The Matching Guys (Top)

Par Juliiajune

2.1M 162K 8.7K

စဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed) Plus

Intro
အပိုင်း ၁( ဆေးရုံတွင်အလုပ်အတူလုပ်ခွင့်ရရှိ)
အပိုင်း ၂(ကျေးဇူးရှင်ကိုကို နားတွယ်ကပ်ကာနေမည်)
အပိုင်း ၃(ပင်ပန်းသော်လည်း ထွက်မသွားနိုင် )
အပိုင်း ၄ ( ကိုယ်ဖိရင်ဖိသင်ကြားပေး)
အပိုင်း ၅(အကြောတင်းသော ကောင်လေး)
အပိုင်း ၆ (အချစ်ရူး)
အပိုင်း ၇( သူငယ်ချင်းမှကူပြော)
အပိုင်း ၈( ကိုကို့အိမ်သို့ပြောင်းရွှေ့)
အပိုင်း ၉( မြွေနှင့်ငှက်)
အပိုင်း ၁၀( ကြက်တူရွေးအား အိမ်သို့ခေါ်ဆောင်လာ)
အပိုင်း ၁၁(sex partner လုပ်ရန်ကမ်းလှမ်းခြင်း)
အပိုင်း ၁၂ ( လူသတ်ရန်အကြံပေး)
အပိုင်း ၁၃( Lucky )
Attention Please 💙
အပိုင်း ၁၄( ချော့တစ်ခါခြောက်တစ်လှည့်)
အပိုင်း ၁၅(အတိတ်က ငွေဆောင်ခရီး)
အပိုင်း ၁၆(အတိတ်ကငွေဆောင်ခရီး ၂)
အပိုင်း ၁၇(ကြောက်စရာကောင်းသောပညာပြန်ပေးမှု)
အပိုင်း ၁၈( နီးနီးလေးနဲ့ဝေး)
အပိုင်း ၁၉ ( အကြားအမြင်ရနေတာလား )
အပိုင်း ၂၁ ( ပြောစကားနားမထောင်သော ကျားပေါက်လေး)
အပိုင်း ၂၂( ငါ့နောက်မလိုက်ခဲ့နဲ့)
အပိုင်း ၂၃( ဒဏ်ရာရသော်လည်း ပျော်ရွှင်နေသောကျားပေါက်)
အပိုင်း ၂၄ (ဆက်ဆံရေးတစ်ခု တရား၀င်စတင်ခြင်း)
အပိုင်း ၂၅ ( အနမ်းတစ်ပွင့် လက်ဝါးတစ်ချက်)
အပိုင်း ၂၆ ( ဒုတိယမြောက်အနမ်း )
အပိုင်း ၂၇ ( သူငယ်ချင်း၏ပြဿနာ)
Update and Sai Khoon Thant Naung😻
အပိုင်း ၂၈ ( ခွန်သာမှိုင်းအားHotel တွင်တွေ့ရှိ)
အပိုင်း၂၉ ( ဒေါသထွက်နေသောလူနှစ်ယောက်)
အပိုင်း ၃၀ ( အတင့်ရဲသော ကောင်လေး)
အပိုင်း ၃၁ ( +နာကျင်မှုအချို့ကြား ပျော်မြူးကျေနပ်သောည+)
အပိုင်း ၃၂( Psycho father)
အပိုင်း ၃၃ ( အကြင်နာတရားမရှိသောမိခင်)
အပိုင်း ၃၄( ခင်ဗျားနဲ့ ကျွန်တော်ကမတူဘူး)
အပိုင်း ၃၅ ( တာ၀န်ယူခိုင်းခြင်း)
အပိုင်း ၃၆ (မရေမရာ ဆက်ဆံရေး)
အပိုင်း ၃၇( မချစ်ဘူး-ညီအစ်ကိုထက်ပိုသော)
အပိုင်း ၃၈( ဖွင့်ပြောပြောခြင်း အငြင်းခံရ)
အပိုင်း ၃၉ ( လိုက်ဖက်ညီသော အတွဲ )
အပိုင်း ၄၀ (လူဆိုးများ)
အပိုင်း ၄၁ ( အဆူမခံရ)
အပိုင်း ၄၂(ချစ်တယ်မပြောသေးလည်း ဆက်၍စောင့်မည်)
အပိုင်း ၄၃ ( အပုတ်အပွများပေါ်ပေါက်လာ)
အပိုင်း ၄၄( UK သို့ထွက်ခါ အရှုပ်ထုတ်မလိုက်ရပေ )
အပိုင်း ၄၅ (ကိုကိုမရှိတုန်း စုံစမ်းရေးစ)
အပိုင်း ၄၆ (အင်း..သတိရတယ်)
အပိုင်း ၄၇ (Landonသို့ ကျားပေါက်လေးလိုက်သွား)
အပိုင်း ၄၈ ( အလိုလိုက်ခံရ)
အပိုင်း ၄၉( First date💙 London မြို့အတွင်းလည်ပတ်)
Landon City Photos 📸
အပိုင်း ၅၀(Landon မြို့မှထွက်ခွာသွားသောလူငယ်)
အပိုင်း ၅၁ ( Luckyကလွမ်းနေတယ်)
အပိုင်း ၅၂ (မတော်တဆမဟုတ်)
အပိုင်း ၅၃( ခင်ဗျားသေမှအေးမှာ)
အပိုင်း ၅၄ (အတိတ်ကဒဏ်ရာများ)
အပိုင်း ၅၅ ( တစ်ပွဲတစ်လမ်းဆင်နွှဲ)
အပိုင်း ၅၆ (ဖားကန့်သို့ရောက်ရှိ)
အပိုင်း ၅၇ (ပြန်လာခဲ့)
အပိုင်း ၅၈ ( နောင်ငယ် စိတ်မပူပါနဲ့)
အပိုင်း ၅၉ ( Planချ၊ အစီအစဥ်ဆွဲ)
အပိုင်း ၆၀ ( ကယ်ဆယ်ခြင်း အဆင်ပြေစွာပြီးဆုံး)
အပိုင်း ၆၁ ( အတိတ်အကြောင်းများပြောပြ)
အပိုင်း ၆၂( အနားမှထွက်သွားခွင့်မရှိတော့ပေ )
အပိုင်း ၆၃(တစ်ခန်းထဲအတူအိပ်နိုင်ရန် ကြိုးစားခြင်း)
အပိုင်း၆၄ ( တရားဝင်ချစ်သူ)
အပိုင်း ၆၅ ( Great World Company ဥက္ကဌဟောင်း၏မြေး)
အပိုင်း ၆၆ (မင်းတို့နှစ်ယောက်တွဲနေတာလား)
အပိုင်း ၆၇ ( နေမကောင်းေသာ ကောင်ဆိုးလေးအားအလိုလိုက်)
အပိုင်း ၆၈ ( စောက်ကျိုးနည်းတိုက်ဆိုင်မှု)
အပိုင်း ၆၉ ( စိတ်ညစ်နေသောသူ)
အပိုင်း ၇၀ ( သဝန်တိုကာ အပြစ်ပေးသောသူ)
အပိုင်း ၇၁ ( သူငယ်ချင်းကောင်း)
အပိုင်း ၇၂ (ဗုံးပေါက်ကွဲခြင်း စိုးရိမ်ဖွယ်အခြေအနေ)
အပိုင်း ၇၃ (လွမ်းဆွတ်တမ်းတခြင်း)
အပိုင်း ၇၄ ( အန္တရာယ်များကင်းရှင်း )
အပိုင်း ၇၅ (မင်းနဲ့ ဆက်မပတ်သတ်နိုင်ဘူး)
အပိုင်း ၇၆ ( ပျော်ရွှင်မှုကိုရှာဖွေကြသောလူငယ်များ)
🙆‍♀️Characters,Birthday And New Couple💙
အပိုင်း ၇၇ (ဆန္ဒချင်းထပ်တူညီသော ချစ်သူနှစ်ဦး)
အပိုင်း ၇၈ (ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံနေသော မွေးနေ့ပွဲ)
အပိုင်း ၇၉ ( သေအတူရှင်မကွာ)
ဇာတ်သိမ်းပိုင်း(လိုက်ဖက်သောကောင်လေးများ)
Book & Unpublish warning 🚨
ထိန်ယံလင်း💙ဇိုင်းမြတ်မဟာမောင်(New Fiction)
Book💙 စာအုပ်သိမ်းချင်တဲ့သူလေးတွေရပါပြီ

အပိုင်း ၂၀ ( မပီပြင်သော လိမ်လည်မှု)

23.3K 1.7K 81
Par Juliiajune

Uni..

The Matching Guys(Part 20)

နောက်တစ်နေ့မနက် ခွန်းသန့်နောင်နိုးလာချိန်တွင် ခွန်သာမှိုင်းအိမ်တွင်မရှိတော့ပေ။ဒီနေ့တစ်ညလံုးလည်းပြန်မလာမှာကျိန်းသေသည်ဟုပြောသွားတာကြောင့် ခွန်းသန့်နောင် ခြံရံလင်းအားဖုန်းဆက်လိုက်သည်။

" ပြော ခွန်းသန့်နောင် အခြေအနေဘယ်လိုလဲ"

" okမယ်ထင်တာပဲကွာ ငါညနေကျလာခဲ့မယ်"

ခြံရံလင်း ခပ်သဲ့သဲ့ရယ်ရင်းသတိပေးသည်။
" မင်းအစ်ကိုတကယ်အပြင်သွားတာလား ။ ကြိုသိလို့ထောင်ဖမ်းတာလည်းဖြစ်နေအုံးမယ်နော် "

" မဟုတ်လောက်ပါဘူး။ ကိုကိုဒီနေ့ကိစ္စရှိတယ်ဆိုတာ ဟိုရက်တွေထဲကပြောထားတာ။"

" ok okမင်းလာမှာသေချာပြီဆိုတော့ မင်းပြိုင်မောင်းဖို့ ငါကားတစ်စီးပြင်ထားပေးမယ်"

" လာမှာ သေချာတယ်။ ဒီနေ့လည်တော့ ဟိုနှစ်ကောင်ကိုကျွေးစရာရှိတာကျွေးပြီး လုပ်စရာရှိတာလုပ်ပေးလိုက်အုံးမယ်"

" အင်း ဒါပဲဟျောင့် "

ခွန်းသန့်နောင်နိုင်ငံခြားမှာ ရှိစဥ်တုန်းကတော့၀ယ်ထားသည့်ပြိုင်ကားတွေအများအပြားရှိပေမဲ့ မြန်မာနိုင်ငံပြန်ရောက်လာတော့ ပြိုင်ကားမဟုတ်ပဲရိုးရိုးကားတစ်စီးသာ၀ယ်ထားဖြစ်သည်။
ခြံရံလင်းက ခွန်းသန့်နောင်ထက် မြန်မာပြည်ပြန်ရောက်တဲ့နှစ်စောတာရောသူ့ကြိုက်သည့် ကားမြင်
တိုင်း၀ယ်နေတာရောကြောင့် ရိုးရိုးကားတွေအပြင် ပြိုင်ကားတော်တော်များများကိုလည်းစုမိထားလေသည်။

ခွန်းသန့်နောင် ဒီနေ့တော့တော်တော်တက်ကြွနေမိသည်။ လအတော်အကြာဝေးကွာနေသည့် ပြိုင်ကားလေးတွေကိုပြန်ထိပြီး ပြိုင်မောင်းရတော့မှာဖြစ်တာကြောင့် ပျော်နေမိတာအမှန်။
ဆိုင်ကယ်တွေထက် ကားတွေကိုသာပိုနှစ်သက်သည်။
ထို့ကြောင့် အိပ်ယာပေါ်ကတက်ကြွစွာထရင်း သီချင်းလေးတညည်းညည်းဖြင့် ရေချိုးခန်းအတွင်းသို့၀င်သွားတော့လေသည်။

ခွန်သာမှိုင်း မှာထားသည့်အတိုင်း မြွေကိုအစာကျွေးရန်ပြင်ရသည်။
သတ်မှတ်ထားသည့် အသားပမာဏကို ဗန်းပေါ်တင်ပြီး လက်အိတ်စွပ်ကာ အစာကျွေးရန်အတွက် ညှပ်တစ်ခုယူလိုက်သည်။

အစာကျွေးမည်ဆိုသာသိ၍ ပံုမှန်ဆို အနေအေးပြီးချေလွန်းသည့်မြွေက ခေါင်းထောင်လာသည်။

" အစာ စားရမယ်ဆိုတော့ပျော်နေတာပေါ့လေ ။ ရုတ်ရုတ် ရုတ်ရုတ်တော့မလုပ်နဲ့နော် အေးအေးဆေးဆေးစားပြီးပြန်အိပ်"

ခွန်းသန့်နောင် ကျွေးခိုင်ထားသည့်ပမာဏအကုန်လုံးကိုကျွေးလိုက်ပြီး မြွေကဗိုက်၀သွားပုံပေါ်သည်။
ဘယ်မှပင်မသွားပဲ ထိုနေရာမှာပင် ဆက်နေနေတာကြောင့် ခွန်းသန့်နောင် မြွေခေါင်းလေးကိုတစ်ချက်တို့လိုက်သည်။
မြွေအနက်ရောင်လေးကတော့ ဘာမှပြန်မလုပ်။ ခွန်းသန့်နောင်အရင်ကနည်းနည်းလန့်ပေမဲ့
အနေကြာလာေတာ့ ထိုမြွေကအေးလွန်းပြီး ရန်မပြုတက်ဘူးဆိုတာသိလာသည်။
သို့ပေမဲ့လည်း ရဲရဲတင်းတင်းတော့မကိုင်ရဲသေးချေ။

" အစာ၀ပြီးလှုပ်တောင်မလှုပ်ချင်တော့ဘူးပေါ့လေ။ မင်းဒီမှာနေရတာကံကောင်းတယ်သိလား။
တရုတ်ပြည်မှာသာဆို မြွေသားပြုတ်၊ မြွေသားကြော်၊မြွေသားသုပ်၊ မြွေသားဟင်းအစုံသုပ်တွေဘာတွေဖြစ်နေလောက်ပြီ။"
ခွန်းသန့်နောင်ပြောသည့်စကားများကို မြွေနားလည်မလည်တော့ မသိဟိုဘက်ဘေးရှိလှောင်အိမ်ကြီးအတွင်းမှ Lucky ကတော့မြွေကိုလှမ်းကြည့်ရင်း ပါးစပ်ကရွတ်ဆိုလာတော့သည်။

" မြွေသားကြော်၊ မြွေသားသုပ်၊ မြွေသားပြုတ်…အ..အ"

ခွန်းသန့်နောင် လက်အိတ်တွေဘာတွေချွတ်ကာ Luckyဆီသွားလိုက်ရင်း
နှုတ်သီးကိုလက်ညိုးဖြင့် နှစ်ချက်လောက်ထိလိုက်သည်။

" မင်းရူးနေလား ။ အရင်သင်ထားပေးတာပဲတက်အောင်လုပ်လေ ။ ကိုကို့ရှေ့မှာ ခဏကလိုမအော်ရဘူးနော် ။ ငါတို့နှစ်ယောက်သူ့မြွေကိုမကောင်းကြံနေတယ်ထင်ပြီး အိမ်ပေါ်ကနှင်ထုတ်ခံရလိမ့်မယ်"

Lucky ကတော့ ခွန်းသန့်နောင်စကားနားထောင်နေသည့်ပုံမပေါ် အောက်ပြန်ငုံ့ရင်းသူ့အစာတွေကိုသာ အမျိုးအစားခွဲနေသည်။

အစကခွန်းသန့်နောင်ထင်သည်က Lucky ကအစာရွေးစားသည်ဟု ။ သို့ပေမဲ့ရွေးစားတာမဟုတ်ပဲ
သူ့ရဲ့ အစေ့အဆန်အစာတွေကို ခွက်တွေထဲသေချာပြန်ခွဲထည့်ပြီးမှစားတာဖြစ်သည်။
အကျင့်ပဲလား အားနေ၍ အလုပ်ရှာလုပ်နေသည်လားတော့Lucky ပဲသိနိုင်မည်။

" အင်း အင်း စားစား ခဏနေရေချိုးမယ်"
ခွန်းသန့်နောင် ထိုသို့ပြောပြီး ခဏနေသူ့ကြက်တူရွေးကိုရေချိုးပေးရန်အတွက် ပြင်ဆင်လိုက်တော့သည်။

" ရေချိုးမယ် လာ လာ"
ခွန်းသန့်နောင် Luckyအား လှောင်အိမ်ထဲမှထွက်ခိုင်းသည်။
သို့ပေမဲ့ Luckyက ကျောပေးထားပြီး တုပ်တုပ်မလှုပ် ခွန်းသန့်နောင်ဆွဲထုတ်တော့လည်း
တန်းကိုခြေဖြင့်မရမက ကုပ်တွယ်ထားသေးသည်။

ခွန်းသန့်နောင်အတွက်ဒါအဆန်းမဟုတ်တော့ပေ Lucky ကရေချိုးဖို့ဆိုလျှင်တော်တော်ခေါ်ရခက်သည်။ ပုံမှန်အချိန်ခေါ် လျှင်တော့ လျောလျောရှူရှူပင် လက်တို့ ပုခုံးပေါ်တို့တက်လာသည်။

" လာပါကွာ အချိန်ဆွဲမနေနဲ့ ငါအားတုန်းချိုးပေးရတာနော် ။ မချိုးရင် ဂျီးထူဖြစ်သွားမယ်နော် နာမည်ပါပြောင်းပေးလိုက်ရမလား"

Lucky က ကွကွ ကွိကွိ အအ အိအိ တွေအော်ရင်း လှောင်အိမ်ထဲမှ ထွက်လိုက်ကာ ခပ်မြင့်မြင့်နေရာတစ်ခုတွင် သွားနားသည်။ ဆိုလိုသည့်သဘောက သူလုံး၀ရေမချိုးနိုင်။

" အား..."
ခွန်းသန့်နောင် စိတ်မရှည်စွာဖြင့်အကျယ်ကြီးအော်လိုက်သည်။
" ဒီလိုကောင်ကိုမွေးဖို့ ငါ့ကိုဘယ်သူအကြံပေးတာလဲ တကယ်ပဲ စိတ်တိုလာပြီ။ ကိုယ့်အပူကိုရှာတယ်ဆိုတာဒါမျိုး"

ခွန်းသန့်နောင်ဘ၀တွင် တိရစ္ဆာန်ဟူ၍ ဤကြက်တူရွေးတစ်ကောင်သာမွေးခဲ့ဖူးသည်။ ကြောင်ကမကြိုက်၍ မမွေးသလို ခွေးကျပြန်၏
တော့လည်း ငယ်ငယ်ထဲကသူများေခွးကိုက်ခံရဖူး၍
မမွေးဖြစ်ခဲ့ပေ။

ယခု ကြက်တူရွေးလေးတစ်ကောင်မွေးမိတော့ မရှည်သည့်စိတ်ကိုဆွဲဆန့်ပြီးအကုန်လုပ်ပေးနေသော်လည်း ထိုကြက်တူရွေးမှာ ဗိုလ်ကျလွန်းလှသည်။
သူ သည်းမခံနိုင်တော့။ ငယ်ငယ်လေးထဲက သူ့ကိုသာသူများတွေက ပြုစုယုယအလိုလိုက်ခဲ့ပေးတာဖြစ်ပြီး
ယခုတွင်တော့ ခွန်းသန့်နောင်ခဗျာ ကြက်တူရွေးတစ်ကောင်နဲ့တိုင်ပတ်နေသည်။

ခွန်းသန့်နောင် ကြက်တူရွေးအား ခါးထောက်ကာ အတန်ကြာရပ်ကြည့်ပြီးနောက်
အံကြိတ်ကာ စကားတစ်ခွန်းပြောလိုက်သည်။

" မချိုးဘူးပေါ့ ရတယ်။ မင်းနဲ့ငါနဲ့အပြတ်ပဲ ဒီညနေလမ်းဘေးမှာသွားလွှင့်ပစ် ပစ်မယ်"

Luckyက ခွန်းသန့်နောင်အား ခေါင်းတစောင်းစောင်းဖြင့် ငုံ့ကြည့်ပြီး သူ့သခင်စိတ်ဆိုးနေပြီဆိုတာသိလိုက်သည်။ ထိုကြောင့် မသွားချင်သွားချင်ဖြင့်
ခွန်းသန့်နောင်ပုခုံးပေါ်ပျံတက်လေသည်။

ခွန်းသန့်နောင် ထိုအခါမှစိတ်ပြေသွားပြီး Lucky ခေါင်းလေးကို လက်ညိုးလေးဖြင့်ပွတ်သပ်လိုက်ရင်း
" ခေါ်ရင်ချက်ချင်းမလာဘူး ။ ငါ့ကိုကဒေါသထွက်အောင်လုပ်သေးတယ်"

Luckyက ကွကွကုကု ပြန်ပြောရင်း သူ့ခေါင်းကို ခွန်းသန့်နောင် ပါးမှာကပ်သည်။
ဆိုလိုချင်သည်က သူ့အားစိတ်မဆိုးပါနဲ့။

သူ့အားချွဲသည့်Luckyကိုကြည့်ရင်း ခွန်းသန့်နောင်ပြုံးရွှင်စွာဖြင့်ရေချိုးရန်ခေါ်သွားလေတော့သည်။

စိုင်းခွန်းသန့်နောင်နှင့် သူ့ကြက်တူရွေးလေးမှာအကြောမတဲ့ကြသည့်ပုံပေါ်သော်လည်း အချင်းချင်းသံယောဇဥ်တွေက လျင်လျင်မြန်မြန်ပင်ခိုင်မာလို့လာသည်။
…..

ခွန်းသန့်နောင်သူလုပ်စရာရှိတာများကိုလုပ်ပြီး ညနေစောင်းတော့ ခြံရံလင်းဆီထွက်ခဲ့တော့သည်။
ထိုမှတစ်ဆင့် မြို့ပြင်ရှိ သူတို့အပျော်ပြိုင်ပွဲလုပ်မည့်ကွင်းဆီရောက်တော့ကောင်းကင်ကမှောင်ပင်မှောင်နေပြီဖြစ်သည်။
သို့ပေမဲ့ သူတို့တွေစုဝေးနေသည့်နေရာမှာတော့ မီးများလင်းထိန်နေသည့်အပြင် လူငယ်လူရွယ် ကျားမပေါင်းစုံဖြင့် စည်ကားလျက်ရှိသည်။
ခပ်လှမ်းလှမ်းတစ်နေရာတွင်လည်း အလန်းစားပြိုင်ကားမျိုးစုံကို ရပ်ထားကြလေသည်။
ခပ်မြူးမြူး djသီချင်းသံတွေဖြင့် အရက်ပုလင်းတွေကိုင်ပြီး ကနေသည့်လူများလည်းရှိကြသည်။

ပြိုင်ပွဲ ပွဲစဥ်တွေက ည၉နာရီမှစမည်ဖြစ်၍ ယခုချိန်တွင်တော့ အကုန်လုံးလွတ်လွတ်လပ်လပ်ပျော်ပါးနေကြသည်။

ခွန်းသန့်နောင်နှင့် ခြံရံလင်းတို့ကိုလည်း သူတို့အသိတွေကလာရောက်နှုတ်ဆက်ကြသည်။
သူတို့သူငယ်ချင်းနှစ်ယောက်လုံးကဆရာကြီးတွေဖြစ်သည်။

" ခွန်းသန့်နောင် မင်းနောက်ဆုံးအပိတ်ပွဲပြိုင်ရမှာ မင်းကိုကားတစ်စီးကြေးစိမ်ခေါ်ထားတဲ့သူရှိတယ်"
ခြံရံလင်းကပြောလာတော့ ခွန်းသန့်နောင်၏ နှုတ်ခမ်းတစ်ဖက်မှာကွေးတက်သွားသည်။

" ဘယ်ကောင်က ငါ့ကိုကားပေးချင်နေတာလဲ"

" ဟ ပိုင်လှချည်လား။ ဆရာသခင်ကြီးဆိုတော့လည်း အမြဲconfidence ရှိနေတာပဲ။ဒါပေမဲ့ မမောင်းဖြစ်တာ လအတော်ကြာနေပြီလေ သွေးပူလေ့ကျင့်ခန်းလေးဘာလေးမလုပ်တော့ဘူးလား"

" လမပြောနဲ့ နှစ်တွေကြာရင်တောင် ငါ့လက်ရည်ကမကျဘူး။ အခုငါပြိုင်မယ်ဆိုတာက သွေးပူလေ့ကျင့်ခန်းလုပ်သလောက်ပဲရှိတယ်"
ပြောရင်း ခွန်းသန့်နောင်သူ့ရဲ့ ဆံပင်အဖြူရောင်အချို့ကိုစုလိုက်ကာ ကြိုးဖြင့်ချည်ရင်း အထုံးသေးသေးလေးလုပ်လိုက်သည်။
ခွန်းသန့်နောင်၏ဆံပင်မှာအရှည်ကြီးမဟုတ်သော်လည်း နည်းနည်းလေးတော့စီးကာထုံးလို့ရသည်။

ထိုသို့လုပ်လိုက်တာကြောင့် ခွန်းသန့်နောင်၏မျက်နှာချောချောလေးမှာပို၍ပေါ်လွင်သွားလေသည်။ နားတစ်ဖက်တွင်ပန်ထားသည့် စိန်နားကပ် ၃ခုမှာ လင်းလက်ပေါ်လွင်နေပြီး ဖြူဖွေးသွယ်လှသော လည်တိုင်လေးမှာလည်း အကြောစိမ်းလေးများကို ထင်ထင်ရှားရှားမြင်နေရသည်။

ဘာကိုမှဂရုမစိုက်သည့်မျက်နှာပေးနှင့် အကြည့်များကြောင့် ခွန်းသန့်နောင်အား ဘယ်သူမှ ရန်လာမစရဲကြ။ ဖားယားပြီးစကားလာပြောကြသူများရှိသော်လည်း ခွန်းသန့်နောင်က တစ်ခွန်းမျှဒါမှမဟုတ်အကြည့်ဖြင့်သာ ပြန်ဖြေသည်။

ပြိုင်ပွဲပထမအချီကို စဖွင့်ပေးသူက ခြံရံလင်း....။

ခြံရံလင်းကားနှင့် တစ်ဖက်ကားက တားထွက်တွင်အသီးသီးနေရာယူထားကြပြီး သေနတ်ပစ်ဖောက်ကာ အချက်ပေးလိုက်သည်နှင့် ကားနှစ်စီးမှာ ကတ္တာ လမ်းမထက်မှာ အရှိန်ပြင်းစွာ စတင်ထွက်ခွာသွားကြလေသည်။
ကားထွက်သွားသည်နှင့် အော်ဟစ်သံများနှင့်လည်းဆူညံသွားသေးသည်။

ကား နှစ်စီးမှာအပြိုင်မောင်းနေကြပြီး နောက်ဆုံးတွင်တော့ သတ်မှတ်ထားသည့်နေရာကို ခြံရံလင်း၏ပြိုင်ကား အနက်ရောင်လေးကအရင်ရောက်လာသည်။  နောက်ကကားမှာ စက္ကန့်၂၀အကြာလောက်မှ ရောက်လာသည်ဖြစ်၍
အနိုင်ရရှိသူမှာ ခြံရံလင်းပင်။

ခြံရံလင်း ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ကားပေါ်ကဆင်းလာပြီး ခွန်းသန့်နောင်နှင့်
ပုခုံးချင်းတိုက်လိုက်ကြသည်။

" ငါကတော့အဖွင့်ကိုအောင်အောင်မြင်မြင်ဖွင့်လိုက်ပြီ အပိတ်ကတော့ မင်းတာ၀န်ပဲ "

" ကြည့်ထားပါ အလန်းစားအကွက်တွေငါပြမယ်"
ခွန်းသန့်နောင်ကလည်း ရဲရဲကြီးအာမခံလိုက်သည်။

ခြံရံလင်းနှင့် ခွန်းသန့်ေနာင်၏အပေါင်းအသင်းများကလည်း သူတို့နှစ်ယောက်နား၀ိုင်းလာပြီး
" ဟေ့ အပိတ်လည်းokရင် ငါတို့ဒီည ရှယ်ကဲ ကြမယ်နော် ။ "

" ကျိန်းသေပေါက် ကဲရမှာပေါ့ကွာ ခွန်းသန့်နောင်ရှုံးတဲ့ပွဲ မင်းမြင်ဖူးလို့လား"
အချင်းချင်း ခွန်းသန့်နောင်အား မြှောက်ပင့်နေကြလေသည်။

ခွန်းသန့်နောင်ကတော့ ဘာမှဝင်မပြောပြုံးရုံသာ ပြုံးနေလိုက်သည်။

ပြိုင်ရမည့်လမ်းအတွင်း၌လည်း နောက်ထပ်ပြိုင်ပွဲဝင်တွေက အသီးသီးနေရာထပ်ယူပြီးနေပြီဖြစ်သည်။

ခွန်းသန့်နောင်သူ့အလှည့်မရောက်သေး၍ တစ်ခြားသူတွေရဲ့ပြိုင်ပွဲတွေကိုကြည့်နေတုန်း ဖုန်း၀င်လာသည်။
ဘယ်သူလဲမသိသေး၍အေးအေးလူလူပင် အိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ပြီး screenပေါ်က contact ကိုမြင်တော့မှ ထိတ်လန့်သွားရသည်။

" ကိုကို ဒီအချိန်ကြီးဘာလို့ဆက်တာလဲဟ"

" မင်းအစ်ကိုလား"

" အင်း "
ခြံရံလင်းအားပြန်ဖြေပြီး ဆူညံသံတွေနဲ့အနည်းငယ်ဝေးရာကို ခွန်းသန့်နောင်ပြေးသွားတော့သည်။

ခွန်းသန့်နောင်အခုလို ထိတ်လန့်တာမျိုး တစ်ခြားသူများကတစ်ခါမှမမြင်ဖူး၍ ခြံရံလင်းအားမေးကြတော့သည်။

" ဘာလဲ ခွန်းသန့်နောင်ရည်းစားရနေတာလား။ သူ့အိမ်ကဆက်တာဆို အဲ့လောက်လန့်မှာမဟုတ်ဘူး"

" ရည်းစားထက်ပိုကြောက်ရတဲ့ သူ့အစ်ကို"

" ခွန်းသန့်နောင်ကြောက်တဲ့သူလည်းရှိသေးတာပေါ့ ထူးထူးဆန်းဆန်းကြီး"
ထိုသူတွေကအချင်းချင်းပြောလိုက်ကြသည်။

ထိုအပေါင်းအသင်းတွေက ခွန်းသန့်နောင်နှင့် ငယ်ပေါင်းတွေမဟုတ်၍ ခွန်းသန့်နောင်၏အစ်ကိုအားမသိကြပေ။

ခွန်းသန့်နောင် ပင့်သက်ပြင်းပြင်းရှိုက်လိုက်ပြီးမှ ဖုန်းကိုင်လိုက်သည်။

အဝေးကိုေပြးထွက်လာေသာ်လည်း အသံတွေကအနည်းငယ်ကြားနေရဆဲ။
ထိုကြောင့် ခွန်သာမှိုင်းကတန်းမေးသည်။
" မင်း အပြင်ရောက်နေ.."

ခွန်းသန့်နောင် မိသွားမှာဆို၍ မြန်မြန်ဆန်ဆန်ပင် ကြားဖြတ်ဖြေလိုက်သည်။
" ကျွန်တော်အိမ်မှာပါ Tvကလာတဲ့ပြိုင်ပွဲတွေကြည့်နေတာ "

"...."
ခွန်သာမှိုင်းက ဘာမှဆက်မပြောလာပဲ ခဏမျှတိတ်ဆိတ်သွားပြီး ခွန်းသန့်နောင်၏အသက်ရှူသံတွေကတော့ အနည်းငယ်ပြင်းလို့နေသည်။

Chit Khoon Cho Thar or JuliiaJune
(2.7.2023)

နောက်တစ်ပိုင်းတော့ ရိုက်ပွဲဖြစ်မလားပဲ 🤣။

Zaw...

The Matching Guys(Part 20)

ေနာက္တစ္ေန႔မနက္ ခြန္းသန္႔ေနာင္ႏိုးလာခ်ိန္တြင္ ခြန္သာမႈိင္းအိမ္တြင္မရွိေတာ့ေပ။ဒီေန႔တစ္ညလံုးလည္းျပန္မလာမွာက်ိန္းေသသည္ဟုေျပာသြားတာေၾကာင့္ ခြန္းသန္႔ေနာင္ ၿခံရံလင္းအားဖုန္းဆက္လိုက္သည္။

" ေျပာ ခြန္းသန္႔ေနာင္ အေျခအေနဘယ္လိုလဲ"

" okမယ္ထင္တာပဲကြာ ငါညေနက်လာခဲ့မယ္"

ၿခံရံလင္း ခပ္သဲ့သဲ့ရယ္ရင္းသတိေပးသည္။
" မင္းအစ္ကိုတကယ္အျပင္သြားတာလား ။ ႀကိဳသိလို႔ေထာင္ဖမ္းတာလည္းျဖစ္ေနအုံးမယ္ေနာ္ "

" မဟုတ္ေလာက္ပါဘူး။ ကိုကိုဒီေန႔ကိစၥရွိတယ္ဆိုတာ ဟိုရက္ေတြထဲကေျပာထားတာ။"

" ok okမင္းလာမွာေသခ်ာၿပီဆိုေတာ့ မင္းၿပိဳင္ေမာင္းဖို႔ ငါကားတစ္စီးျပင္ထားေပးမယ္"

" လာမွာ ေသခ်ာတယ္။ ဒီေန႔လည္ေတာ့ ဟိုႏွစ္ေကာင္ကိုေကြၽးစရာရွိတာေကြၽးၿပီး လုပ္စရာရွိတာလုပ္ေပးလိုက္အုံးမယ္"

" အင္း ဒါပဲေဟ်ာင့္ "

ခြန္းသန္႔ေနာင္ႏိုင္ငံျခားမွာ ရွိစဥ္တုန္းကေတာ့၀ယ္ထားသည့္ၿပိဳင္ကားေတြအမ်ားအျပားရွိေပမဲ့ ျမန္မာႏိုင္ငံျပန္ေရာက္လာေတာ့ ၿပိဳင္ကားမဟုတ္ပဲ႐ိုး႐ိုးကားတစ္စီးသာ၀ယ္ထားျဖစ္သည္။
ၿခံရံလင္းက ခြန္းသန္႔ေနာင္ထက္ ျမန္မာျပည္ျပန္ေရာက္တဲ့ႏွစ္ေစာတာေရာသူ႔ႀကိဳက္သည့္ ကားျမင္
တိုင္း၀ယ္ေနတာေရာေၾကာင့္ ႐ိုး႐ိုးကားေတြအျပင္ ၿပိဳင္ကားေတာ္ေတာ္မ်ားမ်ားကိုလည္းစုမိထားေလသည္။

ခြန္းသန္႔ေနာင္ ဒီေန႔ေတာ့ေတာ္ေတာ္တက္ႂကြေနမိသည္။ လအေတာ္အၾကာေဝးကြာေနသည့္ ၿပိဳင္ကားေလးေတြကိုျပန္ထိၿပီး ၿပိဳင္ေမာင္းရေတာ့မွာျဖစ္တာေၾကာင့္ ေပ်ာ္ေနမိတာအမွန္။
ဆိုင္ကယ္ေတြထက္ ကားေတြကိုသာပိုႏွစ္သက္သည္။
ထို႔ေၾကာင့္ အိပ္ယာေပၚကတက္ႂကြစြာထရင္း သီခ်င္းေလးတညည္းညည္းျဖင့္ ေရခ်ိဳးခန္းအတြင္းသို႔၀င္သြားေတာ့ေလသည္။

ခြန္သာမႈိင္း မွာထားသည့္အတိုင္း ေႁမြကိုအစာေကြၽးရန္ျပင္ရသည္။
သတ္မွတ္ထားသည့္ အသားပမာဏကို ဗန္းေပၚတင္ၿပီး လက္အိတ္စြပ္ကာ အစာေကြၽးရန္အတြက္ ညႇပ္တစ္ခုယူလိုက္သည္။

အစာေကြၽးမည္ဆိုသာသိ၍ ပံုမွန္ဆို အေနေအးၿပီးေခ်လြန္းသည့္ေႁမြက ေခါင္းေထာင္လာသည္။

" အစာ စားရမယ္ဆိုေတာ့ေပ်ာ္ေနတာေပါ့ေလ ။ ႐ုတ္႐ုတ္ ႐ုတ္႐ုတ္ေတာ့မလုပ္နဲ႔ေနာ္ ေအးေအးေဆးေဆးစားၿပီးျပန္အိပ္"

ခြန္းသန္႔ေနာင္ ေကြၽးခိုင္ထားသည့္ပမာဏအကုန္လုံးကိုေကြၽးလိုက္ၿပီး ေႁမြကဗိုက္၀သြားပုံေပၚသည္။
ဘယ္မွပင္မသြားပဲ ထိုေနရာမွာပင္ ဆက္ေနေနတာေၾကာင့္ ခြန္းသန္႔ေနာင္ ေႁမြေခါင္းေလးကိုတစ္ခ်က္တို႔လိုက္သည္။
ေႁမြအနက္ေရာင္ေလးကေတာ့ ဘာမွျပန္မလုပ္။ ခြန္းသန္႔ေနာင္အရင္ကနည္းနည္းလန္႔ေပမဲ့
အေနၾကာလာေတာ့ ထိုေႁမြကေအးလြန္းၿပီး ရန္မျပဳတက္ဘူးဆိုတာသိလာသည္။
သို႔ေပမဲ့လည္း ရဲရဲတင္းတင္းေတာ့မကိုင္ရဲေသးေခ်။

" အစာ၀ၿပီးလႈပ္ေတာင္မလႈပ္ခ်င္ေတာ့ဘူးေပါ့ေလ။ မင္းဒီမွာေနရတာကံေကာင္းတယ္သိလား။
တ႐ုတ္ျပည္မွာသာဆို ေႁမြသားျပဳတ္၊ ေႁမြသားေၾကာ္၊ေႁမြသားသုပ္၊ ေႁမြသားဟင္းအစုံသုပ္ေတြဘာေတြျဖစ္ေနေလာက္ၿပီ။"
ခြန္းသန္႔ေနာင္ေျပာသည့္စကားမ်ားကို ေႁမြနားလည္မလည္ေတာ့ မသိဟိုဘက္ေဘးရွိေလွာင္အိမ္ႀကီးအတြင္းမွ Lucky ကေတာ့ေႁမြကိုလွမ္းၾကည့္ရင္း ပါးစပ္က႐ြတ္ဆိုလာေတာ့သည္။

" ေႁမြသားေၾကာ္၊ ေႁမြသားသုပ္၊ ေႁမြသားျပဳတ္…အ..အ"

ခြန္းသန္႔ေနာင္ လက္အိတ္ေတြဘာေတြခြၽတ္ကာ Luckyဆီသြားလိုက္ရင္း
ႏႈတ္သီးကိုလက္ညိဳးျဖင့္ ႏွစ္ခ်က္ေလာက္ထိလိုက္သည္။

" မင္း႐ူးေနလား ။ အရင္သင္ထားေပးတာပဲတက္ေအာင္လုပ္ေလ ။ ကိုကို႔ေရွ႕မွာ ခဏကလိုမေအာ္ရဘူးေနာ္ ။ ငါတို႔ႏွစ္ေယာက္သူ႔ေႁမြကိုမေကာင္းႀကံေနတယ္ထင္ၿပီး အိမ္ေပၚကႏွင္ထုတ္ခံရလိမ့္မယ္"

Lucky ကေတာ့ ခြန္းသန္႔ေနာင္စကားနားေထာင္ေနသည့္ပုံမေပၚ ေအာက္ျပန္ငုံ႔ရင္းသူ႔အစာေတြကိုသာ အမ်ိဳးအစားခြဲေနသည္။

အစကခြန္းသန္႔ေနာင္ထင္သည္က Lucky ကအစာေ႐ြးစားသည္ဟု ။ သို႔ေပမဲ့ေ႐ြးစားတာမဟုတ္ပဲ
သူ႔ရဲ႕ အေစ့အဆန္အစာေတြကို ခြက္ေတြထဲေသခ်ာျပန္ခြဲထည့္ၿပီးမွစားတာျဖစ္သည္။
အက်င့္ပဲလား အားေန၍ အလုပ္ရွာလုပ္ေနသည္လားေတာ့Lucky ပဲသိႏိုင္မည္။

" အင္း အင္း စားစား ခဏေနေရခ်ိဳးမယ္"
ခြန္းသန္႔ေနာင္ ထိုသို႔ေျပာၿပီး ခဏေနသူ႔ၾကက္တူေ႐ြးကိုေရခ်ိဳးေပးရန္အတြက္ ျပင္ဆင္လိုက္ေတာ့သည္။

" ေရခ်ိဳးမယ္ လာ လာ"
ခြန္းသန္႔ေနာင္ Luckyအား ေလွာင္အိမ္ထဲမွထြက္ခိုင္းသည္။
သို႔ေပမဲ့ Luckyက ေက်ာေပးထားၿပီး တုပ္တုပ္မလႈပ္ ခြန္းသန္႔ေနာင္ဆြဲထုတ္ေတာ့လည္း
တန္းကိုေျချဖင့္မရမက ကုပ္တြယ္ထားေသးသည္။

ခြန္းသန္႔ေနာင္အတြက္ဒါအဆန္းမဟုတ္ေတာ့ေပ Lucky ကေရခ်ိဳးဖို႔ဆိုလွ်င္ေတာ္ေတာ္ေခၚရခက္သည္။ ပုံမွန္အခ်ိန္ေခၚ လွ်င္ေတာ့ ေလ်ာေလ်ာရႉရႉပင္ လက္တို႔ ပုခုံးေပၚတို႔တက္လာသည္။

" လာပါကြာ အခ်ိန္ဆြဲမေနနဲ႔ ငါအားတုန္းခ်ိဳးေပးရတာေနာ္ ။ မခ်ိဳးရင္ ဂ်ီးထူျဖစ္သြားမယ္ေနာ္ နာမည္ပါေျပာင္းေပးလိုက္ရမလား"

Lucky က ကြကြ ကြိကြိ အအ အိအိ ေတြေအာ္ရင္း ေလွာင္အိမ္ထဲမွ ထြက္လိုက္ကာ ခပ္ျမင့္ျမင့္ေနရာတစ္ခုတြင္ သြားနားသည္။ ဆိုလိုသည့္သေဘာက သူလုံး၀ေရမခ်ိဳးႏိုင္။

" အား..."
ခြန္းသန္႔ေနာင္ စိတ္မရွည္စြာျဖင့္အက်ယ္ႀကီးေအာ္လိုက္သည္။
" ဒီလိုေကာင္ကိုေမြးဖို႔ ငါ့ကိုဘယ္သူအႀကံေပးတာလဲ တကယ္ပဲ စိတ္တိုလာၿပီ။ ကိုယ့္အပူကိုရွာတယ္ဆိုတာဒါမ်ိဳး"

ခြန္းသန္႔ေနာင္ဘ၀တြင္ တိရစာၦန္ဟူ၍ ဤၾကက္တူေ႐ြးတစ္ေကာင္သာေမြးခဲ့ဖူးသည္။ ေၾကာင္ကမႀကိဳက္၍ မေမြးသလို ေခြးက်ျပန္၏
ေတာ့လည္း ငယ္ငယ္ထဲကသူမ်ားေခြးကိုက္ခံရဖူး၍
မေမြးျဖစ္ခဲ့ေပ။

ယခု ၾကက္တူေ႐ြးေလးတစ္ေကာင္ေမြးမိေတာ့ မရွည္သည့္စိတ္ကိုဆြဲဆန္႔ၿပီးအကုန္လုပ္ေပးေနေသာ္လည္း ထိုၾကက္တူေ႐ြးမွာ ဗိုလ္က်လြန္းလွသည္။
သူ သည္းမခံႏိုင္ေတာ့။ ငယ္ငယ္ေလးထဲက သူ႔ကိုသာသူမ်ားေတြက ျပဳစုယုယအလိုလိုက္ခဲ့ေပးတာျဖစ္ၿပီး
ယခုတြင္ေတာ့ ခြန္းသန္႔ေနာင္ခဗ်ာ ၾကက္တူေ႐ြးတစ္ေကာင္နဲ႔တိုင္ပတ္ေနသည္။

ခြန္းသန္႔ေနာင္ ၾကက္တူေ႐ြးအား ခါးေထာက္ကာ အတန္ၾကာရပ္ၾကည့္ၿပီးေနာက္
အံႀကိတ္ကာ စကားတစ္ခြန္းေျပာလိုက္သည္။

" မခ်ိဳးဘူးေပါ့ ရတယ္။ မင္းနဲ႔ငါနဲ႔အျပတ္ပဲ ဒီညေနလမ္းေဘးမွာသြားလႊင့္ပစ္ ပစ္မယ္"

Luckyက ခြန္းသန္႔ေနာင္အား ေခါင္းတေစာင္းေစာင္းျဖင့္ ငုံ႔ၾကည့္ၿပီး သူ႔သခင္စိတ္ဆိုးေနၿပီဆိုတာသိလိုက္သည္။ ထိုေၾကာင့္ မသြားခ်င္သြားခ်င္ျဖင့္
ခြန္းသန္႔ေနာင္ပုခုံးေပၚပ်ံတက္ေလသည္။

ခြန္းသန္႔ေနာင္ ထိုအခါမွစိတ္ေျပသြားၿပီး Lucky ေခါင္းေလးကို လက္ညိဳးေလးျဖင့္ပြတ္သပ္လိုက္ရင္း
" ေခၚရင္ခ်က္ခ်င္းမလာဘူး ။ ငါ့ကိုကေဒါသထြက္ေအာင္လုပ္ေသးတယ္"

Luckyက ကြကြကုကု ျပန္ေျပာရင္း သူ႔ေခါင္းကို ခြန္းသန္႔ေနာင္ ပါးမွာကပ္သည္။
ဆိုလိုခ်င္သည္က သူ႔အားစိတ္မဆိုးပါနဲ႔။

သူ႔အားခြၽဲသည့္Luckyကိုၾကည့္ရင္း ခြန္းသန္႔ေနာင္ၿပဳံး႐ႊင္စြာျဖင့္ေရခ်ိဳးရန္ေခၚသြားေလေတာ့သည္။

စိုင္းခြန္းသန္႔ေနာင္ႏွင့္ သူ႔ၾကက္တူေ႐ြးေလးမွာအေၾကာမတဲ့ၾကသည့္ပုံေပၚေသာ္လည္း အခ်င္းခ်င္းသံေယာဇဥ္ေတြက လ်င္လ်င္ျမန္ျမန္ပင္ခိုင္မာလို႔လာသည္။
…..

ခြန္းသန္႔ေနာင္သူလုပ္စရာရွိတာမ်ားကိုလုပ္ၿပီး ညေနေစာင္းေတာ့ ၿခံရံလင္းဆီထြက္ခဲ့ေတာ့သည္။
ထိုမွတစ္ဆင့္ ၿမိဳ႕ျပင္ရွိ သူတို႔အေပ်ာ္ၿပိဳင္ပြဲလုပ္မည့္ကြင္းဆီေရာက္ေတာ့ေကာင္းကင္ကေမွာင္ပင္ေမွာင္ေနၿပီျဖစ္သည္။
သို႔ေပမဲ့ သူတို႔ေတြစုေဝးေနသည့္ေနရာမွာေတာ့ မီးမ်ားလင္းထိန္ေနသည့္အျပင္ လူငယ္လူ႐ြယ္ က်ားမေပါင္းစုံျဖင့္ စည္ကားလ်က္ရွိသည္။
ခပ္လွမ္းလွမ္းတစ္ေနရာတြင္လည္း အလန္းစားၿပိဳင္ကားမ်ိဳးစုံကို ရပ္ထားၾကေလသည္။
ခပ္ျမဴးျမဴး djသီခ်င္းသံေတြျဖင့္ အရက္ပုလင္းေတြကိုင္ၿပီး ကေနသည့္လူမ်ားလည္းရွိၾကသည္။

ၿပိဳင္ပြဲ ပြဲစဥ္ေတြက ည၉နာရီမွစမည္ျဖစ္၍ ယခုခ်ိန္တြင္ေတာ့ အကုန္လုံးလြတ္လြတ္လပ္လပ္ေပ်ာ္ပါးေနၾကသည္။

ခြန္းသန္႔ေနာင္ႏွင့္ ၿခံရံလင္းတို႔ကိုလည္း သူတို႔အသိေတြကလာေရာက္ႏႈတ္ဆက္ၾကသည္။
သူတို႔သူငယ္ခ်င္းႏွစ္ေယာက္လုံးကဆရာႀကီးေတြျဖစ္သည္။

" ခြန္းသန္႔ေနာင္ မင္းေနာက္ဆုံးအပိတ္ပြဲၿပိဳင္ရမွာ မင္းကိုကားတစ္စီးေၾကးစိမ္ေခၚထားတဲ့သူရွိတယ္"
ၿခံရံလင္းကေျပာလာေတာ့ ခြန္းသန္႔ေနာင္၏ ႏႈတ္ခမ္းတစ္ဖက္မွာေကြးတက္သြားသည္။

" ဘယ္ေကာင္က ငါ့ကိုကားေပးခ်င္ေနတာလဲ"

" ဟ ပိုင္လွခ်ည္လား။ ဆရာသခင္ႀကီးဆိုေတာ့လည္း အၿမဲconfidence ရွိေနတာပဲ။ဒါေပမဲ့ မေမာင္းျဖစ္တာ လအေတာ္ၾကာေနၿပီေလ ေသြးပူေလ့က်င့္ခန္းေလးဘာေလးမလုပ္ေတာ့ဘူးလား"

" လမေျပာနဲ႔ ႏွစ္ေတြၾကာရင္ေတာင္ ငါ့လက္ရည္ကမက်ဘူး။ အခုငါၿပိဳင္မယ္ဆိုတာက ေသြးပူေလ့က်င့္ခန္းလုပ္သေလာက္ပဲရွိတယ္"
ေျပာရင္း ခြန္းသန္႔ေနာင္သူ႔ရဲ႕ ဆံပင္အျဖဴေရာင္အခ်ိဳ႕ကိုစုလိုက္ကာ ႀကိဳးျဖင့္ခ်ည္ရင္း အထုံးေသးေသးေလးလုပ္လိုက္သည္။
ခြန္းသန္႔ေနာင္၏ဆံပင္မွာအရွည္ႀကီးမဟုတ္ေသာ္လည္း နည္းနည္းေလးေတာ့စီးကာထုံးလို႔ရသည္။

ထိုသို႔လုပ္လိုက္တာေၾကာင့္ ခြန္းသန္႔ေနာင္၏မ်က္ႏွာေခ်ာေခ်ာေလးမွာပို၍ေပၚလြင္သြားေလသည္။ နားတစ္ဖက္တြင္ပန္ထားသည့္ စိန္နားကပ္ ၃ခုမွာ လင္းလက္ေပၚလြင္ေနၿပီး ျဖဴေဖြးသြယ္လွေသာ လည္တိုင္ေလးမွာလည္း အေၾကာစိမ္းေလးမ်ားကို ထင္ထင္ရွားရွားျမင္ေနရသည္။

ဘာကိုမွဂ႐ုမစိုက္သည့္မ်က္ႏွာေပးႏွင့္ အၾကည့္မ်ားေၾကာင့္ ခြန္းသန္႔ေနာင္အား ဘယ္သူမွ ရန္လာမစရဲၾက။ ဖားယားၿပီးစကားလာေျပာၾကသူမ်ားရွိေသာ္လည္း ခြန္းသန္႔ေနာင္က တစ္ခြန္းမွ်ဒါမွမဟုတ္အၾကည့္ျဖင့္သာ ျပန္ေျဖသည္။

ၿပိဳင္ပြဲပထမအခ်ီကို စဖြင့္ေပးသူက ၿခံရံလင္း....။

ၿခံရံလင္းကားႏွင့္ တစ္ဖက္ကားက တားထြက္တြင္အသီးသီးေနရာယူထားၾကၿပီး ေသနတ္ပစ္ေဖာက္ကာ အခ်က္ေပးလိုက္သည္ႏွင့္ ကားႏွစ္စီးမွာ ကတၱာ လမ္းမထက္မွာ အရွိန္ျပင္းစြာ စတင္ထြက္ခြာသြားၾကေလသည္။
ကားထြက္သြားသည္ႏွင့္ ေအာ္ဟစ္သံမ်ားႏွင့္လည္းဆူညံသြားေသးသည္။

ကား ႏွစ္စီးမွာအၿပိဳင္ေမာင္းေနၾကၿပီး ေနာက္ဆုံးတြင္ေတာ့ သတ္မွတ္ထားသည့္ေနရာကို ၿခံရံလင္း၏ၿပိဳင္ကား အနက္ေရာင္ေလးကအရင္ေရာက္လာသည္။  ေနာက္ကကားမွာ စကၠန္႔၂၀အၾကာေလာက္မွ ေရာက္လာသည္ျဖစ္၍
အႏိုင္ရရွိသူမွာ ၿခံရံလင္းပင္။

ၿခံရံလင္း ဂုဏ္ယူ၀င့္ႂကြားစြာျဖင့္ ကားေပၚကဆင္းလာၿပီး ခြန္းသန္႔ေနာင္ႏွင့္
ပုခုံးခ်င္းတိုက္လိုက္ၾကသည္။

" ငါကေတာ့အဖြင့္ကိုေအာင္ေအာင္ျမင္ျမင္ဖြင့္လိုက္ၿပီ အပိတ္ကေတာ့ မင္းတာ၀န္ပဲ "

" ၾကည့္ထားပါ အလန္းစားအကြက္ေတြငါျပမယ္"
ခြန္းသန္႔ေနာင္ကလည္း ရဲရဲႀကီးအာမခံလိုက္သည္။

ၿခံရံလင္းႏွင့္ ခြန္းသန္႔ေနာင္၏အေပါင္းအသင္းမ်ားကလည္း သူတို႔ႏွစ္ေယာက္နား၀ိုင္းလာၿပီး
" ေဟ့ အပိတ္လည္းokရင္ ငါတို႔ဒီည ရွယ္ကဲ ၾကမယ္ေနာ္ ။ "

" က်ိန္းေသေပါက္ ကဲရမွာေပါ့ကြာ ခြန္းသန္႔ေနာင္ရႈံးတဲ့ပြဲ မင္းျမင္ဖူးလို႔လား"
အခ်င္းခ်င္း ခြန္းသန္႔ေနာင္အား ေျမႇာက္ပင့္ေနၾကေလသည္။

ခြန္းသန္႔ေနာင္ကေတာ့ ဘာမွဝင္မေျပာၿပဳံး႐ုံသာ ၿပဳံးေနလိုက္သည္။

ၿပိဳင္ရမည့္လမ္းအတြင္း၌လည္း ေနာက္ထပ္ၿပိဳင္ပြဲဝင္ေတြက အသီးသီးေနရာထပ္ယူၿပီးေနၿပီျဖစ္သည္။

ခြန္းသန္႔ေနာင္သူ႔အလွည့္မေရာက္ေသး၍ တစ္ျခားသူေတြရဲ႕ၿပိဳင္ပြဲေတြကိုၾကည့္ေနတုန္း ဖုန္း၀င္လာသည္။
ဘယ္သူလဲမသိေသး၍ေအးေအးလူလူပင္ အိတ္ကပ္ထဲကဖုန္းကိုထုတ္လိုက္ၿပီး screenေပၚက contact ကိုျမင္ေတာ့မွ ထိတ္လန္႔သြားရသည္။

" ကိုကို ဒီအခ်ိန္ႀကီးဘာလို႔ဆက္တာလဲဟ"

" မင္းအစ္ကိုလား"

" အင္း "
ၿခံရံလင္းအားျပန္ေျဖၿပီး ဆူညံသံေတြနဲ႔အနည္းငယ္ေဝးရာကို ခြန္းသန္႔ေနာင္ေျပးသြားေတာ့သည္။

ခြန္းသန္႔ေနာင္အခုလို ထိတ္လန္႔တာမ်ိဳး တစ္ျခားသူမ်ားကတစ္ခါမွမျမင္ဖူး၍ ၿခံရံလင္းအားေမးၾကေတာ့သည္။

" ဘာလဲ ခြန္းသန္႔ေနာင္ရည္းစားရေနတာလား။ သူ႔အိမ္ကဆက္တာဆို အဲ့ေလာက္လန္႔မွာမဟုတ္ဘူး"

" ရည္းစားထက္ပိုေၾကာက္ရတဲ့ သူ႔အစ္ကို"

" ခြန္းသန္႔ေနာင္ေၾကာက္တဲ့သူလည္းရွိေသးတာေပါ့ ထူးထူးဆန္းဆန္းႀကီး"
ထိုသူေတြကအခ်င္းခ်င္းေျပာလိုက္ၾကသည္။

ထိုအေပါင္းအသင္းေတြက ခြန္းသန္႔ေနာင္ႏွင့္ ငယ္ေပါင္းေတြမဟုတ္၍ ခြန္းသန္႔ေနာင္၏အစ္ကိုအားမသိၾကေပ။

ခြန္းသန္႔ေနာင္ ပင့္သက္ျပင္းျပင္းရႈိက္လိုက္ၿပီးမွ ဖုန္းကိုင္လိုက္သည္။

အေဝးကိုေျပးထြက္လာေသာ္လည္း အသံေတြကအနည္းငယ္ၾကားေနရဆဲ။
ထိုေၾကာင့္ ခြန္သာမႈိင္းကတန္းေမးသည္။
" မင္း အျပင္ေရာက္ေန.."

ခြန္းသန္႔ေနာင္ မိသြားမွာဆို၍ ျမန္ျမန္ဆန္ဆန္ပင္ ၾကားျဖတ္ေျဖလိုက္သည္။
" ကြၽန္ေတာ္အိမ္မွာပါ Tvကလာတဲ့ၿပိဳင္ပြဲေတြၾကည့္ေနတာ "

"...."
ခြန္သာမႈိင္းက ဘာမွဆက္မေျပာလာပဲ ခဏမွ်တိတ္ဆိတ္သြားၿပီး ခြန္းသန္႔ေနာင္၏အသက္ရႉသံေတြကေတာ့ အနည္းငယ္ျပင္းလို႔ေနသည္။

Chit Khoon Cho Thar or JuliiaJune
(2.7.2023)

ေနာက္တစ္ပိုင္းေတာ့ ႐ိုက္ပြဲျဖစ္မလားပဲ 🤣။

Continuer la Lecture

Vous Aimerez Aussi

1M 65.5K 85
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင္ဒါသစ္ခြေတြကိုျမင္တိုင္း အတိတ္...
98.5K 13.6K 93
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
214K 6.4K 73
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
304K 33.1K 170
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...