုံးကြယ္မထားခ်င္ခဲ့ေပ။ သို႔ေပမဲ့ စ႐ိုက္၊ ကိုယ္ရည္ကိုယ္ေသြး ဒါမွမဟုတ္ တျခားရႈေထာင့္ကပဲျဖစ္ျဖစ္ ၾကည့္လွ်င္ ေထာင္မုသည္ သူ႔အခန္းေဖာ္သုံးေယာက္ကို အရမ္းေက်နပ္မိပါသည္။

နက္ရႈိင္းေသာ ခင္မင္ရင္းႏွီးမႈကို ေမြးျမဴလိုေသာေၾကာင့္ ေထာင္မုသည္ အမွန္ကို မဖုံးကြယ္ေတာ့ဘဲ "ငါ သူတို႔ကို သိပ္သေဘာမက်ဘူး။ ဒီလူႏွစ္ေယာက္က ခ်မ္းသာတဲ့ မိဘေတြကေန ေမြးဖြားလာၿပီး အေပ်ာ္အပါးပဲသိၾကတဲ့ဟာေတြ။ ငါတို႔ သာမန္လူေတြက သူတို႔နဲ႔ ကစားဖို႔ မတတ္ႏိုင္ဘူး"

ေနာက္ဆုံးေတာ့ သူတို႔သည္ ဇာတ္ကြက္ေနာက္ကို လိုက္ၾကရသည္။ သို႔ေပမယ့္ သူ႔ကိုယ္ပိုင္လုပ္ငန္းကိုပဲ အာ႐ုံစိုက္ခ်င္ခဲ့သည္။

အခန္းေဖာ္သုံးေယာက္သည္ ေခါင္းညိတ္ျပၿပီးေတြးၾကည့္သည္။ အခုေလးတင္ လုံထ်န္းေအာက္ႏွင့္ ေလာ့ယန္တို႔၏ ေမာက္မာစြာ ျပဳမူခဲ့ၾကပုံကို လူတိုင္း ျမင္ခဲ့ၾကရသည္။ ေထာင္မု၏ စိတ္ေနစိတ္ထားႏွင့္သာဆို ဤလူကို မႀကိဳက္သည္မွာပုံမွန္ပဲျဖစ္သည္။ သူတို႔လည္း မႀကိဳက္ေပ။

"ဒါေပါ့" ေထာင္မုသည္ တစ္စုံတစ္ခုကို သတိရလိုက္သည္ "ငါဒီည အိပ္ေဆာင္ကို မျပန္ေတာ့ဘူး၊ ငါတို႔ အဘိုးႀကီးကို ျပန္ၾကည့္ရမယ္"

ေထာင္မုသည္ အပတ္တိုင္း စုန႔္ေတာက္က်န႔္ကို ျပန္လာၾကည့္မည္ဟု ကတိေပးထားပါသည္။ ၿပီးခဲ့သည့္ အပတ္က စစ္ေရးေလ့က်င့္မႈ စတင္ခဲ့ျခင္းေၾကာင့္ ေထာင္မု မသြားျဖစ္ခဲ့ေပ။ သို႔ေသာ္ ဒီတစ္ပတ္ေတာ့ သူျပန္ရမည္။ ထို႔အျပင္ ဖုန္းယြင္ႏွင့္လည္း ေဆြးေႏြးရအုံးမည္။

က်န္သုံးေယာက္သည္ ေခါင္းညိတ္ျပသည္။ အၿမဲ သတိထားလ်က္ရွိသည့္ ခ်ဴေဆြ႕အန္းသည္ "ဒါနဲ႔ ငါခုေလးတင္မွ ေတြ႕လိုက္တာ အတန္းေဖာ္တခ်ိဳ႕က အြန္လိုင္းမက္ေဆ့ခ်္ကေန ေျပာလာၾကတယ္။ သူတို႔က ငါတို႔ေက်ာင္းရဲ႕ အလွေလးနဲ႔ကိုလူေခ်ာၿပိဳင္ပြဲမွာ တျခားေကာလိပ္နဲ႔ တကၠသိုလ္က ေကာင္မေလးပုံေတြေရာ ထည့္ထားတယ္တဲ့။ မိန္းကေလးအမ်ားစုကေတာ့ ယန္႐ုပ္ရွင္ကပဲ။ သူတို႔က ဘယ္လိုသေဘာရလဲလို႔ ေမးထားတယ္?"

"FlyNews အတြက္ မွတ္ပုံတင္ျခင္းကို အစက လူတိုင္းအတြက္ ဖြင့္ထား ေပးခဲ့တာ" ေထာင္မုသည္ ဂ႐ုမစိုက္သည့္ ပုံစံျဖင့္ "ဒါက ငါ့ရဲ႕ ေပါ့ဆမႈပဲ ေနာက္မွ ျပင္လိုက္မယ္"

ေထာင္မုသည္ ထိုသို႔ေျပာေနေသာ္လည္း သူသည္ ဘယ္ေသာအခါမွ ေပါ့ဆတတ္သည့္ လူမ်ိဳးမဟုတ္ေပ။ သူသည္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ေပက်င္း႐ုပ္ရွင္၊ ယန္႐ုပ္ရွင္၊ အျခားျပည္တြင္း႐ုပ္ရွင္ႏွင့္ ဒရာမာေကာလိပ္မ်ားတြင္ ၿပိဳင္ဆိုင္မႈမ်ား ျမႇင့္တင္ရန္ အခြင့္ေကာင္းကို ရယူလိုခဲ့သည္။ ၿပိဳင္ဆိုင္မႈတြင္ လူမ်ားပိုမိုပါဝင္လာသေ႐ြ႕ ၎တို႔သည္ ၎တို႔အတြက္ မဲမ်ားရရွိရန္ FlyNews တြင္ စာရင္းသြင္းရန္ လူပိုမ်ားလာမည္ျဖစ္သည္။

ေထာင္မုသည္ စီးပြားေရးသမားျဖစ္သည္။ ဟုတ္ပါသည္။ ဝက္ဘ္ဆိုက္ဒ္မွာ စာရင္းသြင္းအသုံးျပဳသူ မ်ားေလေလ၊ပိုေကာင္းေလျဖစ္ၿပီး အသြားအလာ အေရအတြက္ မ်ားေလေလ ပိုေကာင္းေလေလဟုေမွ်ာ္လင့္ပါသည္။ သို႔ေသာ္ထိုသို႔တြက္ခ်က္မႈမ်ိဳးကို ထုတ္ေျပာဖို႔မလြယ္ပါ။

ေထာင္မုသည္ သူ႔သူငယ္ခ်င္းမ်ားေရွ႕တြင္ သူ႔အေတြးမ်ားကို ဖုံးကြယ္မထားခ်င္ေသာေၾကာင့္ သူတို႔သုံးေယာက္သည္ သူ၏တြက္ခ်က္မႈေလးမ်ားကို သဘာဝက်က်ျမင္ႏိုင္ေလသည္။ ဝမ္ေပါင္သည္ ၿပဳံးၿပီး ေထာင္မုကိုပုတ္လိုက္ၿပီး တုခမ္းသည္လည္း "စိတ္ထဲမထားပါနဲ႔ အာ့တာက ေကာင္းမယ္ထင္တယ္။ သူတို႔ေျပာသလိုသာဆို ေအာင္ျမင္မႈေတြ ရလာႏိုင္တယ္။ ဒီအခြင့္အေရးကို ပိုႀကီးေအာင္လုပ္ၿပီး ေပက်င္းကေက်ာင္းအားလုံးအတြက္ၿပိဳင္ဆိုင္မႈေတြ ဒါမွမဟုတ္ ေက်ာင္းအလွမယ္ၿပိဳင္ပြဲေတြအတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ၿပိဳင္ပြဲတစ္ခုအျဖစ္ လုပ္လိုက္ၾကရေအာင္။ တ႐ုတ္ႏိုင္ငံမွာ အေခ်ာဆုံးနဲ႔ အလွဆုံးေကာလိပ္ေက်ာင္းသား၊‌ေက်ာင္းသူက ဘယ္သူျဖစ္မလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္"

ေမွ်ာ္လင့္ထားသည့္အတိုင္း အမ်ိဳးမ်ိဳးေသာရႈိးမ်ားတြင္ ပါဝင္ၿပီး ေဖ်ာ္ေျဖေရးအဝန္းအဝိုင္းအတြင္း ေသြးထြက္သံယို မုန္တိုင္းကို တြန္းလွန္ႏိုင္သည့္ အေကာင္းဆုံး ဒါ႐ိုက္တာတစ္ဦးပါပင္။ ထိုကိစၥမ်ားတြင္ တုခမ္း၏ အသိဉာဏ္သည္ အျခားသူမ်ားထက္ သာလြန္သည္။

ေထာင္မုသည္ သူ႔ကို စိတ္ဝင္တစား ၾကည့္လိုက္သည္ " မင္းေျပာတာက ႏိုင္ငံအဆင့္ေက်ာင္းအလွေလးနဲ႔ေက်ာင္းလူေခ်ာအတြက္ပါ ငါတို႔မဲေပးသင့္တယ္လို႔ ေျပာတာလား?"

"ႏိုင္ငံအဆင့္ေက်ာင္းအလွေလးနဲ႔ေက်ာင္းလူေခ်ာ!" တုခမ္း ထိုအရာကို ေတြးၾကည့္လိုက္သည့္အခါ ထိုေခါင္းစဥ္သည္ ေတာ္ေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းသည္- "ဟုတ္ၿပီ ဘာပဲျဖစ္ျဖစ္ လူမ်ားေလေလ၊ ပိုစည္ကားေလေလပဲ"

သူစကားေျပာေနရင္းႏွင့္ပင္ တုခမ္းသည္ ေထာင္မုကို မ်က္စိတစ္ဖက္မွိတ္ျပလိုက္ၿပီး "မင္းလည္း ဒီထက္ပိုၿပီး စည္ကားေစခ်င္တာမဟုတ္ဘူးလား?"

ေထာင္မုသည္ ႏႈတ္ဆိတ္ေနေသာ္လည္း ၿပဳံးေနခဲ့သည္။ သို႔ေသာ္ သူျပန္သြားၿပီးေနာက္တြင္ ေကာလိပ္ႏွင့္ တကၠသိုလ္အသီးသီး၏ ေက်ာင္းအလွေလးနဲ႔ေက်ာင္းလူေခ်ာအတြက္မဲေပးျခင္းဆိုင္ရာ က႑မ်ားကို ခြဲျခားရန္ အေျပာင္းအလဲအခ်ိဳ႕ ျပဳလုပ္ခဲ့သည္။ ထိုသို႔ ေျပာင္းလဲျခင္းသည္ ေနာက္သုံးရက္ေလာက္ၾကာမွ ေျပာင္းလဲသြားသည္။ လြန္ခဲ့သည့္သုံးရက္အတြင္း ေပက်င္းရွိ အထင္ကရေကာလိပ္ႏွင့္တကၠသိုလ္မ်ား အထူးသျဖင့္ ေပက်င္း႐ုပ္ရွင္ႏွင့္ ယန္႐ုပ္ရွင္မွ ေက်ာင္းသားမ်ားသည္ မဲေပးျခင္းလုပ္ငန္းစဥ္အတြင္း တမင္သက္သက္ျဖစ္ေစ မရည္႐ြယ္ဘဲျဖစ္ေစ အင္တာနက္အသုံးျပဳသူအခ်ိဳ႕ကို လႈံ႕ေဆာ္ေပးလိမ့္မည္ျဖစ္သည္။ အားလုံးသည္မက္ေဆ့ခ်္ဧရိယာထဲတြင္ ေႂကြးေၾကာ္သံမ်ားထြက္လာၿပီး အတန္းေဖာ္မ်ားကို ေပက်င္းေက်ာင္းအားလုံး၏ ေက်ာင္းအလွေလးနဲ႔ေက်ာင္းလူေခ်ာရရွိေစရန္ အားလုံးကို မဲေပးၾကဖို႔တိုက္တြန္းလိုက္ပါသည္။

ဤၿပိဳင္ပြဲသည္ မၾကာမီတြင္ က်ယ္ျပန႔္လာၿပီး ေပက်င္း႐ုပ္ရွင္ႏွင့္ ယန္႐ုပ္ရွင္မွ ဘြဲ႕ရခဲ့ၾကေသာ စီနီယာအကို အစ္မမ်ားတို႔ပင္ပါဝင္ခဲ့သည္။ အသိုင္းအဝိုင္းအတြင္း အေတာ္ေလးနာမည္ႀကီးေသာ ဤ A-list ႐ုပ္ရွင္ ဧကရာဇ္မ်ားႏွင့္ ဧကရီမ်ားသည္ ဆိုင္းဘုတ္ကို က်ားအေရခြံကဲ့သို႔ ေဝွ႔ယမ္းၿပီး၎တို႔၏ ေက်ာင္းေနဖက္မ်ားကို ႏိုးေဆာ္ခဲ့ၾကသည္ (လူတခ်ိဳ႕၏ဂုဏ္သိကၡာအတြက္ အုပ္စုလိုက္ငွားျခင္း) ထို႔အျပင္ A-list ၾကယ္ပြင့္မ်ား၏ ပရိသတ္မ်ား၊ ဖရဲသီးစားသည့္ အင္တာနက္သုံးစြဲသူမ်ားပင္လွ်င္ သူတို႔၏ အိုင္ေဒါလ္မ်ားကိုမဲေပးရန္ FlyNewsအေကာင့္တြင္ စာရင္းသြင္းထားပါေသးသည္။ ေနာက္ဆုံးတြင္၎သည္ ေဖ်ာ္ေျဖေရးအဝန္းအဝိုင္းရွိ အမ်ိဳးသမီးအိုင္ေဒါလ္ႏွင့္ အမ်ိဳးသားအိုင္ေဒါလ္မ်ားအတြက္ ေ႐ြးခ်ယ္မႈအျဖစ္ ေျပာင္းလဲလာသည္။ ဘုရင္ႀကီးေလးပါး၊ မိဖုရားေလးပါး၊ တစ္ႏွစ္တာ၏ အေကာင္းဆုံး အသစ္၀င္ေရာက္လာသူကေတာ့.......

သို႔ေသာ္ ထိုအရာေတြအကုန္လုံးသည္ ေနာက္က်မွျဖစ္လိမ့္မည္။

ညေနပိုင္း စစ္ေရးေလ့က်င့္မႈအၿပီးတြင္ ေထာင္မုသည္ အထုပ္ထုပ္ၿပီး မိဘမဲ့ေဂဟာသို႔ ျပန္ရန္ ျပင္ဆင္သည္။

ထိုအေၾကာင္းသိထားသည့္ လွ်ိဳ႕ေယာင္သည္ သူ၏ Grand Cherokee ကားျဖင့္ ေထာင္မုကို ေက်ာင္းတံခါးမွာ လာႀကိဳေနခဲ့သည္။ သူ႔ေဘးနားရွိ ခုံ‌တြင္ မုံ႔ခ်ီ ထိုင္လ်က္ရွိသည္။

ေထာင္မုသည္ ကားေနာက္ခန္းသို႔ ၀င္လာၿပီးေနာက္ အစ္ကိုေယာင္ႏွင့္ အစ္ကိုေရွာင္ခ်ီတို႔ကို ၿပဳံးျပႏႈတ္ဆက္သည္။ အာ႐ုံေျပာင္းရန္အတြက္ေခါင္းစဥ္ကို သူ၏ကိုယ္ပိုင္ FlyNews ဝက္ဘ္ဆိုက္သို႔ တိုက္႐ိုက္ဆြဲယူခဲ့သည္။

မုံ႔ခ်ီသည္ ၿပဳံးၿပီးေျပာသည္ " အဲ့ဒါကို မင္းအစ္ကိုေယာင္နဲ႔အတူေတြ႕လိုက္တယ္။ မင္းရဲ႕ Weibo ကိုလိုက္ၾကည့္ၿပီးေတာ့ ေတာက္ေလ်ာက္၀င္လိုက္တာ။ FlyNews အေကာင့္ကိုလည္း မွတ္ပုံတင္ထားတယ္။ ငါေျပာမယ္ မင္းေက်ာင္းတက္တာ ရက္ပိုင္းပဲရွိေသးတာကို ဒီလိုပြက္ေလာ႐ိုက္ေအာင္လုပ္လိုက္ေတာ့ မင္းဆရာမ မင္းကိုရွာမေနဖူးလား?"

"အခုထိေတာ့ မရွာေသးဘူး။" ေထာင္မု ရယ္ေမာလိုက္ရင္း "ဒီေန႔က စေနေန႔ဆိုေတာ့ ကြၽန္ေတာ့္ကို သူတို႔တနလၤာေန႔မွာ ေတြ႕ဖို႔ေခၚလိမ့္မယ္ထင္တယ္ "

ကားေမာင္းေနသည့္ လွ်ိဳ႕ေယာင္သည္ သူ႔လက္ေခ်ာင္းမ်ားကိုသာ ဆုပ္ထားၿပီး ဘာမွ မေျပာပါ။

ထိုအရာကိုျမင္ေသာအခါ မုံ႔ခ်ီသည္ ၿပဳံးၿပီး "မင္းအကူညီလိုေသးလား? ေစာေစာေျပာေနာ္ မဟုတ္ရင္ မင္းအစ္ကိုေယာင္ေဒါသထြက္လိမ့္မယ္"

လွ်ိဳ႕ေယာင္သည္ မုံ႔ခ်ီကို စိုက္ၾကည့္ၿပီး ႏွာမႈတ္လိုက္သည္။ သူသည္ စကားတစ္ခြန္းမွ မေျပာေသးပဲ tsundereနဲ႔ပင္တူသည္။

ေထာင္မုသည္ လည္ပင္းကို ကုတ္လိုက္ၿပီး "တကယ္ေတာ့ တစ္ခုေတာ့ရွိတယ္။ ကြၽန္ေတာ္ ႐ုံးခန္းအျမန္ဆုံးငွားခ်င္ပါတယ္၊ တည္ေနရာက တကၠသိုလ္နဲ႔နီးတဲ့ ေနရာျဖစ္ရမယ္။ ေနာက္က် ပ႐ိုဂရမ္မာသမားေတြနဲ႔ တျခားဝန္ထမ္းေတြ ေခၚယူတာက ကြၽန္ေတာ့္အတြက္ ပိုအဆင္ေျပလိမ့္မယ္။"

မုံ႔ခ်ီသည္ "လုပ္ငန္းလိုင္စင္ေတြက ဘယ္လိုလဲ? ကြန္ပ်ဴတာ ဆာဗာေတြေရာ။ အခု ေပက်င္း႐ုပ္ရွင္ရဲ႕ ေက်ာင္းဆာဗာကို သုံးေနတာလား? အခု အဆင္ေျပေပမယ့္ အသုံးျပဳတဲ့သူအသြားအလာ မ်ားလာတဲ့အခါ သူတို႔က မင္းကို သုံးခြင့္ေပးပါ့မလား?"

"အဲဒါအတြက္ ကြၽန္ေတာ္ျပင္ဆင္ထားၿပီးပါၿပီ။" ေထာင္မုသည္ ဝက္ဘ္ဆိုက္ဒ္၏ အရင္းအျမစ္ကုဒ္ကို ပထမဆုံးေလ့လာေသာအခါတြင္ ဖုန္းယြင္သည္ သူ႔ကို ကူညီေပးမည့္အေၾကာင္း ေျပာခဲ့ပါသည္။ သူေတြ႕သည့္စီးပြားေရး ေအးဂ်င့္သည္ ေဒၚလာ ရာဂဏန္းႏွင့္သာ လိုအပ္သည့္ လုပ္ငန္းစဥ္မ်ားကို ၿပီးေအာင္လုပ္ႏိုင္သည္။ ဆာဗာအတြက္ သူသည္ ေအာ္ပေရတာကိုလည္း ႀကိဳတင္ဆက္သြယ္ၿပီး အငွားစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့သည္။

ေထာင္မုသည္ ၎ကို လအနည္းငယ္ၾကာေအာင္ထိန္းထားရန္ စီစဥ္ထားၿပီး ၎၏ေငြမ်ားကိုႏွစ္ကုန္တြင္ ႏိုင္ငံတကာေရနံအနာဂတ္ေဈးကြက္မွ ထုတ္ယူသည့္အခါတြင္ ၎၏ကိုယ္ပိုင္ဆာဗာကို ဝယ္ယူမည္ျဖစ္သည္။

ထို႔ေၾကာင့္ ယခုအခ်ိန္အထိ တစ္ခုတည္းေသာ ျပႆနာက ႐ုံးတည္ေနရာပါပဲ။ အဓိကအေၾကာင္းအရင္းမွာ ဖုန္းယြင္ သည္ ထိုကိစၥမ်ားႏွင့္ မရင္းႏွီးသည့္အျပင္ ေထာင္မုသည္လည္း ကိုယ္တိုင္ လွည့္ၾကည့္ဖို႔ အခ်ိန္မရွိလို႔ပါပင္။ ေနရာၾကည့္ရန္ အိမ္ၿခံေျမအက်ိဳးေဆာင္ကို ဆက္သြယ္ဖို႔ပင္ အခ်ိန္မရွိခဲ့ပါ။ ထိုသို႔ေတြးၿပီးေနာက္ အစ္ကိုေယာင္ႏွင့္ အစ္ကိုေရွာင္ခ်ီတို႔ကို သူ႔အား ကူရွာေပးရန္ေတာင္းဆိုခဲ့သည္။

ထို႔ေၾကာင့္ သူသည္ ၎တို႔အား ေပါ့ပ်က္ပ်က္ ေတာင္းဆိုခဲ့ျခင္း မဟုတ္ေပ။

ေထာင္မု၏ရွင္းျပခ်က္ကို နားေထာင္ရင္း လွ်ိဳ႕ေယာင္သည္ ဤတစ္ႀကိမ္တြင္ စိတ္အေႏွာင့္အယွက္မျဖစ္ေအာင္ ရပ္တန႔္လိုက္ၿပီး "တျခား႐ုံးေတြရွာဖို႔ ဘာလို႔လိုေသးတာလဲ? မင္းအစ္ကိုေရွာင္ခ်ီရဲ႕အိမ္က က်ယ္ဝန္းၿပီး ပတ္ဝန္းက်င္ကလည္း မဆိုးဘူးဟုတ္တယ္မလား?"

မုံ႔ခ်ီသည္ ေခါင္းညိတ္ျပကာ သေဘာတူေနသည္။

ေထာင္မု သည္ ေခါင္းခါၿပီး ျပတ္ျပတ္သားသားေျပာသည္ "အဲဒါ မေကာင္းဘူး။ အိမ္နဲ႔႐ုံးက ခြဲထားရမယ္။ အစ္ကိုေရွာင္ခ်ီရဲ႕ အိမ္မွာ လုပ္ေဖာ္ကိုင္ဖက္ေတြ တစ္ေန႔လုံး လွည့္ပတ္လုပ္ေနမွာ မႀကိဳက္ဖူး"

လွ်ိဳ႕ေယာင္ႏွင့္ မုံ႔ခ်ီတို႔သည္ တစ္ခ်ိန္တည္းတြင္ ထိတ္လန႔္သြားၾကသည္။ ထိုကေလးသည္ အရင္လို စည္းထားထားတုန္းပါပင္။ အတြင္းလူကို အျပင္လူမ်ားႏွင့္ ျပတ္ျပတ္သားသား ခြဲျခားသိျမင္ႏိုင္ေသာ မ်ဥ္းတစ္ေၾကာင္းဆြဲထားသည္။ အဓိကအားျဖင့္ သူတို႔ႏွစ္ေယာက္လုံးသည္ လိုင္းထဲမွာပဲရွိပါသည္။

မုံ႔ခ်ီသည္ ႐ုတ္တရက္ဝမ္းသာသြားသလိုခံစားလိုက္ရပါသည္။

မုံ႔ခ်ီသည္ ၿပဳံးလိုက္ၿပီး "ဟုတ္ပါၿပီ ငါတို႔မင္းေျပာတဲ့အတိုင္းပဲ တျခားေနရာကို ရွာၾကတာေပါ့"

Grand Cherokee သည္ ဟို႔ဟိုင္သို႔ ေမာင္းႏွင္လာၿပီး မိဘမဲ့ေဂဟာအဝင္ဝတြင္ ရပ္လိုက္သည္။ ေထာင္မုသည္ သူ႔အစ္ကိုေယာင္ႏွင့္ အစ္ကိုေရွာင္ခ်ီကို အရင္ေခၚလိုက္ၿပီး စုန႔္က်ီရွိ အဖိုးႀကီးကို ေတြ႕ရန္ ၀င္သြားလိုက္သည္။

ဖုန္းႀကိဳဆက္ထားေသာေၾကာင့္ စုန႔္ေတာက္က်န႔္သည္ ညစာကို ျပင္ဆင္ထားခဲ့သည္။ အားလုံးသည္ ေထာင္မု အႀကိဳက္မ်ားပင္ ျဖစ္သည္။ သူသည္ ေထာင္မုမွ ကိစၥတစ္ခုေဆြးေႏြးမည္ကို သိ‌ေသာေၾကာင့္ ဆိုင္ထဲမွ အလုပ္သမားမ်ားကို ေစာေစာစီးစီးျပန္ခိုင္းလိုက္သည္။

ေထာင္မုေနာက္မွ လိုက္လာေသာအၿမီးႏွစ္ေခ်ာင္းကို ေတြ႕လိုက္ရသည့္ အခိုက္အတန႔္တြင္ အဖိုးအိုသည္ ဘာမွမေျပာဘဲ ႏွာမႈတ္လိုက္သည္။

လွ်ိဳ႕ေယာင္ႏွင့္ စုန႔္ေတာက္က်န႔္တို႔ တစ္ေယာက္ကိုတစ္ေယာက္မတည့္ခဲ့သည္မွာ တစ္ႏွစ္ႏွစ္ႏွစ္ေလာက္ရွိၿပီျဖစ္သည္။ ထို႔ေၾကာင့္ ထိုကိစၥႏွင့္ ပတ္သတ္ၿပီး စိတ္ထဲမထားေတာ့ေပ။ အားလုံးသည္လက္ေဆးၿပီး ထမင္းစားဖို႔ ထိုင္လိုက္ၾကသည္။ ဘယ္လိုပဲျဖစ္ျဖစ္ အဖိုးႀကီးစုန႔္သည္ ဘယ္ေလာက္ပဲ ေခါင္းမာၿပီး ေဖာ္ေ႐ြစြာ မျပဳမူေနပါေစ သူ၏ ဟင္းခ်က္ကြၽမ္းက်င္မႈသည္ အေကာင္းဆုံးပါပင္။

မိဘမဲ့ေဂဟာ၏တံခါးမွာေစာင့္ေနသည့္ ဖုန္းယြင္သည္ လွ်ိဳ႕ေယာင္၏ကားကိုျမင္ၿပီး သူတို႔ေနာက္ကို အလ်င္အျမန္လိုက္လာသည္ "မုေကာ၊ အစ္ကိုေယာင္၊ အစ္ကိုခ်ီ၊ အဖိုး"လို႔ ႏႈတ္ဆက္လိုက္သည္။

"ယို!" လွ်ိဳ႕ေယာင္သည္ ဖုန္းယြင္ကိုတအံ့တၾသၾကည့္ကာ ေခါင္းကိုပြတ္ရန္ လက္ကိုဆန႔္ၿပီး "စကားထစ္မေနေတာ့ဘူးလား?"

"မဟုတ္ဘူး" ဖုန္းယြင္ ေခါင္းယမ္းလိုက္သည္။ မၾကာေသးမီက သူသည္ ေလာ့ယန္ကို ႀကိဳးဆြဲၿပီး စကားထစ္ေနျခင္းသည္ စ႐ိုက္လကၡဏာတစ္ခုအျဖစ္ ထင္ရွားလြန္းသည္ကို ေတြ႕ရွိခဲ့သည္။ တစ္ေယာက္ေယာက္မွ သတိထားမိရင္ မေကာင္းပါ။ ထိုအရာကို ေတြးၿပီးေနာက္ သူသည္ မေျပာင္းလဲႏိုင္ပါက စကားမေျပာႏိုင္ပဲျဖစ္လိမ့္မည္။

ထို႔ေၾကာင့္ သူ၏ စကားေျပာဟန္သည္တိုတိုႏွင့္ နည္းပါးလာသည္။ မသိသည့္လူမ်ားသည္ထိုကေလးသည္ ေအးစက္သည္ဟုသာ ထင္ၾကလိမ့္မည္။

ဖုန္းယြင္၏ရွင္းျပခ်က္ကိုၾကားသည့္အခါလူတိုင္းသည္ ရယ္ေမာၾကသည္။ လွ်ိဳ႕ေယာင္သည္ ေခါင္းညိတ္လိုက္ၿပီး "ဟုတ္တယ္၊ ဒီကေလးက အရမ္းသတိထားတတ္တာ!"

ဖုန္းယြင္သည္ ထိုကိစၥကို ေျပာဖို႔ အစပ်ိဳးေနေသာေၾကာင့္ မုံ႔ခ်ီသည္ တုံ႔ဆိုင္းမေနဘဲေထာင္မုကို "မင္း ဒီကိစၥကို ဘယ္လိုလုပ္ခ်င္လဲ?" လို႔ ေမးလိုက္သည္။

ထိုသို႔ၾကားသည့္အခါ ဖုန္းယြင္သည္ ေထာင္မုကို စိတ္အားထက္သန္စြာၾကည့္လိုက္သည္။

ေထာင္မုသည္ အနည္းငယ္ ၿပဳံးၿပီး စားေသာက္ရင္း " ေလာ့ယန္မွာ အစ္မတစ္ေယာက္ရွိတယ္။ သူက အရည္အခ်င္းရွိၿပီး ေလာ့မိသားစုရဲ႕ မ႑ိဳင္ျဖစ္ၿပီး မိသားစုနဲ႔ အစုရွယ္ယာရွင္ေတြကအရမ္းတန္ဖိုးထားၾကတယ္။ ကြၽန္ေတာ္သိရသေလာင္ကေတာ့ ေလာ့ယန္ရဲ႕အစ္မက ေလာ့မိသားစုစီးပြားေရးရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး သူကပဲထိန္းသိမ္းထားတာ။ ဒါေပမယ့္ မစၥတာေလာ့က ေလာ့ယန္ရဲ႕အစ္မကို ဘယ္တုန္းကမွအသိအမွတ္မျပဳခဲ့ဘူး။ သူက ေလာ့ယန္ကိုပဲ အေမြဆက္ခံပိုင္ခြင့္ကို လႊဲေျပာင္းေပးခ်င္ေနတယ္။ ေလာ့ယန္ရဲ႕အစ္မကလည္း အဲ့တာကို သေဘာမက်ဖူး။ ဒါေပမယ့္ ေလာ့ယန္ရဲ႕ အားနည္းခ်က္ကို ရွာမေတြ႕ေသးလို႔နဲ႔တူတယ္" ေနာက္ဆုံးေတာ့ သူသည္ ကုမၸဏီတြင္ အလုပ္မသြားသည့္အျပင္ မိသားစုစီးပြားေရးကို ဂ႐ုမစိုက္ဘဲ အသုံးမဝင္ေသာလူတစ္ေယာက္သာျဖစ္သည္။ မဟုတ္လွ်င္ သူသည္ ေန႔တိုင္း ဇာတ္ကြက္ကို သ႐ုပ္ေဆာင္ဖို႔ ဘယ္လိုအခ်ိန္ရႏိုင္မလဲ!

"ေလာ့အဖြဲ႕အစည္းက ရွန္ဟိုင္းမွာရွိတဲ့ ေျမကြက္တစ္ကြက္ကို ေလလံဆြဲခ်င္ေနတယ္။ ဒီေလလံဆြဲတာကို ေလာ့ယန္တာဝန္ယူခြင့္ရဖို႔အတြက္ မစၥတာေလာ့က အတတ္ႏိုင္ဆုံးႀကိဳးစားခဲ့ပါတယ္။ ေလာ့ယန္ လက္ခံလိုက္ရတဲ့ အေၾကာင္းရင္းကေတာ့ သူ႔အသည္းေလး ရွန္းယြီကို သူဘယ္ေလာက္တာ္ေၾကာင္း ျပခ်င္လို႔ပါပဲ။ ၿပီးေတာ့ ရွန္းယြီမွာ ထိပ္တန္းလူေတြ အမ်ားႀကီးရွိတယ္။ အဲဒီထဲက တစ္ေယာက္ကရက္စက္ၾကမ္းၾကဳတ္ၿပီး စက္ဆုပ္႐ြံရွာဖြယ္ေကာင္းတဲ့ အက်င့္စ႐ိုက္ရွိတဲ့ ေယာင္ဝမ္ေရွာင္းပါ။ ဒါေၾကာင့္မို႔ ရွန္ဟိုင္းကို တစ္ေယာက္ေယာက္ကို လႊတ္ဖို႔စီစဥ္ထားပါတယ္။"

"အျငင္းပြားေအာင္လုပ္ဖို႔ စီစဥ္ေနတာလား?" လွ်ိဳ႕ေယာင္သည္ ေထာင္မု၏ ဆိုလိုရင္းကို ခ်က္ခ်င္း သေဘာေပါက္သြားသည္။

အမ်ိဳးသားမ်ား အထူးသျဖင့္ လူငယ္မ်ားသည္မနာလိုစိတ္ေၾကာင့္ ဘာလုပ္ႏိုင္ၾကသနည္း? ေထာင္မု၏ အစီစဥ္သည္ တကယ္ေကာင္းပါသည္။ ညစ္ပတ္သည့္ အလုပ္မ်ားကို တျခားသူမ်ားဆီ ပစ္ခ်ၿပီး သူသည္ ေနာက္မွျပန္လာၿပီးပါဝင္လိုက္႐ုံပါပင္။

ဒါတင္မကပါဘူး။ မုံ႔ခ်ီသည္ အဖိုးအိုအား တိုက္တြန္းဖို႔ စဥ္းစားေနခဲ့ပါသည္။

တည္ေနရာသည္ ရွန္ဟိုင္းမွာ ျဖစ္ၿပီး ရွန္းယြီကိုသေဘာက်ေနသူဆိုသည္မွာ ေယာင္မ်ိဳး႐ိုးျဖစ္သည္။ ဤကေလးသည္ ေယာင္မိသားစုႏွင့္ ရန္သူျဖစ္ဖို႔ စီစဥ္ေနခဲ့သည္။

ေထာင္မုသည္ ႏႈတ္ဆိတ္ေနေသာ္လည္း ၿပဳံးေနသည္။ အမွန္ေတာ့ ထိုအရာသည္ ရန္သူျဖစ္ရန္ စီစဥ္ေနျခင္းမဟုတ္ပါ။ ၎တို႔ႏွစ္ဦးသည္ ရန္သူမ်ားသာျဖစ္သည္။ အမွန္ေတာ့ သူ႔အရင္ဘဝတုန္းက ေလာ့ယန္သည္ ေယာက္်ားမ်ားကို သေဘာက်ခဲ့ၿပီး ထိုအရာကို မစၥတာေလာ့ကို ဖြင့္ျပခဲ့သည့္ သူမွာ ေယာင္ဝမ္ေရွာင္းပဲ ျဖစ္သည္။ ေလာ့ယန္ကဲ့သို႔ေသာ သူရဲေဘာေၾကာင္ေသာ မစၥတာေလာ့သည္ ထိုအရာကို မေမွ်ာ္လင့္ထားခဲ့သည့္အတြက္ ေဒါသထြက္ကာ ေသဆုံးသည္အထိျဖစ္သြားေတာ့သည္။

ဟုတ္ပါသည္။ ထိုအရာသည္ ရွန္းယြီကိုရွင္းျပသည့္အခါ ေယာင္ဝမ္ေရွာင္း၏ တစ္ဖက္သတ္စကားမ်ားပင္ျဖစ္သည္။ ဒီလိုရလဒ္မ်ိဳးကို သူေမွ်ာ္လင့္ထားခဲ့သည္ဆိုသည္ကို အျပင္လူတစ္ေယာက္မွ မသိပါ။

သို႔ေပမယ့္ ေထာင္မုသည္ ေလာ့ယန္ႏွင့္ ေယာင္ဝမ္ေရွာင္းတို႔သည္ ယန္ရွန္းကို ကိုင္တြယ္ရန္ အလားတူနည္းလမ္းကို အသုံးျပဳခဲ့သည္ဆိုသည္ကို သူျပန္မွတ္မိခဲ့သည္။ ယန္မိသားစုတြင္ မည္သူတစ္ဦးတစ္ေယာက္မွ် ႏွလုံးေရာဂါမရွိပါ။ ထို႔အျပင္ ယန္ရွန္း၏ အရည္အခ်င္းသည္ခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္ျဖစ္သည့္ ေလာ့ယန္ႏွင့္ ႏႈိင္းယွဥ္၍မရႏိုင္ေပ။ သူသည္ ကိုယ္ပိုင္႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားကုမၸဏီကိုပိုင္ဆိုင္ထားသည္။ တစ္နည္းအားျဖင့္ဆိုရေသာ္ ေငြေရးေၾကးေရးအရအမွီအခိုကင္းေသာသူမ်ားသည္ ၎တို႔၏မိဘမ်ား၏ေငြကိုသုံးစြဲေသာ ခ်မ္းသာေသာဒုတိယမ်ိဳးဆက္မ်ားထက္ ပိုမိုေျဖာင့္စင္းေသာေက်ာ႐ိုးရွိသည္။

ထို႔ေၾကာင့္ ေယာင္ဝမ္ေရွာင္း၏ နည္းဗ်ဴဟာသည္ ယန္ရွန္း ဆုတ္ခြာရန္ မေအာင္ျမင္ခဲ့ေပ။ ထိုအစား ယန္ရွန္းသည္ သူ႔မိသားစုဆီမွ ထြက္လာခဲ့ရသည္။ ယန္မိသားစု၏ ရပ္တည္ခ်က္သည္ အစပိုင္းတြင္ျပင္းထန္ေသာ္လည္း ယန္ရွန္းသည္ ႐ုပ္ရွင္တစ္ကား၏ တစ္သက္တာေအာင္ျမင္မႈအတြက္ေအာ္စကာဆုကိုရရွိခဲ့ၿပီး ေအာ္စကာဆုေပးပြဲအခမ္းအနားတြင္ ကမာၻလုံးဆိုင္ရာပရိသတ္မ်ားေရွ႕တြင္ တိုက္႐ိုက္ထြက္ေပၚလာခဲ့သည္။

ယန္မိသားစုသည္ ရွန္းယြီသည္ ရွန္းမိသားစု၏သားအစစ္မဟုတ္ေသာ္လည္း ရွန္းမိသားစုမွ တန္ဖိုးထားကာ ၎တို႔၏ေသြးသားအစစ္မ်ားထက္ ပို၍အေရးႀကီးေၾကာင္းကို သိျမင္လိုက္ရသည္။ ထိုအခ်ိန္တြင္ ရွန္းယြီသည္ ေဖ်ာ္ေျဖေရးအသိုင္းအဝန္းတြင္ ရွိေနသည့္အျပင္ သူ၏ေက်ာ္ၾကားမႈသည္ ယန္ရွန္းထက္ မ်ားစြာမနည္းေသာေၾကာင့္ ႏွာေခါင္းကို ညႇစ္ကာအျဖစ္မွန္ကို လက္ခံႏိုင္ခဲ့သည္။

သို႔ေသာ္လည္း ဤအခ်က္တစ္ခုတည္းမွပင္ ရွန္းယြီ၏ ေမာင္းမေဆာင္သည္ အမွန္တကယ္ စည္းလုံးမႈမရွိဟု ေထာင္မု ယုံၾကည္ခဲ့သည္။ အရင္ဘဝတြင္ သူတို႔သည္ ဇာတ္အိမ္ဖြဲ႕မႈျဖင့္ ႏွိပ္စက္ခံခဲ့ရၿပီး လႈိင္းလုံးမ်ားကို မဖန္တီးႏိုင္ခဲ့ေပ။

ဤဘ၀တြင္ ေထာင္မုသည္ ရွန္းယြီအတြက္ မည္သည့္ဒုကၡမွ တိုက္႐ိုက္မေပးခဲ့ဘဲ ရလဒ္အေနျဖင့္ ထိုေလးစားသူမ်ားကို ေပါင္းစည္းကာလက္တြဲဆက္ဆံရန္ အခြင့္အေရးမေပးခဲ့ေပ။ သူသည္ ေျမကြက္၏ဗဟိုတည္ေနရာျဖစ္ေသာ ရွန္ဟိုင္းကိုပင္ ေရွာင္ရွားခဲ့သည္။

သူ႔အား ၎တို႔၏ လူထုရန္သူအျဖစ္ မရွိဘဲဤအထင္ႀကီးသူမ်ား အုပ္စုႀကီးသည္ မိသားစုႀကီးကဲ့သို႔ ဟန္ေဆာင္၍ လိုက္ေလ်ာညီေထြ ျပဳမူေနထိုင္ေနသည္ကိုသူျမင္ခ်င္သည္။

ရွန္းယြီႏွင့္ နီးစပ္ရန္ သတၱိရွိေသာလူယုတ္မာအားလုံးကို သတ္ပစ္ရန္ထက္ အလိုမရွိေသာ စိတ္ေရာဂါရွိသူ ေယာင္ဝမ္ေရွာင္းသည္ သူ႔ေျခသည္းမ်ားကို ထိန္းထားႏိုင္ၿပီး ေလာ့ယန္ကို မထိမခိုက္ေအာင္ လုပ္မလား၊ မလုပ္ဖူးလားဆိုသည္ကို သူသိခ်င္လွပါသည္?

ေသခ်ာပါသည္။ သူတကယ္ ထိန္းထားႏိုင္ရင္ေတာင္သူ မေၾကာက္ပါ။ ေနာက္ဆုံးတြင္ ေထာင္မု၏ တည္ရွိမႈသည္ ေလာ့ယန္ကို တိုက္ခိုက္ေအာင္ ျပဳလုပ္မည္ျဖစ္သည္။

သို႔ေသာ္ ထိုအရာသည္ ထိုလူႏွစ္ေယာက္ကို ႏႈိးဆြဖို႔မလုံေလာက္ပါ။ ေထာင္မု လုပ္ရမည့္အရာမွာ ရွန္အန္းအဖြဲ႕အစည္းႏွင့္ ေလာ့အဖြဲ႕အစည္း အခ်င္းခ်င္းတိုက္ခိုက္ရန္ ေျမယာေလလံဆြဲျခင္းကို အသုံးျပဳျခင္းပင္ျဖစ္သည္။

မဟုတ္ပါက ေနာင္တြင္ ရွန္အန္းအဖြဲ႕အစည္းကိုျဖဳတ္ခ်ရန္ ပိုမိုခက္ခဲမည္ျဖစ္သည္။

***

Lanjutkan Membaca

Kamu Akan Menyukai Ini

891 152 33
[ဘာသာပြန်] * Completed * If you want to read eng - [ https://www.mtlnovel.com/after-the-white-moonlight-came-back-the-stand-in-fell-into-unemploymen...
2K 250 9
BL novel အသစ်လေး update ထားပါတယ်ရှင့် ဖတ်ရှုအားပေးကြပါဦးနော် အောက်က👇👇👇 လင့်လေးထဲလည်းဝင်ပြီး သိချင်တာများမေးလို့ရပါတယ်ရှင့်❤️❤️ IQ Team မှ ကြိုဆိုပ...
1.7M 69.2K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...