The Matching Guys (Top)

By Juliiajune

2.1M 161K 8.7K

စဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed) More

Intro
အပိုင်း ၁( ဆေးရုံတွင်အလုပ်အတူလုပ်ခွင့်ရရှိ)
အပိုင်း ၂(ကျေးဇူးရှင်ကိုကို နားတွယ်ကပ်ကာနေမည်)
အပိုင်း ၃(ပင်ပန်းသော်လည်း ထွက်မသွားနိုင် )
အပိုင်း ၄ ( ကိုယ်ဖိရင်ဖိသင်ကြားပေး)
အပိုင်း ၆ (အချစ်ရူး)
အပိုင်း ၇( သူငယ်ချင်းမှကူပြော)
အပိုင်း ၈( ကိုကို့အိမ်သို့ပြောင်းရွှေ့)
အပိုင်း ၉( မြွေနှင့်ငှက်)
အပိုင်း ၁၀( ကြက်တူရွေးအား အိမ်သို့ခေါ်ဆောင်လာ)
အပိုင်း ၁၁(sex partner လုပ်ရန်ကမ်းလှမ်းခြင်း)
အပိုင်း ၁၂ ( လူသတ်ရန်အကြံပေး)
အပိုင်း ၁၃( Lucky )
Attention Please 💙
အပိုင်း ၁၄( ချော့တစ်ခါခြောက်တစ်လှည့်)
အပိုင်း ၁၅(အတိတ်က ငွေဆောင်ခရီး)
အပိုင်း ၁၆(အတိတ်ကငွေဆောင်ခရီး ၂)
အပိုင်း ၁၇(ကြောက်စရာကောင်းသောပညာပြန်ပေးမှု)
အပိုင်း ၁၈( နီးနီးလေးနဲ့ဝေး)
အပိုင်း ၁၉ ( အကြားအမြင်ရနေတာလား )
အပိုင်း ၂၀ ( မပီပြင်သော လိမ်လည်မှု)
အပိုင်း ၂၁ ( ပြောစကားနားမထောင်သော ကျားပေါက်လေး)
အပိုင်း ၂၂( ငါ့နောက်မလိုက်ခဲ့နဲ့)
အပိုင်း ၂၃( ဒဏ်ရာရသော်လည်း ပျော်ရွှင်နေသောကျားပေါက်)
အပိုင်း ၂၄ (ဆက်ဆံရေးတစ်ခု တရား၀င်စတင်ခြင်း)
အပိုင်း ၂၅ ( အနမ်းတစ်ပွင့် လက်ဝါးတစ်ချက်)
အပိုင်း ၂၆ ( ဒုတိယမြောက်အနမ်း )
အပိုင်း ၂၇ ( သူငယ်ချင်း၏ပြဿနာ)
Update and Sai Khoon Thant Naung😻
အပိုင်း ၂၈ ( ခွန်သာမှိုင်းအားHotel တွင်တွေ့ရှိ)
အပိုင်း၂၉ ( ဒေါသထွက်နေသောလူနှစ်ယောက်)
အပိုင်း ၃၀ ( အတင့်ရဲသော ကောင်လေး)
အပိုင်း ၃၁ ( +နာကျင်မှုအချို့ကြား ပျော်မြူးကျေနပ်သောည+)
အပိုင်း ၃၂( Psycho father)
အပိုင်း ၃၃ ( အကြင်နာတရားမရှိသောမိခင်)
အပိုင်း ၃၄( ခင်ဗျားနဲ့ ကျွန်တော်ကမတူဘူး)
အပိုင်း ၃၅ ( တာ၀န်ယူခိုင်းခြင်း)
အပိုင်း ၃၆ (မရေမရာ ဆက်ဆံရေး)
အပိုင်း ၃၇( မချစ်ဘူး-ညီအစ်ကိုထက်ပိုသော)
အပိုင်း ၃၈( ဖွင့်ပြောပြောခြင်း အငြင်းခံရ)
အပိုင်း ၃၉ ( လိုက်ဖက်ညီသော အတွဲ )
အပိုင်း ၄၀ (လူဆိုးများ)
အပိုင်း ၄၁ ( အဆူမခံရ)
အပိုင်း ၄၂(ချစ်တယ်မပြောသေးလည်း ဆက်၍စောင့်မည်)
အပိုင်း ၄၃ ( အပုတ်အပွများပေါ်ပေါက်လာ)
အပိုင်း ၄၄( UK သို့ထွက်ခါ အရှုပ်ထုတ်မလိုက်ရပေ )
အပိုင်း ၄၅ (ကိုကိုမရှိတုန်း စုံစမ်းရေးစ)
အပိုင်း ၄၆ (အင်း..သတိရတယ်)
အပိုင်း ၄၇ (Landonသို့ ကျားပေါက်လေးလိုက်သွား)
အပိုင်း ၄၈ ( အလိုလိုက်ခံရ)
အပိုင်း ၄၉( First date💙 London မြို့အတွင်းလည်ပတ်)
Landon City Photos 📸
အပိုင်း ၅၀(Landon မြို့မှထွက်ခွာသွားသောလူငယ်)
အပိုင်း ၅၁ ( Luckyကလွမ်းနေတယ်)
အပိုင်း ၅၂ (မတော်တဆမဟုတ်)
အပိုင်း ၅၃( ခင်ဗျားသေမှအေးမှာ)
အပိုင်း ၅၄ (အတိတ်ကဒဏ်ရာများ)
အပိုင်း ၅၅ ( တစ်ပွဲတစ်လမ်းဆင်နွှဲ)
အပိုင်း ၅၆ (ဖားကန့်သို့ရောက်ရှိ)
အပိုင်း ၅၇ (ပြန်လာခဲ့)
အပိုင်း ၅၈ ( နောင်ငယ် စိတ်မပူပါနဲ့)
အပိုင်း ၅၉ ( Planချ၊ အစီအစဥ်ဆွဲ)
အပိုင်း ၆၀ ( ကယ်ဆယ်ခြင်း အဆင်ပြေစွာပြီးဆုံး)
အပိုင်း ၆၁ ( အတိတ်အကြောင်းများပြောပြ)
အပိုင်း ၆၂( အနားမှထွက်သွားခွင့်မရှိတော့ပေ )
အပိုင်း ၆၃(တစ်ခန်းထဲအတူအိပ်နိုင်ရန် ကြိုးစားခြင်း)
အပိုင်း၆၄ ( တရားဝင်ချစ်သူ)
အပိုင်း ၆၅ ( Great World Company ဥက္ကဌဟောင်း၏မြေး)
အပိုင်း ၆၆ (မင်းတို့နှစ်ယောက်တွဲနေတာလား)
အပိုင်း ၆၇ ( နေမကောင်းေသာ ကောင်ဆိုးလေးအားအလိုလိုက်)
အပိုင်း ၆၈ ( စောက်ကျိုးနည်းတိုက်ဆိုင်မှု)
အပိုင်း ၆၉ ( စိတ်ညစ်နေသောသူ)
အပိုင်း ၇၀ ( သဝန်တိုကာ အပြစ်ပေးသောသူ)
အပိုင်း ၇၁ ( သူငယ်ချင်းကောင်း)
အပိုင်း ၇၂ (ဗုံးပေါက်ကွဲခြင်း စိုးရိမ်ဖွယ်အခြေအနေ)
အပိုင်း ၇၃ (လွမ်းဆွတ်တမ်းတခြင်း)
အပိုင်း ၇၄ ( အန္တရာယ်များကင်းရှင်း )
အပိုင်း ၇၅ (မင်းနဲ့ ဆက်မပတ်သတ်နိုင်ဘူး)
အပိုင်း ၇၆ ( ပျော်ရွှင်မှုကိုရှာဖွေကြသောလူငယ်များ)
🙆‍♀️Characters,Birthday And New Couple💙
အပိုင်း ၇၇ (ဆန္ဒချင်းထပ်တူညီသော ချစ်သူနှစ်ဦး)
အပိုင်း ၇၈ (ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံနေသော မွေးနေ့ပွဲ)
အပိုင်း ၇၉ ( သေအတူရှင်မကွာ)
ဇာတ်သိမ်းပိုင်း(လိုက်ဖက်သောကောင်လေးများ)
Book & Unpublish warning 🚨
ထိန်ယံလင်း💙ဇိုင်းမြတ်မဟာမောင်(New Fiction)
Book💙 စာအုပ်သိမ်းချင်တဲ့သူလေးတွေရပါပြီ

အပိုင်း ၅(အကြောတင်းသော ကောင်လေး)

29.3K 2K 56
By Juliiajune

Uni..

The Matching Guys(Part 5)

ကျောင်းတစ်ကျောင်း၏မလှမ်းမကမ်း လမ်းကြားတစ်နေရာတွင် ဆယ်တန်းကျောင်းသား၄ယောက်နှင့် ၇တန်းကျောင်းသားများရန်ဖြစ်နေကြသည်။
၇တန်းကျောင်းသား ၅ယောက်အုပ်စုတွင် စိုင်းခွန်းသန့်နောင်ပါ ပါလေသည်။

ထိုးနေကြိတ်နေကြတုန်း ၁၀တန်းကျောင်းသားတစ်ယောက်ကဓါးထုတ်လာသည်။
မထုတ်လို့လည်းမဖြစ် ခွန်းသန့်နောင်ကသူ့သူငယ်ချင်းတွေကိုရှယ်တွယ်နေပြီဖြစ်သည်။
ခန္ဓာကိုယ်ချင်းကွာပေမဲ့ ခွန်းသန့်နောင်မှာအရင်ထဲကအရိုက်အနှက်ကျွမ်းတာကြောင့်သူ့ဘက်ကသိပ်မခံရပေ။

ရုတ်တရက် သူ့ကိုဓါးဖြင့်အလစ်ဝင်ထိုးတာကြောင့် ဗိုက်တော့ပေါက်ပြီဟုထင်လိုက်သော်လည်း လက်တစ်ဖက်က ထိုဓါးကိုကိုင်ကာတားလိုက်သည်မို့ ခွန်းသန့်နောင်ကိုမထိခိုက်လိုက်။

ဓါးရှသွားတာကြောင့် သွေးတွေထွက်လာသည့် စဝ်ခွန်သာမှိုင်း၏လက်ကိုကြည့်ပြီး ခွန်းသန့်နောင်ရင်ထိတ်သွားသလို ဒေါသလည်းထွက်သွားသည်။

" ကိုကို့..."

ခွန်သာမှိုင်းမှာ သူ့အားတစ်ချက်ကြည့်ပြီးနောက် ဆယ်တန်းကျောင်းသားများကို ခဏအတွင်းအရိုးကျိုးသည်အထိ ထိုးနှက်ကန်ကျောက်လိုက်သည်။
ထိုကောင်တွေထွက်ပြေးသွားတော့မှ ခွန်းသန့်နောင် သူ့ကိုကိုနားကပ်ကာ...

" ဘာလို့လက်နဲ့ဝင်တားရတာလဲ အရူးလား ကိုကိုက...လာဆေးရုံသွားရအောင် " ဆိုကာ ခွန်သာမှိုင်းအားဆွဲခေါ်သည်။

သို့ပေမဲ့ ခွန်သာမှိုင်းက ခွန်းသန့်နောင်လက်အားခါလိုက်ရင်း ပါးပြင်ထက် တစ်ချက်ထိုးလိုက်သည်။
ခွန်းသန့်နောင်၏ သူငယ်ချင်းများလည်း ခွန်သာမှိုင်း၏မလိုလားသောအကြည့်များကြောင့် ထွက်သွားကြတော့သည်။

ခွန်သာမှိုင်း အိတ်ကပ်ထဲက လက်ကိုင်ပဝါကိုထုတ်ကာ သူ့လက်က သွေးတွေကိုသုတ်လိုက်ရင်း ခွန်းသန့်နောင်အားမေးလာသည်။
" မင်းငါ့ကိုဘာကတိပေးထားလဲ"

"ရန်မဖြစ်တော့ဘူးလို့ကတိပေးထားပါတယ်။ ဒါပေမဲ့ အခုကကျွန်တော်စတာမဟုတ်ဘူး။ အဲ့ကောင်တွေက ကျွန်တော်သူငယ်ချင်းတေွကိုကလေးတွေဆိုပြီးအနိုင်ကျင့်ထားလို့ ကျွန်တော်ပြန်လုပ်တာ"
ခွန်းသန့်နောင်သူ့အပြစ်မဖြစ်အောင် ချေပလိုက်သည်။
" အရင်ဆုံး ကိုကို့ဒဏ်ရာဆေးထည့်ရအောင်လေ လာပါ"

" ငါဘာဒဏ်ရာရရ မနာကျင်တက်တာ မင်းသိပါတယ် အပိုလုပ်မနေနဲ့။မှတ်မိသေးလား တကယ်လို့ မင်းဘာကြောင့်ဖြစ်ဖြစ်ရန်ထပ်ဖြစ်ခဲ့ရင် ငါနဲ့လည်းရန်ဖြစ်ရမယ်ဆိုတာ"
ခွန်​သာ​မှိုင်းက အေးအေးလူလူပြောနေပေမဲ့ ခွန်းသန့်နောင်လန့်ရပါသည်။

" ကိုကို ဒီတစ်ခါပါပဲ နောက်ထပ်ဘယ်သူနဲ့မှရန်မဖြစ်တော့ဘူးလေ။တစ်ခါလောက်အခွင့်အရေးပေးပါ"

" ငါကလေ အခွင့်အရေးဆိုတာမျိုးမပေးတက်ဘူး။ ပြောထားတာကိုတစ်ခါချိုးဖောက်ရင် နောက်တစ်ခါဘယ်တော့မှ ထပ်မချိုးဖောက်ရဲလောက်တဲ့အထိ မှတ်လောက်သားလောက်အောင်လုပ်ပေးမှာ"ပြောရင်း
ခွန်သာမှိုင်း၏မျက်လုံးတွေမှာ နတ်ဆိုးတစ်ကောင်လိုဖြစ်သွားသည်။

ထိုနေ့က ခွန်းသန့်နောင် ဟို၁၀တန်းကောင်တွေနဲ့ပဲရန်ဖြစ်လျှင်တောင် ဒဏ်ရာသိပ်ရမည်မဟုတ်။ သူ့အား ကျားသားမိုးကြိုး တစ်ခါတလေမှလာကြိုသည့် ခွန်သာမှိုင်းဆီမိသွားတာကြောင့် အီစိမ့်နေအောင် ခံလိုက်ရတော့သည်။ထို့ပြင် ဖုန်းပါသိမ်းခံရပြီး ၁လတိတိ သူ့အား ခွန်သာမှိုင်းကစကားတစ်လုံးမှပင်မပြောချေ။

******

ခြံရံလင်း၏clubမှအိမ်သို့ရောက်သည်နှင့် ကားပေါ်ကဆင်းကာ ခွန်းသန့်နောင်အားအိမ်ထဲသို့ဆွဲခေါ်လာသည်။
အိမ်ထဲရောက်သည်နှင့် ခွန်သာမှိုင်းသူ့လက်ကိုလွှတ်လိုက်ကာ ခွန်းသန့်နောင်ကိုတွန်းထုတ်ရင်း

" သွား အထုပ်ပြင်"ဟုပြောလာသည်။

" ကိုကို ဘာပြောတာလဲ မပြင်ဘူးနော်"

" မင်းဒီမှာမနေနဲ့ ပြန်တော့"

ခွန်းသန့်နောင် ခေါင်းတွင်တွင်ခါရင်းငြင်းသည်။
" ဟင့်အင်း မပြန်ဘူးနော်။ ကျွန်တော်ဘာလုပ်လို့လဲ ကိစ္စကြီးလဲမဟုတ်ပဲနဲ့ဟာ"

ခွန်းသန့်နောင်က ပေကပ်ကပ်ဖြင့်ရပ်နေတာကြောင့် ခွန်သာမှိုင်းသူကိုယ်တိုင်အခန်းထဲဝင်ပြီး
ဗီဒိုထဲရှိ ခွန်းသန့်နောင်၏အဝတ်အစားများကိုဆွဲထုတ်သည်။

ခွန်းသန့်နောင်က ဝင်တားရင်း
" ကိုကို မလုပ်နဲ့လို့မပြန်ပါဘူးဆို။စိတ်တိုစရာကိစ္စလည်းမဟုတ်ပဲနဲ့"

ခွန်သာမှိုင်းစိတ်တိုလာတာကြောင့် ငွေရောင်မျက်မှန်လေးကိုပင်ဆွဲချွတ်လိုက်ကာ ခွန်းသန့်နောင်ဆံပင်ကိုကြမ်းတမ်းစွာစုပ်ကိုင်လိုက်ပြီး သူမျက်လုံးများကိုကြည့်စေသည်။

"မင်းဒီနေ့လုပ်လိုက်တဲ့$လုပ်က နောက်ဆက်တွဲပြဿနာတွေကြီးနိုင်တယ်ဆိုတာမသိဘူးလား "

ခွန်းသန့်နောင် နာပေမဲ့ မရုန်းကန်
"အခုလည်းအကုန်အဆင်ပြေပြေပြီးသွားပြီလေဗျာ။ကျွန်တော့်သူငယ်ချင်းအကူအညီလိုလို့ကူညီရတာပါ "

" အရမ်းတွေကူညီချင်နေတာပေါ့...။ မင်းကူညီပေးတဲ့လူတွေက ဥပဒေနဲ့မလွတ်ကင်းတဲ့မာဖီးယားတွေနော်။ ရဲတွေပါပါလာရင် ထောင်ထဲဝင်ရမှာကွ။ မတော်တဆများ အဲ့မာဖီးယားကောင်တွေကမင်းထင်ထားတာထက်ကောက်ကျစ်နေရင်ရော မင်းကိုပါလတ်စဖျောက်ပြီးရှင်းသွားရင်းရော... အဲ့ဒါတွေတစ်ခုမှမစဥ်းစားပဲ ခေါ်တိုင်းပြေးသွားစရာလား"

" ခြံရံလင်းလည်းရှိနေတဲ့ဟာ အဲ့လိုပြဿနာတွေမဖြစ်လောက်ပါဘူး။ "
ပြန်ပြောနေသည့် ခွန်းသန့်နောင်အားလွှတ်ပေးလိုက်ပြီး ခွန်သာမှိုင်း အံကြိတ်ကာပြောလိုက်သည်။

" မင်း ပြန်တော့ နိုင်ငံခြားမှာပဲသွားနေ ငါ့မျက်စိအောက်လုံး၀ရောက်မလာနဲ့"

ခွန်သာမှိုင်းဒေါသလျော့လိုက်လျင် ပိုအေးစက်ကာကြောက်ဖို့ကောင်းတာကြောင့် ခွန်းသန့်နောင်အနည်းငယ်လန့်သွားသည်။ သို့ပေမဲ့လည်းသူလုံး၀
ခွန်သာမှိုင်းအနားကထွက်မသွားချင်။

ထိုကြောင့် ခွန်သာမှိုင်း၏ခြေထောက်တစ်ဖက်ကို အတင်းဖက်တွယ်လိုက်ရင်း
" ကိုကို ဒီတိုင်းကျွန်တော့်ကိုရိုက်ချင်လည်း ရပါတယ်။ သေအောင်ရိုက်လည်းရတယ် ဒါပေမဲ့ လုံး၀ပြန်မသွားဘူး ကိုကို့နားမှာပဲ နေမှာ။"

" မရဘူး။ မင်းလိုစောက်ချိုးနဲ့ကောင်သာ ငါ့နားမှာရှိရင် ငါလုပ်တာနဲ့မင်းအရင်သေမှာ။ ငါကိုယ်တိုင်ဂုတ်ကဆွဲပြီးပြန်ပို့ပေးမယ်"

ခွန်သာမှိုင်းက ပြောလျှင်ပြောသည့်အတိုင်းအတည်လုပ်တာသူသိသည်။ မေ့အောင်ရိုက်ပြီးဖြစ်ဖြစ်ရအောင်ပြန်ပို့ချင်ပို့နိုင်တာမို့ ခွန်းသန့်နောင် တောင်းပန်တော့သည်။
" ဟုတ်တယ်။ ဒီတစ်ခါကျွန်တော်မှားတာပါ တောင်းပန်ပါတယ်။ နောက်တစ်ခါကိုကို့ကိုအရင်ပြောပြီးမှလုပ်မယ်လေနော်။
ကျွန်တော်ကဆိုးတယ်။ဒါပေမဲ့ ကိုကိုပြုပြင်ပေးလေ ။ကိုကိုဆံုးမရင်တကယ်လိမ္မာမှာပါ"

ခွန်းသန့်နောင်က သူ့ခြေထောက်ကိုအတင်းဖက်တွယ်နေတာကြောင့်
ခွန်သာမှိုင်းသူ၏တစ်ခြားခြေထောက်တစ်ဖက်ဖြင့် ခွန်းသန့်နောင်အား ကန်လိုက်သည်။
သို့သော်လည်းအကြောတင်းသည့်ခွန်းသန့်နောင်မှာမလွှတ်ပေးသေး ထို့ကြောင့်ခွန်သာမှိုင်း ပိုဒေါသထွက်ကာ ထပ်ခါထပ်ခါကန်လိုက်သည်။

" အား..."

ကန်ချက်တွေကြောင့် ကြမ်းပြင်ပေါ်တွင်လဲသွားသည့် ခွန်းသန့်နောင်အား
ခွန်သာမှိုင်း ဒူးတစ်ဖက်ထောက်ချပြီးငုံကြည့်ကာပြောသည်။

" နောင်နောင် ... ငါ့ဘ၀မှာလေ မင်းကြောင့်ခဏခဏ တုန်လှုပ်ကြောက်လန့်ခဲ့ရဖူးတယ် သိလား။
တစ်ကမ္ဘာလုံးမှာမင်းတစ်ယောက်ပဲ ငါ့ကိုစိတ်ဒုက္ခအပေးနိုင်ဆုံး၊ ငါအာရုံအစိုက်မိဆုံးပဲ။
ငါမင်းကြောင့်တကယ်စိတ်ရှုပ်ရတယ်"
ခွန်သာမှိုင်း ခွန်းသန့်နောင်၏ဆံပင်အဖြူလေးတွေကိုဖွဖွကိုင်လိုက်ကာ
" မင်းငါ့မျက်စိရှေ့မှာရှိနေရင် ...ငါခဏခဏစိတ်ပူပြီး အာရုံစိုက်နေရမှာ။ အဲ့တော့ငါမမြင်နိုင်တဲ့နေရာကိုမင်းထွက်သွားလိုက်။အဲ့ဒါဆို မင်းဘာသာဘာဖြစ်နေနေငါမသိတော့ဘူး
အာရုံနောက်စရာလည်းမရှိတော့ဘူး။ မင်းဘာသာလုပ်ချင်ရာလုပ်တော့"

လဲ​နေသည့်ခွန်းသန့်နောင်ကလည်း ခွန်သာမှိုင်း၏မျက်လုံးတွေကိုသေချာပြန်စိုက်ကြည့်ရင်းပြောသည်။
" ကျွန်တော်ပြောပြီးပြီ...သေအောင်ရိုက်ရင်တောင်မသွားဘူး။
တစ်ကမ္ဘာလုံးမှာ ကျွန်တော်ကပဲကိုကို့ကိုအာရုံစိုက်နိုင်အောင်လုပ်တဲ့သူလို့ပြောတယ်နော်။ အဲ့တစ်ချက်နဲ့တင်
ကျွန်တော် ကိုကို့အပေါ်ဆက်ရူးသွပ်ဖို့လုံလောက်နေပြီ။ လုံး၀လက်မလျော့ဘူး။ အစထဲက ကိုကို့အပေါ်ချစ်မိသွားအောင် မလွှတ်ထားနဲ့လေ။ စိုင်းခွန်းသန့်နောင်ဆိုတဲ့ကျွန်တော်က ဒီတစ်သက်လုံးမှာ လူတစ်ယောက်ထဲကိုပဲဖက်တွယ်ပြီး ချစ်မှာ။ဘယ်တော့မှပြောင်းလဲမှာမဟုတ်တော့သလို အဲ့လူကလည်းကိုကိုပဲ"

ခေါင်းမာလွန်းသည့် ခွန်းသန့်နောင်ကိုကြည့်ရင်း
" သေခါနီးဆိုရင်ရော ငါ့ကိုချစ်တယ်လို့ပြောနိုင်အုံးမလား သိချင်လိုက်တာ"

" ပြောမှာ ကျွန်တော် ကိုကို့ကို ချစ်...အင့်"
ခွန်းသန့်နောင်ဆက်မပြောနိုင် စဝ်ခွန်သာမှိုင်း၏လက်တစ်ဖက်သည် သူ၏လည်ပင်းကိုတင်းကျပ်စွာညစ်နေသည်။ အသက်ရှူလမ်းကြောင်းအား ပြင်းပြင်းထန်ထန်ဖိညစ်ထားတာကြောင့် ခွန်းသန့်နောင်၏ မျက်နှာလေးပင်နီရဲလာ၍ လည်ပင်းရှိအကြောစိမ်းများပင်ထင်ရှားစွာပေါ် လာတော့သည်။
ထိုကဲ့သို့ အသက်ရှူရန်ခဲယဥ်းနေသည့်အချိန်တွင်ပင် ခွန်းသန့်နောင်၏နှုတ်မှ
" ချစ်တယ်" ဆိုသည့်စကားလုံးကိုရအောင်ပြောလိုက်တာကြောင့်
ခွန်သာမှိုင်း၏လက်တွေမှာပြေလျော့သွားသည်။
ပြီးနောက် ဘာမှမပြောပဲ ခွန်သာမှိုင်း အပြင်သို့ထထွက်သွားလေ​တော့သည်။

ခွန်းသန့်နောင် ကြမ်းပြင်ပေါ်၌ပင် ပက်လက်လှန်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ရယ်ပင်ရယ်လိုက်မိသေးသည်။
သေချာတာက ခွန်သာမှိုင်းသူ့ကိုပြန်ရန်ဖိအားမပေးတော့ဘူးဆိုတာသိလို့ပင်။

Chit Khoon Cho Thar or JuliiaJune (31.5.2023)

ဟူးဒီနေ့တကယ်စိတ်ပင်ပန်းရတဲ့နေတစ်နေ့ပဲ။ စာရေးဖို့လုံး၀စိတ်မပါပေမဲ့
တစ်ရက်ခြားကတိပေးထားတဲ့အတိုင်းရအောင်လာတင်ပေးတာပါ တိုသွားတာတော့ ခွင့်လွှတ်။
နောက်အပိုင်းကစပြီး ခွန်းသန့်နောင်တစ်ယောက်သူ့ကိုကိုနဲ့အတူနေရတော့မှာပါ။ ကလိ ကလိဖြစ်မဲ့အခန်းတွေလာတော့မယ် ။

Zaw...

The Matching Guys(Part 5)

ေက်ာင္းတစ္ေက်ာင္း၏မလွမ္းမကမ္း လမ္းၾကားတစ္ေနရာတြင္ ဆယ္တန္းေက်ာင္းသား၄ေယာက္ႏွင့္ ၇တန္းေက်ာင္းသားမ်ားရန္ျဖစ္ေနၾကသည္။
၇တန္းေက်ာင္းသား ၅ေယာက္အုပ္စုတြင္ စိုင္းခြန္းသန္႔ေနာင္ပါ ပါေလသည္။

ထိုးေနႀကိတ္ေနၾကတုန္း ၁၀တန္းေက်ာင္းသားတစ္ေယာက္ကဓါးထုတ္လာသည္။
မထုတ္လို႔လည္းမျဖစ္ ခြန္းသန္႔ေနာင္ကသူ႔သူငယ္ခ်င္းေတြကိုရွယ္တြယ္ေနၿပီျဖစ္သည္။
ခႏၶာကိုယ္ခ်င္းကြာေပမဲ့ ခြန္းသန္႔ေနာင္မွာအရင္ထဲကအ႐ိုက္အႏွက္ကြၽမ္းတာေၾကာင့္သူ႔ဘက္ကသိပ္မခံရေပ။

႐ုတ္တရက္ သူ႔ကိုဓါးျဖင့္အလစ္ဝင္ထိုးတာေၾကာင့္ ဗိုက္ေတာ့ေပါက္ၿပီဟုထင္လိုက္ေသာ္လည္း လက္တစ္ဖက္က ထိုဓါးကိုကိုင္ကာတားလိုက္သည္မို႔ ခြန္းသန္႔ေနာင္ကိုမထိခိုက္လိုက္။

ဓါးရွသြားတာေၾကာင့္ ေသြးေတြထြက္လာသည့္ စဝ္ခြန္သာမႈိင္း၏လက္ကိုၾကည့္ၿပီး ခြန္းသန္႔ေနာင္ရင္ထိတ္သြားသလို ေဒါသလည္းထြက္သြားသည္။

" ကိုကို႔..."

ခြန္သာမႈိင္းမွာ သူ႔အားတစ္ခ်က္ၾကည့္ၿပီးေနာက္ ဆယ္တန္းေက်ာင္းသားမ်ားကို ခဏအတြင္းအ႐ိုးက်ိဳးသည္အထိ ထိုးႏွက္ကန္ေက်ာက္လိုက္သည္။
ထိုေကာင္ေတြထြက္ေျပးသြားေတာ့မွ ခြန္းသန္႔ေနာင္ သူ႔ကိုကိုနားကပ္ကာ...

" ဘာလို႔လက္နဲ႔ဝင္တားရတာလဲ အ႐ူးလား ကိုကိုက...လာေဆး႐ုံသြားရေအာင္ " ဆိုကာ ခြန္သာမႈိင္းအားဆြဲေခၚသည္။

သို႔ေပမဲ့ ခြန္သာမႈိင္းက ခြန္းသန္႔ေနာင္လက္အားခါလိုက္ရင္း ပါးျပင္ထက္ တစ္ခ်က္ထိုးလိုက္သည္။
ခြန္းသန္႔ေနာင္၏ သူငယ္ခ်င္းမ်ားလည္း ခြန္သာမႈိင္း၏မလိုလားေသာအၾကည့္မ်ားေၾကာင့္ ထြက္သြားၾကေတာ့သည္။

ခြန္သာမႈိင္း အိတ္ကပ္ထဲက လက္ကိုင္ပဝါကိုထုတ္ကာ သူ႔လက္က ေသြးေတြကိုသုတ္လိုက္ရင္း ခြန္းသန္႔ေနာင္အားေမးလာသည္။
" မင္းငါ့ကိုဘာကတိေပးထားလဲ"

"ရန္မျဖစ္ေတာ့ဘူးလို႔ကတိေပးထားပါတယ္။ ဒါေပမဲ့ အခုကကြၽန္ေတာ္စတာမဟုတ္ဘူး။ အဲ့ေကာင္ေတြက ကြၽန္ေတာ္သူငယ္ခ်င္းေတြကိုကေလးေတြဆိုၿပီးအႏိုင္က်င့္ထားလို႔ ကြၽန္ေတာ္ျပန္လုပ္တာ"
ခြန္းသန္႔ေနာင္သူ႔အျပစ္မျဖစ္ေအာင္ ေခ်ပလိုက္သည္။
" အရင္ဆုံး ကိုကို႔ဒဏ္ရာေဆးထည့္ရေအာင္ေလ လာပါ"

" ငါဘာဒဏ္ရာရရ မနာက်င္တက္တာ မင္းသိပါတယ္ အပိုလုပ္မေနနဲ႔။မွတ္မိေသးလား တကယ္လို႔ မင္းဘာေၾကာင့္ျဖစ္ျဖစ္ရန္ထပ္ျဖစ္ခဲ့ရင္ ငါနဲ႔လည္းရန္ျဖစ္ရမယ္ဆိုတာ"
ခြန္​သာ​မႈိင္းက ေအးေအးလူလူေျပာေနေပမဲ့ ခြန္းသန္႔ေနာင္လန္႔ရပါသည္။

" ကိုကို ဒီတစ္ခါပါပဲ ေနာက္ထပ္ဘယ္သူနဲ႔မွရန္မျဖစ္ေတာ့ဘူးေလ။တစ္ခါေလာက္အခြင့္အေရးေပးပါ"

" ငါကေလ အခြင့္အေရးဆိုတာမ်ိဳးမေပးတက္ဘူး။ ေျပာထားတာကိုတစ္ခါခ်ိဳးေဖာက္ရင္ ေနာက္တစ္ခါဘယ္ေတာ့မွ ထပ္မခ်ိဳးေဖာက္ရဲေလာက္တဲ့အထိ မွတ္ေလာက္သားေလာက္ေအာင္လုပ္ေပးမွာ"ေျပာရင္း
ခြန္သာမႈိင္း၏မ်က္လုံးေတြမွာ နတ္ဆိုးတစ္ေကာင္လိုျဖစ္သြားသည္။

ထိုေန႔က ခြန္းသန္႔ေနာင္ ဟို၁၀တန္းေကာင္ေတြနဲ႔ပဲရန္ျဖစ္လွ်င္ေတာင္ ဒဏ္ရာသိပ္ရမည္မဟုတ္။ သူ႔အား က်ားသားမိုးႀကိဳး တစ္ခါတေလမွလာႀကိဳသည့္ ခြန္သာမႈိင္းဆီမိသြားတာေၾကာင့္ အီစိမ့္ေနေအာင္ ခံလိုက္ရေတာ့သည္။ထို႔ျပင္ ဖုန္းပါသိမ္းခံရၿပီး ၁လတိတိ သူ႔အား ခြန္သာမႈိင္းကစကားတစ္လုံးမွပင္မေျပာေခ်။

******

ၿခံရံလင္း၏clubမွအိမ္သို႔ေရာက္သည္ႏွင့္ ကားေပၚကဆင္းကာ ခြန္းသန္႔ေနာင္အားအိမ္ထဲသို႔ဆြဲေခၚလာသည္။
အိမ္ထဲေရာက္သည္ႏွင့္ ခြန္သာမႈိင္းသူ႔လက္ကိုလႊတ္လိုက္ကာ ခြန္းသန္႔ေနာင္ကိုတြန္းထုတ္ရင္း

" သြား အထုပ္ျပင္"ဟုေျပာလာသည္။

" ကိုကို ဘာေျပာတာလဲ မျပင္ဘူးေနာ္"

" မင္းဒီမွာမေနနဲ႔ ျပန္ေတာ့"

ခြန္းသန္႔ေနာင္ ေခါင္းတြင္တြင္ခါရင္းျငင္းသည္။
" ဟင့္အင္း မျပန္ဘူးေနာ္။ ကြၽန္ေတာ္ဘာလုပ္လို႔လဲ ကိစၥႀကီးလဲမဟုတ္ပဲနဲ႔ဟာ"

ခြန္းသန္႔ေနာင္က ေပကပ္ကပ္ျဖင့္ရပ္ေနတာေၾကာင့္ ခြန္သာမႈိင္းသူကိုယ္တိုင္အခန္းထဲဝင္ၿပီး
ဗီဒိုထဲရွိ ခြန္းသန္႔ေနာင္၏အဝတ္အစားမ်ားကိုဆြဲထုတ္သည္။

ခြန္းသန္႔ေနာင္က ဝင္တားရင္း
" ကိုကို မလုပ္နဲ႔လို႔မျပန္ပါဘူးဆို။စိတ္တိုစရာကိစၥလည္းမဟုတ္ပဲနဲ႔"

ခြန္သာမႈိင္းစိတ္တိုလာတာေၾကာင့္ ေငြေရာင္မ်က္မွန္ေလးကိုပင္ဆြဲခြၽတ္လိုက္ကာ ခြန္းသန္႔ေနာင္ဆံပင္ကိုၾကမ္းတမ္းစြာစုပ္ကိုင္လိုက္ၿပီး သူမ်က္လုံးမ်ားကိုၾကည့္ေစသည္။

"မင္းဒီေန႔လုပ္လိုက္တဲ့$လုပ္က ေနာက္ဆက္တြဲျပႆနာေတြႀကီးႏိုင္တယ္ဆိုတာမသိဘူးလား "

ခြန္းသန္႔ေနာင္ နာေပမဲ့ မ႐ုန္းကန္
"အခုလည္းအကုန္အဆင္ေျပေျပၿပီးသြားၿပီေလဗ်ာ။ကြၽန္ေတာ့္သူငယ္ခ်င္းအကူအညီလိုလို႔ကူညီရတာပါ "

" အရမ္းေတြကူညီခ်င္ေနတာေပါ့...။ မင္းကူညီေပးတဲ့လူေတြက ဥပေဒနဲ႔မလြတ္ကင္းတဲ့မာဖီးယားေတြေနာ္။ ရဲေတြပါပါလာရင္ ေထာင္ထဲဝင္ရမွာကြ။ မေတာ္တဆမ်ား အဲ့မာဖီးယားေကာင္ေတြကမင္းထင္ထားတာထက္ေကာက္က်စ္ေနရင္ေရာ မင္းကိုပါလတ္စေဖ်ာက္ၿပီးရွင္းသြားရင္းေရာ... အဲ့ဒါေတြတစ္ခုမွမစဥ္းစားပဲ ေခၚတိုင္းေျပးသြားစရာလား"

" ၿခံရံလင္းလည္းရွိေနတဲ့ဟာ အဲ့လိုျပႆနာေတြမျဖစ္ေလာက္ပါဘူး။ "
ျပန္ေျပာေနသည့္ ခြန္းသန္႔ေနာင္အားလႊတ္ေပးလိုက္ၿပီး ခြန္သာမႈိင္း အံႀကိတ္ကာေျပာလိုက္သည္။

" မင္း ျပန္ေတာ့ ႏိုင္ငံျခားမွာပဲသြားေန ငါ့မ်က္စိေအာက္လုံး၀ေရာက္မလာနဲ႔"

ခြန္သာမႈိင္းေဒါသေလ်ာ့လိုက္လ်င္ ပိုေအးစက္ကာေၾကာက္ဖို႔ေကာင္းတာေၾကာင့္ ခြန္းသန္႔ေနာင္အနည္းငယ္လန္႔သြားသည္။ သို႔ေပမဲ့လည္းသူလုံး၀
ခြန္သာမႈိင္းအနားကထြက္မသြားခ်င္။

ထိုေၾကာင့္ ခြန္သာမႈိင္း၏ေျခေထာက္တစ္ဖက္ကို အတင္းဖက္တြယ္လိုက္ရင္း
" ကိုကို ဒီတိုင္းကြၽန္ေတာ့္ကို႐ိုက္ခ်င္လည္း ရပါတယ္။ ေသေအာင္႐ိုက္လည္းရတယ္ ဒါေပမဲ့ လုံး၀ျပန္မသြားဘူး ကိုကို႔နားမွာပဲ ေနမွာ။"

" မရဘူး။ မင္းလိုေစာက္ခ်ိဳးနဲ႔ေကာင္သာ ငါ့နားမွာရွိရင္ ငါလုပ္တာနဲ႔မင္းအရင္ေသမွာ။ ငါကိုယ္တိုင္ဂုတ္ကဆြဲၿပီးျပန္ပို႔ေပးမယ္"

ခြန္သာမႈိင္းက ေျပာလွ်င္ေျပာသည့္အတိုင္းအတည္လုပ္တာသူသိသည္။ ေမ့ေအာင္႐ိုက္ၿပီးျဖစ္ျဖစ္ရေအာင္ျပန္ပို႔ခ်င္ပို႔ႏိုင္တာမို႔ ခြန္းသန္႔ေနာင္ ေတာင္းပန္ေတာ့သည္။
" ဟုတ္တယ္။ ဒီတစ္ခါကြၽန္ေတာ္မွားတာပါ ေတာင္းပန္ပါတယ္။ ေနာက္တစ္ခါကိုကို႔ကိုအရင္ေျပာၿပီးမွလုပ္မယ္ေလေနာ္။
ကြၽန္ေတာ္ကဆိုးတယ္။ဒါေပမဲ့ ကိုကိုျပဳျပင္ေပးေလ ။ကိုကိုဆံုးမရင္တကယ္လိမၼာမွာပါ"

ခြန္းသန္႔ေနာင္က သူ႔ေျခေထာက္ကိုအတင္းဖက္တြယ္ေနတာေၾကာင့္
ခြန္သာမႈိင္းသူ၏တစ္ျခားေျခေထာက္တစ္ဖက္ျဖင့္ ခြန္းသန္႔ေနာင္အား ကန္လိုက္သည္။
သို႔ေသာ္လည္းအေၾကာတင္းသည့္ခြန္းသန္႔ေနာင္မွာမလႊတ္ေပးေသး ထို႔ေၾကာင့္ခြန္သာမႈိင္း ပိုေဒါသထြက္ကာ ထပ္ခါထပ္ခါကန္လိုက္သည္။

" အား..."

ကန္ခ်က္ေတြေၾကာင့္ ၾကမ္းျပင္ေပၚတြင္လဲသြားသည့္ ခြန္းသန္႔ေနာင္အား
ခြန္သာမႈိင္း ဒူးတစ္ဖက္ေထာက္ခ်ၿပီးငုံၾကည့္ကာေျပာသည္။

" ေနာင္ေနာင္ ... ငါ့ဘ၀မွာေလ မင္းေၾကာင့္ခဏခဏ တုန္လႈပ္ေၾကာက္လန္႔ခဲ့ရဖူးတယ္ သိလား။
တစ္ကမာၻလုံးမွာမင္းတစ္ေယာက္ပဲ ငါ့ကိုစိတ္ဒုကၡအေပးႏိုင္ဆုံး၊ ငါအာ႐ုံအစိုက္မိဆုံးပဲ။
ငါမင္းေၾကာင့္တကယ္စိတ္ရႈပ္ရတယ္"
ခြန္သာမႈိင္း ခြန္းသန္႔ေနာင္၏ဆံပင္အျဖဴေလးေတြကိုဖြဖြကိုင္လိုက္ကာ
" မင္းငါ့မ်က္စိေရွ႕မွာရွိေနရင္ ...ငါခဏခဏစိတ္ပူၿပီး အာ႐ုံစိုက္ေနရမွာ။ အဲ့ေတာ့ငါမျမင္ႏိုင္တဲ့ေနရာကိုမင္းထြက္သြားလိုက္။အဲ့ဒါဆို မင္းဘာသာဘာျဖစ္ေနေနငါမသိေတာ့ဘူး
အာ႐ုံေနာက္စရာလည္းမရွိေတာ့ဘူး။ မင္းဘာသာလုပ္ခ်င္ရာလုပ္ေတာ့"

လဲ​ေနသည့္ခြန္းသန္႔ေနာင္ကလည္း ခြန္သာမႈိင္း၏မ်က္လုံးေတြကိုေသခ်ာျပန္စိုက္ၾကည့္ရင္းေျပာသည္။
" ကြၽန္ေတာ္ေျပာၿပီးၿပီ...ေသေအာင္႐ိုက္ရင္ေတာင္မသြားဘူး။
တစ္ကမာၻလုံးမွာ ကြၽန္ေတာ္ကပဲကိုကို႔ကိုအာ႐ုံစိုက္ႏိုင္ေအာင္လုပ္တဲ့သူလို႔ေျပာတယ္ေနာ္။ အဲ့တစ္ခ်က္နဲ႔တင္
ကြၽန္ေတာ္ ကိုကို႔အေပၚဆက္႐ူးသြပ္ဖို႔လုံေလာက္ေနၿပီ။ လုံး၀လက္မေလ်ာ့ဘူး။ အစထဲက ကိုကို႔အေပၚခ်စ္မိသြားေအာင္ မလႊတ္ထားနဲ႔ေလ။ စိုင္းခြန္းသန္႔ေနာင္ဆိုတဲ့ကြၽန္ေတာ္က ဒီတစ္သက္လုံးမွာ လူတစ္ေယာက္ထဲကိုပဲဖက္တြယ္ၿပီး ခ်စ္မွာ။ဘယ္ေတာ့မွေျပာင္းလဲမွာမဟုတ္ေတာ့သလို အဲ့လူကလည္းကိုကိုပဲ"

ေခါင္းမာလြန္းသည့္ ခြန္းသန္႔ေနာင္ကိုၾကည့္ရင္း
" ေသခါနီးဆိုရင္ေရာ ငါ့ကိုခ်စ္တယ္လို႔ေျပာႏိုင္အုံးမလား သိခ်င္လိုက္တာ"

" ေျပာမွာ ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္...အင့္"
ခြန္းသန္႔ေနာင္ဆက္မေျပာႏိုင္ စဝ္ခြန္သာမႈိင္း၏လက္တစ္ဖက္သည္ သူ၏လည္ပင္းကိုတင္းက်ပ္စြာညစ္ေနသည္။ အသက္ရႉလမ္းေၾကာင္းအား ျပင္းျပင္းထန္ထန္ဖိညစ္ထားတာေၾကာင့္ ခြန္းသန္႔ေနာင္၏ မ်က္ႏွာေလးပင္နီရဲလာ၍ လည္ပင္းရွိအေၾကာစိမ္းမ်ားပင္ထင္ရွားစြာေပၚ လာေတာ့သည္။
ထိုကဲ့သို႔ အသက္ရႉရန္ခဲယဥ္းေနသည့္အခ်ိန္တြင္ပင္ ခြန္းသန္႔ေနာင္၏ႏႈတ္မွ
" ခ်စ္တယ္" ဆိုသည့္စကားလုံးကိုရေအာင္ေျပာလိုက္တာေၾကာင့္
ခြန္သာမႈိင္း၏လက္ေတြမွာေျပေလ်ာ့သြားသည္။
ၿပီးေနာက္ ဘာမွမေျပာပဲ ခြန္သာမႈိင္း အျပင္သို႔ထထြက္သြားေလ​ေတာ့သည္။

ခြန္းသန္႔ေနာင္ ၾကမ္းျပင္ေပၚ၌ပင္ ပက္လက္လွန္လိုက္ၿပီး အသက္ျပင္းျပင္းရႉကာ ရယ္ပင္ရယ္လိုက္မိေသးသည္။
ေသခ်ာတာက ခြန္သာမႈိင္းသူ႔ကိုျပန္ရန္ဖိအားမေပးေတာ့ဘူးဆိုတာသိလို႔ပင္။

Chit Khoon Cho Thar or JuliiaJune (31.5.2023)

ဟူးဒီေန႔တကယ္စိတ္ပင္ပန္းရတဲ့ေနတစ္ေန႔ပဲ။ စာေရးဖို႔လုံး၀စိတ္မပါေပမဲ့
တစ္ရက္ျခားကတိေပးထားတဲ့အတိုင္းရေအာင္လာတင္ေပးတာပါ တိုသြားတာေတာ့ ခြင့္လႊတ္။
ေနာက္အပိုင္းကစၿပီး ခြန္းသန္႔ေနာင္တစ္ေယာက္သူ႔ကိုကိုနဲ႔အတူေနရေတာ့မွာပါ။ ကလိ ကလိျဖစ္မဲ့အခန္းေတြလာေတာ့မယ္ ။

Continue Reading

You'll Also Like

316K 7.8K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
249K 13.4K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
417K 10K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."