Chapter 51 : ရလဒ်
ဤတစ်ကြိမ် အခြေအနေများသည် အလွန်ပြင်းထန်လွန်းသည်။ လုကျား၏ မိဘများသည် သူမအား ကျောင်းထုတ်ရန်အတွက် လုပ်ငန်းစဥ်များကိုပင် ဆောင်ရွက်ပြီးစီသွားပြီဖြစ်သည်။
လုကျား၏ သာ့ပြောင်ကောသည်လည်း သံတိုင်များ နောက်သို့ ပိုဆောင်ခံရပြီးဖြစ်၏။ မတော်တဆ ထိခိုက်ဒဏ်ရာရစေခဲ့ခြင်းဖြစ်သော်လည်း သူသည် ချက်ချင်း အကြောင်းမကြားခဲ့သောကြောင့် ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေပြီး နစ်နာသူကို ကိုမာဝင်သည့် အခြေအနေအထိ ဖြစ်သွားစေခဲ့သည်။
လုကျားအတွက်မှာမူ သူမသည် အရွယ်မရောက်သေးသော်လည်း သူမ၏ အုပ်ထိန်းသူများက အချို့တာဝန်များကို ယူရမည်ဖြစ်သောကြောင့် သူတို့သည် နစ်နာကြေးပေးရမည့် ကိစ္စရပ်ကို ရှောင်လွှဲ၍ မရသည်မှာ အထင်အရှားပေ။ ဤကိစ္စသည် လုကျား၏ မိဘများနှင့် သူတို့၏ မောင်နှမသားချင်းများကြားတွင်လည်း သွေးကွဲသွားစေခဲ့၏။ သူမ၏ အဒေါ်များသည် သူမအား ထပ်မံ၍ ကြင်ကြင်နာနာ မဆက်ဆံတော့သည့်အပြင် အကြီးအကျယ် မကျေမချမ်းဖြစ်နေကြသည်။
ကျင်းယွင်ကျောင်း၏ နေ့စဥ်ဘဝသည်လည်း ထိုကိစ္စကြောင့် ပြောင်းလဲသွားခဲ့၏။
ယခင်ကမူ ကျောင်းမှ လူများ၏ သူမအပေါ် အထင်အမြင်ကြီးခြင်းမရှိသလို နှစ်သက်ခြင်းလည်း မရှိကြပေ။ သို့သော် ယခုတွင်တော့ သူတို့သည် သူမအား အလွန်အမင်းကြောက်ရွံ့နေကြသည်။
အပြင်တွင် ကျင်းယွင်ကျောင်း တွေ့ကြုံခဲ့ရသည်များအား အလွန်အမင်း ပုံကြီးချဲ့၍ ပြောဆိုနေကြပြီး သူမသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင် သတင်းထွက်နေ၏။ အချို့က ပြောကြသည်မှာ လုကျားသည် ကိုယ်ခံပညာရှင်များဖြစ်ကြသည့် အစ်ကိုများစွာကို ခေါ်လာသော်လည်း သူတို့သည် ကျင်းယွင်ကျောင်းကို လဲကျသွားအောင်ပင် မစွမ်းဆောင်နိုင်ဟူသတတ်။ ကောလဟာလများအရ ကျင်းယွင်ကျောင်းသည် ခက်ခဲနက်နဲသော ကိုယ်ခံပညာရပ်များကို လေ့ကျင့်ထားပြီး သူမတွင် နောက်ကွယ်မှ အကူအညီပေးနေသည့် လူဆိုးဂိုဏ်းများမှ ညီအစ်ကိုများလည်း ရှိသည်ဟု ဆိုကြသည်။
ထိုယုံတမ်းပုံပြင်များကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် သူတို့အား ရယ်ရုံသာ ရယ်နေလိုက်၏။
"ယွင်ကျောင်း၊ နင့်ရဲ့စိတ်ထားက ကောင်းလွန်းနေတယ်လို့ မထင်ဘူးလား။ အတန်းထဲကလူတွေက နင့်ကို ဘယ်လိုမြင်ကြတယ်ဆိုတာရော သိလား"
အတန်းထဲ၌ ရှောင်ဟိုင်ချင်းသည် သူမအား တံတောင်ဖြင့်တွက်၍ ခပ်တိုးတိုး မေးလိုက်သည်။
ရှောင်ဟိုင်ချင်းသည် ခဏမျှကြာအောင် အလေးအနက် စဥ်းစားနေသော်လည်း သူမသည် ရှုပ်ထွေးနေဆဲပင်။ ကမ္ဘာပေါ်တွင် ကျင်းယွင်ကျောင်းလို ထူးဆန်းတဲ့သူ ဘယ်လိုများ ရှိနေတာလဲ။
သူမ, မကြာခဏ ဖြစ်ပျက်ကြုံတွေ့နေရသော ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များကို မပြောပါနှင့်ဦး၊ သူမကိုယ်တိုင် ဘာမှမဖြစ်သလို ပြုမူနေခြင်းက ပို၍ပင် ထူးဆန်းသည့် အရာဖြစ်သည်။ သူမသည် ပုံမှန်အတိုင်းပင် အတန်းတက်နေပြီး ကွာခြားသွားသည့် တစ်ခုတည်းသော အရာမှာ သူမ နေ့တိုင်း တစ်ခုခုကို မသဲမကွဲ ရွတ်ဆိုနေခြင်းဖြစ်၏။ ထိုအထဲတွင် ထူးဆန်းသော ဆေးအမည်များလည်း အမြဲတမ်းပါသည်။ အလွန်ပင် ရှုပ်ထွေးလှ၏။
"လူတိုင်းရဲ့မျက်နှာပေါ်မှာ ပါးစပ်တွေပါနေတာပဲဟာ။ ငါက ဘာလုပ်နိုင်မှာတုန်း"
ကျင်းယွင်ကျောင်းသည်လည်း ကူကယ်ရာမဲ့ဖြစ်နေသည်။ သူမသည် အတိတ်ဘဝက ဆုံးရှုံးခဲ့ရသည့် နာမည်ကောင်းကို ပြန်လည်ရယူချင်ခဲ့သော်လည်း အခြေအနေ အနည်းငယ်ပြန်ကောင်းလာစမှာပင် သူမသည် လုကျား၏ ပြဿနာနှင့် ကြုံလိုက်ရသည်။ ယခုအခါ သူမသည် ညသန်းခေါင်တွင် လမ်းကြားလေးများကို သွားလည်တတ်၍ ကိုယ်ခံပညာလည်း တတ်သည်ဆိုသည့် အကြောင်းကို မသိသေးသူမရှိတော့။ ထို့ကြောင့် သူတို့ထဲမှ မည်သူကများ စူးချူနှင့် ရှောင်ဟိုင်ချင်းကဲ့သို့ သူမ၏ သူငယ်ချင်းဖြစ်ရန် သတ္တိရှိလိမ့်ဦးမည်နည်း။
ဤရက်များတွင် စူးချူ က သူမအား ကြည့်သောအကြည့်များသည်ပင် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။ သူမသည် ကျင်းယွင်ကျောင်းအား အတိတ်တွင် တခြားရဲရင့်သော အောင်မြင်မှုများ ရှိသေးလားဟု အမြဲတမ်း မေးနေတတ်သည်။
"အခု ကျောင်းအပြင်က လူတွေက နင့်ကို လူကြမ်းကြီးလို့ ထင်နေကြပြီ"
ရှောင်ဟိုင်ချင်းက ထိုအကြောင်းကိုပြောရင်း ရုတ်တရက် စိတ်လှုပ်ရှားလာ၏။
"နင့်ရဲ့ ဒီမီးခြစ်ဆံလို ပုံစံကဖြင့် လူကြမ်းပုံစံ မပေါက်ပါဘူး။ လေတိုက်လိုက်ရင် အချိန်မရွေး လွှင့်ပါသွားမယ့် စာရွက်လေးတစ်ရွက်နဲ့ ပိုတူတာ"
"စာရွက်ပိုင်းလေးတစ်ပိုင်းက တစ်နပ် ထမင်းသုံးပန်းကန်စားတာကို နင် အရင်က တွေ့ဖူးလို့လား"
ကျင်းယွင်ကျောင်းက ရယ်ရင်း မေးလိုက်သည်။
သူမ ကိုယ်ခံပညာရပ်များကို စတင်လေ့ကျင့်ခဲ့ချိန်မှစ၍ သူမ၏ အစာစားလိုစိတ်မှာ သိသိသာသာ တိုးတက်လာခဲ့၏။ ရှောင်ဟိုင်ချင်းသည် သူမ စားသောက်နေသည်ကိုမြင်တိုင်း အလွန်အမင်း ထိတ်လန့်သွားတတ်သည်။
"အိုး..ဟုတ်သား။ ယဲ့ချင်းရဲ့ မွေးနေ့က နောက်လာမဲ့ စနေနေ့ပဲ"
ရှောင်ဟိုင်ချင်းက ရှေ့တွင် ထိုင်နေသော ကျောင်းကောင်စီ အဖွဲ့ဝင်အား တစ်ချက်ကြည့်၍ ခပ်ပေါ့ပေါ့ မှတ်ချက်ပြုလိုက်သည်။
"အဲဒါ ငါက ဘာလုပ်ရမှာတုန်း"
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက ရုတ်တရက် တွန့်ကွေးသွား၏။
သူမသည် ရှောင်ဟိုင်ချင်းကဲ့သို့ အပြောအဆို၊အပြုအမူများက လုပ်ယူထားခြင်းမရှိသော၊ အတုအယောင်မဟုတ်သော ဖြောင့်မှန်သည့် အမျိုးသမီးများကို နှစ်သက်သည်။ ထိုမျက်နှာပေါ်တွင် မောက်မာမှုများပြည့်နေသည့် ယဲ့ချင်းနှင့် လုံးဝမတူပေ။ အခြားသူများအားကြည့်သည့် သူမ၏ အကြည့်များသည် မတူမတန်၊ အထင်အမြင်သေးမှုများအပြည့်နှင့် ဖြစ်သည်။ သူငယ်ချင်းဖွဲ့ရာတွင်လည်း တစ်ဖက်လူ၏အဆင့်အတန်းကို ထည့်သွင်း တွက်ချက်လေ့ရှိ၏။ ကျင်းယွင်ကျောင်းသည် ထိုသို့သော လူစားမျိုးကို စိတ်မဝင်စားပေ။
"နင်က ငတုံးလား။ ယဲ့ချင်းရဲ့စရိုက်အရ သူက သူ့မွေးနေ့ကို ဒီလိုမျိုး အေးအေးချမ်းချမ်း ကျင်းပပါ့မလား။ ငါကြားတာ သူက ထျန်းရှန်းလော်မှာ စားပွဲတချို့ ကြိုပြီး ဘိုကင်လုပ်ပြီးသားတဲ့၊ ပြီးတော့ ငါထင်တာ မမှားရင် သူက အဆင့်တစ်ဆယ်အောက် မနိမ့်တဲ့သူတွေအားလုံးကို ဖိတ်လိမ့်မယ်။ နင်ကလွဲရင်ပေါ့"
ရှောင်ဟိုင်ချင်းက စိုက်ကြည့်လိုက်သည်။
ကျင်းယွင်ကျောင်း ကြောင်သွား၏။ သူမ ထိုအချက်ကို မတွေးမိခဲ့ပေ။
အတိတ်ဘဝ၌ သူမသည် လူအများနှင့် ဝေးဝေးနေသူတစ်ယောက်ဖြစ်၍ ဖိတ်ကြားခံရခြင်းများကိုလည်း ဘယ်တော့မှ သတိမရဘဲ အခမ်းအနားများတွင် ပါဝင်ဆင်နွှဲခြင်း သိပ်မရှိခဲ့ပေ။
ယခုဘဝတွင်လည်း သူမ၏ ဂုဏ်သတင်းမှာ ထိတ်လန့်ဖွယ်ရာဖြစ်ရာ မည်သူက သူမကို ဖိတ်ကြားဝံ့မည်နည်း။
သို့သော်လည်း.....
"အဲဒါ ကောင်းတာပဲ မဟုတ်ဘူးလား။ ငါလည်း အချိန်ဖြုန်းဖို့ မအားဘူး"
ကျင်းယွင်ကျောင်းက ထိုအကြောင်းကို ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း အချိန်သည် အသက်ဖြစ်၍ တတ်နိုင်သမျှ ချွေတာရပေမည်။
Zawgyi
Chapter 51 : ရလဒ္
ဤတစ္ႀကိမ္ အေျခအေနမ်ားသည္ အလြန္ျပင္းထန္လြန္းသည္။ လုက်ား၏ မိဘမ်ားသည္ သူမအား ေက်ာင္းထုတ္ရန္အတြက္ လုပ္ငန္းစဥ္မ်ားကိုပင္ ေဆာင္႐ြက္ၿပီးစီသြားၿပီျဖစ္သည္။
လုက်ား၏ သာ့ေျပာင္ေကာသည္လည္း သံတိုင္မ်ား ေနာက္သို႔ ပိုေဆာင္ခံရၿပီးျဖစ္၏။ မေတာ္တဆ ထိခိုက္ဒဏ္ရာရေစခဲ့ျခင္းျဖစ္ေသာ္လည္း သူသည္ ခ်က္ခ်င္း အေၾကာင္းမၾကားခဲ့ေသာေၾကာင့္ ဒဏ္ရာကို ပိုမိုဆိုး႐ြားသြားေစၿပီး နစ္နာသူကို ကိုမာဝင္သည့္ အေျခအေနအထိ ျဖစ္သြားေစခဲ့သည္။
လုက်ားအတြက္မွာမူ သူမသည္ အ႐ြယ္မေရာက္ေသးေသာ္လည္း သူမ၏ အုပ္ထိန္းသူမ်ားက အခ်ိဳ႕တာဝန္မ်ားကို ယူရမည္ျဖစ္ေသာေၾကာင့္ သူတို႔သည္ နစ္နာေၾကးေပးရမည့္ ကိစၥရပ္ကို ေရွာင္လႊဲ၍ မရသည္မွာ အထင္အရွားေပ။ ဤကိစၥသည္ လုက်ား၏ မိဘမ်ားႏွင့္ သူတို႔၏ ေမာင္ႏွမသားခ်င္းမ်ားၾကားတြင္လည္း ေသြးကြဲသြားေစခဲ့၏။ သူမ၏ အေဒၚမ်ားသည္ သူမအား ထပ္မံ၍ ၾကင္ၾကင္နာနာ မဆက္ဆံေတာ့သည့္အျပင္ အႀကီးအက်ယ္ မေက်မခ်မ္းျဖစ္ေနၾကသည္။
က်င္းယြင္ေက်ာင္း၏ ေန႕စဥ္ဘဝသည္လည္း ထိုကိစၥေၾကာင့္ ေျပာင္းလဲသြားခဲ့၏။
ယခင္ကမူ ေက်ာင္းမွ လူမ်ား၏ သူမအေပၚ အထင္အျမင္ႀကီးျခင္းမရွိသလို ႏွစ္သက္ျခင္းလည္း မရွိၾကေပ။ သို႔ေသာ္ ယခုတြင္ေတာ့ သူတို႔သည္ သူမအား အလြန္အမင္းေၾကာက္႐ြံ႕ေနၾကသည္။
အျပင္တြင္ က်င္းယြင္ေက်ာင္း ေတြ႕ႀကဳံခဲ့ရသည္မ်ားအား အလြန္အမင္း ပုံႀကီးခ်ဲ့၍ ေျပာဆိုေနၾကၿပီး သူမသည္ နတ္ဘုရားတစ္ပါးကဲ့သို႔ပင္ သတင္းထြက္ေန၏။ အခ်ိဳ႕က ေျပာၾကသည္မွာ လုက်ားသည္ ကိုယ္ခံပညာရွင္မ်ားျဖစ္ၾကသည့္ အစ္ကိုမ်ားစြာကို ေခၚလာေသာ္လည္း သူတို႔သည္ က်င္းယြင္ေက်ာင္းကို လဲက်သြားေအာင္ပင္ မစြမ္းေဆာင္နိုင္ဟူသတတ္။ ေကာလဟာလမ်ားအရ က်င္းယြင္ေက်ာင္းသည္ ခက္ခဲနက္နဲေသာ ကိုယ္ခံပညာရပ္မ်ားကို ေလ့က်င့္ထားၿပီး သူမတြင္ ေနာက္ကြယ္မွ အကူအညီေပးေနသည့္ လူဆိုးဂိုဏ္းမ်ားမွ ညီအစ္ကိုမ်ားလည္း ရွိသည္ဟု ဆိုၾကသည္။
ထိုယုံတမ္းပုံျပင္မ်ားကို ၾကားေသာအခါ က်င္းယြင္ေက်ာင္းသည္ သူတို႔အား ရယ္႐ုံသာ ရယ္ေနလိုက္၏။
"ယြင္ေက်ာင္း၊ နင့္ရဲ႕စိတ္ထားက ေကာင္းလြန္းေနတယ္လို႔ မထင္ဘူးလား။ အတန္းထဲကလူေတြက နင့္ကို ဘယ္လိုျမင္ၾကတယ္ဆိုတာေရာ သိလား"
အတန္းထဲ၌ ေရွာင္ဟိုင္ခ်င္းသည္ သူမအား တံေတာင္ျဖင့္တြက္၍ ခပ္တိုးတိုး ေမးလိုက္သည္။
ေရွာင္ဟိုင္ခ်င္းသည္ ခဏမွ်ၾကာေအာင္ အေလးအနက္ စဥ္းစားေနေသာ္လည္း သူမသည္ ရႈပ္ေထြးေနဆဲပင္။ ကမာၻေပၚတြင္ က်င္းယြင္ေက်ာင္းလို ထူးဆန္းတဲ့သူ ဘယ္လိုမ်ား ရွိေနတာလဲ။
သူမ, မၾကာခဏ ျဖစ္ပ်က္ႀကဳံေတြ႕ေနရေသာ ႐ုတ္႐ုတ္သဲသဲ အျဖစ္အပ်က္မ်ားကို မေျပာပါႏွင့္ဦး၊ သူမကိုယ္တိုင္ ဘာမွမျဖစ္သလို ျပဳမူေနျခင္းက ပို၍ပင္ ထူးဆန္းသည့္ အရာျဖစ္သည္။ သူမသည္ ပုံမွန္အတိုင္းပင္ အတန္းတက္ေနၿပီး ကြာျခားသြားသည့္ တစ္ခုတည္းေသာ အရာမွာ သူမ ေန႕တိုင္း တစ္ခုခုကို မသဲမကြဲ ႐ြတ္ဆိုေနျခင္းျဖစ္၏။ ထိုအထဲတြင္ ထူးဆန္းေသာ ေဆးအမည္မ်ားလည္း အၿမဲတမ္းပါသည္။ အလြန္ပင္ ရႈပ္ေထြးလွ၏။
"လူတိုင္းရဲ႕မ်က္ႏွာေပၚမွာ ပါးစပ္ေတြပါေနတာပဲဟာ။ ငါက ဘာလုပ္နိုင္မွာတုန္း"
က်င္းယြင္ေက်ာင္းသည္လည္း ကူကယ္ရာမဲ့ျဖစ္ေနသည္။ သူမသည္ အတိတ္ဘဝက ဆုံးရႈံးခဲ့ရသည့္ နာမည္ေကာင္းကို ျပန္လည္ရယူခ်င္ခဲ့ေသာ္လည္း အေျခအေန အနည္းငယ္ျပန္ေကာင္းလာစမွာပင္ သူမသည္ လုက်ား၏ ျပႆနာႏွင့္ ႀကဳံလိုက္ရသည္။ ယခုအခါ သူမသည္ ညသန္းေခါင္တြင္ လမ္းၾကားေလးမ်ားကို သြားလည္တတ္၍ ကိုယ္ခံပညာလည္း တတ္သည္ဆိုသည့္ အေၾကာင္းကို မသိေသးသူမရွိေတာ့။ ထို႔ေၾကာင့္ သူတို႔ထဲမွ မည္သူကမ်ား စူးခ်ဴႏွင့္ ေရွာင္ဟိုင္ခ်င္းကဲ့သို႔ သူမ၏ သူငယ္ခ်င္းျဖစ္ရန္ သတၱိရွိလိမ့္ဦးမည္နည္း။
ဤရက္မ်ားတြင္ စူးခ်ဴ က သူမအား ၾကည့္ေသာအၾကည့္မ်ားသည္ပင္ ဒ႑ာရီလာ သတၱဝါတစ္ေကာင္ကို ၾကည့္ေနသကဲ့သို႔ပင္။ သူမသည္ က်င္းယြင္ေက်ာင္းအား အတိတ္တြင္ တျခားရဲရင့္ေသာ ေအာင္ျမင္မႈမ်ား ရွိေသးလားဟု အၿမဲတမ္း ေမးေနတတ္သည္။
"အခု ေက်ာင္းအျပင္က လူေတြက နင့္ကို လူၾကမ္းႀကီးလို႔ ထင္ေနၾကၿပီ"
ေရွာင္ဟိုင္ခ်င္းက ထိုအေၾကာင္းကိုေျပာရင္း ႐ုတ္တရက္ စိတ္လႈပ္ရွားလာ၏။
"နင့္ရဲ႕ ဒီမီးျခစ္ဆံလို ပုံစံကျဖင့္ လူၾကမ္းပုံစံ မေပါက္ပါဘူး။ ေလတိုက္လိုက္ရင္ အခ်ိန္မေ႐ြး လႊင့္ပါသြားမယ့္ စာ႐ြက္ေလးတစ္႐ြက္နဲ႕ ပိုတူတာ"
"စာ႐ြက္ပိုင္းေလးတစ္ပိုင္းက တစ္နပ္ ထမင္းသုံးပန္းကန္စားတာကို နင္ အရင္က ေတြ႕ဖူးလို႔လား"
က်င္းယြင္ေက်ာင္းက ရယ္ရင္း ေမးလိုက္သည္။
သူမ ကိုယ္ခံပညာရပ္မ်ားကို စတင္ေလ့က်င့္ခဲ့ခ်ိန္မွစ၍ သူမ၏ အစာစားလိုစိတ္မွာ သိသိသာသာ တိုးတက္လာခဲ့၏။ ေရွာင္ဟိုင္ခ်င္းသည္ သူမ စားေသာက္ေနသည္ကိုျမင္တိုင္း အလြန္အမင္း ထိတ္လန့္သြားတတ္သည္။
"အိုး..ဟုတ္သား။ ယဲ့ခ်င္းရဲ႕ ေမြးေန႕က ေနာက္လာမဲ့ စေနေန႕ပဲ"
ေရွာင္ဟိုင္ခ်င္းက ေရွ႕တြင္ ထိုင္ေနေသာ ေက်ာင္းေကာင္စီ အဖြဲ႕ဝင္အား တစ္ခ်က္ၾကည့္၍ ခပ္ေပါ့ေပါ့ မွတ္ခ်က္ျပဳလိုက္သည္။
"အဲဒါ ငါက ဘာလုပ္ရမွာတုန္း"
က်င္းယြင္ေက်ာင္း၏ ႏႈတ္ခမ္းမ်ားက ႐ုတ္တရက္ တြန့္ေကြးသြား၏။
သူမသည္ ေရွာင္ဟိုင္ခ်င္းကဲ့သို႔ အေျပာအဆို၊အျပဳအမူမ်ားက လုပ္ယူထားျခင္းမရွိေသာ၊ အတုအေယာင္မဟုတ္ေသာ ေျဖာင့္မွန္သည့္ အမ်ိဳးသမီးမ်ားကို ႏွစ္သက္သည္။ ထိုမ်က္ႏွာေပၚတြင္ ေမာက္မာမႈမ်ားျပည့္ေနသည့္ ယဲ့ခ်င္းႏွင့္ လုံးဝမတူေပ။ အျခားသူမ်ားအားၾကည့္သည့္ သူမ၏ အၾကည့္မ်ားသည္ မတူမတန္၊ အထင္အျမင္ေသးမႈမ်ားအျပည့္ႏွင့္ ျဖစ္သည္။ သူငယ္ခ်င္းဖြဲ႕ရာတြင္လည္း တစ္ဖက္လူ၏အဆင့္အတန္းကို ထည့္သြင္း တြက္ခ်က္ေလ့ရွိ၏။ က်င္းယြင္ေက်ာင္းသည္ ထိုသို႔ေသာ လူစားမ်ိဳးကို စိတ္မဝင္စားေပ။
"နင္က ငတုံးလား။ ယဲ့ခ်င္းရဲ႕စရိုက္အရ သူက သူ႕ေမြးေန႕ကို ဒီလိုမ်ိဳး ေအးေအးခ်မ္းခ်မ္း က်င္းပပါ့မလား။ ငါၾကားတာ သူက ထ်န္းရွန္းေလာ္မွာ စားပြဲတခ်ိဳ႕ ႀကိဳၿပီး ဘိုကင္လုပ္ၿပီးသားတဲ့၊ ၿပီးေတာ့ ငါထင္တာ မမွားရင္ သူက အဆင့္တစ္ဆယ္ေအာက္ မနိမ့္တဲ့သူေတြအားလုံးကို ဖိတ္လိမ့္မယ္။ နင္ကလြဲရင္ေပါ့"
ေရွာင္ဟိုင္ခ်င္းက စိုက္ၾကည့္လိုက္သည္။
က်င္းယြင္ေက်ာင္း ေၾကာင္သြား၏။ သူမ ထိုအခ်က္ကို မေတြးမိခဲ့ေပ။
အတိတ္ဘဝ၌ သူမသည္ လူအမ်ားႏွင့္ ေဝးေဝးေနသူတစ္ေယာက္ျဖစ္၍ ဖိတ္ၾကားခံရျခင္းမ်ားကိုလည္း ဘယ္ေတာ့မွ သတိမရဘဲ အခမ္းအနားမ်ားတြင္ ပါဝင္ဆင္ႏႊဲျခင္း သိပ္မရွိခဲ့ေပ။
ယခုဘဝတြင္လည္း သူမ၏ ဂုဏ္သတင္းမွာ ထိတ္လန့္ဖြယ္ရာျဖစ္ရာ မည္သူက သူမကို ဖိတ္ၾကားဝံ့မည္နည္း။
သို႔ေသာ္လည္း.....
"အဲဒါ ေကာင္းတာပဲ မဟုတ္ဘူးလား။ ငါလည္း အခ်ိန္ျဖဳန္းဖို႔ မအားဘူး"
က်င္းယြင္ေက်ာင္းက ထိုအေၾကာင္းကို ေပ်ာ္႐ႊင္စြာျဖင့္ ေျပာလိုက္သည္။ ဆိုရိုးစကားရွိသည့္အတိုင္း အခ်ိန္သည္ အသက္ျဖစ္၍ တတ္နိုင္သမွ် ေခြၽတာရေပမည္။